အပိုင်း(၇၃)
“အာ မင်းပြောတဲ့အတိုင်းဆိုရင် တောင်ဘုရားကျောင်းထဲမှာ နတ်ဘုရား တကယ်ပဲ ရှိနေတာလား။ လူတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တဲ့ အရာမျိုးလေ”
“ငါလည်း အဲဒီလိုပဲ ထင်တယ်။ ဒါပေမယ့် ငါတော့ မယုံဘူး။ ဘာပဲဖြစ်ဖြစ် ငါက animeတွေ ကြည့်နေကြ လူတစ်ယောက်လေ။ ဆုတောင်းလို့ရတဲ့ အဲဒီအရာကို မျက်ကန်း ယုံကြည်မိတဲ့သူက ဘာဖြစ်သွားလဲ ငါက အရူးမှ မဟုတ်တာ”
ဘဲငန်းကောက သူ၏ကွန့်မန့်ပြဿနာအောက်တွင် အပူတပြင်း ဆွေးနွေးနေကြသည့် အခြေအနေများကို ကြည့်ပြီး တုန့်ဆိုင်းကာ သူ၏ကိုယ်ပိုင် အတွေ့အကြုံကို တင်ပေးလိုက်သည်။
“ငါ ပြောမယ် ငါက သရဲတွေ မရှိဖို့ မျှော်လင့်တယ်လို့ ဆုတောင်းလိုက်တာ။ အဲဒီနောက် အဲဒီအသံကြီးက အော်ဟစ်ပြီး ပြေးသွားတော့တာပဲ။ အသံကတော့ တော်တော်လေး ဆိုးရွားတယ်”
ရုတ်တရက် ဆွေးနွေးမှုနယ်မြေတွင် အချိန်အတန်ကြာ ရပ်တန့်သွားပြီးနောက် တစ်စုံတစ်ယောက်က အသိပြန်ဝင်သွားသည်။
“ဘဲငန်းကော တအားတော်တယ်”
“သရဲတွေ မရှိရင် ကောင်းမယ်လို့ ဆုတောင်းလိုက်တော့ ထွက်ပြေးသွားတယ် ဟုတ်လား။ ဆိုတော့ ဆန္ဒက အမှန်တကယ် ဖြစ်သွားတာပေါ့”
“ညီနောင်ရေ တစ်ဖက်သူရဲ့လှံကို သုံးပြီး တစ်ဖက်သူရဲ့ဒိုင်းကို ပြန်တိုက်ခိုက်သလို ဖြစ်မသွားဘူးလား”
“မင်းတို့ ဘာလို့ ဒီနေရာမှလာပြီး စကားပြောနေကြတာလဲ။ ငါ သေတော့မယ် မြန်မြန်လေး ဖန်သားပြင်အခွဲကို သွားကြည့်လိုက်ဦး။ ကွန့်မန့်က အကာအကွယ် မရှိတော့ဘူး။ ငါ့ရဲ့အော်သံကြောင့် ငါ့ရဲ့အမေ နိုးလာမှာကို ကြောက်နေပြီ”
“ငါ တကယ်ပဲ မကြည့်ချင်ဘူးနော်။ တအားကြောက်ဖို့ ကောင်းတယ်။ ဒါပေမယ့် အကြောင်းပြချက်မရှိ သွားကြည့် ချင်နေတုန်းပဲ။ ငါ တော်တော်လေးကို စိတ်လှုပ်ရှား နေမိတယ်”
“+၁”
_ _ _
ယန်ရှစ်ရွှမ်းကမူ မူလက ပရိုဂရမ်ကို ပျင်းစရာကောင်းလွန်းသည်ဟု ထင်ပြီး ကျန်းဝူပင်းက ပြန်လာလျှင် ငိုနေမည့်အခြေအနေကို စိုးရိမ်သဖြင့် ဖန်သားပြင်အခွဲကို ဖွင့်ပေးထားခြင်း ဖြစ်သည်။ မမျှော်လင့်ထားစွာပင် တိုတောင်းသော ကာလအတွင်း အပူတပြင်း ဆွေးနွေးမှုများက ရှိလာလိမ့်မည်ဟု မထင်ထားပေ။
ကြည့်ရှုသူများက အမှန်တကယ် မပျင်းကြပါချေ။
ဒီအခြေအနေမှ ပျင်းတယ်လို့ ခံစားရရင်တော့ သေတာကို မကြောက်တာဘဲ ဖြစ်လိမ့်မယ်။
ဖြစ်နိုင်ချေရှိသော ရှာဖွေတွေ့ရှိသွားနိုင်သည့် အခြေအနေတိုင်းကို ရှောင်ရှားပြီးနောက် ယန်ရှစ်ရွှမ်းသည် ဆရာနှင့်အတူ လမ်းများပေါ်တွင် လျှောက်သွားခဲ့သည့်အချိန်က သင်ယူခဲ့သည့် လှည့်ကွက်များကို မှီခိုပြီး တံခါးကို အောင်မြင်စွာ ဖွင့်လိုက်နိုင်သည်။ ယန်ရှစ်ရွှမ်းက တောင်ဘုရားကျောင်းထဲသို့ ဝင်လိုက်သည်။ ထို့နောက် လေးနက်တည်ကြည်သော မျက်နှာနှင့် အတွင်းမှ နံရံဆေးရေးပန်းချီများကို ကြည့်လိုက်သည်။
တောင်ဘုရားကျောင်းနှင့် ပက်သက်ပြီး ပုံမှန်မဟုတ်သော အခြေအနေရှိကြောင်း သိပြီးနောက် စိတ်ပိုင်းဆိုင်ရာ အကြံပြုချက်ကြောင့် ဖြစ်လောက်သည်။ သို့မဟုတ် လိုက်ကာက အလင်းကို သက်ရောက်စေသောကြောင့်လော၊ နံရံဆေးရေးပန်းချီပေါ်ရှိ ထိုအရာများ၏ ရုပ်ရည်များက ပြောင်းလဲနေကြသည်။ ထိုအချိန်တွင် ယန်ရှစ်ရွှမ်းက ပန်းချီများကို ကြည့်သောအခါ ရုတ်တရက် ပန်းချီထဲမှ လူအများစု လှုပ်နေကြောင်း တွေ့လိုက်ရသည်။
သူက အနည်းငယ် အံ့ဩသွားသည်။
တောင်နတ်ဘုရား၏ ဂူဘုရားကျောင်းတွင် ထိုသို့ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားသည့် ယဉ်ကျေးမှုမျိုး ရှိလိမ့်မည် မဟုတ်ချေ။
ယန်ရှစ်ရွှမ်းက ယခင်တစ်ခေါက် လာရောက်စစ်ဆေး သွားခဲ့ချိန်က နံရံဆေးရေးပန်းချီပေါ်တွင် ရှိသော အရာများကို ဂရုတစိုက် ကြည့်သွားခဲ့သည်။ သူ၏ တစ်ချက်မြင်လိုက်ရုံနှင့် ထာဝရ မှတ်မိနေသည့် မှတ်ဉာဏ်မျိုးက သာမာန်လူများထက် အဆပေါင်းများစွာ ကောင်းမွန်သည့်အပြင် သူ၏အကင်းပါးသော စောင့်ကြည့်လေ့လာ စုံစမ်းစစ်ဆေး နိုင်စွမ်းရည်က နံရံဆေးရေးပန်းချီပေါ်ရှိ ရုပ်ကြွများအားလုံးကို ထင်ထင်ရှားရှား မှတ်မိနေသေးသည်။
သို့သော် ယခုမူ ထိုအရာများက သူ၏မှတ်ဉာဏ်တွင် ရှိနေသော ပုံစံမျိုးနှင့် မဟုတ်တော့ချေ။
မူလက လယ်တဲအိမ်ထဲတွင် ငယ်ရွယ်သော စုံတွဲတစ်တွဲက လက်တစ်ဖက်တွင် လယ်လုပ်သည့်ပစ္စည်းများကို ကိုင်ပြီး အခြားလက်တစ်ဖက်က ကလေးများကို ကိုင်လျက် အိမ်သို့ ပြန်နေခြင်း ဖြစ်သည်။ ထိုကလေးကလည်း ရွံ့များပေကျံနေသည့်တိုင်အောင် ပျော်ရွှင်စွာ ပြုံးနေသည်။
သို့သော် ယခုမူ ယောက်ျားဖြစ်သူက မိန်းမဖြစ်သူ၏ လည်တိုင်ကို ကြောက်မက်ဖွယ် ကောင်းသော မျက်နှာမျိုးဖြင့် ညစ်နေပြီး ကလေး၏ ခေါင်းကမူ အနီးအနားရှိ ရေတွင်းထဲတွင် မျောနေသည်။
အခြားတစ်ဖက်ခြမ်းတွင် ကလေးများကို ထိန်းနေသည့် နှလုံးလေးဖွယ် ကောင်းသော မြင်ကွင်းဖြစ်သည်။ အဖိုးဖြစ်သူက အိုဟောင်းနေသော ကုလားထိုင်ကြီးပေါ်တွင် ထိုင်ပြီး ခြံဝင်းထဲတွင် ကစားနေသည့် ကလေးများကို သဘောတကျ ပြုံးကာ စောင့်ကြည့်နေခြင်း ဖြစ်သည်။ ငယ်ရွယ်သေးသော လူကြီးများကမူ အခြားတစ်ဖက်ခြမ်းရှိ လယ်လုပ်နေပေလိမ့်မည်။ သို့သော် ယခုမူ ကလေးများက ခြံဝင်းထဲမှ ပျော်ရွှင်စွာ ထွက်သွားကြပြီး ငယ်ရွယ်သော လူကြီးများကမူ သူတို့၏ပစ္စည်းများကို လွှတ်ပစ်လျက် တောင်ပေါ်သို့ တက်နေကြသည်။ အဖိုးဖြစ်သူကမူ မြေပြင်တွင် တွားသွားလျက် သားဖြစ်သူ၏ ခြေထောက်မှ ဘောင်းဘီကို လှမ်းဆွဲထားသည်။ သူဟာ ငိုယိုပြီး တစ်စုံတစ်ရာကို တောင်းပန်နေသည်။ သို့သော် သားဖြစ်သူက မရပ်တန့်ဘဲ သူ့ကို မျက်မှောင် ကြုတ်လျက် ကန်ထုတ်လိုက်သည်။
_ _ _
မိသားစုတစ်ခုလုံးက လယ်ယာအလုပ်လုပ်ရင်း ပျော်ရွှင်စွာ တည်ရှိနေသော နွေးထွေးသည့် မြင်ကွင်းမှ မြေပြင်ပေါ်ရှိ ငရဲအလား ပြောင်းလဲသွားသည်။
ယန်ရှစ်ရွှမ်းက နံရံဆေးရေးပန်းချီအရှေ့တွင် ရပ်လျက် ပန်းချီဆွဲထားသော မြင်ကွင်းများကို ကြည့်သည်။ သူ၏ထက်ရှသော မျက်ခုံးအတွင်း ဒေါသက ထွက်လာသည်။
ဒီလောက်အသက်ဝင်တဲ့ ကာရိုက်တာတွေ၊ နောက်ပြီး လှုပ်ရှားနေတဲ့ နံရံဆေးရေးပန်းချီတွေ တောင်ဘုရားကျောင်း ကိုယ်တိုင်ကကို ပုံမှန် မဟုတ်နေတာ_ _ _ယန်ရှစ်ရွှမ်း၏ နှလုံးသားအတွင်း ကြောက်စရာကောင်းသည့် ခန့်မှန်းမှုတစ်ခုက ထွက်နေပြီဖြစ်သည်။
အဓိက နတ်ဘုရား ဖြစ်သော တောင်နတ်ဘုရားက တစ်စုံတစ်ရာ ဖြစ်သွားခဲ့ပြီး တောင်ဘုရားက အလားတူ သက်ရောက်မှုကို ထိန်းသိမ်း ထားနိုင်သေးသည်ဆိုလျှင် အနီးအနားရှိ ရွာသားများက ထိုတောင်နတ်ဘုရားကို အလွန် အလေးထားနေခြင်းဟာ တောင်ဘုရားကျောင်းတွင် နတ်ဘုရား အမှန်တကယ် ရှိနေခြင်းကြောင့်ဟု မဆိုလို နိုင်သော်လည်း_ _ _
အစစ်အမှန် နတ်ဘုရား မဟုတ်နိုင်ဘူး။
ဒါပေမယ့် ရွာသားတွေရဲ့ ဆန္ဒကို တုန့်ပြန် ဖြေဆိုပေးနေတာက မိစ္ဆာနတ်ဆိုးလား။
ဒါဆိုရင် ဒီနံရံဆေးရေးပန်းချီတွေက ဘာဖြစ်တာလဲ။
ဘာကြောင့် ဒီလောက် အသက်ဝင်နေတဲ့ မြင်ကွင်းမျိုးကို ဒီလောက် နေရာအကျယ်ကြီး ယူပြီး ရေးဆွဲထားတာလဲ။ နောက်ပြီး ဒီကာရိုက်တာတိုင်းရဲ့ မျက်နှာအမူအယာတိုင်းက အသက်ဝင်လွန်းနေတယ်။
ယန်ရှစ်ရွှမ်းကမူ ပန်းချီဆွဲသူနှင့် ထွင်းထုပေးသွားသော သူများက တမင်ဈာန်ဝင် သွားသောကြောင့်ဟု မထင်ပါချေ။ အမှန်တကယ် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ထည့်သွင်းကာ မှတ်တမ်း တင်ထားသလို ဖြစ်နေသည်။
မိစ္ဆာနတ်ဆိုးက သိမ်းယူထားသော တောင်ဘုရားတွင် ရှိသမျှနံရံတိုင်းတွင် ထိုနံရံဆေးရေးပန်းချီများကို မည်သူက ရေးခြယ် သွားကြောင်းကို မသိရသေးချေ။
ရေးခြယ်ထားတာ မဟုတ်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲဒီလို တကယ်ပဲ ဖြစ်ခဲ့တာလား။
တိုင်းပြည်၏ ကြာရှည်သော သမိုင်းတွင် ပန်းချီထဲမှ အမျိုးသားနှင့် ကောင်းကင်မှ အိုးဆိုသော ဒဏ္ဍာရီအကြောင်းလည်း ရှိသည်။ နောက်ပိုင်းတွင် ဖူစုန့်လင်၏ တရုတ်ပန်းချီဆွဲခန်း အတွင်းမှ ထူးဆန်းသော ပုံပြင်များဆိုသော အကြောင်းအရာများနှင့် နန်ရော့ဘုရားကျောင်း၏ ပုံပြင်များကြောင့် ပညာသင်သား တစ်ယောက်က ဘုရားကျောင်း၏ နံရံဆေးရေးပန်းချီများ အတွင်းသို့ ဝင်ရောက်ပြီး အခြားသောသူကို ရှာဖွေနိုင်ခဲ့သည့် ပုံပြင်များ ရှိခဲ့သည်။ ထိုပုံပြင်၏ တည်ဆောက်ထားပုံက အလွန်ကျယ်ပြန့်သည်။ လူပေါင်းများစွာက ကောင်းကင်မှ အိုးဆိုသော ချိတ်ဆက်မှုကို မသိကြချေ။
လူအများစုကမူ ထိုပုံပြင်များကို စိတ်ကူးယဉ်စာပေ၊ ဝတ္တုများအဖြစ်သာ သဘောထားကြပြီး အခြားသော သူများကမူ ထိုအရာများက ရှေးခတ်က အပျော်အဖြစ် ဖန်တီးရေးသား ထားခဲ့ခြင်းဟု ဆိုထားသည်။ မည်သို့ပင်ဆိုစေ ရှေးခေတ်က အခြားသော ဖျော်ဖြေရေး ရွေးချယ်စရာများ မရှိခဲ့ချေ။
သို့သော် ယန်ရှစ်ရွှမ်းကမူ ထိုသို့မဟုတ်ကြောင်း သိနေသည်။
အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် အစစ်အမှန်ကိစ္စအများစုကို စိတ်ဝင်စားသော ပုံပြင်အဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်။ ပြောင်းလဲ ထားသောသူများက ကိစ္စများကို ကိုင်တွယ် ဆောင်ရွက်ရသော သူများ၊ မကောင်းဆိုးဝါး မိစ္ဆာများကို နှိမ်နင်းခဲ့ရသည့် နတ်ဘုရားမများ၊ တာအိုဘုန်းတော်ကြီးများ ဖြစ်လောက်လေသည်။ အရာအားလုံး၏ အကျိုးအပြစ် ဖြေရှင်းမှုများ အားလုံးကို ပုံပြင်များအဖြစ် ပြောင်းလဲပြီး ပုံပြင်ပြောသူက ရွာသားများကို ပြန်လည်ပြောပြသလို ယုံကြည်သက်ဝင်အောင် ပြောပြခဲ့ခြင်း ဖြစ်သည်။ ဒီနည်းအားဖြင့် တဆင့်စကားမှတဆင့် ပြန့်နှံ့စေလျက် အများသိစေရန် ရည်ရွယ်ခဲ့သည်။
ရလဒ်အနေဖြင့် ထိုခေတ်က သတင်းအချက်အလက်များက အကန့်အသတ်နှင့် ဖြစ်ပြီး စကားလုံးများကို ဖြန်ဝေရန် ခက်ခဲလေရာ လူအများစုကမူ မိစ္ဆာနတ်ဆိုးများကို မည်သို့သတိကပ် ရင်ဆိုင်ပြီး အမှန်တကယ် ကြုံတွေ့ရသောအခါ မည်သို့ ကယ်တင်ရမည် ဖြစ်ကြောင်း နားမလည်ကြချေ။
ထိုအချိန်တွင် တောင်ဘုရားကျောင်း၏ အဓိကခန်းမမှ နံရံဆေးရေးပန်းချီများက ယန်ရှစ်ရွှမ်းအတွက် ခြားနားသော ရည်ရွယ်ချက်မျိုး ရှိနေသလို ဖြစ်နေသည်။
သူသည်လည်း ဘာကြောင့်ရယ် မသိသော်လည်း သူသည် ယာယီအားဖြင့် ဂမ္ဘီရတွက်ချက်မှုများ ပြုနိုင်သော နတ်ဘုရားများနှင့်လည်း ဆွေးနွေးကာ အကြံပေးမှု တောင်းခံ၍လည်း မရနိုင်သည့်အပြင် ဂါထာများကိုလည်း မရွတ်နိုင်ချေ။ သို့သော် နှစ်ပေါင်းများစွာ ကြာအောင် အပနှင်လာခဲ့ပြီး မိစ္ဆာသရဲများကို ဖိနှိပ်လာခဲ့ပြီး ထိုအရာများနှင့် တိုက်ခိုက်လာခဲ့ပြီးနောက် ပြီးပြည့်စုံလုနီးပါး ဖြစ်လာသည့် စွမ်းအင်တစ်မျိုးကို ရလာသည်။ သူ၏မသိစိတ်တွင် တိုက်ခိုက်နိုင်သော အရည်အသွေးများက မြှင့်တက်လာသည်။
နံရံဆေးရေး ပန်းချီများမှတဆင့် ယန်ရှစ်ရွှမ်းက သူ၏ညီနောင်တာအို ဘုန်းတော်ကြီးများထံမှ ရရှိခဲ့ဖူးသော တူညီသည့် သတိပေးချက်မျိုးကို အာရုံမခံမိချေ။ အနှစ်ချုပ်ဆိုရသော် သူ အာရုံခံမိသည်မှာ မိစ္ဆာနတ်ဆိုးများ၊ သရဲများ၏ ရက်စက်ကြမ်းတမ်းလွန်းသော စိတ်ဆန္ဒ ဖြစ်နေသည်။
အရာအားလုံးကို အစစ်အမှန်လောကတွင် အမှန်တကယ် ဖြစ်ခဲ့ဖူးသလိုမျိုး ဖြစ်နေသော်လည်း တစ်စုံတစ်ယောက်က ကြွားဝါလွန်းသော ပုံစံမျိုးဖြင့် နံရံအတွင်းထည့်ကာ မှတ်တမ်းတင်ခြင်း၊ အခြားသောသူများအား “ကြည့် ဒါက ငါ လုပ်ထားတာလေ၊ သူတို့အားလုံးကို ငါက ထိန်းချုပ်ထားတာလေ၊ သူတို့က ငါ့ကျွန်တွေ”ဆိုပြီး ပြောပြနေသလို ဖြစ်သည်။
သူ၏အတွေးများကို စစ်ထုတ်လိုက်ပြီးနောက် ယန်ရှစ်ရွှမ်း ခေါင်းမာစွာနှင့် တစ်စုံတစ်ရာကို ခန့်မှန်းလိုက်နိုင်သည်။
ဒါက ပန်းချီ မဟုတ်တာ ဖြစ်နိုင်တယ်။
ထို့အစား တစ်စုံတစ်ရာက သဘာဝလွန်သော နည်းလမ်းမျိုးကို သုံးပြီး အမှန်တကယ် ဖြစ်ခဲ့ဖူးသော အန္တရာယ်အတွင်း ထွင်းထုလျက် ပေါ်ပေါက်လာစေခြင်း ဖြစ်လောက်သည်။ သုံးထားသော နည်းလမ်းက စုတ်တံ မဟုတ်ပဲ ဝိဉာဉ်ပင် ဖြစ်နိုင်သည်။
ထိုနည်းအားဖြင့် ဆိုသော ထိုနံရံဆေးရေး ပန်းချီများက မည်သည့်အတွက်ကြောင့် လှုပ်ခတ်၍ ရကြောင်း ရှင်းပြ၍ ရသွားလေပြီ။
ဖြောင့်မတ်မှန်ကန်တဲ့ နတ်ဘုရားက ပျောက်နေရင် မိစ္ဆာကတော့ သေချာပေါက် ပြန်လည်တိုက်ခိုက်မှာပေါ့။
ကောင်းကင်နှင့် မြေကြီးကို ဂရုမစိုက်ပြန်သော ယခုလို ကြမ်းတမ်းလွန်းသော အခြေအနေမျိုးတွင် ယန်ရှစ်ရွှမ်းဟာ ဒီနေရာတွင် ကြုံတွေ့နိုင်သည့် ခက်ခဲမှုနှင့် အန္တရာယ်များကို ခပ်ရေးရေး နားလည်ပြီးသား ဖြစ်သည်။ သူသည် သူ၏နှလုံးသားထဲတွင် မှားယွင်းသည်ဟု သတ်မှတ်ထားသော အခြေအနေမျိုးကို မယုံကြည်တော့ချေ။ သူသည် အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားလိုက်သည်။
ဒီလိုဆိုလျှင် သူ့ရဲ့ခန့်မှန်းမှုတွေ အားလုံးက မှန်နေလောက်တယ်။
ယန်ရှစ်ရွှမ်း၏ နှလုံးသားက လေးလံသွားသည်။
သူက တစ္ဆေသရဲပေါင်း များစွာရှိသည့် အန္တရာယ်များသော နေရာပေါင်းများစွာကို လမ်းဖြတ်လျှောက် ခဲ့ဖူးသည်။ သူသည် ၁၀နှစ်ကျော် အရွယ်ကတည်းက သူ့ကို တိုက်ခိုက်လိုသည့် မိစ္ဆာဝိဉာဉ်များကို ကြုံတွေ့ရင်း ဖုန်းတုသို့ ရောက်ခဲ့ဖူးသည်။ ထို့ကြောင့် မိစ္ဆာသရဲပေါင်း များစွာ၏ ငိုယိုနေသည့် မြင်ကွင်းကို မမြင်ခဲ့ဖူးချေ။ သို့သော် တစ်ခဏသော်မျှ မကြောက်ခဲ့ဖူးချေ။
အကြောင်းမူကား သူ၏အထက်တွင် ကောင်းကင်ရှိပြီး အောက်ဘက်တွင် မြေကြီး ရှိကြောင်း သိနေသည်။ နေမင်း၏နိယာမလိုမျိုး၊ လမင်းနှင့် ကြယ်စင်များက အမှန်တကယ် တည်ရှိနေသလိုမျိုး ကောင်းကင်နှင့်မြေပြင်အကြားတွင် နိယာမလည်း ရှိနေပေလိမ့်မည်။ ထို့ကြောင့် အရာအားလုံးဟာ အကျိုးအပြစ် သက်ရောက်မှုများ ရှိလျက် သဘာဝကျကျ လည်ပတ်နေသည်ဟု ယုံကြည်ထားကြသည်။
သို့သော် ယခုမူ ပထမဦးဆုံးအကြိမ်အဖြစ် ယန်ရှစ်ရွှမ်းက ဖိအားကို ခံစားလိုက်ရသည်။
ဖြောင့်မတ် မှန်ကန်တဲ့ နတ်ဘုရားတောင်မှ တစ်စုံတစ်ရာ ဖြစ်သွားခဲ့ပြီး ဒီနေရာတစ်ခုလုံးကို စွန့်ပစ်သွားခဲ့ရင် ဂမ္ဘီရစွမ်းရည်ကတောင်မှ ကံကြမ္မာကို မပြောင်းနိုင် လောက်အောင်၊ ဘာရလဒ်မှ မထုတ်ပေး နိုင်လောက်အောင် ဖြစ်သွားခဲ့တယ်ဆိုရင် တကယ်ပဲ ဒီနေရာမှာ ဘာတွေ ဖြစ်ခဲ့တာလဲ။
သူက သူ၏စွမ်းရည်ကို ယုံကြည်မှု အပြည့်ရှိပြီး ကြောက်လန့်ခြင်း ဖြစ်သေးသည့် တိုင်အောင် တောင်ဘုရားကျောင်းအတွင်းတွင် သာမာန်ဧည့်သည်များက ရှိနေသည်။ ထို့အပြင် ဆက်သွယ်မရသော ရိုက်ကူးရေးအဖွဲ့များနှင့် ကျန်းဝူပင်းလည်း ရှိနေသေးသည်။
ယန်ရှစ်ရွှမ်းက နံရံဆေးရေး ပန်းချီရှေ့တွင် အချိန်တစ်ခဏခန့်ကြာအောင် ရပ်နေမိသွားသည်။
ထို့နောက် သူ၏သုန်မှုန်သော မျက်ဝန်းက ပြန်လည်နူးညံ့သွားပြီး တစ်ဖန်ခံစားချက်မဲ့ကာ အေးစက် သွားသည်။
သူသည် အမည်မသိရသော အရာများဖြင့် အဖက်ဖက်က အဝိုင်းခံနေရပြီး သူ ရင်ဆိုင် နေရသောအရာက မည်သည့်အရာဖြစ်ကြောင်း မသိနေကတည်းက ရိုးရှင်းစွာ ခုခံမှုတိုင်းကို လက်လျော့ပြီး အခြေခံအကျဆုံး အဆင့်တွင် ကြုံတွေ့ရနိုင်သည့် ကပ်ဘေးကို ဖြေရှင်းရန် တိုက်ခိုက်သင့်သည်။
ထိုနည်းနှင့်မှသာ မြောက်မြားလှစွာသော လူများကို ကယ်ဆယ်ပြီး ကာကွယ် နိုင်ပေလိမ့်မည်။
ယန်ရှစ်ရွှမ်းက ကျွတ်ကနဲ စုတ်သပ်လိုက်သည်။ သိပ်မဝေးသော နေရာတစ်ခုအကြားတွင် မကျေမနပ်ဖြစ်မှုများက တစွန်းတစ ရှိသလို တိုက်ခိုက်လိုစိတ်က ပြင်းထန်ကာ စိတ်လှုပ်ရှားလာ၏။ လူများစွာ ရှိသည်။ ထို့ကြောင့် အကျိုးအပြစ်ပေါင်း များစွာ ရှိသည်။ ထိုအတွက်ကြောင့်လည်း အလွန်ဒုက္ခများကာ သည်းမခံနိုင်အောင် ဖြစ်သေည်။ ကျန်းဝူပင်းကို ရှာတွေ့ပြီးလျှင် သူ့အား ပိုက်ဆံ ပိုတောင်းရပေမည်။
ဘာပဲဖြစ်ဖြစ် ဒီရှိုးပြီးသွားရင်တော့ သူ သေချာပေါက် နောက်ဆုံးနေရာကနေ ထွက်သွား နိုင်လောက်ပါတယ်။ ဒီလိုဆိုရင် ဒီလိုရှုပ်ထွေးတဲ့ အကျိုးအပြစ်တွေ၊ သက်ရောက်မှုတွေဆိုတာ မရှိလောက်တော့ပါဘူး။
ယခုရက်များတွင် လူပေါင်းများစွာက သူ့ကို အာရုံစိုက်သထက် စိုက်လာသည်။ သူသည်လည်း တစ်စုံတစ်ယောက်ဟာ သူ၏နာမည်ကို ရွတ်နေသလို ခံစားနေရသည်။ ထို့ကြောင့် သူ၏စွမ်းရည်များက ပိုပိုပြီး ရှုပ်ထွေးလာကြသည်။
ယန်ရှစ်ရွှမ်းက နှာခေါင်း တစ်ချက်ရှုံ့လိုက်ပြီး ဘေးဘက်သို့လှည့်ကာ ရုပ်ထုကို တင်ထားသည့် စင်ဘက်သို့ လျှောက်သွားလိုက်သည်။
သူသည် ရုပ်ထုကို ပြန်စစ်ရမည်ဖြစ်သည်။
သူ၏ ယခင်ကတည်းက ထိုရွှေသင်္ကန်းများ ကပ်ထားသော ရုပ်ထုကြီး၏ အနောက်ဘက်တွင် စွန့်ပစ်ခံထားရပုံပေါ်သည့် အိုဟောင်းပြီး ဖုန်တက်နေသည့် ရုပ်ထုလေးကို တွေ့ခဲ့ရသည်။ သို့သော် ထိုအချိန်က ဒီအတိုင်း အဟောင်းကို အသစ်ဖြင့် အစားထိုးထားပြီး ပရော်ဖက်ရှင်နယ် မကျသည့် တာဝန်ခံများက ဖြစ်သလို ထားရစ်ခဲ့ခြင်း ဖြစ်လောက်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
ပို၍ဆိုးသည်မှာ သူသည် ရုပ်ထုကို သန့်ရှင်းပြီး သန့်ရှင်းသော နေရာတွင် ထားခဲ့ပြီးသား ဖြစ်သည်။ နံရံဆေးရေးပန်းချီများက လှုပ်နိုင်လျှင် ရုပ်ထုက လှုပ်နိုင်ခြင်း ရှိမရှိ အတည်ပြု၍ ရနိုင်လေသည်။
မည်သို့ပင်ဆိုစေ ဖြောင့်မတ် မှန်ကန်သည့် နတ်ဘုရားက တစ်စုံတစ်ရာ ဖြစ်သွားခဲ့သည့်တိုင်အောင် ဒါဟာ သူ၏ဘုရားကျောင်း ဖြစ်နေသေးသည်။ ထို့ကြောင့် သဲလွန်စပင် မရှိပဲ ထွက်မသွားလောက်ချေ။
ပို၍ဆိုးသည်မှာ ထိုဘုရားကျောင်းနှင့် ပက်သက်ပြီး ပုံမှန်မဟုတ်သည့် ကိစ္စများကို သိရှိပြီးသောကြောင့် သူသည် အဟောင်းအသစ်ဆိုသော ကိစ္စများကို ထည့်မတွေးတော့ချေ။
ဒါက ဘယ်လို ပြောရမလဲ။ မတူတဲ့ နတ်ဘုရားနှစ်ပါးရဲ့ ကျောင်းတော်လိုပဲ။ မတူညီတဲ့ အရွယ်အစားရှိတဲ့ ရုပ်ထုနှစ်ခုကို မတူညီတဲ့ နတ်ဘုရားတွေရဲ့ အကျင့်စရိုက်၊ အကျင့်လက္ခဏာအရ တည်ဆောက်ထားသလိုပဲ။ ယန်ရှစ်ရွှမ်းကမူ ရုပ်ထုအဟောင်းက ဒီနေရာတွင် မရှိတော့သည့် ကျန်းရွှမ်းနှင့် ပက်သက်နေလောက်မည်ဟု ထင်ထားသည်။ သို့ရာတွင် ယန်ရှစ်ရွှမ်းက ခြေတစ်လှမ်းသာ တိုးလိုက်ရသေးသည်။ ရုတ်တရက် ဘေးဘက်ရှိ နံရံဆေးရေးပန်းချီအတွင်းမှ လှုပ်ရှားမှုက သူ့ထံ လက်ယမ်း ပြနေကြောင်းကို သူ၏မျက်ဝန်းထောင့်စွန်းမှ တဆင့် မြင်လိုက်ရသည်။
ယန်ရှစ်ရွှမ်း၏မျက်လုံးက ရုတ်တရက် စူးရှသွားသည်။ သူ၏ နံရံဆေးရေးပေါ် ရောက်သောအကြည့်က တည်ငြိမ်သွားသည်။
နံရံဆေးရေးပန်းချီထဲမှ လှုပ်ရှားနေသောသူက ရွာသားနှစ်ယောက် ဖြစ်သည်။
ယန်ရှစ်ရွှမ်း၏ အရှေ့တွင် ထိုရွာသားနှစ်ယောက်က သူတို့၏လက်ထဲမှ လယ်ယာသုံး ပစ္စည်းများအားလုံးကို လွှတ်ပစ်ကြပြီး တောင်ခြေသို့ အပြေးသွားကာ ဒူးထောက် လိုက်ကြသည်။ ထိုနောက် သူတို့၏လက်များကို မြှောက်လျက် တောင်ကို ဦးချနေကြသည်။
ယန်ရှစ်ရွှမ်းကမူ ရွာသားများ ကိုးကွယ်နေသော ဦးတည်ရာဘက်ဟာ ရုပ်ထု၏ ထိပ်ဆုံးပေါ်တွင်ရှိသော ခပ်မတ်မတ် ထိုင်နေသည့် အမွှေးဖွှားဖွှားနှင့် သတ္တဝါကြီးတစ်ကောင်ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ရွာသားများက ခေါင်းကို မော့လိုက်သောအခါ ယန်ရှစ်ရွှမ်းက ထိုသူများ၏မျက်နှာကို မြင်လိုက်ရပြီး အံ့အားသင့်သွားရသည်။
ဒါက သူ့ကိုတောင်ဘုရားကျောင်းကို ခေါ်လာခဲ့တဲ့ ရွာသားနှစ်ယောက်ပဲ။
ထိုနှစ်ယောက်ဟာ မငြိမ်းချမ်းချေ။
ဘဲငန်းတာ့ကောက သူ၏ဆိုရှယ်မီဒီယာကောင့်တွင် ညနေပိုင်းတွင် ဒီနေ့ဟာ လုံခြုံတယ်ဆိုပြီး တင်ပြီးနောက်ပိုင်းတွင် အဓိကဖန်သားပြင်နှင့် ဖန်သားပြင်အခွဲများ၏ အခြေအနေများက အလွန်အမင်း ဆိုးရွားလာခဲ့လေသည်။
******