41 01
အပိုင်း(၄၁)
အင်အားနှင့် မှီခို အားကိုး ထိုက်သည်ဆိုသော အရာမှ ပေးစွမ်းသည့် လုံခြုံမှုက အန်းနန်ယွမ်အား နေရာတွင်ပင် မှင်သက် အံ့အားသင့်စေခဲ့ရုံသာ မကသေးလေပဲ အချိန်အတန်ကြာသည်အထိ အသိ ပြန်မဝင်နိုင်အောင် ဖြစ်စေခဲ့သည်။
သို့သော် အန်းနန်ယွမ်သည် ယခုအချိန်အထိ ထိုမြင်ကွင်းကို မမေ့သေးချေ။
သူသည် မူလကမူ တဲလန့်ရှိုး တစ်ခုသို့ သွားပြီး မန်နာအဖြစ် လုပ်ရမည်ဆိုသည့် ကုမ္ပဏီ၏ ဂုတ်သွေးစုပ်ရန် အစီအစဉ်ကို ငြင်းဆန်လိုခဲ့ရုံသာ ဖြစ်သည်။ ယခုအခါ သူက အမည်မသိရသော ဒါရိုက်တာတစ်ယောက်၏ အမည်မသိရသော ရှိုးတစ်ခုသို့ သွားဖြစ်ခဲ့သည်။ ဒီနည်းအားဖြင့် ခရီးသွားရင်း အပန်းဖြေ လိုခဲ့ခြင်း ဖြစ်သည်။
သို့သော် မမျှော်လင့်ထားစွာပင် သူသည် ထိုနေရာတွင် ထူးခြားသော ယန်ရှစ်ရွှမ်းနှင့် တွေ့ဆုံရလေသည်။
ယန်ရှစ်ရွှမ်းသည် သူ၏ကိုယ်ပိုင် လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာတစ်ခုကို ပိုင်ဆိုင်ထားပုံ ပေါ်သည်။ အခြားသောသူများက ထူးဆန်းသော အလှတရားနှင့် သူ၏လျှို့ဝှက် ဆန်းကြယ်မှုများကို ရှာဖွေနိုင်လောက်အောင် ကံကောင်းခြင်း မရှိချေ။
သို့ရာတွင် ယန်ရှစ်ရွှမ်းထံမှ တဆင့် အန်းနန်ယွမ်သည် သူ ဘယ်သောအခါမှ သတိ မထားမိသည့် လောကတစ်ခုကို တွေ့လိုက်ရသည်။ ထိုသို့ဖြင့် ဖျော်ဖြေရေး အသိုင်းအဝိုင်းအတွင်းတွင်သာ ပိတ်နေခဲ့သည့် သူ၏စိတ်က ရုတ်တရက် ပွင့်သွားသည်။
ထိုလောကသည် ကျယ်လွန်းသဖြင့် မည်သည့်နေရာမဆို ရောက်ရှိ သွားနိုင်သည်။ ထိုအတွက်ကြောင့် သူသည် ရှိုးထဲတွင် ယန်ရှစ်ရွှမ်း၏ နောက်သို့သာ တောက်လျောက် လိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဖြင့် သူသည် ယန်ရှစ်ရွှမ်း၏နောက်သို့ လိုက်ပြီး ပို၍စိတ်ဝင်စားဖွယ် ကောင်းသည့် လောကကြီးကို မြင်ချင်သေးသည်။
အန်းနန်ယွမ်က စိတ်လွှင့်နေသည့် အချိန်တွင် အန်တိုနီက အထင်သေးသလို နှာခေါင်းရှုံ့လိုက်ပြီး အထင်သေးစိတ် အပြည့်နှင့် ပြောလိုက်သည်။
“မင်းက တကယ် အသက် ကြီးနေတာပဲ။ သရဲအဖြစ် ဟန်ဆောင်ဖို့ ဇာတ်ညွှန်း ရေးထားတဲ့ ရှိုးကိုတောင် သွားလိုက်သေးတယ်။ အဲဒီလို အခြေအနေမျိုးမှာတောင် မင်းက သေလောက်အောင် ကြောက်လန့် နေတာနော်။ ဘယ်လောက်တောင် ကြောက်လိုက်တဲ့ ငကြောက်လဲ”
အန်းနန်ယွမ်က အန်တိုနီ၏ ခပ်တိုးတိုး ပြောသည့် စကားကို အကင်းပါးစွာ ကြားလိုက်သည်။
သူ၏မျက်လုံးများက စူးရှသွားပြီး အန်တိုနီကို အပြုံးတစ်ဝက်နှင့် ကြည့်သည်။ ထို့နောက် မတ်တပ်ထရပ်လိုက်ပြီး အန်တိုနီကို လျစ်လျူရှုလျက် ထွက်သွားရန် ကြံစည်သည်။
“အန်းကော ငါ့ကို မခေါ်သွားဘူးလား”
အန်တိုနီက နောက်မှ လှမ်းအော်သည်။
အန်းနန်ယွမ်က ဘေးတစ်စောင်းလှည့်ကြည့်လျက် လှမ်းမေးလိုက်သည်။
“မင်း လူတိုင်း ကျောင်းသွားတာကိုသိတဲ့ မဟာအမျိုးသားတစ်ယောက်က ပြောတဲ့ စကားတစ်ခွန်းကို ကြားဖူးလား။ လေးစားမှုရှိရှိနဲ့ အကွာအဝေးတစ်ခု ခြားထားပေးပါ”
“မင်းက တစ္ဆေသရဲတွေနဲ့ နတ်ဘုရားတွေကို မယုံကြည်ဘူး။ ယုံကြည်စရာလဲ မလိုဘူး။ အနည်းဆုံး လေးစားမှုရှိရှိနဲ့ ငါနဲ့ဝေးဝေးမှာ နေသင့်တယ်။ ငါရှေ့မှာ လာပြီး ထောင်လွှား ပြမနေနဲ့။ အဲဒီလိုမှမဟုတ်ရင် _ _ _ “
အန်းနန်ယွမ်က ဆက်မပြောတော့ချေ။ သူက တစ်ချက် နှာခေါင်း ရှုံ့လိုက်ပြီး လှည့်ထွက် သွားလိုက်သည်။
အန်တိုနီကသာ ကုမ္ပဏီက သူ့နေရာတွင် အစားထိုးမည့် လူသစ်ဆိုလျှင်ပင် သူက အာရုံစိုက်ပေးရန် မထိုက်တန်သေးချေ။
အစည်းအဝေးခန်းမ၏တံခါးက တဖြည်းဖြည်းချင်း ပိတ်သွားသည်။
“ဟွန့် ရူးနေတာ ဖြစ်မယ်။ စကားကို တစ်ဝက်ပဲ ပြောသွားတယ်”
အန်တိုနီက ရှင်းပြရန် ခက်ခဲလောက်အောင် ကျိန်ဆဲလိုက်သည်။
“သူက တကယ်ကို ငကြောက်ပဲ။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာလဲ အရူးလို လုပ်ပြ နေသေးတာ။ မျိုးရိုး နာမည်ယန်နဲ့ ပေါက်ကရတွေ လျှောက်ပြော နေခဲ့တဲ့ ကောင်လိုပဲ။ သူက ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်နေပြီး ဒါတွေကို မှန်တယ်လို့ ထင်စေချင်နေတာလား။ တကယ်လား သူ့ကိုယ်သူ အရူးကာရိုက်တာ ရထားတယ်လို့များ ထင်နေလား”
“နောက်ပြီး အသက်ကြီးနေတဲ့ လူတွေက ဒီလိုပါပဲ။ သရဲတွေ၊ နတ်ဘုရားတွေ ဘာတွေကို လာပြီး ဟန်ဆောင်နေတာလဲ။ ဘာလို့ ယန်မျိုးရိုးနဲ့ကောင်က ပြောသမျှတိုင်းကို လက်ခံနေကြတာလဲ”
အန်တိုနီ၏ ကျိန်ဆဲသံများက တံခါး၏ အပြည့်မပိတ်သေးသည့် အဟကြားမှတဆင့် လျှောက်လမ်းဘက်သို့ ပျံ့နှံ့သွားသည်။ ထိုသို့ဖြင့် ယခုလေးတင် တစ်ဖက်သို့ လျှောက်သွားကာစ အန်းနန်ယွမ်ထံ ရောက်သွားသည်။
အန်းနန်ယွမ်က တစ်ခဏခန့် ရပ်တန့် သွားသည်။ ထို့နောက် ချက်ချင်းလိုလို ဆက်လျှောက် သွားသည်။
သူ ဒီလိုအရူးဆီမှာ အချိန်ဖြုန်း မနေဘူး။ ဘာပဲဖြစ်ဖြစ် ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲမှာ အရူးတွေက သဘာဝကျကျပဲ ဖယ်ထုတ် ခံရတတ်တယ်။
41 02
အန်းနန်ယွမ်က ထိုသို့တွေး လိုက်သည်။ ထို့နောက် သူ၏ဖုန်းကို အသာအယာ ထုတ်လိုက်ပြီး အစည်းအဝေး ထိုင်နေချိန် တောက်လျောက် ဖုန်းပိတ်ထားရသောကြောင့် ဒီအတောအတွင်း စိတ်ဝင်စားစရာကောင်းသည့် သတင်းရှိမရှိ သိချင်သဖြင့် ဖုန်းကို ဖွင့်လိုက်သည်။
သို့ရာတွင် သူက လိုင်းပေါ်သို့ တက်လိုက်ပြီးပြီးချင်း ထရန့်တင်းဝင်နေသည့် #OOATGO#ဆိုသော အကြောင်းအရာကို တွေ့လိုက်ရသဖြင့် အံ့ဩသွားသည်။
အန်းနန်ယွမ် “?”
“အုတ်ဂျုံ ဟုတ်လား။ ဘာလို့ အုတ်ဂျုံတွေက ကြိုးစားဖို့ လိုအပ်တာလဲ”
သူက ထိုတက်ကို ကလစ် နှိပ်လိုက်ပြီးနောက် ယန်ရှစ်ရွှမ်း၏ စခရင်ရှုထဲမှ ချောမောလွန်းသော မျက်နှာကြီးကို မြင်လိုက်ရသည်။
အန်းနန်ယွမ် “!!!”
ရုတ်တရက် ထိုအုတ်ဂျုံဆိုသည်မှာ ယန်ရှစ်ရွှမ်းကို ရည်ညွှန်းခြင်း ဖြစ်လောက်ကြောင်း သိလိုက်သည်။ အန်းနန်ယွမ်က ချက်ချင်းဆိုသလိုပင် အခြားသော အကြောင်းအရာ များကိုလည်း နှိပ်ကြည့်လိုက်သည်။
ထို့နောက် သူ ရှာတွေ့လိုက်ရသည်မှာ_ _ _
လက်စသတ်တော့ ဒီရှိုးမှာ ကျော်ကြားမှု မဲပေးပြီး ဖယ်ထုတ်တဲ့ စနစ် ရှိနေတာပဲ။
အန်းနန်ယွမ်က ထိုရှိုးကို အစပိုင်းတွင် အလေးအနက် မထားခဲ့သောကြောင့် အကြောင်းအရာများကို သေချာ မဖတ်ခဲ့ချေ။
ယခုအခါမှသာ သူတို့ကိုယ်သူတို့ အုတ်ဂျုံများဟု ခေါ်သော ယန်ရှစ်ရွှမ်း၏ ပရိသတ်များ၏ ဆွေးနွေးမှုများကိုမြင်ပြီး ရုတ်တရက် သိလိုက်ခြင်းဖြစ်သည်။
ကျော်ကြားမှု၊ မဲပေးမှု_ _ _ နောက်ဆုံးနေရာက ဖယ်ထုတ်ခံရမယ်_ _ _ ထိုအကြောင်းအရာများနှင့် ယန်ရှစ်ရွှမ်းသည် သူ၏ကျော်ကြားမှုက ထင်သလောက် မမြင့်သောကြောင့် အဖယ်ထုတ်ခံရနိုင်သည့် အနေအထားမျိုးတွင် ဖြစ်နေသည်။ ထို့ကြောင့် သူသည် ပရိုဂရမ်မှ ထွက်သွားရပေလိမ့်မည်။
အန်းနန်ယွမ်ဟာ ချက်ချင်းလိုလို စိုးရိမ်စိတ်များသွားသည်။
သူ အခုလေးတင် ယန်ရှစ်ရွှမ်းကတဆင့် ကျယ်ပြောတဲ့လောကကြီးကို မြင်နိုင်ကာစပဲ ရှိသေးတယ်။ ဘယ်လိုကြောင့်များ ယန်ရှစ်ရွှမ်းက ဖယ်ထုတ် ခံလိုက်ရမှာလဲ။ ဒါဆိုရင် သူက ယန်ရှစ်ရွှမ်းရဲ့နောက်ကိုလိုက်ပြီး လောကကို ကြည့်မယ်ဆိုတဲ့ အကြံအစည်က မဖြစ်နိုင်တော့ဘူးပေါ့။
ထိုအချက်အပြင် ယန်ကောသည် အပြင်လူ ဖြစ်သည်။ သူသည် ကုမ္ပဏီနှင့် စာချုပ် ချုပ်လိုစိတ်လည်း မရှိချေ။
သူ့ကို ဖယ်ထုတ်လိုက်ပြီးရင် ယန်ကောကို ဘယ်နေရာမှာ သွားရှာရမှာလဲ။
အန်းနန်ယွမ်က ပရိသတ်များက ခွဲပေးထားသည့် တာဝန်အမျိုးမျိုးနှင့် ပူးပေါင်း ဆောင်ရွက်ထားမှုများကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏စိတ်ထဲတွင် အကြံအစည်တစ်ချို့က ပေါ်လာသည်။ ထို့ကြောင့် ပရိုဂရမ်အသင်းက ဒီည ဆယ့်နှစ်နာရီတွင် ကျော်ကြားမှု မဲပေးသည့် စာရင်းကို ကြေငြာမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာပြီးနောက် သူတို့သည် ကျော်ကြားမှု မဲအရေအတွက်များ၏ အရေအတွက်ကို ရေတွက်ကြမည် ဖြစ်သည်။ ထိုအခါ ယန်ရှစ်ရွှမ်းက ဖယ်ထုတ် ခံရနိုင်ခြေရှိကြောင်း မြင်လိုက်ရသည့် အုတ်ဂျုံများက စိုးရိမ်စိတ် ကြီးလွန်းသဖြင့် အသဲအသန် ကြိုးစားနေကြချိန်တွင် ရုတ်တရက် အပိုအပ်ပဒိတ်တစ်ခုကို တွေ့လိုက်ရသည်။
@အန်းနန်ယွမ်.. ငါ့ရဲ့အိုင်ဒေါလ်က ယန်ရှစ်ရွှမ်းပါ။ ဒါကြောင့် ငါ့ကို ကြိုက်ရင် ကျေးဇူးပြုပြီး ယန်ကောကို မဲပေးပါ။
အန်းနန်ယွမ်က သူ၏ဆိုရှယ်မီဒီယာ၏ ပရိုက်ပိတ်အကောင့်များတွင် အပ်ပဒိတ် တင်ခဲသည်။ တင်လျှင်လည်း အားလုံးက စီးပွားရေး ကြေငြာများသာ ဖြစ်သည်။ သူ၏ အန်းနန်ယွမ် ထရိန်းနင်း ဘဝကတည်းက သူ့ကို ဖောလို လုပ်ထားခဲ့သော ပရိသတ်ဟောင်းများကပင် သူတို့၏ အိုင်ဒေါလ်ဟာ ပထမဦးဆုံးအကြိမ် အဖြစ် သူ့တွင် အိုင်ဒေါလ်ရှိကြောင်း အများ၏အရှေ့တွင် ကြေငြာမှုကို မြင်လိုက်ရပြီး သူ၏စကားလုံးများဟာလည်း တိကျ သေချာလွန်းသဖြင့် သူ၏ ယန်ရှစ်ရွှမ်းအပေါ် ပြင်းထန်သည့် လေးစားစိတ်ကို ဖော်ပြထားကြောင်း တွေ့လိုက်ရသည်။
ထိုအခိုက်အတန့်တွင် ထိုပို့စ်ကို မြင်လိုက်ရသော ပရိသတ်တိုင်းက ကြောင်သွားသည်။
သို့ရာတွင် အန်းနန်ယွမ်က မည်သည့် အတွက်ကြောင့် ထိုသို့လုပ်ကြောင်း မသိသည့်အတွက် ကြောင်အ နေကြသော်လည်း အန်းနန်ယွမ်က လင့်ချပေးထားသည့် ကျော်ကြားမှုမဲပေးသည့် လင့်ထဲသို့ ဝင်ရောက်လိုက်ပြီး ရသစုံရှိုး၏ မဲပေးသည့် စာမျက်နှာအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ကောရဲ့ အိုင်ဒေါလ်ပဲလေ။
41 03
သတင်းကို သိရပြီးနောက် ပရိတ်သိတ်များက ချက်ချင်းဆိုသလိုပင် ယန်ရှစ်ရွှမ်းဟာ မည်သူ ဖြစ်ကြောင်း ရှာကြသည်။ ထို့နောက် ထိုရှိုးကို ဘယ်သောအခါကမှ မကြည့်ဖူးသော ပရိသတ်ပေါင်း များစွာကလည်း အံ့အားသင့်စရာ ကောင်းလောက်အောင် ယန်ရှစ်ရွှမ်းသည် ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲမှ စီနီယာတစ်ယောက်ပင် မဟုတ်ဘဲ လူသစ်သာ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ထို့နောက် ပရိသတ်များစွာက ဒါဟာ အန်းနန်ယွမ်၏ စီးပွားရေးအလုပ်ကိစ္စ မဟုတ်လောက်ကြောင်း သိလိုက်ကြသည်။ အန်းနန်ယွမ်သည် စိတ်ရင်းဖြင့် တစ်ဖက်သူကို လေးစားခြင်း ဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေ တစ်ဖက်က ပရိသတ် သန်းငါးဆယ်ရှိသော ထိပ်တန်းအဆင့် အိုင်ဒေါလ်တစ်ယောက် ဖြစ်ပြီး အခြားတစ်ဖက်ကမူ ထိုရှိုးမတိုင်မှီက မည်သူကမှမသိသော လူသစ်တစ်ယောက်သာ ဖြစ်သည်။
အန်းနန်ယွမ်၏ ကုမ္ပဏီကပင် ဖြစ်စေ၊ အခြားကိစ္စတစ်ခုခုကြောင့်ပင် ဖြစ်စေ ထိပ်တန်းအဆင့်တွင် ရှိနေသော လူတစ်ယောက်က လူသစ်တစ်ယောက်ကို ချီးမွှမ်းပေးရန် မလိုအပ်ပါချေ။
တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင် မှတ်တမ်းများမှ တဆင့် ကြည့်ရှု အကဲဖြတ်ခြင်းအားဖြင့် ယန်ရှစ်ရွှမ်း အမည်ရသော ထိုလူသစ်ကြောင့်သာ မဟုတ်လျှင် သူတို့သည် အန်းနန်ယွမ်နှင့် အခြားသော ပရိုဂရမ်အဖွဲ့ဝင်များအားလုံးက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရလျှင်ရ သို့မဟုတ် သေသွားနိုင်ကြောင်း သိလိုက်ကြရသည်။
သူတို့၏ကောက ယခုလိုမျိုး ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးကို ခံစားချက် အပြည့်နှင့် ဖော်ပြလာပြီး သူတို့ကို တောင်းဆိုခြင်းက ရှားပါး လေသည်။ ထို့အပြင် တစ်ဖက်သူကလည်း ကောကို ကယ်ခဲ့သော ကျေးဇူးရှင် ဖြစ်နေသေးသည်။ ထိုအတွက်ကြောင့် သူတို့ဟာ မည်သည့် နည်းနှင့်မှ မငြင်းနိုင်ကြချေ။
ဘယ်လိုများ ငြင်းရမှာလဲ။
ငါတို့ရဲ့အိုင်ဒေါလ်ရဲ့ အိုင်ဒေါလ်က ငါတို့ရဲ့အိုင်ဒေါလ်ပဲ။
ထို့ကြောင့် မြောက်များ လှစွာသော ပရိသတ် ပေါင်းများစွာက မဲပေးသည့် လင့်အတွင်းသို့ ဝင်ရောက်လာပြီး တိုက်ရိုက် ထုတ်လွှတ်မှု ချန်နယ်ကို စခရိုက် လုပ်ကြသည်။ ထိုသို့ဖြင့် မဲပေးရန် အရည်အသွေး ပြည့်မှီအောင် ကြိုးစား လိုက်ကြသည်။ ထိုသို့ဖြင့် တုန့်ဆိုင်းမနေပဲ ယန်ရှစ်ရွှမ်းကို မဲပေးလိုက်ကြသည်။
ယန်ရှစ်ရွှမ်းဟာ မည်သို့ လူဖြစ်ကြောင်း သိချင်စိတ် ပြင်းပြနေသော ပရိသတ် ပေါင်းများစွာလည်း ရှိနေသေးသည်။ မည်သည့် အတွက်ကြောင့် သူတို့၏ အချစ်ရဆုံး ကောကပင် အများရှေ့တွင် သူ၏အိုင်ဒေါလ်ဖြစ်ကြောင်း ကြေငြာရမှန်း သိလိုနေကြ၏။ အလားတူ ရှိုး၏ တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ် အဓိက ဖန်သားပြင်ရှေ့တွင် စခရိုက်ပင်း လုပ်နေရင်း ယန်ရှစ်ရွှမ်း၏ အခွဲဖန်သားပြင်ကို သွားကြည့်လိုက်ကြသည်။ ထိုသို့ဖြင့် ယန်ရှစ်ရွှမ်း၏ မဲမှောင်နေသော အခွဲဖန်သားပြင်တွင်လည်း စခရိုက် လုပ်လိုက်ကြသည်။ ထိုသို့ဖြင့် ယန်ရှစ်ရွှမ်း တိုက်ရိုက် ထုတ်လွှင့်လျှင် တန်းသိနိုင်မည် ဖြစ်သည်။
အချိန်တစ်ခု ကြာသည်အထိ ထိုပရိုဂရမ်ကို စခရိုက်ရှင်း လုပ်သော လူများ၏ အရေအတွက်က လျင်မြန်စွာ တိုးတက် လာသည်။ ယန်ရှစ်ရွှမ်း၏ ကျော်ကြားမှု အဆင့်ကလည်း နောက်ဆုံးနေရာမှ တဖြည်းဖြည်းချင်း တက်လာသည်။ ထိုသို့ဖြင့် လျင်မြန်စွာ တက်လာနေရင်း သိပ်မကြာခင် ရီဖရက်ရှ် လုပ်လိုက်သောအခါ မဲရလဒ် အမြောက်အများက တိုးလာပြီး မဲပေးနေသော သူများကို ရေတွက်မှု မှားယွင်းသည်ဟု ထင်ရလောက်အောင် အံ့ဩသွားစေသည်။
နောက်ဆုံးတွင် ယန်ရှစ်ရွှမ်း၏နာမည်က နောက်ဆုံးမှ ရေလျှင် ဒုတိယနေရာသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
အုတ်ဂျုံများ “???”
“!!!”
“ဘာဖြစ်တာလဲ။ အခု တစ်စက္ကန့်လေးတင် ယန်ကော ထုတ်ခံရမဲ့ နေရာမှာလေ။ ငါ စိုးရိမ်လွန်းလို့ အခြားသူတွေရဲ့ ဖုန်းတွေကိုတောင် သွားလုပြီး မဲပေးနေရတာ။ နောက်ထပ်တစ်စက္ကန့်မှာ ယန်ကောက ကျော်သွားပြီတဲ့လား”
“ငါလည်း အဲဒီလို ထင်တယ်။ ငါ တော်တော်လေးကို စိတ်ရှုပ်နေသေးတယ်။ အခုလေးတင် ယန်ကောရဲ့ကျော်ကြားမှုက ဂဏန်းတွေ အများကြီး ထိုးတက် သွားတာလေ။ ယန်ကောမှာ ဆိုရှယ်မီဒီယာအကောင့် မရှိတာ သိကြတယ် မဟုတ်လား။ ဒီတော့ သူက အခြားသူနဲ့ယှဉ်ရင် မဲအရေအတွက် သန်းကျော် နောက်ကျနေခဲ့ပြီးသား။ သူ့ရဲ့အခွဲဖန်သားပြင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကိုလည်း သိပ်ဖွင့်တာ မဟုတ်ဘူး။ ဒီတော့ အန်းနန်ယွမ်ရဲ့ မူလအခွဲဖန်သားပြင်က မြင်ခဲ့ရတဲ့ အခြေအနေတွေကြောင့်ပဲ အားလုံးက သိကြရတာ။ နောက်ပြီး သမိုင်းဝင်လောက်တဲ့ အချိန်နဲ့ တပြေးညီ ကြည့်ရှုသူတွေရဲ့ အမြင့်မားဆုံး အရေအတွက်ကလည်း ဒီအခြေအနေကို အလဲ မထိုးနိုင်ဘူးလေ။ ဒီလိုမျိုး အဖက်ဖက်ကနေ ထိုးနှက်ခံနေရတဲ့ အခြေအနေမျိုးမှာ ယန်ကောရဲ့ ကျော်ကြားမှုက ရုတ်တရက်ကြီး ကျော်လွန်ဖို့က မဖြစ်နိုင်စရာပဲ”
“ဗီဒီယိုပလက်ဖောင်းထဲမှာ ဆောင့်ကြောင့် ထိုင်စောင့်နေတဲ့ အုတ်ဂျုံတွေ နောက်ပြီး အဖွဲ့က လူတွေအားလုံးပဲ အန်းနန်ယွမ်ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကို သွားစစ် ကြည့်လိုက်ဦး။ အဲဒီမှာ နောက်ဆုံးအပ်ပဒိတ် ရှိတယ်။ အဲဒါက အကြောင်းပြချက်လေ။ ဒီကလေးက အပိုစကား မပြောတော့ဘူး”
41 04
“ငါ ဘာမြင်လိုက်ရတာလဲ သေစမ်း ယန်ကော”
“အဓိက သရုပ်ဆောင်က ဆိုရှယ်မီဒီယာကို သုံးပြီး အကြမ်းတမ်းဆုံး မဲပေးဖို့ ဆွဲဆောင်လိမ့်လို့ မထင်ထားဘူး။ ပရိသတ် သန်းငါးဆယ်ကျော် ရှိတဲ့ အိုင်ဒေါလ်တောင်မှ ယန်ကောကို ကူညီပြီး မဲပေးခိုင်းနေတယ်”
“အာ ကော ဒါက အုတ်ဂျုံ စားစရာ မဟုတ်လား။ စာဖိုးမှုးတစ်ယောက်က တော်တော်လေး ပျော်စရာပဲ”
“သေစမ်း ကျဲကျဲတို့ မဲပေးတဲ့ လင့်ကို မြန်မြန်လေး သွားစစ်လိုက်ဦး။ ဒီပရိသတ်သန်းငါးဆယ်ဆိုတာက တော်တော်လေး ကြောက်ဖို့ ကောင်းတယ်။ မဲတွေ အရေအတွက်က အများကြီး ထိုးတက်သွားပြန်ပြီ”
“ငါ အခုလေးတင် မြင်ပြီးတာ။ တအား ကောင်းတာပဲ။ ငါ နောက်ဆုံးတော့ ငါတို့ရဲ့ယန်ကော ဖယ်ထုတ်ခံရမယ့် အခြေအနေကို စိုးရိမ်စရာ မလိုတော့ဘူး။ အန်းနန်ယွမ် ကျေးဇူးတင်ပါတယ်။ ငါ ဒီနေ့ကစပြီး ကြေငြာမယ်။ ငါကလည်း အန်းနန်ယွမ်ရဲ့ ဖန်တစ်ယောက်ပဲ။ အခုလိုမျိုး ယန်ကောကို ကူညီပေးတဲ့အတွက် ယန်ကောကို ဆက်လက်ပြီး ထိန်းသိမ်း ထားပေးတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်”
“ဟစ် ဒါက ထိပ်တန်းအဆင့်တစ်ယောက်ရဲ့ အင်အားလား။ ငါတို့ရဲ့ယန်ကောက ဆိုရှယ်မီဒီယာအကောင့်တောင် မရှိဘူး။ ဘေးအိမ်က တိုက်ခိုက်ရေး စွမ်းအားတွေ အားလုံးက အလဟဿ ဖြစ်နေတာလေ။ ပထမဦးဆုံးအကြိမ် စတားရဲ့ အနောက်ကို လိုက်တဲ့ အုတ်ဂျုံတွေက တော်တော်လေးကို စိတ်ရှုပ်နေမိပြီ”
“ဆိုတော့ ယန်ကောက ဒီလိုရလဒ်ကို တွက်ချက်ပြီးသားပေါ့။ ထိပ်တန်းအဆင့် အိုင်ဒေါလ် အန်းနန်ယွမ်က ငါတို့ယန်ကောရဲ့ အမာခံပရိသတ် ဖြစ်နေတာကို”
“အဲဒီလိုတော့ မဟုတ်လောက်ဘူး။ နင်တို့ ယန်ကောရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုအခန်းကို ကြည့်တဲ့အချိန်က သူက ဖျော်ဖြေရေးအသိုင်းအဝိုင်းကို လုံးဝ စိတ်မဝင်စားတာကို တွေ့ခဲ့ကြတယ်မဟုတ်လား။ အဲဒီလိုမှ မဟုတ်ရင် ငါတို့က ဒီလောက်စိုးရိမ်စရာ မလိုနေဘူးလေ။ နောက်ပြီး သူက အမှန်တကယ် ဖယ်ထုတ် ခံလိုက်ရတဲ့အခါ အနာဂတ်မှာ ငါတို့တွေ သူ့ကို လုံးဝရှာမတွေ့နိုင်တော့မှာကို စိုးရိမ်နေရတာ”
“ငါ့အထင် ယန်ကောက တော်တော်လေးကို ပါရမီပါပြီး တော်တော်လေးကို ခေါင်းမာတဲ့လူလို့ ထင်တယ်။ သူ့အနေနဲ့ ဖယ်ထုတ်ခံရမှာ သေချာတယ်လို့ တွေးထား လောက်တယ်။ ဒါကြောင့် သူက ဒီအကြောင်းအရာကို တွေးတောင်မှ မတွေးထား လောက်ဘူး။ အဲဒီလိုမှ မဟုတ်ရင် ငါတို့အကြောင်းအရာတွေက ဒီလောက် ချောမွေ့မှာ မဟုတ်ဘူး။ ရိုးရိုးသားသား ပြောရရင် ငါ အခု တော်တော်လေးကို မသက်မသာ ဖြစ်နေသေးတုန်းပဲ။ နောက်ဆုံးအချိန်အထိ စိတ်မအေး ရဲသေးဘူး”
“ငါ့အထင် အပေါ်က ကျဲကျဲတွေ သုံးသပ်ပြတာက တော်တော်လေး မှန်ကန်တယ်လို့ ထင်တယ်။ ယန်ကောက ဖယ်ထုတ် ခံရပြီးတာနဲ့ အိမ်ပြန်မယ်လို့ တွေးနေ လောက်တယ်။ သူ ကျန်ခဲ့မယ်လို့ ထင်ထားမှာ မဟုတ်ဘူး”
“ယန်ကောကတော့ ဒီအကြောင်းအရာကို သိရင် ဒေါသ ထွက်သွားလောက်တယ်”
“ဟား ဟား ဟား ယန်ကော ဒေါသထွက်သွားရင် မျက်မှောင်ကြုတ်နေတဲ့ အကြည့်ကို တွေးကြည့်မိရုံနဲ့ ငါ စိတ် လှုပ်ရှားလာပြီ။ ယန်ကောက ဒေါသထွက်နေရင် တအားကို ချောတာပဲ။ တအားကို အံ့ဩဖို့ ကောင်းတယ်။ အားးးး သူ ဒေါသထွက်နေတဲ့ အချိန်မှာ ဒီလောက် ချောတဲ့လူမျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ သူကိုမြင်တိုင်း ဒေါသ ထွက်နေပါစေလို့ ဆုတောင်းတယ်”
“ဖွီ မြန်မြန်လေး အပေါ်က တစ်ယောက် တံတွေးတွေ သုတ်လိုက်ဦး။ ငါ့အပေါ် ဖိတ်နေပြီ။ ယန်ကောက ဒေါသ ထွက်သွားတဲ့အခါ ပုံမှန်ထက် အများကြီး ချောသွားတာတော့ ဟုတ်ပါတယ်။ ငါ့ရဲ့အရသာနဲ့ အရမ်းလိုက်ဖက်ညီတာပဲ”
“ဟီးဟီး ငါ့ရဲ့ကိုယ်ပိုင်မျက်လုံးနဲ့ ဒီအကြောင်းအရာကို သိသွားပြီး ဒေါသထွက် ပေါက်ကွဲထွက်မယ့် အခြေအနေကို မြင်ချင်နေပြီ။ အခု ယန်ကောရဲ့ မဲတွေကို အတည်ပြုနိုင်နေပြီဆိုတော့ ငါ ဒီနေရာမှာ ဆောင့်ကြောင့် ထိုင်မနေတော့ဘူး။ ဘေးခန်းက ဗီဒီယိုပလက်ဖောင်းကို သွားပြီး လိုက်ဖ်ရှိုးကို ကြည့်လိုက်ဦးမယ်။ ဒါရိုက်တာ ငါတို့ရဲ့အသံကိုကြားပြီး ယန်ကောကို တောင်အောက်ကို ထည့်ပေးဖို့ မျှော်လင့်ပါတယ်။ ဒီလိုဆိုရင်လည်း ငါတို့ ကျေကျေနပ်နပ် လှုပ်ရှားနိုင်မှာပေါ့”
******