အပိုင်း(၄၀)
ပရိုဂရမ်အသင်းသည် ယခုနောက်ပိုင်း အမှန်ပင် ခက်ခဲသော အခြေအနေမျိုးသို့ ရောက်ရှိနေခြင်းဖြစ်သည်။
ကွေ့တောင်တွင် ကယ်ဆယ်မှု့ပြီးနောက် အာဏာပိုင်များက ဟိုင်ရန်ဂူဘုရားကျောင်းအား မေးခွန်းများ မေးမြန်းပြီး ကယ်ဆယ်ရေး စုံစမ်းစစ်ဆေးမှု ရလဒ်များကို ထုတ်ပြန် ကြေငြာ ခဲ့သည်။
“၉၉ရက်တာ နှလုံးခုန်သံ ခရီးသွားရသစုံရှိုးသည် ပြည်သူများက ရီပို့တင်ပြီး အကူအညီ တောင်းခံသလိုမျိုး တစ္ဆေသရဲများနှင့် တွေ့ကြုံပြီး အခြားသော ဖြစ်တည်မှုများကို တွေ့ကြုံခဲ့ခြင်း မဟုတ်ချေ။ ထို့အစား ပရိုဂရမ်ရိုက်ကူးရေးအဖွဲ့သည် တောင်တန်းထဲတွင် ပိုက်ဆံရရန် အလို့ငှာ ဆိုးယုတ်သော အပြစ်များကို ပြုလုပ်နေသူ လူတစ်အုပ်နှင့်သာ ဆုံခဲ့ခြင်း ဖြစ်သည်။ ကံကောင်းသည်မှာ ပရိုဂရမ်အဖွဲ့က ထိုလူများနှင့် တွေ့ပြီး ဒုက္ခရောက်နေသော သူများကို ကယ်တင်နိုင်ခဲ့သည်။ ထို့နောက် ထိုလူဆိုးများကို မောင်းထုတ်နေရင်း တိုက်ခိုက်မှု ဖြစ်ပွားသည့် အလျောက် ရုန်းကန်ကြရင်း တိုက်ရိုက်ထုတ်လွှင့်မှု ပစ္စည်းများက ပျက်တောက်သွား ခဲ့သောကြောင့် လိုင်းပျက်သွားရခြင်း ဖြစ်သည်ဟု ဆိုထားသည်။ ပရိုဂရမ်အသင်းထဲတွင် ဒဏ်ရာရရှိသူ ရှိသော်လည်း သူတို့၏လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက တည်ငြိမ်နေပြီး လူတိုင်းကလည်း လုံခြုံကြောင်း ပြည်သူများအားလုံး စိတ်အေးအေး ထားနိုင်ပြီ ဖြစ်ကြောင်း ပြောပြထားလေသည်။
တစ်ကြိမ်တည်းတွင်ပင် ပင်းဟိုင်မြို့ အာဏာပိုင်များနှင့် ဗီဒီယိုရီဗျူးရုံးတော်က ကျန်းဝူပင်းကို ဆက်သွယ်ပြီး ပရိုဂရမ်တွင် အန်ဟဲသီးဖြစ်သည့် အကြောင်းအရာများ ပါဝင်ခွင့် မပြုကြောင်း၊ အများအမြင်ကို သိပ္ပံကျကျ တွေးခေါ်သင့်သည့် အကောင်းမြင်စိတ်သာ ရှိစေလိုကြောင်း ထပ်ခါတလဲလဲ သတိပေးခဲ့သည်။ ထိုသို့ပြောခဲ့သည်မှာလည်း ဟိုင်ရန်တာအိုဂူဘုရားကျောင်းမှ ဘုန်းတော်ကြီးများက တောင်းပန် ခဲ့ခြင်းကြောင့် ဖြစ်သည်. ထို့ကြောင့် အချိန်တစ်ခု ကြာသည်အထိ ခွင့်လွှတ် ပေးထားသော်လည်း နောက်ပိုင်းတွင် ထိုကဲ့သို့ဆက်လက်ဖြစ်ပွားခွင့် ပြုလိမ့်မည် မဟုတ်ချေ။ သို့မဟုတ်လျှင် ဒီပရိုဂရမ်တစ်ခုလုံးကိုမူ ချက်ချင်း ဘန်းမည် ဖြစ်သည်။
ကျန်းဝူပင်းကမူ အပျော်လွန်သွားသည်။ သူသည် ခပ်ကြမ်းကြမ်း ခေါင်းညိတ်ပြရင်း တုန့်ပြန်လေသည်။
သို့သော် သူက နောက်ခရီး၏ ဧည့်သည်စာရင်းထဲတွင် သူ၏သရဲမြင်ချင်ပါသည်ဆိုသော သူ၏ သူငယ်ချင်း စုန့်ချီကို ထည့်လိုက်သည်။ မည်သို့ပင်ဆိုစေ တစ်ဖက်သူက ယုံကြည် အားကိုး ထိုက်လောက်သည်။
“ဒီလိုဆိုမှတော့ ဧည့်သည်နေရာက သုံးနေရာပဲ လွတ်တော့တယ်။ တိုးဂိုက်နေရာ တစ်ခုတော့ ကျန်သေးတယ်။ နောက်ပြီး ယန်ကောကလည်း ထွက်ပြေးသွားရင် နောက်ထပ် ဧည့်သည်တစ်ယောက် ပိုလိုတော့မှာ။ ဒီလိုဆိုရင် ရှာဖို့ တအား ခက်သွားလိမ့်မယ်”
ကျန်းဝူပင်း၏မျက်လုံးများက မှတ်စုစာအုပ်ထဲမှတဆင့် ယန်ရှစ်ရွှမ်းထံ ရောက်သွားသည်။
ယန်ရှစ်ရွှမ်းက ကျန်းဝူပင်းကို ဆွံ့အသလို ကြည့်လိုက်သည်။ တစ်ဖက်သူ လုပ်ချင်သည့်အရာကို နားလည်သဖြင့် ပြောလိုက်၏။
“စာချုပ်ကို ဖောက်ဖျက်သွားတဲ့သူရဲ့နေရာမှာ အစားထိုးဖို့ မင်း ငါ့ကို ယာယီပဲ တောင်းဆို ထားခဲ့တာ။ အဲဒီလိုနဲ့ ရှိုးပွဲရဲ့ ပထမအချိန်ဇယား အဆုံးသတ်နားအထိပဲ အသုံးပြုမယ်လို့ ပြောခဲ့ပြီးသား။ မင်းကြည့် အခြေအနေနဲ့ အချိန်အခါတွေအားလုံးက တည်ငြိမ်သွားတော့ အဆင်ပြေသွားပြီလို့ ထင်တယ်”
ကျန်းဝူပင်းက ရုန်းကန်ရန် ကြိုးစား ချင်နေသေးသည်။
“ဒါက ပထမခရီးရဲ့အဆုံးသတ်တောင် မဟုတ်သေးဘူးလေ။ နောက်ပြီး ကျော်ကြားမှု မဲပေးမှုစာရင်းက အောက်ခြေကို ရောက်နေမှ ကောက ဖယ်ထုတ်ခံရမှာ မဟုတ်လား”
“ဘာများ ကွာခြားနေလို့လဲ။ ငါက ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲကလည်း မဟုတ်ဘူး။ ငါက အခြားသူတွေထက် ပိုပြီး ကျော်ကြားမယ်လို့ ထင်လို့လား”
ကျန်းဝူပင်း “ဟုတ်သားပဲ ဒါဆိုရင် ကျော်ကြားမှုအတွက် မဲမရနိုင်ဘူးပေါ့။ တကယ်လို့များ ယန်ကောက ဒီလောက် ချောပြီးသန်မာတာ။ ကြည့်ရှုသူတွေက ယန်ကောကို သဘောကျရင် ယန်ကောအတွက် မဲပေးနိုင်သေးတာပဲ။ တကယ်လို့များဆိုရင် ဘယ်လိုလုပ်မလဲ ကော။ ကော တိုက်ခိုက်နေတဲ့လေကို အန်တုပြီး ပိုပြီး ကျော်ကြားသွားနိုင်တယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ဒါက မသေချာသေးဘူးလေ။ နောက်ပြီး ကျွန်တော်တို့ကြားက ကော်မရှင်နဲ့ ပတ်သက်တဲ့ အကျိုးအပြစ်တွေ ဆိုတာကလည်း ကောပြောသလိုပဲ အသေအချာ ပြီးဆုံးသွားသေးတာမှ မဟုတ်တာ။ ယန်ကော ယန်ကောလည်း အရင်က မကြာခဏ ပြောဖူးတယ်လေ။ လောကကြီးက မကြင်နာ တတ်ပေမယ့်လည်း ပြောင်းလဲဖို့အတွက် အခွင့်အရေးတွေ ရှိသေးတယ်ဆို။ ဒါလည်း ဖြစ်နိုင်တာပဲ မဟုတ်လား”
ယန်ရှစ်ရွှမ်း “မင်း ဘာတွေ လာပြောနေတာလဲ။ ဘယ်သူက သရဲဖမ်းသူတစ်ယောက်ကို ကြိုက်နေမှာလဲ”
ကျန်းဝူပင်း “ဝူး”
ယန်ရှစ်ရွှမ်း “...”
ကျန်းဝူပင်း၏ မျက်ရည်အပြည့်နှင့် တိုက်ကွက်အောက်တွင် ယန်ရှစ်ရွှမ်းက သူ့အား မကြည့်ရက်တော့ပေ။ ထို့ကြောင့် အိပ်ကပ်ထဲမှ လက်ကိုင်ပုဝါတစ်ထည် ထုတ်လိုက်ပြီး ရွံရှာသလို ပုံစံမျိုးဖြင့် ပစ်ပေးလိုက်သည်။
“မင်းရဲ့ နှာခေါင်းကို မြန်မြန်သုတ်စမ်း အာ စီးကျလာတော့မယ်။ မင်းကိုယ်မင်း သုံးနှစ်အရွယ် မူကြိုကလေးများ ထင်နေလား”
“ကောင်းပြီ ကောင်းပြီ။ မဲရတဲ့အထိ ငါ စောင့်နေပေးမယ်”
ယန်ရှစ်ရွှမ်းက ထိုသို့ သဘောတူလိုက်ရသည်။
“ဘာပဲဖြစ်ဖြစ် တစ်ရက်လောက် ပိုနေပေးရတာက ပြောင်းလဲမှု မရှိပါဘူး”
ထိုသို့ဖြင့် ကျန်းဝူပင်းက သဘောတကျ ပျော်ရွှင်စွာ ရယ်မောပြီး ပြန်လည် မျက်မှောင် ကြုတ်ကာ ဧည့်သည်များအကြောင်း ပြန်တွေးနေပြန်သည်။
“ဒီတစ်ယောက်က ပရိတ်သတ်တွေ အများကြီး မရှိဘဲနဲ့_ _ _ နောက်ပြီး ဒီတစ်ယောက်ကလည်း မဖြစ်သေးပါဘူး_ _ _ နောက်ပြီး ဒီတစ်ယောက်မှာ မကောင်းသတင်းတွေ အများကြီးပဲ။ ရှိုးရဲ့ခရီးသွား လေထုအခြေအနေကို ဖျက်ဆီး ပစ်လိုက်လိမ့်မယ်။ ဒီတစ်ယောက်လည်း မဖြစ်သေးဘူး သူ့ရဲ့ကာရိုက်တာက တော်တော်လေး ဆိုးတယ်”
ကျန်းဝူပင်း၏ ရေရွတ်သံများကို ကြားနေသည့် အကြားအာရုံ ကောင်းမွန်လွန်းသော ယန်ရှစ်ရွှမ်းက မျက်လုံးလှန်လိုက်သည်။
“မင်းရဲ့အစုတ်အပြတ်ရှိုးကို လာတာကတင် ကျေးဇူးတင် ရဦးမှာ။ အဲဒီလို လာတာကတင် သူတို့က ကန်းနေလို့ပဲ။ ဒါတောင်မှ မင်းက ရွေးချယ် ချင်နေသေးတာလား”
ရှိုးနှင့်ပတ်သက်လာသောအခါ ကျန်းဝူပင်းက ယုံကြည်မှုအပြည့်နှင့် ပြောသည်။
“ဒါက ငါ့အိပ်မက်ရဲ့ စတင်မှတ်နော်။ ဒါပေါ့ ငါ သေချာပေါက် ဂရုတစိုက် ရွေးချယ်ဖို့ လိုတာပေါ့။ ဒီလူတွေက ငါ့ရဲ့ရှိုးရဲ့ ကောင်းမွန်လွန်းတဲ့ ဂုဏ်သတင်းကိုလည်း ဖျက်ဆီးပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ဒါက ငါ့ရဲ့အိပ်မက် ငါ ဒါကို ကောင်းမွန်အောင် ဆက်လုပ်ရမယ်။
ယန်ရှစ်ရွှမ်း “ဒါဆိုလည်း ကြိုးစားထားပါဦး”
.....
ယန်ရှစ်ရွှမ်းက ဖျော်ဖြေရေး အသိုင်းအဝိုင်းအကြောင်း ဘာမှမသိသလို ကျန်းဝူပင်းကလည်း ဘာမှမသိချေ။
ထိုသို့ဖြင့် ဖျော်ဖြေရေးအသိုင်းအဝိုင်းအကြောင်း မသိသော လူငယ်လေးနှစ်ယောက်က အတူပူးပေါင်း နေလိုက်သောအခါ ရှိုးနှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် အပူတပြင်း ဆွေးနွေးနေမှုများကို ပို၍မသိသလို အမျိုးမျိုးသော စီးပွားရေးကုမ္ပဏီများ၏ အစည်းအဝေးခန်းထဲမှ အကြိတ်အနယ် ငြင်းခုံမှုများကိုလည်း မသိကြချေ။
ကျန်းဝူပင်းနှင့် ဆက်ဆံရေး ကောင်းသော ဒုတိယနှင့် တတိယမျိုးဆက် ချမ်းသာသည့် လူများက ကျန်းဝူပင်းနှင့် ရင်းနှီးမှုကို သုံးပြီး သူတို့၏ကိုယ်ပိုင်ကုမ္ပဏီမှ အနုပညာရှင်များကို ပရိုဂရမ်ထဲသို့ ထည့်ချင် နေကြကြောင်းကိုလည်း မသိလောက်ချေ။
ယနေ့ခေတ်တွင် ဖျော်ဖြေရေး ကုမ္ပဏီနှင့် စီးပွားရေး ကုမ္ပဏီများ ဖြစ်နေသမျှ သူတို့တွင် အသီးသီးသော အနုပညာရှင်များ ရှိနေပေလိမ့်မည်။ ယခင်တစ်ခေါက်တွင် ကျန်းဝူပင်းက ရှိုးကို တိုက်ရိုက် ထုတ်လွှင့်ခြင်း မရှိသေးခင် အသနားခံ တောင်းပန်ခဲ့ချိန်က မည်သူကမှ ကူညီပေးလိုစိတ် မရှိခဲ့ချေ။
ယခုအခါ ဖျော်ဖြေရေး အသိုင်းအဝိုင်းအတွင်းရှိ အကြီးဆုံးသော ဖျော်ဖြေရေး၏ အစည်းအဝေးအခန်းအတွင်းတွင် ခေါင်းဆောင်နှင့် အမျိုးမျိုးသော တာဝန်ယူ ဆောင်ရွက်ရသော ပုဂ္ဂိုလ်များအားလုံးက ရှိုးအကြောင်း ထိတ်လန့်တကြား ဆွေးနွေးနေကြသည်။ အစည်းအဝေးခန်း စားပွဲ၏ နှစ်ဖက်လုံးတွင် အေးဂျင့်များနှင့် အနုပညာရှင်များ ပြည့်နှက်နေသည်။
အန်းနန်ယွမ်က လက်ပိုက်ရင်း ခပ်အေးအေး ထိုင်နေသည်။ သူက မျက်လုံးကိုပင် မှိတ်ထားသေးပြီး အစည်းဝေးခန်း၏ စားပွဲပေါ်တွင် တစစီ ပြန့်ကျဲနေသည့် ခွဲခြမ်းစိတ်ဖြာမှု ရီပို့များကိုလည်း မကြည့်သလို အပူတပြင်း ဆွေးနွေးနေကြသည့် အကြောင်းအရာများကို နားမထောင်ပဲ ဒီအတိုင်း သူဟာ ခပ်အေးအေးသာ ရှိနေသည်။
သို့ရာတွင် ဒီခရီးသွားရသစုံရှိုးကြောင့် ဆက်တိုက် ထိုးတက်လာသည့် သူ၏ကျော်ကြားမှုကြောင့်ပင် ဖြစ်စေ၊ ရှိုး၏ ဧည့်သည်တစ်ယောက်ဆိုသော သူ၏လက်ရှိအဆင့်အတန်းကြောင့်ပင် ဖြစ်စေ သူ့ကို မည်သူကမှ လစ်လျူမရှုနိုင်ချေ။
“နန်ယွမ် မင်း ဘယ်လိုထင်လဲ။ မင်း ဒီလိုအခြေအနေကို ဘယ်လိုများထင်လဲ”
ထိပ်ဆုံးတွ င်ထိုင်နေသော မန်နေဂျာက ရုတ်တရက် အန်းနန်ယွမ်ကို လှမ်းခေါ် လိုက်သည်။
အန်းနန်ယွမ်က မျက်လုံးကို မှိတ်ထားပြီး အိပ်ပျော် နေသလိုမျိုး ပြန်မဖြေခဲ့ချေ။
အစည်းအဝေးခန်း၏ စည်စည်ကားကားရှိနေသော လေထုအခြေအနေက ရုတ်ချည်း ငြိမ်သက် သွားသည်။ ထိုသို့ဖြင့် လေထုက အနည်းငယ် ကို့ရိုကားယား နိုင်သွားသည်။ ဘယ်ဘက်ခြမ်းမှ မန်နေဂျာက အဖြေကို မရသွားသောအခါ မကျေမနပ် ဖြစ်သလို မျက်နှာက တင်းမာလာသည်။
ထိုအခြေအနေကို မြင်လိုက်သည့် ဘေးဘက်မှ အေးဂျင့်က ခပ်မြန်မြန် လက်ဆန့် ထုတ်ပြီး အန်းနန်ယွမ်၏ ခါးကို အသာတို့လိုက်သည်။ ထိုသို့ဖြင့် မန်နေဂျာ၏ မေးခွန်းကို မြန်မြန် ပြန်ဖြေသင့်ကြောင်း ပြောသည်။
“ငါ တောင်းပန်ပါတယ် မန်နေဂျာ နန်ယွမ်က ကွေ့တောင်က ပြန်လာကာစလေ။ နောက်ပြီး သူက တော်တော်လေး ကြောက်လန့် ခဲ့ရတဲ့အပြင် ဒဏ်ရာလည်း ရလာသေးတယ်။ ဒါတွေအပြင် သူက အရင်ရက်တွေမှာ ကောင်းကောင်းလည်း မအိပ်ခဲ့ရဘူး_ _ _မစိုးရိမ်ပါနဲ့ ကုမ္ပဏီကို သေချာပေါက် ဖြေရှင်းချက်ပေးမှာပါ”
အေးဂျင့်က ချိုသာစွာ ပြောလိုက်ပြီး အန်းနန်ယွမ်ကို ကယ်တင်ရန် အကောင်းဆုံး ကြိုးစားသည်။ မန်နေဂျာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အန်းနန်ယွမ်ကို ပို၍ပင် မကြင်နာသော အကြည့်မျိုးနှင့် ကြည့်သည်။
“ငါတို့ ကုမ္ပဏီက အချို့အနုပညာရှင်တွေက သူတို့ရဲ့ အချိန်ဇယားကနေ နည်းနည်းလေး ပင်ပန်းနေတယ်ဆိုတာကို ငါ သိပါတယ်။ ဒါကတင် ကုမ္ပဏီက မင်းကို တန်ဖိုးထားတယ်။ မင်းက သွားဖို့အဆင့်သင့်ဖြစ်တဲ့အခါ ပင်ပန်းနိုင်မှာ မဟုတ်ဘူးဆိုတာကို ပြသနေတာပဲ။ ဒီခရီးသွားရသစုံရှိုးက ဘာဖြစ်တာလဲ။ နန်ယွမ်က လူငယ်မျိုးဆက်တွေ ကူညီဖို့အတွက် ရသစုံရှိုးတစ်ခုကို သွားပြီး မန်တယ်အဖြစ် လုပ်ရမှာ မဟုတ်ဘူးလား။ အဲဒီရှာဖွေမှုအများဆုံး စာရင်းတွေကြောင့်သာ မဟုတ်ရင် ငါတို့ ကုမ္ပဏီက အများဆုံး အားစိုက်ထုတ်ပြီး ပျိုးထောင်ထားတဲ့ အိုင်ဒေါလ်က ဒီလိုအစုတ်အပြတ်ရှိုးကို သွားပြီး အချိန်ဖြုန်းနေတာကို သိမှာမဟုတ်ဘူး”
အစည်းအဝေးခန်းမတစ်ခုလုံးက တိတ်ဆိတ် သွားသည်။ ထို့နောက် လှောင်ရယ်သလို အသံမျိုးက ထွက်လာ၏။ ထိုအသံက တိုက်ဆိတ်သော ပတ်ဝန်းကျင်အတွင်း ရှင်းလင်းပြတ်သားသွားသည်။
“အာ”
မန်နေဂျာ၏မျက်နှာက ဝက်အသဲကဲ့သို့ ဖြစ်သွားသည်။ သူက ခက်ထန်သောမျက်နှာနှင့် အန်းနန်ယွမ်ကို ကြည့်လိုက်သည်။ သူ၏အကြည့်ကတင် လူကို စားချင်နေပုံရသည်။
မန်နေဂျာက ရသစုံရှိုးကို တိုက်ခိုက်လိုက်သော အခိုက်အတန့်တွင် အန်းနန်ယွမ်က မျက်လုံးကို တဖြည်းဖြည်းချင်း ဖွင့်ပြီး အိပ်ပျော်ရာက နိုးလာကာစာ လူတစ်ယောက်လို လှမ်းကြည့်သည်။
“ခင်ဗျား အဲဒီလိုပြောရင် ဖျော်ဖြေရေးနယ်ပယ်က ခင်ဗျားရဲ့ ကျွမ်းကျင်မှုကို သံသယ ဝင်ရလိမ့်မယ်”
အန်းနန်ယွမ်က ပြုံးသည်။
“ငါ ဒီလို တိုက်ရိုက် ပြောပါရစေ။ ငါ ဒီရှိုးက ထွက်ဖို့က မဖြစ်နိုင်ဘူး။ သန်းနဲ့ချီတဲ့ ကြည့်ရှုသူတွေက ငါ့ကို ဒီရှိုးမှာ ပေါ်လာဖို့ စောင့်နေကြတာ။ တကယ်လို့ အပြောင်းအလဲသာ ဖြစ်သွားရင် ခင်ဗျား ဘယ်လိုထင်လဲ။ ငါတို့ ကုမ္ပဏီက ရူးလွန်းတယ်လို့ သံသယဝင်သွားကြမှာ မဟုတ်လား”
“ဒီရှိးပြီးသွားတဲ့နောက်မှာ ငါ့ရဲ့ပရိတ်သတ်တွေရဲ့ အရေအတွက်က သန်းငါးဆယ်နီးပါး ဖြစ်သွားတယ်။ တစ်ချိန်တည်းမှာ ငါနဲ့အတူ ပွဲဦးထွက်ခဲ့တဲ့ အိုင်ဒေါလ်တွေထဲမှာ ဘယ်သူကများ ငါ့ထက် မြင့်နေလို့လဲ”
အန်းနန်ယွမ်က ခေါင်းကို နောက်ဘက်သို့ အသာပြန်စောင်းလိုက်ပြီး မန်နေဂျာကို အကဲဖြတ်သလို ပုံစံမျိုးဖြင့် ကြည့်သည်။
“ခင်ဗျားက လူသစ်တွေကို လေ့ကျင့်ပေးချင်ရင်တောင်မှ ဒီလူသစ်တွေကို ခိုင်မာတဲ့ အုတ်မြစ်တစ်ခု ပေးဖို့အတွက်နဲ့ ငါ့ကို ရသစုံရှိုးတစ်ခုကို သွားပြီး မန်တယ် မလုပ်ခိုင်းသင့်ဘူး။ ဟွန့် ပရိတ်သတ် သန်းငါးဆယ်လောက်ရှိတဲ့ လူတစ်ယောက်ကို အဲဒီကိုလွှတ်တာက အဆင့်အတန်းမြင့်လွန်းရာ မရောက်ဘူးလား”
“နောက်ပြီး ခင်ဗျားနဲ့ သက်တူရွယ်တူတွေအပြင် ဒါရိုက်တာတွေကပါ ခင်ဗျားက ကုမ္ပဏီကို စီမံခန့်ခွဲမှု ကောင်းကောင်း လုပ်နိုင်တဲ့ မန်နေဂျာတစ်ယောက် ဟုတ်သေးရဲ့လားလို့ သံသယ ဝင်သွားလောက်တယ်”
အန်းနန်ယွမ်၏ လေသံက အဓိပ္ပာယ် အပြည့်ပါသည်။ ထိုထဲတွင် အထင်သေးမှုအပြည့် ရှိနေသည်။
မန်နေဂျာ၏မျက်နှာက ဖြူဖျော့သွားသည်။ နောက်ဆုံးတွင် သူဟာ ဒေါသတကြီး ပြောသည်။
“ကုမ္ပဏီရဲ့မျိုးဆက်တိုင်းကို ဒီလိုပဲ သင်ပေးခဲ့တာပဲ။ မင်းက တဲလန့်ရှိုးမှာ ပွဲဦးမထွက်ခင်က မင်းရဲ့စီနီယာတွေက မင်းကို လမ်းညွှန်ခဲ့တာပဲ မဟုတ်ဘူးလား။ အဲဒီလိုမှမဟုတ်ရင် မင်းက အခုဘယ်နေရာကို ရောက်နေမှာလဲ။ မဟုတ်သေးဘူး။ မင်းက ကျေးဇူးမသိတတ်ပဲ ကုမ္ပဏီက အတိတ်က မင်းကို ကယ်တင် ပေးခဲ့တဲ့ အခြေအနေတွေကို မေ့သွားပြီလား။ မင်းက မင်းမှာ အခု ပရိတ်သတ် သန်းငါးဆယ် ရှိနေတယ်။ ဒါက အင်အားကြီးတယ်။ အတောင်တွေ မာနေပြီလို့ ထင်တယ်ပေါ့လေ”
မန်နေဂျာက လှောင်သည်။
“ကုမ္ပဏီက မင်းကို နာမည်ကြီးအောင် လုပ်ပေးလို့ ရတယ်။ အဲဒီလိုပဲ မင်းရဲ့ဂုဏ်သတင်းကိုလည်း ဖြန့်နိုင်တယ်။ အန်းနန်ယွမ် ကိုယ့်ကိုကိုယ် အထင် မကြီးနေစမ်းနဲ့။ မင်းရဲ့အနီးအနားကို ကြည့်စမ်း။ ဘယ်ကုမ္ပဏီ ဘယ်အဖွဲ့အစည်းက မင်းရဲ့နောက်ခံမရှိဘဲ ကြေငြာတွေ ပေးမှာတဲ့လဲ။ ဘယ်သူက မင်းကို ကူညီပေးနိုင်မှာလဲ”
“မတုံးစမ်းနဲ့”
အန်းနန်ယွမ်၏ မျက်နှာပေါ်မှ ဖိနှိပ်ထားသော ဒေါသကို မြင်သောအခါ မန်နေဂျာက ကျေနပ်စွာ ခေါင်းညိတ်ပြီး အကြောင်းအရာကို ပြောင်းသည်။
“ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မင်းကို ကုမ္ပဏီက ပျိုးထောင် ထားတာပဲလေ။ ဒီတော့ ကုမ္ပဏီကလည်း မင်းကို ဒီထက်ပိုပြီး ရှေ့ရောက်ဖို့ မျှော်လင့်ပါတယ်။ မင်းက မထွက် ချင်ဘူးဆိုရင်လည်း မထွက်နဲ့”
မန်နေဂျာက အခြားတစ်ဖက်ခြမ်းမှ လူငယ်တစ်ယောက်ကို ညွှန်ပြပြီး ပြောသည်။
“မင်း မင်းရဲ့ဂျူနီယာလေးကို ရှိုးကို ခေါ်သွားပြီး ကောင်းကောင်း ဂရုစိုက်ပေးလိုက်။ သူက နောက်နှစ်မှာ ပွဲဦးထွက်လိမ့်မယ်”
ထိုလူငယ်က အပြုံးနှင့်အတူ မတ်တပ်ထရပ်လိုက်ပြီး အန်းနန်ယွမ်ကို မရိုသေသော ပုံစံမျိုးဖြင့် အသာခေါင်းညိတ်ပြသည်။ သို့သော် သူ၏မျက်နှာတွင် လေးစားမှုကလည်း ရှိမနေပါချေ။
“အန်းကော နောက်နှစ်လအတွင်းမှာ ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါဦး”
အန်းနန်ယွမ်က ပါးစပ်ကို ဟပြီး ပြန်လည်ငြင်းဆန်လိုသည်။
“ငါ မလုပ်_ _ _”
“ကောင်းပြီ ဒီအတိုင်းပဲ”
မန်နေဂျာ ထိုင်ခုံကို တွန်းလိုက်ပြီး နောက်လှည့် ထွက်သွားသည်။
စိတ်ဓာတ်ကျဖွယ်ကောင်းသော အစည်းအဝေးခန်းထဲမှ လူတိုင်းက ထွက်ခွာ သွားကြသည်။ ထိုလူငယ်နှင့် အန်းနန်ယွမ်ကသာ ထိုင်လျက်ကျန်ရစ်၏။
“အန်းကော ကျေးဇူးပြုပြီး ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ။ ငါ့ရဲ့နာမည်က အန်တိုနီပါ”
အန်တိုနီက အရောင်တောက်တောက်များနှင့် ထရန်းတင်းအောက်ဖစ်များကို ဝင်ထားပြီး ဖက်ရှင်ကျသည့် လူငယ်ပုံစံ ဖြစ်သည်။ သူက ပြုံးလိုက်သောအခါ သူ၏ကျားအစွယ်လေးများကိုပင် မြင်နိုင်သည်။ ထို့ကြောင့် မကောင်းသည့် စိတ်ဆန္ဒများကို ဖုံးကွယ်ထားသော နတ်ဆိုးလေးလား ထင်ရသည်။ သို့သော် သူ၏ထူးချွန်ကာ ကြည့်ကောင်းသည့်ရုပ်ရည်ကြောင့် လူအများက သူ့ကို မကောင်းမပြောရဲ ကြလောက်ချေ။
အန်းနန်ယွမ်က အန်တိုနီ၏ မိတ်ဆက်စကားကို ကြားသောအခါ နှာခေါင်း ရှုံ့လိုက်သည်။ သူက သဘောမတူညီချေ။
ရွံစရာ မကောင်းဘူးလား။ သူ့ရဲ့အင်္ဂလိပ်နာမည်က အန်တိုနီဆိုတာကိုများ ဘယ်ပရိတ်သတ်က မသိလို့လဲ။ ဒါကို ကုမ္ပဏီက ရူးမနေဘူး။ ဒါတောင်မှ ဒါကို ပေးထားသေးတယ်။
ထိုသို့သိပြီးသည့်တိုင်အောင် ကုမ္ပဏီက လူသစ်၏နာမည် အန်တိုနီကို မပြောင်းခိုင်းခဲ့ချေ။ ဒီနည်းအားဖြင့် သူ၏နာမည်ကိုသုံးပြီး တစ်ဖက်သူကို မြေတောင် မြှောက်ပေးလိုကြောင်း သေချာနေသည်။
သူက ဒီကုမ္ပဏီရဲ့အတွေးကို မသိဘူးလို့များ ထင်နေလား။
သူက ထိန်းချုပ်မှုခက်ခဲတယ်လို့ ထင်ပြီး နောက်ထပ် နာခံမယ့်သူတစ်ယောက်ကို ပြောင်းရှာတယ်ပေါ့လေ။ နောက်ပြီး သူ့မှာပိုင်ဆိုင်နေတဲ့ ထိပ်တန်းအဆင့် ထရပ်ဖစ်ကိုလည်း လက်မလွှတ်လိုသော သူ့ရဲ့သွေးကို စုပ်ချင်တယ်ပေါ့။ သူ့ရဲ့သွေးတွေကို ညစ်ထုတ်ပြီးသွားတဲ့အခါ ကုမ္ပဏီက သူ့ကို စွန့်ပစ်လိုက်မှာ သေချာတယ်။
သွေးစုပ်သည့်ကိစ္စကို တွေးနေရင်း အန်းနန်ယွမ်က ရုတ်တရက် ကွေ့တောင်၏ ဝိုင်သိုလှောင်ခန်းထဲတွင် မြင်ခဲ့ရသည့် သွေးများ ပြည့်နှက်နေသော စည်ပိုင်းများကို သတိရသွားသည်။ ထို့နောက် ယန်ရှစ်ရွှမ်းက ကောင်းကင်မှ ပြုတ်ကျနေသလိုမျိုး ရုတ်တရက် ပေါ်ထွက်လာသည်။ သူတို့အားလုံး၏ အရှေ့သို့ ရောက်ရှိလာပြီး သေလုနီးပါးဖြစ်နေသည့် လူတိုင်းကို ကယ်တင်ပေးခဲ့သည်။
******