Ch 69
Viewers 6k

69 01

အပိုင်း(၆၉)

 

အကြောင်းမူကား ကလေး၏အရပ်အမြင့်က တိုက်ရိုက်ထုတ်လွှင့်မှု ပစ္စည်းနှင့် တစ်တန်းတည်းကွက်တိ ဖြစ်နေသည်။ ထို့ကြောင့် အဓိကဖန်သားကြီး၏ အရှေ့တွင်ဆောင့်ကြောင့် ထိုင်စောင့်ကြလျက်ရှိသော ကြည့်ရှုသူတိုင်းက သတိလက်လွတ် ဖြစ်သွားပြီး သေလွန်ပြီးသော စိမ်းပြာရောင် သန်းနေသည့် သရဲ၏မျက်နှာကို ရင်ဆိုင်လိုက်ရသည်။

 

ကလေး၏မျက်နှာပေါ်ရှိ အသားအရောင်က ပျော့ပြောင်းမှု မရှိဘဲ တောင့်တောင့်တင်းတင်းကြီး ဖြစ်နေသည်။ သို့သော် သူက မြောနေသော ပါးစပ်က ရဲရဲနီနေသည်မှာ နောက်ခံ အဖြူရောင်ဘက်ဂ‌ရောင်းနှင့် ဆန့်ကျင်ဘက် ဖြစ်ပြီး သိသာထင်ရှား လွန်းနေသည်။ ကလေး၏ အပြာ၊ အနီရောင် သွေးပြန်ကြောများက မျက်နှာ တောက်လျောက် ဖြတ်သန်းစီးဆင်းနေပုံကို ထင်ထင်ရှားရှား မြင်နိုင်သည်။ မျက်လုံးထဲတွင်ပင် သွေးကြောကြီးက ထင်ရှားစွာ ပေါ်နေ၏။ ဟောင်းလောင်းပေါက် ဖြစ်နေသော မျက်အိမ်အတွင်းတွင် မည်သည့်မျက်ဆံလုံးကိုမှ မမြင်နိုင်ပဲ ဒီအတိုင်း အမဲရောင်တွင်းနက်ကဲ့သို့ ဟောင်းလောင်းပေါက် နှစ်ပေါက်သာ ကျန်ရစ်နေရင်း ကင်မရာအား ကပ်ကာ ပြူးကြည့်နေခြင်း ဖြစ်သည်။

 

ကြည့်ရှုသူများအားလုံးက ကလေးသရဲကြောင့် မျက်နှာဖြတ်ရိုက် ခံလိုက်ရသည်။

 

အချို့သော ကြည့်ရှုသူများဆိုလျှင် ဖုန်းများကိုပင် ခပ်မြန်မြန် လွှတ်ပစ်မိသွားပြီး လိမ့်လျက် အိပ်ယာပေါ်သို့ ပြေးတက်လိုက်သည်။ ထို့နောက် တစ်ဆတ်ဆတ် တုန်ခါနေသည်။

 

ကြည့်ရှုသူများကမူ ကင်မရာကို ဖြတ်ပြေးသွားသော သရဲများကြောင့် ကြောက်လွန်းပြီး နေရာတွင် မလှုပ်နိုင်ဘဲ ရှိနေသည်။ သူတို့သည် ဖုန်းကို ပိတ်ချင်နေသည်။ သို့သော် သူတို့လက်များက တောင့်တင်းလွန်းသဖြင့် ခလုတ်ကိုပင် လှမ်းမနှိပ်နိုင်ချေ။ ဒီအတိုင်း ထွက်ပြေးနိုင်ခြင်းမရှိပဲ သရဲမျက်နှာကိုသာ ကြည့်ရင်း ကြောက်လန့်မှုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

 

ထို့နောက် ထိုကောင်လေးက တိုက်ရိုက်ထုတ်လွှင့်မှု ပစ္စည်းကို စိတ်ဝင်စားမှု ကုန်ဆုံးပြီးမှသာ သရဲအသင်းဆီ ပြန်သွားပြီး တောင့်တင်းနေသော ကြွက်သားများနှင့် ကြည့်ရှုသူများကိုချန်ထား ရစ်ခဲ့သည်။

 

သို့သော် ကြည့်ရှုသူများက စိတ်မအေးနိုင်သေးခင် သို့မဟုတ် ကွန့်မန့် မန့်ရန် အချိန်မရှိသေးခင် ရုတ်တရက် ကင်မရာကို မျက်နှာမူထားသော ဧည့်သည်ခန်းအတွင်းမှ ခေါင်းငုံ့လျက် လျှောက်လာသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

 

ထိုသူ၏ ဆံပင်ရှည်များက မျက်နှာကို အုပ်နေသောကြောင့် မျက်နှာတစ်ခုလုံးက အုပ်နေသည်။ ကြည့်ရှုသူများ မည်သည်ဖြစ်ကြောင်း ပြန်မပြောနိုင်ချေ။

 

သို့ရာတွင် သွေးများစိုရွှဲနေသော အဖြူရောင်ဝတ်စုံနှင့် ပိန်ပါးသော ကိုယ်အရ ထိုသူသည် အမျိုးသမီး ဧည့်သည်များထဲမှာ တစ်ယောက်ဖြစ်ကြောင်း ပြောနိုင်သည်။

 

 ပိုင်ရွှမ်းဟာ ယခုလေးတင် အဓိကဖန်သားပြင် ကင်မရာကို ဖြတ်ပြီးပြေးသွားသည်။ ထို့ကြောင့် တစ်ယောက်တည်းသာ ကျန်သည်။ ထိုတစ်ယောက်သည် ပိုင်ရွှမ်းနှင့် တစ်ခန်းတည်းနေသော မင်းသမီး ရုန့်ရုန့်ဖြစ်သည်။

 

သို့သော် သူမသည် ယခင်ကကဲ့သို့ နူးညံ့ပြီး ချစ်စရာကောင်းသည့် အမျိုးသမီး စတားတစ်ယောက် အဖြစ်နှင့် အလုံးစုံ ကွဲထွက်နေသည်။ ရုန့်ရုန့်သည်‌ ခြေဗလာနှင့် လျှောက်လာသည်။ အလွန်နှေးကွေးစွာနှင့် ကော်ရစ်တာကို ဖြတ်သွားခြင်း ဖြစ်သည်။ သူမသည် လက်ဖဝါးမှတဆင့် မြေပြင်ပေါ်သို့ တောက်လျောက်စီးကျနေပြီး သူမက မြေပြင်ကိုသာ ကြည့်လျက် ကုန်းကာလျှောက်လာနေခြင်း ဖြစ်သည်။ သူမ၏ စကပ်၏ အနားသားတစ်ခုလုံးကလည်း စိုရွှဲနေသည်။

 

သူမ၏ ခြေလက်များက ဖြူဖျော့လွန်းကာ တောင့်တောင့်တင်းတင်းကြီး ဖြစ်နေပြီး လူသေကောင်နှင့်ပင် တူနေသေးသည်။ ဆံပင်အုပ်ထားသော မျက်နှာထံမှ ကြိတ်ဝါးပြီးသား အသွေးနှင့် အသားတုံးများက ရင်ဘတ်ပေါ်သို့ စီးကျလျက် ဖရိုဖရဲပုံစံမျိုး ဖြစ်လာသည်။

 

ရုန့်ရုန့်က ရုတ်တရက်ခေါင်းကို တဖြည်းဖြည်းချင်း မော့လိုက်သည်။ သူမ၏ရှည်လျားသော ဆံပင်များက ဘေးဘက်သို့ သဘာဝကျကျ ကွဲထွက်သွားသောအခါ သူမ၏မျက်နှာက ပေါ်ထွက်လာပြီ ဖြစ်သည်။

 

ထိုအခါမှသာ ရုန့်ရုန့်၏ ပါးစပ်ထဲတွင် ကိုက်ထားသော အသွေးအသားများ ပြည့်နေကြောင်းကို ကြည့်ရှုသူများက တွေ့လိုက်ကြသည်။ သူမသည် သူမ၏သွေးများ စိုရွှဲနေသည့် ဖြူဖွေးနေသော သွားကိုသုံးရင်း တစ်စုံတရာကို သဘောတကျ ကြိတ်ဝါးလျက် ထူးထူးဆန်းဆန်းနှင့် ရယ်သည်။

 

“လက်သည်း လက်သည်း _ _ _ ဟား ဟား ဟား ငါ့ရဲ့အိပ်မက်တွေ ဖြစ်လာပြီ”

 

ရုန့်ရုန့်က ဝေဝေဝါးဝါး ပြုံးရင်းတုန့်ပြန်သည်။ သို့သော် သူမ၏ တောင့်တင်းနေသော ပါးက ကြွက်သားများက အပြုံးမျက်နှာကြီးကို ထက်ပင် ကြောက်စရာ ကောင်းသည်။

 

“ငါက ပထမတန်းစားအဆင့် ရောက်ချင်တာ။ ဟွန့် ရိုက်ကူးရေးတွေအားလုံး၊ ကြေငြာတွေအားလုံး ဟား ဟား ငါ ဒီလူတွေကို အားလုံးကို ငါ့အပေါ် အထင်မသေးရဲအောင် လုပ်ရမယ်။ နောက်ပြီး ဟွန့် အဲဒီဒါရိုက်တာနဲ့ ယန်မျိုးရိုး ဆိုတဲ့ကောင် ငါ့ကို ဘယ်တော့မှ အရှက်မခွဲရဲစေရဘူး။ ငါက ပထမတန်းစားအဆင့်ပဲ ပထမတန်းစား”

69 02

“ ကျွတ်”

 

ရုန့်ရုန့်က ထိုသို့ရေရွတ်နေရင်း သူမ၏စိတ်က ရှုပ်ထွေးလွန်းနေကာ မျက်နှာကလည်း ဗလာဖြစ်နေသည်။

 

သူမက အနီရောင်သရဲများ၏ နောက်မှ ခြေဗလာနှင့် လိုက်ပါသွားသည်။ သူမက ကိုယ့်ကိုယ်ကို စကားပြောနေသည်။ သူမ၏လှပသာ မျက်နှာက ရှုံ့မဲ့ကာ ကြောက်စရာ ကောင်းလျက်ရှိနေသည်။ ထို့အပြင် မကြာခဏဆိုသလို ထွက်လာသော တဂူးဂူး အသံနှင့် ရယ်သံကြီးက တိတ်ဆိတ်သော ခန်းမအတွင်း ဟိန်းထွက်နေလေရာ အသက်ရှူ ရပ်နိုင်လောက်အောင် အလွန်အမင်း ကြောက်စရာ ကောင်းသည်။ သူတို့ အရှေ့မှ ကြည့်ရှုသူများအားလုံးက အသက်ရှူအောင့်ထားကြသည်။ သူတို့သည် ကြောက်လွန်းသဖြင့် တုန့်ပြန်နိုင်စွမ်းအား မရှိချေ။ ကွန့်မန့်လည်း မမန့်နိုင်ကြချေ။

 

သူတို့က တစ်ကိုယ်လုံး အေးစက်ပြီး ကြက်သီးများ ထနေသလို ခံစားလိုက်ရသည်။ အဓိက ဖန်သားပြင်တွင် ပေါ်နေသော အရာအားလုံးကို ထိုအတိုင်း စိုက်ကြည့်နေကြရသည်။

 

ယခင်ရှိုးများတွင် တစ္ဆေ‌ခြောက်သည်ဟု ကြားသဖြင့် လာကြည့်သော ကြည့်ရှုသူများက စိတ်လှုပ်ရှားမှုအပြည့်နှင် လာရောက်ကြသည်။ သို့သော် သူတို့၏ ကိုယ်ပိုင်မျက်လုံးဖြင့် သရဲကို မြင်ပြီးနောက် ယခင် စိတ်လှုပ်ရှားမှုအားလုံးက ပျောက်ကွယ်သွားသည်။ ထိုသို့ဖြင့် ကြောက်လန့်မှုများက တစ်လွှာပြီးတစ်လွှာ ထွက်လာသည်။ သူတို့၏ နှလုံးသားက ထိုးစိုက်ခံလိုက်ရသလို ခံစားလိုက်ရ၏။ ထိုနာကျင်မှုဟာ ပြင်းထန်လွန်းသဖြင့်  အသက်မရှူ နိုင်ကြချေ။ တစ်ချို့သော ကြည့်ရှုသူများဆိုလျှင် ကြောက်လန့်လွန်းသဖြင့် ငိုပင်ငိုကြသည်။ သူတို့က စောင်အောက်တွင် ကွေးနေပြီး တဆတ်ဆတ် တုန်ယင်နေကြ၏။ ထို့နောက် လက်ကို မြှောက်ပြီး မျက်ရည်များကို သုတ်လိုက်သည်။ သို့တိုင်အောင် အသံမထွက်ရဲသေးချေ။ သူတို့သည် သူတို့က ထိုနေရာတွင် အမှန်တကယ် တည်ရှိနေခြင်း မဟုတ်ကြောင်း သိနေသည်။ သို့သော် ကလေးသရဲ၏ ဆူပူမှုကို ခံခဲ့ရသေး၏။ ထိုမတော်တဆမှုကြောင့် ကြောက်လန့်ပြီး စကားထုတ်ပြောရမည့် အခြေအနေကိုပင် ကြောက်လန့်နေမိသည်။ ထို့နောက် တစ်ဖန်ထပ်ပြီး ပေါ်လာသော မင်းသမီးကလည်း ကောင်းမွန်သော အခြေအနေတွင် မရှိကြောင်း ဖော်ပြနေသည်။

 

သို့ရာတွင် ကိစ္စများကို မဖြစ်စေချင်လေလေ ဖြစ်လာလေလေ ဖြစ်သည်။

 

တိုက်ရိုက်ထုတ်လွှင့်မှု ကိရိယာနားမှ ဖြတ်သွားသော ရုန့်ရုန့်က ကြမ်းပြင်တွင် ချထားသည့် ဝါယာကြိုးကို ခလုတ်တိုက်သွားပြီး တောင့်တင်းလျက် အစီအစဉ်မကျ ရှိသည့်ခြေထောက်များက ရုတ်တရက် ခွေကျသွားလေရာ ဒူးထောက်လျက်သား ကျသွားသည်။ ထိုသို့ဖြင့် သူမက ပြန်ကုန်းထပြီးချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုပစ္စည်းကို တရွတ်တိုက် ဆွဲလွှတ်လျက်သား ဖြစ်သွားသည်။ ထို့ကြောင့် ကြည့်ရှုသူများ ကြည့်ထောင့်မှကြည့်သော် အရာအားလုံးက လည်ပတ်နေသည်။ ထို့နောက် တစ်ဖန်ထပ်ပြီး ငြိမ်သက်သွားချိန်တွင် သူတို့သည် မြေပြင်မှတဆင့် အပေါ်သို့ ကြည့်နေသော အနေအထားမျိုးနှင့် အားလုံးကို မြင်နေရကြောင်း တွေ့လိုက်ရသည်။

 

အပေါ်သို့ ကြည့်နေရသလို သူတို့ မြင်ရသည်မှာ ရုန့်ရုန့်၏ မျက်နှာဖြစ်သည်။

 

ကြည့်ရှုသူများ [_ _  _]

 

အရမ်းတော်လိုက်တာ။ သူတို့ရဲကံကောင်းမှုကို တစ်ယောက်ယောက်က ခိုးသွားတာလား။ ကံဆိုးလိုက်တာ။

 

[အား _ _ _ သွားစမ်း]

 

[ဟေး ဟေး ဟေး ငါ ကြောက်လွန်းလို့ ကုလားထိုင်ပေါ်ကနေတောင် ပြုတ်ကျသွားပြီ။ ငါ့ရဲ့ ဖင်က ကုလားထိုင်ထဲကိုတောင် ညှပ်ပြီး ကျွံ့ကျသွားတယ်။ အခု ပလတ်စတစ်ပြားအကြားထဲမှာ ထိုင်နေတာ။ ပြန်ဆွဲထုတ်လို့လည်း မရဘူး။ ငါ တီဗီကို ပြန်ကြည့်လိုက်တော့လည်း အဲဒါကြီးကို မြင်ရတယ်။ ပြေးစရာလည်း မရှိတော့ဘူး။ ဒီဖန်သားပြင်ကြီးကို တစ်ယောက်ယောက် ယူသွားပေးလို့ ရမလား။ ငါ ဒါကိုကြီးကို မမြင်ချင်တော့ဘူး]

 

[ဒါက ရုန့်ရုန့်လား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် နာမည်ကြီးသွားတဲ့ ရိုမန့်တစ် ဒရမ်မာထဲက မင်းသမီး မဟုတ်ဘူးလား။ ငါ မှတ်မိပါသေးတယ်။ ဒါက ဘယ်လိုဖြစ်ပြီး ဒီလိုကြီး ဖြစ်သွားရတာလဲ။ ညတုန်းက ဒီလိုပုံစံမဟုတ်တာ သေချာပါတယ်။ ဒါပေမဲ့ ဒီအချိန်အတောအတွင်း ဘယ်လိုဖြစ်သွားတာလဲ]

 

[သူမရဲ့လက်ကို ကြည့်စမ်း လက်ကို ကြည့် လက်ကို ကြည့် လက်ညိုးကို တွေ့လား အသားမရှိတော့ဘူး အရိုးတောင် မြင်နေရပြီ ဘုရားရေ]

 

[ဖန်သားပြင်ကို ချဲ့ပြီး ဂရုတစိုက် ကြည့်ကြစမ်းပါ။ သူမရဲ့လက်က ဒဏ်ရာက လတ်လတ်ဆတ်ဆတ်ပဲ။ နောက်ပြီး ဆက်ပြီး ဆိုးလာနေသေးတယ်။ နောက်ပြီး ဒဏ်ရာက တော်တော်လေး နက်နေတာ။ ထက်ရှတဲ့ပစ္စည်းနဲ့ ဖြတ်ထားတာမျိုး မဟုတ်ပဲ သွားနဲ့ကို က်ထားသလိုပဲ။ နောက်ပြီး အဲ့ဒီသွားရာက လူသွားနဲ့တောင် တူသေးတယ်။ နောက်ပြီး သူမက ပါးစပ်ထဲမှာ တစ်ခုခုကို ဝါးနေတဲ့ပုံစံဆိုတော့ ဖြစ်နိုင်တာက အဲဒါလား]

 

[ အပေါ်ကတစ်ယောက်က တကယ်ကို ရဲရင့်တဲ့ စစ်သည်တော်ပဲ]

 

[ငါတောင် သေချာမကြည့်ရဲဘူး။ မင်းက ဖန်သားပြင်ကို ချဲ့ပြီးတောင် ကြည့်လိုက်သေးတယ်_ _ _ အခုလေးတင် မြင်လိုက်ရတဲ့ သရဲမျက်နှာကို မြင်ရုံနဲ့တင် မွန်းကြပ်လို့သေတော့မယ်]

69 03

[ကောင်းပြီလေ သာမာန်လူတွေက ဒီလိုပုံမျိုးကို မြင်ရင် အနည်းငယ် မသက်မသာဖြစ်မှာပေါ့။ ငါက ဆရာပေးတဲ့ အိမ်စာကို ဖတ်နေဖူးတော့ ကျွမ်းကျင်ပညာရှင်အဆင့်ရဲ့ လေ့ကျင့်မှုကို ရဖူးတယ်လေ။  ဒါကြောင့် သည်းခံနိုင်တာ။ ငါက အရိုးဖွဲ့စည်းပုံ ဆေးဝါးပိုင်းကို မေဂျာယူထားတာဆိုတော့ နောက်ဆုံးအပိုင်းကို ကြည့်ပြီးတဲ့နောက်မှာ ငါတို့ရဲ့ဆရာက အရေပြားကို လှီးထုတ်ခံထားရတဲ့လူက ကောင်းမွန်တဲ့ စံချိန်တစ်ခုမှာ ရှိတယ်။ ဘာလို့လဲဆိုတော့ သူက အရေးပြားကို လှီးထုတ်ခံထားရတယ် ဆိုတာက သူ့ရဲ့ကြွက်သားတစ်ခုချင်းစီရဲ့  လှုပ်ရှားပုံကို ကောင်းကောင်း မြင်နိုင်တယ်ဆိုပြီး စောင့်ကြည့် ခိုင်းထားလို့လေ]

 

[ကောင်းပြီ ကောင်းပြီး အမှတ်အသားကို ဖြုတ်လိုက်ရအောင်။ ဒါက ငါ တကယ် စခရိုက်လုပ်ထားတဲ့ ခရီးသွားရသစုံရှိုးလား။ ဘာလို့ ရုတ်တရက်ကြီး ခန္ဓာဗေဒကို လေ့လာတဲ့ ကျောင်းသားတွေ ပေါ်လာရတာလဲ]

 

[မဟုတ်သေးပါဘူး။ ရုန့်ရုန့်က ဘာဖြစ်သွားတာလဲ။ သိသိသာသာပဲ သူမရဲ့အခြေအနေက တစ်ခုခုတော့ မှားနေပြီလေ။ နောက်ပြီး အဲဒီ နီနီရဲရဲဟာကြီးတွေက ဘာတွေလဲ။ တကယ်ပဲ သရဲလား။ သရဲ တကယ်လား ဘုရားရေ။ ငါ ပထမဦးဆုံးအကြိမ်အနေနဲ့ ဒီဘဝမှာ ပထမဦးဆုံး စိတ်ရှုပ်သွားတာပဲ]

 

[စိတ်ရှုပ်ထွေးတယ်။ ဘာလို့ သရဲတွေက ဒီနေရာကို ရောက်လာတာလဲ။ နောက်ပြီး အရင်က ဖြတ်ပြေးသွားတာက ပိုင်ရွှမ်းနဲ့ အန်းနန်ယွမ် ထင်တယ်။ သူတို့က ဘာလုပ်ကြတာလဲ။ ဒီလောက် သရဲတွေ အများကြီးပဲ။ ဒါပေမဲ့ ငါ့ရဲ့ယန်ကောကလည်း မရှိတဲ့ပုံပဲ။ တစ်ခုခုတော့ ဖြစ်တော့မှာ ထင်တယ်]

 

[ငါ တဆတ်ဆတ် တုန်နေပြီ။ င့ါအနေနဲ့ ပထမဦးဆုံးအကြိမ် သရဲမြင်ရတာပဲ။ နောက်ပြီး တအားလည်း များနေသေးတယ်။ ခန်းမထဲမှာလည်း တအားလည်း ပြည့်ကျပ်နေတာ။ ငါက အိမ်မှာတစ်ယောက်တည်းလေ။ ဒါပေမဲ့ ငါ့ရဲ့အိမ်က တအားပြည့်ကျပ်နေတယ်လို့ ခံစားနေရပြီ]

 

[လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒါကို စပရှယ်အဖက်လို့ ငါ အော်နေခဲ့သေးတယ်။ ဒါပေမဲ့ ရုတ်တရက်ကြီး ကယ်ကြပါလို့ အော်ချင်သွားပြီး]

 

[အိုး ဟုတ်သားပဲ ဘာလို့ ယန်ကော မရှိတာလဲ။ သူ ဒီလောက်နောက်ကျတဲ့ အချိန်အထိ အခန်းထဲမှာ မရှိဘဲ ဘယ်ကို ထွက်သွားရတာလဲ။ တစ်ခုခု ဖြစ်လို့လား။ နောက်ပြီး အခြားသူတွေက ဘယ်မှာလဲ]

 

ကွန့်မန့်ကဏ္ဍက ဆွေးနွေးမှုများက ပြင်းထန်သထက် ပြင်းထန်ပြီး လျင်မြန်စွာ တက်လာသည်။ ထို့နောက် ဗီဒီယိုပလက်ဖောင်း၏ အလိုအလျောက် ရီကော့မန့်ပေးသော နေရာသို့ပင် ကုန်းတက် သွားသေးသည်။ လူနည်းလွန်းသော ညသန်းခေါင်အချိန်တွင် ထိပ်ဆုံးသို့လျင်မြန်စွာ တက်သွားနိုင်သည်။

 

မူလက ဗီဒီယိုပလက်ဖောင်း‌ပေါ်တွင် မွှေနှောက်နေသည့် ညဇီးကွက်များနှင့် အိပ်မပျော်သူများက ရုတ်တရက် လျင်မြန်စွာ မြင့်တက်လာသည့် ပရိုဂရမ်ကို တွေ့လိုက်ပြီးနောက် သိချင်စိတ်ပြင်းပြစွာနှင့် နှိပ်ဝင်မိသွားသည်။ ထို့နောက် အခြားသော ကြည့်ရှုသူများနည်းတူ ထူးဆန်းစွာ ဖြူဖျော့နေသည့် မျက်နှာဖြူဖြူကြီးကို မြင်လိုက်သဖြင့် သတိလွတ်မတတ် ဖြစ်သွားသည်။

 

ကြောက်လန့်လွန်းသော ကြည့်ရှုသူပေါင်းများစွာက ဗီဒီယို ပလက်ဖောင်းမှ ထွက်ပြီး ဆိုရှယ်မီဒီယာပလက်ဖောင်းသို့သွားကား အပ်ပဒိတ်များ တင်ကြသည်။ ထိုသို့ဖြင့် သူတို့သည် ကြောက်လွန်းသဖြင့် နှလုံးရှော့ခ်တိုက်ပြီး အဖမ်းခံရသလို ခံစားရသည်။ အချို့သောသူများဆိုလျှင် ယခုလေးတင် မြင်လိုက်ရသည့် အခန်းအခြေအနေကို animationများ၊ စခရင်ရှုများပင် တင်ကြသည်။ ထို့ကြောင့် သူတို့သည် ရည်ရွယ်ချက် ရှိသလိုလို၊ မရှိသလိုလိုဖြင့် အားလုံးကို မျှားခေါ်လာသူ ဖြစ်သွားသည်။ ဖြတ်လျှောက်များက နှိပ်ကြည့်ပြီးနောက် အားလုံးက ထိတ်လန့် သွားကြသည်။

 

ထိုရှိုးနှင့် ပတ်သက်သည့် ဆွေးနွေးမှုများက နှင်းလုံးတစ်လုံး လိမ့်ကျသလိုမျိုး ဖြစ်လာပြန်သည်။ လူပေါင်းများစွာ ပါဝင်လာသည်။ ရှိုး၏ပုံမှန် tagsများတွင် အချိန်နှင့်တပြေးညီ နာမည်ကျော် စာရင်းတွင် tagအသစ်များ ပေါ်လာသည်။  ထိုသို့ဖြင့် တဖြည်းဖြည်း တက်လာသေးပြန်သည်။ မူလကမူ မည်သည့်နေရာကမှန်းမသိ သရဲထွက်လာမည့် အခြေအနေကို စိုးရိမ်နေခဲ့သည့် ဘဲငန်းကောက ရှိုးမှဧည့်သည်များအားလုံးက ငြိမ်းငြိမ်းချမ်းချမ်း အိပ်သွားကြပြီး ပုံမှန်မဟုတ်သည့် အကြောင်းအရာ မဖြစ်လာသည့်အတွက် စိတ်အေးစွာ သက်ပြင်းချလိုက်သည်။ သူက “ဒီနေ့ရဲ့ရှိုးက တော်တော်လေးကို လုံခြုံတယ်ဆိုသော ပို့စ်ကိုပင် တင်ပြီး စိတ်လှုပ်ရှားစွာနှင့် ဗီဒီယိုပလက်ဖောင်းထဲမှ ထွက်ကာ ဂိမ်းသွားကစားနေခြင်း ဖြစ်သည်။ သို့ရာတွင် ဂိမ်းကစားနေရင်း တန်းလန်းမှ ရုတ်တရက် သူ၏ ဆိုရှယ်မီဒီယာပလက်‌ဖောင်းတွင် သတိပေးစာ ပေါ်လာကြောင်း တွေ့လိုက်သည်။ သူ့ကို ဖော်လိုထားသော လူအများနှင့် သီးသန့်စကားပြောလာသောသူများက စကားပြောလာကြသည်။

 

သူက အသစ်ပေါ်လာသော စာများကို စိတ်ရှုပ်ထွေးစွာ ဖတ်လိုက်ပြီးနောက် သူက ရုတ်တရက် အချိန်နှင့် တပြေးညီ ဝင်ရောက်ရှာဖွေမှု အများဆုံး စာရင်းမှ tagကို တွေ့လိုက်သည်။

 

ဘဲငန်းကော “?”

 

ထို့နောက် သူ တစ်ညလုံး နောင်တရမည့် တစ်စုံတရာကို လုပ်လိုက်မိသည်။

 

သူက ထိုခေါင်းစဉ်ကို နှိပ်လိုက်မိသည်။

 

“အား _ _ _ သရဲ သရဲ”

 

ဘဲငန်းကော စူးရှစွာ အော်လိုက်မိလေရာ သူနှင့်အတူ ဂိမ်းကစားနေသော သူများကပင် ကြောက်လန့်မှုကြောင့် တုန်ယင်သွားကြသည်။

 

“ဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ် _ _ _ဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ် ငါ သရဲတွေ့လိုက်ရပြီ”

69 04

ဘဲငန်းကောက အလွန်ကြောက်လန့် သွားသည်။ ထိုရှိုးမှ ကြည့်ရှုသူများက လွန်ကဲလွန်းအားကြီးသည်။

 

နဂိုက ဘဲငန်းကော၏ အကောင့်အောက်တွင် ဆွေးနွေးရန် အလိုအလျောက် စုစည်းနေကြသူများက ဘဲငန်းကော၏ အပ်ပဒိတ်အသစ်တစ်ခုကို တွေ့လိုက်သည်။ သူက နာမည်ပင် ပြောင်းသွား၏။

 

@ဒီဘဲငန်းလေးကို ကယ်ပါ_ _ _ ငါ တအားရူးတာပဲ။ တကယ်ပါ။ ဒီရှိုးက လူတွေအားလုံး ညဘက်မှာ စောစောစီးစီး အိပ်သွားကြတာကို သိလိုက်ရလို့ တော်တော်လေးကို စိတ်အေးသွားခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးတစ်ခေါက် သူတို့ အိပ်ပြီးသွားတဲ့အခါမှာ ဘာတွေ ဖြစ်လာလဲဆိုတာကို မေ့သွားတယ်။ ဒီပရိုဂရမ်က ငါ့ကို အချက်အလက်နဲ့ ဖြတ်ရိုက်ပြီး ပြောလိုက်တာပဲ။ မင်းတို့ အပျော်စောသွားတယ်။ ဘာကို ငြိမ်းချမ်းတာလဲ။  ငါ ဒီနေ့ ကိုယ့်အုတ်ဂူကို တူးမိသွားတယ်!!!

 

ဘဲငန်းကော၏ အပ်ပဒိတ်နှင့် ထရန်းတင်း tagများကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ထွက်လာသော ကြည့်ရှုသူပေါင်းများစွာက တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ အဓိက သာဖန်သားပြင်သို့ ပြန်သွားလိုက်မိသည်။

 

ထို့နောက် သူတို့မြင်နေရသည့် ရှုထောင့်က တစ်စုံတရာ မှားယွင်းနေကြောင်း တွေ့လိုက်ရသည်။

 

ကင်မရာဟာ မြေပြင်နှင့် ကပ်နေပြီး အောက်ဘက်မှအပေါ်သို့ မော့ကြည့်ရသော အနေအထားမျိုး ဖြစ်နေသည်။  ထို့အပြင် မြေပြင်တွင် ခြေထောက်မထိပဲ လေပေါ်တွင် မျောလွင့်သလို သွားနေကြသည့် အနီရောင် အရိပ်ပေါင်းများစွာကို မြင်နေရသည်။ ထို့အပြင် ကင်မရာက အကန်ခံနေရသလိုမျိုး မြေပြင်တွင် တရွတ်တိုက်ပါသွားခြင်း ဖြစ်သည်။

 

ထို့နောက် ရှုထောင့်တစ်ခုမှတဆင့် လူအများကို အဖြေသိစေလောက်မည့် နူးညံ့သော မျက်နှာတစ်ခုက ပေါ်လာသည်။

 

တိုက်ရိုက်ထုတ်လွှင့်မှု ပစ္စည်း၏ ဝါယာကြိုးများက ရုန့်ရုန့်၏ ခြေထောက်များနှင့် ညှိနေသောကြောင့် သူမက ရှေ့သို့  ဆက်လက်ပြီး ကန်ထုတ်နေလေရာ သွေးနီရောင် သရဲများနှင့် ကပ်သွားသည်။

 

အချိန်မှီ မတုန့်ပြန်နိုင်ခဲ့သည့် ကြည့်ရှုသူများ [wtf]

 

[ဒါက ဘ‌လော့ရဲ့ ပုံစံအသစ်လား။ ငါတို့ကို သရဲရဲ့ရှုထောင့်ကနေ သရဲနဲ့ တွေ့ပေးတာပေါ့လေ]

 

[ငါ အရင်က တော်တော်ကို ကြောက်ဖို့ကောင်းတယ်လို့ ထင်နေတာ။ ဒါပေမဲ့ ငါ အရမ်းကို ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိမှန်း သိသွားတယ်။ ရုန့်ရုန့်ကျဲရယ် ကျဲလို့ ခေါ်ပါမယ်။ ကျေးဇူးပြုပြီး ကင်မရာလေးကို အောက်ချပေးပါလား။ ငါ သရဲတွေနဲ့ တွေ့ကြုံရတာကို ဘယ်လိုခံစားချက်လဲ ဆိုတာကို တကယ် မသိချင်ဘူး]

 

[ဒီသရဲတွေ ဘာလုပ်နေတာလဲ။ ဘယ်နေရာကို သွားနေတာလဲ။ ဘာလို့ သူတို့က တစ်ညီတစ်ညာတည်း တစ်နေရာတည်းကို ရွေ့နေသလို ဖြစ်နေတာလဲ]

 

[သရဲ သရဲသိုက်လား ဘယ်လိုပဲဖြစ်ဖြစ် ငါ သရဲရဲ့ ဘလော့တော့ မကြည့်ချင်ဘူး။ ကျေးဇူးပြုပြီး ငါ့ကို နားချိန်လေး ပေးပါဦး]

 

[ရီပို့တင်ရမယ်။ ယန်ကောရဲ့ ကင်မရာအခွဲက ပွင့်သွားပြီ။ မြန်မြန်လေး သွားကြည့်ကြ။ သောက်ကျိုးနည်း ငါ သေအောင်ကြောက်သွားပြီ။ ကျေးဇူးပြုပြီး မြန်မြန်လေး ကွန့်မန့်လေး တင်ကြပါ။ ငါ ငါ ငါကတော့ ကြည့်နေရင်းနဲ့ တုန်ယင်နေလို့ ဘာမှမလုပ်နိုင်တော့ဘူး]

 

******