72 01
အပိုင်း(၇၂)
သူတို့က ဂရုတစိုက် တွေးတောကြည့်လေလေ ပို၍အေးစိမ့် လာလေလေ ဖြစ်ပြီး ရုတ်တရက် နတ်ဘုရားများ၊ တစ္ဆေများ တားမြစ်နေရာ တစ်ခုသို့ ရောက်ရှိ လာမိသလို ခံစားလိုက်ရသည်။ မတော်တဆ ဝင်ရောက်သွားသော သေမျိုးများအားလုံးက ထိုအရာတိုင်း၏ အစိတ်စိတ် အပိုင်းပိုင်း ဆုတ်ဖြဲမှုနှင့် ဝါးမြိုမှုကို ခံရနိုင်သည်။
.....
တိုက်ရိုက်ထုတ်လွှင့်မှု၏ အဓိကဖန်သားပြင်၏ အရှေ့တွင် ငြိမ်နေကြသော ကြည့်ရှုသူများအားလုံးက ယန်ရှစ်ရွှမ်း၏ ဖန်သားပြင်အခွဲသို့ ပြန်လည် ရောက်ရှိသွားကြသည်။ သို့ရာတွင် သူတို့က ဖန်သားပြင်အခွဲကို ဖွင့်ပြီးပြီးချင်း မြင်လိုက်ရသည့်အရာကြောင့် အားလုံး၏ ဦးခေါင်းခွံများက ပေါက်ကွဲမတတ် ကြိမ်းတက် သွားရသည်။
...
ဖန်သားပြင်အခွဲသည် တောင်ဘုရားကျောင်း အဓိကခန်းမ၏ နံရံဆေးရေးပန်းချီများ ပြည့်နှက်နေသော နံရံများကို မျက်နှာမူထားသည်။ ထိုသို့ဖြင့် ထိပ်ဆုံးမှအောက်ဆုံးထိ ရှိနေသော မျက်လုံးရာပေါင်းများစွာက ကင်မရာသို့ ငုံ့ကြည့်နေကြသည်။
ဆေးဖြင့် ခြယ်ထားသော မျက်လုံးများက သာမာန်လူများ၏ မျက်လုံးနှင့် ခြားနားသည်။ ပညာရှင်က ပျင်းရိနေသောကြောင့်လား သို့မဟုတ် Foltဓလေ့ထုံးထမ်းကြောင့်လော မသိချေ။ မျက်လုံး တစ်စုံချင်းစီတိုင်း၏ အတွင်းပိုင်းတွင် မည်သည့်အဖြူရောင်မှ ရှိမနေခဲ့ပဲ အလွန်တောက်ပသော အနက်ရောင်များကသာ အပြည့်နေရာယူထားသည်။ ရောင်ပြန်ဟပ်မှုလည်း မရှိသောကြောင့် အလွန်အမင်း ကို့ရိုကားယား နိုင်သည်။
အစပိုင်းကတည်းက စောင့်ကြည့်ခဲ့သော ကြည့်ရှုသူပေါင်းများစွာ ရှိခဲ့သောကြောင့် ယန်ရှစ်ရွှမ်း လွန်ခဲ့သော နာရီအနည်းငယ်ခန့်က အဓိကခန်းမအတွင်း ပထမဦးဆုံးအကြိမ် ဝင်ခဲ့သောအခါ သူ၏တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်အခွဲတွင် ပေါ်ခဲ့သောပုံဖြင့် animationလုပ်ထားသည့် ပုံများကို ပြန်လည် သတိရသွားကြသည်။
ထိုမျက်လုံးများဟာ လှုပ်နိုင်သည်။ နံရံဆေးရေးပန်းချီပေါ်မှ လူများကလည်း လှုပ်နိုင်သည်။ အချို့သောသူများဆိုလျှင် ရူးရူးနှမ်းနှမ်း မျက်နှာအမူအယာများ လုပ်ပြကြသည်။ တစ်ချို့ကမူ နဂိုနေရာမှတဆင့် ရွေ့လျားသွားကြသည်။ ထိုသို့ဖြင့် ထိုပန်းချီများဟာ ကျောချမ်းဖွယ် ကောင်းလွန်းသည်ဟု ခံစားရစေသည်။
ထိုအချိန်တွင် လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သော မျက်လုံးများ၏ တိတ်တဆိတ် အကြည့်အောက်တွင် လူပေါင်းများစွာက မဲနက်နေသော မျက်ဝန်းပေါင်းများစွာက သူတို့ကို အမှန်တကယ် စိုက်ကြည့်နေသလိုမျိုး ထင်ယောင်ထင်မှား ဖြစ်လာကြသည်။ ပန်းချီထဲမှ အချို့လူများဆိုလျှင် တဖြည်းဖြည်းချင်း ချဉ်းကပ်လာကြပြီး ကျောပေါ်ကပ်ကာ လှဲလာကြသည်ဟု မြင်ယောင် မိသွားကြ၏။ သူတို့၏ ပုခုံးပေါ်ကပ်ကာ ခပ်တိုးတိုး ပြောသံများ၊ လည်တိုင်များကို လေမှုတ်ထုတ်မှုများ၊ ဆံပင်များကို မွှေနှောက်မှုများ အမျိုးစုံကို လုပ်ပြရင်း တစ်စုံတစ်ရာကို ပြောလာကြသည်။ “မင်းရဲ့ဆန္ဒကို ပြောလိုက် မင်းရဲ့ဆန္ဒကို ပြောလိုက် နတ်ဘုရားကို ဆုတောင်းလေ ဒူးထောက်ပြီး ဆုတောင်း နတ်ဘုရားရဲ့ အယုံကြည်ဆုံး သက်ဝင်သူ လုပ်လိုက်”
“မင်းသာ နတ်ဘုရားကို ယုံကြည်ရင် နတ်ဘုရားက လက်ဆောင်တွေ ပေးလိမ့်မယ်။ မင်းရဲ့ဆုတောင်းကို ဖြည့်ဆည်းပေးလိမ့်မယ်”
“မင်းမှာ အဆုံးအစမဲ့တဲ့ ပိုက်ဆံတွေ ရှိလာနိုင်တယ်။ BMWလား၊ ဖန်စီကားလား နောက်ပြီး အရမ်းကို ကျယ်လွန်းတဲ့အိမ်လား”
“မင်း ထာဝရငယ်ချင်လား ဘယ်တော့မှ အသက်မကြီးချင်ဘူးလား”
“မင်းရဲ့ချစ်ရသူ စိတ်ပြောင်းပြီး မင်းဆီကို ပြန်လာစေချင်လား။ အခုက စပြီး မင်းကို စိတ်ရင်းနဲ့ နှစ်ပြီး တစ်ဘဝလုံး ချစ်သွားစေချင်လား”
“ ဆိုတော့ မင်းတော့ စာမေးပွဲ အောင်ချင်တာကိုး။ အဲဒီကျောင်းထဲကို ဝင်ချင်တယ်။ မင်း လိုချင်တဲ့ အလုပ်ကို လိုချင်တယ်။ ဒီလိုနဲ့ မိဘတွေက ဂုဏ်ယူရတဲ့လူ ဖြစ်ချင်တယ်။ အဲဒီနောက် အတန်းဖော်တွေ ကြားမှာလည်း ဂုဏ်ယူချင်တယ်”
“မင်းက ကျော်ကြားမှုအဆင့်နဲ့ အာဏာတွေကို လိုချင်တာပဲ။ အတိတ်က မင်းကို အထင်သေးခဲ့တဲ့ လူတွေအားလုံးက မင်းက ပြန်ပြီး နင်းချေချင်တယ်။ သူတို့က မင်းကို ပြန်ပြီးမော်ကြည့်ကြမယ့် အခြေအနေမျိုး ရောက်စေချင်တယ်”
“လာ မင်းရဲ့နတ်ဘုရားကို ယုံကြည့်လိုက်။ ဆုတောင်းတွေ ထုတ်ပြောလိုက် ဒီနေရာ ဒူးထောက် အဲဒီနောက် မင်း အရာအားလုံး ရလိမ့်မယ် “
_ _ _
ဖန်သားပြင်အတွင်းရှိ မရေမတွက်နိုင်သော ကြည့်ရှုသူပေါင်းများစွာက သူတို့၏နားထဲမှ ခပ်တိုးတိုး ရေရွတ်သံကို ကြားလိုက်ရသည်။ အဆုတ်များက ဖန်သားပြင်နှင့် ရေဒီယိုလှိုင်းကို ဖောက်ပြီး တောင်ဘုရားကျောင်းထံမှတဆင့် သူတို့၏ရှေ့တည့်တည့်သို့ ရောက်လျက် ငုံ့ကိုင်းပြီး ပါးစပ်ကိုဟကာ ဆန္ဒများကို ထုတ်ပြနေကြသည်။
“ငါ ငါသရဲတွေ မရှိတာပဲ လိုချင်တယ်”
မှင်သက်နေသော ဘဲငန်းကောက ရုတ်တရက် ခုခံမှုအောက် ဖောက်ထုတ်ခံလိုက်ရသဖြင့် သတ္တိကို စုစည်းပြီး ဆန္ဒကို ကျယ်လောင်စွာ ပြောသည်။
ရှိုး၏ ယခင်တစ်ခေါက် ကွေ့တောင်ခရီးမှ စတင်ပြီး ဘဲငန်းကောဟာ သူ၏သုံးလောကအမြင်များက အက်ကွဲသွားသလို ခံစားနေခဲ့ရသည်။ လောကတွင် လူပင်မကပဲ သရဲများပင် ရှိကြောင်း လက်ခံသွားခဲ့၏။
ထိုဗဟုသုတက ဘဲငန်းကောအား နေ့ရောညပါ အိပ်ရခက်စေသည်။ နေ့ခင်းပိုင်း အပူဆုံးအချိန်တွင်ပင် အိမ်တွင် မီးများအပြည့်ဖွင့်ထားပြီး လိုက်ကာများကိုလည်း ဖွင့်လျက် အလင်းရောင်ကို ကြိုဆိုထား၏။ ဘဲငန်းကောဟာ အိပ်ပျော်ပြီး လန့်နိုးလာလျှင်ပင် သူ၏အနောက်ဘက်တွင် သွေးနီရောင်အရိပ်ကြီးများ ရပ်နေပြီး သူ့ကို ခပ်ကြမ်းကြမ်း စိုက်ကြည့်နေသလို အမြဲတစေ ခံစားရလေသည်။
အိမ်တွင် ဆူညံသံများ မရှိသောအခါ ရေပိုက်ထဲမှ သေးငယ်သော ရေကျသံ သို့မဟုတ် အပေါ်ထပ်မှ ပြေးသံ၊ ဓာတ်လှေကား ဖွင့်သံများကပင် ဘဲငန်းကောအား မသန့်ရှင်းသော တစ်စုံတစ်ယောက်က သူ့အိမ်ထဲတွင် ရှိနေကြောင်း ခံစား ရစေလေသည်။ ဖုန်းဝေါပေပါကို ယန်ရှစ်ရွှမ်း၏ စခရင်ရှုကို ထားထားပြီး ယန်ရှစ်ရွှမ်း၏ ပုံပေါင်းများစွာကို ပရင့်ထုတ်လျက် အိမ်အနှံ့ကပ်ထားပြီး ထိုအရာများကို ဖိနှိပ်ထားသည့် တိုင်အောင် မဖယ်ရှား နိုင်သေးသလို ခံစားနေရလေသည်။
ဘဲငန်းကော၏ ဆန္ဒကိုသာ မေးမည်ဆိုလျှင် သူသည် သရဲများကို ထာဝရ ပျောက်ကွယ်သွားလျက် သူ့အား ကောင်းကောင်း အိပ်စက်စေနိုင်ရန် ဆုတောင်း မိလိုက်သည်။
ဘဲငန်းကောက ပြောပြီးပြီးချင်း ရုတ်တရက် တစ်စုံတစ်ရာက မှင်သက်သွားပုံပေါ်သည်။ ထို့နောက် စူးရှပြီး တိုတုတ်သော အော်သံကို ထုတ်လွှတ်လျက် လေထဲတွင် ပေါက်ကွဲအက်ကွဲကာ ပျောက်ကွယ် သွားလေသည်။
သူ၏ပတ်ပတ်လည်မှ မမြင်ရသော အရန်အတားတစ်ခုက ပေါက်ကွဲ သွားသလိုမျိုး ခရက်ရှ်ဆိုသော အသံထွက်ပေါ်လာပြီးနောက် နဂိုက ပါးလျသော လေထုက တဖန်ပြည်လည် စီးဆင်းသွားသလို၊ အခန်း၏ ပြတင်းပေါက်မှ လန်းဆန်းပြီး လတ်ဆတ်သော လေပြင်းက ဝင်ရောက်လာသည်။ တစ်ချိန်တည်းတွင်ပင် ဘဲငန်းကောဟာ ရုတ်တရက် နိုးထလာသလို အသိပြန်ဝင်သွားပြီး ခေါင်းကိုခါလျက် အရှေ့မှ ဖန်သားပြင်ကို ပြန်ကြည့်သည်။
“အား ဒါက ဘာလဲ”
ဘဲငန်းကောက ရုတ်တရက် ကြားလိုက်သည့် အသံကို သတိရသွားပြီး ဖန်သားပြင်တွင် ပြည့်နှက်နေသည့် တောင်ဘုရားကျောင်းနှင့် အဓိကခန်းမကြီးကို ပြန်ကြည့်လိုက်သည်။ သူသည် အလွန်အမင်း အံ့ဩသွားလေသည်။ သူသည် သတိလက်လွတ် လက်ကို မြှောက်လျက် သူ၏ပုခုံးပေါ်တွင် တစ်စုံတစ်ရာ ရှိသလိုမျိုး အသားကု န်ခါချပစ်လိုက်သည်။ သူသည် သူရူးတစ်ယောက်လိုမျိုး အရာအားလုံးကို ခါချပစ်ရန် ကြိုးစားလိုက်၏။
ဘဲငန်းကောသာ မကချေ။ ထိုသို့သော ထင်ယောင်ထင်မှား မြင်ကွင်းမျိုးကို ကြည့်ရှုသူ များစွာက ကြုံတွေ့လိုက်သည်။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွင် ဖြစ်စေ၊ ဗီဒီယိုပလက်ဖောင်း၏ ကွန့်မန့်ကဏ္ဍာတွင် ဖြစ်စေ ကြည့်ရှုသူပေါင်းများစွာက အသိ ပြန်ဝင်လာကြပြီးနောက် စာများကို ဆက်တိုက်ပို့လာကြသည်။ ထိုသို့ဖြင့် အခြားသော သူများထံမှ အခြေအနေကို အတည် ပြုချင်နေကြသည်။
“အား ငါက ငါတစ်ယောက်တည်းပဲ ကြားတယ် ထင်နေတာ။ သေစမ်း တအားကြောက်ဖို့ ကောင်းတာပဲ။ ငါက ကောလိပ်မှာ င့ါရဲ့အထက်တန်းကျောင်းက သင်္ချာအမှတ်က မမှီလို့ တော်တော်လေးကို စိတ်ညစ်နေခဲ့တာလေ။ ဒါကြောင့် ငါက ရသစုံရှိုးကို လာကြည့်ပြီး အပန်းဖြေချင်ခဲ့တာလေ။ ဒါပေမယ့် အခုလေးတင် တစ်ယောက်ယောက်က ငါ့ကို စာမေးပွဲ အောင်ချင်လား။ သူ အောင်အောင် လုပ်ပေးမယ်လို့ ပြောတယ်။ ငါ အရမ်းကို စိတ်စွဲလွန်းပြီး ထင်ယောင်ထင်မှားဖြစ်ပြီး ကြားနေရတာ မဟုတ်လား”
“မင်းတစ်ယောက်တည်း မဟုတ်ဘူး။ ငါဆိုရင် ကြောက်လို့ သေတော့မယ်။ ဒီညနေလေးတင် ဖစ်ဆစ်ကယ် အိမ်ဇမ်းထဲက ရီပို့တစ်ခု ရခဲ့တာလေ။ အဲဒီမှာ ငါ့ရဲ့အသည်းက အခြေအနေ မကောင်းဘူး။ ငါ အော်ပရေးရှင်းလုပ်ဖို့ လိုအပ်တယ်လို့ ပြောတယ်။ ဒါပေမယ့် အခုလေးတင် ငါ့ရဲ့နောက်က တစ်ယောက်ယောက်က ငါ့ကို ကျန်းမာရေး ကောင်းအောင် လုပ်ပေးနိုင်တယ်လို့ ပြောတယ်။ ငါ ဒီအတိုင်း ဒူးထောက်ပြီး သူ့ကို ကိုးကွယ်ရမယ်တဲ့။ ဘုရားရေ ငါ ကြောက်လို့သေတော့မယ်။ ငါက ဆာဂျရီလုပ်ရင် သေမှာကို ကြောက်ပြီး သဘောတူမိတော့မလို့”
“မင်းတို့ အားလုံး ကြားလိုက်ကြလား။ ငါကတော့ ငါတစ်ယောက်တည်း ကြားတယ်လို့ ထင်နေတာ။ ငါက နောက်လအတွင်းမှာ င့ါရဲ့ကလေးတွေ ကျူရှင်စရိတ်အတွက် ပေးဖို့ ပိုက်ဆံ မလောက်မှာကို စိုးရိမ်နေတာလေ။ ဒါပေမယ့် ငါ့ရဲ့နားထဲမှာ ကြားလိုက်တဲ့ အသံကတော့ သူ့ကို ယုံကြည်တာနဲ့ ပိုက်ဆံတွေ အများကြီးပေးမယ်တဲ့”
“ငါလည်းပဲ ကြားလိုက်ရတယ်။ ငါက မနေ့က ငါ့ရဲ့၃၀နှစ်မြောက် မွေးနေ့ကို ကျင်းပပြီးခါစလေ။ ငါ တော်တော်လေး စိုးရိမ်နေခဲ့တာ။ ငါ မနက်ဖြန် ကော်စမတ်တစ် ဆာဂျရီ သွားလုပ်သင့် မလုပ်သင့် စဉ်းစားနေတုန်းလေ။ ဒါပေမယ့် အဲဒီလူက ပြောတယ်။ ဒါပေမယ့် အဲဒီလူက ပြောတယ်။ ငါ့ကို ထာဝရငယ်အောင် လုပ်ပေးမယ်တဲ့”
“ဘုရားရေ ငါလည်း အဲဒီလို ကြားလိုက်ရတယ်။ မင်းတို့ ပြောတဲ့အတိုင်းဆိုရင် လူတိုင်းရဲ့ အခြေအနေက မတူညီဘူးပေါ့။ ဒါဆိုရင် အတွေးတွေကို ဖောက်မြင်နိုင်တာလား”
“ဒါက ဟက်ကာများလား။ မိုလ်ဘိုင်းဖုန်းတွေကို အလိုအလျောက်ဖွင့် ငါတို့ ကြားနိုင်အောင် လုပ်ပေးတာမျိုး၊ မိုလ်ဘိုင်းဖုန်းတွေက တဆင့် ငါတို့ရဲ့ဒေတာတွေ ယူပြီး ငါတို့အကြောင်း မှတ်တမ်းတင်ပြီး ငါတို့ အမှန်တကယ် လိုအပ်တာကို ပြန်လည် ထုတ်ပြတာမျိုးလား။ ဘာပဲ ဖြစ်ဖြစ် ငါတို့မိတ်ဆွေနဲ့ စကားပြောထားတာတွေ၊ search recordတွေကို ကြည့်ပြီး သိနိုင်ဦးမှာလေ။ အဲဒီလိုမှ မဟုတ်ရင် ဒီလိုဖော်ပြဖို့ခက်တဲ့ ကိစ္စမျိုး ဖြစ်နိုင်တယ်လို့ မတွေးနိုင်တော့ဘူး”
“မဟုတ်လောက်ဘူးလားလို့ ဘယ်သူက ဒီလောက် ပြင်ပြီး လိုက်လုပ်နေမှာလဲ။ ဒါတွေအပြင် ဒါက အသုံးမဝင်ဘူးလေ။ သူ့ရဲ့ရည်ရွယ်ချက်က ဘာလဲ။ သူတို့ ငါတို့ဆီက ဘာလိုချင်တာလဲ။ သူတို့က ဘာမှမရနိုင်အောင် အကျိုးအမြတ် မရှိဘူးဆိုရင် ဒီဟက်ကာတွေတောင်မှ ဒီလောက်ထိ အားစိုက် ထုတ်နေမယ်လို့ မထင်ဘူး”
“မင်းတို့ကောင်တွေ ပြောတာက သိပ္ပံနည်းကျလွန်း မနေဘူးလား။ ငါကတော့ တောင်ဘုရားကျောင်းကြောင့်လို ထင်တယ်။ မင်းတို့ သေချာတွေးကြည့်စမ်းပါ။ တောင်ဘုရားရဲ့ ဖုတေ့ရှ်ကို မြင်ပြီး အဲဒီအသံတွေကို ကြားတာ မဟုတ်ဘူးလား”
“ငါလည်း အဲဒီလိုပဲ ထင်တယ်။ ဒါပေမယ့် မင်းတို့ ခံစားမိမလားတော့ မသိဘူး။ ငါ အရင်တစ်ခေါက် ကွေ့တောင်ကိစ္စမှာလည်း ငါ့ရဲ့ကော ဖန်သားပြင်ကတဆင့် အားလုံးကို ကြည့်ခဲ့တာပဲလေ။ ငါ့ရဲ့ကောအခန်းထဲကို ကြည့်တဲ့အချိန်မှာ တော်တော်လေး အေးလွန်းလာသလို ခံစားရတယ်။ နောက်ပြီး အဲဒီ လိုက်ကာအဖြူကြီးနဲ့ အဖြူရောင်ဝတ်စုံကို ဝတ်ထားတဲ့ သရဲမတစ်ယောက်လိုပဲ။ အခုဒီပရိုဂရမ်ကို ပြန်ကြည့်တော့ တောင်ဘုရားကျောင်းထဲက အဲဒီတောင်ဘုရားရဲ့ ရုပ်ထုက တော်တော်လေး ကြောက်စရာ ကောင်းတယ်လို့ ထင်တယ်။ နောက်ပြီး ငါ့ရဲ့မွေးရပ်မြေက တောင်ဘုရားကျောင်းက ရုပ်ထုကြီးလိုမျိုး ငါ့ကို နွေးထွေးတဲ့ ခံစားချက် ပေးနိုင်တာမျိုးနဲ့ ခြားနားနေတယ်။ ဒီတောင်ဘုရားကျောင်းရဲ့ရုပ်ထုကတော့ ငါ့ကိုကြောက်ပြီး အန်ချင်စိတ် ဖြစ်စေတယ်။ ငါ့ကို တစ်စုံတစ်ရာကြီးက အမှန်တကယ် စိုက်ကြည့်နေသလိုကြီးပဲ”
“ဒါက တောင်ဘုရားကျောင်းကြောင့်ပေါ့။ ဒါပေမယ့် တကယ်ကြီးလား။ ဘယ်လိုကြောင့်များ တောင်ဘုရားကျောင်းက နံရံဆေးရေးပန်းချီထဲက မျက်လုံးတွေ အများကြီး ရှိနေနိုင်မှာလဲ။ နောက်ပြီး မှော်ဆန်တယ် ဆိုရင်လည်း နောက်ဆုံး စုတ်ချက်ပြီးတဲ့နောက်မှာ နဂါးက ထပျံသွားတယ်ဆိုပြီး ပြောလို့ရတယ်။ ဒါပေမယ့် နေရာအများစုမှာ ဒါမျိုးက ပိတ်ပင်ထားတာ မဟုတ်ဘူးလား။ ရုပ်ထုပဲ ဖြစ်ဖြစ်၊ ပန်းချီကားပဲ ဖြစ်ဖြစ်လေ နောက်ပြီး ဆွဲထားတဲ့ ဒီလူပုံတွေ၊ တိရစ္ဆာန်ပုံတွေမှာ မျက်လုံးအမဲကြီးပဲ ပါတာလေ။ သူတို့ အဖြူတွေ မထည့်ထားတာက အသက်ဝင်လာပြီး ထွက်ပြေးမှာ စိုးလို့များလား”
“မင်းပြောမှ ငါ သတိရသွားပြီ။ ငါ့ရဲ့မိသားစုမှာလည်း စည်းမျဉ်းတစ်ခု ရှိတယ်။ ဗုဒ္ဓဘုရားကျောင်းလို၊ တာအိုဘုရားကျောင်းလို လူသွားလူလာ တော်တော်လေးများတဲ့ နေရာမျိုးတွေမှာပေါ့။ အဲဒီမှာ တံခါးဝတွေမှာထားတဲ့ ကျောက်တုံးရုပ်ထုကြီးတွေ၊ အခြားကျောက်တုံးရုပ်ထုကြီးတွေကို ဆွဲရင် အချိန်ကြာလာတဲ့အခါ ပျက်ဆီးမှုတွေ ဖြစ်မလာ အောင်လို့ အဲဒီရုပ်ထုကြီးတွေမှာ မျက်လုံး မထွင်းထုရဘူး။ ဘာလို့လဲ ဆိုတော့ လူသွားလူလာ တအားများတော့ တဖြည်းဖြည်း အချိန်ကြာလာတဲ့အခါ သက်ရောက်မှုရှိပြီး အသက် ဝင်သွားနိုင်တယ် ဒါမှမဟုတ် အသိစိတ် ရှိသွားနိုင်လို့တဲ့”
“အား ဒီလိုဓလေ့မျိုး ရှိတယ်လို့ ငါတော့ မထင်ဘူး။ ဒါပေမယ့် ဒီမျက်လုံးတွေ ငါ့ကို ကြည့်တော့ တော်တော်လေးကို မသက်မသာ ဖြစ်တယ်။ ငါ အခုလေးတင် ဘေးဘက်ကို စောင်းကြည့်လိုက်တာ အဲဒီမျက်လုံးတွေက ဘယ်ဘက်ကို လိုက်ချောင်းပြီး ကြည့်တယ်။ ငါ ဘယ်နေရာကို ပုန်းပုန်း သူတို့က လိုက်ကြည့်တာပဲ။ ဒီမျက်လုံးတွေက တော်တော်လေးကို ကြောက်ဖို့ ကောင်းတယ်”
ဘဲငန်းကောက ခေါင်းစဉ်အောက်တွင် ဆက်တိုက် မြင့်မားလာသည့် အပ်ပဒိတ်များနှင့် ဆွေးနွေးမှုများကို ကြည့်ပြီး တစ်ခဏခန့် တုန့်ဆိုင်းသွားသည်။ ထို့နောက် တုန့်ဆိုင်းစွာ ပြောလိုက်သည်။
“ဒါဆိုရင် မင်းတို့ ဘယ်လို အသိဝင်လာကြလဲ။ မင်းတို့ နားထဲမှာ အဲဒီအသံတွေက ဘယ်လို ပျောက်သွားတာလဲ”
ရုတ်တရက် ဆွေးနွေးမှုက တစ်ခဏခန့် ရပ်တန့်သွားသည်။ ထို့နောက် အသိပြန်ဝင်သွား၏။
“အဟမ်း ငါ ရှက်မိပါတယ် ငါ ငါရဲ့ဆန္ဒကို ပြောလိုက်မိတယ်”
“ငါ တောင်းပန်ပါတယ် တစ်ခုခုမှားတယ်ဆိုတာ သိပေမယ့်လည်း အဲဒီအသံက ငါ့အမေရဲ့ကျန်းမာရေး ကောင်းအောင် လုပ်ပေးနိုင်မယ်ဆိုတော့ ငါလည်း မနေနိုင်ဘဲ တစ်နည်းနည်းနဲ့ ယုံကြည်ပေးမယ်လို့ ပြောလိုက်တာပေါ့။ ငါ ငါရဲ့မိခင်ရဲ့ ကျန်းမာရေးကို အမှန်တကယ် ကောင်းလာစေချင်တယ်”
“ငါ ငါ ငါကတော့ ငါ့ရဲ့ကောင်လေးကို ပြန်လိုချင်တာ။ ဘာမှ မဖြစ်လောက်ဘူးထင်လို့ ငါ ပြောလိုက်တာပဲ”
“ဟင် မင်းတို့ အသံတွေအားလုံးကို တိတ်အောင် အဲဒီလို လုပ်တာလား။ ငါလည်း ဆုတောင်း လိုက်ပါတယ်။ ဒါပေမယ့် အဲဒီတစ်ယောက်က အရမ်းဒေါသ ထွက်သွားသလိုပဲ ထွက်ပြေးသွားတယ်။ ငါက သူ့ကို ခေါ်ကြည့်ပေမယ့် တုန့်ပြန်မှု မရှိတော့ဘူး။ ငါ အကြိမ်အနည်းငယ်လောက်အထိ ထပ်ခေါ်ကြည့်သေးတယ်။ ငါ့တို့အသင်းရဲ့ သုတေသန research မစ်ရှင်က အကြိမ်ပေါင်းများစွာ ရှုံးနိမ့်နေခဲ့တာလေ။ သူက ငါ့ကို မေးလာတဲ့အချိန်မှာ ငါက လူတွေကို သယ်ဆောင်ထားတဲ့ ဒုံးပျံက မာ့စ်ပေါ်ကို အောင်အောင်မြင်မြင် ဆင်းသက်သွားနိုင်ပြီး မာ့စ်ပေါ်မှာ လျှောက်သွားလို့ စောင့်ကြည့် စစ်ဆေးပေးနိုင်ပါစေလို့ ပြောလိုက်တာ။ ဒါပေမယ့် ငါ ပြောလို့ မဆုံးသေးဘူး။ အဲဒီတစ်ယောက်က ထွက်ပြေးသွားတာပဲ။ ငါ့ကို အလိမ်အညာကောင် ခံစားချက်တွေကို ဖြုန်းတီးတယ်ဆိုပြီး ပြောသွားသေးတယ်”
“အာ ဒါလား ငါလည်း ငါ့ရဲ့မိသားစုဆီက နည်းနည်းတော့ ကြားဖူးတယ်။ အဲဒီအသံက ငါ့ကို မေးလာတဲ့အချိန်မှာ ငါ တွက်ချက်မိတဲ့ ဂမ္ဘီရအဖြေအရ သူက နတ်ဘုရား ဖြစ်လောက်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဒီလိုတွက်ချက်ချက် ရလဒ်က ထူးဆန်း နေသေးပေမယ့် ဘာလို့ အဖြေမပေးခင် တုန့်ဆိုင်းသွားမှန်းတော့ မသိဘူး။ ငါ လေ့လာတာ မတော်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် မင်း နတ်ဘုရားတွေက ဒီလို သိပ္ပံနည်းကျတဲ့ ကိစ္စနဲ့ ပက်သက်ပြီး ယုံကြည်သူတွေရဲ့ ဆုတောင်းကို သဘောမကျလို့ ဖြစ်နိုင်တာပဲ။ မင်းကသာ မြေသားဓားကို သုံးပြီး စကြာဝဠာကြီးရဲ့ အရာရှိကို သတ်ချင်ရင် သူက လှမ်းပြီးထိန်းချုပ်ပေးနိုင်မှာ မဟုတ်ဘူးလေ”
“အနောက်ပိုင်း အက်စတော်လော်ဂျီတွေနဲ့ ပက်သက်ပြီး ငါတော့ နည်းနည်းသိတယ်။ အဲဒီတစ်ယောက် ထွက်လာတဲ့အချိန်မှာ ငါက အကျယ်ကြီးအော် ပြောချင်ခဲ့ပေမယ့် ငါ့ရဲ့ဘေးနားက အက်စတော်လော်ဂျီ အဆင်တန်ဆာကြီးက ရုတ်တရက် ပြုတ်ကျလို့ ငါ အသိဝင်သွားတာလေ။ အဲဒီပစ္စည်းက ဟိုလိုစကုပ်ဇယားထဲကို ကွက်တိကျသွားတာ။ အဲဒီလိုကြည့်မှ ညွှန်ပြနေတဲ့ မြှားက မိစ္ဆာတဲ့။ ဒါဆိုရင် အဲဒီမေးလာတဲ့သူက မိစ္ဆာလို့ ထင်လား။ ငါ့ကို မယုံဖို့ သတိပေးတာလို့ ထင်လား။ ဒါပေမယ့် အပေါ်က ကျန်းယိပြောထားတဲ့အတိုင်းဆိုရင် ပြောလာတဲ့သူက သရဲ ဒါမှမဟုတ် နတ်ဘုရား ဖြစ်နေနိုင်တာနော်”
******