Chapter 87
ရုတ်တရက်ဆိုသလို သူယွမ်ရှင်းကျဲရှေ့သို့လျောက်လာကာ ခြေတစ်လှမ်းအကွာ၌ရပ်တန့်လိုက်သည်။
ယွမ်ရှင်းကျဲ ပို၍ပြင်းထန်သော အေးမြသည့်အမွှေးနံ့အားရှုမိသွားပြီး ၎င်းမှာလော့ဝမ်ချွမ်း၏ခန္ဓာကိုယ်မှလာသည့်ပုံပင်။
ထိုအနံ့မှာ သူကိုင်ထားသည့် နာနိုဝတ်စုံ၏အနံ့နှင့်ဆင်တူလေသည်။
ယွမ်ရှင်းကျဲ၏သိချင်စိတ်မှာ အနည်းငယ်ပြင်းပြလာသောကြောင့် လော့ဝမ်ချွမ်း၏အရှေ့သို့မှီချလိုက်ပြီး ဂရုတစိုက်ဖြင့် အနံ့ခံကြည့်လိုက်သည်။
ထို့နောက် လော့ဝမ်ချွမ်းအား ဝေခွဲမရသည့်ပုံဖြင့် ကြည့်လျက် " ဘာလို့ခင်ဗျားကိုယ်ကအနံ့က ဒီနာနိုဝတ်စုံနဲ့အရမ်းတူနေရတာလဲ.."
လော့ဝမ်ချွမ်း ထိုကောင်ငယ်ကလေးအား အမှန်တရားကိုပြောမည်ပြုလိုက်သော်လည်း သူဘယ်တော့မှမထင်ထားခဲ့သည်မှာ ထိုကောင်လေးသည် သူ့အပေါ်တိုက်ရိုက်မှီချလာပြီး သူ၏လည်ပင်းနားသို့ နမ်းရှုံ့ကြည့်နေစဉ်မှာပင် ရှက်မသွားခဲ့ချေ။
" တကယ့်ကိုအတူတူပဲ…"
ယွမ်ရှင်းကျဲ သူ၏မျက်လုံးများကို တဖြည်းဖြည်းချင်းဖွင့်လိုက်ကာ လက်ကိုဆန့်၍ လော့ဝမ်ချွမ်း၏ညာဘက်ကော်လာကိုကိုင်ထားပြီး အံ့ဩနေသည့်ပုံဖြင့်
" ဒါကခင်ဗျားရဲ့ဟာမဖြစ်နိုင်…."
သူ၏ခေါင်းကိုမော့လိုက်ချိန်တွင် သူတို့နှစ်ဦးကြားရှိ အကွာအဝေးသည် အလွန်အမင်း…
သူ၏ကော်လာအားဆုပ်ကိုင်ထားသည့်ခံစားမှုကြောင့် လော့ဝမ်ချွမ်း လည်ပင်းတလျှောက်တင်းကြပ်မှုကြောင့် သူ၏လည်ပင်းအနောက်ဘက်တွင် အနည်းငယ်ဆွဲကိုင်ထားသကဲ့သို့ ခံစားနေခဲ့ရသည်။
သူကူကယ်ရာမဲ့စွာဖြင့် ငုံ့ချလိုက်ပြီး ယွမ်ရှင်းကျဲဦးဆောင်ရာသို့သာ ယိမ်းလိုက်လေသည်။
လေ့ာဝမ်ချွမ်း၏ သန့်ရှင်းစင်ကြယ်ပြီး ခန့်ညားသောမျက်နှာမှာ သူ၏ရှေ့တွင် အကြိမ်မရေမတွက်နိုင်အောင် အလွန်နီးကပ်စွာထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ သူ့၏ဦးနှောက်အား ဗလာဖြစ်သွားစေခဲ့ပြီး ထိုအခိုက်အတန့်တွင် မည်သည့်စကားဆက်ပြောရမည်အား မေ့လျော့သွားစေ၏။
သူတို့နှစ်ဦး၏အသက်ရှုသံများမှာ ရောယှက်နေခဲ့သည်။
ယွမ်ရှင်းကျဲသတိဝင်လာရန် အချိန်အနည်းငယ်လိုလိုက်ပြီး ဝေဝါးနေသည့်အမူအယာဖြင့် ပြောလာခဲ့သည်။
" ဝမ် ဝမ်…" ( လော့ဝမ်ချွမ်းတွင်ပါသော ဝမ် နှင့် အနံ့ ဟူသော ဝမ် )
လော့ဝမ်ချွမ်း၏တစ်ကိုယ်လုံးတောင့်ခဲသွား၏။ ထိုအချိန်၌ သူ၏ထက်ရှနေသော မျက်ခွံများမှာ အနည်းငယ်ဝေဝေဝါးဝါးဖြစ်နေပုံပင်။
ယွမ်ရှင်းကျဲပြောခဲ့သည့်အရာမှာ " မင်းလည်းအနံ့ရတယ်လား " ဟူ၍ဖြစ်ခဲ့သော်လည်း သူ၏ဦးနှောက်ခဏတာအေးခဲသွားခြင်းကြောင့် စကားအားပြည့်စုံနိုင်စေရန် အချိန်အနည်းငယ်ကြာခဲ့လေသည်။
လော့ဝမ်ချွမ်း၏နားထဲတွင်မူ ထိုစကားမှာ သဘာဝကျစွာ ဝမ်ဝမ်အဖြစ်ပေါင်းစည်းသွားခဲ့သည်။
၎င်းမှာ သူ့အားသဘောကျသည့် အိုမီဂါဖန်များက ပေးခဲ့သော တိရစ္ဆာန်နာမည်ပင် မဟုတ်ပါ၏လော…
ယွမ်ရှင်းကျဲ လျင်မြန်စွာ သတိဝင်လာပြီးနောက် အနောက်ဘက်သို့ အမြန်ဆုတ်လိုက်ကာ ထိုခန့်ညားသည့်မျက်နှာအား ဆွဲဖယ်လိုက်ပြီး တံတွေးမြိုချလျက် " ကျွန်တော်ပြောချင်တာက… ခင်ဗျားအနံ့ခံကြည့်မယ်ဆိုရင် အဲ့အနံ့ကအရမ်းတူတယ်ဆိုပြီးတော့ပါ…"
လော့ဝမ်ချွမ်း၏လက်ချောင်းများမှာ တုန်ယင်နေခဲ့သည်။ သူ၏မျက်လုံးမှာ ယွမ်ရှင်းကျဲ၏ပါးပြင်ပေါ်၌သာရှိနေခဲ့ပြီး ခန္ဓာကိုယ်မှာမူ ယခုပင်ကြားလိုက်ရသော ဝမ်ဝမ်ဟူသည့်စကားကြောင့် တုန်ခါနေခဲ့သည်။
သို့သော်လည်း သူ၏ဦးနှောက်မှာ မည်သည့်နေရာ၌ မှားယွင်းနေခဲ့သည် မသိပေ။ ထိုစကားအားထပ်မံကြားချင်နေသေး၏။
ထိုအချိန်၌ ယွမ်ရှင်းကျဲ လုရန်ရှူထံမှ အသံဖြင့်ပေးပို့သောစာတစ်စောင်ရရှိလိုက်သည်။
သူအလျင်အမြန် မှတ်ဉာဏ်တုအား ဖွင့်လိုက်ပြီး ထိုကို့ရို့ကားယားအခြေအနေအား ကာကွယ်ရန်ပြင်ဆင်လိုက်ရသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် လုရန်ရှုန်၏အလေးမထားသောအသံမှာ မှတ်ဉာဏ်တုမှထွက်ပေါ်လာ၏။
" ချီယုက အိုမီဂါဆောင်ရဲ့အောက်ထပ်ကိုပေါက်ချလာပြန်ပြီလေ ပြီးတော့ ငါတို့အဆောင်ထဲ မင်းကိုရှာဖို့လွှတ်လိုက်သေးတယ်တဲ့…မနက်ဖြန်ကျရင် မင်းနဲ့နှစ်ယောက်တည်းစကားပြောချင်တယ်ပြောတယ်…"
ထိုအသံအားကြားလိုက်ရပြီးနောက် အဆုံးတွင်လော့ဝမ်ချွမ်းသတိဝင်လာခဲ့ပြီး အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုစကားအားနားထောင်ပြီးနောက် ယွမ်ရှင်းကျဲ လက်ထဲရှိနာနိုဝတ်စုံအားပစ်ရန်ပြင်လိုက်သော်လည်း ထိုသို့လုပ်ရန်အချိန်မရှိခင် ရုတ်တရက်ဆိုသလို သူ့ရှေ့တွင် ရပ်နေသည့် အရပ်မြင့်မြင့်နှင့်လူကို မြင်လိုက်ရပြီး ထိုလူမှာသူ၏မျက်လုံးရှေ့မှ အလင်းရောင်အား ပိတ်ဆို့နေခဲ့သည်။
အံ့ဩနေမှုကြောင့် ယွမ်ရှင်းကျဲ သူ၏ရှေ့တွင် အမူအယာကင်းမဲ့စွာရှိနေသော လော့ဝမ်ချွမ်းအားကြည့်ရန်အတွက် ခေါင်းမော့လိုက်သည်။
အနီးကပ်ကြည့်ရှူလိုက်ချိန်၌ လော့ဝမ်ချွမ်း၏မျက်လုံးများမှာ အနည်းငယ်ပြင်းထန်သော ခံစားချက်များအား သယ်ဆောင်ထားပုံပင်။
ထို့ကြောင့် ယွမ်ရှင်းကျဲလည်း မေးလိုက်ရတော့သည် " ဘာဖြစ်လို့လဲ…"
လော့ဝမ်ချွမ်းနောက်ထပ်ခြေတစ်လှမ်းတိုးလာခဲ့ပြီး စကားမပြောရသေးခင်မှာပင် ပြင်းထန်သောအကျပ်ကိုင်သည့်ခံစားချက်မျိုးကိုပေးစွမ်းနိုင်ခဲ့သည်။
ယွမ်ရှင်းကျဲအနောက်သို့ဆုတ်ရန်သာတတ်နိုင်ပေမည်။ သူ့၏နောက်တွင် မြင့်မားသော အနက်ရောင်မက်ခါကြီးရှိနေကာ အေးစက်နေသောမက်ခါ၏ခြေထောက်များမှာ သူ၏နောက်ကျောအားထိမိသွားပြီး အသက်ရှုသံမှာလည်းတိုတောင်းလာလေသည်။
သူတို့နှစ်ဦးအလွန်နီးကပ်နေသဖြင့် လော့ဝမ်ချွမ်း၏ကိုယ်မှအေးမြသောအမွှေးနံ့မှာ ယွမ်ရှင်းကျဲ၏နှာခေါင်းထဲသို့ထပ်မံဝင်ရောက်လာခဲ့သည်။ ၎င်းမှာ အရင်တစ်ခါထက်ပင်ပို၍ပြင်းထန်နေကော ဟော်မုန်းများရောစပ်နေပါဝင်နေ၏။
စက္ကန့်အနည်းငယ်အကြာတွင် လော့ဝမ်ချွမ်းသူ၏ခေါင်းကိုငုံ့ကာ ကိုင်းချလာခဲ့သည်။ သူ၏ဦးခေါင်းမှာ ယွမ်ရှင်းကျဲ၏နားရွက်နားတွင် နီးကပ်နေခဲ့ပြီး လက်ကိုဆန့်ကာ သွယ်လျသောသူ၏လက်ချောင်းများမှာ ယွမ်ရှင်းကျဲ၏လက်အနောက်ဘက်ကိုထိတွေ့လာခဲ့သည်။
ယွမ်ရှင်းကျဲ၏ မျက်လုံးများ ဝိုင်းစက်သွားရတော့သည်။
သူမယုံနိုင်ခဲ့သည်မှာ လော့ဝမ်ချွမ်းကဲ့သို့ ပုံမှန်အားဖြင့် အလွန်အေးစက်ကာ အိုမီဂါများအားရှောင်ရှားသည့်လူသည် သူနှင့်အလွန်နီးကပ်စေရန် အခွင့်အရေးယူလိမ့်မည်ဟု မထင်ထားမိခဲ့ချေ။
စက္ကန့်အနည်းငယ်အကြာတွင် လော့ဝမ်ချွမ်း၏လက်ချောင်းများမှာ ယွမ်ရှင်းကျဲ၏လက်အနောက်ဘက်သို့ ဖြတ်ကျော်သွားပြီး နာနိုဝတ်စုံကိုလှမ်းယူလိုက်လေသည်။
ထိုကဲ့သို့ရှု့ထောင့်မှ ယွမ်ရှင်းကျဲသည် လော့ဝမ်ချွမ်း၏ နားရွက်များနှင့် ကျယ်ပြန့်သော ပခုံးပြင်တစ်ဝက်ခန့်ကိုသာ မြင်နိုင်ခဲ့သည်။
87.2
တစ်ဖက်လူမှရှူထုတ်လိုက်သောလေမှာ သူ၏နားနားသို့ ဖြတ်သန်းသွားပြီး…
ထိုအချိန်၌ ကြည်လင်နေသောအသံတစ်ခုထွက်ပေါ်လာခဲ့ကာ အနည်းငယ်မသာမယာဖြစ်နေပုံပေါ်နေခဲ့သည်။
" အနံ့ကအတူတူပဲလား…"
ယွမ်ရှင်းကျဲသတိပြန်ဝင်လာပြီးကြောင့် မသိစိတ်ကြောင့် ခေါင်းငြိမ့်လိုက်ကာ " အမ်း "
လော့ဝမ်ချွမ်း တည်ငြိမ်အေးစက်နေသောအသံဖြင့်ပြောလာခဲ့သည်။
" နှာခေါင်းကအတော်လေးစူးရှပုံမဲ့ပဲ… "
သူ၏စကားများအားကြားလိုက်ရပြီးနောက် ယွမ်ရှင်းကျဲမှာတောင့်တင်းသွားရပြီး သူ၏ဦးနှောက်ကထိုစကား၏အဓိပ္ပါယ်အား လျင်လျင်မြန်မြန်သဘောမပေါက်လိုက်နိုင်ခင်အထိ ဝေဝါးနေကာ ထို့နောက် ရှော့သွားမှုကြောင့် ချက်ချင်းဆိုသလိုထအော်လိုက်သည်။
" ခင်ဗျားပြောတာက.. ဒီမက်ခါကအရင်ကခင်ဗျားဟာပေါ့…"
သူကြောင်အနေစဉ်မှာပင် လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲလက်ထဲမှနာနိုဝတ်စုံအားလှမ်းယူလိုက်ပြီး တစ်ချက်လှမ်းကြည့်လိုက်ကာ ပြောလာလေသည်။
" မင်းဘယ်လိုထင်လဲ…"
သူဝယ်လာမိသော တစ်ပတ်ရစ်မက်ခါ၏မူရင်းပိုင်ရှင်မှာ လော့ဝမ်ချွမ်းဖြစ်နေမည်ဟု ယွမ်ရှင်းကျဲမထင်ထားခဲ့ချေ။
သူမှတ်မိသွားသည်မှာ ထိုမက်ခါအားပုံဆိုးပမ်းဆိုးဖြင့်သည်အထိ အသွင်ပြောင်းပေးမိသည့်အပြင် လော့ဝမ်ချွမ်း၏ရှေ့တွင်ပင် ယှဉ်ပြိုင်ရန်အတွက် ပန်းရောင်အလင်းဓားကိုတပ်ဆင်ထားခဲ့မိရာ ရှော့ရနေမှုကြောင့် အသက်အောင့်ထားမိတော့သည်။
" ကျွန်တော် ကျွန်တော်က…"
ယွမ်ရှင်းကျဲအရှက်သည်းစွာပြောလာခဲ့သည်။
"ကျွန်တော်ဒါကိုမသိခဲ့လို့ပါ ဒါကိုအရုပ်ဆိုးအောင်လုပ်ဖို့မရည်ရွယ်ခဲ့ပါဘူး…"
" ဘယ်လိုပဲဖြစ်ဖြစ် မင်းလဲပစ်လိုက်တော့မှာပဲဆိုတော့…" လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲအားကြည့်ကာ ဖြည်းဖြည်းချင်းပြောလာခဲ့သည် " အဲ့ဒါဆိုရင်လည်း…"
လော့ဝမ်ချွမ်းလက်ထဲရှိမောင်းနှင်သူဝတ်စုံအား ယွမ်ရှင်းကျဲအလျင်အမြန်ဆွဲယူလိုက်ကာ " စီနီယာ ကျွန်တော်ဒါကိုမပစ်ပါဘူး…ကျွန်တော်ကောင်းကောင်းသိမ်းထားပါ့မယ်…ဒါကခင်ဗျားအရင်ကသုံးခဲ့တဲ့ဝတ်စုံပဲလေ … ပြီးတော့ မက်ခါကောပဲ ကျွန်တော်သေချာပေါက်ကောင်းကောင်းထိန်းသိမ်းပါ့မယ်…"
ယွမ်ရှင်းကျဲထိုသို့ပြောသည်အားကြားလိုက်ပြီးနောက် လော့ဝမ်ချွမ်း ဝတ်စုံအားပြန်ပေးလိုက်လေသည်။
ယွမ်ရှင်းကျဲမှာ အဘယ့်ကြောင့် လော့ဝမ်ချွမ်းထိုမျှဖိအားပေးလာသည်အား မသိခဲ့ရချေ။ သူ၏စိတ်အခြေအနေမကောင်းသည့်ပုံပင်။
ဖြစ်နိုင်သည်မှာ သူ၏မက်ခါအားထိုမျှကြည့်ရဆိုးသည်အထိပြောင်းလဲထားခြင်းကြောင့်ပင်ဖြစ်မည်။
ထိုအကြောင်းသာဆိုပါက သူသည်အရင်အချိန်ထဲက စိတ်ဆိုးသင့်သည်မဟုတ်ပါလော…
" စီနီယာ ဒါကကျွန်တော်တို့ရေစက်ရှိတယ်လို့ပြောနေတာပဲ…"
ယွမ်ရှင်းကျဲလော့ဝမ်ချွမ်းအားပြောလိုက်ကာ " ကြည့်ဦးလေ ထိုအချိန်တုန်းက အဲ့ဒီမက်ခါကိုခင်ဗျားပိုင်တယ်ဆိုတာ ကျွန်တော်မသိခဲ့တာတောင် တစ်ချက်ထဲနဲ့ ကျွန်တော်သဘောကျသွားမိခဲ့တာ…"
" တကယ်လား…"
လော့ဝမ်ချွမ်းမျက်ခုံးပင့်ကာ တဖြည်းဖြည်းချင်းမေးလာခဲ့သည်။
" ဘာလို့လဲ ကိုယ်ထင်တာတော့အဲ့ဒါကဈေးပေါလို့မဟုတ်ဘူးလား…."
" အမ်…" ယွမ်ရှင်းကျဲသီးသွားပြီး " အဲ့လိုလဲမဟုတ်ပါဘူး…"
" အဲ့ဒါဆို လက်ခံလိုက်လိုက်…" လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲအားစိုက်ကြည့်လာကာ သူ၏အသံမှာပျော့ပြောင်းသွားပြီး " ရေစက်အနေနဲ့…"
ယွမ်ရှင်းကျဲမှာ ကြောင်အသွားရပြီး လော့ဝမ်ချွမ်းထိုသို့ပြောလာမည်အား မထင်ထားခဲ့ချေ။
နာနိုဝတ်စုံအားပြန်ယူလိုက်ပြီးသည်နှင့် လော့ဝမ်ချွမ်း၏အခြေအနေမှာ မူလအချိန်သို့ပြန်ရောက်သွားခဲ့ပြီး ယခုပင်ရှိနေခဲ့အေးစက်မှုများ မြူမှုန်မျှပင်မကျန်တော့သည်အထိ ပျောက်ကွယ်သွားခဲ့သည်။
မက်ခါနှစ်ခုစလုံးအား အဆင့်မြင့်တင်ပြီးချိန်တွင် သူတို့၏စွမ်းရည်များ သိသိသာသာ တိုးတက်လာခဲ့သည်။
ယွမ်ရှင်းကျဲ၏မက်ခါမှာ Aအဆင့်သို့ရောက်ရှိလာသဖြင့် ပုံစံအသစ်တစ်မျိုးဖြစ်နေခဲ့သည်။ ၎င်းမှာ မြင့်မားပြီး အလင်းရောင်အောက်တွင် ခန့်ညားနေကာ သူတရားဝင်အနေဖြင့် Aအဆင့်မက်ခါတိုက်ခိုက်သူတစ်ဦးဖြစ်လာသည်ဟုဆိုလိုနေပြီး ကွင်းပြင်ထဲတွင် ခရီးအသစ်စတင်တော့မည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲ၏မက်ခါပြင်ဆင်ထားသည်အား ကြည့်ပြီးနောက် အချိန်ခဏကြာအထိ ကြောင်အသွားပြီ " ဘာလို့ မင်းကြောင်ကအရင်အတိုင်းပဲဖြစ်နေရတာလဲ…"
သူချန်လှပ်ခဲ့သည့် နောက်ဆုံးစကားလုံးမှာ ရုပ်ဆိုးသည်ဟူ၍ဖြစ်ပေမည်။
ယွမ်ရှင်းကျဲရှင်းပြလိုက်သည် " ဘာလို့ဆို အဲ့မှာက မှော်ငွေသတ္တုတွေပါတာမလို့ ဒီတိုင်းပေါ့ပေါ့ပါးပါးပြင်ပေးလိုက်လို့မရဘူးလေ မဟုတ်ရင် ပါဝင်ပစ္စည်းတွေဖြုန်းတီးနေသလိုဖြစ်နေလိမ့်မယ်…"
လော့ဝမ်ချွမ်းသူ့ကိုသူသာ နှစ်သိမ့်လိုက်လေသည် " ထိုကြောင်မှာ အလွန်ကြည့်ရဆိုးနေသေးသော်လည်း မူရင်းမက်ခါ၏အဓိကတည်ဆောက်ပုံမှာပို၍ကြည့်ကောင်းလာသည့်ပုံပင်။
ပိုင်ရှင်သည် တိရစ္ဆာန်ထက်ပို၍ကြည့်ကောင်းသည်။
ကျန်သည့်နှစ်ရက်အတွင်းတွင် ယွမ်ရှင်းကျဲမှာ ချီယု၏စကားပြောရန်တောင်းဆိုလာမှုအား အားလျစ်လျူရှုထားမြဲသာဖြစ်သည်။
သူသည် အများအမြင်ရှေ့နှင့် ကိုယ်ပိုင်အချိန်ကြား ကွာခြားချက်ဟူသောစကားလုံးကို ထိုးထွင်းသိမြင်လာသည်အထိ မြင်သာအောင်ရှင်းပြနေခဲ့သည်။
ရစ်ချက် ယွမ်ရှင်းကျဲနှင့်အခြားသူများ၏ရလဒ်များအားစစ်ဆေးရန် လာရောက်ချိန်တွင် ယွမ်ရှင်းကျဲအခြားအသင်းဖော်များနှင့်ကောင်းကောင်းပူးပေါင်းနိုင်မည်ဟု အတော်လေးမျှော်လင့်မထားခဲ့ချေ။
မည်သို့ပင်ဖြစ်စေ ယွမ်ရှင်းကျဲ၏စွမ်းရည်မှာ အရာအားလုံးအားပြသနေခဲ့သည် သူ၏အင်အားမှာ မည်မျှပင်ဖြစ်နေပါစေ သူ၏စိတ်နေစိတ်ထားမှာ ရင့်ကျက်နေသည်။
ယွမ်ရှင်းကျဲအပေါ်တွင်ထားရှိသော ရစ်ချက်၏အမြင်များ အနည်းငယ်ပြောင်းလဲသွားခဲ့သော်လည်း သူ၏ခွန်အားမှာ အားနည်းချက်ကြီးတစ်ခုဖြစ်နေသေးသည့်အတွက် သူအများကြီးမချီးမွန်းခဲ့ချေ။
ရစ်ချက်ပြောသည်မှာ " ဂျက်ကော့ရဲ့သုံးယောက်အဖွဲ့ကလည်း အတော်လေးကောင်းတယ် သူတို့တစ်ဦးချင်းပြိုင်ပွဲဝင်တွေလောက်မသန်မာပေမဲ့လည်း ပုံမှန်အရဆိုရင် နိုင်ဖို့ဘာအခက်အခဲမှမရှိတဲ့အတွက် မင်းတို့ကစားတဲ့အချိန်ကျရင် ပိုပြီး ပြောင်းလွယ်ပြင်လွယ်ဖြစ်နေဖို့လိုတယ်…"
သုံးဦးစလုံး ပြန်ဖြေလိုက်၏ " ဟုတ်ကဲ့ပါ "
ချီယု ယွမ်ရှင်းကျဲအား ကြည့်လိုက်ပြီး ယခုအချိန်တွင် သူသည်အတော်အတန်စိတ်ပျက်နေမိပြီဖြစ်သည်။ ယွမ်ရှင်းကျဲမှာ သူလက်လှမ်းမီသည့်နေရာနှင့် မိုင်ပေါင်းထောင်ချီကွာဝေးနေသကဲ့သို့နေနေခဲ့သဖြင့် သူတို့အတူကစားခွင့်ရခဲ့သော်လည်း အရင်ထက်ပို၍ စိမ်းသက်နေခဲ့ကြသည်။
သူ့တွင်နောက်ထပ်အခွင့်အရေးပင် ကျန်ရှိပါသေးရဲ့လား…
xxxxxxx