Ch 42
Viewers 6k

42 01

အပိုင်း(၄၂)

 

အစပိုင်းတွင်မူ အန်းနန်ယွမ်၏ ပရိသတ်များက စိတ်ရှုပ်ထွေးနေကြသေးသည်။ ထို့နောက် အုတ်ဂျုံများက စိတ်ရှုပ်ထွေး သွားကြသည်။

 

ထိုသို့စိတ်ရှုပ်ပြီးနောက် အင်အားစုနှစ်ခုလုံးမှ လူပေါင်းများစွာက တစ်ယောက်ပြီးတစ်ယောက် စိတ်ရှုပ်ထွေး သွားကြသည်။ ယန်ရှစ်ရွှမ်း၏နာမည်က ထပ်ခါတလဲလဲ ထည့်ပြောခြင်း ခံရသည်။

 

ထိုည ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွင် အမျိုးမျိုးသော မေးခွန်းသင်္ကေတ အီမိုတီကွန်များက ပလူပျံနေသည်။

 

အချိန်နှင့်တပြေးညီ ကြေငြာနေသည့် ကျော်ကြားမှုစာရင်းတွင် #အန်းနန်ယွမ်၏ အိုင်ဒေါလ်နှင့် #ယန်ရှစ်ရွှမ်းက ဘယ်သူလဲဆိုသည့် တက်ပေါင်းများစွာက လျင်မြန်စွာ ပေါ်ထွက်လာပြီး အပေါ်သို့ လျင်မြန်စွာ တက်သည်။ ထိုသို့ဖြင့် ဖြတ်လျှောက်ပေါင်းများစွာ၏ သိချင်စိတ်ကို ဆွဲဆောင်လိုက်နိုင်လေသည်။

 

အန်းနန်ယွမ်၏ သန်းငါးဆယ်ဆိုသော အခြေစိုက် စခန်းမျိုးကြောင့် အမျိုးမျိုးသော ထရန့်ဖစ်များနှင့် ဆွေးနွေးမှုပေါင်းများစွာက ကြောက်မက်ဖွယ်ပင် ကောင်းသွားသည်။ အန်းနန်ယွမ်၏ ပရိသတ်များက စုဆောင်းရေးအသင်းတစ်ခုကို ညတွင်းချင်း တည်ထောင်လိုက်ပုံ ပေါ်သည်။

 

ထိုသို့ဖြင့် ဗီဒီယိုပလက်ဖောင်းအတွင်း ဝင်ရောက်လာသော ထရန့်ဖစ်ပမာဏက အလွန် ကြီးမားသောကြောင့် အန်းနန်ယွမ်က ချပေးထားသော လင့်တိုင်းနီးပါးက ပြိုကျလုနီး ဖြစ်သွားသည်။

 

ဗီဒီယို ပလက်ဖောင်းမှ အော်ဖစ်ရှယ်များကလည်း ၉၉ရက်တာ နှလုံးခုန်သံနှင့် ပတ်သက်သည့် အကြောင်းအရာတိုင်းကို သေချာအာရုံစိုက်နေခြင်း ဖြစ်သည်။ ထိုအစီအစဉ်က ဖြတ်မျဉ်းကဲ့သို့ ရပ်တန့်၍ မရနိုင်သော အခြေအနေမျိုးနှင့် ရှိနေလေရာ အမြဲတစေ အလေးထား နေသောကြောင့် လူပေါင်းများစွာ၏ ဖိအားကို ရှာတွေ့သွားပြီး လျင်မြန်စွာ ကိုင်တွယ် ပေးလိုက်သည်။ ထို့အပြင် ထိုချန်နယ်ကို မျက်စိ ထောက်ဒေါက် ကြည့်ရန်အတွက် စပရှယ်ပါဆင်နယ် တစ်ယောက်ကိုလည်း နေရာ ချထားပေးလိုက်သည်။ ရှိုး၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို အထောက်အပံ့ ပေးရန်အတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီများကိုလည်း လိုအပ်သည်နှင့် ချက်ချင်း လုပ်ဆောင်ပေးနိုင်မည် ဖြစ်သည်။ ထိုအတွက်ကြောင့် တိုက်ရိုက် ထုတ်လွှင့်မှုအခန်းက မြောက်မြား လှစွာသော လူများ ရှိနေသည့် တိုင်အောင် ပြိုလဲ ကျသွားခြင်း မရှိခဲ့ချေ။ ထို့နောက် ကျန်းဝူပင်းက ဘက်ဂရောင်း ဒေတာများကို စိတ်ရှုပ်ထွေးစွာနှင့် စစ်ကြည့်ရမည့်အလှည့် ဖြစ်သွားသည်။

 

“အမ်”

 

ကျန်းဝူပင်းက သူ၏တက်ပလက်ပေါ်တွင် ပေါ်နေသော ဘက်ဂရောင်း၏ ရီအက်တိုင် ဒေတာများကို ကြည့်ရင်း သူ၏မျက်လုံးကို မယုံကြည်နိုင်စွာ ပွတ်လိုက်သည်။ သူသည်လည်း မူးဝေသွားပြီး အမြင်မှားနေသည်ဟု ထင်လိုက်သည်။ ထို့ကြောင့် သူ နံပါတ်များကို မှားတွက်မိခြင်း ဖြစ်လောက်၏။

 

အချိန်နှင့်တပြေးညီ ကြည့်ရှုနေသော ကြည့်ရှုသူများ၏ အရေအတွက်သာ မကသေးလေဘဲ ပရိုဂရမ်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စခရပ်ရှင်းလုပ်သော သူများ အရေအတွက်က မိုးထိုး တက်သွားသည်။

 

ထိုအရာများအပြင် ယန်ရှစ်ရွှမ်းနှင့် ပတ်သက်သည့် ကျော်ကြားမှု မဲပေးခြင်း လင့်အတွင်းတွင် မဲပေးထားသောလူများ၏ အရေအတွက်က လျင်မြန်စွာ တိုးတက် လာသည်။ အဆင့်က လျင်မြန်စွာ တက်လာပြီး နောက်ဆုံးနေရာမှ နောက်ဆုံး၏ ရှေ့တစ်ယောက်နေရာ သို့မဟုတ် အရှေ့မှလူများကို ဆက်တိုက်ဆိုသလို ကျော်ဖြတ်သွားပြီး ရှေ့သို့ တက်လာသည်။

 

ကျန်းဝူပင်း မယုံကြည်နိုင်စွာ မျက်တောင် တဖြည်းဖြည်း ခတ်သည်။

 

သူသည် ဘက်ဂရောင်းဒေတာတွင် အယ်ရာရှိနေသည်ဟုပင် တွေးမိသွား၏။ သူက ထိုသို့ အံ့အားတကြီး ကြည့်နေသည့် အချိန်တွင် သူ၏အရှေ့ဘက်တွင် ချထားသော တိုက်ရိုက်ထုတ်လွှင့်မှု အဓိက စာမျက်နှာက ကွန့်မန့်များကို မြင်လိုက်ရသည်။ ထိပ်တန်းရသစုံရှိုးနှင့်အပြိုင် ဖြစ်နေသည့် အချိန်နှင့်တပြေးညီ ကြည့်ရှုသူများ၏ အရေအတွက်ကလည်း မြင့်တက်နေကြောင်း တွေ့လိုက်ရသည်။ ကျန်းဝူပင်းက ကြောင်သွားသည်။

 

“ဒါ ဒါ ဒါ ဒါက ဘာဖြစ်တာလဲ”

 

သူက လက်ညိုးကို တုန်ယင်စွာ မြှောက်ပြီး ဖန်သားပြင်ကို ထိုးကာ ဂရုတစိုက် သတိ ပေးလိုက်သည်။

42 02

“ဟယ်လို မင်းတို့တွေ ချန်နယ်မှားပြီး လာတာလား။ ဒါက၉၉ရက်တာ နှလုံးခုန်သံ ခရီးသွားရသစုံရှိုးနော်။ ခရီးသွားရသစုံရှိုးတွေ အတွက် ကျော်ကြားမှုတွေအတွက် မဲပေးတာက အချိန်နဲ့တပြေးညီ တိုက်ရိုက် ထုတ်လွှင့်နေတယ် ဆိုပေမယ့်လည်း မင်းတို့က ချန်ပီယံပြိုင်ပွဲလို ရှိုးမျိုးကို သွားချင်တာဆိုရင်တော့ အဲဒါက ဘေးခန်းမှာနော်”

 

နဂိုက တိုက်ရိုက်ထုတ်လွှင့်မှု၏ အခန်းရှေ့တွင် ထိုင်နေသောသူက အန်းနန်ယွမ်လည်း မဟုတ်သလို ယန်ရှစ်ရွှမ်းလည်း မဟုတ်ဘဲ အမည် မသိရသည့် လူငယ်လေးတစ်ယောက် ဖြစ်နေသည့်အတွက် စိတ်ပျက် နေကြသော ကြည့်ရှုသူများက ကျန်းဝူပင်း၏ သတိကြီးကြီးနှင့် ကြောင်တောင်တောင် နိုင်သော ပုံစံမျိုးလေးကို မြင်ပြီး သဘောကျ သွားကြသည်။

 

[ဒါက ရှိုးရဲ့ဒါရိုက်တာလား။ သူက တအားငယ်ပြီး ရူးကြောင်ကြောင်လေးပဲ။ ငါက ဒါရိုက်တာဆိုတော့ သက်လတ်ပိုင်းအရွယ်လူကြီး မုတ်ဆိတ်မွှေးနဲ့ နဖူးပြောင်ပြောင်လို့ ထင်ထားတာလေ]

 

[ဖွီ မစိုးရိမ်ပါနဲ့ ဒါရိုက်တာ။ ငါတို့က လမ်းကြောင်း မှန်ပါတယ်။ ဒါက ၉၉ရက်တာ နှလုံးခုန်သံ မဟုတ်လား။ ငါတို့က နှလုံးခုန်သံတွေ နားထောင်ဖို့ အဆင်သင့် ဖြစ်နေတာလေ]

 

[ငါက ငါ့ရဲ့ကောရဲ့အသင်းကြောင့် ဒီနေရာကို လာခဲ့တာလေ။ ယန်ရှစ်ရွှမ်းက ဘယ်သူလဲ။ ငါ သူ့အကြောင်း ကြားတောင် မကြားဖူးဘူး။ ရှိုးရဲ့ ရီကောတင်းတွေကိုတော့ ကြည့်လိုက် ပြီးပြီ။ သူက တစ္ဆေအမဲလိုက်သူနဲ့ တူတယ်။ ငါ တကယ် စိတ်ရှုပ်ထွေး နေပြီ။ ဘာလို့ ငါ့ရဲ့ကောက တစ္ဆေအမဲလိုက်သူတစ်ယောက်ကို သူ့ရဲ့အိုင်ဒေါလ်လို့ ပြောတာလဲ]

 

[ဟား ဟား ယန်ကော ယန်ကောက တစ္ဆေဖမ်းဖို့ ကြိုးစားတာ ဟုတ်လား။ ဒါက ငါ့ရဲ့နှလုံးသားကိုလည်း ဖမ်းစားသွားနိုင်တာပဲ။ ယန်ကောက ငါ့ရဲ့အိုင်ဒေါလ်‌လေ။ ဒီလိုဝန်းကျင်မျိုးမှာ နောက်ထပ် တစ်ယောက်ယောက်ကသာ သေဘေးက ရှင်သန်နိုင်မယ်ဆိုရင်တောင်မှ သူက ယန်ကောကို သူ့ရဲ့အိုင်ဒေါလ်လို့ သတ်မှတ်မယ် ထင်တယ်။ ဖန်သားပြင်ပေါ်ကနေ ယိုဖိတ်စီးကျလာတဲ့ ဟော်မုန်းတွေက တအားကို ဆွဲဆောင်မှုပြင်းတယ်။ ငါ တအားကို သဘောကျတယ်]

 

[ငါလည်းပဲ ငါလည်းပဲ ငါအစကတော့ ငါ့ကောရဲ့ ဖန်သားပြင်အခွဲကနေ ယန်ကောကို ကြည့်မိတာလေ။ အရင်ရှိုးကို ကြည့်ပြီးတဲ့နောက်မှာ ငါ့က သူ့ရဲ့ပရိသတ်ဖြစ်သွားတယ်။ ဒီမှာ အုတ်ဂျုံတွေ ရှိနေတယ်နော်(ရင်ဘတ်ကို ဂုဏ်ယူစွာနဲ့ ကိုင်ထားတဲ့ JPG)]

 

[ဒါရိုက်တာ အခုဆို ယန်ကောက အထုတ်မခံရတော့ဘူး မဟုတ်လား။ ယန်ကောရဲ့အဆင့်က နောက်ဆုံး မဟုတ်တော့ဘူးလေ]

 

[သတင်းပို့ ယန်ကောရဲ့ ခြုံငုံကျော်ကြားမှု အင်းတက်စ် အဆင့်သတ်မှတ်ချက်က နံပါတ်ငါး နေရာမှာ]

 

[ဟေး ဟေး ဟေး ငါ တအား ဒေါသထွက်နေပြီ။ ယန်ကောမှာ ဆိုရှယ်မီဒီယာအကောင့် မရှိဘူးဆိုရင် ဖန်သားပြင်အခွဲတွေမှာရှိတဲ့ ကြည့်ရှုသူတွေရဲ့ အမြင့်ဆုံးနံပါတ်နဲ့ ပရိသတ်တွေရဲ့ အရေအတွက်က နိမ့်နေဦးမှာပဲ။ လက်ရှိမဲပေးတဲ့ရလဒ်အရ ယန်ကော ပထမနေရာ မရနိုင်ဘူး]

 

[ကိစ္စမရှိဘူး။ ငါတို့ ဒီတစ်ကြိမ်တော့ ပထမနေရာ မယူသေးဘူးလေ။ နောက်တစ်ကြိမ်မှာ အုတ်ဂျုံတွေက ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် ကြိုးစားကြတော့။ ငါတို့ရဲ့ယန်ကောကို ပထမနေရာ ရအောင် တင်ပေးကြမယ်။ ယန်ကောက သူ့ရဲ့နံပါတ်တစ်ဆိုတဲ့ ဂုဏ်သတင်းကြောင့် ငါတို့ကို မရိုက်လောက်ပါဘူး။ ကောင်းပြီ ယန်ကောက ဒေါသထွက်နေရင် ပိုချောတယ်။ ဒါပေမယ့် သူက တော်တော်လေးလဲ ကြောက်စရာ ကောင်းတယ်။ သရဲတွေတောင်မှ ကြောက်ကြာတာ။ ငါတို့ဆိုရင် မပြောနဲ့]

 

[ဒါလည်း ဟုတ်တာပဲ။ ငါ သဘောလဲကျတယ်။ ချစ်လည်းချစ်တယ်။ ပျော်ဖို့လည်း ကောင်းတယ်]

 

[ဒါရိုက်တာကလည်း တော်တော်လေး ကြည့်ကောင်းတယ် ဆိုပေမယ့် ငါ ဒါရိုက်တာကို မကြည့်ချင်ဘူး။ ငါ့ရဲ့ယန်ကော ဘယ်မှာလဲ။ ကျေးဇူးပြုပြီး ငါ့ရဲ့ယန်ကောလေးကို ပြပေးပါ။ ငါ သူ့ရဲ့ဒေါသထွက်နေတဲ့ မျက်နှာကို မြင်ပြီး ရှလွတ်]

 

[ဟုတ်တယ် ဟုတ်တယ် ဒါရိုက်တာ ယန်ကောဆီသွားပြီး အင်တာဗျူးပေးနော်။ သူက အဆုံးသတ်မှာ ဖယ်ထုတ်မခံရတဲ့အခါ ဘယ်လိုခံစားရလဲ ဆိုတာကိုသွားမေးရအောင် ဟား ဟား]

 

[ငါ့ရဲ့အ‌ရှေ့မှာ ဘယ်လိုမိစ္ဆာတွေ ရှိနေတာလဲ။ ငါတို့ရဲ့ သနားစရာကောင်းတဲ့ ဒါရိုက်တာလေးကို ဒီလိုမေးခွန်းမျိုးကို သွားမေးခိုင်းရဲသေးတယ်။ ဒါရိုက်တာကို ယန်ကောက သေတဲ့အထိ ရိုက်သတ်မှာကို မကြောက်ဘူးလား။ ကောင်းပြီ ကောင်းပြီ ငါလည်း သိချင်တယ်]

 

[ဒါရိုက်တာအတွက် ဖယောင်းတိုင် ထွန်းပေးမယ်နော်။ အဲဒီနောက် အန်းနန်ယွမ်အတွက်လည်း ထပ်ထွန်းပေးမယ်။ ငါတို့ရဲ့ယန်ကောက အသိပြန်ဝင်သွားတဲ့အချိန်မှာ အန်းနန်ယွမ်လုပ်မှန်း သိသွားပြီး မရိုက်သတ်ဖို့ မျှော်လင့်ရတာပဲ။ တော်လိုက်တဲ့ ငါ့ရဲ့ကော လုံခြုံပါစေ]

 

ဗီဒီယို ပလက်ဖောင်းပေါ်တွင်ဖြစ်စေ၊ ဆိုရှယ်ပလက်ဖောင်းပေါ်တွင် ဖြစ်စေ ထိုရှိုးနှင့် ချန်နယ်ကို တက်ထားသော အမျိုးမျိုးသော တက်များတွင် ပျော်ရွှင်မှုများက ပြည့်နှက် နေကြသည်။ ပရိသတ်များနှင့် ဖြတ်လျှောက်များ အားလုံးက ဆက်တိုက်ဆိုသလို ပူးပေါင်းဆောင်ရွက်မှုအပြည့်နှင့် ယန်ရှစ်ရွှမ်း၏ အဆုံးသတ်တွင် ဖယ်ထုတ်ခံရမည့် အခြေအနေကို ဖယ်ချလိုက်နိုင်သည်။

42 03

အန်းနန်ယွမ်က ကျေနပ်စွာ ခေါင်း ညိတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အန်းနန်ယွမ်က လှုပ်ရှားခဲ့ကြောင်း ယန်ရှစ်ရွှမ်း သိသွားပါက သူက ရိုက်သတ် ခံရနိုင်သည်ဆိုသော ကွန့်မန့်ကို တွေ့လိုက်ပြီး သူ၏ တစ်ကိုယ်လုံးက တုန်သွားလေသည်။

 

အန်းနန်ယွမ်က ပျော်ရွှင်စွာ တွေးနေသည်။

 

ဒီည ဒီအကြောင်းကို မသိတာ ယန်ရှစ်ရွှမ်းပဲ ရှိလောက်တယ်။

 

ကျန်းဝူပင်းက ကွန့်မန့်များ၏အရှိန်ကို မနည်းအမှီလိုက်ရန် ကြိုးစားလိုက်ရသည်။ အချိန်အတန်ကြာပြီးမှသာ လျှင်မြန်စွာ ရွေ့လျားနေသည့် ကွန့်မန့်များ၏ အတွင်းအပြင် အခြေအနေကို ထဲထဲဝင်ဝင် နားလည်သွားသည်။

 

သူက အန်းနန်ယွမ်၏ မူးရင်းပို့စ်ကို ကြည့်သည်။ ထို့နောက် ကျော်ကြားမှု မဲပေးသည့် အဆင့်သတ်မှတ်ချက် စာရင်းတွင်လျင်မြန်စွာ တက်လာသော ယန်ရှစ်ရွှမ်း၏ အဆင့်သတ်မှတ်ချက်ကို ကြည့်သည်။ သူ၏မျက်လုံးများက မှေးကျင်းသွားပြီး မမြင်နိုင်တော့သည် အထိ ပျော်ရွှင် သွားသည်။

 

ယခုအခါ ပရိုဂရမ်အဖွဲ့သည် စခရပ်ရှင်း အလွန်မြင့်လာသည်။ ထို့ကြောင့် ဒုတိယတန်းစားအဆင့် နာမည်ကျော် ရသစုံရှိုးတစ်ခု ဖြစ်လာပြီး သူ၏ ဒါရိုက်တင်း ကယ်ရီယာကလည်း လမ်းကြောင်းမှန်ပေါ်တွင်ရှိနေသည်။

 

အရေးကြီးဆုံး ကိစ္စကမူ ယန်ကောက အဖယ်မခံလိုက်ရချေ။

 

ဟား ဟား

 

ကျန်းဝူပင်းက ပျော်လွန်းသဖြင့် သူ၏ပါးစပ်ကပင် နားရွက်သို့ တက်ချိတ်တော့မည်ဟု ထင်သည်။

 

ရိုးသားစွာ ပြောရသော် သူသည် ယန်ရှစ်ရွှမ်းထံ ပထမဦးဆုံး ချဉ်းကပ် ခဲ့ချိန်က ယန်ရှစ်ရွှမ်းအား နောက်ဆုံး လိုအပ်သည့် နေရာတွင် ယာယီအားဖြင့် ကူညီ ပေးစေချင်ခဲ့သေးရုံသာ မကသေးလေပဲ ယန်ရှစ်ရွှမ်းကို ရှိုးနောက်သို့ လိုက်စေခဲ့သည်။ မည်သို့ပင်ဆိုစေ သူသည် ယန်ရှစ်ရွှမ်းနှင့် ကောလိပ်တွင် တွေ့ပြီးချိန် ကတည်းက ယန်ရှစ်ရွှမ်း၏ ကာကွယ်  စောင့်ရှောက်မှု အောက်မှ အမှန်တကယ် ပျောက်ကွယ်သွားခြင်း မရှိခဲ့သည်။

 

သူသည် ပင်းဟိုင်မြို့တွင်သာ အမြဲတစေ နေသည်။ သူက ညစ်နွမ်းသော အရာများကို ဆွဲဆောင်မိပြီး တစ်စုံတစ်ရာ ဖြစ်ပျက်လာခဲ့သော် ယန်ရှစ်ရွှမ်းအား ချက်ချင်းလိုလို ရှာဖွေလျက် သရဲများကို နှင်ခိုင်း၍ ရသည်။ ထိုသို့ဖြင့် မိစ္ဆာများကို ဖိနှိပ်ပြီး သူ၏အသက်ကို ကယ်တင်ရသည်။

 

သို့သော် ဒီရှိုးကမူ ခြားနားသည်။ ဒီရှိုးက ခရီးသွားရှိုး ဖြစ်နေသည့်အလျောက် အနည်းနှင့်အများ လူသိများသည့် ဒုတိယ သို့မဟုတ် တတိယအဆင့် ခရီးသွား ဆွဲဆောင်မှု နေရာများကို လိုက်လံ သွားလာနေရမည် ဖြစ်ပြီး ကြည့်ရှုသူများအတွက် သက်တောင့်သက်သာ ရှိကာ ငြိမ်းချမ်းသည့် လေထုအခြေအနေကို သယ်ဆောင် ပေးရမည် ဖြစ်သည်။

 

သို့သော် ဆိုလိုသည်မှာ ကျန်းဝူပင်းသည် ပင်းဟိုင်မြို့မှ အချိန်ကြာကြာ ထွက်ရပေလိမ့်မည်။ သူ၏ကံဆိုးလွန်းသော သရဲဖမ်းနိုင်သည့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် အနေအထားနှင့်ဆိုလျှင် ခရီးအတွင်း တစ်စုံတစ်ရာနှင့် တွေ့ကြုံခဲ့ပြီး ဝေးကွာလွန်းသော ပင်းဟိုင်မြို့ရှိ သူ၏ယန်ကောကို အချိန်မှီ မရှာနိုင်ခဲ့ပါက သူသည် အမှန်ပင် ကံကုန်သွားနိုင်သည်။

 

ဒါပေမယ့် တကယ်လို့ သူနဲ့ယန်ကောက ရှိုးတစ်ခုတည်းမှာ အတူရှိနေရင်တော့ မတူတော့ဘူး။ သူ့အတွက် ထိုအခြေအနေက အလွန်အမင်း စိတ်အေးစေသည်။

 

ကျန်းဝူပင်းက ထိုသို့မပျော်ရသည်မှာ ကြာလှပြီ ဖြစ်သည်။ ယန်ရှစ်ရွှမ်းကို သွားရှာခိုင်းသည့် ကွန့်မန့်များကို မြင်သောအခါ သူကဟာ ရုတ်တရက် အပြစ်မကင်းသလို ဖြစ်သွားသည်။

 

ယန်ကော ဒေါသတော့ မထွက်လောက်ပါဘူးနော်။ ဘာပဲဖြစ်ဖြစ် အစကတည်းက ယန်ကောက ပထမခရီးတစ်ခေါက်ပြီးတာနဲ့ ထွက်သွားချင်နေတာလေ။

 

 နောက်ဆုံးနေရာမှ ဖယ်ထုတ်ခံရခြင်း မရှိလျှင် ထွက်မသွားနိုင်ဟု မဆိုလိုသော်လည်း သူက ယန်ကောကို ပေးထားသော ကော်မရှင်ပါ အကြောင်းအရာများအရ “ကော နောက်ဆုံးနေရာကနေ ဖယ်ထုတ်ခံရတာနဲ့ ချက်ချင်းထွက်သွားလို့ ရတယ်” ဟု ပြောထားခြင်း ဖြစ်သည်။ ထို့ကြောင့် အကျိုးအပြစ် သက်ရောက်မှုများအရ ကိုက်ညီမှု ရှိနေပြန်သည်။

 

ကျန်းဝူပင်းက ရုတ်တရက် သူ၏ကျောဘက်က စိမ့်တက်သွားသလို ခံစားလိုက်ရသည်။

 

ယန်ရှစ်ရွှမ်းက သူ့ကို နောက်ဘက်မှ စိုက်ကြည့်နေသလိုမျိုး ခံစားလိုက်ရခြင်း ဖြစ်သည်။

 

သူက လည်တိုင်ကို ကြုတ်လိုက်ပြီး အံကို ကြိတ်လျက် တစ်စုံတစ်ရာကို ပျော်ပါး ဆော့ကစားချင်သော်လည်း မလုပ်ရဲပြီး ကြောက်လန့်နေသော လူတစ်ယောက်လိုမျိုး လက်ကို အသာဆန့်လိုက်ပြီး တိုက်ရိုက် ထုတ်လွှင့်မှုအခန်း၏ ဖန်သားပြင်ကို အသာ တို့လိုက်သည်။

42 04

“ယန်ရှစ်ရွှမ်းကို သွားရှာမယ်_ _ _ငါ ပြင်းပြင်းထန်ထန် ကြိုးစားမှာပါ။ ငါ အကောင်းဆုံး ကြိုးစားမယ်။ အရင်ဆုံး သူ့ရဲ့ ခံစားချက်အခြေအနေ ဘယ်လိုရှိမလဲဆိုတာကို စောင့်ကြည့်ပြီးမှ သွားပြီးရှာကြတာပေါ့”

 

ရုတ်တရက် ကွန့်မန့်တွင် ဟားဟားများက ပြည့်နှက်သွားသည်။

 

[ဒါရိုက်တာ ကြိုးစားထား ဆုတောင်း ပေးနေမယ်နော်]

 

[ဘာလို့ ခဏနေမှ မသွားတာလဲ။ ငါ နည်းနည်း စိုးရိမ်နေတုန်း။ ဘာပဲဖြစ်ဖြစ် ယန်ကောက တအား တော်တာလေ။ သူကသာ လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းလမ်းတွေဖြစ်တဲ့ ရလဒ်ကို ပြောင်းအောင် လုပ်နိုင်တဲ့ ချီမန်သွင်းကျားလို ကံကြမ္မာဟောတာတွေ၊ နမိတ်ဖတ်တာတွေ လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ မဟုတ်သေးဘူး။ ငါတို့ နောက်ဆုံးအချိန်အထိ စိတ်မအေး နိုင်သေးဘူးနော်။ ၁၂နာရီမှ ပိတ်တာမလား။ ၁၂နာရီထိုးပြီး ၁မိနစ်လောက်မှ သွား။ ဒီတော့ ယန်ကောက ရလဒ်ကို မပြောင်းနိုင်တော့ဘူး]

 

[ဘယ်လောက်တောင် တင်းကြပ်လိုက်တဲ့ အုတ်ဂျုံစာလဲ။ ဒါလည်း ဟုတ်တာပဲ။ ဘာပဲဖြစ်ဖြစ် ဒါက ယန်ကောလေ]

 

[ထောက်ခံတယ်။ ၁၂နာရီကျော်ရင် လူအများစုက အိပ်နေလောက်ပြီ။ ဒါရိုက်တာက အဲဒီအချိန်သွားရင် ယန်ကောရဲ့အိပ်နေတဲ့ မျက်နှာလေးကို မြင်ရလောက်တယ်]

 

[ဒါရိုက်တာ တိုက်ရိုက်ထုတ်လွှင့်ပေးဖို့ မျှော်လင့်ပါတယ်]

 

[ဒါရိုက်တာကိုလည်း မနက်ဘက်မှာ ထပ်တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်]

 

ကျန်းဝူပင်းက သီးမတတ် ဖြစ်သွားပြီး တုန်ယင် သွားသည်။ သူက ကြောက်လန့်စွာနှင့် ခေါင်းညိတ်လိုက်ပြီး ကြည့်ရှုသူများ၏ တောင်းဆိုမှုကို လက်ခံ သဘောတူလိုက်သည်။

 

“ကောင်းပြီလေ ဒါဆို ၁၂နာရီအထိ အတူ စောင့်ရတာပေါ့။ ယန်ကောက အပေါ်ထပ် အခန်းထဲမှာဆိုတော့ အိပ်နေလောက်တယ်။ အခု ပရိုဂရမ်အကြောင်းပဲ ပြောရအောင်။ မင်းတို့ ဘာမေးချင်တာရှိလဲ။ ငါတို့ နောက်ထပ်ခရီးတစ်ခု သွားဖို့နေရာကို ပြင်ဆင်ပြီးသွားပြီ။ ဘယ်အနုပညာရှင် လိုက်မှာလဲ။ ဧည့်သည်တွေက ဘယ်သူတွေလဲဆိုတာကို မသိချင်ဘူးလား”

 

ဆိုတော့ဖြင့် ကွန့်မန့်က တစ်ခဏခန့် ရပ်တန့်သွားသည်။ ထို့နောက် အပျော်လွန်သွားသလိုမျိုး သူက လက်ကို ပွတ်နေသည့်အချိန်တွင် ရူးသွပ်စွာဖြင့် ပြန်ပေါ်လာပြန်သည်။

 

[ဒါရိုက်တာ ဒါရိုက်တာ ယန်ကာကို ဘာလို့ ယန်ကောလို့ ခေါ်နေတာလဲ။ ဘာလို့လဲ ယန်ကောက ကယ်ဆယ်တာကို ခံဖူးလို့လား]

 

[ဒါရိုက်တာက အရင်ကတည်းက ယန်ကောနဲ့ သိတာလား။ အချို့လူတွေ ပြောတာတော့ ယန်ကောက ဒါရိုက်တာနဲ့ ရင်းနှီးလို့ ဒီနေရာကို ယာယီအားဖြင့် နေရာ အစားထိုးပေးဖို့ ရောက်လာခဲ့တာဆို။ ယန်ကောက ဘာအလုပ်လုပ်တာလဲ]

 

[ယန်ကောကို ဒီနေရာကို မဖိတ်ခေါ်ခင်ကတည်းက ဒါရိုက်တာနဲ့ သိတာလား။ ဒါရိုက်တာ ငါတို့ကို ယန်ကောကို မြင်ခွင့်ပေးလို့ ကျေးဇူး အများကြီး တင်ပါတယ်။ ဒါရိုက်တာက လူကောင်းပဲ။ လုံံခြုံတဲ့ ဘဝကို ပိုင်ဆိုင်ပါစေ]

 

ကျန်းဝူပင်း “? ငါကရှိုးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးခိုင်းတာလေ။ ဘာလို့ ယန်ကော အကြောင်းပဲ ပြောနေတာလဲ”

 

ကြည့်ရှုသူများက ယုံကြည်မှုအပြည့်နှင့် ပြောသည်။

 

“ယန်ကောက ရှိုးနဲ့ ပတ်သက်တယ်လေ”

 

[ဟုတ်တယ် ဟုတ်တယ် ငါတို့က ယန်ကောကို ကြည့်ချင်လို့ ဒီရှိုးကို လာတာ]

 

[ယန်ကောက ဒီရှိုးရဲ့ စိတ်ဝိဉာဉ်]

 

ကြည့်ရှုသူများက ယန်ရှစ်ရွှမ်းကို ထိုမျှ သဘောကျ နေကြောင်း မြင်သောအခါ ကျန်းဝူပင်းက အလွန်ပျော်ရွှင်သွားပြီး ဂုဏ်ယူစွာနှင့် ခေါင်းမော့လိုက်သည်။ သူက တစ်ဖက်သူအတွက် ဂုဏ်ယူနေပုံရသည်။

 

“ဘာလို့လဲဆိုတော့ ယန်ကောက တအား တော်တာလေ”

 

_ _ _

 

ကျန်းဝူပင်းက ကြည့်ရှုသူများနှင့် တိုက်ရိုက် ထုတ်လွှင့်မှုအခန်း၏ အဓိက စာမျက်နှာပေါ်မှ ကြည့်ရှုသူများနှင့် စကားပြောပြီး ပြောဆိုဆို ရှိနေချိန်တွင် အကြောင်းအရာ များအားလုံး၏ အချက်အချာ အရေးပါသောသူ ဖြစ်သည့် ယန်ရှစ်ရွှမ်းကမူ ထိုအကြောင်းအရာများကို မသိချေ။

 

ယခင်အခြေအနေများအရ ထိုကဲ့သို့သော မြောက်မြားလှစွာသော လူပေါင်းများစွာက ယန်ရှစ်ရွှမ်း၏နာမည်ကို တစ်ချိန်တည်းတွင် ပြောဆိုနေမည်ဆိုလျှင် မွေးရာပါ ဝိဉာဉ်ပိုင်းဆိုင်ရာ အသိစွမ်းအားရှိပြီး အမြင့်ဆုံး အတိုင်းအတာမျိုးအထိ ကျွမ်းကျင်ပိုင်နိုင်သော ယန်ရှစ်ရွှမ်းအနေနှင့် ပြင်းထန်သည့် တုန့်ပြန်မှုကို ခံစားရမည် ဖြစ်သည်။ ထို့ကြောင့် သူသည် သံသယ ဝင်လာနိုင်လေပြီး အခြေအနေကို တွက်ချက် ကြည့်လိုက်နိုင်သည်။ ထိုအခါ ဒီကိစ္စ၏အမှန်တရားကို သိပေလိမ့်မည်။

 

အုတ်ဂျုံများ၏ စိုးရိမ်ပူပန်မှုများက ခန့်မှန်းချက်မျှသာ ဖြစ်သော်လည်း သူတို့သည်လည်း မှန်ကန်သည်။ ယန်ရှစ်ရွှမ်းကသာ ယခုအချိန်တွင် နိုးနေခဲ့လျှင် ထိုရလဒ်ကို သေချာပေါက် နည်းလမ်းရှာပြီး ဖျက်ဆီး ပစ်ပေလိမ့်မည်။

 

ကံဆိုးသည်မှာ ယန်ရှစ်ရွှမ်းက ထိုအချိန်တွင် ကွေ့တောင်စံအိမ်ဟော်တယ်အတွင်းရှိ သူ၏အခန်းထဲတွင် ဆိုဖာပေါ် ကိုယ်တစ်ဝက်မှီရင်း အိပ်မောကျနေသည်။

 

******