အပိုင်း(၇၇)
လတ်စသတ်တော့ မြွေပါကြီး ဖြစ်နေတာကိုး။
မြွေပါကြီးက ပါးစပ်ကို ဖြဲလိုက်သောအခါ ထက်ရှပြီး ချွန်ထက်သော အဝါရောင်သွားတစ်စုံက ပေါ်လာသည်။ မျက်နှာပေါ်ရှိ အသားများက တစ်နေရာတည်းသို့ စုပုံကာ တည်ရှိနေသလိုမျိုး အလွန်အမင်း အကျည်းတန်ကာ ကြောက်စရာ ကောင်းသည်။
“တိုက်တိုက်ချိန်ချိန် မနက်ဖြန်ခါ တောင်နတ်ဘုရားရဲ့ မွေးနေ့ ဖြစ်နေတယ်။ ဒီလူတွေက အချိန်ကိုက် ရောက်လာကြတာပဲ။ တောင်နတ်ဘုရားက သူ့အတွက် ပြင်ဆင်ပေးထားတဲ့ စတေးခံတွေကို ကျေနပ်လောက်ပါတယ်။ ဒါဆိုရင် မင်းရဲ့ဆန္ဒက အမှန်တကယ် ဖြစ်လာမှာပါ”
ရွာသားနှစ်ယောက်က ပြင်းပြင်းထန်ထန် အသက်ရှူသည်။ သူတို့၏မျက်နှာတွင် စိတ်အားထက်သန်မှုနှင့် မျှော်လင့်စောင့်စားမှုများ မြင်နိုင်၏။
“တောင်နတ်ဘုရား တောင်နတ်ဘုရား”
တောင်နတ်ဘုရားရဲ့ ယုံကြည်အသက်ဝင်ဆုံးလူတွေက တောင်နတ်ဘုရားက ငါတို့ရဲ့ဆုတောင်းတွေကို ဖြည့်ဆည်းပေမယ့်အချိန်ကို စောင့်နေတာပဲ”
…
ရွာသားများ၏အသံက သည်းထန်လွန်းသော မိုးအောက်တွင် မြှပ်သွားလေရာ ခန်းမထံသို့ မရောက်ချေ။
ယခုအခါ အဓိကခန်းမတွင်းတွင် ဖုန်များ ပြည့်နှက်နေလေရာ အခြေအနေကို မခန့်မှန်းနိုင်ချေ။ မူလက ချောမွေ့သော တိုင်များက ကြီးမားသော ပုဆိန်ကြီးကြောင့် ခုတ်ဖြတ်ခံလိုက်ရသည်။ ခန်းမ၏ ဝင်ပေါက်သို့သွားသော လမ်းတောက်လျောက်တွင် သိပ်သည်းလွန်းသော ကွဲအက်ရာများက ပေါ်ထွက်နေလေရာ မြေဆီလွှာကပင် ကွဲထွက်လုနီးပါး ဖြစ်နေသည်။
ကျောက်စရစ်ခဲများ၊ ဖုန်များက လေထဲတွင် ပြည့်နှက်နေသလို အဓိကခန်းမတစ်ခုလုံးကလည်း မီးခိုးလုံးများ ပြည့်နှက်နေသလို ဖြစ်နေသည်။ မဲမှောင်လွန်းသဖြင့် ယန်ရှစ်ရွှမ်း ရပ်နေသော နေရာကို မြင်ရရန် မဖြစ်နိုင်ချေ။
နံရံဆေးရေး ပန်းချီထဲမှ ပုံရိပ်တစ်ချို့က ဒီမြင်ကွင်းကိုမြင်ပြီး မှင်သက်ကုန်ကြသည်။ သူတို့က ဒီအခြေအနေကို မျှော်လင့်ပြီးထားသလိုမျိုး ဝမ်းနည်းသော အမူအယာမျိုးနှင့် ခေါင်းများကို ခေါင်းလှည့် လိုက်ကြသည်။ သူတို့သည် ဆက်လက်ပြီး မကြည့်နိုင်ကြတော့ချေ။
ခန့်မြင့်မားသော ရုပ်ထုကြီးက တဖြည်းဖြည်းချင်း ကျောမတ်လိုက်သည်။ သူ၏ကြီးမားသော လက်ဖဝါးကြီးနှင့် ပုဆိန်၏ လက်ကိုင်ကို ကိုင်ထားရင်း မြေပြင်ထဲသို့ စိုက်ဝင်နေသည့် ပုဆိန်ကို အင်အားသုံးက ဆွဲနုတ်လိုက်သည်။ ကျောက်စရစ်ခဲများက လေထဲသို့ လွှင့်လာပြီး ပန်းချီအနှံ့ လွှင့်ကုန်သည်။ အတွင်းတွင် စွမ်းအားတစ်ရပ်ရှိနေပြီး ရုတ်တရက် ဖောက်ထုတ်လာသလို ကွဲအက်သံက ထွက်ပေါ်လာသည်။
ကြီးမားသော ဖန်ဂေါ်လီလုံးကဲ့သို့ ဖြစ်နေသော ရုပ်ထု၏မျက်လုံးက သွက်ချာလည်သွားသည်။ ဖုန်ထဲတွင် မည်သူ့ကိုမှ မတွေ့ရသောအခါ သူက ကျေနပ်စွာနှင့် လက်နက်ကို ပြန်ရုတ်လိုက်ပြီး မိမိပုလ္လင်ပေါ်သို့ ပြန်ရန် ကြံစည်သည်။ သို့သော် ထိုအခိုက်အတန့်တွင် ဖုန်ထဲမှ ပိန်သွယ်သော ပုံရိပ်တစ်ခုက ခုန်ထွက်လာပြီး ရုပ်ထုထံ အပြေးဝင်လာသည်။ ထိုသို့ဖြင့် ရုပ်ထုက တဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်သည့် လက်နက်အပေါ်သို့ တက်လာသည်။ သူသည်ထက်ရှသော ပုဆိန်အသွားပေါ် တက်ရပ်လိုက်ပြီး တစ်ချက်ခုန်ရင်း ပေါ့ပါးစွာနှင့် ပြန်လည် ဆင်းသက်လာသည်။ သူ ဆင်းသက်သွားသော နေရာက ရုပ်ထု၏ တုတ်ခိုင်သော လက်မောင်းများပေါ်သို့ ဖြစ်သည်။
ရုပ်ထုက တုန့်ပြန်မည့်အချိန်ကို မစောင့်နေပဲ ထိုအမျိုးသားက ရုပ်ထု၏ လက်မောင်းနှင့် ပုခုံးများကို စမှတ်ကဲ့သို့ သုံးနေပြီး လျှင်မြန်စွာနှင့် ရုပ်ထု၏ခေါင်းရှိရာသို့ ပြေးတက်နေသည်။ ထိုသို့ဖြင့် ခေါင်းပေါ်တွင် ဂုဏ်ယူစွာ တည်ငြိမ်စွာ ရပ်လေသည်။
ထိုလူ၏ချောမောသော မျက်နှာတွင် ပုံမှန် မဟုတ်လောက်အောင် ထိန်းချုပ်ရန် ခက်ခဲသည့် အရိုင်းဆန်မှုများနှင့် ထက်ရှသော သွင်ပြင်လက္ခဏာများကို မြင်နိုင်သည်။ သူ၏ရှည်လျားကျဉ်းမြောင်းပြီး အပေါ်သို့ ကော့တက်နေသည့် မျက်ဝန်းတစ်စုံက ထိန်လင်းစွာ တောက်ပနေသည်။ သူ၏ ထက်ရှသော မျက်ခုံးအစွန်းပိုင်းမှ စတင်ပြီး တောက်ပသည့် အနီရောင်အမာရွတ်တစ်ခုက ဆင်းသက်လျက်ရှိသည်။ ဒါဟာ ယခုလေးတင် ကွဲသွားခဲ့သော ပန်းအိုးအပိုင်းအစ တစ်ခု ခြစ်မိသွားသော ဒဏ်ရာဖြစ်သည်။
ဒဏ်ရာမှ သွေးများ စီးကျနေပြီး သူ၏မျက်ဝန်းအစွန်းပိုင်း တောက်လျောက် နီရဲသွားစေလေရာ သူ့ကို ပို၍ မာနကြီးသွားစေသလို ထင်ရသည်။
သူက လက်ကို အသာမြှောက်ပြီး သူ၏မျက်ဝန်းအစွန်းနားမှ သွေးများကို သုတ်ရင်း နီရဲနေသော သူ၏မျက်ဝန်းကို ပို၍ကြည်လင် သွားစေလိုက်သည်။ ထို့နောက် သူ၏လက်ခုံကို ပြန်ကြည့်သော သွေးများ စိုရွှဲနေသည်ကြောင်း ဖြစ်သည်။
ယန်ရှစ်ရွှမ်းက သူ၏အနီဖျော့ရောင် နူတ်ခမ်းတစ်စုံကို အသာပင့်တင်လိုက်ရင်း လှောင်လိုက်သည်။
“တကယ်ကို မိစ္ဆာနတ်ဆိုးပဲ။ တောင်ဘုရားကျောင်းထဲမှာ ဒီလိုအရာမျိုးက ရှိနေတယ်။ ဒါက တောင်နတ်ဘုရားရဲ့ ခမ်းနားကြီးကျယ် မြင့်မြတ်မှုတွေကို အရှက်ခွဲနေသလိုပဲ ဟား ဟား”
“လာစမ်းပါ မင်းက ဘာလဲ ငါ့ကို ပြစမ်းပါ။ မင်းက ဘယ်လိုကြောင့် တောင်ဘုရားကျောင်းထဲမှာ ဖြောင့်မတ် မှန်ကန်စွာ ထိုင်ရဲပြီး ယုံကြည်သူတွေဆီကနေ အရှက်မဲ့ပြီး အကိုးကွယ် ခံနေရသလဲဆိုတာကို ပြစမ်းပါ”
သူက ပါးစပ်နှင့်လည်း လှောင်သည်။ မျက်ဝန်းနှင့်လည်း လှောင်သည်။
“တိမ်စိုင်တွေအောက်က ထွက်ပြီး လေနဲ့မိုးကို တွေ့ကြည့်စမ်းပါ။ တောင်တန်းနဲ့ မြစ်ပြင်ကို မင်းရဲ့ခန္ဓာကိုယ်နဲ့သုံးပြီး စောင့်ရှောက်ကာကွယ်တဲ့ တောင်နတ်ဘုရားဖြစ်ဖို့ မင်းက တန်လို့လား”
ယန်ရှစ်ရွှမ်းက ရုပ်ထု၏ ထိပ်တွင်ရပ်ပြီး တောင်ဘုရားရှိ အရာအားလုံးကို အပေါ်စီးမှ ငုံ့ကြည့်သည်။ ခမ်းနားထည်ဝါကာ မြင့်မားပြီး ကျယ်ပြောသော ခန်းမကြီးတွင် သူသည် တောင်တန်းနှင့် အရာများကို တစ်ချက်တည်းနှင့် မြင်နိုင်သောသူအလား ဖြစ်သွားသည်။
သူ၏ချောမောသော မျက်နှာက တည်ငြိမ်နေပြီး သွေးနီရောင်မျက်ဝန်းတစ်စုံ၏ထောင့် အစွန်းများက ဝံ့ကြွားသော မာနအပြည့်နှင့် စူးရှနေသည်
သူ၏ပိန်းပါးသော ခန္ဓာကိုယ်က ဓားသွားတစ်ချောင်းလိုမျိုး ရုပ်ထု၏ခေါင်းတည့်တည့်မှ အောက်သို့ ထိုးစိုက်နေလေရာ ကောင်းခြင်းနှင့် ဆိုးခြင်းအကြား ခွဲခြားပြရန် ဆုံးဖြတ်ထားပုံ ပေါ်လေသည်။
ကြည့်ရတာ သူ၏ခြေထောက်အောက်တွင် မိစ္ဆာနှင့် မကောင်းဆိုးဝါးများသာ မကသေးလေပဲ မိစ္ဆာနတ်ဆိုးများကိုပင် သတ်နိုင်ပုံရသည်။
ယန်ရှစ်ရွှမ်းနှင့် ယှဉ်သော် အောက်ဘက်မှ အလွန်ကြီးမားသော ရုပ်ထုကြီးက နှေးကွေးပြီး တုန့်ဆိုင်း နေသေးသည်။ လူတစ်ယောက် သူ၏မျက်ဝန်းအတွင်း ဖြတ်ပြေး သွားကြောင်းကိုသာ ခံစားလိုက်၏။ သူက လက်နက်ကို ဒေါသတကြီး လက်နက်ကို မြှောက်ပြီး တိုက်ခိုက်ချင်သော်လည်း ထိုလူက ပျောက်ကွယ်သွားသည်။ သူက ခန်းမအနှံ့ လှည့်ကြည့်လိုက်သော်လည်း မည်သို့ပင် ကြည့်ကြည့် မမြင်ရပြန်ချေ။ ယန်ရှစ်ရွှမ်းကမူ မမြင်ကွယ်ရာတွင် ရောက်နေပြီး သူ၏ခေါင်းကို တက်နင်းနေခြင်း ဖြစ်သည်။
သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးက သိသာစွာ ပြင်းထန်သော အင်အားအပြည့်ရှိပြီး လွှမ်းမိုးနိုင်စွမ်းအား ပြင်းထန်သည်။ သို့သော် ခေါင်းမဲ့သော ယင်ကောင်တစ်ကောင်က ဖြစ်ပြေးပြီး သူ့အား ဖိအားများအောင် လုပ်နေသည်မှာ ရယ်စရာပင် ကောင်းလွန်းနေသည်။
ရုပ်ထုကြီး အပေါ်အောက် စုန်ချီဆန်ချီ လိုက်ကြည့်နေသော်လည်း ယန်ရှစ်ရွှမ်း၏ ခြေထောက်ကမူ ရုပ်ထု၏ ခေါင်းပေါ်တွင် မြဲမြံစွာ ရပ်နေခဲ့သည်။ ထို့အပြင် သူဟာ အခြောက်လှ့န်ခံ အတိုက်ခိုက်ခံရသည့် ပုံစံမျိုးနှင့် မတူလေပဲ သားကောင် တစ်ကောင်ကို ယဉ်ပါးအောင် လုပ်နေပုံနှင့် ပိုတူနေသေးသည်။
ထိုမြင်ကွင်းကို သတိထားမိသည့် အနီးအနားရှိ နံရံဆေးရေးပန်းချီထဲမှ ပုံရိပ်ပေါင်းများစွာက အံ့ဩသွားကြသည်။
မူလကမူ တောင်နတ်ဘုရားဟာ ပြိုင်ဘက် ကင်းသည်။ သူတို့၏ ဝိဉာဉ်များဟာ ဒီနေရာတွင် ထာဝရ အကျဉ်းချခံရလိမ့်မည်ဟု ထင်ထားကြသည်။ သူတို့သည်လည်း ပြင်းပြင်းထန်ထန် အပြစ်ဒဏ်ကို ခံစားနေရပြီး လောဘ ကြီးလွန်းသောကြောင့် လုပ်မိသည့် ရူးသွပ်သည့် ကိစ္စများအတွက် အမြဲတစေ နောင်တ ရနေကြသည်။ သို့သော် မမျှော်လင့်ထားစွာပင် လူတစ်ယောက်က ရုပ်ထုအား အစစ်အမှန် တိရစ္ဆာန်တစ်ကောင်လိုမျိုး ဆိုးရွားသော အခြေအနေ ရောက်အောင် လုပ်နိုင်ခဲ့သည်။ ထို့အပြင် တောင်နတ်ဘုရားကိုလည်း မကြောက်ချေ။
ဒီလူနဲ့သာဆိုရင် သူတို့ကို ဒီနေရာကနေ ထွက်နိုင်အောင် ကူညီပေးနိုင်မှာလား။
နံရံဆေးရေးပန်းချီထဲမှ တစ်ချို့သော ပုံရိပ်များ၏ မျက်လုံးများက မဲမှောင်နေခဲ့ရာမှာ တဖြည်းဖြည်းချင်း အလင်းများပေါ်လာသည်။ ငယ်ရွယ်သော အမျိုးသမီးများထဲမှ တစ်ယောက်ဆိုလျှင် ယန်ရှစ်ရွှမ်း မြင်နိုင်သော နေရာအတွင်းရှိ နံရံဆေးရေး ပန်းချီတိုင်းသို့ အပြေးသွားပြီး ယန်ရှစ်ရွှမ်း၏ အနောက်ဘက်သို့ သူမလက်ချောင်းများကို စိုးရိမ်တကြီး လက်ညိုးထိုးပြသည်။ ယန်ရှစ်ရွှမ်းအား အရေးကြီးသော တစ်စုံတစ်ရာ ပြောပြချင်နေပုံ ရသည်။
ယန်ရှစ်ရွှမ်းကလည်း ပုံမှန်မဟုတ်သည့် ပန်းချီပုံရိပ်လေးကို သတိထားမိလိုက်သည်။ သို့သော် သူက ထိုပုံရိပ်ပြောချင်သည့် အကြောင်းအရာကို သေချာမသိနိုင်သေးခင် မျက်နှာကျက်တွင် ရှိနေသော တောက်ပသော အရောင်များနှင့် ရေးဆွဲထားသော ကြီးမားသည့် သားရဲကြီးက သူ၏ရှေ့ဘက်ရှိ အရာအားလုံးကို ဒေါသတကြီး ကြည့်နေသည်။ သူ၏အမွှေးများကပင် ထောင်တက်နေသေး၏။ သူ၏အကျည်းတန်လွန်းသော အမွှေးများပြည့်နှက်နေသော မျက်နှာကြီးက တစ်နေရာတည်းတွင် စုပုံပြီး ရှုံ့မဲ့သွားပြီး ကြောက်စရာ ကောင်းအောင် ခက်ထန်လာလျက် ပါးစပ်ကိုလည်း ဖွင့်ကာ အော်ဟစ်သေးသည်။
သိသာစွာပင် မျက်နှာကျက်တွင် ရေးဆွဲထားသော မြွေပါကြီးနှင့် တူသော သတ္တဝါကြီးက အသံထုတ်လွှတ်နိုင်ခြင်း မရှိပေ။ သို့သော် ရုပ်ထုကမူ တစ်စုံတစ်ရာကို တားလိုက်ပုံပေါ်သည်။ သူ၏ခန္ဓာကိုယ်ကြီးက မြေပြင်တွင် လှည့်ပတ်နေခဲ့ရာမှ ရပ်တန့်သွားလေသည်။
သူ၏ခြေထောက်အောက်မှ ပုံမှန်မဟုတ်သည့် ရုပ်ထု၏အခြေအနေက ယန်ရှစ်ရွှမ်း၏ အာရုံကို ဆွဲဆောင်လိုက်သည်။ သူသည် ဒါကို လစ်လျူမရှုနိုင်ချေ။ မှော်ဂါထာ၏ စွမ်းအားကို ဆုံးရှုံးပြီးနောက် သူ၏ သတိများက အမြင့်ဆုံးအထိ ရောက်နေခဲ့ပြီးသား ဖြစ်သည်။ အနည်းငယ်သော လှုပ်ရှားမှုကတင် သူ၏သတိပြုမှုကို ခံရမည် ဖြစ်သည်။
လက်ရှိမှာရှိနေတဲ့ မိစ္ဆာနတ်ဆိုး _ _ _ သူက ဒီနေရာက ဖောက်ထွက်ပြီး အနိုင်ယူနိုင်ဖို့ နည်းလမ်းတစ်ခု ရှာရမယ်။ သူက သူ၏ဦးနှောက်နှင့် ခန္ဓာကိုယ် အမှန်တကယ် တိုးမြှင့်ဖို့ပဲ။
ယန်ရှစ်ရွှမ်းက မျက်လွှာချလိုက်ပြီး အောက်ဘက်ရှိ ရုပ်ထုကိုသာ စိုက်ကြည့်နေလိုက်သည်။ ခန္ဓာကိုယ်ရှိ ကြွက်သားတိုင်းက တင်းကြပ်နေလေပြီး အချိန်မရေး တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။
သို့သော် ရုပ်ထုကမူ လက်လျှော့လိုက်ပုံ ပေါ်သည်။
လက်တစ်ဖက်တည်းတွင် ကိုင်ထားသော ကြီးမားသော ပုဆိန်ကြီးနှင့် အခြားတစ်ဖက်တွင် ကိုင်ထားသော လှံတို့က တည်ငြိမ်ကာ ရပ်တန့်သွားသည်။ အလားတူ လေးလံသော ခန္ဓာကိုယ်ကြီးကလည်း အနောက်ဘက်ရှိ ပလ္လင်ထံသို့ တဖြည်းဖြည်းချင်း လျှောက်သွားသည်။
သူ၏ ခြေတစ်လှမ်း လှမ်းလိုက်ချိန်တိုင်း နောက်ဘက်တွင် လေးလံသော ခြေရာများ ချန်ထားရစ်ခဲ့သလို မြေကမ္ဘာက တသိမ့်သိမ့် တုန်သွားသည်။
ယန်ရှစ်ရွှမ်း မမြင်နိုင်သော အကွယ်တစ်နေရာတွင် ရှိသည့် နံရံဆေးရေးပန်းချီထဲရှိ တိရစ္ဆာန်ပေါင်းများစွာက ယန်ရှစ်ရွှမ်း၏ အခြေအနေကို စိုက်ကြည့်နေကြသည်။ နောက်ဆုံးတွင် ရုပ်ထုက သူ၏ခြေထောက်ကို တဖြည်းဖြည်းချင်း မြှောက်အပြီး ပလ္လင်ပေါ်သို့ တက်ရန် ကြံစည်လိုက်သည့် အခိုက်အတန့်တွင် ကိုယ်က အနည်းငယ် စောင်းသွားသည်။ ထို့ကြောင့် ယန်ရှစ်ရွှမ်း၏ အာရုံက သူ၏ကိုယ်ပေါ်သို့ ပြန်လည် စိုက်မိလိုက်ပြီး ကြွက်သားများကို တည်ငြိမ်အောင် ထိန်းညှိလိုက်ရသည်။
ထိုအခိုက်အတန့်တွင် တိရစ္ဆာန်က ပါးစပ်ကြီးကို ဟပြီး ကျယ်လောင်စူးရှစွာ အော်ဟစ်လိုက်သည်။ ရုပ်ထု၏ ကြီးမားသော လက်ဝါးကြီးက လက်ထဲမှလက်နက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ထိုပုဆိန်ကို အပေါ်သို့ မြှောက်လျက် ယန်ရှစ်ရွှမ်းရှိရာ သူ၏ခေါင်းထက်သို့ ပြင်းထန်သော အားဖြင့် ထိုးဖောက်လိုက်သည်။
လှံ၏ထိပ်က လေကို ထိုးဖောက်သွားပြီး ကျယ်လောင်ထက်ရှသော ပွတ်တိုက်အားကို ထွက်ပေါ်လာစေသည်။ထို့အပြင် အေးစက်သော လေပြင်းကလည်း သယ်ဆောင်သွားခြင်း ခံရပြီး ယန်ရှစ်ရွှမ်းထံ တဖြောင့်တည်း တိုးဝင်သွားလေသည်။
ယန်ရှစ်ရွှမ်းက တစ်စုံတစ်ရာကို သိလိုက်သည်။ သူ၏အလွန်အမင်း လျင်မြန် ဖြတ်လတ်သော ခန္ဓာကိုယ်က ရုတ်ချည်းလိုလို နောက်သို့ လှန်ချလိုက်ပြီး အမြင့်ကလည်း ရုတ်ချည်း ထိုးချလိုက်သည်။ ထိုသို့ဖြင့် သူ၏မျက်စိရှေ့တွင် ကပ်သီးလေး ဖြတ်တိုက်သွားသည့် လှံကို ရှောင်လိုက်နိုင်သည်။
သူက လျင်မြန်စွာနှင့် မျက်လုံးကို ဝှေ့လိုက်ပြီး အပေါ်ဘက်သို့ တိုက်ရိုက် ကြည့်လိုက်သည်။ ထိုအခါ ခက်ထန်သော မျက်နှာနှင့် ဒေါသတကြီး ရယ်မောနေသော တိရစ္ဆာန်ကို တွေ့လိုက်သည်။
တိရစ္ဆာန်၏ အပြုံးက တောင့်ခဲသွားသည်။ သူသည်လည်း သူကို ရှာတွေ့ သွားလိမ့်မည်ဟု ထင်ထားပုံမရချေ။
ထိုလူသားဟာ သေခါနီးအချိန် သေခြင်းတရားက သိသာနေသည့်တိုင်အောင် ထိုမျှအထိ သတိကြီးလိမ့်မည်ဟု မထင်ထားမိချေ။ ယခင်လူများကဲ့သို့ တုန်ယင်ကာ အသနားခံရမည့်အစား အခွင့်အရေးကို အရရှာကာ အခွင့်ကောင်း ယူချင်လိုသေးသည်။
အနှစ်ချုပ်ဆိုရသော် ထိုလူသား၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ၊ ရူးသွပ်မှုများသော တိုက်ခိုက်လိုစိတ် ဆန္ဒများက ပြည့်နှက်နေသည်။ အခြေအနေက ပိုပြီး အန္တရာယ်များလေလေ သူက ပိုပြီး ခပ်ကြမ်းကြမ်း တိုက်ခိုက်လိုလေလေ ဖြစ်ပုံရပြီး တစ်ဖက်သူက ပိုပြီးအင်အားကြီးလာလေလေ သူက ပိုပြီး စိတ်လှုပ်ရှားလေလေ ဖြစ်ပုံ ရသည်။
သူက ပြိုင်ဘက်က မည်သူဖြစ်စေကာမူ သူနှင့် ပြိုင်ဘက် အကြားရှိ ကွာဟချက်က မည့်သို့ပင် ကြီးမားစေကာမူ သူဟာ တိုက်ခိုက်ရန် နောက်တွန့်နေလိမ့်မည် မဟုတ်ချေ။ ပြိုင်ဘက်က နတ်ဘုရားဆိုလျှင်ပင် _ _ _ မိစ္ဆာနတ်ဆိုး ဖြစ်လျှင်ပင် ဒီနေရာတွင် သတ်မည့်ပုံ ပေါ်သည်။ ယန်ရှစ်ရွှမ်း၏ မျက်လုံးက ရှင်းလင်းစွာပင် ထို သတင်းကို ထုတ်ပေးလိုက်သည်။
ထိုမျှရူးသော အကောင်မျိုးကို မမြင်ဖူးသော တိရစ္ဆာန်ကောင် အနေဖြင့် ထိုမျက်ဝန်းများအောက်တွင် တုန်ယင် သွားရသည်။ သူ၏ကြီးမားကာ ဝတုတ်နေသော ခန္ဓာကိုယ်ကြီးကပင် တုန်ယင် သွားသည်။
မျက်လုံးနှင့်တင် ပြိုင်ဘက်များကို အပြည့်အဝ ဖိနှိပ်နိုင်ပြီး ကြောက်လန့်အောင် လုပ်နိုင်သည့် ယန်ရှစ်ရွှမ်းကမူ ထိုအတိုင်း ကြာရှည်စွာ မနေနိုင်ခဲ့ချေ။ုတ်စရာ
သူ၏အပေါ်ဘက်တွင် တစ်စုံတစ်ရာက ရှိနေသည်။ ထိုအရာက အောက်ဘက်ရှိ ရုပ်ထုကို သတင်းစကား ပေးပို့လျက် ရုပ်ထု၏ မျက်လုံး ဖြစ်ပေးနေကြောင်း သိလိုက်ရ ပြီးပြီးချင်း သူဟာ ချက်ချင်းဆိုသလို တစ်ဖန် ပြန်လည် ကုန်းလျက် သူ၏ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အင်အားကြီးမားသော ခါးနှင့် ဝမ်းဗိုက်အား၏ အကူအညီဖြင့် ရုပ်ထု၏ ခေါင်းအထိပ်တွင် ပြားကပ်လုနီး ဖြစ်အောင် ကုန်းကာ တစ်ဖန် ပြန်လည် ကော့ရင်း နောက် ပြန်လှန်လိုက်သည်။
ထို့အချိန်တွင် ရုပ်ထုလက်ထဲမှ လှံက တိုက်တိုက်ဆိုင်ဆိုင် ခေါင်းကို တစ်ချက် မွှေ့လိုက်ဟန် ဖြစ်သွားသည်။ သူက ရုပ်ထု၏လက်ထဲသို့ တစ်ဖန်ပြန်လည် ရောက်ရှိသွားသည်။ သူသည် ဘာကိုမှ ထိတွေ့လိုက်ရသည်ဟု မခံစားလိုက်ရချေ။
လှံကို သတ္တူဖြင့် လုပ်ထားသည်။ ပြင်းထန်သော အရှိန်နူန်းအရ အတွင်းတွင် ဟောင်းလောင်းပေါက် မဟုတ်လောက်ချေ။ ထိုလှံက သုံးမီတာခန့် ရှည်ပြီး နှစ်ဖက်လုံးတွင် ထက်ရှသော ဓားခြောက်ချောင်းစီခန့် ပါသည်။ ဒဏ်ရာရသွားရုံနှင့် သွေးစိမ်းရှင်ရှင် ထွက်ပေလိမ့်မည်။ ကံဆိုးလျှင် ထက်ရှသော ဓားဖြင့် အထိုးခံရပြီးသည့်အပြင် kgရာပေါင်းများစွာ လေးလံသော တုတ်ချောင်းကြီးဖြင့် အဆုံးထိ တောက်လျောက် အထိုးခံနိုင်ရလေရာ မည်သူကမှ ထိုဒဏ်ကို မခံနိုင်ကြလောက်ချေ။
ယန်ရှစ်ရွှမ်းကမူ ရုပ်ထု၏ လှံကို တစ်ဖန်ထပ်ပြီး ကျွမ်းကျင်စွာ ရှောင်လိုက်နိုင်သည်။ လှံက သူ၏အဝတ်စကိုပင် မထိနိုင်ခဲ့ချေ။
တိုက်ကွက် နှစ်ကွက်လုံးက ကျရှုံးသွားသည်။ သေမျိုးက ခေါင်းထိပ်တွင် ရပ်နေသေး၏။ တစ်ဖက်သူ၏ ခြေနင်းဒဏ်ကို ခံနေရသည့် အောက်ဘက်မှ ရုပ်ထုကြီးကမူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ တစ်တောင်လုံးက တသိမ့်သိမ့် တုန်ယင်သွားသည်မှာ ငလျင်လှုပ်သည်အလား ထင်ရသည်။
ယန်ရှစ်ရွှမ်းကမူ ထိုအခြေအနေကို အခွင့်အကောင်းလိုက်သည်။ သူ၏သွယ်လျသော ခြေထောက်ရှိ ကြွက်သားများက ပြင်းထန်သော အားကို စစ်ထုတ်ရန် ကြုတ် တင်းကြပ်သွားပြီးနောက် ခန္ဓာကိုယ်အောက်ပိုင်းအားကို သုံးပြီး ခိုင်မာစွာ ရပ်နိုင်လိုက်ပြန်သည်။
ထို့နောက် ရုပ်ထု၏လက်ဝါးမှ လှုပ်ရှားမှုအရ သူသည် နောက်ထပ် တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သိလိုက်သည်။ လှံက သိပ်မကြာခင် သူထံ တစ်ဖန် ရောက်ရှိ လာနေနိုင်သည်။ ထို့ကြောင့် သူသည် ရုပ်ထု၏ခေါင်းပေါ်တွင် ပြုတ်မကျအောင် တည်ငြိမ်စွာ ရပ်နိုင်လိမ့်မည် မဟုတ်ချေ။
မူလက ယန်ရှစ်ရွှမ်းက ရုပ်ထု၏ လက်မောင်းနှင့် ပုခုံးအားကို သုံးပြီး ရုပ်ထု၏ ထိပ်သို့ တိုက်ရိုက်တက်လျက် ကြီးမားသော ပုဆိန်ကြီးကို ပြန်လည် တိုက်ခိုက်လိုခဲ့သည်။ အကြောင်းမူကား ရုပ်ထုက သူ့ကို ပြန်လည် တိုက်ခိုက်သောအခါ သူက မထိတ်လန့်သွားချေ။ ထို့အစား သူဟာ လျင်မြန်စွာနှင့် ရုပ်ထု၏ အကူအညီနှင့်အတူ တစ်ဖက်သူ၏အနားသို့ ချဉ်းကပ်သွားရင်း ကိုင်တွယ်နိုင်မည်ဟု တွေးထားသည်။ သို့သော် ရုပ်ထု၏ ခန္ဓာကိုယ် တည်ဆောက်ပုံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ပြီးနောက် ထိုရုပ်ထုက တိုက်ခိုက်နိုင်သည့် အင်အားကို အကြမ်းဖျင်း တွက်ချက်ကြည့်ပြီး သူက အသုံးပြုနိုင်သည့် နည်းလမ်းမျိုးကို မှန်းဆလိုက်နိုင်သည်။
ထိုအချိန်ကမူ ရုပ်ထုက အင်အားမျိုးကို သုံးနေချိန်တွင် သူ၏ဖြတ်လတ်မှုက ကျရှုံးသွားပြီး အသေးစိတ် တိုက်ကွက်များကို မထုတ်နိုင်တော့ကြောင်း အတည်ပြု နိုင်လေသည်။ ပို၍ဆိုးသည်မှာ သံမဏိရုပ်ထုကြီးက အလွန်လေးလံသောကြောင့် ရုပ်ထု၏ လှုပ်ရှားမှုများကလည်း အလွန်နှေးကွေးသည်။ ထို့ကြောင့် သူသည် မမြင်နိုင်သော အကွယ်နေရာများလည်း ရှိသည်။
ယခုအခါ သူဟာ မှော်စွမ်းအားကို ဆုံးရှုံးထားရသောကြောင့် မိစ္ဆာနတ်ဆိုးနှင့် တိုက်ခိုက်ရင်ဆိုင်ရာတွင် ခုခံခြင်း မှော်လက်နက်များနှင့် တိုက်ခိုက်ခြင်း၊ မှော်လက်နက်များ၏ အကူအညီမပါဘဲ အဆင်မပြေနိုင်ကြောင်း နားလည်လိုက်သည်။
ထိုအတွက်ကြောင့်လည်း ယန်ရှစ်ရွှမ်းက ရုပ်ထု၏ခေါင်းပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်ပြီး မမြင်ကွယ်ရာ နေရာကိုသုံးကာ သူ၏ခန္ဓာကိုယ်ကို ဖုံးကွယ်ထားခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ယခုလို ကျယ်ပြောသော အမြင်အာရုံတစ်မျိုးနှင့် ရုပ်ထု၏ တိုက်ခိုက်ပုံ၊ လှုပ်ရှားပုံများကို ရှင်းရှင်းလင်းလင်း မြင်လိုသည်။ ထိုနည်းနှင့်မှသာ ရုပ်ထု၏ အားနည်းချက်ကို သိနိုင်ပြီး သင့်တော်သလို သုံးလျက် မမျှော်လင့်ထားသော အခိုက်အတန့်မျိုးတွင် ပြန်လည်တိုက်ခိုက်နိုင်သွားမည် ဖြစ်သည်။
******