Ch 76
Viewers 6k

အပိုင်း(၇၆)

 

သူသည် ယာယီအားဖြင့် ဂါထာရွတ်နိုင်စွမ်း မရှိသည့်တိုင်အောင် ထိုအရာများကို ဘာမှမလုပ်နိုင်‌လောက်အောင် အားနည်းလွန်းသော သာမာန်လူတစ်ယောက်ဟု ဆို၍မရချေ။ ခန္ဓာကိုယ်အင်အားကို သုံးပြီး အပနှင်တာလား။ ဟွန့် တအား ကျွမ်းကျင်တာပေါ့။

 

မြေအောက်လောကကို အပို့ခံထားရတဲ့ မကောင်းဆိုးဝါးတွေကို သွားမေးစမ်းပါ။ သူ ရိုက်တာ နာသလားလို့လေ ဟား ဟား။

 

ယန်ရှစ်ရွှမ်းက တစ်ချက်လှောင်ပြီး နီးကပ်စွာ မြင်နေရသည့် စာခြောက်ရုပ်အား ထိတ်လန့်မှု ကင်းမဲ့စွာနှင့် ကြည့်လျက် ရုတ်တရက် ပေါ်ပေါက်လာသော ထိုအရာနှင့် တောင်နတ်ဘုရားတို့ အကြားမှ ဆက်စပ်မှုကို စဉ်းစားကြည့်သည်။

 

စာခြောက်ရုပ်၏ အဖြူရောင် တစ်စမှမရှိပဲ ကင်းစင်ပြီး အနက်ရောင်မျက်ဝန်းများက ယန်ရှစ်ရွှမ်းကို တိုက်ရိုက် စိုက်ကြည့်လျက် စက္ကူပါးစပ်ကြီးကိုဟပြီး ဟောင်းလောင်းပေါက်ဖြစ်ကာ ဩရှကာ လျှာမပါသလို ဟောင်းလောင်းဖြစ်နေသည့် အသံမျိုးနှင့် အော်သည်။

 

“တောင်_ _ _ နတ်_ _ ဘုရား_ _ _ “

 

“ တောင်နတ်ဘုရား မွေးနေ့_ _ _ ”

 

လူသူ ရှင်းလင်းသော ခန်းမအတွင်း အသက်မဲ့သော အသံက ဟိန်းထွက်သွားပြီး တစ်လွှာပြီးတစ်လွှာ ပဲ့တင်ထပ်လျက် ကျောချမ်းဖွယ်ကောင်းသည့် ခွင်းကာ ဟိန်းထွက်လာစေသည်။ မသိလျှင် သူ ယခုရောက်ရှိနေသော နေရာက သေမျိုးလောက မဟုတ်သလို ဖြစ်နေသည်။

 

ယန်ရှစ်ရွှမ်းသည် ခန်းမထဲကို ဝင်ရောက်ခဲ့ချိန်က စာခြောက်ရုပ်ကို မြင်ရသည်အလား သိသာထင်ရှားသည်။ သို့သော် သူက ဖောက်ဝင်လာပြီး တစ်မိနစ်ပင် မကြာသေးခင် စာခြောက်ရုပ်က ရုတ်တရက် သူ့နားသို့ ရောက်ရှိလာပြီး လက်ကိုပင် လှမ်းကာ လည်တိုင်ကို ထိရန် ကြိုးစားသည်။ ယန်ရှစ်ရွှမ်းက ရုတ်တရက် အန်တိုနီက တစ်စုံတစ်ရာက သူ၏လည်ပင်းနှင့်အောက်ဘက်သို့ ထိခဲ့သည်ဟု ပြောခဲ့သည့်အကြောင်းကို သတိရသွားသည်။

 

ယန်ရှစ်ရွှမ်းကလည်း အခြေအနေကို ဆက်စပ် ကြည့်လိုက်သည်။

 

ထိုအချိန်က တစ်စုံတစ်ရာဟာ သေမျိုး၏ ယန်စွမ်းအင်ကို ထိတွေ့ချင်ခဲ့သည်ဟု တွေးမိသည်။ သို့သော် အန်တိုနီနှင့် ရုန်ရုန်တို့၏ ဖော်ပြချက်အရ သူတို့ ကြုံတွေ့ခဲ့ရသော မဲတူးနေသော အရာများက အမှောင်ထဲတွင် ပုန်းအောင်းလျက် တစ်စုံတစ်ရာ ဖြစ်နေနိုင်သည်။ ယန်ရှစ်ရွှမ်းသည် သူ၏ယခင်ဧည့်သည် ပြောခဲ့ဖူးသည့် မဲတူးနေသော အလောင်းများ ဖြစ်နိုင်သည်ဟု သံသယ ဝင်လိုက်မိသည်။ သို့သော် သူ၏အ‌ရှေ့တွင် ပေါ်လာသည်မှာ သွေးများ စိုရွှဲနေသော စာခြောက်ရုပ်ဖြစ်ပြီး အမှောင်ထဲတွင် ပုန်းအောင်နိုင်စွမ်း မရှိချေ။ ဒါဟာ အန်တိုနီ နှင့် ရုန်ရုန်တို့ ကြုံတွေ့ခဲ့ရသည့် အရာများ မဟုတ်နိုင်ချေ။

 

ဒါဆိုရင် ဒီစာခြောက်ရုပ်တွေက ဒီလို‌ရွေ့လျားပြီး ရုတ်တရက်ပေါ်လာတာက သေမျိုးတွေရဲ့ ကိုယ်ထဲက ယန်စွမ်းရည်ကို စုပ်ယူချင်လို့လား။

 

နောက်ပြီး တောင်နတ်ဘုရားရဲ့ မွေးနေ့ဆိုတာက ဘာကို ဆိုလိုတာလဲ။

 

စသဖြင့် _ _ _ ယန်ရှစ်ရွှမ်း၏ အတွေးများက အမြင့်ဆုံးသော အရှိန်မျိုးနှင့် ပြေးလွှားနေရာမှ ရပ်တန့်သွားသည်။

 

သူ့အနေဖြင့် တောင်နတ်ဘုရား၏ မွေးနေ့အကြောင်း ကြားဖူးသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ချေ။ လွန်ခဲ့သော နာရီအနည်းငယ်ခန့်က မူးနေသော ရွာသားများက ဧည့်သည်များ၏ အခြေအနေကို လာရောက် စစ်ဆေးကြည့်ပြီး သူတို့သည် သဘက်ခါတွင် ကျင်းပမည့် တောင်နတ်ဘုရား၏မွေးနေ့ပွဲအတွက် ပြင်ဆင်နေသည်ဟု ဆိုသွားသည်။

 

နောက်ပြီး အချိန်က မနက်ဖြန်တဲ့လား။

 

ယန်ရှစ်ရွှမ်းက ရုတ်တရက် နံရံ‌ဆေးရေးပန်းချီများပေါ်မှ ပုံရိပ်များ၏ အဓိပ္ပာယ်ကို နားလည်သွားသည်။

 

ငါစိုးရိမ်တာကလည်း ဒီပုံရိပ်တွေကလည်း တောင်နတ်ဘုရား၏ မွေးနေ့ပွဲကို ကြိုဆိုဂုဏ်ပြုပေးနေမှာ ဖြစ်နေလောက်တယ်။

 

ဒါပေမယ့် တောင်နတ်ဘုရားက ဘယ်နတ်ဘုရားလဲ။

 

ကောင်းမွန်လွန်းသော နတ်ဘုရားက တစ်စုံတစ်ရာ ဖြစ်သွားခဲ့လျှင် နယ်မြေတွေကို မကာကွယ် ပေးနိုင်တော့ဘူးဆိုရင် မွေးနေ့ပွဲကို ကျင်းပမှာက ဆိုးယုတ်တဲ့ နတ်ဆိုးမွေးနေ့ပေါ့။

 

စာခြောက်ရုပ်က ရှေ့သို့တိုး၍ ပြင်းပြင်းထန်ထန် ကြိုးစားနေသေးသည်။ သူ၏ သွေးအလိမ်းလိမ်း ထွက်နေသော ခြေထောက်ကိုပင် မြှောက်လိုက်သည်။ သို့သော် ယန်ရှစ်ရွှမ်းကို လျှင်မြန်စွာနှင့် အခြားသော လက်တစ်ဖက်ဖြင့် လှမ်းကိုင်ရင်း သပ်ရပ်စွာ ထိုးလိုက်သည်။

 

ခရက်ရှ်

 

ထိုသို့ဖြင့် စာခြောက်ရုပ်၏ ခြေထောက်တစ်ဖက်က အချိုးခံလိုက်ရသည်။ သို့ရာတွင် သူ၏မျက်နှာတွင် နာကျင်သည့် အမူအယာမပြချေ။ နာကျင်မှကို မသိသည့် အပင်များ၊ သစ်ပင်များအလား ဖြစ်နေသည်။

 

ယန်ရှစ်ရွှမ်းက သူ၏လက်ဝါးထဲတွင် ကိုင်ထားသော ခြေထောက်၏ ကွေးကောက်သွားသည့် အပိုင်းတစ်ပိုင်းကို ကြည့်လိုက်သည်။ ထို့နောက် မျက်ခုံးတစ်ချက်ပင့်လိုက်၏။ သူ၏မျက်ဝန်းထဲတွင် အံ့အားသင့်မှုက ပေါ်ထွက်လာသည်။

 

သူ၏လက်ထဲတွင် ကိုင်ထားသော ကောက်ရိုးက သူထင်ထားသော ကောက်ရိုး မဟုတ်ချေ။

 

ထို့အစား သွေးပြန်ကြောနှင့် ကြွက်သားများရှိသည့် သေလူတစ်ယောက်၏ ခြေထောက်အစစ် ဖြစ်နေသည်။ ကောက်ရိုးကို အရေပြားအဖြစ် သုံးထားခြင်းသာ ဖြစ်သည်။ သို့သော် သွေးများ မစီးတော့သလို နွေးထွေးမှုလည်း မရှိတော့ချေ။

 

စာခြောက်ရုပ်၏ ခြေထောက်က ကျိုးသွားပြီးသည့်တိုင်အောင် ခန်းမအတွင်း နံ့ဟောင်နေသော ရနံ့တစ်ခုက ပျံ့နှံ့လာသည်။ ထိုရနံ့က သေလွန်ခဲ့သည်မှာ အချိန်အတန်ကြာပြီ ဖြစ်ပြီး ရေထဲတွင် အချိန်အကြာပြီး စိမ်ထားခံခဲ့ရသည့် အလောင်းပုတ်ကောင်၏ ရနံ့ဖြစ်သည်။

 

ထိုနံဟောင်နေသော ရနံ့က အိမ်တွင် သိုးသွားသော အသားကို အချိန်အတန် ကြာအောင် ထားပြီးနောက် ထွက်လာသော ရနံ့ထက် အဆရာပေါင်းများစွာ ဆိုးသည်။ ထို့ကြောင့် သာမာန်လူများဆိုလျှင် နေရာတွင်ပင် မျက်လုံး မဖွင့်နိုင်အောင် ဆက်တိုက်အန်ကြလောက်သည်။ ယန်ရှစ်ရွှမ်းက သတိလက်လွတ် ဖြစ်သွားပြီး ရနံ့များ၏ ထိုးနှက်မှုကို ခံလိုက်ရသည်။ သူက ခြေနှစ်လှမ်းခန့် နောက်ဆုတ်လိုက်ပြီး သူ၏လက်ထဲမှ ကျိုးသွားသည့် စာခြောက်ရုပ်ကြီး၏ ခြေထောက်ကို လွှတ်ပစ်လိုက်သည်။ ထို့နောက် တုန့်ဆိုင်းခြင်း မရှိပဲ သူ၏လက်ဖဝါးကို ပြန်သုံးကာ စာခြောက်ရုပ်၏ ကျန်သော လက်များ၊ ခြေထောက်များကို လိုက်ချိုးလိုက်သည်။

 

ဒါပေါ့ ဒီတစ်ကြိမ်မှာတော့ သူက အင်အားကို ထိန်းချုပ်ထားတယ်။ စာခြောက်ရုပ်ရဲ့ ကိုယ်ကနေ အဲဒီနံဟောင်နေတဲ့ အရာကြီးတွေ ကျွတ်ထွက်လာတာကို မလိုချင်တော့ဘူးလေ။ ထို့ကြောင့် သူဟာ စာခြောက်ရုပ်၏ ခြေလက်များကို အတွင်းပိုင်းမှ ကျိုးသွားစေလိုက်သည်။ အပြင်သို့ ကျိုးထွက်လာအောင် မလုပ်ချေ။

 

ခရက်ရှ်

 

စက္ကန့်အနည်းငယ် ကြာပြီးနောက် တိုက်ခိုက်ရန် ရုန်းကန်နေသည့် စာခြောက်ရုပ်က မြေပြင်ပေါ်တွင် ပျော့ခွေလျက် ကျနေပြီဖြစ်သည်။ သူဟာ နေရာတွင် တည်ငြိမ်စွာ ထိန်းရန်အတွက်သာ ထိုခြေလက်များကို သုံးနိုင်သည်။ ပြန်လည်ထရပ်ရန် ကြိုးစားနေသော်လည်း မဖြစ်နိုင်‌တော့ချေ။

 

“တောင်နတ်ဘုရား”

 

စာခြောက်ရုပ်၏ ပိုက်ဆံမျက်နှာကြီးနှင့် တောက်ပနီရဲသော ပါးစပ်ကြီးက နားရွက်တက်ချိတ်မတတ် ဖြစ်နေသည်။ သို့သော် အနက်ရောင်မျက်ဝန်းများကမူ အနက်ရောင် အရည်များ စီးကျနေသည်။

 

သူဟာ ငိုနေပုံပေါ်သည်။ ထို့နောက် ပြန်ရယ်ပြန်သည်။ သူ၏အမူအယာက ရှုပ်ထွေးလွန်းသည်။

 

“တောင်နတ်ဘုရား ငါ ငါ့ကိုယ်ငါ စတေးပါတယ် ငါ့ရဲနတ်ဘုရား”

 

“ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းပါစေ။ ဘယ်ငှက်မှ မျိုးစေ့တွေကို လာမစားပါစေနဲ့။ ဘယ်သူကမှလည်း မျိုးစေ့တွေကို မကောက်သွားပါစေနဲ့။ ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းပါစေ”

 

“ငါ ငါ ငါ့ရဲ့အကြွေးတွေကို ပြန်လည် ပေးဆပ်ပါတယ်”

 

စာခြောက်ရုပ်က ဆက်တိုက် အော်နေသည်။ ထို့သို့ဖြင့် ယန်ရှစ်ရွှမ်းက အနောက်ဘက်မှ ရွှေရောင်အပြည့်နှင့် ရုပ်ထုကြီးရှိရာဘက်သို့ တွားသွားလိုနေသည်။

 

သူ၏ပါးစပ်မှ အသံများ ဆက်ထွက်လာသည်။ သို့သော် ပျော်ရွှင်မှုနှင့် နောင်တ ရောနေသောကြောင့် သူ၏စကားလုံးများက ဝေဝါးသွားသည်။

 

စကား ပြောနေသည်ဆိုသည်ထက် ငိုကြွေးကြပြီး ခွင့်လွှတ်ရန် တောင်းပန်နေကြပုံ‌ ပေါ်သည်။

 

ခန္ဓာကိုယ်ကြီး၏အောက်တွင် သွေးအိုင်က တရွတ်တိုက် ပါသွားသည်မှာ မြင်သူတိုင်းကို အံ့အား သင့်စေလောက်သည်။

 

တစ်ချိန်တည်းတွင်ပင် စာခြောက်ရုပ်ကြောင့် လှုပ်နိုးလာပုံပေါ်သည့် နံရံဆေးရေးပန်းချီအတွင်းမှ တောင်နတ်ဘုရားကိုသာ ဦးခိုက်ပြီး စိတ်အားထက်သန်စွာ ဂါဝရပြုနေကြသူများက လှုပ်ရှားမှုများ ရပ်တန့်သွားလျက် ခေါင်းများကို တောင့်တင်းစွာနှင့် စာခြောက်ရုပ်ကို ကြည့်သည်။

 

သူတို့၏ အမူအယာက အမျိုးမျိုး ဖြစ်နေသည်။ အချို့ကမူ အထင်သေး နေသည်။ တစ်ချို့ကမူ စာခြောက်ရုပ်၏ အပြုအမူများကို ရှုံ့ချနေပုံ ပေါ်၏။ အခြားသော သူများကမူ ဒေါသထွက်ပြီး ရူးသွပ်လွတ်နီးပါး ဖြစ်သွားသည်။ ထိုစာခြောက်ရုပ်က သူတို့ ယုံကြည်သော နတ်ဘုရားကို အရှက်လာခွဲနေသည်ဟုပင် ထင်သွားပုံ ပေါ်လေသည်။

 

သို့သော် အချို့ရွာသားများကမူ သူတို့၏မျက်နှာတွင် ဝမ်းနည်းမှုနှင့် စာနာသနားမှုကို ဖော်ပြသည်။ သူတို့က မျက်နှာကိုပင် အုပ်ပြီး ငိုကြ၏။ သူတို့က သူတို့ရွေးချယ်မှုကို မထိန်းချုပ်နိုင်ပုံ ပေါ်သည်။

 

ယန်ရှစ်ရွှမ်းက မျက်လွှာ ချထားပြီး သူ့၏ခြေထောက်နားမှ ရွှေရောင်ရုပ်ထုနား တွားသွားနေသည့် စာခြောက်ရုပ်ကိုသာ ကြည့်နေသော်လည်း သူသည် ကိစ္စနှစ်ခုလုံးကို အာရုံစိုက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏မျက်ဝန်းထောင့်မှတဆင့် နံရံဆေးရေးပန်းချီများ၏ အပြောင်းအလဲကိုလည်း မြင်နိုင်သေးသည်။

 

ထို့ကြောင့် နံရံဆေးရေးပန်းချီအတွင်းမှ ပန်းချီများက စတင်ကာ လှုပ်ရှားလာသည်နှင့် ယန်ရှစ်ရွှမ်းသည်လည်း အကင်းပါးစွာနှင့် သတိထားမိလိုက်သည်။ သူသည် သူ၏ကောင်းမွန်လွန်းသော အမြင်အာရုံကိုသုံးပြီး နံရံဆေးရေးပန်းချီများမှ လူတိုင်း၏ မျက်နှာ အမူအယာကို မှေးမှိန်သော အလင်းရောင်အောက်တွင် ဖမ်းယူလိုက်နိုင်သည်။

 

ယန်ရှစ်ရွှမ်းသည် ဒေါသ ထွက်ပြီး အထင်သေးသလို၊ ထူးမခြားနားသလို မျက်နှာမျိုးနှင့် ရှိနေသူများက မိသားစုကို ကြမ်းတမ်းတမ်း တု့န်ပြန်သည့် လူငယ်များ၊ သူတို့၏ ဇနီးများ၊ ကလေးများကို ရိုက်နှက်သော ခင်ပွန်းများ၊ လူအိုကြီးများကို လစ်လျှူရှုသော သားများနှင့် သူတို့၏မိတ်ဆွေများ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုငယ်ရွယ်သူများသည် အဖွဲ့ဖွဲ့ပြီး တောင်ပေါ်သို့ အတူ တက်ကြသည်။ သို့သော် လူအများစုကမူ ဖြောင်းဖြသော်လည်း သူတို့က လက်မခံကြချေ။

 

ငိုယိုနေသော ဝမ်းနည်းသူများက အနိုင်ကျင့် ခံရသောသူများ၊ ဇနီးများ၊ လူအိုကြီးများနှင့် မိခင်များ၏ ဘေးဘက်တွင် ငိုယိုနေသည့် ကလေးများပင် ပါနေသေးသည်။ ထိုအခြေအနေက ယန်ရှစ်ရွှမ်းအား အနည်းငယ် အံ့ဩသွားစေသည်။

 

မူလကမူ နံရံဆေးရေးပန်းချီပေါ်ရှိ ပုံရိပ်များက နတ်ဘုရားကို ကိုးကွယ် ဆည်းကပ်နေကတည်းက သူတို့သည် ကျန်းရွှမ်းနောက်ပိုင်း အစားထိုးခဲ့သည့် နတ်ဘုရားကို ယုံကြည်နေကြသူများဟု ယုံကြည်သင့်သည်။ သို့သော် ယခုမူ ထိုသို့ ဟုတ်မနေချေ။ လူတိုင်းကမူ ကိုးကွယ်ပုံ မရချေ။

 

နံရံဆေးရေးပန်းချီပေါ်မှ ဆက်တိုက်ဆိုသလို ပြောင်းလဲနေသည့် မြင်ကွင်းများကို အကဲဖြတ်ခြင်းအားဖြင့် တစ်စုံတစ်ယောက်ဟာ မိသားစု၏ လုပ်ဆောင်မှုများနှင့် ပက်သက်ပြီး သဘောမကျမှု ဖြစ်ခဲ့ပုံရသည်။ သို့သော် မဖြောင်းဖြနိုင်သဖြင့် ယခုလိုမျိုး နံရံဆေးရေးပန်းချီအတွင်းတွင် နတ်ဘုရားကို ယုံကြည်နေရသည့် တိုင်အောင် ရှုပ်ထွေးသည့် အခြေအနေများက ဖြစ်ပေါ်လာပုံ ပေါ်သည်။

 

စာခြောက်ရုပ်၏ အော်သံက ဆက်လက်ပြီး ထွက်နေသည်။ ထို့သိုဖြင့် သည်းထန်လွန်းသော အသံဖြင့် အခြားသော အသံလေးများကို ဖုံးသွားသည်။

 

ယန်ရှစ်ရွှမ်း၏ အမြင်အာရုံကွယ်သော အနောက်ဘက်_ _ _

 

အဓိကခန်းမ၏ မျက်နှာကျတ်ပေါ်တွင် ခန်းမတစ်ခုလုံး၏ အဓိကကျသော နေရာတွင် ဆေးခြယ်ထားသော ကြီးမားသော သားရဲကောင်ကြီး ရှိနေသည်။ ထိုအကောင်ကြီးက နံရံဆေးရေးပန်းချီထဲမှ ပုံရိပ်တိုင်း၏ ကိုးကွယ်မှုကို ခံယူနေသော အကောင်ကြီး ဖြစ်သည်။ ထိုအကောင်ကြီးက ရုတ်တရက် မျက်လုံးကို ဖွင့်ကြည့်လျက် ယန်ရှစ်ရွှမ်း၏ ကိုယ်ကို ငုံ့ကြည့်သည်။

 

သူ၏အမွှေးများ ပြည့်နှက်နေသော မျက်နှာတွင် ရက်စက်ပြီး လောဘကြီးသော အပြုံးမျိုးက ပေါ်လာသည်။ သူ၏တောက်ပနီရဲနေသော လျှာက အတွင်းမှ ထွက်လာပြီး ထက်ရှသော သွားကို တစ်ချက်ယက်သည်။ သူသည် ထိုသို့ဉာဏ်ကောင်းလွန်းပြီး အမှန်တရား တစ်ခုလုံးကို ခပ်ရေးရေးပင် ရှာတွေ့နေပြီ ဖြစ်သည့် လူသား သို့မဟုတ် သေမျိုး၏ ဝိဉာဉ်ကို စမ်းကြည့်ရန် မစောင့်နိုင်သလို ထင်ရသည်။

 

ရွှေရောင်များ တောက်ပနေသည့် မျက်လုံးကြီး၏ မူလကမူ ရှေ့တည့်တည့်သို့ ကြည့်နေခဲ့ရာမှ တဖြည်းဖြည်းချင်း လှည့်သထက် လှည့်လာပြီး သူနှင့်ယှဉ်လျှင် သေးငယ်လွန်းပြီး ပုရွတ်ဆိတ်သာသာ ယန်ရှစ်ရွှမ်းကို လှည့်ကြည့်လိုက်သည်။

 

ရုပ်ထုက ရုတ်တရက် လက်ထဲမှ လေးလံပြီး ထက်ရှလွန်းသော လက်နက်ကြီးကို ယမ်းလိုက်သည်။ ထိုသို့ယမ်းပြီးပြီးချင်း ယန်ရှစ်ရွှမ်းကို ခက်ထန်သော အကြည့်မျိုးနှင့်ကြည့်နေသော ရုပ်ထုက စလှုပ်သည်။

 

ခြောက်မီတာ၊ခုနှစ်မီတာခန့်မြှင့်သော ရုပ်ထုသော သူ၏ဖြောင့်မတ်နေသော ကိုယ်ကို အနည်းငယ် ကွေးလိုက်ပြီး တိုက်ခိုက်မည့် ဟန်အမူအယာ ယူသည်။ သူ၏မျက်နှာအမူအယာကြီးက ဒေါသထွက်နေသလို ပို၍ပင် ကြမ်းကြုတ် လာသေး၏။ သူ၏လက်ထဲတွင် ရွှေရောင် ပြောင်လက်နေသည့် ပုဆိန်ကြီးဟာ တဖြည်းဖြည်းချင်း မြင့်မားသွားပြီးနောက် တိုက်ခတ်မည့် ပုံစံမျိုးနှင့် အပေါ်သို့ မြှောက်တက်ကာ တဖြည်းဖြည်းချင်း‌ အောက်သို့ ဆင်းသက်လာသည်။ ပုဆိန်ဦးတည်နေသော နေရာက ယန်ရှစ်ရွှမ်း ရပ်နေသော နေရာဖြစ်သည်။

 

မိုးမုန်တိုင်းအောက်တွင် တစ်စုံတစ်ရာက လေကို လှီးဖြတ်လျက် ဆင်းသက်လာသော အသံမျိုးကို ထုတ်လွှတ်လာသည်။ သို့သော် ထိုအသံဟာ စာခြောက်ရုပ်၏ ငိုငြီးသံအောက်တွင် ဖုံးနေလေသဖြင့် အခြားသောသူများက တော်ရုံတန်ရုံ သတိ မထားမိလောက်သော တစီစီအသံလိုလို ထင်ရသည်။

 

နံရံဆေးရေးပန်းချီထဲမှ ပုံရိပ်များက ထိုမြင်ကွင်းကို မြင်လိုက်သည်။

 

နှလုံးသား နူးညံ့သော ဇနီးသည်တစ်ယောက်ဆိုလျှင် မကြည့်ရဲတော့သဖြင့် ခေါင်းကိုပင် ဘေးဘက်သို့ စောင်းကာ လွှဲလိုက်သည်။ ငိုနေသော ကလေးက နေရာတွင် ကြောက်လွန်းသဖြင့် အသံပင် ထွက်အောင် မငိုရဲတော့ချေ။ သို့ရာတွင် အချို့သော ရွာသားများကမူ စိတ်လှုပ်ရှား သွားကြသည်။ အချို့ဆိုလျှင် မူရင်း ဒူးထောက်နေသည့် ပုံစံမှထကာ ခုန်ပေါက်လျက် အော်ဟစ် အားပေးကြသည်။

 

ပန်းချီများကို အာရုံစိုက်နေသာ ယန်ရှစ်ရွှမ်းဟာလည်း တစ်စုံတစ်ရာဟာ မှားယွင်းနေကြောင်း သိလိုက်သည်။

 

ဘာလို့ ရုတ်တရက် ပန်းချီထဲက ပုံရိပ်တွေက ပြောင်းသွားတာလဲ။

 

ယခုလေးတင် သူတို့ဟာ စာခြောက်ရုပ်ကို ကြည့်နေသည်။ ထို့နောက် ရုတ်တရက်_ _ _ သူတို့ ဘာကို မြင်လိုက်တာလဲ။

 

ယန်ရှစ်ရွှမ်းက ဂရုတစိုက် မတွေးနိုင်သေးချေ။ ခရက်ရှ် ခရက်ရှ်ဆိုသော အသံက သူ၏နားထဲမှ ထင်ရှားစွာ ထွက်လာသည်။ ထိုအသံသည် ရုပ်ထုလေးတစ်ခုက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော အသံဖြစ်သည်။ ယန်ရှစ်ရွှမ်းက ရုတ်တရက် အနောက်ဘက်သို့ လှည့်ကာ အသံလာရာဘက်သို့ ကြည့်လိုက်သည်။ ထို့နောက် သူ၏ အနောက်ဘက်တွင် ရှိသော ကြီးမားသော ရွှေသားရုပ်ထုကြီးက နောက်ထပ်‌ ရွှေသားပုဆိန်ကြီးကို ကိုင်လျက် သူ့ကို ခုတ်ချလိုက်ကြောင်း မြင်လိုက်ရသည်။ ထို့ကြောင့် သူ၏မြင်ကွင်းထဲတွင် ကြီးမားလွန်းသော ရုပ်ထုကြီး၏ ခက်ထန်နေသော မျက်နှာကသာ ထင်ရှားလျက် ပေါ်နေလေသည်။

 

ဘုန်း

 

မနက်အစောပိုင်းတွင် လူတိုင်းဟာ နှစ်နှစ်ခြိုက်ခြိုက် ငြိမ်းငြိမ်းချမ်းချမ်း အိပ်နေသင့်သည်။ တောင်ဘုရားကျောင်း၏ မြေပြင်က ရုတ်တရက် ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါသွားသည်မှာ ငလျင်လှုပ်ခတ်လိုက်သလိုမျိုးပင် ထင်ရသည်။ စားပွဲပေါ်တွင် တင်ထားသော ပစ္စည်းအများစုက မြေပြင်ပေါ်သို့ပင် ပြုတ်ကျသည်။

 

ဘုန်း

 

ထို့နောက် ကျယ်လောင်သော အသံကြီးများက တစ်ကြိမ်ပြီးတစ်ကြိမ် ထွက်လာသည်။ ထိုအသံဟာ လူတိုင်း၏ နှလုံးသားကို ရိုက်နှက်နေသလို ဖြစ်နေသည်။

 

တောင်ဘုရားကျောင်း အဓိကခန်းမ၏ ဘေးဘက်ရှိ သေးငယ်လွန်းသော အိမ်အတွင်းမှ ရွာသားနှစ်ယောက် ပြတင်းပေါက်ဘေးနားတွင် ရပ်ပြီး ဆူညံသံများ ထွက်လာရာဘက်သို့ ကြည့်ရင်း သူတို့၏ အသက်ရှူသံများက မြန်ဆန်လာကြသည်။

 

ဒါက တောင်နတ်ဘုရားပဲ တောင်နတ်ဘုရား ရောက်လာပြီ။

 

ပြတင်းပေါက်ဘောင်ကို ကိုင်ထားသည့် ရွာသား၏ အသံကပင် စိတ်လှုပ်ရှားမှုကြောင့် တုန်နေသည်။

 

“သူ့ကို သတ် အရှင်တောင်နတ်ဘုရား အဲဒီ မရိုသေတဲ့အကောင်ကို သတ်လိုက်စမ်းပါ။ ဘယ်သူကများ ညအချိန်ကြီး တောင်နတ်ဘုရားရဲ့ ခွင့်ပြုချက်မရှိပဲ အဓိက ခန်းမထဲ ဖောက်ဝင်ရဲတာလဲ”

 

ထိုရွာသားနှစ်ယောက်က ရယ်သည်။ မိုးလိုက်ကာနှင့် နံရံက သူ့ကို တားထားသော်လည်း သူ၏ခန်းမအတွင်းရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေပုံ ပေါ်လေသည်။

 

“စတေးခံ မင်းက ဒီနှစ်ရဲ့ ရိတ်သိမ်းမှုအတွက် စတေးခံပဲ”

 

ရွာသားနှစ်ယောက်၏ အနောက်ဘက်တွင်မူ သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ရှိသည်။ သူက ကုန်းနေသော ခါးနှင့်အတူ ပြတင်းပေါက်နားသို့ တဖြည်းဖြည်းချင်း လာသည်။ သူက လမ်းလျှောက်လိုက်ချိန်တိုင်း သူ၏နဂိုက အကျဉ်းတန်ပြီးသားရုပ်၊ အရေးကြောင်းများ ပြည့်နှက်နေသော မျက်နှာက တဖြည်းဖြည်းချင်းစီ ပျက်ယွင်းလာလျက် အဝါရောင် အမွှေးများ ရှည်သထက်ရှည်ပြီး မျက်နှာတစ်ခုလုံးကို အုပ်သွားသည်။ ထို့နောက် သူ၏ခေါင်းအထက်တွင် အမွှေးများ ပြည့်နှက်နေသော တောင့်တင်းနေသည့် နားရွက်တစ်စုံက ပေါ်လာသည်။

 

သူ၏အဝတ်အပြင်ဘက်တွင် ပေါ်နေသော အရေပြားများတွင်လည်း အမွှေးများ ပြည့်နှက်သထက် ပြည့်နှက်လာပြီး သူ၏ခန္ဓာကိုယ်တွင် လူသားပုံသဏ္ဍာန်က ပျောက်ဆုံး သွားသည်။ သူသည် ဆင့်ကဲ ပြောင်းလဲလာသော ဖြစ်စဉ် တောက်လျှောက်တွင် လူသားများနည်းတူ လမ်းလျှောက်ခြင်းဖြင့် ကျင့်သားရခဲ့ရာမှ ခြေနှစ်ချောင်းနှင့် ရပ်နိုင်သော အမွှေးများ အပြည့်ရှိသည့် တိရစ္ဆာန်ပုံ အသွင် ပြောင်းသွားသည်။

 

******