Ch 43
Viewers 6k

43 01

အပိုင်း(၄၃)

 

သို့သော် သူက ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်နေပုံ မရဘဲ မျက်မှောင်က ကြုတ်နေသည်။

 

ယန်ရှစ်ရွှမ်း၏ ပိန်ပါးသောကိုယ်က ဆိုဖာနှင့် လက်တင်ကို ကန့်လန့်ဖြတ် မှီထားပြီး မောက်လျက်သား ဖြစ်နေသည်။

 

ထို့ကြောင့် သူသည် အိပ်ရန် အသင့်ပြင်ထားသောပုံ မပေါ်ချေ။ ထို့အစား သူသည် မပြင်ဆင်ထားသော အနေအထားမျိုးတွင် ရုတ်တရက် အိပ်မော ကျသွားသလိုမျိုး ဖြစ်နေသည်။ ယန်ရှစ်ရွှမ်းကမူ သူသည် အလွန်အမင်းအေးသော နေရာသို့ ရောက်ရှိနေသလို ခံစားနေရ၏။

 

ထိုအအေးက လူသားလောကမှ သာမာန်အအေးမျိုး မဟုတ်သလို ဆောင်းတွင်းကြောင့် သို့မဟုတ် ရေခဲခန်းများကြောင့် အေးစက်မှုလည်း မဟုတ်ချေ။ ထိုအအေးသည် မြူများ၏ အတွင်းတွင် နှင်းကိုက်နိုင်သလို ဖန်တီးနိုင်သည့် စွမ်းအား မရှိသည့် အနေအထားမျိုး ဖြစ်သည်။ ယန်ရှစ်ရွှမ်း၏ လှုပ်ရှားမှုများကိုလည်း နှောင့်နှေးအောင် မလုပ်ရဲ။ အနှစ်ချုပ်ဆိုရသော် ဒါဟာ ဝိဉာဉ်အပေါ် သက်ရောက်နေခြင်း ဖြစ်သည်။

 

ထိုအေးစက်မှုက နတ်ကွန့်မြူးမှုအလိုက် လူများ၏ စိတ်ဝိဉာဉ် သုံးခု၊ ဝိဉာဉ် ခုနှစ်ခုအတွင်းသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်နိုင်သလိုမျိုး ဝိဉာည်များကို လွှမ်းခြုံလာသည့် ပင်လယ်ကြီးတစ်ခုလိုမျိုး လူပေါင်းများစွာ၏ အပြစ်များ၊ အကျိုးပြုမှုများ၊ ယခင်ဘဝတွင် ပြုလုပ်ခဲ့ဖူးသည့် ကောင်းခြင်း၊ဆိုးခြင်းများ အားလုံးကို စစ်ဆေးနိုင်သည့် အရာတစ်ခုလိုမျိုး ဖြစ်သည်။

 

ယန်ရှစ်ရွှမ်းဟာ ရုတ်တရက် လူတစ်ယောက်ဟာ သေလွန်သွားပြီး ထိုဘဝတွင် ပြုလုပ်ခဲ့ဖူးသော ကောင်းမှု၊ ဆိုးမှုများကို စီရင်သည့် မြေအောက်လောက၏ ငရဲနန်းတော်သို့ ခေါ်ဆောင်သွားခံရပါက အလားတူသော ဖြစ်စဉ်ကို ကြုံတွေနိုင်ကြောင်း ရုတ်တရက် သိလိုက်သည်။

 

သူ သေသွားပြီလား။ ယန်ရှစ်ရွှမ်းက မျက်မှောင် ကြုတ်သည်။ သို့သော် မထိတ်လန့် သွားချေ။ မဲမှောင်နေသာ မြင်ကွင်းအတွင်းတွင် သူဟာ မျက်လုံးကို တဖြည်းဖြည်းချင်း ပြန်မှိတ်လိုက်ပြီး သူ၏စိတ်ထဲတွင် ခပ်တိုးတိုး ကျိန်ဆဲသည်။

 

ထို့နောက် သူ၏ဝိဉာဉ်ကို ဒီကိုယ်အတွင်းမှ လွှတ်လျက် ငရဲအတွင်းသို့ သွားနိုင်အောင် လမ်းညွှန် ပေးလိုက်သည်။

 

သို့ရာတွင် မျှော်လင့်ထားသော သက်ရောက်မှုက ပေါ်မလာချေ။ လီဟိုးနှင့် ရှားယင်တို့ အားလုံး ကျရှုံးသွားသည်။

 

ယန်ရှစ်ရွှမ်းသည် သူ၏စွမ်းအင်ကို ပြင်းထန်စွာ ယုံကြည်သည်။ ထို့ကြောင့် သူ၏အရှုံးဟာ သူ၏စွမ်းအင်လိုအပ်ချက် ဖြစ်သည်ဟု မယူဆချေ။ ထို့ကြောင့် ဖြေရှင်းချက် တစ်ခုသာ ရှိသည်။

 

သူက မြေအောက်လောကကို ရောက်နှင့် နေပြီးလို့ပဲ။

 

လက်ရှိ အခြေအနေကို အတည်ပြုပြီးနောက် ယန်ရှစ်ရွှမ်းက မျက်လုံးကို ပြန်မဖွင့်ခဲ့ဘဲ သူ၏ ကိုယ်ပိုင် ရှုထောင့်အပေါ်ကိုသာ မှီခိုပြီး ရှေ့သို့ခိုင်မာသော ခြေလှမ်းများနှင့် တစ်လှမ်းချင်းစီ လှမ်းသည်။

 

ယန်စွမ်းအင်များ ပြည့်နှက်နေသော သက်ရှိဝိဉာဉ်တစ်ခုက မြေအောက်လောကထဲသို့ ဝင်ရောက် သွားလျှင် မျက်လုံး မဖွင့်လျှင် အကောင်းဆုံး ဖြစ်သည်။

 

ထိုသို့ဖြင့် ပတ်ဝန်းကျင်ရှိ ဝိဉာဉ်တစ္ဆေသရဲများက သက်ရှိလူသားတစ်ယောက် မြေအောက်လောကသို့ ရောက်ရှိလာကြောင်း သိသွားသည့် အခြေအနေမျိုးမှ ကာကွယ်နိုင်ရုံသာ မကသေးလေပဲ ယန်စွမ်းအင်အပေါ် မပျက်ဆီး အောင်လည်း တားမြစ်နိုင်သည်။ အလားတူ သရဲများ ရှာမတွေ့အောင်လည်း ကာကွယ်နိုင်သေးသည်။

 

သူသည် အပေါ်လောကတွင် မရှိတော့ကြောင်း အတည်ပြု နိုင်သော်လည်း မည်သည့် မြေအောက် လောကသို့ ရောက်ရှိနေကြောင်း အမှန်တကယ် အတည် မပြုနိုင်သေးချေ။

 

အကြောင်းမူကား ရှည်လျားပြီး အလှမ်းကွာဝေး လောက်အောင် သမိုင်းသက်တမ်းရှိသည့် တိုင်းပြည်ကြီး တစ်ခုအနေနှင့် အထူးသဖြင့် နှစ်ထောင်ပေါင်းများစွာရှိသော သံသရာဆိုလျှင် မင်းဆက် အဆက်ဆက် အပြောင်းအလဲ ရှိနိုင်သည်။ ယုံကြည် သက်ဝင်မှုများကြောင့် မတူညီသော နေရာများသို့လည်း ကွဲပြားသေး၏။ ထို့အပြင် မြေအောက်လောကနှင့် ပတ်သက်သည့် အမျိုးမျိုးသော ဒဏ္ဍာရီများနှင့် ကျောင်းတော်များလည်း ရှိသေးပြန်သည်။

 

ထို့ကြောင့် မြေအောက်လောကသည် နေရာတစ်ခုတည်းဟု သတ်မှတ်၍ မရနိုင်ချေ။ မကြာခဏ ထည့်ပြောလေ့ရှိသော မြေအောက်လောကြီးက ယခု ရောက်ရှိနေသော မြေအောက် လောကကြီး ဖြစ်နိုင်သလို ဖုန်းတုတစ္ဆေမြို့၊ တုန်းယွဲ့မြေအောက်လောက စသည်ဖြင့် အမျိုးမျိုးလည်း ဖြစ်နေနိုင်သေးသည်။

 

တစ္ဆေသရဲများနှင့် နတ်ဘုရားများက လူသားများကို မှီခို နေရသည်။ သက်ရှိလူသားများ၏ အတွေးများက သရဲ တစ်ကောင်ချင်းစီတိုင်း၊ နတ်ဘုရား တစ်ပါးချင်းစီတိုင်း၏ အင်အားအပေါ် အများကြီး သက်ရောက် နိုင်သည်။ ထို့ကြောင့် မတူညီသော မျိုးဆက်များအရ မြေ‌အောက်လောက၏ အမျိုးမျိုးသော ကိုယ်စား ပြုမှုများနှင့် ထုတ်နိုင်သော စွမ်းအားများက ကွာခြားပြန်သည်။

43 02

ခေတ်သစ်လူသားများ၏ ပြောစကားများအရ သူတို့သည် ရာမနှင့် မြေအောက် လောကကိုသာ ထပ်ခါတလဲလဲ ထည့်ပြောသော်လည်း ဖုန်းတုတစ္ဆေမြို့ကို မပြောကြသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သည်။ ထို့ကြောင့် ထိုတစ္ဆေမြို့သည် ဆုတ်ယုတ်သည့် အနေအထားသို့ ဝင်ရောက် နေနိုင်၏။

 

ယန်ရှစ်ရွှမ်းသည် မူလကမူ သူယခင်က ကိုင်တွယ် ခဲ့ဖူးသော မြေအောက်လောက အတွင်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။ သို့သော် မမျှော်လင့် ထားစွာပင် သူအာရုံခံမိသည့် ပတ်ဝန်းကျင် အနေအထားမျိုးအရ ယင်ချောင် မဖြစ်နိုင်ပေ။ ထို့ကြောင့် မည်သည့် တာအိုဘုန်းတော်ကြီးနှင့် မှော်ဆရာကမှ မဝင်ရောက်နိုင်သည်မှာ၊ မမြင်ရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့် ဖုန်းတု ဖြစ်နိုင်သည်။

 

ထိုအခြေအနေက ယန်ရှစ်ရွှမ်း၏ နှလုံးသားကို ရုတ်တရက် ထိုးတက် သွားစေသည်။ သူ၏သတိကလည်း အမြင့်ဆုံးသို့ ကပ်သွားသည်။

 

သို့သော် ယန်ရှစ်ရွှမ်းကလည်း သိပ်မကြာခင် သူ၏ဒီနေရာမှ တည်ရှိမှုက လေလို ဖြစ်နေပြီး မည်သူကမှ သတိ မထားမိကြောင်း သိလိုက်သည်။ ကြောက်စရာ ကောင်းသော ပုံပန်းသွင်ပြင်နှင့် တစ္ဆေသရဲများ၊ မိစ္ဆာဝိဉာဉ်များက သူ့ကို မမြင်သလိုမျိုး ကျော်ဖြတ်သွားကြ၏။

 

ရုတ်တရက် အရှေ့ဘက်မှ အင်အားကြီးမားလွန်းသော ဆွဲအားတစ်ခုက ပေါ်ထွက် လာသည်။ ယန်ရှစ်ရွှမ်းနှင့် ရင်းနှီးကျွမ်းဝင်သော အသံကလည်း ပေါ်ထွက်လာသည်။ ယန်ရှစ်ရွှမ်းက မျက်မှောင် ကြုတ်ပြီး အသက်ကို အောင့်လျက် သတိကြီးစွာ ကပ်သွားသည်။

 

ဖုန်းတုသည် သေလွန်ပြီးသော ဝိဉာဉ်များကို စုစည်းပြီး အကဲဖြတ် ပေးသော‌ နေရာဖြစ်သလို သရဲများ၏ စုဝေးရာလည်း နေရာ ဖြစ်သည်။

 

ဆယ်ပေမြင့်သော ပလက်ဖောင်းကြီးပေါ်တွင် နန်းတော်၏ အမိုးအစွန်း  အနားလေးများက မြင့်မားစွာ တည်ရှိနေပေလိမ့်မည်။ ထိပ်ဆုံးအစွန်းကမူ မဲမှောင်နေသော တိမ်စိုင်နှင့် မည့်သည့် အလင်းမှ မရှိသော အမှောင်ထုအတွင်းသို့ တိုးဝင်နေပေလိမ့်မည်။ ထိုအရာများအကြားမှ သရဲမချီရွှမ်း၏ အံ့အား သင့်နေသော အသံက မမျှော်လင့်ထားပဲ ပေါ်ထွက်လာသည်။

 

“နာနီ”

 

သရဲတိုင်းကို ရှောင်ရှားပြီး မြင့်မားလွန်းသော နန်းတော်ဂိတ်အကူအညီဖြင့် သူ၏ပုံရိပ်ကို ဖွင့်ထားသည့် ယန်ရှစ်ရွှမ်းက ချီရွှမ်း၏အသံကို ကြားသောအခါ ရုတ်တရက် အံ့အားတကြီး ရပ်တန့် သွားမိသည်။

 

ရုတ်တရက် သက်ရှိဝိဉာဉ်၏ ဝင်သက်က ယိုဖိတ် ကျသွားသည်။

 

မဲ‌မှောင်နေသော ရာမခန်းမအတွင်း ပိန်းဖိန့်အောင် မဲမှောင်သော အမှောင်ထု အတွင်းမှ အလွန်စူးရှပြီး တည်ငြိမ်သော မျက်ဝန်းတစ်စုံက ယန်ရှစ်ရွှမ်း ပုန်းအောင်း နေသည့် ခန်းမအပြင်ဘက် နေရာရှိရာ ဘက်သို့ မထူးခြား နားသလို လှမ်းကြည့်သည်။ သို့သော် ခန်းမထဲရှိ အခြားသော သူများကမူ ထိုအခြေအနေကို သတိမထားမိပဲ ကိုယ့်ကိစ္စကို ဆက်လုပ် နေကြသည်။

 

ယန်ရှစ်ရွှမ်းကလည်း ဖြူဖွေးနေသော နှင်းဆီပွင့်များပါသည့် ချည်‌ဖောင်ဝတ်စုံကို ဝတ်ဆင်ထားသော ချီရွှမ်းကို မြင်လိုက်သည်။ သူမသည် ခန်းမ၏အလယ်တွင် ရပ်နေသည်။ သူမက ဘေးဘက်ခြမ်းကို အံ့အားသင့်မှု၊ ပျော်ရွှင်မှုအပြည့်နှင့် ကြည့်နေသည်။ ထို့နောက် လက်ကိုဆန့်ရင်း အပြေးအလွှား သွားကာ တစ်စုံတစ်ယောက်၏ လက်မောင်း အတွင်းသို့ ပြေးဝင်လိုက်သည်။ ထိုသူက နူးညံ့သော အပြုံးနှင့် ကြင်နာတတ်သော နာနီ ဖြစ်သည်။

 

သူမက ချီရွှမ်းကို လက်မောင်း အတွင်းသို့ ဆွဲပွေ့ဖက်ပြီး သူမ၏ ပိန်ကပ်နေသော လက်ဖဝါးများကို ချစ်မြတ်နိုးစွာ ဆန့်တန်းရင်း ချီရွှမ်း၏ ထုံးထားသည့် ဆံပင်ကို အသာ ပွတ်သပ် ပေးသည်။

 

ချီရွှမ်းက အံ့အားသင့်မှု အပြည့်နှင့် မေးလိုက်သည်။

 

“နာနီ လူကြီးမင်းယန်ပြော‌တော့ နာနီက ပြန်လည် မွေးဖွားဖို့ ထွက်သွားပြီဆို။ ဘာလို့ ဒီနေရာမှာ ရှိနေသေးတာလဲ။ ငါ ထင်တာက ငါ ထင်တာက နာ...နာနီကို ပြန်မတွေ့ ရတော့ဘူးလို့လေ။ မမျှော်လင့်ထားဘဲ နာနီက ဒီနေရာမှာ ရှိနေတာပဲ။ နာနီနဲ့ ပြန်တွေ့ရတာ ကောင်းလိုက်တာ”

 

ထို့နာနီ၏ သူမ၏ သမီးအရင်း တစ်ယောက်လို့ သဘောထားသည့် ကလေးကို ချစ်မြတ်နိုးမှု အပြည့်နှင့် ကြည့်လိုက်သည်။

 

“သခင်မလေးကို မယုံလို့လေ။ သခင်မလေးကလည်း ခေါင်းမာ လွန်းပြီး လူကြီးမင်းယန်ကလည်း ဒီနေရာကို မပို့နိုင်မှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် လူကြီးမင်းယန် ဒီနေရာကို ပို့ရင်လည်း ဒီနေရာက တအားမှောင်တယ်။ သခင်မလေးက အမှောင် ကြောက်တာကို တွေးမိလို့ ဒီနေရာမှာ စောင့်နေတာပါ။ သခင်မလေးက အရာအားလုံးကို အဆင်ပြေတာကို မြင်ရမှ ငါကလည်း စိတ်အေးအေးနဲ့ ပြန်လည် မွေးဖွားနိုင်မှာပေါ့”

 

ချီရွှမ်းက ငိုသည်။ ထို့နောက် နာနီကို ဖတ်ကာ သီးမတတ် ငိုနေလေသည်။ သူမသည် သူမ၏ အပြစ် မကင်းစိတ်နှင့် ချစ်စိတ် ပြင်းပြမှုများကို မည်သို့ ဖော်ပြသင့်ကြောင်း မသိချေ။ ချီရွှမ်း၏ ကျယ်လောင်သော ငိုသံနှင့် အမေနှင့် သမီးကြားမှ နွေးထွေးသော ရှုခင်းက ထိုနေရာကို တာဝန်ယူသောလူ၏ မကျေနပ်မှုကို လှုံ့ဆော်လိုက်သည်။

 

“အဓိက ခန်းမဆောင်ထဲမှာ လာဆူလို့ မရဘူး”

43 03

ခမ်းနားပြီး အေးစက်သည့် အသံက ထွက်လာသည်။

 

“သရဲချီရွှမ်းက လွန်ခဲ့သော နှစ်ရာကျော်အတွင်း လူအယောက် ခုနှစ်ဆယ်ကျော်ကို သတ်သွားတယ်။ ဒါကို သဘောတူလား”

 

“ဖုန်းတုရဲ့စည်းမျဉ်းတွေအရ သက်ရှိလူသား တစ်ယောက်က အသတ်ခံရရင် ဝိဉာဉ်သရဲကို ပို့ပေးသင့်တယ်”

 

“ဒါပေမယ့် သူက ဒီနေရာကို နှိပ်စက်ခံဖို့ ပို့လိုက်တယ်လို့တော့ မထင်ဘူး”

 

နောက်ထပ် သံလိုက်လို ဆွဲဆောင်မှုပြင်းထန်သော အမျိုးသားတစ်ယောက်၏ အသံက ထွက်လာသည်။ ထိုသို့ဖြင့် ယခင် ခမ်းနားထည်ဝါသော လူ၏အသံကို နှောက်ယှက် လိုက်သည်။

 

တာဝန်ယူထားသော သူက နှောက်ယှက် ခံရသောကြောင့် ဒေါသလည်း မထွက်သလို ပြန်လည်းမငြင်းချေ။ ထို့အစား တိတ်ဆိတ်သွားပြီး တစ်ဖက်သူ၏ စကားကို နားထောင်ချင်ပုံ ရသည်။

 

“အသတ်ခံရတဲ့ ဒီလူတွေကပဲ အဲဒီ သရဲတွေကို သေအောင် သတ်ခဲ့တာပဲ မဟုတ်လား။ ဒီလိုနဲ့ ကူကယ်ရာမဲ့ပြီး လွတ်လမ်း မမြင်တော့တဲ့ မတရားခံရတဲ့ ဒီဝိဉာဉ်တွေက ရန်ငြိုးကြီးတဲ့ သရဲတွေအဖြစ် ပြောင်းလဲသွားပြီး ပြန်လည်ပြီး ကလဲ့စားချေရတာပေါ့”

 

အသံက ထပ်ပြောသည်။

 

“ဒါက ငါ လက်ခံပေးနိုင်တဲ့ကိစ္စပဲ”

 

အသံပိုင်ရှင်က ခပ်ရေးရေး ပြုံးလိုက်ပုံပေါ်သည်။ ထို့နောက် ပြောသည်။

 

“ငါ ချီရွှမ်း ကြောက်မက်ဖွယ် ကောင်းတဲ့ သရဲအဖြစ် ပြောင်းလဲချင်တာကို သ‌ဘောတူခဲ့တယ်။ အဲဒီစွမ်းအားတွေက ငါ့ဆီက လာတယ်”

 

တာဝန်ယူသော သူကပင် တိတ်ဆိတ် သွားသည်။

 

ထို့နောက် ထိုတာဝန် ယူသောသူက သက်ပြင်း အရှည်ကြီးကို ချပြီး သူသည် ကူကယ်ရာ မဲ့နေသလို ပြန်လည် မငြင်းနိုင်သလိုမျိုး ဖြစ်သွားသည်။ ထို့နောက် အပေါ်မှ တံဆိပ်ပြားကို ပစ်ပေါက်လိုက်သည်။

 

ထိုတံဆိပ်ပြားက အောက်ဘက်သို့ ကျလာသည်နှင့် တရားစီရင်မှုသာ သက်ရောက်မှု ရှိသည်။

 

“ကြောက်မက်ဖွယ် သရဲချီရွှမ်းက တိုက်ခိုက်ခဲ့တယ်။ သူက လူတွေကို သတ်ခဲ့ပေမယ့်လည်း အကျိုးအပြစ်က ရှိနေတယ်။ ဒါကြောင့် သက်ရောက်မှု ရှိတယ်။ လက်ခံပေးလို့ ရတယ်။ ကောင်းပြီ နှစ်သုံးဆယ်ကြာရင် သူ့ကို ပြန်လည်ဝင်စားခွင့် ပြုမယ်”

 

ချီရွှမ်းက မူလကမူ သူမသည် ငရဲ၏ ၁၈ထပ်အထိပင် တိုက်ရိုက် အပို့ခံရပြီး သူမ အသက်ရှင်ချိန်က ကြားခဲ့ဖူးသော ပုံပြင်များအတိုင်း နှိပ်စက်ခံရမည်ဟု ထင်ထားခြင်း ဖြစ်သည်။ မမျှော်လင့်ထားစွာပင် ထိုအသံ၏ ဝင်ရောက် စွက်ဖက်မှုကို ခံရပြီးနောက် သူမက ပြန်လည် မွေးဖွားခွင့်ကို ရသွားပြီ ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် သူမက အံ့အားသင့်မှု အပြည့်နှင့် အော်ဟစ်လိုက်သည်။ သူမက ပြုံးလိုက်ပြီး အပေါ်ဘက်သို့ ကြည့်ကာ ဂါဝရ ပြုလိုက်သည်။ သူမသည် အသံထွက်လာသော အမှောင်ထု အတွင်းသို့လည်း ကြည့်ရှုလျက် လေးနက်စွာ ဂါဝရပြုလိုက်သည်။

 

“ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်”

 

ယန်ရှစ်ရွှမ်းက အ‌ရှေ့မှ အရာအားလုံးနှင့် အဖြစ်အပျက်တိုင်းကို မြင်လိုက်သည်။ ချီရွှမ်းက ထိုသို့ရလဒ်မျိုးကို ရလိုက်သည့်အတွက် မျက်မှောင် ကြုတ်နေသော်လည်း တပြိုင်နက် အတွင်းပင် ပြုံးမိသည်။ ထို့နောက် အမှောင်ထုအတွင်းသို့ ကြည့်ပြီး မျက်မှောင် ကြုတ်မိပြန်သည်။

 

ဘာလို့လဲဆိုတော့ အဲဒီမှာ_ _ _

 

ယန်ရှစ်ရွှမ်းက ထိုနေရာဘက်သို့ ကြည့်လိုက်သည့် အချိန်တွင် အမှောင်ထုကလည်း သူ့ကို ရှာတွေ့သွားသည်။ ထို့ကြောင့် ယန်ရှစ်ရွှမ်းရှိရာ ဘက်သို့ အလွန်အမင်း စူးရှပြီး တင်းမာသော အကြည့်မျိုးနှင့် ပြန်ကြည့်သည်။ ယန်ရှစ်ရွှမ်း၏ နှလုံးသားက တစ်ချက် ခုန်သွားသည်။ သို့သော် သူက ခပ်မြန်မြန် တုန့်ပြန်လိုက်နိုင်ပြီး သူ၏သွယ်လျသော လက်ချောင်းများကို လက်ချိတ်စည်းသဏ္ဍာန် ထုတ်ဖော်လျက် သူ၏ ကွဲထွက်သွားသော ဝိဉာဉ်ကို ပြန်လည် ဆင့်ခေါ် လိုက်ရလေသည်။

 

ထို့နောက် တစ်စက္ကန့်တွင် သူဟာ မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ပြီး လက်ချိတ်စည်းသဏ္ဍာန် ပြုသည့် ဟန်အမူအယာ များအလား သတိကပ်လျက် ရပ်နေ လိုက်သည်။ သို့သော် အမှောင်ထုကမူ သူ၏အနားတွင် မရှိတော့ချေ။ ထိုအစား ရင်းနှီးကျွမ်းဝင်သော ဟော်တယ်အခန်းထဲသို့ ပြန်ရောက် နေကြောင်း သိလိုက်သည်။

 

ယန်ရှစ်ရွှမ်းက ပတ်ဝန်းကျင်ကို သတိအပြည့်ကပ်လျက် ကြည့်သည်။ အချိန်တစ်ခု ကြာပြီးမှသာ သူသည် ဖုန်းတုမှ အမှန်တကယ် ထွက်လာခဲ့ပြီး လူသားများရှိရာ လောကအတွင်းသို့ ပြန်လည် ရောက်ရှိ လာကြောင်း သိလိုက်သည်။

 

ဆိုဖာပေါ်တွင် သူအိပ်မော မကျခင်က အတိုင်း ခေါင်းအုံးလေးများနှင့် စောင်ပါးပါးလေးက ရှိနေသည်။ ထို့အပြင် စားပွဲပေါ်တွင် တစ်ဝက်ခန့် မပူမအေး ရေတစ်ခွက်က ရှိနေသည်။ အရာအားလုံးက သူ မအိပ်ခင်က အတိုင်း ဖြစ်သည်။

43 04

ဒါပေမယ့် သူက ဘာလို့ ရုတ်တရက်ကြီး အိပ်ပျော်သွားတာလဲ။ နောက်ပြီး သူတောင် မသိလိုက်ဘဲနဲ့လေ။ နောက်ပြီး သူက ရုတ်တရက်ကြီး ရှင်းပြရန် ခက်ခဲတဲ့ အကြောင်းပြချက်မျိုးနဲ့ ဖုန်းတုကို ရောက်သွားတယ်။ နောက်ပြီး သူ့ရဲ့ကို ယ်ပိုင်မျက်လုံးနဲ့ သရဲမချီရွှမ်းရဲ့ အဆုံးသတ်ကို မြင်လိုက်ရတယ်။

 

ယန်ရှစ်ရွှမ်းက နာရီကို ကြည့်လိုက်သည်။ ည၁၂နာရီ ထိုးပြီး ကာစ ဖြစ်သည်။ အချိန်က သရဲများနှင့် နတ်ဘုရားများအပိုင်း သေမျိုးများကပင် တွက်ချက်မှု လုပ်နိုင်သော အခိုက်အတန့်မျိုး ဖြစ်သည်။ သူက ဒီလိုအ‌ခြေအနေမျိုးတွင် ထိုကိစ္စနှင့် ပတ်သက်သည့် အကြောင်းပြချက်နှင့် အခြေအနေကို သိရရန် တွက်ချက်မှုများ မလုပ်နိုင်‌ချေ။

 

ယန်ရှစ်ရွှမ်းက အတွေးနက် နေသည့်အချိန်တွင် ရုတ်တရက် တံ‌ခါးခေါက်သံကို ကြားလိုက်ရသည်။ ထိုအခါ သူသည် ရှင်းပြရန် ခက်ခဲသော ကြောင့်ကြမှုကို ခံစား လိုက်ရသည်မှာ တစ်စုံတစ်ယောက်က အခန်းတွင်းသို့ ဝင်ပြီး ပြေးရိုက်မည့် အခြေအနေကို ထိတ်လန့်နေရသလို ဖြစ်နေသည်။

 

ယန်ရှစ်ရွှမ်း၏ မျက်လုံးက စူးရှသွားသည်။ ထိတ်လန့်နေသော အနေအထားမျိုးက ထွက်ပြေး လွတ်မြောက် လာခဲ့သောကြောင့် လေးနက်နေသော အရှိန်အဝါက အပြည့်အဝ မပျောက်ကွယ် သွားသေးချေ။ သူက ချက်ချင်းဆိုသလိုပင် တံခါးဘက်သို့ အပြေးသွားသည်။

 

သူဟာ ခြေလှမ်းကျဲကြီးများဖြင့် သွားပြီး တံခါးကို အပြေးဖွင့်လိုက်သည်။ ထို့နောက် စူးရှသော မျက်လုံးဖြင့် ကြည့်လိုက်သည်။

 

တံခါးအပြင်ဘက်တွင် တံခါးကို ဆက်တိုက်ခေါက်နေသည့် ကျန်းဝူပင်းက အချိန်မှီ မတုန့်ပြန်နိုင်ခဲ့ချေ။ သူသည် အခြားလက်တစ်ဖက်တွင် တိုက်ရိုက် ထုတ်လွှင့်မှု ပစ္စည်းကိုလည်း ကိုင်ထားသေးသည်။ သူသည် ယန်ရှစ်ရွှမ်းထံ တိုက်ရိုက် ဝင်တိုး မိသွားသည်။

 

“ယန်_ _ _ “

 

ကျန်းဝူးပင်းက အားတင်းကာ ပြုံးပြီး ယန်ကောဟု ခေါ်မည့်အခိုက်အတန့်မျိုးတွင် ယန်ရှစ်ရွှမ်း၏ စူးရှသော အကြည့်မျိုးကြောင့် နေရာတွင်ပင် တောင့်ခဲသွားသည်။

 

ကင်မရာအရှေ့တွင် ဆောင့်ကြောင့်ထိုင်နေကြသည့် တိုက်ရိုက် ထုတ်လွှင့်မှု အခန်းအတွင်းမှ ကြည့်ရှု သူတိုင်းကလည်း ကြောက်သွားကြသည်။

 

ယခုလေးတင် သူတို့သည် ယန်ရှစ်ရွှမ်းက ဖယ်ထုတ် မခံရမည့်အကြောင်း သိသွားလျှင် ဖြစ်သွားမည့် မျက်နှာအမူအယာကို တွေးတောပြီး ပျော်ရွှင် နေကြသေးသည်။ ထို့နောက် တစ်ခဏတွင် ရုတ်တရက် ဟဟဟု အော်ရယ်ပြီး မော့ကြည့် လိုက်သည့် အခိုက်အတန့်မျိုးတွင်မှ ဓားများကို စူးရှသော အကြည့်မျိုးကို ဆုံလိုက်ရပြီး သတိလက်လွတ် ဖြစ်သွားကြသည်။

 

ကျန်းဝူပင်းက ရုတ်တရက် အသက်ပြင်းပြင်း ရှူသည်။ သူ၏အပြုံးက ထုံထိုင်းသွား၏။ သူ၏ဝိဉာဉ်မှ မသိစိတ်အရ မသိစိတ်အရ ထွက်ပြေး ချင်သွားသည်။ မူလက စည်ကားနေသော တိုက်ရိုက် ထုတ်လွှင့်မှုအခန်းကလည်း တိတ်ဆိတ်သွားသည်။

 

ကင်မရာ နောက်ကွယ်မှ ကြည့်ရှုသူများနှင့် မတူသည်မှာ ကျန်းဝူပင်းကမူ ယန်ရှစ်ရွှမ်းကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်လေးလံသည့် အားနှင့် မှင်သက်ဖွယ် ကောင်းသည့် အရှိန်အဟုန်ကို ထိပ်တန်းအဆင့် အမဲလိုက်သမား တစ်ယောက်က ပစ်မှတ်ထားခြင်းကို ခံထားရသည့် သားကောင် တစ်ကောင်လိုမျိုး ထွက်ပြေးလွတ်မြောက်နိုင် စွမ်းရည် ကင်းမဲ့စွာနှင့် တိုက်ရိုက် တွေ့ဆုံလိုက်ရခြင်း ဖြစ်သည်။

 

ကျန်းဝူပင်းက ကြောက်လွန်းသဖြင့် ခြေလှမ်း အနည်းငယ်ပင် ဆုတ်လိုက်သည်။ သူက နောက်ဘက်ရှိ တိုင်နှင့် တိုက်မိသွားပြီး ခြေခွေလျက် လဲကျသွားသည်။

 

“ယန် ယန် ယန် ယန်ကော”

 

ကျန်းဝူပင်းက တုန်ယင်သော ငိုသံနှင့် အော်သည်။

 

“ငါပါ ငါပါ ငါပါ ဝူပင်းလေ”

 

တံခါး အပြင်ဘက်မှ လာသော အလင်းကို ကျင့်သားရပြီး သွားချိန်တွင် ယန်ရှစ်ရွှမ်းဟာ သူ၏အခန်းရှေ့တွင် ဘောလုံးလေးလို ကွေးပြီး အော်ဟစ် ငိုယိုနေသောသူက ကျန်းဝူပင်း ဖြစ်ကြောင်း သိလိုက်သည်။ သူ၏တောင့်တင်းနေသော ကြွက်သားများက ပြေလျော့ သွားသည်။

 

“မင်းလား”

 

ယန်ရှစ်ရွှမ်း၏ မှင်သက်ဖွယ် ကောင်းသော အရှိန်အဝါက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အေးစက်စွာ မေးလာသည်။

 

“၁၂နာရီထိုးနေပြီ။ မင်းက မအိပ်ဘဲ ဒီနေရာမှာ ဘာလာလုပ်နေတာလဲ”

 

ကျန်းဝူပင်း “_ _ _ “

 

သူအခုလေးတင် ထွက်ပြေးချင်နေပြီး စကား မပြောရဲတော့ဘူး။

 

သို့သော် ယန်ရှစ်ရွှမ်း၏ ဖိနှိပ်လိုသော အကြည့်အောက်တွင် ထွက်မပြေးနိုင်သော ကျန်းဝူပင်းက သတ္တိကိုသာ စုစည်းပြီး တုန်ယင်စွာနှင့် ပါးစပ်ဟလိုက်ရသည်။

 

“ကျွန် ကျွန်တော်က ယန်‌ကောကို ပြောဖို့ လာတာပါ”

 

ကျန်းဝူးပင်းက ခပ်တိုးတိုး အော်ငိုသည်။ ထို့နောက် တိုက်ရိုက် ထုတ်လွှင့်မှု ကင်မရာ၏အ‌ရှေ့တွင် မည်သည့်ပုံရိပ်မှ မရှိသော ပုံစံမျိုးဖြင့် ပြောလိုက်သည်။

 

“ယန်ကော ယန်ကောက ကျော်ကြားမှုမဲပေးမှုစာရင်းမှာ နံပါတ်သုံးနေရာ ချိတ်သွားလို့ အောက်ဆုံးနေရာကနေ ထွက်သွားလို့ မရတော့ဘူး”

 

******