Ch 46
Viewers 6k

46 01

အပိုင်း(၄၆)

 

ယခုအခါ အန်တိုနီ၏ပြောစကားကို ကြားနေသည့် ကြည့်ရှုသူပေါင်းများစွာက ယစ်မူးသွားကြပြီး သူတို့က ထောက်ခံအားပေးကြောင်း ဖော်ပြသည့် ကွန်မန့်များကို ပို့ကြသည်။

 

[ဒီကောက တအား ယဉ်ကျေးတာပဲ။ ငါ့ကို ဂရုစိုက်တဲ့ ဒီလိူချောမောတဲ့ ကောတစ်ယောက်ကို လိုချင်လိုက်တာ]

 

[နင်က အန်းနန်ယွမ်နဲ့ ကုမ္ပဏီတစ်ခုတည်းက ထရိန်းနင်လား။ ငါ နင် ပွဲဦးထွက်တာကို မစောင့်နိုင်တော့ဘူး]

 

[မျှော်လင့်ထားတဲ့အတိုင်းပဲ။ ငါ့ရဲ့ကောရဲ့ ညီငယ်လေး ဆိုတဲ့အတိုင်းပဲ။ တအားကြင်နာတတ်တာပဲ]

 

ကွန့်မန့်၏အခြေအနေကို မြင်ပြီးနောက် အန်တိုနီက ဂုဏ်ယူနေသော အကြည့်မျိုးနှင့် အခြားတစ်ဖက်ခြမ်းတွင် ကားပေါ်သို့ တက်ပြီးနေပြီဖြစ်သည့် အန်းနန်ယွမ်ကို  လှည့်ကြည့်လိုက်သည်။

 

ကြည့်ဦး ကျော်ကြားဖို့ မခက်ဘူးသိလား။

 

ချိုချိုမြိန်မြိန်သာ ပြောတတ်ရင် ဒီမိန်းမတွေအားလုံးက သူ့ကိုကြိုက်ပြီး သူ့ရဲ့ပရိသတ်တွေ ဖြစ်လာမှာပဲ မဟုတ်ဘူးလား။ အန်းနန်ယွမ်က ဘာလဲ ဟွန့် သူက အိုနေပြီ။ အခုဆိုရင် လူတွေအားလုံးက သူ့ရဲ့အန်တိုနီဆိုတဲ့ နာမည်ကို မှတ်မိ နေကြလိမ့်မယ်။

 

ထိုမောက်မာထောင်လွှားသော အကြည့်က အန်တိုနီ၏ ချောမောသောမျက်နှာကို ဖျက်ဆီး ပစ်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် အန်းနန်ယွမ်ကလည်း လှမ်းမြင် လိုက်သည်။ သူသည် ရွံရှာသလို ခံစားလိုက်ရလေသည်။ သူကိုယ်တိုင်ကတော့ သတိ မထားမိလောက်ဘူး။

 

ထိုအကြောင်းအရာကို တွေးမိပြီးနောက် အန်တိုနီက တစ်ဖက်မှ ဆူဆူပူပူလုပ်နေသည့် မင်းသမီးထံ သွားလိုက်သည်။

 

“ဘာဖြစ်တာလဲ ကျဲကျဲ အကူအညီလိုလား”

 

ကားထဲမှ အန်းနန်ယွမ်နှင့် ပိုင်ရွှမ်းတို့က အခြားသော ဧည်သည်များနှင့်အတူ ပေါ့ပါးသော အပြုံးမျိုးနှင့်အတူ ဧည့်သည်များကို နူတ်ဆက်နေကြခြင်း ဖြစ်သည်။ နှစ်ယောက်လုံးကလည်း ပြတင်းပေါက်အပြင်ဘက်မှ ငြင်းခုံမှုများကိုလည်း ကြားလိုက်သလို အန်တိုနီ၏ မျက်နှာကိုလည်း မြင်လိုက်သည်။

 

ထိုသို့ဖြင့် ကားကလည်း တစ်ခဏခန့် တိတ်ဆိတ်သွားသည်။ တတိယမျိုးဆက် စုန့်ချီက အရင်ဆုံး မပျော်မရွှင် ဖြစ်သွားသည်။

 

“ဒီအမျိုးသမီးစတားက ရူးနေတာလား။ ရှောင်ယင် ကိုယ်တိုင်က ရှောင်ယင်နဲ့ သိတဲ့ လူကြီးမင်းယန်  ပြောတဲ့အတိုင်း ခရီးဆောင်အိတ်တွေ အများကြီး မယူခိုင်း ထားဘူးလေ။ ဒါကို ဘာလို့ အများကြီး ယူလာတာလဲ။ ရေတောင် သယ်လာ သေးတယ်”

 

ဘေးဘက်မှ လုပ်ရည်ကိုင်ရည် ရှိသော အမျိုးသားသရုပ်ဆောင်က ဝင်ရောက် ကယ်ဆယ် ပေးသည်။

 

“သူမရဲ့ အခုတလော ထွက်သွားတဲ့ ဒရမ်မာက တော်တော်လေး နာမည်ကျော် ကြားပြီး လူတိုင်းက အဲဒီအကြောင်းကို ပြောနေကြတယ်။ ဒီတော့ ဒီလိုတောင်းဆိုမှုတွေ နည်းနည်း ရှိတာကတော့ ဖြစ်သင့်ပါတယ်”

 

စု့န်ချီ၏ မရင့်ကျက်သော မျက်နှာက ပျက်ယွင်းသွားသည်။

 

“ဘာကို တအား နာမည်ကြီး နေတာလဲ။ ငါ့ရဲ့မိသားစုကဆိုရင် သူမကို စပုတ်ပါဆန်အဖြစ်တောင် ထည့်ပြီး စဉ်းစားပေးသေးတာ မဟုတ်ဘူး။ ဒီမိန်းမက ရူးနေတာ”

 

အန်းနန်ယွမ်ကမူ ထိုတတိယမျိုးဆက်၏ ဖြောင်မတ် မှန်ကန်သော ပုံကြောင့် အလွန်သဘောကျ သွားသည်။ သူ၏ အခြေအနေကလည်း အများကြီး တိုးတက် လာသည်။

 

ကင်မရာ‌ရှေ့မှာ စကားများလွန်းလျှင်လည်း မကောင်းချေ။ ထို့ကြောင့် ပိုင်ရွှမ်းက အန်းနန်ယွမ်ကို စာပို့လိုက်သည်။

 

“နင်တို့ကုမ္ပဏီက အဲဒီထရိန်နင်က ဘာဖြစ်တာလဲ”

 

“နောက်ပြီး သူအခု နင့်ကို ကြည့်တဲ့ ပုံစံကို ကြည့်လိုက်ဦး။ ဒါက ရန်စနေသလိုပဲ”

 

တစ်ယောက်မှ ကွေ့တောင်စံအိမ်တွင် ပန်းခြံနှင့် ဝိုင်သိုလှောင်ခန်းအတွင်းမှ အတူတကွ ထွက်ပြေး လွတ်မြောက် ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် အသက်ဘေးကို အတူကျော်ဖြတ်ခဲ့သလို ရင်းနှီးမှု ရှိနေကြပြီဖြစ်လေရာ သူတို့၏ဆက်ဆံရေးက အလွန် တိုးတက်လာပြီဖြစ်ကာ ဆွေမျိုးရင်းလို ဖြစ်သွားသည်။

 

အန်းနန်ယွမ်က ဂရုမစိုက်ချေ။

 

“ကိစ္စမရှိဘူး။ ငါ့နေရာကို အစားထိုးချင်နေတဲ့သူတွေ အများကြီးပဲ။ ဒါပေမယ့် အရူးတွေက ပိုများပါတယ်”

 

“ဒီအတိုင်းက သူက ယန်ကောကိုသာ သွားမရှုပ်ရင် ဂရုမစိုက်ဘူး။ သူ သေသွားရင် တောင်မှ ဂရုမစိုက်ဘူး”

 

သူက ထိုသို့ ပြောပြီးပြီးချင်း ကားအပြင်ဘက်မှ အန်တိုနီ၏အသံကို ကြားလိုက်ရပြန်သည်။

46 02

“မင်းက ယန်ရှစ်ရွှမ်းလား။ တိုးဂိုက်တစ်ယောက်အနေနဲ့ လှပတဲ့ ကျဲကျဲက ဒုက္ခ‌ ရောက်နေတာကို မြင်တဲ့အခါ ဘာလို့လာပြီး ပစ္စည်းတွေ ရွှေ့ဖို့ မကူညီတာလဲ”

 

အန်းနန်းယွမ်နှင့် ပိုင်ရွှမ်း “...”

 

ရဲရင့်တဲ့ စစ်သည်တော်က ယန်ကောကို ခေါ်ရဲတယ်။ အန်တိုနီ ငါ မင်းကို အမျိုးသားတစ်ယောက်အနေနဲ့ လေးစားပါတယ်။ နောက်ဘဝမှ ပြန်တွေ့ကြမယ်”

 

သစ်ပင်အရိပ်အောက်တွင် လေအေးဒဏ်ကို ခံနေသည့် ယန်ရှစ်ရွှမ်းက အန်တိုနီ၏ စကားကို မဖြေချေ။ သူသည် အန်တိုနီအား စိတ်ဝင်စားမှု ကင်းမဲ့စေသော လေလုံး တစ်လုံးကိုသာ မြင်ရသလို ကြည့်လိုက်သည်။ ထို့အမျိုးသမီးက ယန်ရှစ်ရွှမ်းကို သတိထားမိသွားသလို ယန်ရှစ်ရွှမ်း၏အ‌ရှေ့မှ အဓိက ဖန်သားပြင်ကြီးကို မြင်လိုက်သဖြင့် ပို၍ပင် မကျေမနပ် ဖြစ်နေသည်။

 

ဘာလို့ တိုက်ရိုက်ထုတ်လွှတ်မှုရဲ့ အဓိကဖန်သားပြင်က ဒီတိုးဂိုက်ကို ချိန်ထားတာလဲ။ ဒါက တော်တော်လေးကို အကျိူးအကြောင်း မသင့်တာပဲ။ ငါတို့ရဲ့ ရိုက်ကူးကွက်တွေကို ခိုးနေတာ မဟုတ်လား”

 

ထိုသို့ပြောလိုက်ပြီးနောက် မင်းသမီးက မပျော်မရွှင်ဖြစ်စွာနှင့် ယန်ရှစ်ရွှမ်းအား ကင်မရာထံမှ မောင်းထုတ်ရန် အနားသို့ လျှောက်သွားသည်။ ထို့နောက် ဝန်ထမ်းများအားလဲ တိုက်ရိုက်ထုတ်လွှင့်မှု၏ အဓိကဖန်သားပြင်က သူမကို ချိန်ထား လိုက်သည်။ သို့သော် သူမက အနားကို ကပ်သွားပြီးပြီးချင်း လက်ကို ဆန့်ထုတ်ပြီး ယန်ရှစ်ရွှမ်းကို မထိရသေးခင် ယန်ရှစ်ရွှမ်း၏ လျှင်မြန်ဖြတ်လတ်သော ခန္ဓာကိုယ်က ဘေးဘက်ကို ခုန်ရှောင်လိုက်ခြင်းအားဖြင့် သူမအား အရှက်ရဖွယ် ယိုင်နဲ့သွားစေသည်။ သစ်ပင်၏ အရိပ်က ယန်ရှစ်ရွှမ်း၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ သူသည် ကျဉ်းမြောင်းပြီး စူးရှသော မျက်ဝန်းက အမှောင်ထဲတွင် ဖြစ်နေသည်။ သူဟာ မင်းသမီးကို ငုံ့ကြည့်ပြီး အေးစက်စွာ ပြောသည်။

 

“မင်းရဲ့ ခရီးဆောင်တွေကို ယူပြီး ထွက်သွားရင် ထွက်သွား။ အဲဒီလိုမှ မဟုတ်ရင် ခရီးဆောင်အိတ်တွေကို သွားလျှော့။ ကြည့် ရှင်းရှင်းလင်းလင်း ကြည့်။ ငါက မင်းအဖေ မဟုတ်ဘူး။ ဒါကြောင့် မင်းအကျင့်ဆိုးတွေကို သည်းမခံနိုင်ဘူး”

 

မင်းသမီးကလည်း သူမ၏လက်ရှိကျော်ကြားမှုကိုပင် ဂရုမစိုက်ပဲ သူမကို ထိုသို့ပြောရဲသောသူမျိုး ရှိလိမ့်မည်ဟု မထင်ထားမိချေ။ ထို့ကြောင့် သူမက ဒေါသတကြီး ခေါင်းကို မော့လိုက်သည်။

 

“နင်_ _ _”

 

သို့ရာတွင် မင်းသမီးက ခေါင်းကို မော့လိုက်သောအခါ ယန်ရှစ်ရွှမ်း၏ ခံစားချက်မဲ့သော အကြည့်နှင့် ဆုံသွားသည်။

 

သူမ၏တစ်ကိုယ်လုံးက ချက်ချင်းလိုလို တုန်ယင်သွားပြန်ပြီး သူမ၏မသိစိတ်အရ ရှင်သန်ရန် ထွက်ပြေး လိုစိတ်က ပြင်းထန်လာပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက် မိသည်။ ထိုသို့ဖြင့် ယန်ရှစ်ရွှမ်းရှိနေသော အရိပ်ကျနေသော နေရာများမှ ဝေးဝေးသို့ သွားလိုကြသည်။

 

သူမက နေရောင်အောက်သို့ ပြန်ရောက်ပြီးမှသာ မင်းသမီးလည်း ထိုအခိုက်အတန့်တွင် အသိဝင်သွားသည်။ ထိုအခိုက်အတန့်တွင် သူမက ယန်ရှစ်ရွှမ်း၏အကြည့်ကြောင့် ကြောက်လွန်းသဖြင့် ကျောပြင်  တောက်လျောက် စိုရွှဲနေပြီဖြစ်သည်။

 

ကားပေါ် တက်ပြီးသော ဧည့်သည်များကလည်း ကြည့်နေကြသည်။ ထိုနေရာ တစ်ခုလုံးက တိတ်ဆိတ်နေလေရာ မင်းသမီးကသာ လူတိုင်း၏အာရုံစိုက်ရာ ဖြစ်သွားသည်။

 

မင်းသမီးက ရှက်ရွံသလို ဒေါသလည်း ထွက်သွားသည်။ သို့သော် သူမ၏ နာမည်ကျော် သရုပ်ဆောင်ဆိုသော ဂုဏ်သိက္ခာကို ထိန်းသိမ်းရဦးပေမည်။ ထိုအတွက်ကြောင့် ခေါင်းကိုလှည့်ပြီး အနားရှိ ဝန်ထမ်းကိုသာ လက်ညိုးထိုးလျက် ကျယ်လောင်စွာ ပြောလိုက်သည်။

 

“သွား ငါ့ရဲ့ခရီးဆောင်အိတ်တွေကို ကားထဲသွားထည့်လိုက်”

 

ယန်ရှစ်ရွှမ်းနှင့် မနီးမဝေးတွင် လျှာထိုးဦးထုပ် ဆောင်းထားသည့် အရပ်ရှည်ရှည် လူတစ်ယောက်ရှိသည်။ သူသည် သိသာစွာပင် ယခုလေးတင် ယန်ရှစ်ရွှမ်းနှင့် စကားပြောနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူ မင်းသမီး၏အသံကို ကြားသောအခါ ခေါင်းပင် မော့မကြည့်လာချေ။

 

ထိုလူ၏သန်မာပြီး ဖိနှိပ်လိုစွမ်းအား ပြင်းထန်သည့် ခန္ဓာကိုယ်က ထိုနေရာတွင် ဒီအတိုင်း ရပ်နေရုံနှင့်တင် နတ်ဘုရားတစ်ခုလား ထင်ရသည်။ သူသည် အခြားသောသူများ၏ လေးစားမှုကို ခံယူရန်၊ ကိုးကွယ်မှုကို ခံယူရန် မွေးဖွားလာခဲ့သလိုမျိုး မည်သူမှ စိတ်ထင်တိုင်း ပြောဆိုခိုင်းစေ၍ မရသလိုမျိုး ထင်ရသည်။

 

ထိုနေရာ တစ်ခုလုံးက ကြောင်တောင်တောင် ဖြစ်သွားပြန်သည်။

 

မင်းသမီး၏ လက်ချောင်းက လေထဲတွင် မြှောက်လျက်သား ရှိနေသေးသည်။ ယခုအခါ သူမက ရူးကြောင်ကြောင်နှင့် စကားကို ဆက်ပြောနေရသည်။ အရပ်ရှည်ရှည်နှင့်လူကို ထိုးထားသော လက်က ဆက်တိုက် တုန်ယင်လာသည်။ ထိုအခိုက် ချောမောသော မျက်နှာက နီရဲလာလေသည်။

 

ကျန်းဝူပင်းကလည်း ဒါဟာ သူ၏ ရှိုးဖြစ်ကြောင်း တွေးမိလိုက်သဖြင့် အလျင်အမြန် ထွက်လာပြီး ကိစ္စများကို ချောမွေ့‌အောင် လုပ်ရသည်။

46 03

“လောင်ရှစ် ကျေးဇူးပြုပြီး ခရီးဆောင်အိတ်တွေကို နည်းနည်းလေး လျော့ပေးပါလား။ ဒီကားထဲမှာ ထည့်စရာနေရာ တကယ်ပဲ မရှိတော့လို့ပါ။ နောက်ပြီး ဒါက တိုက်ရိုက် ထုတ်လွှင့်နေသေးတာလေ။ လောင်ရှစ် ကျေးဇူးပြုပြီး နားလည်ပေးဖို့ မျှော်လင့်ပါတယ်”

 

ယန်ရှစ်ရွှမ်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မင်းသမီး၏ဘေးမှ ဖြတ်သွားသည်။

 

“ဆယ်မိနစ်ပဲ ဆယ်မိနစ်အတွင်း မင်းရဲ့ ခရီး‌ဆောင်အိတ်တွေကို ပြန်လျော့။ ပြီးရင်း ကားထဲကို ချက်ချင်းဝင်။ အဲဒီလိုမှမဟုတ်ရင် မင်းရဲ့ကုမ္ပဏီကိုပဲ နောက်ကနေ ခရီးဆောင်အိတ်တွေကို သယ်ဖို့ ကားတစ်စီး လိုက်ခိုင်းလိုက်တော့။ ကားက ကျဉ်းတယ်။ သရဲတစ္ဆေနဲ့ နတ်ဘုရားတွေတောင်မှ ဗုဒ္ဓပေါ် တက်မထိုင်  နိုင်ဘူး”

 

မင်းသမီးအတွက် ပြောပြီး ရိုက်ကွက်အများကြီး လိုချင်သည့် အန်တိုနီကမူ လူတိုင်း လျစ်လျှူရှုမှုကို ခံလိုက်ရသည်။

 

သို့သော် ကားပေါ်မတက်ခင် ယန်ရှစ်ရွှမ်းက ရုတ်တရက် နောက်သို့လှည့်ပြီး ထိုလူကို ကြည့်လိုက်သည်။ သူသည်လည်း ထိုအမျိုးသားနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာဟာ မသင့်လျော်တော့သလို ခံစားနေရသည်။

 

မမျှော်လင့်ထားစွာပင် ယခုလေးတင် မည်သူ၏ နူတ်ဆက်မှု၊ ပြောဆိုမှုမှ မတုန့်ပြန်သေးသည် သူက ချက်ချင်းဆိုသလို ခေါင်းမော့ ကြည့်လာသည်။ သူသည် သူ၏ ဦးထုပ်ကို အသာမော့ပြီး ဘေးတစ်စောင်း လှည့်ကြည့်သည်။ သူ၏သွေးမဲ့သော ပါးလျသည့် နူတ်ခမ်းက ဖျော့တော့သည့် အပြုံးကို ထုတ်ဖော်ရင်း မေးခွန်းကို မေးသည်။

 

“ငါ့ရဲ့အကူအညီ လိုတာလား ယန် ရှစ် ရွှမ်း”

 

ယန်ရှစ်ရွှမ်းသည် တစ်ဖက်သူက သူ၏ နာမည်ကို ခေါ်သောအခါ ကို့ရိုကားယား နိုင်သလို ခံစားရသည်။ ကွန့်မန့်များကို စီမံနေသည့်အချိန်က ဖိနှိပ်ခံခဲ့ရသည့် မသက်မသာ ဖြစ်သော ခံစားချက်နှင့် ကြည့်ရှုသူများနှင့် ပြောဆို  ဆက်ဆံနေခဲ့ချိန်က ဖိနှိပ်ထားခဲ့သော ခံစားချက်များအားလုံးက သူ၏နှလုံးသားအောက်ခြေထဲမှ ပြန်ထွက်လာသည်။

 

သူ၏ရှည်လျားသော မျက်ခုံးက တင်းတင်းကြပ်ကြပ် ကြုတ်နေသည်။ ထို့နောက် အရှေ့မှလူကို စက္ကန့်အနည်းငယ်ခန့် စိုက်ကြည့်နေပြီးမှသာ နောက်ပြန်လှည့်လျက် ကားထဲသို့ ဝင်သွားသည်။ သူသည် တိုးဂိုက်နေရာ ဖြစ်သည့် အရှေ့ဆုံးတွင် ထိုင်သည်။

 

ထိုသူက ယန်ရှစ်ရွှမ်း၏ ကျောပြင်ကို သူ၏‌အေးစက်ပြီး မဲမှောင်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့် နေခဲ့သည်။ အချိန်အတန်ကြာ ပြီးနောက် ဧည်သည်များ အားလုံး ကားပေါ် တက်ပြီးမှသာ သူက သူ၏ရှည်လျားသော ခြေထောက်များကို လှုပ်ပြီး ကားပေါ်သို့ တက်လိုက်သည်။ ထို့နောက် သူသည် ယန်ရှစ်ရွှမ်း ဘေးနားသို့ သွားထိုင်သည်။ ယန်ရှစ်ရွှမ်းက ချက်ချင်း စူးရှသော အကြည့်မျိုးဖြင့်လှမ်းကြည့် လိုက်သည်။

 

ထိုအမျိုးသားက ခပ်တိုးတိုး ရယ်ပြီး ချက်ချင်းလိုလို ပြောသည်။

 “ကားထဲမှာ ဒီနေရာပဲ ကျန်တာ။ ငါ ဒါရိုက်ဘာ နေရာကိုတော့ ဝင်မထိုင်နိုင်ဘူးလေ”

 

ယန်ရှစ်ရွှမ်းက အံကို ကြိတ်လိုက်သည်။ ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာနှင့် ဒါရိုက်ဘာကို အေးစက်စွာ ပြောလိုက်သည်။

 

“ထွက်ခွာမယ်။ ဦးတည်ရာက ရဲ့လန်တောင်”

 

ယခုလေးတင် ဖြစ်သွားခဲ့သော မင်းသမီး၏ကိစ္စကြောင့် ဧည်သည်ရှစ်ယောက်ကြားမှ လေထုအခြေအနေက ကို့ရိုကားယား ဖြစ်သွားသော်လည်း ကံကောင်းသည်မှာ ထိုဧည့်သည်များသည် ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် အချိန်အတန်ကြာအောင် ကျင်လည်နေခဲ့သည့် ပညာရှင်များ ဖြစ်ကြလေရာ ဟာသငယ်လေးများနှင့် လေထုအခြေအနေကို ပြန်လည်ပြီး ပေါ့ပါးသွားအောင် လုပ်ပြီး ပြန်လည်ပြီး စကားပြောနေကြပြီ ဖြစ်သည်။

 

ထိုသို့ဖြင့် ကားထဲတွင်းရှိ အခြေအနေက စည်စည်ကားကား ဖြစ်သွားသည်။

 

စုန့်ချီသည် လူချမ်းသာ တတိယမျိုးဆက်ဖြစ်ပြီး ကျန်းဝူပင်းနှင့် တူညီသည့် နောက်ခံကို ပိုင်ဆိုင်ထားသည်။ သို့သော် ကျန်းဝူပင်းနှင့် မတူသည်မှာ သူက အစစ်အမှန် အလို လိုက်ခံထားရသည့် သခင်လေးဖြစ်သည်။ သူသည် မိစ္ဆာဝိဉာဉ်များနှင့် အန္တရာယ်တွေ့ကြုံသလိုမျိုး သေရေးရှင်ရေး အခြေအနေမျိုးကို ဘယ်သောအခါမှ မကြုံဖူးချေ။ ထို့ကြောင့် ကျန်းဝူပင်းထက်ပိုပြီး ဖြောင့်မတ်မှန်ကန်သလို အပြစ်ကင်းစင် လွန်းနေသည်။

 

သူက ဒီရှိုးတွင် ဝင်ပါလာသည်မှာ လူတိုင်းက ယခင်ခရီးတွင် သရဲများနှင့် တွေ့ဆုံခဲ့ကြောင်း ပြောနေကြ၍ စု့န်ချီ၏ လောကတွင် သရဲများ အမှန်တကယ် ရှိမရှိဆိုသော စိတ်ကို အမှန်တကယ် နိူးဆွခဲ့သောကြောင့်သာ ဖြစ်သည်။ ကျန်းဝူပင်းနှင့် စကား ပြောခဲ့ပြီးနောက် သူသည် ကျန်းဝူပင်း၏အနောက်မှ လိုက်ပြီး ကိုယ်ပိုင် မျက်လုံးများဖြင့် သရဲကို ကြည့်ချင်သွားသည်။

 

သို့သော် ကျန်းဝူပင်းက မကြာခဏ နေ့စဉ်နှင့်အမျှ ပြောပြောနေသည့် ယန်ကော ယန်ကောဆိုသော သူကို သိချင်စိတ်ကလည်း ပိုသည်။ ထို့ကြောင့် ကားပေါ်ရှိ အခြားဧည့်သည်များက ရယ်မောပြီး ဂိမ်းလေးများ ကစားကာ သီချင်းဆိုခြင်း၊ လေထုကို ပေါ့ပါးအောင် လုပ်နေကြချိန်တွင် စုန့်ချီကမူ ကားပေါ်တက်ကတည်းက ယန်ရှစ်ရွှမ်းကိုသာ အာရုံစိုက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ယန်ရှစ်ရွှမ်းနားသို့ အပြေးလာသည်။

 

“မင်းက ယန်ရှစ်ရွှမ်းလား”

 

အရွယ် မရောက်သေးသည့် ကောင်ငယ်လေးနှင့် တူသော စုန့်ချီက ယန်ရှစ်ရွှမ်းကို တိုက်ရိုက် မေးသည်။


 “မင်း သရဲမြင်ဖူးတယ်လို့ ငါ ကြားတယ်။ အဲဒါ တကယ်လား”

46 04

ယန်ရှစ်ရွှမ်းက မျက်ခုံး ပင့်လိုက်သည်။

 

“ပရိုဂရမ်အသင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်ခွင့်က မင်းကြောင့် ဖျက်သိမ်းခံရရင် ဒါက ငါနဲ့ မသက်ဆိုင်ဘူးနော်။ ရှောင်ပင်းကို မင်းဘာသာ ရှင်းပြလိုက်။ မင်း မထွက်လာခင်ကတည်းက ဧည့်သည်တွေနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေကို ရှောင်ပင်းက မပြော ထားဘူးလား။ တိုက်ရိုက်ထုတ်လွှင့်ရမယ့် ကြောင်းအရာတွေ အားလုံးက အပြုသ‌ဘောဆောင်ရမယ်၊ ကောင်းမွန်ရမယ်”

 

ကံ‌ကောင်းသည်မှာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ အဓိက ဖန်သားပြင်ကို နောက်ဘက်ရှိ ကားကိုသာ ချိန်ရွယ်ပြထားလေရာ စုန့်ချီကို ရိုက်ကူးထားခြင်း မရှိချေ။ သို့သော် သူအနေနှင့် ကိုယ်ပိုင်ဖန်သားပြင်အခွဲ ရှိသည်။ ထိုအရာက အလွန်အနည်းပြီး လူအများအပြားလည်း မရှိပါချေ။ ထို့ကြောင့် မည်သူကမှ မေးခွန်းကို မကြားလိုက်ချေ။

 

စုန့်ချီက ဂရုမစိုက်ချေ။

 

“ဘယ်သူက သူ့ကို ဂရုစိုက်နေမှာလဲ။ ဘာပဲဖြစ်ဖြစ် ငါဒီမှာ ရှိနေသမျှ ဒီပရိုဂရမ်ကို ပိတ်လို့မရဘူး”

 

“ဆိုတော့ ယန်ရှစ်ရွှမ်း မင်း တကယ်ပဲ သရဲ မြင်ဖူးတာလား။ သရဲက ဘယ်လိုပုံစံလဲ။ လူစားလား”

 

စုန့်ချီက မေးလေလေ သူ၏မျက်ဝန်းက တောက်ပလာလေလေ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်က အလိုအလျောက် ယန်ရှစ်ရွှမ်း၏ အနားသို့ ငုံ့ကိုင်းကျလာပြီး ဘေးဘက်ကိုပင် တွန်းသေးသည်။ သူဟာ နှစ်ကိုယ်ကြားပြောသလို အမူအယာမျိုးနှင့် တိုးကပ်လာပြီး ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်‌ချေ။ ထိုသို့ဖြင့် ဘေးဘက်တွင် ထိုင်နေသော လူကို အနည်းငယ် ထိမိသွားသည်။

 

ခေါင်းကို ငုံ့ပြီး အရိပ်တစ်ခုလို အမြဲတစေ တိတ်ဆိတ်နေခဲ့သည့် ထိုလူငယ်က ရုတ်တရက် ခေါင်းကိုမော့ပြီး စုန့်ချီကို ကြည့်သည်။ ခံစားချက်မဲ့သော မျက်ဝန်းက သူ၏ဦးထုပ်အောက်မှ စတင်ပြီး အရိပ်တစ်ခုလိုမျိုး လွှမ်းခြုံလာလေသည်။

 

ယန်ရှစ်ရွှမ်းက အပြုံးတစ်ဝက်နှင့် မေးလိုက်လေသည်။

 

“မင်း တကယ် သရဲကို မြင်ချင်တာလား”

 

စုန့်ချီက ပျော်ရွှင်စွာနှင့် ခေါင်းကို ညိတ်သည်။ သို့သော် သူက စကားမပြောသေးခင် ယန်ရှစ်ရွှမ်းက လှောင်လိုက်သည်။

 

“လက်‌လျော့လိုက်တော့ ဘာဖြစ်တာလဲ။ ဒါတွေအားလုံးက ကျန်းဝူပင်း မင်းကို လိမ်ထားတာတွေပဲ”

 

စုန့်ချီက အံ့ဩသွားသည်။

 

ဘေးဘက်တွင် ထိုင်နေသည့် သူကလည်း ယန်ရှစ်ရွှမ်းကို ဘေးစောင်း လှည့်ကြည့်သည်။ သူ၏မူရင်းက ခံစားချက်မဲ့သည့် မျက်ဝန်းထဲတွင် အံ့အားသင့်မှုများကို မြင်လိုက်သည်။

 

ယန်ရှစ်ရွှမ်းက လှောင်ပြန်သည်။

 

“မင်းက ဒီနေ့မှာ မူကြိုစတက်မဲ့ သူလား။ ဒီလောက် သိသာတဲ့ ပုံပြင်ကိုတောင် သတိမထားမိဘူးလား။ နောက်ပြီး မင်းရဲ့ ဆရာတွေ၊ မိဘတွေကလဲ သိပ္ပံကိုပဲ ယုံကြည်ရမယ်လို့ မပြောထားဘူးလား။ မင်း တီဗွီမှာ သရဲမြင်ဖူးလား။ သူတို့အားလုံးက အလိမ်အညာတွေပဲ။ ငါ ပြောပြမယ်။ မင်း အပြင်မှာ သရဲတစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား။ တကယ်ရှိရင် မြင်ဖူးရမှာပေါ့။ နောက်ပြီး ဘာလို့ မမြင်ဖူးတဲ့အရာတွေကို ဒီလောက်အသက်၂၀ကျော် ရှင်သန်ပြီးခဲ့တဲ့နောက်မှာတောင်မှ တကယ်ရှိတယ်လို့ ယုံကြည်ချင်နေရတာလဲ။ မင်းက အရူးလား”

 

စုန့်ချီကမူ အလွန်အမင်း စိတ်ရှုပ်ထွေးသွားပုံရပြီး ယန်ရှစ်ရွှမ်း၏ စကားနောက်တွင် ခေါင်းကိုသာ ဆက်တိုက်ခါနေပြီး သနားစဖွယ်လေး ပြန်ဖြေသည်။

 

“ငါ မသိဘူးလေ”

 

ယန်ရှစ်ရွှမ်းက သနားသလို ဟန်အမူအယာမျိုးနှင့် အနောက်ဘက်သို့ လက်ညိုး ညွှန်ပြသည်။ ထို့နောက် ထိုင်ခုံနေရာကို ပြန်သွားခိုင်း၏။

 

“သောက်ကျိုးနည်း မင်းက ဘာတွေလာကြည့်နေတာလဲ။ မင်း အိမ်ပြန်ပြီး ကာတွန်းပဲ ကြည့်နေသင့်တယ်”

 

စုန့်ချီကမူ ယန်ရှစ်ရွှမ်း၏ စကားလုံးများကြောင့် စိတ်ရှုပ်ထွေးသွားပြီး ရွေးချယ်စရာမရှိပဲ သူ ညွှန်ပြသည့်နေရာသို့ ပြန်သွားလိုက်ရသည်။

 

ယန်ရှစ်ရွှမ်း၏ ဘေးဘက်တွင် ထိုင်နေသည့် အရပ်ရှည်ရှည်နှင့် အမျိုးသား၏မျက်ဝန်းက အပြုံးအပြည့်နှင် ဖြစ်သည်။ သူဟာ သိချင်စိတ် ပြင်းပြသော အမူအယာမျိုးဖြင့် ယန်ရှစ်ရွှမ်းအား ငဲ့ကြည့်နေသည်။

 

ဘက်စ်ကား နောက်ဘက်တွင်မူ ဧည်သည်များက‌ ပျော်ရွှင်စွာနှင့် ဝံပုလွေရိုင်းတောင်ထိပ်နှင့် ပတ်သက်သည့် သူတို့သိထားသည့် အကြောင်းအရာများကို ပြောနေကြသည်။ ထိုသို့ဖြင့် အသီးအသီးသော ဖန်သားပြင်အခွဲများမှ ကြည့်ရှုသူများက စိတ်လှုပ်ရှားစွာဖြင့် ထပ်ခါတလဲလဲ ကွန့်မန့်  ပေးနေကြလေသည်။ ထိုသို့ဖြင့် ရယ်သံများက ပေါ်ထွက်နေလေသည်။

******