Ch 48
Viewers 6k

48 01

အပိုင်း(၄၈)

 

ထိုကားသည် ကျန်းဝူပင်း ရှိသော ဒါရိုက်တာကား ဖြစ်သည်။ ထိုကားသည် အရှေ့မှသွား ပြီး လမ်းရှာခြင်း၊ ပြဿနာများကို ကြိုတင်ဖြေရှင်းခြင်းတို့ကို တာဝန်ယူထားရလေရာ ခရီးသည်များပါသော ကားထက် ၁၀မိနစ်ကြို စောထွက်သွားခြင်း ဖြစ်သည်။

 

ထိုကားက ရပ်သွားသည်နှင့် ကျန်းဝူပင်းက ကားထဲမှ ခပ်မြန်မြန်ထွက်ပြီး ဒီဘက်သို့လာသည်။

 

“ယန်ကော ယန်ကော အရှေ့မှ လမ်းမရှိဘူး”

 

ကျန်းဝူပင်းက အဝေးမှ အဆုတ်များ ပေါက်ကွဲထွက်မတတ် အော်သည်။

 

“အရှေ့က တစ်တောင်လုံးအနှံ့ မိုးတွေရွာနေတာ။ မိုးက တအားသည်းတော့ တံတားကနေ ဖြတ်သွားဖို့တောင် မဖြစ်နိုင်လောက်ဘူး။ ဒါကြောင့် မူရင်းလမ်းကနေ သွားလို့ မဖြစ်တော့ဘူးထင်တယ်။ လမ်းပြောင်းရလောက်တယ်”

 

“မိုးမုန်းတိုင်းလား”

 

သူ အခုမြင်လိုက်ရတဲ့ ရွံ့တွေက အဲဒီမိုးကြောင့်ဆိုရင်တော့ မအံ့ဩတော့ပါဘူး။

 

ယန်ရှစ်ရွှမ်းက ခေါင်းညိတ်လိုက်လေသည်။

 

“ကောင်းပြီလေ”

 

ပရိုဂရမ်အသင်းက ယာဉ်သုံးစီး ပြင်ဆင်ထားသည်။ ယခင်တစ်ယောက်က ကွေ့တောင်မှ မတော်တဆမှုပြီးနောက် ကျန်းဝူပင်းသည် အရေးပေါ်ဆေးဝါးများနှင့် စားစရာများကို အထူးတလည် ပြင်ဆင်လျက် နောက်က ကားထဲသို့ ထည့်ခဲ့သည်။

 

ဒီနည်းအားဖြင့် ဒါရိုက်တာ၏ကားက အရှေ့မှ လမ်းဖွင့်ကာ ဦးဆောင်သွားရင်း အနှောက်အယှက်များကို ကြိုတင်ရှင်းလင်းထားနိုင်သလို ခရီးသည်ကားက အလယ်က လိုက်နိုင်တယ်။ ရိက္ခာပစ္စည်းများပါသော ကားက နောက်ဆုံးမှလိုက်ပြီး ခရီးသည်များ၏ လုံခြုံရေးကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

 

သို့ရာတွင် ယခုလေးတင် ဧည့်သည်ကားထဲမှ ဒါရိုက်ဘာက ရုတ်တရက် ဘရိတ် အုတ်လိုက်သောကြောင့် နောက်ဘက်မှကားက ရှေ့ဘက်မှကားကို ဆောင့်မတိုက်မိအောင် အချိန်နှင့်တပြေးညီ တားလိုက်ရသည်။ ရှေ့ဘက်မှ ကားကို မတိုက်မိရန် အလို့ငှာ ထိုကားမောင်းသမားသည် စတီယာတိုင်ကို ဆွဲလှည့်ပြီး ဘရီတ်ကို ဆောင့်အုပ်လိုက်ရ၏။ ထို့ကြောင့် သူသည် လမ်းဘေးဘက်ခြမ်းသို့ ကွေ့လိုက်ရပြီး ဘေးဘက်ရှိသစ်ပင်ကြီးနှင့် တိုက်လုနီးပါး နေရာမျိုးတွင်သာ မနည်း ရပ်လိုက်ရခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ရွံ့ထူနေသောလမ်းတွင် ဘီးရာကြီးက ထင်းလျက်ကျန်ရစ်ခဲ့သည်။ ကားဘီးများကလည်း ဘေးဘက်လယ်ကွင်း အစွန်းနားတွင်ရှိသော ရွှံ့အိုင်ထဲသို့ နစ်သွားသည်။

 

ကျန်းဝူပင်းက နောက်ဘက်သို့ အပြေးလာပြီး ရှေ့ဘက်မှလမ်းကို ဖြတ်သွား၍ မရနိုင်ကြောင်း ပြောသောအခါ အနောက်ဘက်ကားမှ ဝန်ထမ်းကလည်း ကားထဲမှ ထွက်လာကာ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

 

“ဒါရိုက်တာ ဒါရိုက်တာတို့ အရင်သွားတာ ကောင်းမယ်ထင်တယ်။ ဒီမှာကိစ္စတစ်ခု ဖြစ်နေလို့ ငါတို့ကားကို တွန်းထုတ်ရဦးမယ်”

 

ဧည်သည့်ကားထဲမှ ဧည်သည်များအားလုံးက အရေးပေါ် ဘရိတ်အုပ်လိုက်သော အခြေအနေကြောင့် ယမ်းခါသွားရာမှ အချင်းချင်း ဖေးမကူညီပြီး ထိန်းပေးနိုင်ချိန်တွင် နောက်ဘက်မှ ကားက ပြောလိုက်သည့် စကားသံကို ကြားလိုက်ပြီး အမျိုးသားဧည့်သည်များက ပြတင်းပေါက်များကို ဖွင့်ပြီး ချက်ချင်း လှမ်းမေးကြသည်။

 

“ငါတို့ ကူတွန်းပေးဖို့ လိုသေးလား။ ဒီမှာ လူတွေပိုများတာဆိုတော့ မြန်မြန်ပိုသွားနိုင်တာပေါ့”

 

အနောက်ဘက်ကားမှ ဝန်ထမ်းကမူ အစပိုင်းတွင် ပျော်ရွှင်သွားသည်။ သို့ရာတွင် ဧည့်သည်တစ်ယောက်ချင်းစီ၏ ပုခုံးပေါ်တွင် တပ်ဆင်ထားသည့် တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင် အခွဲကင်မရာများကို မြင်လိုက်ကြရပြီး ရိုက်ကူး နေကြောင်း သိသွားသည်။ ထို့ကြောင့် လက်ထောက်ဒါရိုက်တာက ခပ်မြန်မြန် လက်ယမ်းပြရင်း ပြောလိုက်သည်။

 

“လောင်ရှစ်တို့ ကားထဲမှာပဲ နေကြပါ။ အောက်ဘက်က လမ်းက တအား ညစ်ပတ်နေတာ။ ငါဆိုရင် နွံအိုင်ထဲကို ချော်လဲမိမတတ်ပဲ။ ငါ့ရဲ့ခြေထောက်ကိုတောင် မနည်းထုတ်ရတယ်”

 

အထူးသဖြင့် ယခုလိုမျိုး ပရိသတ်ပေါင်းများစွာ ရှိနေခြင်းကလည်း ထိုအနုပညာရှင်များ၏ အဆင့်အတန်းနှင့် သက်ဆိုင်နေရာ သူတို့ကို ပြုမူဆက်ဆံပုံကို သတိထားရမည် ဖြစ်သည်။ ထို့ကြောင့် ရှိုးသည် လူများကြောင့် နာမည်ကြီးခဲ့ခြင်း ဖြစ်သည်။ ပရိသတ်များက ရိုက်ကူးရေးအဖွဲ့က ဧည်သည်များကို ခပ်ကြမ်းကြမ်း ဆက်ဆံကြောင်း ထင်မြင်သွားခဲ့သော် အခြေအနေ မကောင်းနိုင်ချေ။ ထို့ကြောင့် ပို၍သတိထားသင့်သည်။

48 02

အန်းနန်ယွမ်ကလည်း ဝန်ထမ်း၏ စိုးရိမ်မှုကို သတိထားမိပုံရသည်။

 

“ကိစ္စမရှိဘူး။ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်အတွက်နဲ့ ကားတွန်းဖို့ ကူညီတာလောက်က ပြဿနာမရှိပါဘူး”

 

သို့သော် အန်တိုနီကမူ ပြုံးရင်း ပြောသည်။

 

“နန်ကောက ကူညီပေးချင်စိတ် အရမ်းရှိတာပဲ။ ဒါပေမယ့် နန်ကောရဲ့ ပရိသတ်သန်းငါးဆယ်က ယန်ကောရဲ့ ဒီလိုမျိုး ကားတွန်းရင်း ဒုက္ခရောက်နေတာကို မြင်ချင်ပါ့မလားနော်”

 

အန်းနန်ယွမ်၏ မျက်နှာက မဲမှေင်သွားသည်။

 

သို့သော် လက်ထောက် ဒါရိုက်တာကမူ ပို၍ပင်စိုးရိမ်သွားပြီး ချက်ချင်းဆိုသလို ထပ်ငြင်းပြန်သည်။ ထို့နောက် သူတို့ကို ကားထဲတွင်သာ ထပ်နေပြီး အပြင်သို့ မထွက်လာရန် ပြောလိုက်သည်။

 

ကြွက်သားများ ထိခိုက်နာကျင်သွားသော သရုပ်ဆောင်ကမူ ထိုအခါမှ စူးရှသော အော်သံကို ထုတ်လွှင့်သည်။

 

ယန်ရှစ်ရွှမ်းကမူ ထိုမင်းသမီး၏အော်သံကို မကြားချင်ယောင် ဆောင်ထားပြီး နောက်ဘက်သို့ပင် လှည့်မကြည့်ချေ။ ထိုအစား သူ၏လက်ကို အသာမြှောက်လျက် စတင်ကာ တွက်ချက်ကြည့်သည်။ ထို့နောက် ပြန်ထရပ်လိုက်ပြီး ကျန်းဝူပင်းအား လမ်းရှေ့မှ အခြေအနေကိုသာ မေးမြန်းလိုက်သည်။

 

“ရဲ့လန်တောင်ထိပ်ကို သွားချင်ရင် အရင်ဆုံး ပင်းဟိုင်မြို့ကနေ ထွက်ရမယ်။ အဲဒီနောက် ဘေးဘက်က တောင်စီရင်စုက နေထန်တောင်တက်လမ်းကနေ တောင်ကြားထဲကို ဖြတ်ထွက်ရမှာ။ အဲဒီနောက်မှာ တောင်စီရင်စုထဲကို ပြန်ဝင်ရမယ်။ ဒါပေမယ့် အခုနွေရာသီမိုးက သိသိသာသာပဲ စီရင်စုအပေါ်ပိုင်းမှာ တအားကြီးနေတော့ မြစ်ရေကိုလည်း မြင့်လာစေတယ်။ နောက်ပြီး ပင်းဟိုင်မြို့ အပြင်က မြစ်က တံတားကိုတောင် ကျော်နေပြီ”

 

ကျန်းဝူပင်းက ပြောသည်။

 

“ဒါကြောင့် ဒီလမ်းကို သုံးဖို့ကတော့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် မြစ်ကိုကွေ့ပတ်ပြီး ဘေးဘက်ခြမ်း တောင်စီရင်စုထဲကိုပဲ ဝင်သွားရမယ်”

 

သူက ထိုသို့ပြောပြီး သူ၏မိုဘိုင်းဖုန်းကိုသုံးကာ အလက်ထရောနစ်မြေပုံမှတဆင့် နောက်ထပ် လမ်းတစ်ခုကို ရှာရင်း ယန်ရှစ်ရွှမ်းကို ပြသည်။

 

သူ၏ ကျန်းဝူပင်း၏ ဖွဲ့စည်းတည်ဆောက်ပုံကို လေးနက်စွာ နားလည် သဘောပေါက် ထားမှု‌ကြောင့် ယန်ရှစ်ရွှမ်းသည် တစ်ဖက်သူ၏ အကြံအစည်ကို ဘယ်သောအခါမှ အလျင်စလို သဘောမတူခဲ့ချေ။ အမြဲတစေ တစ်စုံတစ်ရာဟာ မှားယွင်းနေသည်ဟု ခံစားနေရသည်။ သို့သော် ယန်ရှစ်ရွှမ်းက ဘေးဘီကို ဂရုတစိုက် ကြည့်ကြည့်သောအခါ ကျန်းဝူပင်းက ပြန်မောင်း လာခဲ့သော ဒါရိုက်တာ၏ကားက မိုးရေထဲတွင် ဒီအတိုင်း ရပ်ထားသောကြောင့် ဘီးတွင်လည်း တစ်ခုလုံးက ရွံ့များ ပေကျံနေကြောင်း မြင်လိုက်ရသည်။ သူတို့သည် ဘက်လမ်းတောက်လျောက် မည်သည့်မိုးအောက်မှ မရှိခဲ့ပါချေ။ သိသာစွာပင် တောင်တက်လမ်းက စီရင်စု နှစ်ခုလုံးကို သက်ရောက်သွားပုံ ပေါ်သည်။ ထို့ကြောင့် အရှေ့ဘက် တောင်တက်လမ်းပေါ်ရှိ မိုးက မရပ်နိုင် လောက်သေးချေ။

 

ယန်ရှစ်ရွှမ်းက ဖုန်းကိုထုတ်ပြီး နောက်ဆုံးမိုးလေဝသ သတင်းကြေငြာချက်ကို စစ်ဆေး ကြည့်လိုက်သည်။ အနီးအနားရှိ စီရင်စုများကို တဖန်ပြန်လည် စစ်ဆေးကြည့်ပြီး သူ၏ ခန့်မှန်းချက်ကို အတည်ပြုလိုက်၏။ ချက်ချင်း ဆိုသလိုပင် သူက လမ်းကြောင်းကို ပြန်ရှာလိုက်သည်။ ထို့နောက် ဖြတ်သွား၍ ရနိုင်လောက်ကြောင်း အတည်ပြုပြီးမှသာ ခေါင်းညိတ်ကာ ပြောလိုက်သည်။

 

“ဒီလမ်းက အဆင်ပြေတယ် သွားရအောင်”

 

“လူကြီးမင်းယန်၊ ဒါရိုက်တာ ကျေးဇူးပြုပြီး အရင်ထွက်သွားကြပါ။ ငါတို့တွေနောက်က လိုက်လာခဲ့ပါမယ်”

 

လက်ထောက်ဒါရိုက်တာနှင့် ဝန်ထမ်းတို့က လေးလံသော ကားဘီးကို ရွှံ့ထဲမှ မနေရင်း ခေါင်းကို မော့ကာ လှမ်းအော်လိုက်သည်။

 

“မိုးတွေရွာတာ ကြာနေပြီထင်တယ်။ မြေပြင်က တအားကို နူးအိပြီး တော်တော်လေးကို ဆိုးနေတာ။ ဘီးကိုတောင် ပြန်ဆွဲထုတ်ဖို့ ခက်နေသေးတယ်”

 

သို့သော် ဒါဟာ တိုက်ရိုက်ထုတ်လွှင့်တဲ့ ရှိုးတစ်ခုဖြစ်သည်။ ကျန်းဝူပင်းက ဧည့်သည်များကို အချိန်အကြာပြီး စောင့်ပေးခိုင်း၍ မရချေ။ ထိုအတွက်ကြောင့် သူဟာ သဘောတူလိုက်ရသည်။

 

“ဒါဆိုရင်လည်း ငါ မင်းကို လမ်းသစ် ပို့ပေးလိုက်မယ်”

 

လမ်းသစ်ပြောင်းသွားသည့် ကိစ္စက ယန်ရှစ်ရွှမ်းအား အလွန်အမင်း သတိ ကပ်နေစေသည်။ အထူးသဖြင့် ဒါရိုက်ဘာဟာ ယခုလေးတင် လူသားမျက်နှာကို မြင်လိုက်ရသည်ဟု ပြောလိုက်ချိန်တွင် ဖြစ်သည်။ ထို့အပြင် သူကိုယ်တိုင်ကပင် ကားပြတင်းပေါက် အပြင်ဘက်တွင် ထွက်နေကြသည့် အဝါရောင်လိုလို အရောင်မျိုးကို မြင်လိုက်သေးသည်။

 

သူက ကားထဲသို့ တိုက်ရိုက် ပြန်ဝင်ရမည့်အစား နောက်ဘက်ရှိ ကားထံသို့သာ လျှောက်သွားသည်။

48 03

လက်‌ထောက်ဒါရိုက်တာက ထိုအခြေအနေကို မြင်သောအခါ လှမ်း‌အော်သည်။

 

“အိုး မကောင်းတော့ဘူး အဝတ်တွေကို စိုကုန်တော့မယ်”

 

ယန်ရှစ်ရွှမ်းကမူ မာတင်ဘွတ်ဖိနပ်နှင့် အနက်ရောင်ဘောင်းဘီအပွရှည်ကြီးကို ထပ်ဝတ်လျက် လယ်ကွင်းထဲသို့ ခုန်ချ လာသည်။ ထိုအခါ ရွှံ့နွံများက ဘေးဘက်သို့ ဖိတ်စင် သွားသေးလေသည်။

 

လက်ထောက်က အနည်းငယ် ပဟေဠိ ဖြစ်နေ‌သေးသည်။ ယန်ရှစ်ရွှမ်းက ငုံ့ကိုင်းလာပြီး ရွှံ့နွံ့များ၊ ရေများကို ဂရုစိုက်ခြင်းမရှိပဲ ဘီးကို စစ်ဆေးကြည့်နေသော မြင်ကွင်းကိုသာ စောင့်ကြည့် နေလိုက်ရသည်။

 

“ဒီနေရာကို ဘယ်လို မောင်းလာခဲ့တာလဲ”

 

ရွှံ့နွံများ ပေကျံနေသော လမ်းပေါ်တွင်ရှိသည့် ဘရိတ်ဆွဲရာ အမှတ်အသားများနှင့် ဘီးပေါ်မှ အရာများကို မြင်ပြီးနောက် ယန်ရှစ်ရွှမ်းဟာ ဒီကားသည် လူလုပ်သော အမှားကြောင့်နှင့် ယခုလိုမျိုး ပြုတ်ကျသွားခြင်း ဖြစ်ကြောင်း သိလိုက်သည်။

 

သူဟာ မေးမြန်းလိုက်သေး၏။

 

“မင်းတို့ ကားပြတင်းပေါက်ကနေ တစ်ခုခုများ မြင်လိုက်လို့လား”

 

“တစ်ခုခုရှိလို့လား”

 

ဒါရိုက်ဘာ၏ပုခုံးက ကား၏ကို ယ်ထည်ကြီးကို ဖိတွန်းထားသေးသည်။ သူက ကြောင်ကြောင်အအ ပြန်ပြောသည်။

 

“ငါ ဘာမှတော့ မမြင်လိုက်ပါဘူး။ ဒါပေမယ့် အရှေ့ကကားက ရုတ်တရက် ဘရိတ်အုပ် လိုက်တာလေ။ ဒီတော့ နောက်ပိုင်းကို ဆောင့်တက်မိမှာကို စိုးရိမ်လို့ စတီယာတိုင်ကို ခပ်မြန်မြန် ဆွဲလှည့်လိုက်ရတာပဲ။ ဒါကြောင့် ရွှံ့တွေကြောင့် ကားဘီးက ချော်ပြီး ဒီကြားထဲကို ပြုတ်ကျသွားပြီး ပြန်မထွက်နိုင်တော့တာပေါ့”

 

ဒီနားရှိ လယ်ကွင်းက အနီးအနားတွင် ရွာအပိုင် ဖြစ်လောက်သည်။ ယန်ရှစ်ရွှမ်းသည်လည်း ယာခင်းထဲတွင် စိုက်ပျိုးထားသော ကောက်ပဲသီးနှံများကို မြင်နိုင်သည်။ အဝေးရှိ လယ်ကွင်းထဲတွင် ငှက်များကို ခြောက်ရန် ထားထားသော စာခြောက်ရုပ်ကိုလည်း မြင်နိုင်၏။ သို့ရာတွင် သူတို့၏ခြေထောက်အောက်ဘက်ရှိ ကွင်းပြင်ကမူ လစ်လျူရှုထားခံရသော အနေအထားမျိုးတွင် ဖြစ်သည်။ ကွင်း၏ အစွန်းနားပိုင်းတွင် သစ်ရွက်ခြောက်များ၊ ရွှံ့နွံများကိုလည်း ပြည့်နှက်နေ၏။ ဘီးက အတွင်းသို့ မြှပ်ဝင်သွားလေရာ ပြန်ဆွဲထုတ်ရန် ခက်ခဲနေသည်။ ဝန်ထမ်း ၁၀ယောက်ကျော်က အချိန်အတန်ကြာ အတူပူးပေါင်းပြီး ဆွဲတင်နေသည့်တိုင်အောင် အောင်အောင်မြင်မြင်နှင့် မ မတင်နိုင်သေးချေ။ မည်သို့ပင်ဆိုစေ ကားဟာ အလွန်လေးလံ လွန်းနေသည်။

 

ယန်ရှစ်ရွှမ်းက ထိုသို့ စဉ်းစားတွေးတောပြီးနောက် ချက်ချင်းလိုလို မတ်တပ်ထပြီး ဧည်သည့်ကားသို့ ပြန်လျှောက်မသွားချေ။ ထို့အစား သူကလည်း ငုံ့ကိုင်းလိုက်ပြီး သူ၏သွယ်လျသော လက်ဖဝါးများကို သုံးလျက် ကား၏ အစွန်းအောက်ပိုင်းသို့ တိုက်ရိုက်ဆွဲကိုင်လိုက်သည်။ ထို့နောက် မျက်လွှာကို ချရင်း အသက်ရှူသံကို ချိန်ညှိ လိုက်သည်။ တစ်ချိန်တည်းတွင်ပင် မနှေးလွန်း မမြန်လွန်းသော အသံမျိုးဖြင့် တစ်စုံတစ်ရာကို ရေရွတ်လိုက်သည်။

 

ဘေးဘက်ရှိ ဝန်းထမ်း၏စိတ်ရှုပ်ထွေးနေသော အကြည့်‌အောက်တွင် ယန်ရှစ်ရွှမ်းက ရုတ်တရက် မျက်လုံးကို ပြန်ဝင့်လာသည်။ ထိုအခါ ပြင်းထန်သည့် အားကိုလည်း တိုက်ရိုက် စိုက်ထုတ် လိုက်သေးပြန်၏။ သူ၏ လက်မောင်းရှိ ချောမွေ့ပြီး တင်းကြပ်သော ကြွက်သားများက တောက်ပလွန်းသော လိုင်းကြောင်းအတိုင်း ဆန့်ထွက်သွားသည်။ သူ၏လက်ဖဝါးနှင့်ကိုင်ထားသော ကားအစွန်းပိုင်းက သတ္တုချင်း ရိုက်ခတ်သံလို တစီစီအသံ ထုတ်လွှင့်လာပြီးနောက် တဖြည်းဖြည်းချင်း မတ်တပ် ထရပ်သော သူနှင့်အတူ မြှောက်တက်လာသည်။ ထို့နောက် ရွှံ့များကို တွန်းထုတ်သလိုမျိုး အသံမျိုးနှင့်အတူ ကားဘီးကလည်း ထိုရွှံ့အိုင်အတွင်းမှ ချောမွေ့စွာနှင့် ပြန်ဆွဲထုတ်လိုက်နိုင်သည်။

 

“!!!”

 

ဝန်ထမ်း၏မျက်လုံးက ပြူးကျယ်သွားသည်။ သူတို့လည်း “သောက်ကျိုးနည်း” ဟု တွေးနေကြလောက်၏။

 

ယန်ရှစ်ရွှမ်းဟာ လူဆယ်ယောက်ကျော်က မဖြေရှင်းနိုင်သည့် ကိစ္စကို တစ်ယောက်တည်း အားနှင့် ဖြေရှင်း နိုင်လိမ့်မည်ဟု မထင်ထားကြချေ။

 

သိရမှာက ဒီကားက အတွင်းက ပစ္စည်းတွေနဲ့ဆို နှစ်တန်လောက် လေးတယ်။ ဒါကို လူတစ်ယောက်က လက်ဗလာနဲ့ ဘယ်လိုများ မလိုက်တာလဲ။ သိပ္ပံနည်းမကျ‌တော့ဘူး။

 

“မင်းတို့ ဘာရပ်လုပ်နေတာလဲ။ ငါ မင်းတို့ကို အခက်ခဲဆုံးပြဿနာကို ကူညီပြီး ဖြေရှင်းပြီး သွားပြီ။ မင်းတို့ ကားကို လမ်းပေါ် ဆက်မတင် နိုင်တော့ဘူးလား”

 

ယန်ရှစ်ရွှမ်းက မေးစေ့ပင့်မောပြီး မှင်သက်နေသော ဝန်ထမ်းများကို ကြည့်ကာ ကားကို မောင်းသွားခိုင်းသည်။

 

“အိုး အိုး ကျေးဇူး ကျေးဇူး ကျေးဇူး အများကြီးတင်ပါတယ်။ ယန် ယန်ကော လူကြီးမင်းယန်။ ငါတို့ အကောင်းဆုံး ကြိုးစားပါ့မယ်”

48 04

ယန်ရှစ်ရွှမ်း၏ တိုက်တွန်းမှုအောက်တွင် ဝန်ထမ်းများအားလုံးက နိုးထလာသလို အသိဝင်လာကြပြီး အခြေအနေကို အခွင့်အကောင်းယူကာ ကားအား စိုက်ခင်းမြေအစွန်းနားမှ လမ်းပေါ်သို့ ပြန်မောင်း တင်လိုက်ကြသည်။

 

“ဒါပေမယ့် လူကြီးမင်းယန်”

 

ဝန်ထမ်းက မနေနိုင်ပဲ သိချင်စိတ်ပြင်းပြစွာနှင့် မေးသည်။

 

“ဒါရိုက်တာပြောတာ တကယ်ပဲလား။ လူကြီးမင်းယန်က သိပ္ပံနည်းမကျတဲ့ အရာတွေကို သိနေတာလား။ ဥပမာအနေနဲ့ ခွန်အားတိုးမြင့်တဲ့ ဂါထာမျိုး သိနေတာမျိုးလေ။ လူကြီးမင်းယန် အခုလုပ်လိုက်တာက အဲဒီလိုမျိုးလို့ ထင်တယ်။

 

“မင်း စိတ်ကူးယဉ်လွန်းနေတာ မဟုတ်လား။ ရုပ်ရှင်ကြည့်တာ များနေပြီ”

 

ယန်ရှစ်ရွှမ်းက အိပ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ပြီး ညစ်ပေသွားသော လက်ကို သုတ်သည်။

 

ဝန်ထမ်းကမူ ခေါင်းကုပ်ရင်း ရှက်ရွံ့စွာ ပြောသည်။

 

“အာ လူကြီးမင်းယန်က တအား သန်မာတာပဲ။ ငါတို့ လူအများကြီးနဲ့တောင် ဒါကို မ မနိုင်ဘူး။ ဒါပေမယ့် လူကြီးမင်းယန်ကတော့ တစ်ခါတည်း မလိုက်နိုင်တယ်။ ကြည့်ရတာ လူကြီးမင်းယန်ရဲ့လက်ထဲမှာ အလင်းတောင် လက်သွားသလိုပဲ။ ဟုတ်တယ် ဟုတ်တယ်။ ငါတို့ကွေ့‌တောင်မှာ တွေ့ခဲ့ရသလိုလေ”

 

ယန်ရှစ်ရွှမ်းက ဝန်ထမ်း၏ခန့်မှန်းမှုဟာ ချဲ့ကားလွန်းနေသည်ဟု ထင်နေသေးသည်။ သူက တစ်ဖက်သူ၏ စကားအတိုင်း ပြုံးရင်း ပြောလိုက်သည်။

 

“ဒါပေမယ့် ငါ့မှာအင်အားကြီးအောင် လုပ်နိုင်တဲ့ စွမ်းရည်တော့ ရှိတယ်။ သိချင်လား”

 

ဝန်ထမ်းက သိချင်စိတ်ပြင်းပြစွာနှင့် နားထောင်သည်။ ထိုအခါ ယန်ရှစ်ရွှမ်းက ပြောလိုက်သည်။

 

“မင်းတို့ ဖော်ဖီယာကို သိလား။ သူက ဆလပ်ရွက်စားရတာကို ကြိုက်တယ်လေ။ ဒါက သန်မာစေရုံ မကသေးပဲ အမြင်အာရုံကိုလည်း ကောင်းစေတယ်။ မင်းတောင် အခုလို ရွှေရောင်အလင်းတန်းကို မြင်နိုင်သေးတယ် မဟုတ်လား။ အဲဒီလို ပြဿနာတွေ မရှိစေရဘူး”

 

ဝန်ထမ်းအဖွဲ့ဝင် “.....”

 

ဖန်သားပြင်အခွဲမှတဆင့် စောင့်ကြည့်နေကြသော လူများသည်လည်း ဝန်ထမ်းနည်းတူ ကြောင်တောင်တောင် ဖြစ်သွားကြသည်။

 

[…]

 

[ငါလူး... ပြီးပြည့်စုံလွန်းတဲ့ အကြောင်းပြချက်ပဲ။ ကံကောင်းစွာနဲ့ ငါက မှတ်စုစာအုပ်တောင် ဖွင့်ပြီး အလေးအနက်ထားပြီး လိုက်မှတ်တော့မလို့လေ။ ဒါပေမယ့် ယန်ကောက ရုတ်တရက် ဆလပ်ရွက် စားရမယ်လို့ ပြောတယ်။ ဒါက ဘယ်လိုရလဒ်လဲ]

 

[ဟား ဟား ဟား ဟား ဖော်ဖီယာက ဆလပ်ရွက်ကြိုက်တယ်လေ။ ယန်ကော ပြောတာကလည်း သိပ္ပံနည်း ကျတာပဲ။ ယန်ကောရဲ့ ဦးနှောက်ဆားကစ်ကို လိုက်မှီဖို့ကတော့ ခက်တယ်]

 

[ဒါပေမယ့် ယန်ကော အခုလေးတင် လုပ်သွားတာက ငါ့ကို တော်တော်လေးကို အံ့အား သင့်သွားစေတယ်။ ဒီကားက အနည်းဆုံး တစ်တန်ကျော်တော့ လေးမှာပဲ။ နောက်ပြီး ဒါကို လူတစ်ယောက်တည်းက မလိုက်တာနော်။ ယန်ကောရဲ့အင်အားကတော့ မှင်သက်ဖွယ် ကောင်းလွန်းတယ်]

 

[ချက်ချင်း ပေါက်ကွဲထွက်လာတဲ့ စွမ်းအားတွေပေါ့။ လူတစ်ယောက်ရဲ့ အလားအလာက လှုံ့ဆော်ခံနေတဲ့အချိန်မှာ တိုးတက်လာနိုင်တယ်လို့ ဆိုလိုကြတယ် မဟုတ်လား။ သူ့ရဲ့ခွန်အားက ပုံမှန်ရဲ့ သုံးဆလောက်အထိ မြှင့်တက်သွားတာ ထင်တယ်။ နောက်ပြီး ယန်ကောရဲ့ ကြွက်သားတွေ ဘယ်လောက်ချောမောနေလဲ ကြည့်ပါဦး။ နောက်ပြီး ဂျင်မှာလာကစားနေတဲ့ လူ‌တွေရဲ့ တောင့်တင်းသေဆုံးနေတဲ့ ကြွက်သားတွေလိုမျိုး ကြည့်ရလဲ ဆိုးမနေဘူး။ ဒါက နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတာကြောင့် ရလာတဲ့ ရလဒ်မျိုး ထင်တယ်။ ဒါကြောင့် ဒီလိုအင်အားမျိုး ရှိတာက ပုံမှန်ပါပဲ]

 

[ဘာလို့ အားလုံးပဲ သိပ္ပံနည်းကျကျ တွေးနေရတာလဲ။ ငါကပဲ ယန်ကောက အင်အား တိုးမြှင့်စေလောက်တဲ့ ဂါထာမျိုးကို ရွတ်ဆိုလိုက်တယ်လို့ ထင်နေတာလား]

 

[ဒါက လုံးဝကို စစ်မှန်လွန်းတယ်။ လမ်းကို ဖြတ်လို့မရဘူး။ ဒီတော့ ယာယီအားဖြင့် လမ်းကြောင်းပြောင်းရတော့မယ်။ ကားဘီးကလည်း နွံအိုင်ထဲမှာ နစ်သွားတယ်။ ဒါက ကားနဲ့ခရီးသွားတဲ့အခါမှာ တွေ့ရနိုင်တဲ့ ဒုက္ခများတဲ့ ကိစ္စမျိုး မဟုတ်လား။ ဒီရှိုးရဲ့ဇာတ်ညွှန်းက တော်တော်လေး ကောင်းတာပဲ။ ငါက တော်‌တော် လေးစားမိတယ်။ ဒါတောင်မှ မိုးသည်းလွန်းနေတာကြောင့် အပြင်မထွက်နိုင်တဲ့ ငါ့ကို အပြင်မထွက် ဒီရှိုးကို ထိုင်ကြည့်နေမိစေတယ်လေ။ အရမ်းလန်းတာပဲ]

 

[သောက်ကျိုးနည်း ရှစ် အုတ်ဂျုံတွေက တအား စိတ်လှုပ်ရှားနေပြီ။ ယန်ကောက တအား ကြည့်ကောင်းသွားတာကို မြင်လိုက်လား။ အခုလေးတင် ယန်ကောရဲ့ကြွက်သားလှိုင်းကို မြင်လိုက်ကြသေးလား။ စိတ်မရှိပါနဲ့ ငါက ဒါကိုပဲ သေချာ မြင်လိုက်လို့ပါ။ ငါ ယန်ကောရဲ့လှပလွန်းတဲ့ မျက်နှာကို စခရင်ရှု ရိုက်ထားလိုက်ပြီ။ ငါ ဒါကို ကြည့်ရုံနဲ့တင် ချစ်မိသွားပြီ။ မမျှော်လင့်ထားပဲ ငါက ဒီ‌လောက် ခန္ဓာကိုယ်တည်ဆောက်ပုံ အချိုးကျလွန်းတဲ့ တစ်စုံတစ်ယောက်ရဲ့ ပရိသတ် ဖြစ်နေတာပဲ]

48 05

[ဟိတ် အပေါ်က တစ်ယောက်။ အပေါ်က အုတ်ဂျုံ တံတွေးတွေ သုတ်လိုက်ဦး။ ယန်ကောက မင်းကို သဘောမကျဘူး ဟုတ်ပြီလား။ ဒါပေမယ့် ယန်ကောက ဟော်မုန်းတွေအပြည့်နဲ့ အင်အားအပြည့်အဝ ရှိနေတာ သေချာတာပဲ။ ငါက မသိရင် နှာဘူး တစ်ယောက်လိုပဲ။ ငါ ငါ့အိမ်မှာငါ ထိုင်ပြီး ပေါင်ကို ရိုက်လို့ အော်ရယ်နေတာနဲ့ ဒေါ်လေးကတောင် လာမေးနေပြီ။ ဘယ်လိုပဲ ကြည့်ကြည့် ယန်ကောက တအား လန်းလွန်းတယ်]

 

******