71 01
အပိုင်း(၇၁)
သူမက ကျယ်လောင်စွာ နှာခေါင်း ရှုံ့လိုက်သည်။ သူမဟာ ဝန်ထမ်းကို ဆူပူနေသည်လား။ အခြားသော တည်ရှိမှုကို လှောင်ပြောင်နေသည်လား မသိနိုင်ချေ။ ထို့နောက် မျက်မှောင် ကြုတ်လိုက်ပြီး ဒေါသထွက်နေသလိုမျိုး ကြောက်လန့်ဖွယ် ကောင်းသော မျက်နှာထားမျိုးနှင့် ပြောသည်။
“နင်တို့က နတ်ဘုရားကို ဘယ်လို ကိုးကွယ်ရမှန်းတောင် မသိဘူး။ ဒါတောင် နင်တို့ကို ကာကွယ်ပေးမယ့် ဘယ်အရာ ရှိနေမယ်လို့ ထင်နေတာလဲ။ ဘယ်လို ကျေးဇူးတင်ရမယ် မသိတဲ့ မျက်လုံးဖြူနဲ့ ဝံပုလွေတစ်သိုက် မင်းတို့အားလုံး အစားခံရတာပဲ ကောင်းတယ် ဟွန့်”
အဖွားကြီး၏ ရုတ်တရက် ထွက်လာသည့် ကြမ်းတမ်းသည့် စကားလုံးများကြောင့် တဲအိမ်အတွင်းတွင် လူတိုင်းက ကြောက်လန့်မှုနှင့်အတူ အော်ဟစ်ကြပြီး တစ်ယောက်ထံမှ တစ်ယောက် နှစ်သိမ့်မှု တောင်းခံနေရာမှ ရုတ်ချည်းလိုလို တိတ်ဆိတ် သွားကြပြီး အဖွားကြီးကို အံ့အားတကြီး လှည့်ကြည့်ကြသည်။
တဲအိမ်၏အပြင်ဘက်တွင် သည်းထန်သော မိုးက ဆက်လက် ကျဆင်းနေသေးပြီး ပြတင်းပေါက်ကို ခပ်ကြမ်းကြမ်း ရိုက်ခတ်နေသည်။ ထိုသို့ဖြင့် မှန်သားက တဒုန်းဒုန်း အသံများ ထွက်နေသည်မှာ ပြင်းထန်သော မိုးအောက်တွင် အချိန်မရွေး ကွဲကြေသွားမည်အလား ထင်ရသည်။
သို့သော် တဲအိမ်အတွင်းတွင် မှေးမှိန်သော အဝါရောင် ရေနံဆီမီးအိမ်လေးကိုသာ ချိတ်ဆွဲထားသည်။ သို့သော် အလင်းရောင်က မှေးမှိန်သော်လည်း မိုးနှင့် ရောနေသော အေးစက်သော လေအောက်တွင် အချိန်မရွေး ငြိမ်းသွားတော့မလို ဖြစ်နေသည်။ သို့တိုင်အောင် အဆုံးအထိ ထာဝရအလင်းကို ပေးနေမည့်ပုံလည်း ပေါ်နေသေးပြန်သည်။
အားနည်းသော်လည်း ခေါင်းမာသည့် ထိုအလင်းရောင်က အရပ်မျက်နှာအနှံ့မှ လာနေသည့် အမှောင်ထုကို တွန်းခံထားသည်။ ရွက်ဖျင်တဲရှိ လူတိုင်းက ငြိမ်းချမ်းသွားသလို ခံစားလိုက်ရသည်။
အနည်းငယ် အသက်ပိုကြီးသော ဒါရိုက်တာလက်ထောက်က လူတိုင်းထက် ပို၍မြန်ဆန်စွာ တုန့်ပြန်လိုက်နိုင်သည်။ သူက အနားသို့ လျှောက်သွားရင်း ပြောသည်။
“အဖွား ဒီနေရာမှာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ပူဇော်မှုတွေ ရှိတာလား။ နောက်ပြီး ကျွန်တော် ကြားလိုက်တာက ဘယ်နတ်ဘုရားလဲ။ အခုလိုမျိုး ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကြွက်ကို မောင်းထုတ်ပေးပြီး ငါတို့ကို အထဲခေါ်သွင်းပေးခဲ့တယ်ဆိုတော့ အဲဒီနတ်ဘုရားဆီ သွားပြီး အမွှေးနံ့သာတိုင် ပူဇော်ပေးလို့ ရမလား။ ငါတို့ရဲ့ကျေးဇူးတင်စိတ်ကို ပြချင်လို့ပါ”
“အမွှေးတိုင်ထွန်းမယ် ဟုတ်လား”
အဖွားကြီးက လှောင်ပြန်သည်။
“သူက မရှိတော့တာ ကြာပြီ။ ဘယ်နေရာမှာ နတ်ဘုရားတွေ ရှိမှာလဲ။ ဘယ်နေရာမှာ ပူဇော်မှုတွေ ရှိမှာလဲ ဟားဟား”
သို့ရာတွင် အဖွားအိုကြီးက ထိုသို့ပြောလိုက်သည့်တိုင်အောင် လက်ထောက်ဒါရိုက်တာက လုံလောက်အောင် ရိုးသားလွန်းနေသောကြောင့် ဖြစ်လောက်သည်။ သူမ၏ချက်ကောင်းကို ထိသွားပြီး အဖွားအိုကြီး၏လက်မှ လှုပ်ရှားမှုက ယခင်ကထက် ပိုကောင်းလာသည်။ သူမက နောက်ဘက်သို့ လှည့်ပြီး ကျောဘက်သို့ လက်ပို့လျက် အိမ်ထဲသို့ ပြန်လျှောက်ဝင်သွားသည်။
“နင်တို့က ဝံပုလွေရိုင်းတောင်ထိပ်ကို သွားချင်တယ် ဆိုကတည်းက မိုးရပ်သွားတဲ့အထိ စောင့် မိုးတိတ်တာနဲ့ သွားလို့ရပြီ”
ယခင်က ဝံပုလွေရိုင်းတောင်ထိပ်အကြောင်း ပြောချိန်၌ အဖွားကြီးက ဒေါသထွက်လွန်းသဖြင့် ကြောက်လန့်စရာပင် ကောင်းသည်။ သို့သော် အဆုံးသတ်တွင်မူ သူတို့ကို တဲအိမ်တွင် ယာယီအားဖြင့် တည်းခွင့်ပေးခဲ့သည်။ ထို့အပြင် ယခုအခါတွင်လည်း သူမကိုယ်တိုင် ဝံပုလွေရိုင်းတောင်ထိပ်၏ ကိစ္စကို ထုတ်ပြောလာသည်။
ထိုအဖွားကြီး၏ အပြုအမူ၊ အပြောင်းအလဲက လက်ထောက်ဒါရိုက်တာ ကျန်းအား စိတ်ရှုပ်ထွေး သွားစေသည်။ သို့သော် သူက သူမအား ခပ်မြန်မြန် စိတ်ရှုပ်ထွေးသွားစေသဖြင့် အခြားသော ဝန်ထမ်းများကိုသာ သူတို့၏နေရာများကို စစ်ဆေး ခိုင်းထားလိုက်သည်။
လုံခြုံကြောင်း အတည်ပြုပြီးနောက် စိတ်အေးသွားသော ဝန်ထမ်းများ အားလုံးက သက်ပြင်းချလိုက်လျက် ခပ်ဖြည်းဖြည်း ထိုင်ချလိုက်ကြသည်။
အအေး၊ ကြောက်လန့်မှု၊ ဆာလောင်မှု၊ အဝတ်အထည်များ အားလုံးက စွတ်စိုကာ ကိုယ်ပေါ်ကပ်နေမှု_ _ _ လူတိုင်းက တုန်ယင်နေပြီး နူတ်ခမ်းက ဖြူဖျော့နေကြသည်။
မမျှော်လင့်ထားစွာပင် ကျောဘက်သို့ လက်ပို့လျက် အိမ်ထဲသို့ ပြန်ဝင်သွားသော အဖွားကြီးက အမှိုက်ဂေါ်တစ်ခုနှင့်အတူ ပြန်လာသည်။ ထို့နောက် ထိုအမှိုက်ဂေါ်အား ကြမ်းပြင်တွင် ပူးကပ်ထိုင်နေသော လူတိုင်း၏ ခြေရင်းသို့ ပစ်ချပေးလေရာ ဘန်းကနဲ အသံက ထွက်လာသည်။
အဖွားကြီး၏ မျက်နှာအမူအယာက ကြောက်လန့်ဖို့ ကောင်းနေသည်။ သူမက စိတ်မရှည်သလို ပြောသည်။
71 02
“နင်တို့ အဆင်ပြေရင် ဒီအဝတ်ဟောင်းတွေ ဝတ်ထားလိုက်။ နတ်ဘုရားရဲ့အရှေ့မှာ အေးခဲပြီး သေဆုံးလို့ သူတို့ရဲ့ပုလ္လင်ကို မညစ်နွမ်းစေနဲ့”
လက်ထောက်ဒါရိုက်တာက ကျေးဇူးတင်ကြောင်း ပြောသည့်အချိန်တွင် ရုတ်တရက် သူ၏အစာအိမ်က အော်ဟစ်သံကို ပြုသည်။ လွန်ခဲ့သော နာရီအနည်းငယ်အတွင်း မည်သည့်အရာမှ မစားရသည့်အပြင် ကြောက်လန့်မှုများကို ကြုံတွေ့ပြီး ထွက်ပြေးခဲ့ရသည့်အခါ သူ၏အစာအိမ်က ဆန္ဒပြလေသည်။
ထိုအသံက ခလုတ်တစ်ခုလိုမျိုး ရွက်ဖျင်တဲအတွင်းတွင်လည်း နောက်ထပ် ကလုကလု အသံများက ချက်ချင်းလိုလို ထွက်လာသည်။
လက်ထောက်ဒါရိုက်တာတော့ မသိ အခြားသော ဝန်ထမ်းအဖွဲ့ဝင်များက ရှက်ရွံ့စွာနှင့် သူတို့၏ဗိုက်များကို ဖိထားကြသည်။ သူတို့သည် ရှက်ရွံ့နေကြသည်။
“အဟမ်း ကျေးဇူးတင်ပါတယ် အဖွား။ ငါတို့ အဝတ်အစား လဲလိုက်ပါမယ်”
ငယ်ရွယ်သော ဝန်ထမ်းအဖွဲ့ဝင် တစ်ယောက်က ရှက်သွားပြီး အဖွားကြီးကို တစ်ချက်ဂါဝရပြုလျက် ထိုအမှိုက်ဂေါ်ကို ကောက်ယူလိုက်သည်။
အဖွားကြီး၏ မျက်နှာအမူအယာက အနည်းငယ် နူးညံ့နေသည်။ သူမက တဲ၏အခြားတစ်ဖက်ခြမ်းသို့ လက်ညိုးထိုးပြရင်း ပြောသည်။
“အဲဒီမှာ မီးဖိုနဲ့ထင်းတွေ ရှိတယ်။ နောက်ပြီး အာလူးတွေနဲ့ ဂျုံမှုန့်တွေလည်း ရှိနေသေးတယ်။ မင်းတို့ စားချင်လား မစားချင်ဘူးလား။ ငါ အဖွားကြီးကတော့ မင်းတို့ကို ချက်ကျွေးမယ်လို့ မထင်နေနဲ့”
မူလကမူ သူတို့အတွက် မိုးခိုရန်နေရာတစ်နေရာ ရှိနေလျှင် ကြွက်ကြီး၏ အဝေးတစ်နေရာတွင် ရှိနေလျှင် လုံလောက်ပြီဟု ထင်ခဲ့သည်။ မမျှော်လင့်ထားစွာပင် သူတို့သည် အဝတ်အစားများကိုလည်း ရသည်၊ စားစရာကိုလည်း ရသည်။ ထို့ကြောင့် ရုတ်တရက် အံ့အားသင့်ပြီး ကျေးဇူးတင်လိုက်ကြသည်။
“ကျေးဇူးတင်ပါတယ် အဖွား။ ကျေးဇူးအများကြီးတင်ပါတယ်။ ငါတို့ဘာသာ လုပ်ပါမယ်။ နည်းနည်းလေး စားရတာနဲ့တင် ကျေးဇူးတင်နေပါပြီ”
သူတို့က ခရီးသွားရသစုံရှိုးမှ ဝန်ထမ်းများ ဖြစ်ကတည်းက ဝန်ထမ်းအများစုက outdoor ဆာဗိုက်ဗယ် အတွေ့အကြုံများ ရှိကြသလို အင်အားအများကြီးလည်း ရှိသည်။ ပင်ပန်းမှုကို မကြောက်သော သူများလည်း ဖြစ်လေရာ ခပ်မြန်မြန်ပင် ဝတ်စုံများကို လဲလိုက်ကြပြီး မီးဖိုတွင် မီးမွှေးလျက် ရှိသော ပါဝင်ပစ္စည်းများနှင့် စားစရာများကို ပြင်ဆင်လိုက်သည်။
ကြောက်လန့်မှုများက ပျောက်ဆုံးသွားပြီးနောက် လူတိုင်းက ရယ်ရယ်မောမော ဖြစ်နေကြသည်။ တဲအိမ်လေးထဲတွင် ခက်တိုးတိုး ရယ်သံက ထွက်နေ၏။ ထို့ကြောင့် မှေးမှိန်သော အလင်းရောင်အောက်တွင် အလွန်ပင် နွေးထွေးနေလေသည်။
ပြောသင့်သော ကိစ္စများကို ပြောပြီးနောက် ထိုအဖွားကြီးက တဲအိမ်၏ အစွန်းနားတွင် အိုဟောင်းနေသော ကုလားထိုင်ပေါ်တွင်သာ ထိုင်နေပြီး ရေနံဆီမီးရောင်အောက်တွင် မြင်နေရသည့် လူများအား တိတ်တဆိတ် ကြည့်နေလေသည်။
အလင်းတွေ_ _ _ ရယ်သံ _ _ _စားစရာရနံ့ _ _ _ ဒီမှတ်ဉာဏ်တွေက အရမ်းကို ဝေးကွာခဲ့ပြီ။
လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က ဖျက်ဆီးခံခဲ့ရသည့် အိပ်မက်ဆိုး အစပိုင်းကတည်းက ရွာသားများ၏ ရယ်သံ၊ အောင်ပွဲခံသံများအပြင် အထွတ်အမြတ် သစ်ပင်အောက်တွင် ကလေးများ ပြေးလွှားဆော့ကစားမှုများ အားလုံးကို ဘယ်သောအခါမှ ပြန်မမြင်ရတော့ချေ။
ယခုအခါ သူမ ပြန်တွေးမိချိန်တွင် ထိုမြင်ကွင်းများက ဝေဝါးနေပြီဖြ စ်သည်။ သူမ၏ မှတ်ဉာဏ်အတွင်းတွင် မုန်းတီးဖွယ် ကောင်းသော မျက်နှာများ၊ လက်ထဲတွင် ယမ်းခါနေသော ငွေစက္ကူများနှင့် သူတို့၏ အနောက်ဘက်တွင် ရပ်နေသည် ကိုယ်ကြပ် suitများကို ဝတ်ဆင်ထားသည့် မောက်မာထောင်လွှားသော ဘီယာဗိုက်အပြည့်နှင့် လူများကိုသာ မြင်နေရသည်။
စက်ကြီးများ၏ အော်သံက ပုဇဉ်းရင်ကွဲများ၏ အော်သံ၊ ကလေးများ၏ ရယ်သံကို ဖုံးလွှမ်းသွားပြီး သစ်ပင်များကို ဖြိုလဲချမိသည်။ သို့ရာတွင် ရွာသားများကမူ ပျော်ရွှင်စွာ ခုန်ပေါက်နေကြပြီး တောင်နတ်ဘုရား၏ စောင့်ရှောက် ကာကွယ်ပေးမှုအောက်တွင် ရှိနေချိန်က ပျော်ရွှင်ဖွယ် ကောင်းခဲ့သည့် အခြေအနေကို မေ့လျော့နေခဲ့ကြပုံ ပေါ်သည်။ တောင်နတ်ဘုရား၏ ကာကွယ်ပေးမှုအောက်တွင် တည်ငြိမ်စွာနှင့် အထွက်တိုးမှု များခဲ့ပြီး ပျော်ရွှင်စွာ နေနိုင်ခဲ့သည့်ဘဝကို မေ့လျော့သွားကြ၏။
အဘွားကြီးက တင်းတင်းကြပ်ကြပ် ကြုတ်ထားသည့် မျက်မှောင်ကို တဖြည်းဖြည်းစီ လျော့လိုစိတ် ရှိလာသောအခါ သူမ၏ ပါးရည်များတွန့်နေသော မျက်နှာတွင် လေးလံသော မျက်နှာထားမျိုးက ပေါ်လာသည်။ သူမသည် အတိတ်မှ ဖြစ်ရပ်တစ်ခုတွင် ပိတ်မိသွားပုံ ပေါ်သည်။
အပြင်ဘက်တွင် ကားကို ရပ်ထားသောကြောင့် ထိုကားအတွင်းတွင် ပရိုဂရမ်၏ အရေးပေါ်ဆေးဝါးများ၊ ရိက္ခာများက ရှိလေရာ ဝန်ထမ်းများက တိတ်တဆိတ် ကိုယ့်ကိုယ်ကို အားပေးပြီး ကြောက်လန့်မှုကို တွန်းလှန်လျက် ကားထဲသို့ အပြေးသွားပြီး စားစရာအမြောက်အများကို သယ်ထုတ်လာကြသည်။ ထို့နောက် ခွက်များ သွားပြန်ယူကာ အရသာရှိသော စားစရာများကို ချက်ပြုတ်လေသည်။
“အဖွား အဖွားညစာ စားပြီးပြီလား။ ငါတို့အဖွားအတွက် ပြင်ဆင်ထားတယ်။ အဖွား ငါတို့ရဲ့လက်ရာကို မြည်းကြည့်ပါလား”
71 03
ဝန်ထမ်းအဖွဲ့ဝင် တစ်ယောက်က ရုတ်တရက် စားစရာများကို တည်ထားသော ပန်းကန်များကို သယ်လျက် အဖွားကြီးအနားသို့ အပြေးသွားသည်။ သူ၏မျက်နှာတွင် အပြုံးက ရှိနေသည်။ သူက ပူပူနွေးနွေး စားစရာများကို ခပ်နိမ့်နိမ့် စားပွဲလေးပေါ်သို့ တင်ပြီး သဘာဝကျသော အကြည့်မျိုးနှင့် မိသားစုမှ အကြီးအကဲများကို ရင်ဆိုင်နေရသော အချိန်အခါကဲ့သို့ သဘာဝကျသော အကြည့်မျိုးနှင့် ပြင်ဆင်ပေးလေသည်။
သူ၏အပြုံးထဲတွင် ဟန်ဆောင်မှုများ မရှိချေ။ သူဟာ ယခုလေးတင် ကြောက်လန့်မှုက လွတ်မြောက်လာခဲ့သောကြောင့် ပို၍ပင် တည်ငြိမ်နေသည်။ သူဟာ အဖွားကြီးကို ပြောလိုက်သည်။
“အဖွား ကျွန်တော့ကို ဒီလို မကြည့်နဲ့နော်။ ကျွန်တော်သာ အခုထွက်သွားမယ်ဆိုရင် လမ်းပေါ်က ကြုံရာစားသောက်ဆိုင်တစ်ခုမှာ စားဖိုမှူးသွားလုပ်လို့ ရတယ်။ ကျွန်တော့ရဲ့စွမ်းရည်က တော်တော်လေး ကောင်းပါတယ်။ လက်ခံလို့တော့ ရမှာပါ”
လူငယ်၏ အပြုံးကို မြင်သောအခါ ကျိန်ဆဲတော့မည့် အဖွားကြီးက ရုတ်တရက် ရပ်သွားမိသည်။ တစ်ခဏခန့်ကြာပြီးနောက် သူမက နှာခေါင်း ရှုံ့လိုက်လေသည်။
“ဒီလောက် နောက်ကျနေမှ မိစ္ဆာတွေပဲ စားမှာ။ မင်း ကောင်စုတ်လေး ကိုယ့်ခန္ဓာကိုယ်ပဲ ဂရုမစိုက်တတ်ဘူးလား”
သို့သော် သူမက တုန့်ဆိုင်းသွားသည်။ စားစရာများကို မတွန်းပစ်ခဲ့ချေ။
ပူပူနွေးနွေး အာလူးများနှင့် ချက်ပြုတ်ထားသည့် ဟင်းလျာများကို စားသောက်ပြီးနောက် လူတိုင်း၏ အစာအိမ်များက ပြည့်နှက်သွားကြသည်။ တစ်ချိန်တည်းတွင်ပင် သူတို့၏ အထိတ်တလန့် ဖြစ်နေသော နှလုံးသားများက တည်ငြိမ်လာသည်။
ထို့နောက် မနေနိုင်ပဲ သက်ပြင်းချပြီး နှစ်သိမ့်မှုများကို လိုချင်လာလေရာ အခြားသောကိစ္စများကို အာရုံစိုက်ချင်သွားသည်။
“အဖွား ကျွန်တော်တို့ ဒီကိုလာတော့ ဘေးဘက်တွေမှာ လယ်ကွင်းတွေပဲ တွေ့ခဲ့ရတာ။ ဒီနားမှာ ရွာမရှိဘူးလား။ ဘယ်သူမှ မနေကြဘူးလား”
တစ်ယောက်က သိချင်စိတ် ပြင်းပြစွာနှင့် မေးသည်။ နောက်တစ်ယောက်က ဝင်ပြောသည်။
“ဟုတ်တယ် ဟုတ်တယ် အခုလေးတင် တအားကြောက်လို့ ဘေးဘီကို သေချာမကြည့်ခဲ့ပေမယ့် အခုပြန်တွေးကြည့်မှ တကယ်ကို ဘယ်သူမှ မတွေ့သလိုပဲနော်။ ရွာက ဘယ်အိမ်မှ မီးတွေလည်း မဖွင့်ထားကြဘူး။ ကျွန်တော်တို့က ဒီလောက် အော်ဟစ်ဆူညံနေတာ ခွေးဟောင်သံကိုတောင် မကြားရဘူး”
“ဒါက တော်တော်လေးတော့ ထူးဆန်းတယ်။ အရင်က ကားက ရွံ့ထဲမှာ နစ်သွားတုန်းက ဘေးဘက်က လယ်ကွင်းတွေထဲမှာ ကောက်ပဲသီးနှံတွေကို သေချာဂရုစိုက်ထားတာ တွေ့ခဲ့ရတာပါပဲ။ ဘာလို့ ရွာထဲမှာ လူတွေ မရှိတာလဲ”
“ရွာထဲက ခွေးတွေ၊ ဆိတ်တွေကတော့ သတိကပ်နေသင့်တာလေ။ င့ါရဲ့ မွေးရပ်မြေရပ်မြေမှာဆိုရင် ခွေးတွေက လှုပ်ရှားမှု တစ်ခုခုရှိတာနဲ့ တန်းဟောင်တာပဲ”
အဲဒီလိုတော့ ဟုတ်လောက်တယ်”
_ _ _
လူတိုင်းက စားသောက်ပြီးနောက် သိချင်စိတ်ပြင်းပြသော မျက်လုံးများနှင့် အဖွားကြီးကို ကြည့်ကာ မေးမြန်းကြသည်။
သက်ရှိလူကောင်းများစွာ၏ စောင့်ကြည့်ခံရမှုကို မကြုံရသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သော အဖွားကြီး “....”
သူမက ခန္ဓာကိုယ်ကို မသက်မသာ ဖြစ်သလိုမျိုး တစ်ချက်တွန့်လိုက်သည်။ သူမ၏ အိုဟောင်းနေသော ကုလားထိုင်လေးပေါ်မှ အရိုးပေါ်အရေတင် ခန္ဓာကိုယ်လေးက သတိလက်လွတ် ဖြောင့်မတ်သွားသည်။ သူမက သူမ၏ယခင် ခမ်းနားထည်ဝါမှုကို ပြချင်ပုံရသည်။
“ဒီနားမှာ ဘယ်ရွာမှ မရှိတာကြာပြီ။ ဒီဆယ်နှစ်ကျော်လုံးလုံး ငါတစ်ယောက်တည်း ဒီနေမှာနေတာပဲ”
အဖွားကြီးက လှောင်ပြန်သည်။
“ဒါပေမယ့် လူသား မဟုတ်တာတွေတော့ ရှိတယ်။ မင်းတို့ မြင်နေရတာတွေကို သူတို့ စိုက်ထားတာပဲ။
“နင်တို့က ပိုက်ဆံလိုချင်တယ်။ စားစရာလိုချင်တယ်. ဒါပေမယ့် လက်ထဲမှာ ရွှေငွေတွေပဲ ပိုက်ချင်ပြီး တောင်ဘုရားရဲ့ အရိပ်အာဝါသအောက်မှ ဆက်အိပ်ချင်နေလို့ မရဘူးလေ”
အဖွားကြီး၏ လေသံက ခြားနားလာသည်။
“ဖြောင့်မတ်မှန်ကန်တဲ့ နတ်ဘုရားတွေက လောကရဲ့စည်းမျဉ်းတွေကို ဖောက်ဖျက်ခွင့် မရှိဘူး”
“နတ်ဘုရားက ကတိပေးခဲ့တယ်။ ဒါပေမယ့် အရာအားလုံး တစ်ခုခု လုပ်လိုက်လို့ တစ်ခုခု ပြန်ခံရတာပဲ။ အကျိုးအပြစ်တွေ ရှိတယ်။ ယူသွားတာတွေကို သေချာပေါက် ဆယ်ဆလောက်အထိ ပေးရမယ်။ အဆတစ်ရာလောက် ဖြစ်သွားနိုင်တယ်။ သူတို့တွေ ဘယ်အချိန်မှာ ဘဝအသစ်ကို ပြန်ရနိုင်မလဲဆိုတာ သူတိူ့အပေါ်ပဲ မူတည်တယ်
71 04
ယခုလေးတင် သိချင်စိတ် ပြင်းပြနေသည့် ဝန်ထမ်းအဖွဲ့ဝင်များက ရွာထဲမှ လူငယ်တစ်ယောက် အလုပ် ထွက်လုပ်သောကြောင့် လူရှင်းနေခဲ့သည်ဟု ထင်နေခဲ့ရာ မမျှော်လင့်ထားပဲ အဖွားကြီးက ထိုကဲ့သို့သော အဖြေမျိုးကို ပေးလာသည်။ ရုတ်တရက် ရှင်းပြရန် ခက်ခဲသော အအေးဓာတ်က သူတို့၏ ခြေထောက်အောက်မှ မြှင့်တက်လာသည်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး အနှံ့ ပျံ့နှံ့သွားသည်။ ယခုလေးတင် ပူပူနွေးနွေး စားစရာများကို ထည့်ထားခဲ့သည့် အစာအိမ်ကပင် ကျောက်တုံးများ ထည့်ထားသလို လေးလံလာသည်။ သူက သတိလက်လွတ် ထိုင်ရင်း ပြောသည်။
“ဒါဆိုရင် ဒါဆိုရင် မတတ်နိုင်ရင် ဘယ်လိုလုပ်မလဲ”
အဖွားကြီးက သူ့ကို တစ်ချက်ကြည့်ရင်း ပြောသည်။
“မစိုးရိမ်ပါနဲ့ နင် မလုပ်ပါဘူး။ နင်က သန်မာတယ် အလုပ်လုပ်ချင်စိတ် ရှိတယ်။ နောက်ပြီး နင် ထားတဲ့ ပိုက်ဆံကို နင် ပြန်ရတာ။ ကျန်းရွှမ်းက ဒီနေရာမှာ ရှိနေရင်တောင်မှ နင့်ကို ဘာမှမလုပ်နိုင်ဘူး”
“ကျန်းရွှမ်းရဲ့ စည်းမျဉ်းတွေ၊ ကောင်းကင်နယ်မြေကြီးက စည်းမျဉ်းတွေက နင်တို့ကို မသက်ရောက်ပါဘူး”
“ဒါပေမယ့် အချို့လူတွေကတော့ အဲဒီလို မဟုတ်ပါဘူး”
အဖွားကြီးက လှောင်ပြောင်သလို ပြောသည်။ ထို့နောက် အထင်သေးတသေး ဆက်ပြောသည်။
“အချို့သူတွေက တောင်ကို ယူတယ်။ တောအုပ်တွေကို ယူတယ်။ ဒါက သူတို့အပိုင်မှ မဟုတ်တာ။ ဖြောင့်မတ် မှန်ကန်တဲ့ နတ်ဘုရားရဲ့ သဘောထားကြီးမှု၊ ညှာတာမှုတွေကြောင့် သူတို့တွေကို ခပ်ကြမ်းကြမ်း အပြစ်မပြုခဲ့တာက သူတို့တွေကို ပိုပြီးဆိုးရွားတဲ့ ကိစ္စတွေ လုပ်သွားစေခဲ့တယ်။ သူတို့က တင်နေတဲ့ အကြွေးက ဝိဉာဉ်ထက်တောင် တန်ကြေး ကြီးနေသေးတယ်။ ဒါကြောင့် သေလွန်ပြီးတဲ့နောက်မှာ ထပ်ဆပ်ရတယ်။ အဲဒီလိုနဲ့ ဖြောင့်မတ်မှန်ကန်တဲ့ နတ်ဘုရားက သူတို့ကို ကယ်ဖို့ ခက်သွားတယ်”
သူတို့က နတ်ဘုရားကို ဘယ်လောက်ပဲ တောင်းပန် တောင်းပန်၊ နတ်ဘုရားက ဘယ်လောက်ပဲ သဘောထား ကြီးကြီး သူတို့မှာ မကောင်းတဲ့ စိတ်ဆန္ဒတွေ ရှိနေတယ်။ အပေးရှိရင် အယူရတယ်ဆိုတဲ့ စည်းမျဉ်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ရင် နတ်ဘုရားဆီ ဝိဉာဉ်ရောင်းထားလို့ ကျွန်ပဲ အပြုခံရမှာပဲ”
အဖွားကြီး၏ စကားလုံးကြောင့် အားလုံးက ကြောင်အ သွားကြသည်။ မူလကမူ သူတို့သည် ရွာ၏အခြေအနေကို သိချင်စိတ် ပြင်းပြနေကြသည်။ မနက်ဖြန် မိုးတိတ် သွားပြီးနောက် သူတို့က ဆက်လက်ထွက်ခွာသွားမည်ဆိုလျှင် အန္တရာယ်ရှိမရှိ သိချင်နေကြခြင်း ဖြစ်သည်။ ထို့အပြင် အဖွားကြီးနှင့် နီးကပ်ရန်အတွက် သဘောတကျ အကြောင်းအရာများကို ဆွေးနွေးလိုကြသေးသည်။
သို့သော် မမျှော်လင့်ထားစွာပင် ထိုအဖွားကြီးက သူတို့ နားမလည်နိုင်သည့် စကားပေါင်း များစွာကို ပြောလိုက်သည်။
ကွေ့တောင်စံအိမ်မှာ ကိစ္စများကို အတွေ့အကြုံရှိသော ဝန်ထမ်းအဖွဲ့ဝင်များကမူ တစ်စုံတစ်ရာကို သတိထားမိလိုက်ကြပြီး သူတို့၏ မျက်လုံးများက ပြူးကျယ်သွားကြကာ အရုပ်ကျိုးပျက် စိတ်ပျက်သွားကြသည်။ သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ အခြားသူများ မျက်လုံးထဲတွင်လည်း ကြောက်လန့်မှုများကို မြင်နိုင်သည်။
ရွာမှာ ဘယ်သူမှ မရှိဘူး။ နောက်ပြီး အချို့သူတွေက အကြွေးတင်နေတယ်။ ဒါကြောင့် သေလွန်ပြီးရင်တောင် ပြန်ဆပ်ရတယ်။ နောက်ပြီး လယ်ကွင်းတွေထဲမှာ ကောက်ပဲသီးနှံတွေ အပြည့်ပဲ_ _ _
အဖွားကြီးပြောသော စကားအရ_ _ _ ဒါဆိုရင် ရွာသားတွေအားလုံး ဘယ်နေရာကို ရောက်ကုန်တာလဲ။ ဒါဆိုရင် လယ်ကွင်းထဲမှာ စိုက်ထားတဲ့ ကောက်ပဲသီးနှံတွေက ကောက်ပဲသီးနှံတွေက ဘာတွေလဲ။
နောက်ပြီး သူတို့နောက်ကို တောက်လျှောက်လိုက်ခဲ့တဲ့ ကြွက်တွေက ဘာတွေလဲ။
နောက်ပြီး အဖွားကြီးကဘာလို့ သူတို့က မောင်းထုတ်နိုင်တာလဲ။
******