Ch 67
Viewers 6k

67 01

အပိုင်း(၆၇)

 

ထိုညစ်ညမ်းသောအရာက သူ၏မျက်လုံးအကြည့်ကိုပင် ခံရရန် မထိုက်တန်သလို ဖြစ်သည်။

 

“မင်းက တကယ်ပဲ ငါ့ကို တိုက်ခိုက်ချင်တာပဲ”

 

ထိုအမျိုးသား၏အသံက အရေးမပါသော အရာတစ်ခုကို ပြောနေသလို ခံစားချက်မဲ့သည်။

 

“မင်း ဘာလုပ်နိုင်မှန်း မင်းတောင် မသိလောက်ဘူး”

 

သူ၏အသိစိတ်က သေဆုံးခြင်းနှင့် ရှင်သန်ခြင်းအခြား နယ်နိမိတ်အတွင်းသို့ ကျသွားကာစ ဖြစ်သောကြောင့် သူ၏အမြင်ဟာ ဝေဝါးနေလေရာ သူ့ကိုသတ်သောသူ၏ မျက်နှာကို မမြင်နိုင်လေချေ။ သို့သော် ရုတ်တရက် ထိုကြွက်ကြီးက တွန့်လိမ့်သွားပြီး ချက်ချင်းလိုလို တောင့်တင်းသွားလေသည်။

 

_ _ _

 

သူက မြေအောက်လောကအတွင်းသို တဖြည်းဖြည်းချင်း နစ်မြှပ်သွားသော အခိုက်အတန့်တွင် ထိုတူညီသော အရှိန်အဝါနှင့် ထိုလူ၏နောက်ခံ၏ ဖြစ်နိုင်ချေကို ရုတ်တရက် သိသွားသည်။

 

ဘယ်လို ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘာလို့ ဒီလို  ဒီလောက် ဒီလို ဒီလိုပုဂ္ဂိုလ်ကြီးက သေမျိုးလောကကို ရောက်လာရမှာလဲ။

 

အာဟာရများ၏ အားဖြည့်မှုများကြောင့် အသိဉာဏ်ပွင့်လင်းနေသော ထိုကြွက်ကြီးသည် ဒီနေ့ ဒီအခန်းအတွင်းသို့ ဝင်ရောက်ပြီး သေမျိုးကို တိုက်ခိုက်ရန် ကြိုးစားမိခြင်းအား နောင်တအပြည့်ရသွားသည်။

 

မြေအောက်လောကသို့ သွားသောသွားသောလမ်းက ဖြောင့်တန်းနေပြီး နောက်လှည့်၍လည်း မရချေ။ ထိုကြွက်ကြီးက နောင်တရသည် ဖြစ်စေ၊ အပေါင်းအဖော်များကို သတိပေးလိုချင်သည် ဖြစ်စေ နောက်ကျလွန်းသွားပြီ ဖြစ်သည်။

 

သူ၏အနားအတွင်းတွင် တစ္ဆေသရဲများကိ တုပ်နှောင်သော ချိန်းကြိုးအသံများကိုပင် ကြားနေရပြီဖြစ်သည်။

 

…..

 

အခန်းက တဖန်ထပ်ပြီးရှင်းလင်းသွားပြီဖြစ်သည်။

 

ယခုလေးတင် မြေပေါ်လွှင့်ပစ်ထားသော ကြွက်ကြီး၏အလောင်းကိုပင် ရှာမတွေ့တော့ချေ။ ထိုအမျိုးသားက သူ၏ခြေတံရှည်ကြီးများကို ဆန့်လျက် တံခါးထံသို့ လျှောက်သွားသည်။

 

ကျွီ

 

အော်သံများနှင့် တံခါးဖွင့်သံက အိပ်မက်ထဲတွင် မသက်မသာဖြစ်လျက် အိပ်ပျော်နေသည့် အန်းနန်ယွမ်ကို မျက်လုံးပွင့်သွားစေသည်။ သူက ကြောက်စရာကောင်းသော မျက်နှာကြီးကို မြင်မက်နေသည့် အိပ်မက်ဆိုးမှ လန့်နိုးလာသည်။ ရုတ်တရက် အိပ်ယာပေါ်မှ ထထိုင်လိုက်ပြီးနောက် တစ်ကိုယ်လုံး ချွေးများစိုရွှဲလျက် အမောတကော အသက်ရှူ နေရသည်။

 

သူက အခုန်နူန်းမြန်ဆန်နေသည့် နှလုံးသားကို အနည်းငယ် တည်ငြိမ်အောင်လုပ်ပြီး အိပ်မက်လောကမှ လွတ်မြောက်လာခဲ့သည့်အတွက် ဝမ်းသာမိသွားသည်။ ထို့နောက် အသက်ရှူသံက တဖြည်းဖြည်းချင်း ပုံမှန်ဖြစ်သွားပြီး ဘေးဘက်သို့ ကြည့်လိုက်သည်။

 

ထို့နောက် အန်းနန်ယွမ်ဟာ မုန်းတီးမှုအပြည့်နှင့် သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေသည့် မျက်ဝန်းတစ်စုံနှင့် ဆုံလိုက်သည်။

 

အန်းနန်ယွမ် “!!!”

 

“အား မား သရဲ”

 

အန်းနန်ယွမ်က ကြောက်လွန်းသဖြင့် သူ၏ဝိဉာဉ်ကပင် လွှင့်ထွက်တော့မလို့ ခံစားလိုက်ရသည်။ သူ၏နှလုံးသားက ထိုအခိုက်အတန့်တွင်ပင် ရပ်သွားသည်။ သူ၏နှလုံးသားက အဟောင်းသား ဖြစ်နေပြီး အရိုးများကလည်း ဘလူးတုအသံပင် ထွက်လာ၏။ မြင့်လွန်းသော အသံတုံး အားက လည်ချောင်းမှ ပြူးထွက်လာမည့်အချိန်တွင် သူ၏ဘေးမှ သူ့ကိုစိုက်ကြည့်နေသော မျက်လုံးပိုင်ရှင်က တိုးလျသောလေသံဖြင့် ပြောလာသည်။

 

“မင်းရဲ့မျက်နှာထားက ဘာလဲ ငါ မအိပ်နိုင်တာကို မင်းက တအားပျော်နေတာပေါ့”

 

“အား သရဲ_ _ _အမ် ဒီအသံကို ရင်းနှီးနေသလိုပဲ”

 

အန်းနန်ယွမ်က စိတ်ထဲမှာ ရူးသွပ်စွာ အော်နေရင်းမှ ရပ်တန့်သွားသည်။ သူဟာ စိတ်ရှုပ်ထွေးစွာနှင့် မျက်တောင်ကို တဖျတ်ဖျတ် ခတ်ပြီးနောက် ဘေးဘက်မှ မျက်လုံးပိုင်ရှင်ကို ပြန်ကြည့်သည်။

 

အာ ဒီမျက်နှာကို ရင်နှီးပါတယ်_ _ _ ဒါက ဒီရှိုးရဲ့ဧည့်သည်အသစ် သခင်လေးစုန့်ချီ မဟုတ်လား။

 

“ဘာလို့ မင်းက ဒီလောက်ထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်နေတာလဲ။ နောက်ပြီး မင်းက ကောင်း‌ကောင်းအိပ်မှာပါ။ ဘေးကလူကို မနှောက်ယှက်ပါဘူးလို့ ပြောထားတယ် မဟုတ်လား။ မင်း လိမ်တာ”

 

စုန့်ချီက မုန်းတီးမှုအပြည့်နှင့် မျက်လုံးကို ပြူးရင်းပြောသည်။

 

“ငါ မင်းကြောင့် အိပ်လို့ မရတာ”

 

“အိုး ဒါက တကယ်ပဲ စုန့်ချီပေါ့”

 

သူက စိတ်အေးသွားသလို သက်ပြင်းကို ချသည်။ သူ၏အခုန်နူန်းမြန်ဆန်နေသော နှလုံးသားက ရင်ဘတ်ထဲသို့ ပြန်ကျသွားသည်။ သူက အသက်ကို ကယ်တင်နိုင်သလိုမျိုး နွမ်းနယ်သွားရသည်။

 

“သခင်လေး ဘာလို့ ညလယ်ခေါင်ကြီး မအိပ်သေးဘဲ နေနေတာလဲ။ ဒီလိုထိုင်ကြည့်နေတာက လူတွေကို ခြောက်နိုင်တယ်ဆိုတာ မသိဘူးလား။ အိပ်ယာက လန့်နိုးလာတဲ့အချိန်မှာ ရုတ်တရက် တစ်စုံတစ်ယောက်က ဒီအတိုင်း စိုက်ကြည့်နေတာကို သိလိုက်တာက ဘယ်လောက် ကြောက်ဖို့ကောင်းလိုက်သလဲ”

 

စုန့်ချီက ရွံသလိုလို ဖြစ်သွားသည်။

 

“မင်းက ငကြောက်ပဲ”

 

အန်းနန်ယွမ်က သူ၏လက်ကို သုံးပြီး နဖူးပေါ်မှ ချွေးများကိုသုတ်သည်။ သူသည် အလွန်နွမ်းလျသွား၏။

 

“ဘယ်သူပဲဖြစ်ဖြစ် မျက်လုံးဖွင့်လိုက်တာနဲ့ တစ်ယောက်ယောက် စိုက်ကြည့်တာကို မြင်လိုက်ရင် သေချာပေါက် လန့်သွားမှာပဲ ဟုတ်ပြီလား”

 

“ကောင်းပြီလေ။ ဒါဆိုလည်း ငါ မင်းကို တောင်းပန်တယ်။ ဟုတ်ပြီလား”

 

အန်းနန်ယွမ်၏ ပြောစကားကို သူက အမှန်တကယ် နားမလည်သော်လည်း စုန့်ချီဟာ တစ်ဖက်သူကို အမှန်တကယ် ခြောက်လိုက်မိကြောင်း သိလိုက်သည်။ ထို့ကြောင့် နာနာခံခံ တောင်းပန်လိုက်သည်။

 

သို့ရာတွင် အကြောင်းအရာက ပြောင်းသွားပြီးနောက် သူဟာ ချက်ချင်း ဆိုသလို ပြောလိုက်သည်။

 

“မင်းပြောတော့ ကောင်းကောင်း အိပ်နိုင်တယ်ဆို။ အိပ်နေရင်း စကားမပြောပါဘူး။ မင်းက လိမ်တာ”

 

စုန့်ချီ “အစကတော့ ငါ မအိပ်နိုင်တာက ယန်ရှစ်ရွှမ်းနဲ့ ဒီသရဲတွေကို သွားမကြည့်နိုင်လို့ပဲ။ နောက်ဆုံးတော့ ငါ သိုးတွေကို ရေတွက်ရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တော့မဲ့ အချိန်မှာ မင်းက ရုတ်တရက် ထအော်တယ်။ သရဲရှိတယ်ဆိုပြီး ထအော်တာလေ။ ဒါပေမဲ့ သရဲက ဘယ်မှာလဲဆိုတာကို မပြောဘူး။ ငါ မင်းကို မေးတယ်။ အဲ့ဒီအခါမှ မင်းက အိပ်မက်မက်နေမှန်း သိလိုက်ရတယ်”

 

“အာ ငါကလား”

 

အန်းနန်ယွမ်က သူ့နှာခေါင်းသူ ပွတ်သည်။ သူက ရှက်သွားသည်။

 

“ငါ အိပ်နေရင်း စကားပြောတတ်တဲ့အကျင့် ရှိမှန်းတောင် မသိဘူး”

 

စုန့်ချီ၏မျက်လုံးက မုန်းတီးမှုအပြည့်နှင့် ဖြစ်သည်။ သူက ပြောသည်။

 

“အဲဒါတင် မကသေးဘူး။ မင်းက ငါ့ကို မင်းရဲ့လက်တွေ၊ ခြေထောက်တွေနဲ့လည်း ကန်တယ်။ နောက်ပြီး မင်းကိုယ်မင်း အိပ်ယာအတင်းကန်ပြီးတော့ ပြောသေးတယ်။ ပြေးတော့ ပြေးတော့တဲ့ အနားကို မလာနဲ့ အဲ့ဒီလို လျှောက်အော်နေတာ။ သောက်ကျိုးနည်း မင်း ဘာတွေမက်နေတာလဲ။ မင်း အိပ်နေရင်းနဲ့ လမ်းလျှောက်တတ်တဲ့ အလေ့အကျင့်ရှိတာလား။ ယန်ရှစ်ရွှမ်းက အိပ်နေတဲ့အချိန်မှာ လူသတ်တတ်တယ်လို့ မပြောထားဘူးလား။ မင်းလည်း တူတူပဲလား”

 

“ငါက အဲဒီလိုလုပ်တာလား”

 

အန်းနန်ယွမ်က စိတ်ရှုပ်ထွေးသွားသည်။

 

သူက မူလကမူ တစ်ဖက်သူကို နှောက်ယှက်မိသည့်အတွက် တောင်းပန်ချင်သွားသည်။ သို့သော် ရုတ်တရက် ရပ်သွားသည်။

 

စုန့်ချီရဲ့စကားတွေက သူ အခုလေးတင် မက်ခဲ့တဲ့ အိပ်မက်ဆိုးကိုတောင် မှတ်မိသွားစေတယ်။

 

အိပ်မက်ထဲတွင် ယန်ကော အခန်းထဲမှ ထွက်သွားကြောင်း တွေ့လိုက်သည်။

 

အခန်းထဲရှိ ဧည့်သည်များအားလုံးက ယန်ရှစ်ရွှမ်း၏ ကာကွယ်စောက်ရှောက်မှုကို ဆုံးရှုံးလိုက်ရသလို ဖြစ်ရသည့်အတွက် အန်းနန်ယွမ်ဟာ အလွန်အမင်း ထိတ်လန့်နေခဲ့သည်။ ထို့ကြောင့် သူသည် အိပ်ယာထဲမှ ထွက်ပြီး နောက်မှ ပြေးလိုက်ချင်သည်။ သို့သော် မမျှော်လင့်ထားစွာပင် သူဟာ အိပ်ယာထဲမှ ထွက်ပြီးပြီးချင်း ကြမ်းပြင်ပေါ်သို့ ချလိုက်သော သူ၏ခြေမျက်စိကို တစ်စုံတရာက ကိုက်သည်။ ထို့နောက် အမွှေးများပြည့်နှက်နေသော လက်တစ်ဖက်က သူ့ကို လှမ်းဆွဲလာပြီး မြေပြင်ပေါ်သို့ တိုက်ရိုက်ဆွဲချသွားသည်။

 

ထိုသို့ဖြင့် ကုတင်အောက်ဘက်၏ အတွင်းသို့ ဆွဲထည့်ရန် ကြံစည်သည်။

 

အိပ်မက်ထဲတွင် အန်းနန်ယွမ်က ခေါင်းကို မော့ပြီး ကုတင်အောက်ဘက်သို့ ကြည့်လိုက်သောအခါ အမှောင်ထုအတွင်းတွင် ခပ်ဖျော့ဖျော့အနီရောင် တောက်ပနေသည့် မျက်ဝန်းကျဉ်းလေး တစ်စုံကို တွေ့လိုက်ရသည်။ ထိုမကောင်းဆိုးဝါးကြီးက ပါးစပ်ကိုဖြဲပြီး သူ့ကိုပြုံးပြသည်။

 

သူ၏ထက်ရှသော သွားများအောက်မှ သွားရည်များက စီးကျလာသည်။

 

ထို့အပြင် ထိုမကောင်းဆိုးဝါးဆီမှ ထွက်လာသည့် နံဟောင်နေသည့် အနံ့ကိုလည်း ရသည်။ သွေးရနံ့အပြင် ပုတ်ပွနေသော အလောင်းကောင်များ၏ ရနံ့များ‌ရောနေသောကြောင့် အလွန်ဆိုးရွားလေရာ အန်းနန်ယွမ်ကို အန်ချင်စိတ်ပင် ဖြစ်စေသည်။

 

ကုတင်အောက်သို့ ခြေထောက်ချလုနီးပါး ဖြစ်နေသည့် အန်းနန်ယွမ်က ချက်ချင်းဆိုသလို ခြေထောက်ကို ပြန်တင်လိုက်ပြီး လက်နှင့် ခြေထောက်အောက်ပိုင်းကို အ‌ပေါ်သို့ ပြန်ဆွဲတင်သည်။ ထို့နောက် မကောင်းဆိုးဝါးကို ခပ်တင်းတင်းအော်ဟစ်ရင်း ဆက်တိုက် အော်ဟစ်လေသည်။

 

“ငရဲကိုသွားစမ်း ယန်ကော ယန်ကော အမြန်လာပြီး ကယ်ပါ ဒီမှာသရဲရှိတယ် မြန်မြန်လေးထွက်သွား။ ငါ့နားကို မလာနဲ့” စသဖြင့် ဖြစ်သည်။

 

အိပ်မက်ထဲတွင် အန်းနန်ယွမ်သည် ကြောက်လန့်လွန်းသဖြင့် ဘာအော်မိမှန်းပင် မသိချေ။ သို့သော် သူဟာ မကောင်းဆိုးဝါး၏အားကို မယှဉ်နိုင်သေးခင် သူသည် ခုတင်အောက်သို့  ဆွဲချ ခံလိုက်ရသည်။ ထိုမကောင်းဆိုးဝါးက သွေးများ ပြည့်နှက်နေသော ပါးစပ်ကြီးများကို ဖြဲလိုက်ကြောင်း တွေ့လိုက်ရ၏။ ထိုပါးစပ်ကြီးက သူ၏အသွေးအသားများကို တဖြည်းဖြည်းချင်း စားချင်နေသည်။

 

သူဟာ ငိုလွန်းသဖြင့် မျက်နှာက မျက်ရည်များဖြင့် ပြည့်နှက်လာသည်။ ထို့နောက် သူဟာ ယန်ရှစ်ရွှမ်းနာမည်ကို အော်ရင်း အဆုံးသတ်သွားခြင်း ဖြစ်သည်။

 

အန်းနန်ယွမ်၏ အိပ်မက်ဆိုးအကြောင်း ပြောပြသည့် အကြောင်းအရာကို နားထောင်ပြီးနောက် စုန့်ချီက ထိုအကြောင်းအရာကို အလွန် စိတ်ဝင်စားသွားပြီး လုံလုံလောက်လောက် နားလည်စေရန် ထပ်မေးသည်။

 

“အဲ့ဒီနောက် ဘာဖြစ်သွားတာလဲ။ မင်း အဆုံးမှာ လွတ်သွားလား”

 

“ငါ မလွတ်ဘူးလေ”

 

အန်းနန်ယွမ်က သက်ပြင်းချသည်။

 

“အိပ်မက်ထဲမှာ အဲ့ဒီမကောင်းဆိုးဝါးက ငါ့ကို စားတော့မလို့။ ဒါပေမဲ့ ငါ ရုတ်တရက် ဘေးခန်းက တံခါးဖွင့်သံကို ကြားလိုက်ရတယ်။ ငါ မသိသေးခင် နိုးလာတာပဲ”

 

စုန့်ချီက အနည်းငယ် စိတ်ပျက်သွားသည်။

 

“အော်”

 

အန်းနန်ယွမ် “မင်းက ဘာလို့စိတ်ပျက်သွားတာလဲ။ ငါ မသေတာကို စိတ်ပျက်တာလား”

 

“မဟုတ်ပါဘူး”

 

စုန့်ချီ၏နူတ်ခမ်းများက ကော့တက်သွားပြီး အထင်သေးသလို ပြောသည်။

 

“ဒီအတိုင်း ချွေးတွေသုတ်လိုက်စမ်းပါ။ ငါ အနံ့တောင် ရနေပြီ”

 

“ဘာလို့ အနံ့က ဒီလောက် ပြင်းရမှာလဲ”

 

အန်းနန်ယွမ်က ကို့ရိုကားယားဖြစ်သလို ပြုံးပြီး မတ်တပ်ထရပ်လိုက်ကာ ကုတင်ဘက်သို့ ထွက်သည်။ သူသည် အခြားတစ်ဖက်ခြမ်းတွင် ထားထားသည့် ဝပ်တစ်ရှူးကို ယူရန်ဖြစ်သည်။ သူသည်လည်း အပြင်ထွက်၍ မရချေ။ ယန်ကောက အန္တရာယ်ရှိလာနိုင်သည်ဟု ပြောထားကတည်းက တံခါးကို ဖွင့်၍ မရချေ။

 

ပိုဆိုးတာက သူ အခုလေးတင် ကြောက်စရာကောင်းတဲ့ အိပ်မက် မက်ထားတာပဲ။

 

သို့ရာတွင် အန်းနန်ယွမ်၏ ခြေ‌ထောက်က မြေပြင်ပေါ်သို့ ကျပြီးပြီးချင်း သူက ခိုင်ခိုင်မာမာ မရပ်နိုင်သေးခင် အေးစက်သော လက်သည်းတစ်ဖက်က သူ၏‌ခြေမျက်စိကို ရုတ်တရက် လာဆွဲသည်။

 

အန်းနန်ယွမ်က လေအေးများကို ရှူရှိုက်လိုက်ပြီး အောက်သို့ တုန်ယင်စွာ ငုံ့ကြည့်လိုက်သောအခါ ကုတင်အောက်ထဲမှ လက်သည်းပါသည့် လက်တစ်ဖက် ထွက်လာကြောင်း မြင်လိုက်ရသည်။

 

“အား အား ယန်ကော ကယ်ပါဦး”

 

ပိုင်ရွှမ်းသည် အော်သံကြောင့် လန့်နိုးလာ၏။ သူမက ကုတင်ပေါ်တွင် လဲနေရင်း မျက်လုံးကို ရုတ်တရက်ဖွင့်လိုက်သည်။ သူမ၏နှလုံးသားက အခုန်နူန်းမြန်ဆန်နေသည်။ သူမက ဘေးဘီကို ကြောက်လန့်တကြား ကြည့်သည်။

 

အခြေအနေဟာ အိပ်မပျော်ခင်ကနှင့်   မခြားနားချေ။ အခန်းက မှောင်မဲပြီး တိတ်ဆိတ်နေသည်။ ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်‌သောအခါ တောရွာ၏ အမှောင်ထုကို မြင်နိုင်သေးသည်။

 

ပြင်းထန်သောမိုးက မှန်ကိုထိသောအခါ ကျိုးလုနီးပါး တဂတ်ဂတ်အသံကို ထွက်ပေါ်နေစေသည်။ မိုးရွာသောရက်တွင် အိပ်ပျော်သောကြောင့် လုံခြုံသည်ဟု ခံစားရမည့်အစား ထိုမှန်ကျိုးသွားမည့် အ‌ရေးကို စိုးရိမ်ပြီး လူအများအား ကြောက်လန့်စေသည်။

 

အခုလိုမျိုး တောတောင်နယ်မြေ အခြေအနေမျိုးအတွင်းတွင် အလုံပိတ်နေသော ဝန်းကျင်က လုံခြုံသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်သင့်သည်။

 

ပိုင်ရွှမ်းသည် မရပ်တန့်သေးသည့် ပြင်းထန်လွန်းသော မိုးကို ဝမ်းနည်းစွာ ကြည့်လိုက်သည်။ သူမသည်လည်း မိုးသောက်ပြီးနောက် ဒီနေရာမှ ချောချောမွေ့မွေ့ မထွက်နိုင်မည့် အရေးကို စိုးရိမ်သွားမိသည်။

 

ထို့အပြင် ဒီညရေချိုးခန်း အတွင်းတွင်  ဖြစ်ပျက်ခဲ့သော မင်းသမီးနဲ့ ပတ်သက်သည့် ကိစ္စအပြင် ယန်ရှစ်ရွှမ်း၏ အပြုအမူများက သူမကို အမှန်တကယ် စိုးရိမ်စေသည်။

 

ထိုအကြောင်းအရာကို တွေးမိရင်း သက်ပြင်းချကာ ခေါင်းကိုလှည့်လိုက်သည်။ ထိုသို့ဖြင့် သူမ၏အခန်းဖော်အဖြစ် အတင်းဆွဲလုခဲ့သော မင်းသမီးရုန့်ရုန့်ကို ကြည့်ရန် ကြံစည်လိုက်သည်။ သို့သော် သူမကို အံ့ဩစေသည်မှာ ရုန့်ရုန့်က မအိပ်ပေ။ ထို့အစား သူမက ကုတင်၏အခြားတစ်ဖက်ခြမ်းတွင် ကွေးရင်းလှဲနေသည်။ သူမ၏လက်ကိုလည်း လက်သီးအဖြစ် ဆုပ်ထားပြီး ပါးစပ်နားတွင် ကပ်ထားသည်။ ထို့နောက် တစ်စုံတရာကို ကိုက်နေသည်။

 

မိုးသံအောက်တွင် _ _ _ ဂရုတစိုက် ကြည့်လိုက်မည် ဆိုပါက ရုန့်ရုန့်၏ပါးစပ်ထဲမှ ဂျွတ် ဂျွတ် ဂျွတ်ကဲ့သို့ အသံမျိုးကို  ကြားနိုင်နေသေးသည်။ ပိုင်ရွှမ်းက အံ့ဩသွားသည်။

 

“ရုန့်ရုန့်လောင်ရှေး ရုန့်ရုန် အိပ်လို့မပြောဘူးလား ဘာလုပ်နေတာလဲ”

 

ရုန့်ရုန့်က သူမကို လစ်လျူရှုထားသည်။ သူမ၏အပြုအမူကိုသာ ဆက်လုပ်နေသည်။ သို့သော် ပို၍စိုးရိမ်စိတ်များလာပြီး စိတ်အဆွခံရသလို ဖြစ်လာသည်။ သူမ လုပ်သောအသံကပင် စိတ်မရှည်မှု ပြည့်နှက်လာ၏။ သူမဟာ တစ်စုံတရာကို ကိုက်ရင်း သူမ၏ဒေါသထွက်နေသည့် စိတ်အခြေအနေကို ဖောက်ထုတ်နေသည့်အလား ဖြစ်သည်။

 

ပိုင်ရွှမ်းက ရုန့်ရုန့်၏ မှင်သေသေအပြုအမူကြောင့် အနည်းငယ် စိတ်ပျက်သွားသည်။ ဟွန့် ဒီမိန်းမက ထက်ပြီး ဆလယ်ပရီတီ လေထုကို ထုတ်ထားပြန်ပြီ။

 

ထို့ကြောင့် သူမက လက်ဆန့်ထုတ်ပြီး အသာတွန်းလိုက်၏။

 

“ယန်ကောက ငါတို့မိုးသောက်ရင် ထွက်သွားလို့ရမယ်လို့ ပြောတယ်။ ဘာလို့ မအိပ်တာလဲ။ နင်အိပ်ပျော်နေရင် ငါနင့်ကို လာမနိူးဘူးနော်”

 

သူမ၏လက်က ရုန့်ရုန့်၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ပြီးပြီးချင်း ပိုင်ရွှမ်းက ကြောင်သွားသည်။

 

သူမ၏လက်ဖဝါးအောက်တွင် နွေးထွေးပြီး ပျော့ပြောင်းသော လူသား၏အရေပြားဒဏ်ကို ခံစားမိရမည့်အစား အမွှေးများ ပြည့်နှက်နေသလို အေးစက်ပြီး တောင့်တင်းကာ ကြမ်းရှသည့် ခံစားချက်ကို ရလိုက်သဖြင့် လက်ကို အလျင်စလို ရုတ်ပြီး ရုန့်ရုန့်ကို အံ့အားတကြီးကြည့်လိုက်မိသည်။

 

ရုန့်ရုန့်ကလည်း ပိုင်ရွှမ်း၏ ထိတွေ့မှုကို သတိထားလိုက်မိသဖြင့် အကိုက်ရပ်သွားသည်။ ထိုသို့ဖြင့် တဖြည်းဖြည်းချင်း ခေါင်းလှည့်ကာ ပိုင်ရွှမ်းကို ကြည့်သည်။

 

ပိုင်ရွှမ်းက မျက်လုံးကို မှေးကျင်းလိုက်သည်။ ပိုင်ရွှမ်းက ပြတင်းပေါက် အပြင်ဘက်မှ လာသော ဖျော့တော့သည့် အလင်းရောင်အောက်တွင် ရုန့်ရုန့် လုပ်နေသည့် အရာကို ခပ်ရေးရေး မြင်လိုက်ရသည်။

 

သူမ၏မျက်နှာက ဖြူဖျော့နေသည်။ မျက်လုံးကလည်း တောင့်တင်းနေ၏။ သူမ နူတ်ခမ်းနှင့် မေးစေ့တွင် သွေးများစိုရွှဲနေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူမ၏ ပုံစံက ပါးစပ်ကြီး ဖြဲထားသလို ဖြစ်နေသည်။

 

ထို့အပြင် အနည်းငယ် ဟနေသော ပါးစပ်အတွင်းမှ သွေးများ စီးကျနေပြီး ရင်ဘတ်ကို စိုရွှဲစေကာ ထိုနေရာတစ်ခုလုံးတွင် နီရဲသွားသည်။ ထို့အပြင် အဖြူ‌ရောင် အိပ်ယာခင်းတွင်လည်း နီရဲတောက်ပနေသေးသည်။ ထိုအခါမှာ ပိုင်ရွှမ်းသည် ရုန့်ရုန့်ပါးစပ်ထဲတွင် ကိုက်နေပြီး သွားကြိတ်သံလိုလို ၊ ကိုက်ခြေသံလိုလို အသံထွက်နေသည့်အရာက မည်သည့်အရာ ဖြစ်ကြောင်း သိလိုက်သည်။

 

ရုန့်ရုန့်က ကိုယ့်လက်ညိုးကို ကိုက်ဝါးနေတာပဲ။ ပိုင်ရွှမ်းသည်လည်း ရုန့်ရုန့်၏လက်ဖဝါးတွင် သွေးသံရဲရဲအသားများမှ ထွက်လာသည့် ဖြူဖြူဖွေးဖွေးအရာများကိုပင် မြင်လိုက်နိုင်သည်။ သူမကိုက်ထားသော ဒဏ်ရာက အရိုးကိုပင် မြင်နိုင်နေ၏။

 

သို့ရာတွင် ထိုကဲ့သို့ ဒဏ်ရာမျိုးကို ရရှိနေသည့် ရုန့်ရုန့်က နာကျင်မှုကို သတိမထားမိပဲ ပါးစပ်ထဲမှ အရာများကိုသာ ဆက်လက်ပြီး ဝါးနေသည်။

 

သူမ၏ပါးစပ်ထဲတွင် ဝါးနေသော အရာက သူမ၏ကိုယ်ပိုင်လက်ညိုးမှ သူမကိုယ်တိုင် ကိုက်ထားသော အသွေးနှင့် အသားများ ဖြစ်နေသည်။

 

ပိုင်ရွှမ်းက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး လေအေးများ အဆုတ်အတွင်းသို့ ဆွဲသွင်းလိုက်သည်။ သူမ၏တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ သူမက ချက်ချင်းဆိုသလို အော်သည်။

 

“သေစမ်း”

 

ထို့နောက် ချက်ချင်းလိုလို လှိမ့်လိုက်ပြီး ရှင်သန်ကျော်ဖြတ်ရန် အသိစိတ်နှင့်အတူ ခြေလှမ်း အနည်းငယ်တည်းနှင့် ကုတင်အပြင်ဘက်သို့ ထွက်လိုက်သည်။

 

“ရုန့် ရုန့်ရုန့် နင့် နင့်ရဲ့လက်မှာ သွေးတွေအပြည့်ပဲနော် နင် မနာဘူးလား။ ဒါမှမဟုတ် နင် အိပ်နေရင်းနဲ့ လျှောက်လုပ်နေမိတာလား”

 

ပိုင်ရွှမ်းက တံခါးလက်တိုင်ကို လက်ကိုင်ထားပြီး ရုန့်ရုန့်ကို သတိအပြည့်ကပ်လျက် ကြည့်လိုက်သည်။ တစ်စုံတရာမှားယွင်းနေကြောင်း နားလည်နေသည့် ရုန့်ရုန့်ကို ကြည့်နေရင်း တစ်ဖက်သူက သူမကို ခုန်အုပ်ပြီးတိုက်ခိုက်လျှင် တံခါးကိုဖွင့်ကာ ချက်ချင်း ထွက်ပြေးရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။

 

******