Ch 45
Viewers 6k

45 01

အပိုင်း(၄၅)

 

အမျိုးမျိုးသော ကပ်ဘေးများ၊ အနှောက်အယှက်များကို တွေ့ကြုံပြီး အာရုံစိုက်မှုပေါင်းများစွာကို အရယူခဲ့ပြီးနောက် ထိုရှိုးသည် အစပိုင်းကကဲ့သို့ နာမည်မရှိ မကျော်ကြားသည့် ပရိုဂရမ်တစ်ခု မဟုတ်တော့ချေ။

 

ယခုအခါ အချိန်နှင့် တပြေးညီ အခြေအနေတိုင်းကို ကြည့်ရှုရန်အတွက် ကင်မရာအရှေ့တွင် စောင့်နေသည့် ကြည့်ရှုသူများ သန်းနှင့်ချီ ရှိသည်။ သူတို့သည် ဧည်သည်များအကြားမှ အပြောအဆိုများကိုပင် စိတ်လှုပ်ရှားစွာ မျှော်လင့်စောင့်စား နေကြသည်။ ကွန့်မန့်များကလည်း တက်ကြွ စည်ကား နေသေး၏။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများတွင်လည်း ပရိုဂရမ်နှင့် ပတ်သက်ပြီး ဆွေးနွေးမှုများက ပြင်းထန် လာသည်။

 

ဘဲငန်းကောကဲ့သို့ ကြည့်ရှုသူဟောင်းများက အရင်တစ်ခေါက်ကကဲ့သို့ အကြောက်လွန်ပြီး ဆိုးရွားလွန်းသည့် အခြေအနေများ မဖြစ်လာစေရန် အလို့ငှာ ပရိုဂရမ် မစတင်ခင်ကတည်းက အခန်းတံခါးကို သော့ပိတ်ပြီး မုန့်များစွာကို ပုံထားသည်။ သူသည် အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။

 

ဘဲငန်းကောက ယန်ရှစ်ရွှမ်း၏ပုံများကို ပရင့်ထုတ်ပြီး သူ၏အိမ်အနှံ့တွင် ကပ်ထားသည်။ ဗီဒိုတံခါးများတွင်လည်း ကပ်ထား၏။ ယန်ရှစ်ရွှမ်း၏ပုံများကို အဆောင်လက်ဖွဲ့အဖြစ် သုံးပြီး မိစ္ဆာများကို နှင်ထားခြင်း ဖြစ်သည်။ အခြေအနေကို မသိသော တစ်စုံတစ်ယောက်ကသာ သူ၏အိမ်ထဲသို့ ဝင်ရောက်လာခဲ့ပါက သူသည် ယန်ရှစ်ရွှမ်း၏နှာဘူး ပရိသတ်တစ်ယောက်ဟု ထင်ပေလိမ့်မည်။

 

သူသည်လည်း မတတ်နိုင်ပါချေ။ ဘဲငန်းကောသည် ပုံမှန်ဆိုလျှင် သရဲကို အနည်းငယ်သာ ကြောက်သည်။ သို့သော် ယခင်တစ်ခေါက် ပရိုဂရမ်အသင်းက သွားသည့်ခရီးတွင် သူသည် အကြောက်လွန်ပြီး ဝိဉာဉ်ကိုပင် အန်ထုတ် လုနီးပါး ဖြစ်သွားခဲ့သေးသည်။ ယခင်ရက်များအတွင်း အိမ်တွင် ဒီအတိုင်း နေနေသောအခါ အမြဲတစေ ထိတ်လန့်ပြီး တစ်နေရာရာက ဆူညံသံများ ထွက်လာနေသလိုလို ခံစားနေခဲ့ရသည်။ သူ ညဘက်အိပ်သည့် အချိန်တွင်ပင် ညအိပ်မီးကို ဖွင့်ထားရသည်။ သူ အိမ်သာသို့ သွားလျှင်လည်း အရူးလိုမျိုး အပြေးသွားရ၏။ ပြန်လာသော အခါတွင်လည်း အိပ်ယာပေါ် ခုန်မတက်ခင်အထိ လုံခြုံသည်ဟု မခံစားရသေးချေ။ ယခုအချိန်က နွေရာသီဖြစ်သည်။ သူသည် စောင်ကို လုံလုံခြုံခြုံ တင်းတင်းကြပ်ကြပ် မခြုံပဲ မအိပ်ရဲချေ။ သူ၏ခြေထောက်နှင့်လက်များကိုပင် မထုတ်ထားရဲပါချေ။

 

_ _ _

 

ခရီးပြီးနောက် ရှိုးမှထွက်သွားခဲ့သော ဧည့်သည်တစ်ယောက်က အင်တာဗျူးတွင် တိုက်ရိုက် ထုတ်လွှင့်မှုလိုင်းက ပြတ်တောက်ခဲ့သော အချိန်က သူတို့၏ ခြေမျက်စိကို ဆွဲပြီး သွေးကန်ထဲသို့ ဆွဲချခံခဲ့ရသည်ဟု ဖြေဖူးလေသည်။

 

ထိုဗီဒီယိုက ထိုအင်တာဗျူးကို တင်ပြီးပြီးချင်း အာဏာပိုင်များ၏ ဝင်‌ရောက် စွက်ဖက်မှုကြောင့် ထိုဗီဒီယိုက ချက်ချင်းလိုလို အဖယ်ခံခဲ့ရသော်လည်း အမြဲတစေ ထိုရှိုးနှင့်ပတ်သက်သည့် သတင်းများကို အာရုံစိုက်နေခဲ့သော ဘဲငန်းကောကမူ တင်ပြီးပြီးချင်း တွေ့လိုက်သည်။ ထို့အပြင် မီဒီယာများနှင့် အထိအတွေ့ရှိသော လူဖြစ်သည့်အလျောက် သူ၏ အဆက်အသွယ်ကလည်း ကောင်းလေရာ ထိုဧည့်သည်ကို အင်တာဗျူးခဲ့သော လူကိုယ်တိုင်ကပင် ထိုကိစ္စက မှန်ကန်ကြောင်း သူ့အား အတည်ပြုပေးခဲ့သည်။

 

ထိုအချိန်မှစတင်ပြီး ဘဲငန်းကောသည် အိပ်နေချိန်တွင် သူ၏ခြေထောက်ကို စောင်ထဲမှ မထွက်စေရဲချေ။ ထို့အပြင် နွေရာသီတွင်ပင် သူသည် ခြေဗလာနှင့် မဝတ်ရဲပါချေ။ အမြဲတစေ သူ၏ ခြေထောက်ကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားလေ့ရှိသည်။

 

သူသည်လည်း မြေအောက်တွင် တွားသွားလျက်ရှိနေသည့် သရဲတစ်ကောင်က သူ၏ခြေမျက်စိကို ဆွဲပြီး သူ့အား သတိမထားခင် ဆွဲခေါ်သွားနိုင်သည်ဆိုသည့် သံသယမျိုးကို အမြဲတစေ ဝင်နေခဲ့သည်။ သူသည် ကြောက်လန့် နေခဲ့ရလေသည်။

 

ဘဲငန်းကောသာ မကသေးချေ။ အစပိုင်းတွင် မတော်တဆ အန်းနန်ယွမ်၏ ဖန်သားပြင်အခွဲမှ တဆင့် ဖြစ်စဉ်များကို မြင်ခဲ့ရသော အခြားသော ကြည့်ရှုသူများသည် အလားတူသာလျှင် ဖြစ်သည်။ သူတို့သည် ဘဲငန်းကောလောက် ပြင်းပြင်းထန်ထန် မတုန့်ပြန်ကြသော်လည်း အလားတူသည့် ခံစားချက်မျိုး ရှိနေကြလေသည်။

 

ကြိုတင် ပြင်ဆင်ပြီးမှ လာသော ဧည့်သည်ဟောင်းများနှင့် မတူသည်မှာ အန်းနန်ယွမ်ကြောင့် သို့မဟုတ် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်မှ ရောက်ရှိလာသော ကြည့်ရှုအသစ်များကမူ တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ကို သိချင်စိတ်အပြည့်နှင့် ဝင်ရောက် ကြည့်ရှုပြီးပြီးချင်း စိတ်ဝင်စားမှု ပျောက်ဆုံး သွားကြသည်။

 

[ဒါက ဒီအတိုင်း သာမာန်ခရီးသွား ရသစုံရှိုးပဲ မဟုတ်ဘူးလား။ တော်တော်လေးတော့ စိတ်အေးလက်အေး ရှိစေပါတယ်။ ဒါပေမယ့် အန်းနန်ယွမ်ရဲ့ ပို့စ်တွေလိုမျိုး နောက်ပြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်က ဆွဲဆောင်မှု ပြင်းတယ်ဆိုတဲ့ အခြေအနေမျိုးတွေ လောက်တော့ ထင်သလောက် ဆွဲဆောင်မှု မရှိသလိုပဲ]

 

[နည်းနည်းတော့ စိတ်ပျက်သွားတယ်။ ဒါပေမယ့် ငါ့ရဲ့ကောက ဒီမှာရှိနေတာဆိုတော့ ဒီအတိုင်း ဖန်သားပြင်ကို ယက်တယ်လို့ သဘောထားလိုက်ပါ့မယ်။ နောက်ပြီး သူ့ဘေးနားက ငယ်ငယ်ချော‌ချော ကောင်လေးက ဘယ်သူလဲ။ တော်‌တော်လေးလည်း ချောတာပဲ။ ငါ့ကော ထက်တောင် ငယ်မယ်ထင်တယ်]

45 02

[အဲဒီညီငယ်လေးက ငါတို့တာ့ကောနဲ့ ကုမ္ပဏီတူတဲ့ ထရိန်နင်းတစ်ယောက်လေ။ သူက တော်တော်လေးကို ပြင်းထန်တဲ့ ငယ်ရွယ်မှုစွမ်းအားတွေကို ပိုင်ဆိုင်ထားတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ငါ့တို့ရဲ့ကောလိုပဲ ဝိုး။ သူ ပြုံးလိုက်တဲ့အချိန်မှာ ကျားပေါက်လေးရဲ့သွားလေးကို ချွန်ထက်သွားတာပဲ။ ငါ သူ့ရဲ့ဖန်သားပြင်အခွဲကို သွားပြီး ဖော်လိုးတော့မယ်]

 

[ သိချင်လိုက်တာ အန်းနန်ယွမ်က အိုင်ဒေါလ်လို့ သတ်မှတ်ထားတဲ့သူက ဘယ်သူလဲ။ ဘယ်တစ်ယောက်က ယန်ရှစ်ရွှမ်းလဲ။ ငါက အန်းနန်ယွမ်ရဲ့ ပရိသတ် မဟုတ်ပေမယ့်လည်း ပွဲဦးထွက်ပြီးကာစ ထိပ်တန်းအဆင့် အိုင်ဒေါလ်တစ်ယောက်က အများရှေ့မှာ အိုင်ဒေါလ် ရှိပါတယ်ဆိုပြီး တရားဝင်ကြေငြာလိုက်တာ သိချင်လို့ပါ]

 

[ပရိသတ်အဟောင်းတွေက စကားတစ်ခွန်းမှ မဆိုပဲ ရယ်နေပြီး နောက်ထပ် ကျဲကျဲတစ်ယောက် ငါတို့ရဲ့အုတ်ဂျုံထဲကို ဝင်လာတော့မယ် ခံစားနေရတယ်]

 

[ပရိသတ်အသစ်တွေ အတွက်ကတော့ လွယ်တာပေါ့။ ဒီဆွဲဆောင်မှုပြင်းအားကို ခံနိုင်ဖို့က ခက်ခဲတယ်။ ငါ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က မတော်တဆ ထောင်ချောက်ထဲကို ကျသွားခဲ့တာလေ]

 

[ငါကတော့ ယန်ကောကို ဆက်မြင်နိုင်တဲ့အတွက် အရမ်းကို ခံစားရတာပဲ ဝူး ဝူး ဝူး ကိုယ်တိုင်ကိုယ်ကျ ပျိုးထောင်ထားတဲ့ နှင်းဆီပန်းတွေက ပွင့်လာသလို ခံစားချက်လိုမျိုးပေါ့။ ပြင်းပြင်းထန်ထန် ကြိုးစားပြီးတဲ့ နောက်မှာ အကျိုးအမြတ်ကောင်း ပြန်ရတာကြောင့် ပျော်ရွှင်တယ်လို့ ပြောရမလား။ ယန်ကောကို ငါ့ရဲ့ မဲတွေနဲ့ ခြိမ်းခြောက်နိုင်ခဲ့ပြီး အရမ်း ဂုဏ်ယူတဲ့ JPG ]

 

[အပေါ်က အုတ်ဂျုံရယ် ကျေးဇူးပြုပြီး မင်းတို့ ပြောတာတွေကို ယန်ကောကို မမြင်စေနဲ့နော်။ အဲဒီလိုမှ မဟုတ်ရင်_ _ _ ]

 

ပရိသတ်များက ပြောနေကြချိန်တွင် ရုတ်တရက် ကင်မရာထံမှ အေးစက်သော နှာခေါင်းရှုံသံကို ကြားလိုက်ရ၏။ သူမ၏လက်ကပင် တုန်ယင်သွားပြီး တိုက်ရိုက်ပြီး ကလစ်နှိပ်မိပြီး ပို့မိသွားမိသည်။

 

ရှင်းပြရန် ခက်ခဲသော ခံစားချက်က သူမ၏ ခေါင်းကို တုန်ယင်စွာ မော့လိုက်မိစေသည်။ ထိုအခါ ကင်မရာကို ငုံ့ကြည့်နေသည့် ယန်ရှစ်ရွှမ်း၏ ခံစားချက်မဲ့သည့် မျက်ဝန်းတစ်စုံကို မြင်လိုက်ရသည်။

 

ထိုအကြည့်က ဖန်သားပြင်ထံ တိုက်ရိုက်ဖောက်ပြီး သူမထံ ရောက်ရှိလာသလိုမျိုး ခံစားလိုက်ရသည်။ ထိုက‌လေးက သတိလက်လွတ် “ငါလူး”ဟု အော်လိုက်မိသည်။ သူမက ဖုန်း ပြုတ်ကျလုမတတ် ဖြစ်သွားသည်။

 

ယန်ရှစ်ရွှမ်းက တက်ပလက်ထဲမှ ကွန့်မန့်များကို ကြည့်ပြီး အခြားသော တစ်ဖက်ဖြင့် လျင်မြန်စွာ တွက်ချက် လိုက်သည်။ ထို့နောက် အခြေအနေကို နားလည်သွားသည်။

 

“လတ်စသတ်တော့ မင်းတို့တွေ ကျန်းဝူပင်းနဲ့ ပေါင်းပြီး လုပ်ခဲ့တာပဲ”

 

သူက နှာခေါင်း ရှုံ့လိုက်သည်။

 

“ငါ ပြောမယ်။ အဲဒီကျန်းဝူပင်းက မကောင်းတဲ့ ဆန္ဒရှိနေရင်တောင်မှ သူမှာ သတ္တိမရှိဘူးလို့ ထင်ခဲ့သားပဲ။ လတ်စသတ်တော့ မင်းတို့တွေက မဲပေးခဲ့တာပေါ့လေ ဟုတ်လား”

 

ဖုန်းတစ်လုံးချင်းစီ၏ အနောက်ဘက်တွင် “ဘုရားရေ”ဆိုသော အသံများက ထွက်ပေါ် လာသည်။ ယခုလေးတင် ကွန့်မန့်များတွင် ဂုဏ်ယူစွာ စာပို့နေခဲ့ကြသည့် အုတ်ဂျုံများက ကြောက်လွန်းသဖြင့် ပေါက်ကွဲ လုမတတ် ဖြစ်သွားသည်။

 

[!!!]

 

[သေစမ်း...အခုလေးတင် ယန်ကော မမြင်စေနဲ့လို့ ပြောနေတာ။ နောက်ထပ် တစ်စက္ကန့်မှာ ယန်ကောက ချက်ချင်း တွေ့သွားတယ်။ ဘယ်လို ကံကောင်းမှုလဲ]

 

[ယန်ကောရဲ့ အခြားလက်တစ်ဖက်က လှုပ်ရှားသွားတဲ့ ပုံစံကို သိလိုက်ကြလား။ ဒါက အရင်က တီဗွီမှာ မြင်ခဲ့ဖူးသလိုမျိုး လက်‌ချောင်းနဲ့ တွက်ချက်တာမျိုး မဟုတ်လား။ အုတ်ဂျုံအဖွဲ့ရဲ့ စီမံခန့်ခွဲမှု သခင်မလေးရဲ့ အရင် ခန့်မှန်းချက်က တကယ်ပဲ မှန်နေတာလား။ ယန်ကောက ကိစ္စတွေကို ခန့်မှန်းနိုင်တယ်ပေါ့လေ]

 

[ယန်ကောက ဒေါသထွက်နေပြီ။ ယန်ကောက တအား ချောတာပဲ။ စခရင်ရှု စခရင်ရှု ငါ မရူးပါဘူး။ ငါ သေလောက်အောင်လည်း မကြောက်ပါဘူး ဟား ဟား ]

 

[နောက်ထပ် တစ်ယောက်က ရူးသွားပြန်ပြီ။ လာ လာ လာ သူ့ကို ဆွဲခေါ် ကြလိုက်ရအောင်]

 

[ယန်ကော ငါ အများကြီး တောင်းပန်ပါတယ်။ ဝူး ဝူး ဝူး ဒီကလေးက မှားမှန်း သိပါတယ်]

 

_ _ _

45 03

[ကလေးက နောက်တစ်ကြိမ်အတွက် သတ္တိအပြည့် ပြင်ဆင်ထားပါတယ်]

 

“ငါ ငါ့ရဲ့စိတ်ထဲမှာပဲ ပြောနေတာ။ ဒါပေမယ့် အပြင်မှာ‌တော့ ထုတ်ဖော်မပြောရဲဘူး ငါ တအား ကြောက်တယ်”

 

[ယန်ကောက အ ခုတိုးဂိုက်အဖြစ် လုပ်နေတာလား။ ဒါပေမယ့် ယန်ကောရဲ့လက်ထဲက တိုးဂိုက်အဖြစ် ကိုင်ထားသင့်တဲ့ အဲဒီအနီရောင် အလံလေးအစား အနီရောင် အမွှေးဖွားလေးတွေပါတဲ့ သေနတ်တစ်လက်လို ခံစားလာနေရတယ်]

 

[ငါ အနီရောင်အလံလေး ကိုင်ပြီး လူသစ်တိုးဂိုက်အဖြစ် ယာယီ အလုပ်လုပ်ဖူးပါတယ်။ ဒါပေမယ့် ယန်ကောက အနီရောင်အလံ‌လေးကို ကိုင်လိုက်တဲ့အချိန်မှာ စစ်နတ်ဘုရားတစ်ပါးလိုပဲ ကွာခြားချက်က ကြီးမား လွန်းလိုက်တာ။ ဒါက ရုပ်ရည်‌ချောတာ မချောတာနဲ့ သက်ဆိုင်နေမလား]

 

[မဟုတ်ဘူး။ ဒါက အရှိန်အဝါနဲ့ဆိုင်တယ်။ ယန်ကောကို ကြည့်။ သူက ဘာမှမလုပ်ပဲ ဒီအတိုင်း ရပ်နေရင်တောာင်မှ သောက်ကျိုးနည်း သရဲတွေကို နှင်နိုင်တယ်]

 

[ယန်ကောက သရဲတွေကိုတောင် ကြောက်စေတာ မဟုတ်ပါဘူး။ ငါ့ကိုလည်း ကြောက်လွန်းလွန်းလို့ မျက်ရည် ကျစေမတတ်ပဲ]

 

[အံ့ဩလိုက်တာ ငါပြောခဲ့တာ မှန်နေတာပဲ။ ရုတ်တရက် ငါ အကြံအသစ်တစ်ခု ရလာပြီ။ ငါ ယန်ကောရဲ့ စခရင်ရှုကို စခရင်ဆေ့ဗာအဖြစ် သိမ်းထားလိုက်မယ်။ ဒီလိုဆိုရင် သရဲနှင်လို့ ရတာပေါ့။ ငါ ဘယ်လောက် တော်လိုက်လဲ]

 

ယန်ရှစ်ရွှမ်းကမူ ကွန့်မန့်များကို ကြည့်နေပြီး အကြာပြီး ဒေါသထွက်မနေခဲ့ချေ။ အကြောင်းမူကား ကွန့်မန့်များ၏လားရာက ပြောင်းလဲ သွားပြန်သောကြောင့် ဖြစ်သည်။

 

သူသည် သူ ဆန္ဒရှိသလို နောက်ဆုံးနေရာမှ ထွက်ခွာခွင့် မရှိကြောင်း စသိခဲ့ချိန်က အမှန်တကယ် မပျော်မရွှင် ဖြစ်ခဲ့သည်။ သို့သော်လည်း မည်သို့ပင်ဆိုစေ မည်သည့်အရာကမှ ပြောင်းလဲ၍ မရသည်မှာ သေချာသွားသည်။ အသည်းအသန် မဲပေးခဲ့ကြသော ပရိသတ်များကလည်း မကောင်းသော စိတ်ဆန္ဒမရှိချေ။ မ‌ကောင်းသော စိတ်သဘောထားလည်း မရှိချေ။ မကောင်းသော အကျိုးဆက်များကို ဖြစ်အောင် မကောင်းသည့် ကိစ္စများကိုလည်း မလုပ်ခဲ့ပါချေ။ ထို့ကြောင့် သူတွင် ဒေါသထွက်ရန် အကြောင်းပြချက် မရှိပါချေ။

 

သို့ရာတွင် ပရိသတ်များက မမှားချေ။ လူတစ်ယောက်နှင့် တစ်ယောက်ဟာ မတူညီချေ။

 

ယန်ရှစ်ရွှမ်း၏ အကြည့်က ဘေးဘက်ရှိ အန်းနန်ယွမ်ထံ ရောက်သွားသည်။

 

ဒီကောင်က လူပေါင်းများစွာကို သူ့အတွက် မဲပေးဖို့ ပို့စ်တွေ တင်ခဲ့တာပေါ့လေ။ ဒီလိုနဲ့ သူ့ကို အတင်း နေခိုင်းတယ်။ ဒီပို့စ်ကို တင်ပြီးနောက်မှာ ဖြစ်လာမယ့်အကျိုးဆက်ကို ဒီကောင် မသိဘူးလို့ မယုံဘူး။ သူက အပြစ်မကင်းဘူး။

 

အန်းနန်ယွမ်က ယန်ရှစ်ရွှမ်း၏ဘေးနားတွင် ဆောင့်ကြောင့်လေးထိုင်ပြီး သစ်ပင်အရိပ်အောက်မှာ အအေးဒဏ်ကို ခံစားနေချိန် ဖြစ်သည်။ ရုတ်တရက် သူ၏ကိုယ်ပေါ်သို့ အေးစက်စူးရှသော အကြည့်က ရောက်လာကြောင်း ခံစားလိုက်ရသည့်အခါ တစ်ကိုယ်လုံးက တုန်ယင်သွားပြီး မော့ကြည့်လိုက်မိသည်။

 

ထို့နောက် ယန်ရှစ်ရွှမ်း၏ ခံစားချက်မဲ့သည့် ချောမောလွန်းသော မျက်နှာကို မြင်လိုက်ရသည်။

 

အခြေအနေကို နားမလည်သေးသည့် အန်းနန်ယွမ်က ချက်ချင်း ဆိုသလို ရယ်ရင်းပြောသည်။

 

“ယန်ကော ယန်ကော ဘာဖြစ်လို့လဲ။ ယန်ကော စောင့်ရတာ ပင်ပန်းလို့လား။ သိပ်မကြာပါဘူး။ ဘာပဲဖြစ်ဖြစ် အချို့တွေက ခရီးဆောင်အိတ်တွေ များတယ်လေ။ ကျွန်တော်ရဲ့ ခရီးဆောင်အိတ်ဆိုရင် ကားထဲကိုတောင် ထည့်ပြီးသွားပြီ။ အားလုံး တင်ပြီးတာနဲ့ ကျွန်တော်တို့ ကားပေါ်တက်ပြီး ယန်ကောနဲ့အတူ ထွက်လို့ရပြီ”

 

“ဒါပေမယ့် ယန်ကောနဲ့အတူ ဒီလိုခရီးသွားတဲ့အတွက် တကယ်ပျော်တယ်”

 

အန်းနန်ယွမ်က ခံစားချက်အပြည့်နှင့်အတူ ပြောသည်။

 

အရင်တစ်ခေါက်က တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းခဲ့ပေမယ့်လည်း ငါ သွားခဲ့တဲ့ဖူးတဲ့ ခရီးတွေထဲမှာ ပျော်စရာ အကောင်းဆုံးပါပဲ။ ယန်ကောနဲ့အတူ ခရီးဆက်သွားရမှာ ပျော်စရာ ကောင်းလိုက်တာ။ အရမ်းကောင်းတယ်”

 

ယန်ရှစ်ရွှမ်းက နှာခေါင်းရှုံ့လိုက်သည်။

 

“ငါတော့ ကောင်းတယ် မထင်ဘူး”

 

အန်းနန်ယွမ် “?”

 

ယန်ရှစ်ရွှမ်း၏ တိတ်တဆိတ်ကြည့်နေသော အကြည့်အောက်တွင် လေးလံသည့် ဖိအားကို ခံစားရလာသည့်အလျောက် အန်းနန်ယွမ်က လျှင်မြန်စွာ တုန့်ပြန် လိုက်နိုင်သည်။ ယန်ရှစ်ရွှမ်းသည် ပရိုဂရမ်အသင်းတွင် ဆက်နေရသည်မှာ သူတင်ခဲ့သော ပို့စ်ကြောင့် ဖြစ်သည်။ ယန်ရှစ်ရွှမ်း ကိုယ်တိုင်က ဒီနေရာတွင် ဆက်မနေလိုကြောင်း အမြဲတစေ ဖော်ပြလေ့ရှိသည်။ ထို့ကြောင့် ယန်ရှစ်ရွှမ်းကသာ ထိုကိစ္စတွင် သူဟာ အဓိကပါ ဝင်သူဖြစ်ကြောင်း သိသွားခဲ့လျှင်_ _ _

 

“ဟဲ ဟဲ ငါ ရုတ်တရက် ငါ့ရဲ့ခရီးဆောင်အိတ်ကို သေချာမတင်ရသေးဘူးလို့ သတိရသွားပြီ။ ယန်ကော အရင်သွားတော့မယ်နော် ယန်ကော နောက်မှတွေ့မယ်”

45 04

အန်းနန်ယွမ်က ချက်ချင်းဆိုသလို စမ်းချောင်းလေးလိုမျိုး မီတာတစ်ဆယ်ကျော်အထိ ခုန်ပေါက်လိုက်သည်။ ထို့နောက် အလွန်လျင်မြန်စွာ ပြန်ပြေးသွားလေသည်။

 

ယန်ရှစ်ရွှမ်း “ကျွတ်စ်”

 

သို့သော် အန်းနန်ယွမ်က မှန်သည်။ ဧည်သည်များ ကားပေါ်တက် ထွက်ခွာရန် အချိန်အတန်ကြာ ယူရပေလိမ့်မည်။

 

ပိုင်ရွှမ်းနှင့် အန်းနန်ယွမ်တို့ကမူ အဆင်ပြေသည်။ မည်သို့ပင်ဆိုစေ ပိုင်ရွှမ်းသည်လည်း ဖျော်ဖြေ‌ရေး အသိုင်းအဝိုင်းတွင် နာမည် ကျော်ကြားသည့် တိုင်အောင် သူမ၏ ခရီးဆောင်အိတ်များက အလွန်ရိုးရှင်းသည်။ သူမက ခရီးဆောင်အိတ် တစ်ခုတည်းကိုသာ ယူလာသည်။ ထို့နောက် ဘက်စ်ကားထဲသို့ တိုက်ရိုက် ထည့်လိုက်သည်။

 

သူတို့သည် မိစ္ဆာဝိဉာဉ်များ အဝိုင်းခံရသည့် သေရေးရှင်‌ရေးများကို တွေ့ကြုံရပြီးလေပြီ။ သို့သော် သူတို့သည် ယာယီ ကျော်ကြားမှုကို ယူပြီး အများရှေ့တွင် ပေါ့ပေါ့ပါးပါး ထွက်သွားနိုင်မည် ဖြစ်သည်။ ကင်မရာ၏အရှေ့တွင် မိတ်ကပ်အထူကြီး လိမ်းပြီး အထူးတလည် ဝတ်စားဆင်ယင် ပြနေရန် လိုအပ်သည်ဟုပင် မခံစားရတော့ချေ။ ထို့အစား သူတို့က ယန်ရှစ်ရွှမ်း၏ စကားကိုသာ နားထောင်သည်။ ထို့ကြောင့် ခပ်မြန်မြန် သွားရန်သာ အသင့်ပြင်လိုက်သည်။

 

သို့သော် ရှိုးကို ဝင်ကာစ အခြားသောဧည်သည့်များက ထင်သလောက် နားလည်ခြင်း မရှိကြချေ။

 

ယခုတလော ရို့မန့်ဒရမ်မာများမှ ကျော်ကြားနေသည့် မင်းသမီးဆိုလျှင် သူမ၏နေထိုင်မှုဘဝပုံစံက အလွန်မြင့်လေသည်။

 

ဒီခရီးက ဝံပုလွေရိုင်းတောင်ဖြစ်သည့် ရဲ့လန်တောင်ကို သွားရမည်ဟု ကြားသောအခါ ညဘက်ကို စခန်းချပြီး ကြယ်ကောင်းကင်ကို ကြည့်ရမည်ဟု ကြားချိန်တွင် အလွန်အမင်း မနှစ်မြို့ဟန် ပြခဲ့သည်။ ထိုနေရာတွင် ခြင်အလွန်များမည်ဟုလည်း ခံစားခဲ့ရသည်။ ထိုအတွက်ကြောင့် သူမ၏နူးညံ့သော အသားအရေကို ပျက်စီးစေနိုင်လေသည်။ ထို့အပြင် သူမကို သန့်ရှင်းရန်အတွက် ရေများလည်း အလုံအလောက် ရှိလိမ့်မည် မဟုတ်‌ချေ။

 

သို့ရာတွင် ကုမ္ပဏီ၏ ကျော်ကြားမှု၊ ရှိုး၏ကျော်ကြားမှုကြောင့် မင်းသမီးက တွန့်ဆုတ်စွာဖြင့် ရိုက်ကူးရေးအား မငြင်းနိုင်ခဲ့ချေ။ ထို့အပြင် တိုက်တိုက်ဆိုင်ဆိုင် သူမသည်လည်း အမျိုးမျိုးသော စကင်ကဲ ပရောဒက်များ၊ အဝတ်အစားများ အပြည့်ပါသည့် ခရီးဆောင်အိတ်ပေါ င်းများစွာ သယ်ဆောင်လာသလို အဆင့်မြင့်ရေသန့် ဘူးပေါင်းများစွာ ထည့်ထားသည့် အိတ်ကိုလည်း သယ်လာ သေးသည်။ သူမသည် အချိန်ကျလာသည့်အခါ ထိုရေဘူးများကိုသုံးပြီး ကိုယ့်ကိုယ်ကို သန့်ရှင်းနိုင်မည် ဖြစ်သည်။

 

ကျန်းဝူပင်းကမူ တောင်ပုံယာပုံဖြစ်နေသော ခရီးဆောင်အိတ်များကိုကြည့်ပြီး အလွန်ဒုက္ခ များသွားသည်။

 

ကြည့်ရှုသူများနှင့် ပရိသတ်များအကြား ပေါ့ပေါ့ပါးပါးနှင့် နွေး‌ထွေး‌သော လေထုအခြေအနေကို ပေးစွမ်းနိုင်ရန် အလို့ငှာ ပရိုဂရမ်အသင်းက အဆင့်မြင့် မီနီဘက်စ်များကို ဧည်သည်များအတွက် ပေးထားသည်။ သို့သော် ဆိုလိုသည်မှာ ကားအောက်ဘက်မှ ခရီးဆောင်အိတ်များကို ထည့်ရန်နေရာက အကန့်အသတ်နှင့် ဖြစ်သည်။ ဧည်သည်များအားလုံးတွင် ခရီးဆောင်အိတ်များ ပါလာကတည်းက ထိုမင်းသမီး၏အိတ်ပေါင်းများစွာအတွက် နေရာမရှိတော့ပါချေ။

 

“ဒါက နင့်ဘက်က အမှားလေ ဒါရိုက်တာ။ နင် ဘယ်လိုကြောင့် ငါ့အတွက်နေရာကို ကြိုမချန် ထားပေးရတာလဲ။ ငါ ဘယ်သူလဲ မသိဘူးလား။ ငါ ဘယ်လိုကြောင့်များ တောကြိုအုံကြား နေရာကို သွားတဲ့အခါ ရေသန့်ဘူးတွေ၊ ဖစ်ရှယ်မက်စ်တွေ မသယ်သွားရမှာလဲ”

 

မင်းသမီးက မျက်လုံးလှန်လိုက်ပြီး ဆက်ပြောရန် ကြံစည်လိုက်သည်။ ထို့နောက် ရုတ်တရက် ဒါဟာ ဒေါသထွက်နေခြင်းဖြစ်ကြောင်း သိလိုက်သဖြင့် တွန့်ဆုတ်စွာ ကိုယ့်ကိုယ်ကို ချုပ်ထိန်းလိုက်ပြီး ကျန်းဝူပင်းကို ပြောသည်။

 

“ဒါဆိုလည်း ငါ ဒါရိုက်တာရဲ့ကားထဲကိုပဲ ထည့်ခိုင်းလိုက်တော့မယ်။ ငါ နည်းနည်းလောက် လမ်းလျှောက်ပေးဦးမှပဲ။ ခြေလှမ်း အနည်းငယ်လောက်ပေါ့”

 

ငယ်ရွယ်စဉ်ကတည်းက သူ၏ကာကွယ်လွန်းသော မိဘများနှင့် ယန်ရှစ်ရွှမ်းတို့၏ ကာကွယ်မှုကို ခံခဲ့ရသည့် ကျန်းဝူပင်းသည် ယခုလိုမျိုး လိုအပ်ချက်ပြင်းထန်လွန်းသည့် စတားတစ်ယောက်နှင့် မကြုံဖူးပါချေ။ ထို့ကြောင့် သူသည် အနည်းငယ်ခန့် ကြောင်အသွားပြီး ပြောလိုက်သည်။

 

“ဒါပေမယ့် ဒါပေမယ့် ဒါရိုက်တာရဲ့ကားထဲမှာလဲ အရေးပေါ်စားစရာတွေနဲ့ ဆေးဝါးတွေ အပြည့်ပဲ။ နောက်ပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ ပစ္စည်းတွေက ရှိနေသေးတော့ ထည့်စရာနေရာ မရှိလောက်တော့ဘူး”

 

“ဘာ ငါတို့က ဘာနေရာက အရေးပေါ်စားစရာ‌တွေကို လိုမှာလဲ”

 

မင်းသမီးက အော်သည်။

 

“ငါတို့က ခရီးသွားတာ မဟုတ်ဘူးလား ဒါရိုက်တာ။ ငါတို့က စားစရာမရှိတဲ့နေရာကို သွားမှာမလို့လား။ ဒါက ဘယ်လိုရှိုးလဲ”

 

မင်းသမီး၏အသံက ပတ်ဝန်းကျင်ရှိ ဧည့်သည်များအား လုပ်လက်စကို ရပ်တန့်ပြီး ကြည့်မိလာစေသည်။

45 05

အန်တိုနီက ဖန်သားပြင်အခွဲကို အရင်ဦးဆုံးဖွင့်ပြီး ပရိသတ်များနှင့် အဆက်အသွယ် ပြုနေချိန်ဖြစ်သည်။ ဒီနေရာမှ ဆူညံကို ကြားသောအခါ သူ၏နာမည်ကျော် ကျားသွားလေးကို ထုတ်ပြရင်း ပြုံးကာ‌ပြောသည်။

 

“ကြည့်ရတာ အဲဒီမှာ သခင်မလေးတစ်ယောက် ရှိနေတာ ထင်တယ်။ ဒုက္ခရောက်လားဆိုတာကို အခြေအနေကို သွားကြည့်ရအောင်။ ဒါရိုက်တာကလည်း တကယ်ကို လေးနက် လွန်းတာပဲ။ မိန်းမငယ်လေးကို ဒေါသထွက်အောင် မလုပ်သင့်ဘူးလေ”

 

အန်တိုနီနှင့် အန်းနန်ယွမ်၏ တူညီသော ရုပ်ရည်များကြောင့် သိချင်စိတ် ပြင်းပြစွာ ရောက်ရှိလာကြသော ကြည့်ရှုသူများက သူ၏ချောမောသော မျက်နှာလေးကို မြင်လိုက်ပြီး အန်တိုနီ၏ ချိုမြိန်သော ပါးစပ်ကြောင့် ရယ်သံနှင့်အတူ သဘောတကျ ချော့မြူ ခံထားရပြီးချိန်တွင် အန်တိုနီ၏ အခွဲဖန်သားပြင်တွင် တစ်ယောက်ပြီး တစ်ယောက်က စခရပ် လုပ်ကြသည်။ ထိုသို့ဖြင့် သူ၏ဆိုရှယ်မီဒီယာအကောင့်ကိုပင် သွားပြီး ဖော်လိုး လုပ်ကြလေသည်။

 

******