70 01
အပိုင်း(၇၀)
[နောက်ဆုံးတော့ ယန်ကောကို ရှာတွေ့ပြီ ကောင်းလိုက်တာ ဝူး မြန်မြန်လေးသွား ယန်ကောကို ပိုင်ရွှမ်းတို့တွေအကြောင်း ပြောလိုက်ဦး။ နောက်ပြီး သရဲနဲ့ ရုန်ရုန်အကြောင်းလဲ ပြောရမယ်]
သို့ရာတွင် ကြည့်ရှုသူများကမူ ယန်ရှစ်ရွှမ်းသည် သူ၏ကိုယ်ပေါ်တွင် တပ်ထားသော အခွဲဖန်သားပြင်ကိုသာ သယ်လာပြီး တိုးဂိုက်တက်ပလက် ပါမလာကြောင်း သတိမထားမိကြချေ။ ထို့ကြောင့် မည်သည့်ကွန့်မန့်ကိုမှ မမြင်နိုင်ချေ။
တောင်ဘုရားကျောင်း၏ အဓိကခန်းမသို့ သွားပြီး အခြေအနေကို စစ်ဆေးကြည့်ပြီး ယန်ရှစ်ရွှမ်းက တိတ်ဆိတ်သော တောင်ဘုရားကျောင်းအတွင်း လမ်းလျှောက်နေခြင်း ဖြစ်သည်။ မိုးသံအောက်တွင် ပတ်ဝန်းကျင်မှ အသံများကို ဝါးမြိုခံနေရသလို ဖြစ်နေသည်။ သူသည် အဝေးမှအသံကို မကြားနိုင်သလို ဖျော့တော့သည့် အလင်းရောင်ကိုပင် မမြင်နိုင်ချေ။
အဓိကခန်းမရှိ တဲအိမ်လေးမှ မီးအိမ်လေးများက ပိတ်နေပြီဖြစ်ပြီး တောင်ဘုရားကျောင်းကို စီမံခန့်ခွဲသော သက်လတ်ပိုင်းအရွယ် လူကြီးကလည်း အိပ်နေပုံပေါ်သည်။ အခြားသော ရွာသားနှစ်ယောက်ကလည်း အိပ်နေသည့်အလား လှုပ်ရှားမှု ကင်းမဲ့နေသည်။
ယခုလေးတင် တောင်ဘုရားကျောင်းနှင့် ပတ်သက်ပြီး တစ်စုံတရာ မှားယွင်းနေကြောင်း သူဟာ သံသယဝင်ခဲ့ခြင်း ဖြစ်သည်။ ယန်ရှစ်ရွှမ်း အလျင်စလို လှုပ်ရှား၍မရပဲ တိတ်ဆိတ်ကာ စောင့်စားရမည် ဖြစ်သည်။ တခဏခန့် ကြာပြီး သေးငယ်သော တဲအိမ်လေးအတွင်းမှ မည်သူမှ သူ့ကို မနှောက်ယှက်ကြောင်း အတည်ပြုပြီးမှသာ ခြံဝင်းထဲမှ တိတ်တဆိတ် ခပ်မြန်မြန် ထွက်လာသည်။ သူဟာ ခြံဝင်းထဲသို့ ထွက်သွားပြီး ပြင်းထန်သည့်မိုးက သူ့ကို မစိုလာသေးခင် အဓိကခန်းမ၏ တံစက်မြိတ် အောက်တွင် ရပ်နေပြီဖြစ်သည်။
ညနေပိုင်းတွင် ရသစုံရှိုးစတားက ပြောနေသည့်စကားကို တွေးခြင်းအားဖြင့် ရှိုးက ပျင်းစရာ ကောင်းလွန်းလျှင် မကောင်းနိုင်သည့် အချက်ကို တွေးလိုက်မိလေသည်။ ထို့ကြောင့် အနည်းငယ် စဉ်းစားပြီးမှ သူ၏ကိုယ်ပိုင်တိုက်ရိုက်ထုတ်လွှင့်မှု အခွဲလေးကို ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။
ရှိုးက စိတ်ဝင်စားမှုကောင်းခြင်း မကောင်းခြင်းကို သူက ဂရုမစိုက်သော်လည်း ထိုရသစုံရှိုးစတား ပြောသောစကားလည်း မှန်ကန်နေသည်။ ကျန်းဝူပင်းနှင့် ပြန်တွေ့ပြီးနောက် သူသည် ကြည့်ရှုသူပေါင်းများစွာကို မဆွဲဆောင်နိုင်ခဲ့ကြောင်းကို သိသွားလျှင် ထို့အပြင် ပျင်းစရာ ကောင်းလွန်းသောကြောင့် ကြည့်ရှုသူများက ထွက်ပြေးသွားခဲ့ကြောင်း သိခဲ့ပါက သူ့ကိုခုန်အုပ်မည့် ငိုနေမည့် အခြေအနေကို ကြောက်နေမိသေးသည်။
ယန်ရှစ်ရွှမ်းကလည်း ကျန်းဝူပင်းက သူ၏မျက်ရည်များနှင့် နှာခေါင်းကို ကိုယ်ပေါ်မှ အဝတ်များနှင့် သုတ်မည့်အခြေအနေကို တွေးကြည့်ရုံနှင့်တင် အန်ချင်လာသလို ဖြစ်ပြီး တစ်ကိုယ်လုံးက မသက်မသာ ဖြစ်သည်။ တုန့်ဆိုင်းမနေဘဲ သူ၏ဖန်သားပြင်ကို ဖွင့်ပြလိုက်ခြင်း ဖြစ်သည်။
ဒါက စိတ်ဝင်စားဖို့ ကောင်းလား မကောင်းလားတော့ မသိဘူး။ အနည်းဆုံးတော့ ဖွင့်လိုက်ပြီလေ။
ကြည့်ရှုသူက မကြိုက်ရင်တောင်မှ သူလဲ မတတ်နိုင်ဘူး။
ကျန်းဝူပင်းက သူ့ရှေ့မှာ လာငိုလို့ မရတော့ဘူးပဲ။
ကြည့်ရှုသူများ ဘာကြိုက်လဲဆိုတာကို _ _ _ သူတို့ပဲ သိမှာပေါ့။
ယန်ရှစ်ရွှမ်းက ထိုသို့ဖြစ်သလို တွေးလိုက်ပြီး အဓိကခန်းမ၏ အဓိကတံခါးထံ ကြည့်လိုက်သည်။
သက်လတ်ပိုင်းအရွယ်လူက အိပ်ယာမဝင်ခင် အဓိကခန်းမ၏ တံခါးကို သော့ပိတ်သွားသည်။ ကြီးမားသော သော့ခလောက်ကြီးက ကြေးနီရောင် သံချေးများ ပြည့်နေပြီး အချို့သော သွေးရောင်လို အနီရောင် ခြေရာလက်ရာများနှင့် တံခါးပေါ် တွဲလောင်းကျနေကာ ယန်ရှစ်ရွှမ်း၏ ဝင်ရောက်မှုကို တားထားသည်။
ယန်ရှစ်ရွှမ်းကမူ အစပိုင်းတွင် အာရုံအများကြီး မစိုက်မိချေ။ သို့သော် ထိုသော့ခလောက်ပေါ်က သံချေးများက သူ၏အာရုံကို ဆွဲဆောင်နိုင်သည်။
ထိုသော့ခလောက်ဟာ ဟောင်းနေပုံရသည်။ အတွင်းပိုင်းအချက်အချာ နေရာကသာ ထပ်ခါတလဲလဲ ဖွင့်ပိတ်နေရသောကြောင့် ပေါလစ်တိုက်ထားသလို ဖြစ်နေပြီး အပြင်ပိုင်းကမူ ထက်ရှသော တစ်စုံတရာနှင့် ကုပ်ခြစ်ခံထားရသလိုမျိုး၊ ဓား သို့မဟုတ် တိရိစ္ဆာန်လက်သည်း တစ်ခုခုဖြင့် ခြစ်ထားသလိုမျိုး သံကြေးများနှင့်ပြည့်နှက်နေသည့် အစင်းကြောင်းရာများအဖြစ် ကျန်ရစ်နေသည်။ ဟောင်းနေသော ပုံစံက ဒီဘုရားကျောင်း တစ်ခုလုံးတွင် ထည်ထည်ဝါဝါ သုံးထားသည့် ရန်ပုံငွေများနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
ယန်ရှစ်ရွှမ်းက အနီးကပ်ကပ်သွားပြီး နှာခေါင်းရှုံ့ကာ အနံ့ခံကြည့်သောအခါ ထိုသော့ခလောက်ကြီးထံမှ ပြင်းထန်လွန်းသော သံချေးနံ့ကို ရသည်။ ထို့အပြင် သံချေးအရောင်မှတဆင့် ဒါဟာ အစိမ်းရောင်သံချေးများနှင့် ကြေးနီရောင်သော့ခလောက် ဖြစ်သင့်သည်။ အနံ့ကလည်း သာမာန်ဖြစ်သည်။ သို့သော် သံချေးကမူ အနည်းငယ် ကွာခြားနေသည်။
ယန်ရှစ်ရွှမ်းက အနည်းငယ် စိတ်ရှုပ်ထွေး သွားသည်။ ရွာက တောင်ဘုရားကျောင်းကို အလွန် အလေးထားသည်။ မကြာခဏဆိုသလို ကိုးကွယ်ပူဇော်ရင်းနှင့် ဘုရားပွဲများကို ကျင်းပ တတ်သေးလေရာ အဓိကခန်းမ အတွင်းတွင်လည်း နံရံဆေးရေးပန်းချီများ အပြည့် လှပစွာ ရေးချယ်ထားသည်။ နတ်ဘုရား၏ရုပ်ထုကြီးကပင် ရွှေသင်္ကန်း ကပ်ထားသေး၏။
70 02
ဒါဆိုဘာလို့ တံခါးသော့ချိတ်ကို လစ်လျူရှုထားတာလဲ။
နောက်ပြီး ဒီသော့ချိတ်ပေါ်က ကုပ်ခြစ်ရာတွေက ဘာလဲ။ ပုံမှန်အတိုင်း သုံးနေမယ်ဆိုရင် ဒီလောက် ကုပ်ခြစ်ရာတွေ များမနေသင့်ဘူးလေ။
နောက်ပြီး ဒီအနီရောင်တွေက_ _ _မသိရင် သံချေးဆိုတာထက် သွေးတွေလိုပဲ။
သို့သော် ယန်ရှစ်ရွှမ်းကမူ ဒီည၏အဓိက ရည်ရွယ်ကို မမေ့ချေ။ သူက သော့ခလောက်ကြီးကို တစ်ခဏခန့်သာ စိုက်ကြည့်ပြီးနောက် ဂါထာကို တိတ်တဆိတ်ရွတ်ကာ တံခါးကို သဘာဝကျကျ ဖွင့်ရန်ကြံစည်လိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် ထိုသော့ခလောက်က မပြောင်းလဲချေ။ ဂါထာကပင် သက်ရောက်မှု မပြသည့်အတွက် ပွင့်မသွားချေ။
ယန်ရှစ်ရွှမ်းက ဂါထာကို တိတ်တဆိတ် ပြန်ရွတ်သည်။ သို့သော် ရလဒ်က တူညီသည်။
ဘာဖြစ်တာလဲ။
ယန်ရှစ်ရွှမ်းက နည်းငယ် အံ့ဩသွားသည်။ သူအနေနှင့် ပထမဦးဆုံးအကြိမ်အနေနှင့် သူရွတ်သော ဂါထာက အသုံးမဝင်သည့် အခြေအနေမျိုးကို ကြုံရခြင်း ဖြစ်သည်။
သူရွတ်တဲ့ အသံထွက်က မှားတာလား။ မှတ်ဉာဏ်က မှားတာလား။ ဒါမှမဟုတ် သူ့မှာအင်အားမရှိတော့တာလား_ _ _ဒီနားက သရဲတွေက ဒီလောက်ထိ အားကြီးနေပြီလား။
ယန်ရှစ်ရွှမ်း ခပ်မြန်မြန် စိတ်ငြိမ်အောင် ထိန်းပြီး နောက်ပြီး
“ ငါ မြေပြင်ကို သန့်စင်သည်ဆိုသော နတ်ဘုရား၏ မန်ဒြွာကို ရွတ်သည်” သူသည် ထိုအရာကို ရွတ်ခြင်းအားဖြင့် ဒီအနီးအနားက သရဲများက သူ၏အင်အားကို နှောက်ယှက်နိုင်သည်ဆိုသော သံသယကို လွှင့်ပြယ်အောင် လုပ်ချင်သည်။
“ကောင်းကင်နယ်မြေက သဘာဝအတိုင်း တည်ရှိနေတာ။ နံဟောင်ညှီစို့ပြီး ညစ်နွမ်းရဲ့အရာအားလုံး ပျောက်ပြယ်သွားစမ်း”
ရှင်းလင်းသော အသံထွက်သည့် စကားလုံးတိုင်းက လေထဲတွင် အနည်းငယ်ခြားလျက် ပေါ်လာသည်။ သို့ရာတွင် ရင်းနှီးကျွမ်းဝင်သော ရွှေရောင်အလင်းကမူ ထွက်မလာချေ။
စိုထိုင်းထိုင်း အေးစက်နေသော မိုးရေထဲတွင် မည်သည့်အရာမှ ဖြစ်မလာချေ။
ယန်ရှစ်ရွှမ်း၏ နှလုံးသားက ခပ်မြန်မြန် ထိုးကျသွားသည်။ သူက သူ၏မသိစိတ်အရ တံခါးသော့ခလောက်ကို အတင်းမဖွင့်နေချေ။ ထို့ကြောင့် ခပ်မြန်မြန် တွက်ချက်လိုက်ပြီး လောကအား အခြေအနေကို မေးမြန်းရန် စီစဉ်လိုက်သည်။
သို့ရာတွင် အဖြေမရပြန်ချေ။
သူဟာ ပိတ်ထားသော သတ္တုသော့ခလောက် ရှေ့တွင် ရပ်နေသည့် အချက်ပြုတိုင်းနှင့် ဖြတ်တောက်မ ခံထားရလေရာ ကောင်းကင်နှင့်မြေကြီးများထံမှ အဖြေများကို တောင်းဆို၍မရသလို တုန့်ပြန်မှုလည်း မရနိုင်ချေ။
ဒီနေရာကို နတ်ဘုရားများနှင့် သရဲများကက စွန့်ပစ်ထားသလို၊ ကောင်းကင်နှင့်မြေကြီးက ဝင်ရောက်စွပ်ဖက်လိုခြင်း မရှိသလိုဖြစ်နေသည်။
သူ ကဘေးဘဝကတည်းက ဆရာဖြစ်သူ၏ နောက်သို့မှလိုက်ကာ လောကအနှံ့ လှည့်လည်သွားလာခဲ့သည်။ ထို့ကြောင့် လူပေါင်းများစွာကို ကူညီပြီး သရဲနှင်ပေးခဲ့သည်။ ငြိမ်းချမ်းသော ဘဝကို ကူညီပြီး ဆောင်ယူပေးနိုင်ခဲ့သည်။
ယန်ရှစ်ရွှမ်းအနေနှင့် ယခုလို စိတ်ရှုပ်ဖွယ်အခြေအနေ၊ အားအင်မရသည့် အခြေအနေမျိုးကို မကြုံဖူးချေ။
အင်အား အားလုံးကို စွန့်ပစ်လိုက်ရသည့် စစ်သည်တော် တစ်ယောက်အလား၊ လက်နက် အလွှတ်ခံလိုက်ရသည့် စစ်သည်တော် တစ်ယောက်အလား ဖြစ်နေသည်။
ယန်ရှစ်ရွှမ်း ကျွမ်းကျင်သော တာအိုပညာရှင်တိုင်း၏ နည်းလမ်းများ အားလုံးက အသုံးမဝင်ချေ။ တစ္ဆေနှင့် နတ်ဘုရားများက တု့န်ပြန်ရန် ငြင်းဆန်နေကြသည်။
ခွန်အားတစ်ရပ်ဖြင့် အပိတ်ခံရပြီးနောက် သူဟာ သာမန်လူနှင့် မခြားတော့ချေ။ သို့သော် ယန်ရှစ်ရွှမ်းကမူ အဓိကခန်းမ၏အရှေ့တွင် တိတ်တဆိတ်နှင့် အချိန် အနည်းငယ်သာ ဆက်ရပ်နေခဲ့ပြီးနောက် သူ၏စိတ်ကို ခပ်မြန်မြန် ထိန်းညှိကာ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
သူဟာ ထိုကဲ့သို့ စွမ်းအားမျိုး မရှိသည့်တိုင်အောင် သူ့တွင်အခြားသော အင်အားနှင့် ယုံကြည်မှု ရှိသည်။ သူဟာ သူ ရင်ဆိုင်ရမည့်အရာကို မကြောက်ပါချေ။ ဒီအတိုင်း ကောင်းကင်နှင့် မြေကြီးမှ တစ္ဆေ၊သရဲ၊ နတ်ဘုရားများ၏ အကူအညီကို ဆုံးရှုံးရရုံသာ ဖြစ်သည်။ သူသည် လူသားဖြစ်သည်။ နတ်ဘုရားများက လူသားတို့၏ စကားကိုသာ မှီခိုရသည်။
ဒီအခြေအနေကို ဖြိုခွဲဖို့ လူသားဆိုတဲ့ နောက်ခံထက်ပိုပြီး ကောင်းတာ ရှိပါဦးမလား။
ယန်ရှစ်ရွှမ်း၏ အနက်ရောင်မျက်လုံးက ရူးသွပ်စွာ တိုက်ခိုက်လိုသော စွမ်းအားများ နှင့် တောက်ပလာသည်။ သူ၏အရိုင်းဆန်ဆန်ချောမောသည့် မျက်နှာက သွေးရောင်လွှမ်းပြီး တောက်ပလာသည်။ ထို့နောက် ရုတ်တရက် စိတ်လှုပ်ရှားမှုက ပေါ်ထွက်လာသည်။
70 03
သူ၏အနီဖျော့ရောင် နူတ်ခမ်းပါးက ကော့တက်သွားပြီး သူဟာ အရိုင်းဆန်စွာ ရယ်သည်။
“အကူအညီ မရဘူးဆိုတော့လည်း ကိုယ့်ကိုယ်ကို မှီခိုရုံပေါ့။ စိတ်ဝင်စားစရာပဲ စိတ်ဝင်စားစရာကောင်းတယ်”
ထို့နောက် သူသည် တောင်ဘုရားကျောင်းတွင် ပြဿနာရှိနေသော အရာကို ကြည့်ရမည်။
လာစမ်းပါ။ ဘယ်သူက တော်လဲ။ လူလား မကောင်းဆိုးဝါးလား။ အမှောင်ထဲမှာပဲ ပုန်းနေရတဲ့ သတ္တဝါက လူသားကို ယှဉ်နိုင်မှာလား။
ရုတ်တရက် အခြေအနေက ယန်ရှစ်ရွှမ်း၏ အကြံအစည်ကို ပျက်ယွင်းပြီး သူ့အား ထိတ်လန့်သွားအောင် မလုပ်နိုင်ဘဲ သူ၏တိုက်ခိုက်လိုသည့် စိတ်ဆန္ဒကို လှုံ့ဆော်ပြီး ပိုပြီးစိတ်လှုပ်ရှားကာ အမောတကော အသက်ပြင်းပြင်း ရှူစေသည်။
ထိုစိတ်လှုပ်ရှားမှုက ချက်ချင်းဆိုသလို လေးလံသွားသည်။ ခန္ဓာကိုယ်ရှိ ကြွက်သားက တင်းကြပ်သွားပြီး ရှပ်အင်္ကျီတစ်ခုလုံး အပြင်သို့ပင် ဖောင်းထွက်လာစေသည်။ ထို့အပြင် ချောမွေ့သော အစင်းကြောင်းရာများက အပြင်ဘက်တွင် ထင်းထွက်လာလေပြီး ပြင်းထန်သော ခွန်အားနှင့် အရိုင်းဆန်မှုတို့ ခပ်ကြမ်းကြမ်း ပေါင်းစပ်သွားသည်။
ယန်ရှစ်ရွှမ်း၏ ဝေးကွာလွန်းသော အမှောင်ထုအတွင်းတွင် ဒါရိုက်တာလက်ထောက်၏ စူးရှလွန်းသော အနက်ရောင် မျက်ဝန်းတစ်စုံက တိတ်ဆိတ်စွာနှင့် ယန်ရှစ်ရွှမ်းကို ကြည့်နေသည်။ ယန်ရှစ်ရွှမ်း၏လက်ရှိ အခြေအနေကို မြင်ပြီးနောက် သူဟာ မှင်သက်သွားသည်။ အချိန်အတန်ကြာပြီးမှသာ အသိပြန်ဝင်သည်။
ဒါက သူ့ရဲ့စိတ်ကူးထဲက သူမျှော်လင့်ထားတဲ့ သေမျိုးအပနှင့် ပညာရှင်ပဲ။ နှစ်ထောင်ပေါင်းများစွာ တွေးတောလာခဲ့ပြီး နောက်ဆုံးမှ သူ စိတ်ကူးယဉ် ထားတဲ့ ပုံစံ ရလာတယ်။ နောက်ပြီး ထပ်ခါတလဲလဲ ပုံသဏ္ဍာန်တွေပြောင်းပြီး အကောင်အထည်တွေ ပေါ်လာသေးတယ်။
မူလကမူ သေမျိုးများအတွက် ထိုကဲ့သို့သော အပနှင်သည့် ပညာရှင်က သူ၏စိတ်ကူး နယ်မြေအတွင်းသာ ရှိသည်။ သို့သော် ရုတ်တရက် ထိုကဲ့သို့သော အပနှင်သည့် ပညာရှင်တစ်ယောက်ကို အမှန်တကယ် တွေ့ရမည်ဟု မထင်ထားမိချေ။
သူ၏စိတ်ကူးယဉ်သေမျိုး အပနှင်ပညာရှင်က အမှန်တကယ် တည်ရှိသည်။ ကောင်းကင်းနှင့် မြေပြင်ကို မမှီခိုဘဲ အစစ်အမှန်နိယာမများကို မှန်ကန်ထားခြင်း မဟုတ်ဘဲ ကိုယ်ပိုင်ရှုမြင် နိုင်စွမ်းအားအားနှင့် အကဲဖြတ်နိုင်စွမ်းအား ရှိနေသူ၊ အကျိုးအကြောင်းကျကျ ချင့်ချိန်နိုင်သောသူ၊ မိစ္ဆာတစ်ကောင်လို အပနှင်သူ၊ လူသားတစ်ယောက်လို အထိမခံနိုင်သော စွမ်းအားနှင့် ဝေဖန်သုံးသပ် နိုင်စွမ်အားကို ပိုင်ဆိုင်ထားသောသူ_ _ _
ယန်ရှစ်ရွှမ်း ယန်ရှစ်ရွှမ်း ယန်ရှစ်ရွှမ်း_ _ _
ထိုလူသည် ယန်ရှစ်ရွှမ်း၏နာမည်ကို ထပ်ခါတလဲလဲ ရေရွတ်နေပြီး မူလက ဘာကိုမှ ဂရုမစိုက်သည့် မျက်လုံးထဲတွင် အပြုံးက ပေါ်ထွက်လာသည်။ သို့သော် ယန်ရှစ်ရွှမ်းကမူ ထိုလူက သူ့ကို စောင့်ကြည့်နေခဲ့ကြောင်း မသိချေ။
သူက သူ၏ ကုပ်အင်္ကျီထဲမှ ပင်အပ်တစ်ချောင်းကို ထုတ်ပြီး သန်မာသော လက်များနှင့် ဆုပ်ကိုင်လျက် ဖြောင့်တန်းနေသော အပ်တစ်ချောင်းဖြစ်သွားအောင် ဆွဲဖြောင့်လိုက်သည်။ ထို့နောက်ကိုယ်ကို အနည်းငယ်ငုံ့လိုက်ပြီး ကြီးမားသည့် သော့ခလောက်ကြီး အနားသို့ ကပ်လျက် သော့ပေါက်ထဲသို့ အပ်ချောင်းအား ထိုးထည့်လိုက်သည်။ ထို့နောက် မျက်လုံးကို အသာအောက်ပို့ပြီး စိတ်ငြိမ်ငြိမ် ထားသည်။ သူသည် တစ်စုံတရာကို ရှာတွေ့မည့်အခြေအနေကို စိတ်ရှည် သည်းခံစွာနှင့် စောင့်ဆိုင်းသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ကလစ်ဆိုသော အသံနှင့်အတူ သော့ခလောက်ကြီးက လျှင်မြန်စွာနှင့် ပွင့်လျက် ယန်ရှစ်ရွှမ်း၏ လက်ထဲသို့ ကျလာသည်။
သူက သော့ခလောက်ကို မလိုလားအပ်သော ဆူညံသံများနှင့် အခန်းထဲမှ သက်လတ်ပိုင်းလူ မနိုးစေရန် တိတ်ဆိတ်စွာ ဖမ်းလိုက်သည်။ ထို့နောက် ခန်းမအတွင်းသို့ တိတ်တဆိတ် လျှောက်ဝင်သွားပြီး တံခါးတွင် သော့ခလောက်ကြီးကို ပြန်ချိတ် ထားလိုက်သည်။ ထို့နောက် တစ်ဖန်ပြန်ထကာ တံခါးကို ပြန်ပိတ်ပြီး သော့ဖွင့် ထားပြီးသော်လည်း သော့ခတ်ထားသေးသော ပုံစံမျိုးပေါ်အောင် ပြင်ဆင်လိုက်သည်။
တံခါးကဖွင့်ပြီး ပိတ်သွားသောအခါ အဓိကခန်းမ၏ ကြမ်းပြင်ပေါ်သို့ ကျနေသော အဟကြားမှ ရောက်ရှိလာသည့် အလင်းများက ပြန်ပျောက်သွားသည်။
ထင်ယောင်ထင်မှား ဖြစ်သည်လား မသိချေ။ အလင်းက ရုတ်တရက်ပေါ်လာသောအခါ အမှောင်အတွင်းတွင် ကြာရှည်စွာ စောင့်ဆိုင်းနေခဲ့သည့် တိရိစ္ဆာန်က အလင်းရောင်ကြောင့် မူးဝေသွားသလိုမျိုး အဓိကခန်းမ၏ နေရာတိုင်းတွင်ပင် ရှိသင့်သည့် နံရံဆေးရေးပန်းချီမှ လူပုံသဏ္ဍာန်များအားလုံးက သတိလက်လွတ် ယောင်ကြပြီး မျက်လုံး မှိတ်လိုက်ကြသည်။
ထို့နောက် တံခါးက ပြန်ပိတ်သွားမှသာ ထိုနံရံဆေးရေးပန်းချီများက ယန်ရှစ်ရွှမ်း မြင်ဖူးသော ပုံသဏ္ဍာန်များ အသွင် ပြန်ပြောင်းသွားသည်။
ယန်ရှစ်ရွှမ်းက တံခါးအရှေ့တွင်ရပ်ပြီး ပတ်ပတ်လည်တွင် သူ့ကို ဝိုင်းနေသလို ရှိသည့် နံရံဆေးရေးပန်းချီများကို ကြည့်သည်။ ရုတ်တရက် သူဟာ အကင်းပါးစွာနှင့် အကြည့်များက ပြောင်းနေကြောင်း တွေ့လိုက်သည်။
70 04
အဖွားအိုကြီး၏ အိုဟောင်းသော တဲအိုအတွင်းသို့ ဝင်တိုးပြီးသည့်တိုင်အောင် ပရိုဂရမ်မှ ဝန်ထမ်းများက ကြောက်လန့်တုန်လှုပ်ကာ တုန်ယင်နေသေးသည်။ သူတို့သည် ယခုလေးတင် မကောင်းဆိုးဝါးများ၏ လိုက်ဖမ်းမှုကို ခံခဲ့ရပြီး တစ်ဖက်အကောင်က ကားထဲသို့ ဖောက်ဝင်လုနီးပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် လူတိုင်းက ကြောက်လန့်နေကြပြီး အချိန်အတန် ကြာသည့်တိုင်အောင် မငြိမ်နိုင်ကြချေ။
“အခု အပြင်မှာ မြင်လိုက်ရတာက ကြွက်မဟုတ်လား”
ဝန်ထမ်းအဖွဲ့ဝင်၏ အသံက မျက်ရည်များကြောင့် တုန်ယင်နေသည်။ သူက ကားထဲမှ ထွက်သောအခါ သူ၏ခြေထောက်က ပျော့ခွေလွန်းနေသဖြင့် ရွက်ဖျင်တဲ၏ အရှေ့သို့ ထိုးကျသွားစေသည်။ ထို့နောက် သူသည်ကြမ်းတမ်းသော မြေပြင်ပေါ်သို့ ဒူးထောက်ကာ ကျသွားသည်။
“ဒီလောက်ကြီးတဲ့ကြွက်က ဘယ်မှာရှိနိုင်မှာလဲ။ မကောင်းဆိုးဝါးပဲ ဟုတ်တယ် မကောင်းဆိုးဝါးပဲ ဖြစ်လိမ့်မယ်။ ငါတို့ရဲ့အသွေးအသားတွေကို စားဖို့လာတဲ့ မကောင်းဆိုးဝါး”
နောက်ထပ်ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးက ကြောက်လန့်လွန်းသဖြင့် အသံကိုမြှင့်ကာ အော်သည်။ သူ၏လည်ပင်းမှ သွေးကြောများကပင် ပေါ်လာသည်။
ကြောက်လန့်နေသော ဝန်ထမ်းက ဘေးဘက်သို့ သွားရင်း ကျုံ့ကျုံ့လေး ထိုင်ကာ မျက်ရည်များကို သုတ်နေသည်။ ကျန်သော ဝန်ထမ်းများ၏အခြေအနေကလည်း ကောင်းသည်ဟု ဆို၍မရချေ။ သူတို့အားလုံး အလွန်အကျူး ထိတ်လန့်နေလျက် စိတ်ခံစားချက်များကို ဖော်ပြနေကြသည်။ ထို့ကြောင့် သူတို့က အန္တရာယ်မှ လွတ်ကင်းလာကြောင်းကို အမှန်တကယ် နားမလည်သေးချေ။
“တော်သေးတယ်။ ငါတို့ အသက်ရှင်ပြီ”
“ ဝူး ငါတို့ သေတော့မယ်လို့ ထင်နေတာ။ ကြောက်ဖို့ တအားကောင်းတာပဲ။ ဒီသောက်ကျိုးနည်း တအားကြောက်ဖို့ ကောင်းတာပဲ။ ဒီနေရာက ဘယ်နေရာလဲ။ ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ ကြွက်ကြီးက ရှိနေတာလဲ”
“ကျေးဇူးတင်ပါတယ် အဖွားရေ ကျေးဇူးတင်ပါတယ် အဖွားရေ_ _ _”
ဟောင်းနွမ်းနေပြီဖြစ်သည့် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အဖွားကြီးက ဘေးဘက်တွင် ရပ်နေသည်။ သို့သော် သူဟာ ခါးကုန်းကုန်းနှင့် ဖြစ်သည်။ သူမ၏ တဲအိမ်အတွင်းဝင်ရောက်ကာ ပြုံတိုးလျက် ရှိနေသောသူများကို သူမက အေးစက်စွာ ကြည့်သည်။ ထိုလူများ၏ အော်သံများကလည်း လယ်ကွင်း၏ တိတ်ဆိတ်မှုကို ဖျက်ဆီးလိုက်သည်။ သူမ၏ အိုမင်းပြီး အရေးအကြောင်းများ ပြည့်နှက်နေသော မျက်နှာက ပြုံးပြရန်ခက်ခဲသည့် မနှစ်မြို့မှုကို ဖော်ပြသည်။
သို့သော် မကောင်းဆိုးဝါးဆိုသည့် အော်သံကို ကြားချိန်တွင်မူ ထိုအမျိုးသမီးက မျက်မှောင်က ပြန်ပြေသွားသည်။ ထို့နောက် အိုမင်းသော မျက်နှာတွင် သူမ၏ အသက်အရွယ်နှင့် လိုက်ဖက်သော ကြင်နာမှုက ပြန်ပေါ်လာသည်။
ကလေးများ နာကျင်ခံစားမှုကို မြင်လိုက်ရသည့် မိခင်တစ်ယောက်လိုမျိုး စိတ်ဓာတ် ကျမှုလိုမျိုး၊ သူမက ကလေးငယ်၏ ဒဏ်ရာကို ကုသပေးရန် လက်ဆန့်ထုတ်ပြီး ကမ်းလှမ်းချင်သလို ကလေးငယ်၏ နာကျင်မှုများကို ကိုယ်စားခံယူချင်သလိုမျိုး ဖြစ်သွားသည်။
သို့သော် သိပ်မကြာခင် အမျိုးသမီး၏ အမူအယာက ကြမ်းတမ်းပြီး ပြန်လည်ခက်ထန်သွားပြန်သည်။
******