Ch 39
Viewers 6k

အပိုင်း(၃၉)

 

ထိုရှိုးသည် အလွန်အမင်း လျင်မြန်စွာ ပေါက်ကွဲမတတ် ကျော်ကြားလာသောကြောင့် ရောက်ရှိလာသော ကြည့်ရှုသူတိုင်းသည် တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်တွင် မမျှော်လင့်ပဲ ပေါ်ပေါက်လာနိုင်သည့် မတော်တဆ မှုများကို ဆက်တိုက် ဆိုသလို အာရုံစိုက် နေကြသည်။ သူတို့သည် အခြားသော အသေးစိတ်များကို အာရုံ စိုက်နိုင်လောက်အောင် အားအင်များ မရှိနေကြချေ။ ထိုထဲတွင် ရှိုးတွင် အထူးဧည့်သည်များ ပါမပါနှင့် စည်းမျဉ်းများ အကြောင်းကိုပင် မေ့နေကြသည်။

 

ယခုလိုမျိုး ယန်ရှစ်ရွှမ်း၏ ကင်မရာထဲမှ လာသော အသံကို ကြားလိုက်မှသာ ဒီရှိုး၏ အခြေအနေကို အမိအရ ဖမ်းဆုပ် သွားနိုင်သည်။ ဒီရှိုးတွင် နောက်ဆုံးနေရာက ဧည့်သည်က ထွက်ရသော စည်းမျဉ်း ရှိသည်။

 

ယန်ရှစ်ရွှမ်းကို သဘောကျသော ကြည့်ရှုသူများက ရှိုး၏မိတ်ဆက်ကဏ္ဍသို့ အပြေးအလွှား သွားကာ စစ်ကြည့်ကြသည်။

 

သေချာပေါက်ပင် ရှိုး၏အသင်းကလည်း ခရီးတစ်ခု ပြီးဆုံးချိန်တိုင်း ကျော်ကြားမှုအရ မဲပေးခိုင်းထားသည်။ ရိုက်ကူးရေးအသင်းက ဆိုရှယ်မီဒီယာ‌ဖော်လိုဝါး ဖန်သားပြင် အသီးသီးတွင် ရှိသည့် စခရက်ရှင်း အရေအတွက်၊ အခွဲဖန်သားပြင် အသီးသီးတွင် ကြည့်ရှုသည့် အချိန်နှင့် တပြေးညီ အမြင့်မားဆုံးသော သမိုင်းမှတ်တမ်းနှင့် ရရှိသော မဲအရေအတွက် စသဖြင့်တို့ဖြင့် တွက်ချက်မည် ဖြစ်သည်။ ထို့ကြောင့် အနည်းဆုံးသော ကျော်ကြားမှုသာ ရရှိသူက ထွက်ရမည် ဖြစ်သည်။ ထိုသို့ဖြင့် နောက်ခရီးအစတွင် ဧည့်သည်အသစ်များကို ထည့်ဖြည့် ထည့်သွားမည် ဖြစ်သည်။

 

ကျန်းဝူပင်းက အတွေ့အကြုံ မရှိသည့် လူသစ်ဒါရိုက်တာ ဖြစ်ပြီး သာမာန် အခြေအနေများတွင် ကြောင်တောင်တောင်နှင့် သရဲ ကြောက်တတ်သည့် လူတစ်ယောက် ဖြစ်နေသည့်အပြင် ယန်ရှစ်ရွှမ်း၏ အရှေ့တွင် မကြာခဏ ငိုတတ်သော်လည်း မည်သို့ပင်ဆိုစေ သူသည်လည်း ပင်းဟိုင်တက္ကသိုလ်၏ စီးပွားရေးဌာနမှ ဘွဲ့ရထားသောသူ ဖြစ်သည်။ သူ၏ဒုတိယမျိုးဆက် လူချမ်းသာဆိုသော နောက်ခံကြောင့် သူသည် ငယ်ရွယ်ချိန် ကတည်းက စီးပွားရေး လောကထဲသို့ ဝင်ရောက် ခဲ့ရသည်။ ထိုနောက်ခံကြောင့်လည်း သူသည် တည်ရှိသော အရင်းအမြစ်များကို အကောင်းဆုံး အသုံးပြု တတ်နေသည်။

 

ရှိုး၏စည်းမျဉ်းများက အမျိုးမျိုးသော ဧည့်သည်များ၏ ပရိတ်သတ်များနှင့် ကြည့်ရှုသူများ၏ စိတ်အားထက်သန်မှုကို မြှင့်တင်ပေးရန်၊ ထိုသို့ဖြင့် သူတို့ အားပေးသော အကြိုက်ဆုံး အနုပညာရှင်များကို ထောက်ပံ့ လိုစိတ်ရှိရန် သို့မဟုတ် ပြိုင်ဆိုင်လိုသော စိတ်ဓာတ်ရှိရန်တို့ကို လှုံ့ဆော်ပေးခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ကျော်ကြားမှုမဲများအတွက် အားလုံးက ယှဉ်ပြို င်တိုက်ခိုက် ကြပေလိမ့်မည်။

 

ပါဝင်သော သူများက ထုတ်ပယ်ခံရပြီး သူတို့၏သဘောကျသည့် အိုင်ဒေါလ်များ မျက်နှာပျက်ရမည့် အခြေအနေကို ကြောက်လန့်ကြသလို ထိုအိုင်ဒေါလ်များကို ပိုမြင့်သော ရန့်ကင်းများကို ယုံကြည်စိတ်ချစွာ ရလိုသည်။ ထိုသို့ဖြင့် ဒီအခိုက်အတန့်ဟာ ရှိုးတစ်ခုလုံးကို တက်ကြွ စေပေလိမ့်မည်။

 

ဧည့်သည်များက သူတို့နှင့်အတူ ခေါ်လာသည့် ပရိတ်သတ်များ၏ အရေအတွက်နှင့် ဧည့်သည်များ အချင်းချင်းကြားမှ ယှဉ်ပြိုင်မှုများက ရှိုး၏ကျော်ကြားမှုကို မြင့်မား စေနိုင်သည်။ ထိုသို့ဖြင့် ဆွေးနွေးမှုများ ပိုများပြီး ပို၍နာမည်ကြီးနိုင်သည်။

 

မျှော်လင့်ထားသည့်အတိုင်း ထိုစည်းမျဉ်းက သိသာစွာ သက်ရောက်မှု ပြလာသည်။

 

_ _ _

 

မူရင်းရည်ရွယ်ချက်ကမူ ယန်ရှစ်ရွှမ်းပေါ် သက်ရောက်မှု မရှိလောက်ချေ။ မည်သို့ပင်ဆိုစေ ကျန်းဝူပင်းက ယန်ရှစ်ရွှမ်းကို ပါဝင်မည်ဟု မမျှော်ထားပါချေ။

 

ထိုသို့ဖြင့် လုပ်ဆောင်မှုများကို ထည့်တွက်ချက်ရာတွင် ဆိုရှယ်မီဒီယာ ဖော်လိုဝါးဆိုသော အချက်က ပါဝင်နေသည်။ မည်သို့ပင်ဆိုစေ အခြားသော ဧည့်သည်များတွင် ဆိုရှယ်မီဒီယာအကောင့်များ ရှိသည်။ သို့ရာတွင် ယန်ရှစ်ရွှမ်းကမူ ဆိုရှယ် မီဒီယာအကောင့် တစ်ခုမျှပင် မရှိချေ။ ထို့ကြောင့် သူ၏ဖော်လိုဝါးအရေအတွက်က သုညဖြစ်နေသည်။ ထိုအချက် တစ်ခုတည်းကတင် နဂိုကတည်းက ဖျော်ဖြေရေး အသိုင်းအဝိုင်းအတွင်း ကျော်ကြားပြီးသော အခြားသော ဧည့်သည်များနှင့် ယှဉ်သည့်သောအခါ သူ့ကို အလွန်အမင်း အကျိုးမသာအောင် ဖြစ်စေသည်။

 

ယန်ရှစ်ရွှမ်းက ဒီရှိုးမှ ဖယ်ထုတ်ခံရနိုင်သည်ဆိုသော ဖြစ်နိုင်ချေက ယခုလေးတင် ဖွဲ့စည်းထားသည့် ယန်မိန်များကို ကပ်ဘေးအား အာရုံ ခံမိသွားစေသည်။

 

သူတို့သည် ယခုလိုမျိုး သန်မာပြီး စွဲဆောင်မှုပြင်းသော အမျိုးသား၏ ပရိတ်သတ် ဖြစ်လာကာစ ရှိသေးသည်။ သူက ဖယ်ထုတ်ခံရမည့် အခြေအနေကို မကြည့်ရဲကြချေ။

 

အထူးသဖြင့် ယန်ရှစ်ရွှမ်းသည် မည်သည့် ဖျော်ဖြေးရေး ကုမ္ပဏီနှင့်မျှ စာချုပ်မရှိသလို ဖျော်ဖြေရေး အသိုင်းအဝိုင်းအတွင်းသို့ ဝင်လိမ့်မည် မဟုတ်ချေ။ အချို့သော အွန်လိုင်းပေါ်ရှိ ကောလဟလများအရ ယန်ရှစ်ရွှမ်း၏ အစစ်အမှန် အသက်မွေးကြောင်းအလုပ်က ဖျော်ဖြေရေးအသိုင်းအဝိုင်းနှင့် ပတ်သက်နေခြင်း မရှိချေ။ သူသည် ဒီရှိုးတွင် ပါလာခဲ့သည်မှာ ကန်ဆယ်ဖြစ်သွားသော ဧည့်သည်၏နေရာတွင် အစားဝင်လာခဲ့ခြင်းသာ ဖြစ်ပြီး ဒါဟာလည်း ဒါရိုက်တာနဲ့ သူ၏ ရင်းနှီးမှုကြောင့် ဖြစ်နိုင်သည်။

 

အမျိုးမျိုးသော တိုက်ဆိုင်မှုများအကြားတွင် သူတို့သည် ထိုလူ ကင်မရာပေါ်တွင် မြင်လိုက်ရသည်။

 

ပို၍ဆိုးသည်မှာ ယန်ရှစ်ရွှမ်း၏ လုပ်ဆောင်မှုများအရ သူသည် ဖျော်ဖြေရေး အသိုင်းအဝိုင်းကို စိတ်ဝင်စားမှု မရှိချေ။ စိတ်အား ထက်သန်လွန်းသော ကြည့်ရှုသူများ၏ ကွန့်မန့်ကို မြင်သောအခါ စိတ်ရှုပ်ထွေးပုံပင် ပြလေသည်။

 

ယန်ရှစ်ရွှမ်းကိုယ်စား ဒီတစ်ကြိမ် ဖယ်ထုတ်ခံ လိုက်စေပါက သူတို့သည် သူတို့၏ တစ်ဘဝလုံး ထိုအမျိုးသားအား ကင်မရာပေါ်တွင် မြင်တွေ့ခွင့် ရလိမ့်မည် မဟုတ်‌ချေ။

 

ထိုသို့ အလျင်လိုလွန်းသော ခံစားချက်က ယန်မိန်များ အားလုံးကို စည်းရုံး သွားစေသည်။

 

ဖောလိုးလုပ်စရာ ဆိုရှယ်မီဒီယာအကောင့် မရှိဘူး ဟုတ်လား။ ပြဿနာ မရှိဘူး။ တစ်ခု ဖန်တီးပေးလိုက်ရုံပေါ့။

 

ဆိုတော့ သူ့ရဲ့ ရန့်ကင်းကိုလည်း ဂရုမစိုက်ဘူး။ ဖယ်ထုတ် ခံရဖို့တောင် မျှော်လင့် ထားသေးတယ် ဟုတ်လား။ ကိစ္စမရှိဘူး။ သူ့အတွက် မဲပေးလို့ ရတယ်။

 

ရလဒ်အနေဖြင့် ယန်ရှစ်ရွှမ်း၏ လိုက်ဖ်စထွင်းအပေါ် စခရပ်ရှင်း လုပ်သူများက မိုးထိုး တက်သွားသည်။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် သူနှင့်ပတ်သက်သည့် ဆွေးနွေးမှုများ၊ hastagများက ပေါ်ထွက်လာသည်။

 

Hastagများအကြားတွင် ယန်မိန်များက စည်းလုံးသွားကြပြီး အတူတကွ ပူးပေါင်းလျက် သူ့ကို ထောက်ခံပေးရန် ဗျူဟာအသီးသီး ထုတ်ကြသည်။ ထိုသို့ဖြင့် နောက်လာမည့် ရှိုးရိုက်ကူးရေးအသင်းက လုပ်မည့် ကျော်ကြားမှုမဲ‌ပေးသည့် စနစ်အတွက်ပင် ပြင်ဆင် ထားကြသေးသည်။

 

ရိုက်ကူးရေးအသင်းက ဒဏ်ရာရသော ဧည့်သည်များကို ကုသပေးနေခြင်း၊ အခြားသော အမျိုးမျိုးသော တာဝန်များကြောင့် အလုပ်မအား ဖြစ်နေလေရာ ဆိုရှယ် မီဒီယာအကောင့်များကို စီမံခန့်ခွဲချိန် မရှိသလို ဆိုရှယ်ပလက်ဖောင်းများပေါ်မှ အပြောင်းအလဲကိုလည်း မကြည့်နိုင်သေးချေ။

 

ထိုသို့ဖြင့် ဒါရိုက်တာ အသင်းတစ်ခုလုံး၏ အလုပ်များနေမှုအောက်တွင် နဂိုက ထူးထူးခြားခြား အလုပ်မရှိသော ကျန်းဝူပင်းကသာ သဘာဝအလျောက်ပင် မဲပေးသည့် ကိစ္စကို ကိုင်တွယ်ရသူ ဖြစ်သွားသည်။

 

သူသည်လည်း ယန်မိန်များက ယန်ရှစ်ရွှမ်းအား သဘောကျသူတိုင်းကို စုစည်းပြီး သူ၏ဖယ်ထုတ်ခံရနိုင်ခြေအတွက် ပြင်ဆင်ရန် အကြံအစည်များပင် ချနေကြောင်း မတွေးထားမိခဲ့ချေ။

 

ယန်ရှစ်ရွှမ်း ကိုယ်တိုင်ကမူ ဆိုရှယ်မီဒီယာအကောင့်ပင် မရှိလေရာ #ယန်မိန်ရဲ့ ထိပ်တန်းအဆင့်အကြံအစည်_ _ _ ဆိုသော ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်မှ အကြံအစည်များနှင့် ပတ်သက်သည့် ဆွေးနွေးမှုများကိုလည်း မသိပါချေ။

 

သို့ရာတွင် သူ မကြာခဏဆိုသလို သန်းနေရသည့်အတွက် အတော်လေး ထူးဆန်းသည်ဟု ခံစားနေရသည်။

 

တစ်ယောက်ယောက်ကများ သူ့နာမည် ခေါ်နေတာလား။

 

သူကမူ လူအများက သူတို့၏စိတ်ထဲတွင် သူ့အကြောင်း တွေးနေသည်ဟု ခံစားရသည်။ ထို့ကြောင့် သူသည် အလွန်ဆူညံနေသလို ခံစားရလေသည်။

 

ရှိုး၏ အခြေအနေများကို အစပိုင်းကတည်းက စောင့်ကြည့်နေသော မားကပ်တင်း အကောင့်များနှင့် အင်ဖလူရန်ဆာများကလည်း သတိ ထားမိလာကြသည်။

 

နာမည်ကျော်ရှိုး showbiz ဘလော့ဂါ ဘဲငန်းကောဆိုလျှင် ယန်ရှစ်ရွှမ်း၏ ပရိတ်သတ် ဖြစ်နေပြီ ဖြစ်သည်။ သူက “ဒီနေ့ ယန်မိန်တွေ ပြင်းပြင်းထန်ထန် ကြိုးစား ပြီးပြီလား”ဆိုသော ပို့စ်ကိုတင်ပြီးပင် မေးမြန်းသေးသည်။ ထို့နောက် ပျော်ရွှင်စွာနှင့် ဆိုရှယ်မီဒီယာ hastagကို ကလစ်နှိပ်သည်။

 

ကင်မရာရှေ့တွင် လက်ချိတ်စည်းဟန်ကို ပြုလုပ်နေသည့် ယန်ရှစ်ရွှမ်း၏ စခရင်ရှုကို သူက ဝေါလ်ပေပါ ထားထားသည်။

 

အခြား နည်းလမ်းမရှိဘူးလေ။

 

သူအဲဒီရှိုးကို ကြည့်ပြီးကတည်းက ဘန်းငဲကောအနေနဲ့ သူ၏အိမ်ထဲရှိ နေရာတိုင်းတွင် လူပေါင်းများစွာ ရှိနေသလို ခံစားနေရပြီး အမြဲတစေ ကြောက်လန့် နေခဲ့သည်။ မည်သို့ပင်ဆိုစေ သူတစ်ယောက်တည်းကသာ ထိုအိမ်တွင် နေထိုင်ခြင်း ဖြစ်သည်။

 

ထို့နောက် ယန်ရှစ်ရွှမ်းက အပနှင်သည့် လက်ချိတ်စည်းသဏ္ဍာန်ကို ထုတ်ဖော်နေသည့် စခရင်ရှုကို ပရင့်ထုတ်ပြီး နံရံပေါ်တွင် ကပ်ပြီးမှသာ ဘဲငန်းကောအနေဖြင့် သူ၏တစ်အိမ်လုံးက ငြိမ်းချမ်းသွားသလို ခံစားလိုက်ရသည်။ ထိုသို့ဖြင့် တစ်အိမ်လုံးက သူကလွဲပြီး မည်သူကမှ မရှိတော့‌ချေ။

 

သူသည် အလွန် ခံစားသွားရပြီး ငိုချင်လုနီးပါး ဖြစ်သွားသည်။

 

“အား”

 

ရလဒ်အနေဖြင့် သူသည် ယန်ရှစ်ရွှမ်း၏ အလွန်သစ္စာရှိသော အမာခံ ပရိတ်သတ် ဖြစ်သွားသည်။ သူ၏အိမ်တံခါးတိုင်းတွင်လည်း ယန်ရှစ်ရွှမ်း၏ စခရင်ရှုများ ပြည့်နေပြီး သူ၏ဖုန်းဝေါလ်ပေပါကပင် ယန်ရှစ်ရွှမ်း၏ပုံအဖြစ် ပြောင်းနေပြီ ဖြစ်သည်။

 

မိစ္ဆာတွေကို နှင်မယ်။

 

ဘဲငန်းကောက hastagတိုင်းနှင့် ချက်အင်တိုင်း၏အောက်တွင် ကွန်မန့်ပေးရင်းနှင့် ယန်မိန်အဆင့်တစ်နေရာကိုပင် အရယူထားသည်။ ထို့နောက် ဆွေးနွေးမှုအတွင်းမှ စိတ်အား ထက်သန်လွန်းသော ပရိတ်သတ်များအား သူတို့၏ပို့စ်များ ပိုပြီး လူမြင်အောင် မျှဝေပေးစေချင်လောဟု မေးမြန်း‌သေးသည်။

 

သူ့ကို အံ့အားသင့်စေသည်မှာ သူ့ကို ထိုသို့မေးပြီးပြီးချင်း tagကို စီမံခန့်ခွဲသူက ပယ်ချသည်။

 

မလိုဘူး။ ငါတို့တွေ ငါတို့ ဘာလုပ်နေလဲ ဆိုတာကို ယန်ကောကို သိသွားစေလို့မရဘူး။ တွေးကြည့်စမ်းပါ။ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းအတွင်းမှာတောင်မှ သူက ဖျော်ဖြေရေး အသိုင်းအဝိုင်းကို စိတ်ဝင်စားတာမှ မဟုတ်တာ။ နောက်ပြီး ထိပ်တန်းအဆင့် အိုင်ဒေါ်လ်တစ်ယောက်ဖြစ်တဲ့ အန်းနန်ယွမ်တောင်မှ ယန်ကောကို ထပ်ခါတလဲလဲ အရိတ်အမြွတ် ပြနေတယ် မဟုတ်ဘူးလား။ ကူညီမယ်လို့‌တောင် ကမ်းလှမ်း သေးတာလေ။ ဒါပေမယ့် ယန်ကောက မတုန့်ပြန်ဘူး။ သူက ဒီအသိုင်းအဝိုင်းထဲကို ဝင်ဖို့ စိတ်ကူးမရှိတာ ရှင်းလင်းနေတာပဲ။ နောက်ပြီး သိပ်မကြာခင် ထွက်သွားမယ်လို့တောင် ပြောသွားသေးတယ်။ ငါတို့ လုပ်နေတာကိုသာ သူရှာတွေ့သွားရင် သူ ထွက်မသွားနိုင်တော့ဘူးဆိုပြီး ဘာဖြစ်မယ်ထင်လဲ။ ငါတို့ ချောချောမွေ့မွေ့ အောင်မြင်မယ်လို့ ထင်လား။

 

ဘဲငန်းကောက တုန့်ဆိုင်းစွာ မေးသည်။

 

“ဒါက လွန်လွန်းအား မကြီးဘူးလား။ ယန်ကော သေသွားရင်တောင် သူ ဘာလုပ်နိုင်မှာလဲ။ အများဆုံးမှ သူ စိတ်မကောင်းဖြစ်သွားရုံပေါ့။ ဒါပေမယ့် ငါတို့ သူ့ကို ကြိုက်လို့ မဲပေးတာကိုတော့ တားလို့မရဘူးလေ”

 

နောက်ထပ် လက်ထောက်မန်နေဂျာက ခေါင်းခါရင်း သက်ပြင်းချသည်။

 

“တုံးလိုက်တာ တအား တုံးလွန်းတယ်။ တွေးကြည့်စမ်းပါ ယန်ကောက သရဲတွေ ဖမ်းနိုင်တယ် မိစ္ဆာတွေ နှင်နိုင်တယ်။ ဒါဆိုရင် သူက ကံကြမ္မာနိမိတ်ဖတ်ပြီး ဂမ္ဘီရပညာ မတွက်ချက်တတ်ဘူးလို့ ထင်သေးလား။ သူ သိသွားရင် ဘယ်လိုလုပ်မလဲ။ ဒီတော့ သူက သိပ္ပံနည်းမကျတဲ့ စွမ်းအားတွေကို သုံးပြီး ငါတို့ရဲ့အကြံအစည်တွေကို နှောက်ယှက်စွပ်ဖက်လို့ အကြံအစည် တစ်ခုလုံးကို သဲထဲရေသွန်ဖြစ်သွားစေမှာပေါ့”

 

အခြားသော ပရိတ်သတ်များကလည်း အလားတူ သဘောတူ ကြသည်။

 

“အတိအကျပဲ ရိုးရိုးသားသား လုပ်ရအောင်။ ငါ အခု တော်တော်လေးကို မသက်မသာ ဖြစ်နေတယ်။ ယန်ကော သိသွားနိုင်တယ်လို့ ခံစားနေရတယ်နော်”

 

“အခြားသူတွေက သူတို့ရဲ့ သဘောကျတဲ့စတားတွေကို ပေါ်တင် ထောက်ပံ့ပေးလို့ ရတယ်။ သီချင်း ဆိုတာပဲဖြစ်ဖြစ်၊ ကတာပဲဖြစ်ဖြစ်၊ သရုပ်ဆောင်တာပဲ ဖြစ်ဖြစ်၊ ဘယ်လို စကေးမျိုးနဲ့ ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် ငါတို့ သဘောကျဆုံးသူကတော့ သရဲဖမ်းတာ တအား တော်နေတယ်။ သူက မိစ္ဆာ နှင်နိုင်နေတယ်။ ကံကြမ္မာဟောတာလည်း တအား တော်လောက်နေတယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ။ လျို့ဝှက်ဆန်းကြယ်လွန်းတဲ့ အိုင်ဒေါလ်လား”

 

“ငါတော့ ရယ်ရလို့ သေတော့မယ်။ ငါတို့ မသိရင် လျို့ဝှက်စုံထောက်တွေလိုပဲ။ ငါတို့ အကြိုက်ဆုံး စတားကိုတောင် ခိုးကြောင်ခိုးဝှက်နဲ့ အားပေး နေရတယ်။ လျို့ဝှက်ကုဒ်တွေကိုတောင်သုံးပြီး ယန်ကော မသိသွားအောင် ကြိုးစား ရမယ်ထင်တယ်”

 

“အို့ ငါတို့ဘယ်တတ်နိုင်မှာလဲ။ အခြား ဆလယ်ပရစ်တီတွေက ကြည့်ကောင်းတယ်၊ အသံချိုတယ်။ ဒါပေမယ့် ငါတို့ကတော့ အိမ်မှာပဲ အနေများတဲ့ စိတ်ဆတ်လွန်းတဲ့ ခပ်လန်းလန်း ကောင်ချောလေးတစ်ယောက် ဖြစ်နေတာလေ။ သူ ဒေါသ ထွက်သွားတဲ့အခါ သရဲတွေတောင် ကြောက်တယ်။ ငါတို့က ယန်ကောရဲ့နောက်ကွယ်မှာ တစ်ခုခု လုပ်နေရတာကို စဉ်းစားကြည့်စမ်းပါ။ ငါတို့ တိတ်တိတ်လေး လုပ်လို့မရဘူး မဟုတ်လား။ ငါတို့ကိုသာ မိသွားရင် ကောင်းပြီ။ ငါတို့ တစ်ဘဝလုံး ယန်ကောကို တွေ့ရတော့မှာ မဟုတ်ဘူး”

 

ဘဲငန်းကောကလည်း တွေးတောကြည့်ပြီး ဖြစ်သင့်သည်ဟု ထင်လိုက်သည်။ ထိုသို့ဖြင့် ယန်မိန်များနှင့် သဘောတူညီမှု အရယူလိုက်ပြီး သူတို့၏အကြံအစည်အတွင်းသို့ ခပ်မြန်မြန်ဝင်ရောက်လျက် သူ၏ကိုယ်ပိုင်ကဏ္ဍကိုပင် ယူလိုက်သည်။

 

ယန်ရှစ်ရွှမ်းကမူ ဆိုရှယ်မီဒီယာအကောင့်များကို မသုံးကတည်းက အခြားသော ပြိုင်ပွဲဝင်များနှင့် ယှဉ်သော် သူသည် အားနည်း နေပြီးသား ဖြစ်သည်။ ပရိတ်သတ်များက ရုတ်ချည်း မုန်တိုင်းထန်စေသည် အထိကို အမျိုးမျိုးကို သုံးပြီး လိုအပ်နေသည့် ဆိုရှယ်မီဒီယာ ဖောလိုဝါ သန်း‌ပေါင်းများစွာအစား အခြားသော အင်အားမျိုးကို သုံးရန် ဆုံးဖြတ် လိုက်ကြသည်။

 

ပို၍ဆိုးသည်မှာ အရာအားလုံးကို လျို့ဝှက်စွာ လုပ်နေရခြင်း ဖြစ်သည်။ ယန်ရှစ်ရွှမ်းနှင့် ရိုက်ကူးရေးအသင်းက မသိအောင် ကြိုးစား နေရသေးသည်။ ထို့ကြောင့် အကြံအစည်အတွင်းသို့ ခြောက်ခြားဖွယ်‌ ကောင်းသော အင်အားများက ထပ်ဖြည့်ထားသလိုမျိုး ပါဝင်ပတ်သက်နေသော ပရိတ်သတ်များအတွက် အစစ်အမှန်ဘဝတွင် ဝံပုလွေလူသား ဂိမ်းကစားနေရသလို ခံစားရစေသည်။

 

ပရိတ်သတ်များက သူတို့၏ ဆိုရှယ်မီဒီယာ ပရိုဖိုင်များတွင် ယန်မိုင် ဆိုသော လျို့ဝှက်စကားကို ထည့်သွင်းလျက် သူတို့၏ ယုံကြည်လေးစားသော အိုင်ဒေါလ်အကြောင်းကို အရိပ်အမြွတ်ပြရင်း ဆိုရှယ်မီဒီယာနှင့် ပလက်ဖောင်းတွင် ရှိသော အခြားကျန်ရစ်သည့် ယန်မိုင်များအားလုံး လာရောက်ရှာဖွေရန် ဒီနည်းအားဖြင့် မဲပေးမည့် အကြောင်းအရာကို သတင်းပေးကြသေးသည်။

 

ရှိုးက ထုတ်လွှင့် ကာစသာ ဖြစ်နေသောကြောင့် ခြုံငုံ ကျော်ကြားမှုက မငြိမ်းသေးချေ။ ထို့အပြင် ယန်ရှစ်ရွှမ်း၏ ရှိုးပေါ်တွင် အလွန် ကျော်ကြားသော လုပ်ဆောင်မှု များကြောင့် ဖြစ်နိုင်သည်။ သို့မဟုတ်လျှင်လည်း သူ၏ အပြစ်ပြောစရာ မရှိအောင် ချောမောလွန်းသည့် ရုပ်ရည်ကြောင့် ချစ်ကျွမ်း ဝင်သွားသော သူများရှိနေသည့် အချက်ကြောင့်လည်း ဖြစ်နိုင်သည်။ သူ့ကို ထောက်ခံ အားပေးသော သူများ၏အရေအတွက်ဟာ လစ်လျူရှု၍ မရနိုင်သော အတိုင်းအတာ ဖြစ်သည်။

 

ယန်မိုင်များ၏ အရေအတွက်က အချိန်တိုအတွင်း လျင်မြန်စွာ မြင့်တက်လာပြီး ဖျော်ဖြေရေး ဘလော့ဂါ ဘဲငန်းကောအကောင့်နှင့် ဆိုရှယ် မီဒီယာတက်များ၏ အောက်တွင် စုစည်း လာသည်။ ထိုသို့ဖြင့် သူတို့ဟာ ထိုနေရာများကို ယာယီအခြေစိုက် စခန်းအဖြစ် သဘောတူချက် ယူလိုက်ကြသည်။ ထို့နောက် ယန်ရှစ်ရွှမ်း၏ ကျော်ကြားမှုကို မည်သို့မြှင့်တင်ရင်း မဲပေးသင့်ကြောင်း၊ သူ အထုတ်မခံရ‌အောင် မည်သို့ ကြိုးစားသင့်ကြောင်း ဆွေးနွေး တိုင်ပင်နေကြသည်။

 

အရာအားလုံးဟာ အင်တိုက်အားတိုက် အပြည့်နှင့် လုပ်ဆောင်ပြီး ရှေ့တိုးနေကြသည်။ ယန်မိုင်များကမူ အချင်းချင်းကြည့်ရင်း အပြုံးချင်း ဖလှယ်နေကြသည်။

 

ထိုအကြံအစည်များထဲတွင် အချက်အချာကျသော သူကမူ မည်သည့်အခြေအနေကိုမှ မသိသေးချေ။

 

ရှိုးတွင် ပါဝင်ခဲ့သော အမျိုးမျိုးသော ပါဝင်သူများနှင့် ဝန်ထမ်းများ၏ မမျှော်လင့်ထားစွာ ကြုံဆုံခဲ့ရသည့် အဖြစ်အပျက်များကြောင့် ရိုက်ကူးရေးအသင်းသည် ကွေ့တောင်ပေါ်ရှိ စံအိမ်ကို ယာယီငှားရမ်းလိုက်ပြီး အနားယူရန်နှင့် ပြန်လည်မထွက်ခွာခင် အဖွဲ့စုစည်းရန် နေရာအဖြစ် သတ်မှတ် လိုက်ကြသည်။

 

ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသော လျိုရီရီကမူ ပင်းဟိုင်ကမ်းရိုးတန်းမြို့၏ ဆေးရုံသို့ ကျွမ်းကျင်သူများ၏ ကုသမှုကို ခံယူရန် ထွက်ခွာသွားပြီ ဖြစ်သည်။ အခြားသော ပါဝင်သူများထဲမှ အချို့ကမူ သူတို့၏ မန်းနေ့ရှ်မန့် ကုမ္ပဏီများ၏ ခေါ်ဆောင်မှုကို ခံရပြီး ထွက်ခွာသွားရသည်။ ထိုသို့ဖြင့် သူတို့နှင့်အတူ နေရန် ဆုံးဖြတ်ချက် ချထားသည့် တက်တက်ကြွကြွနှင့် ပုဂ္ဂိုလ်အချို့သာ ကျန်ခဲ့သည်။ ယန်ရှစ်ရွှမ်းက နောက်နှစ်ရက်တွင် ကွေ့တောင်တွင် ယာယီနေမည်ဆိုသော အချက်များကို ကြားပြီးနောက် သူတို့ဟာ ပျော်ရွှင်သွားပြီး ဟော်တည်ထဲတွင် နေကြသည်။

 

မည်သို့ပင်ဆိုစေ တစ္ဆေတောင်မှ အဖြစ်အပျက်များကို ကြုံတွေခဲ့ပြီးနောက် သူတို့သည် အလွန်ကြောက်လန့် ခဲ့ကြသည်။ သို့သော် ကွေ့တောင်မှ ရှုခင်းကမူ အလွန်လှသည်။ ဟော်တယ်ကလည်း ထိပ်တန်းအဆင့် အခန်းများနှင့် ဆားဗစ်များကို ပေးထားကြလေသည်။

 

သို့ရာတွင် ရိုက်ကူးရေးအသင်း၏ မူရင်းစီစဉ်နှင့်မှု ကွာခြားချက်ရှိနေ၏။ ထိုအခြေအနေတွင် ဧည့်သည့်ရှစ်ယောက်နှင့် တိုးဂိုက်တစ်ယောက် ရှိသင့်သည်။

 

ကျန်းဝူပင်းက မှတ်စု စာအုပ်ကိုင်ရင်း မျက်မှော င်ကြုတ်နေသည်။ သူသည် ထပ်ခါတလဲလဲ နာမည်များကို ရေးချသည်။ ထို့နောက် ပြန်ခြစ်သည်။ သူသည် စိတ်ဓာတ်ကျလွန်းသဖြင့် ဆံပင်များကိုပင် နုတ်လုနီးပါး ဖြစ်နေသည်။

 

အန်းနန်ယွမ်ကမူ သူ၏မန်းနေ့ရှ်မန့် ကုမ္ပဏီမှ ခေါ်ဆောင်မှုနှင့် ယာယီအားဖြင့် ပြန်ထွက် သွားရသည်။ ထို့ကြောင့် သူသည် လာမည့် အချိန်ဇယားအတိုင်း ပြန်လည်လာရောက် ရိုက်ကူးခြင်း ရှိမရှိ မသေချာသေးချေ။ မည်သို့ပင်ဆိုစေ သူသည် မနှစ်ကမှစတင်ပြီး ကျော်ကြားမှု မိုးထိုးတက်ခဲ့သည့် နာမည်ကျော် အိုင်ဒေါလ်တစ်‌ယောက် ဖြစ်သည်။ သူ၏ကုမ္ပဏီကလည်း သူတို့၏‌ရွှေရောင်သိုးကို ရသစုံရှိုးတစ်ခုတည်းသို့ ထည့်ပြီး အသက်ကို ရင်းခိုင်းလိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် သူသည် မမျှော်လင့်ထားသည့် ဒဏ်ရာကို ရထားချိန် ဖြစ်နေသေးသည်။

 

ကျန်သောဧည့်သည်များ၏ နေရာများကမူ လွတ်နေသည်။ ဧည့်သည်နှစ်ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး ဆေးကုသရန် ပြန်သွားသည်။ နောက်ပြီး အသက်ကြီးသော ဧည့်သည်တစ်ယောက်ကဆိုလျှင် နုတ်ထွက်ရန် ကိုယ်တိုင်ကိုယ်ကျ လာပြောသွားသည်။ သူသည်လည်း ရှိုးက သူ့ကို နဂိုက သူသည် ဖျော်ဖြေရေး အသိုင်းအဝိုင်းတွင် ပိုင်ဆိုင်ထားသည့် ဖန်ပေ့ချ်ထက် အဆပေါင်းများစွာ ကြီးမားသည့် ဖန်ပေ့ချ်ကြီးကို ပေးခဲ့သော်လည်း သူသည် သက်လတ်ပိုင်းအရွယ် ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ရသစုံရှိုးတစ်ခုတွင် အသက်မရင်းတော့ဟု ထင်သည်။ သူသည် နာမည်ကျော်ရန် အတွက်နှင့် အသက်ကို လောင်းကစား မလုပ်ဟု ဆိုသွားသည်။

 

ထိုဧည်သည့်၏ ငြင်းခုံမှုဟာ ဖြစ်သင့်သည်။ ထို့နောက် ကျန်းဝူပင်းဟာလည်း ပြန်လည် ငြင်းခုံနိုင်စွမ်းအား မရှိချေ။ ဧည့်သည်အားလုံးအတွက် လျော်ကြေးပေးသည့် ကိစ္စများ၊ အသက်အာမခံ မတော်တဆမှုများအားလုံးကို ကိုင်တွယ်ဆောင်ရွက်ပြီးနောက် ကျန်းဝူပင်း ကိုယ်တိုင်ကိုယ်ကျ သူတို့ကို ကွေ့တောင်စံအိမ်မှ လိုက်ပါ ပို့ဆောင် ပေးခဲ့သည်။ သူသည် ရှိုး၏ဆိုရှယ်မီဒီယာအကောင့်ပေါ်တွင်လည်း တိုးတက်မှုများ အားလုံးကို အပ်ပဒိတ်တင်သေးသည်။ ထိုသို့ဖြင့် ထွက်ခွာသွားသည့် ဧည့်သည်များကို အကောင်းဆုံး ဆုတောင်းပေးကြောင်း ပြောသေးသည်။

 

ကင်မရာ၏အ‌ရှေ့နှင့် အပြင်လူများ၏အရှေ့တွင် ကျန်းဝူပင်းသည် အလွန်အမင်း ရိုကျိုးပြီး ဟန်အမူအယာ ကောင်းကောင်း ထိန်းနိုင်သူ ဖြစ်သည်။ သို့ရာတွင် သူက နောက်သို့လှည့်ပြီး ယန်ရှစ်ရွှမ်းကို မြင်ရုံနှင့်ငိုတော့သည်။

 

“ယန်ကော ငါတို့ ဘယ်လိုလုပ်ကြမလဲ ဝူး ဝူး “

 

ကျန်းဝူပင်းက မှတ်စုစာအုပ်လေး ကိုင်ထားသည်။ ထိုစာအုပ်တွင် ကြတ်ခြေခတ် နာမည်များက အလွန်များသည်။ သူသည် အလွန်စိတ်ဓာတ် ကျနေပုံ‌ပေါ်၏။

 

“ငါတို့ တိုးဂိုက်တစ်ယောက်နဲ့ ဧည့်သည်လေးယောက် လိုနေတယ်။ ငါ ဒီလောက်လူအများကြီးကို အချိန်တိုအတွင်း ဘယ်နေရာမှာ သွားရှာရမှာလဲ”

 

ယန်ရှစ်ရွှမ်းက သိချင်စိတ် ပြင်းပြစွာနှင့် မေးသည်။

 

“အခုဒီရှိုးက သရဲခြောက်တယ်ဆိုတာ လူတိုင်း သိနေပြီ။ အဲဒီတော့ လာတဲ့သူ ရှိပ့ါမလား။ ငါ့အထင် လူတွေက သရဲကြောက်လောက်တယ်လို့ ထင်နေတာ။ ကျန်တဲ့သူတွေက တော်‌တော်လေး သတ္တိကြီးကြတာပဲ။ သူတို့ သေမှာ မကြောက်ကြဘူးလား”

 

သုန်မှုန်သောမျက်နှာနှင့် ကျန်းဝူပင်းက ပြန်ပြောသည်။

 

“ယန်ကော ယန်ကောက သရဲတွေကို နားလည်တယ်။ ဒါပေမယ့် ဖျော်ဖြေ‌ရေး အသိုင်းအဝိုင်းကို နားမလည်ပါဘူး။ သရဲခြောက်တာ ဘာမှမဟုတ်သေးဘူး။ သူတို့ရဲ့ ဖောလိုဝါးကိုသာ မြင့်တက်စေမယ်ဆိုရင် သရဲတွေကိုတောင် အိမ်မွေးတိရိစ္ဆာန်အဖြစ် ခေါ်ထားချင်တဲ့ သူတွေတောင် ရှိတယ်”

 

“ယန်ကော ယန်ကောက ဆိုရှယ်မီဒီယာအကောင့်တွေမှ မရှိတာ။ ဒီတော့ ဘယ်သိမှာလဲ။ လျိုရီရီနဲ့ အဲဒီတောင်အောကို ဆင်းမယ်လို့ အတိုက်အခံလုပ်တဲ့ အဲဒီအဆိုတော်ကလွဲပြီး ကျန်တဲ့ဧည်သည့်တိုင်းရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေပေါ်က ဖော်လိုဝါးတွေက သိန်းပေါင်းများစွာ မြင့်တက်သွားတာလေ။ အန်းနန်ယွမ်လို လူမျိုးဆိုရင် နှစ်ဆလောက်တောင် မြင့်တက်သွားတာ။ အခုဆိုရင် သူတို့မှာ ဖော်လိုဝါး ဆယ်သန်းကျော် ရှိနေပြီ။ ဒါက ထိပ်တန်းအဆင့် အိုင်ဒေါလ်အဆင့် ဝင်လုနီးပါးပဲ”

 

ကျန်းဝူပင်းက ယန်ရှစ်ရွှမ်း၏အရှေ့တွင် ဖုန်းကို လှုပ်ခါပြပြီး ဖျော်ဖြေရေး အသိုင်းအဝိုင်းအတွင်းရှိ သူ၏ ဒုတိယနှင့် တတိယမျိုးဆက် မိတ်ဆွေများထံမှ စာများကို ပြသည်။

 

သူတို့သည်လည်း သူတို့၏ ကုမ္ပဏီမှ အနုပညာရှင်များကို ရှိုးသို့ ပို့လိုစိတ်ရှိကြောင်း ဖော်ပြကြသည်။ ထိုထဲမှ တစ်ယောက်ဆိုလျှင် ရှိုးအတွင်းတွင် ဝင်ပါပြီး သရဲများနှင့် တွေ့ခဲ့လျှင်ပင် သူ၏ကြာရှည်စွာ တောင့်တနေခဲ့သော အိမ်မက်က ပြည့်မှီမည်ဖြစ်ပြီး ရှိုးကို ဘယ်သောအခါမှ အပိတ်မခံရအောင် အာမခံချက် ပေးမည်ဟု ဆိုသေးသည်။

 

ယန်ရှစ်ရွှမ်းက ထိုချက်လော့များကို ကြည့်လိုက်သည်။ ထိုတတိယမျိုးဆက် သူငယ်ချင်းက ကမ်းလှမ်းထားသော အခြေအနေက အလွန်အမင်း သဘောထား ကြီးလွန်းသည်။ သူသည် ကျန်းဝူပင်းအား သူကသာ ထိုရှိုးတွင်ဝင်ပါပြီး သရဲတွေကို အမှန်တကယ် တွေ့လျက် သရဲဟာမည်သည့်ပုံစံရှိကြောင်း သိချင်နေသည့် သူ၏ပြင်းပြသည့် စိတ်ဆန္ဒကိုသာ ဖြည့်ဆီးပေးနိုင်မည်ဆိုလျှင် ကျန်းဝူပင်း၏ ရှိုးကို ဘယ်သောအခါမှ ကန်ဆယ် အလုပ်မခံရစေရန် အာမခံချက် ပေးနိုင်သည်ဟုဆိုသည်။

 

ယန်ရှစ်ရွှမ်းက မျက်ခုံးပင့်လိုက်ပြီး လှောင်သည်။

 

“အချို့သူတွေက သူတို့ရဲ့မွေးရာပါစွ မ်းရည်အရ သရဲကို ဆွဲဆောင်နိုင်တာ အတွက်ကြောင့် နေ့တိုင်းလိုလို ဒုက္ခရောက်နေတာ။ သူတို့ရဲ့ အကြီးအကဲတွေတောင်မှ ကောင်းကောင်း စောင့်ကြည့်နေတဲ့ ကြားကနေ မလုံခြုံမှာကို စိုးရိမ်နေကြရတယ်။ ဘာပဲဖြစ်ဖြစ် သရဲတွေ၊ သဘာဝလွန်ဖြစ်ရပ်တွေ ဆိုတာက ကြိုတင်ပြင်ဆင်နိုင်တာမှ မဟုတ်တာကို။ နောက်ပြီး အခုလိုမျိုး သိချင်စိတ် ပြင်းပြလွန်းလို့၊ သရဲရဲ့ပုံစံကို သိချင်လွန်းလို့ တွေ့ချင်တယ်ဆိုတဲ့ လူတွေကလည်း ရှိနေပြန်ရော။ ရှောင်ပင်း ဒီကောင် သူ့ရဲ့ဆန္ဒပြည့်သွားပြီးတဲ့နောက်မှာ ဘာပေးမယ်လို့ ထင်လဲ”

 

တအံ့တဩ မျက်နှာထားနှင့် ကျန်းဝူပင်းက ဖုန်း၏အောက်ဆုံးဘက်သို့ ညွှန်ပြလိုက်သည်။ သူက စာဆက်မပို့တော့သည့် လူချမ်းသာ တတိယ မျိုးဆက်ကောင်လေးနှင့် ချက်ထားသည့် ဟစ်စထွီကို ပြသည်။

 

“ထွက်သွား”

 

“ယန်ကော ယန်ကော ငါ့ကို အရင်ကပြောတဲ့ နိမ့်နိမ့်ချချနဲ့ ကြွားဝါရမယ်ဆိုတဲ့ စကားအဓိပ္ပာယ်ကို နားလည်ပြီ ထင်တယ်”

 

ကျန်းဝူပင်းက အလေးအနက်ထားကာ ခေါင်းညိတ်သည်။

 

“ငါသာ ဖြစ်နိုင်ရင် ငါ ငါ ဒီကောင်စုတ်နဲ့ နေရာလဲပြီး ညလယ်ခေါင်နိုးလာတဲ့အခါ ကုတင်ထောင့်စွန်းနားမှာ သရဲက ငုံ့ကြည့်ပြီး ရယ်ပြနေတဲ့ ခံစားချက်ကို နားလည် သွားစေချင်တယ်”

 

“နိမ့်နိမ့်ချချနဲ့ ကြွားဝါတတ်ရမယ် ဟွန့်”

 

“မင်းက ဒီရှိုးကို ဦးစီးနေရင်း ဒီလောက်အထိ ရင့်ကျက် သွားမယ်လို့ မထင်ထားဘူး။ မင်းရဲ့ အဖေကသာ အခုအခြေအနေကို မြင်မယ်ဆိုရင် မင်းရဲ့အိပ်မက်တွေကို ငြင်းဆန်တော့မှာ မဟုတ်ဘူး”

 

ယန်ရှစ်ရွှမ်းကလည်း အတန်ငယ် အံ့ဩသွားပြီးနောက် သဘောတကျ ရယ်သည်။

 

“ဒါပေမယ့် ရှောင်ပင်း မင်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ထည့်သွင်း စဉ်းစား။ မင်း တကယ်ပဲ ဒါရိုက်တာ ဖြစ်ချင်တာလား။ ဘယ်သူ သိမှာလဲ။ မင်းက ခရီးသွားရှိုး လုပ်တယ်။ အဲဒီနောက် ဒါက ထိတ်လန့်သဲဖို ရှင်သန်လွတ်မြောက်ခြင်း ရှိုးတစ်ခု ဖြစ်သွားတယ်။ အဲဒီနောက် မင်းရဲ့ရုပ်ရှင်ကတောင် အစစ်အမှန်သရဲရုပ်ရှင် ဖြစ်သွားနိုင်တယ်။ အဲဒီနဲ့ နောက်လာမည့် ဧည့်သည်တွေ၊ နောက်လာမည့် တည်နေရာတွေကို မဆုံးဖြတ်ရသေးဘူး မဟုတ်လား။ အခု နောင်တရရင် နောက်မကျသေးဘူးနော်”

 

“မဖြစ်နိုင်တာ”

 

သူ၏အိမ်မက်နှင့် ပတ်သက်လာသောအခါ ကျန်းဝူပင်းက ချက်ချင်းဆိုသလို စိတ်ကောက်ပြီး စိတ်ဓာတ် ကျနေသည့် ပုံစံလေးမှ အင်အားအပြည့်နှင့် ကောင်လေးအဖြစ် ပြောင်းလဲသွားသည်။

 

“အခက်အခဲတွေ တွေ့တာနဲ့ နောက်ဆုတ်ဖို့ အကြောင်းပြချက်တွေ မရှိတာ။ ငါက ထိတ်လန့်သဲဖို့ ရုပ်ရှင်ကို ရိုက်ကူးတဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်သွားရင်တောင်မှ သေချာပေါက် ဒါရိုက်တာ ဖြစ်တာပဲလေ။ ငါ့အဖေ ငါ့ကိုလှောင်ဖို့ အခွင့်အရေးပေးလို့ မရဘူး”

 

ရှိုးအကြောင်း ပြောသောအခါ ယခုလေးတင် ယုံကြည်မှုအပြည့်နှင့် လူချမ်းသာ တတိယမျိုးဆက် လူငယ်လေးက ရုန်းကန်နေရသော လူသစ် ဒါရိုက်တာလေး ဖြစ်လာပုံ ပေါ်သည်။

 

သူသည် သူ့အား ဘလက်လစ် စာရင်းသွင်းကာ ပယ်ချခဲ့သော တတိယမျိုးဆက် လူချမ်းသာကောင်ကပင် သဘောကျကြောင်း မှတ်ချက် ပြန်ပေးလာမှုကို လက်ခံ ရရှိနေပြီဖြစ်သည်။

 

ဘာပဲဖြစ်ဖြစ် သူ့ရဲ့ဆန္ဒက မပြည့်နိုင်ဘူး။

 

ကျန်းဝူပင်းက ပြောသည်။

 

“လူတစ်ယောက်က ထပ်ခါတလဲလဲ ကံ မဆိုးလောက်ပါဘူးနော် ဟုတ်တယ်မလား။ အရင်တစ်ခေါက်က ဒီအတိုင်း လက်ထောက်ဒါရိုက်တာက လှည့်စား သွားလို့ပါ။ ဒီတစ်ကြိမ်မှာတော့ နောက်ထပ် လက်ထောက်တစ်ယောက် မလှည့်စား လောက်ပါဘူးနော်။ ဟုတ်တယ်မလား”

 

ယန်ရှစ်ရွှမ်းက ထိုစကားကို ကြားသောအခါ မျက်ခုံး အသာပင့်လိုက်သည်။ သူသည် မည်သည့် မှတ်ချက်မှ မချချေ။

 

******