78 01
အပိုင်း(၇၈)
သို့ရာတွင် ထိုအချိန်တွင် ယန်ရှစ်ရွှမ်းက မျက်နှာကျက်ပေါ်မှ လှုပ်ရှားမှု ကင်းမဲ့သွားသော တိရစ္ဆာန်ပန်းချီကို လစ်လျှူရှုထားလိုက်သည်။
ထိုတိရစ္ဆာန်သည် တောင်ဘုရားကျောင်း၏ အပေါ်စီးမှ အရာအားလုံးကို ငုံ့ကြည့်နိုင်သလို ရုပ်ထု၏ မျက်လုံး ဖြစ်ပေးနိုင်လေရာ ရုပ်ထုက ကြီးမား လွန်းသောကြောင့် ရှေ့လှည့်နောက်လှည့် ခက်ခဲလွန်းသော အခြေအနေမျိုးနှင့် မမြင်ကွယ်ရာ အနေအထားမျိုးကိုပင် တားဆီးပေးနိုင်သည်။ ထို့အပြင် ရန်သူနှစ်ယောက်နှင့် ရင်ဆိုင်နေရသော ယန်ရှစ်ရွှမ်းအနေဖြင့် ထိုကဲ့သို့သော လက်နက်ဗျူဟာမျိုးကို ဆက်သုံး၍ မရနိုင်တော့ချေ။
သူက ဒီရုပ်ထုကြီး၏ရှေ့တွင် ဆက်ရပ်နေမည်ဆိုလျှင် တစ်ဖက်သူ၏ ပစ်မှတ်သာလျှင် ဖြစ်နေနိုင်သည်။ တစ်ဖက်သူက သူ့ကိုတိုက်ခိုက်ရန် လွယ်ကူသည်။ သူက ခုခံမည့်ဘက်တွင်သာ ရှိနေနိုင်သည်။
ထိုကြောင့် ယန်ရှစ်ရွှမ်းက လျှင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်သည်။ သူသည် မသက်ရောက်သော နည်းလမ်းကို စွန့်ပစ်လိုက်ပြီး ခုခံနေရာမှ အလျင်လက်ဦးမှုယူကာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ ဒီနည်းအားဖြင့် ရုပ်ထု၏အင်အားကို သုံးလျက် သူ၏ကိုယ်ပိုင်အားအားဖြင့် ပြောင်းလျက် အလျင်လက်ဦးမှု ယူရပေမည်။
သူက သူ၏အသက်ရှူသံကို လျင်မြန်စွာ ချိန်ညှိလျက် သူ့ကိုယ်သူ စွမ်းအင်နည်းနည်းကိုသာ လွှတ်ထုတ်ပြီး တည်ငြိမ်သော အနေအထားမျိုး ရောက်အောင် လုပ်လိုက်သည်။
သူ၏အသက်ရှူသံက အားနည်းလွန်းသဖြင့် ရုပ်ထု၏ အသံအောက်တွင် ပုန်းကွယ်နေပြီး မိုးသံအောက်တွင် ရောနှော ပျောက်ကွယ် သွားလေရာ သူ၏အသက်ရှူသံကို ဆုံးဖြတ်လျက် အခြေအနေများကို အကဲဖြတ်နိုင်ခြင်း မရှိလောက်တော့ချေ။
ယန်ရှစ်ရွှမ်း၏ မျက်လုံးများက ရုပ်ထု၏ လှံထံ ပြန်ရောက်သွားသည်။
သူ၏ မြင့်မားစွာ အာရုံစိုက်ထားသော မြင်ကွင်းအောက်တွင် ရုပ်ထု၏လက်ထဲမှ ထိုလှံမြှောက်လာသောအချိန်က နှေးသထက် နှေးသွားရာမှ အနှေးကွက်ဖြင့် ဖော်ပြသလို ဖြစ်သွားသည်။ ထို့နောက် လေထဲတွင်လည်း အမျိုးမျိုးသော လှုပ်ရှားမှုများက ထင်ဟပ်လာလေ၏။ ထိုလှံက သူ့ထံ မရောက်လာသေးခင် လှံရောက်လာမည့်နေရာကို သူက ကြိုတင်ကာ တွက်ဆလိုက်နိုင်သည်။
ယန်ရှစ်ရွှမ်း၏ခန္ဓာကိုယ်က ရှေ့သို့ အနည်းငယ် ကုန်းသွားပြီး ကိုယ်အတွင်းမှ ချောမွေ့ကာ အင်အားကြီးမားသည့် ကြွက်သားများက အတိုင်းအတာတစ်ခုအထိ ဆန့်တန်း ပြေလျော့သွားသည်။ ထို့နောက် သူ၏ခွန်အားတိုင်းကို ခါး၊ ဝမ်းဗိုက်တိုင်းနှင့် ခြေထောက်များထံ ပုံအော လိုက်လေသည်။
သူသည် အမှောင်ထဲတွင် ချောင်းနေသော မုဆိုးတစ်ယောက်လိုမျိုး စိတ်ရှည်သည်းခံစွာနှင့် သားကောင်ကို တိတ်တဆိတ် စောင့်ကြည့်နေရင်း အခွင့်အရေး ရောက်လာမည့် အခိုက်အတန့်ကို စောင့်နေသည်။
နောက်ဆုံးတွင် ထိုလှံ၏ ရုပ်ထု၏ထိပ်နားသို့ ရောက်လာပြီး ယန်ရှစ်ရွှမ်း၏ ခြေထောက်ကို ခပ်ကြမ်းကြမ်း ထိုးစိုက်တော့မည့် အချိန်တွင်_ _ _
“အခုပဲ”
ယန်ရှစ်ရွှမ်း၏ မျက်လုံးက စူးရှသွားသည်။ သူက ရုပ်ထု၏ခေါင်းကို သူ၏မာတင်ဘွတ်ဖိနပ်နှင့် ကန်လိုက်ပြီး လေထဲသို့ ခုန်တက်လိုက်သည်။
တကွဲတပြားစီ ဖြစ်နေသော ဆံချောင်းများက သူ့၏နဖူးပေါ်တွင် ကပိုကရို ကျလာပြီး အမြင့်မှထိုးကျလာသော လေကြောင့် လေထဲသို့ ထိုးကျသွားလျက် သူ၏လှပလွန်းသော နဖူးကို ဖော်ပြသည်။ ထို့နောက် တောက်ပပြီး စူးရှသောမျက်ဝန်းကလည်း ပေါ်ထွက်လာသည်။
သူ၏အဝတ်အနားစများကို လေက တွန်းတိုက်သွားသောအခါ တွန်းတိုက်သံက ထွက်ပေါ်လာသည်။ နတ်စစ်သည်တော်များနှင့် ကောင်းကင်မှ ဆင်သက်လာသည့် မှင်သက်ဖွယ် ကောင်းသော အရှိန်အဟုန်နှင့် ပြင်းထန်သည့်အားကို ထုတ်ဖော်ရင်း မည်သည့်မိစ္ဆာ၊ မည်သည့်မကောင်းဆိုးဝါးကိုမဆို ဖိနှိပ်နိုင်သလိုမျိုး ခံစားရစေသည်။
ယန်ရှစ်ရွှမ်း၏ သန်မာသောခါးနှင့် ဝမ်းဗိုက်တို့က သူ့အား လေထဲတွင် ရှိနေသေးသည့် ခန္ဓာကိုယ်ကို လျင်မြန်စွာနှင့် ထိန်းညှိ နိုင်စေသည်။ သူ၏မျက်လုံးများက လှံထံသို့သာ အဓိကကျရောက်နေပြီး ဦးနှောက်က လျင်မြန်စွာ ပြေးလွှားလျက် သူက ယခုလို လျှင်မြန်စွာ တစ်ပတ်ခုန်ပြီး ပြုတ်ကျမည့် အခိုက်အတန့်တို့အပြင် လှုပ်ရှားမှုများကိုသာ အသေးစိပ် ထပ်လုပ်သည်။
ကောင်းကင်သို့ ခုန်တက်သွားသော ခံစားချက်က သူ့အား မထိတ်လန့်သွားစေပေ။ သူသည် ကောင်းကင်တွင် ကူးခတ်ပျံသန်းရန် မွေးဖွားလာသလိုမျိုးပင် ထင်ရသည်။ သူ့ခြေထောက်အောက်မှ တိုက်ခတ်လာသော လေပြင်းများက သူ့အားပို၍ပင် အလေးချိန် ပေါ့သွားစေပြီး အရာအားလုံးအား ပြင်းထန်လွန်းသည့် တိုက်ခိုက်သည့် စိတ်ဝိဉာဉ်တစ်ခုအဖြစ် ပုံပြောင်းပေးသည်။ ထိုသို့ဖြင့် ပြိုင်ဘက်တိုင်းက တုန်ယင်ရသူ၊ ကြောက်လန့်ရသောသူ၊ မိစ္ဆာဝိဉာဉ်များထက် ပိုပြီး ကြောက်မက်ဖွယ် ကောင်းသော သူ ဖြစ်သွားစေလေသည်။
လှံကြီးက ကောင်းကင်ထက်ရှိ အရာကို ရှင်းလင်းရန်အတွက် စွမ်းအားကို ဝိုင်းပတ်ပြီး တိုက်ခတ်သည်။ ထို့နောက် တစ်ဖန်ထပ်ပြီး အောက်ဘက်သို့ အနည်းငယ် ချောဆင်းကာ ရုပ်ထု၏ အမြင့်သို့ ပြန်လည်ကျသွားမည့် လက္ခဏာကို ပြသသည်။
78 02
ထိုအခိုက်အတန့်တွင် လေထဲမှ ပြန်လည်လျှင်မြန်စွာ ဆင်းသက်လာသည့် ယန်ရှစ်ရွှမ်းက လှံက ပြုတ်ကျ သွားသောအခါ သူနှင့် အလွန်နီးကပ်နေသည့် အခိုက်အတန့်ကို အမိအရ ယူပြီး လက်ကို ဖမ်းဆုပ်လျက် လှံထိပ်ကို တုန့်ဆိုင်းမနေဘဲ လှမ်းကိုင်လိုက်သည်။
နောက်ဆုံးတွင် သွယ်လျသောလက်၊ ကြည်လင်သော အဆစ်များနှင့် သွယ်လျသော လက်ချောင်းများက လှံကို မြဲမြံစွာ လှမ်းကိုင်ချိန်တွင် အောက်ဘက်ရှိ ရုပ်ထုသည်လည်း သူ၏လက်က တစ်စုံတစ်ရာကို လှမ်းကိုင် လိုက်မိသလို ခံစားရပုံပေါ်သည်။ သူသည် စိတ်ရှုပ်ထွေးစွာနှင့် ပြန်လည် မော့ကြည့်လိုက်ပြီးနောက် ယန်ရှစ်ရွှမ်း၏ ချောမောသော မျက်နှာနှင့် မျက်လုံးချင်း ဆုံသွားသည်။
ယန်ရှစ်ရွှမ်းက သူ၏အနီဖျော့ရောင် နူတ်ခမ်းကို အသာဟလိုက်သည်။ သူသည် ရုပ်ထုနှင့် ခေါင်းပေါ်မှ တိရစ္ဆာန်ကို စိန်ခေါ်နေပုံ ပေါ်သည်။ ထို့နောက် သူက ရုပ်ထု၏ဝမ်းဗိုက်ကို တစ်ချက် ကန်ကျောက်လိုက်ပြီး သူ၏မာတင်ဖိနပ်၏ မာကြောသော ထိပ်ဖျားလေးကိုသုံးကာ ထိုရုပ်ထု၏ ခန္ဓာကိုယ်ကြီးကို ဆောင့်ကန်လိုက်သည်။ ထိုသို့ဖြင့် ချွန်ကနဲ မြည်သံက ထွက်ပေါ်လာသည်။
ယန်ရှစ်ရွှမ်းက သူ၏ခွန်အားကို သုံးထားသည်။ သူ၏အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် ရုတ်တရက် လက်မောင်းထဲသို့ အားများကို စိမ့်ထုတ်လိုက်ပြီး ရုပ်ထု၏ လက်ထဲမှလှံကို လုသည်။ ထို့နောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
ယန်ရှစ်ရွှမ်းက သူကျသွားသော နေရာမှ ဒူးကို တစ်ချက်ကွေးပြီး အောက်သို့ ပိကျနေသည့်အားကို ပြန်လည်တွန်းထုတ်သည်။ ထို့နောက် သုံးမီတာခန့်ရှည်သော လှံကြီးကို ကျောဘက်သို့ပို့ကာ တင်းတင်းကြပ်ကြပ် ကိုင်ထားသည်။ သူ၏ပိန်ပါးသော ခန္ဓာကိုယ်က ဖြောင့်မတ်စွာ ရပ်နေသလို သူ၏မျက်နှာတွင် ပြင်းထန်သည့် တိုက်ခတ်လိုစိတ်နှင့် ရူးသွပ်မှုများက ကြောက်လန့်မှုကို ဖော်ပြခြင်း မရှိသေးချေ။ သူသည် ခေါင်းကို အသာမော့လိုက်ပြီး မျက်နှာကျက်ပေါ်မှ တိရစ္ဆာန်ကောင်နှင့် ကြီးမားသော ရွှေရုပ်ထုကြီးကို ကြည့်ကာ ပြုံးလိုက်သည်။
“အခု ငါတို့ မျက်နှာချင်းဆိုင် တိုက်ခိုက်လို့ရပြီ”
သူ၏အသံထဲတွင် ဖုံးကွယ်ထားသည့် မောက်မာမှုက ရှိနေသည်။ မျက်နှာတွင်လည်း လှောင်ပြုံးက ရှိနေ၏။ ထိုအသံက ခန်းမအတွင်း ကျယ်လောင်စွာ၊ ကြည်လင်စွာ ထွက်သွားပြီးနောက် ရုတ်တရက် တိတ်ဆိတ်သွားစေသည်။ သူ၏အရှိန်အဟုန်က ငွေရောင်ပုလဲလေး ကြိုးပျက်ကျသွားသလို ထက်ရှလွန်းသည်။
“မင်းက ဘယ်လိုများ ဘာလက်နက်မှမရှိတဲ့ လူတစ်ယောက်ကို တိုက်ခတ် နိုင်တာလဲ။ မင်းမှာ လက်နက်နှစ်ခုရှိပြီး ငါက လက်ဗလာကို သုံးနေရတယ်။ ဟွန့် ဒီလိုဆိုရင် တိုက်ခိုက်ရ ပျင်းဖို့ ကောင်းလွန်းတယ်”
ယန်ရှစ်ရွှမ်းက ခပ်ကြမ်းကြမ်း ရယ်သည်။
“အခု မင်းမှာတစ်လက် ငါ့မှာတစ်လက် ရှိပြီဆိုတော့ မျှတပြီပေါ့”
“ကိုယ့်ကိုယ်ကို နတ်ဘုရားလိုလို သရဲလိုလို ဟန်ဆောင်တဲ့ကောင် ထွက်လာစမ်းပါ။ တောင်နတ်ဘုရားလို အယောင်ဆောင်ပြီး အနီးအနားက ရွာတွေကို တိုက်ခိုက်တဲ့ အဲဒီအရာကို ဘယ်လိုအရာလဲ ဆိုတာကို သိချင်သေးရဲ့”
ယန်ရှစ်ရွှမ်း၏ အသံက တိတ်ဆိတ်သော ခန်းမအနှံ့လှည့်ပတ်ကာ ပဲ့တင် ထပ်သွားသည်။ သူသည် မောက်မာသည်။ သို့သော် မောက်မာ နိုင်လောက်အောင် သူ့တွင်လည်း ပြင်းထန်သော ယုံကြည်မှုလည်း ရှိသည်။ အခြေအနေက မည်မျှ အကျိုးမသာစေကာမူ သူက သူ့ကိုယ်သူ ဘယ်သောအခါမှ သံသယ ဝင်လိမ့်မည် မဟုတ်ချေ။
သူ့ထံမှ မှော်ဂါထာများ ထုတ်ယူ သွားမည်ဆိုလျှင်ပင်၊ နတ်ဘုရားများထံမှ တောင်းဆိုမှုများ မပြုနိုင်လျှင်ပင်၊ သူ၏ဗဟုသုတတိုင်းက တဖြည်းဖြည်းချင်း လျော့ပါး ပျောက်ကွယ်လာလျှင်ပင် သူဟာ ဘယ်သောအခါမှ ကြောက်လန့်လိမ့်မည် မဟုတ်ပေ။
လူသားတစ်ယောက်အနေနဲ့ ရှဲ့ထုံးထက် မနိမ့်ကျတဲ့ အင်အားတွေကို ပိုင်ဆိုင်ပြီးသားပဲ။
ဒါသည် သူ၏ ဦးနှောက်ထဲမှ အတွေးဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အရှိန်လည်း ဖြစ်ပြီး ဘယ်သောအခါမှ မယိမ်းယိုင်သည့် စိတ်ဆန္ဒ ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က သူ၏ခြေထောက်အောက်မှ လမ်းကြောင်းက ရှင်းလင်းကာ ပြတ်သား ခိုင်မာပြီးသား ဖြစ်သည်။ ယန်ရှစ်ရွှမ်း၏ မျက်လုံးက ဓားသွားလို တောက်ပနေသည်။ ရှဲ့ထုံးက သူ့ကိုကြည့်လာလျှင်ပင် သူဟာ ထိုဓားဖြင့် ဖြတ်နိုင်မည့်ပုံ ပေါ်သည်။
အဓိက ခန်းမကြီးအတွင်းရှိ နံရံတိုင်းပေါ်မှ နံရံဆေးရေးပန်းချီပေါ်မှ ပုံရိပ်များကလည်း ရုတ်တရက် အခြေအနေကြောင့် မှင်သက်သွားရာမှ နားလည် လာကြသည်။ သူတို့ဟာ ပန်းချီထဲတွင်ရပ်လျက် မှင်သက်စွာ စိုက်ကြည့် နေကြသည်။ သူတို့သည် မည်သို့ တုန့်ပြန်သင့်မှန်း မသိတော့ချေ။
အချို့ရွာသားများက စိတ်လှုပ်ရှား သွားကြပြီး ရုပ်ထုနားသို့ ပြေးကြသည်။ သို့သော် ရုပ်ထုကပင် ယန်ရှစ်ရွှမ်းကို မသတ်နိုင်သလို ထင်ရသည်။ မည်သို့ပင်ဆိုစေ ယန်ရှစ်ရွှမ်းသည် နတ်ဘုရားကို မလေးစားသော ပြင်ပမှ လာသူတစ်ယောက် ဖြစ်သည်။ သို့သော် ယန်ရှစ်ရွှမ်းက လက်နက်ကို လုသွား၏။ သူတို့၏ မြှောက်ထားသော လက်က လေထဲတွင်ပင် တောင့်ခဲသွားသည်။ သူတို့က ဘေးဘီကို ကြောင်အစွာ ကြည့်လိုက်သည်။ သူတို့က မည်သည့်အတွက်ကြောင့် ယခုလို နားမလည်ကြချေ။
လူသားတွေလည်း နတ်ဘုရားကို တွန်းလှန်နိုင်တာလား။
78 03
ထိုအခိုက်အတန့်တွင် နတ်ဘုရားက ပြိုင်ဘက်ကင်းတယ်။ သူတို့ ဘယ်တော့မှ တွန်းလှန်လို့ မရဘူး။ တွန်းလှန်ရင် သေရမယ် ဆိုပြီး လက်ကိုင် ဆွဲထားသော ရွာသားများက ရုတ်တရက် စိတ်ပိုင်းဆိုင်ရာ ပြိုလဲကျသွားသည်။
ရွာသားများအပေါ် ဆယ်နှစ်ကျော်ခန့် လွှမ်းမိုးထားသော အရိပ်ကြီးက ကွဲအက်ရာ ပြုလာသည်။ အတွင်းမှ အလင်းဝင်လာ၏။
ယန်ရှစ်ရွှမ်း ရှိရာဘက်သို့ အပြေးလာသော ငယ်ရွယ်သော အမျိုးသမီးက ထိုမြင်ကွင်းကို မြင်လိုက်သောအခါ သူမ မျက်ဝန်းက တောက်ပသထက် တောက်ပလာသည်။ သူမသည် သူမ တောင့်တင်းလွန်းသော ဒီမြေ၏ အဆုံးသတ်ကို မြင်နိုင်ပေါ်ပုံသည်။ သူမ၏ပန်းဆီရောင်နူတ်ခမ်းမှ အပြုံးကို ဖိနှိပ်ထားသလို။ သို့သော် သူမ၏ မျက်လုံးမှ မျက်ရည်များကမူ သူမ၏ စိတ်ခံစားချက်နှင့် ဖီဆန်ကာ ကျလာသည်။
ငိုတယ်။ ရယ်တယ်။ အားလုံးက ခါးသီးတယ်။
ဒီဝိဉာဉ်က ခန္ဓာကိုယ် ပျောက်ဆုံးနေပြီ ဆိုကတည်းက ဘယ်နေရာကို မျက်ရည်ရှိမှာလဲ။
အယူသီးစိတ်တွေ၊ အငြိုးတရားတွေက မျက်ရည်အဖြစ် ပြောင်းလဲ ပြီးတာတောင် မပျောက်ကွယ် သွားဘူး။
ရုပ်ထုကလည်း မမျှော်လင့်ထားသော အခြေအနေကြောင့် မှင်သက်ပြီး နေရာတွင်ပင် ကြောင်အစွာ ရပ်နေမိသည်။ သူသည် သူ၏ လက်နက် ကင်းသွားသော လက်ဗလာတစ်ဖက်ကို ကြည့်လိုက်သည်။ ထိုအချိန်ထိ အခြေအနေကို နားမလည် နိုင်သေးချေ။ မျက်နှာကျက်မှ ရောင်စုံ တိရစ္ဆာန်ကလည်း မှင်သက်သွားသည်။ သူ၏ ကြမ်းတမ်းပြီး ရှုံ့တွနေသော မျက်နှာပေါ်ရှိ ဒေါသက တစ်ဝက်တစ်ပျက်နှင့် ဖြစ်ပြီး ရယ်စရာကောင်းသည့် မိစ္ဆာတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
မဖြစ်နိုင်တာ ဘယ်သေမျိုးကမှ ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူး။ မိစ္ဆာဝိဉာဉ်တွေ၊ မကောင်းဆိုးဝါးတွ အများကြီးရှိ နေရင်တောင်မှ ဘယ်သူကမှ နတ်ဘုရားရဲ့ လက်ထဲက မှော်လက်နက်ကို မလုနိုင်ရဘူး။
ဒီလူက ဘယ်လိုတောင် ဒီလူက လုပ်ရဲတာလဲ။ ဘယ်လိုတောင် လုပ်လိုက်တာလဲ။
တစ်ခဏခန့် ငုံ့ကြည့်နေခဲ့သည့် ထိုတိရစ္ဆာန်ကောင်က အသိပြန်ဝင်လာပြီး ဒေါသထွက်လာပြီး အဆုတ်များ ကွဲအက်မတတ် ရူးသွပ်စွာ အော်ဟစ်သည်။ သူ၏ကြီးမားကာ ဖောင်းပွနေသည့် ခန္ဓာကိုယ်ကြီးပေါ်မှ အဆီများက တဆတ်ဆတ် တုန်ခါလာလောက်အောင် သူက ရူးသွပ်သွားပုံ ပေါ်သည်။
ယန်ရှစ်ရွှမ်းကမူ တိရစ္ဆာန်၏ ပုံပန်းသွင်ပြင်ကြောင့် မကြောက်သွားချေ။ ရုပ်ထုထံမှ ထုထားသော လှံက သူ၏လက်ထဲတွင် ရှိနေသည်။ သူက ကျောဘက်တွင် ထားထား၏။ ထို့နောက် အလွယ်တကူ လျင်မြန်စွာ ပြန်ဆွဲထုတ်၍ ရသည်။ သံ၏အလေးချိန်နှင့် အရှည်က သူ့အပေါ် မသက်ရောက်ချေ။ သုံးမီတာခန့် ရှည်ပြီး ဒီလိုမျိုး ရာပေါင်းများစွာ လေးလံသော ထိုလှံက သူ၏လက်ထဲတွင် သူ၏လက်နက်အလား အဆင်ပြေနေသည်။
“ဒီနတ်ဆိုးက ရူးသွားတာလား”
ယန်ရှစ်ရွှမ်းက အသာပြုံးသည်။ သူက အသံတိုးပြီး သာမာန်ကာလျှံကာ စကားပြောသလို အသံမျိုးနှင့် ပြောလိုက်သည်။
“အိုး မဟုတ်သေးပါဘူး ငါ မေ့တော့မလို့။ မင်းက ဒီလောက် လှပေမယ့် သိုးနဲ့တော့ မတူဘူး။ သိုးတွေက ချစ်စရာ ကောင်းပြီး အရသာရှိတယ်။ မင်းလိုဟာက ဘယ်ယှဉ်နိုင်မှာလဲ”
သူက ထိုတိရစ္ဆာန်ကို ကြည့်ပြီး ရွံ့ရှာစွာ ကြည့်သည်။
“အဆီတွေ အရမ်းများတယ်။ မင်းက သိုးရေခြုံထားတဲ့ ကြွက်မဟုတ်လား ချစ်စရာလည်း မကောင်းဘူး။ စားလို့လည်း မရဘူး”
ယန်ရှစ်ရွှမ်းက သူ၏နူတ်ခမ်းထောင့်စွန်းများကို အသာဖွင့်လိုက်ပြီး ထိုတိရစ္ဆာန်ကို ကြည့်ကာ စကားကို တစ်လုံးချင်းစီ ဖိပြောလိုက်သည်။
“အမှိုက်”
ထိုတိရစ္ဆာန်ကမူ သူ၏ရင်ဘတ်ထဲမှ ဒေါသက ဦးနှောက်သို့ ဆောင့်တိုး သွားသလိုမျိုး သူ၏အသိစိတ်က ပျောက်ဆုံးသွား သလို ခံစားလိုက်ရသည်။ ဆယ်စုနှစ် တစ်ခုကျော်လုံးလုံး သူ အတင်းဖန်တီးကာ ယူဆောင်ထားသည့် အတုအယောင် ခမ်းနားထည်ဝါ မြင့်မြတ်မှု အားလုံးက ဖျက်ဆီး ခံလိုက်ရသည်။
သူသည် အမတတစ်ပါး၏ ဝတ်စုံကို ခိုးပြီး ဝတ်လျက် မောက်မာ ထောင်လွှားကာ လမ်းလျှောက်နေသော သရဲတစ်ကောင်အလား _ _ _ လူအများက သူ့ကို အမတဟုသာ ထင်ပြီး ခြေရင်းတွင် ဝပ်ဆင်းပြီး ကြောက်လန့်တကြား ဒူးထောက်ချ ခစားနေသည့်အတွက် သူက သူ့ကိုယ်သူ အမတဟု အမှန်တကယ် ထင်မှတ်နေသော တစ်စုံတစ်ယောက်လို_ _ _
ဒါပေမယ့် အတုက အတုမှန်း ဘယ်သူက မသိလို့လဲ။
အချို့သူများကမူ သူတို့၏ နတ်ဝတ်တန်ဆာကို အမြဲတစေ ချွတ်ပြီး အတွင်းမှ ညစ်ညမ်းသော အရာများကို ဖော်ထုတ်ပြသလျက် မူရင်းပုံသဏ္ဍာန်ကို ပြန်ယူတတ်သည်။
ဒေါသထွ က်သွားသော ထိုတိရစ္ဆာန်က ယန်ရှစ်ရွှမ်းကို သူ၏ ထက်ရှသော လက်သည်းများဖြင့် ညွှန်ပြရင်း ရုပ်ထုထံ ကြည့်ကာ အသားကုန် အော်သည်။ ဒီနည်းအားဖြင့် ရုပ်ထုအား ထိုသောက်ကျိုးနည်း လူသားကောင်ကို ချက်ချင်း သတ်စေပုံရသည်။
78 04
သူ ပြင်းပြင်းထန်ထန် ကြိုးစားထားသော အရာအားလုံးက ထိုသောက်ကျိုးနည်း လူသားအကောင်ကြောင့် ပျောက်ဆုံးသွားရသည်။ ယန်ရှစ်ရွှမ်းက သူ၏နားကို စိတ်မရှည်သလို တစ်ချက်ပွတ်လိုက်ရင်း ထိုတိရိစ္ဆန်ကောင်ကို တစ်ချက်ပြောလိုက်သည်။
“မင်းက အ နေတာလား။ မင်းက ဒီလောက်အော်နေတာကို ဘာလို့ အသံ မထွက်တာလဲ။ ဒါပေမယ့် ဒါလည်း ကောင်းပါတယ် ဟား ဟား အဲဒီလိုမှမဟုတ်ရင် ငါ့ရဲ့နားတွေ ထိခိုက်နာကျင် ကုန်လိမ့်မယ်”
တိရစ္ဆာန်က ဒေါသထွက်လွန်းသဖြင့် ခန္ဓာကိုယ်ပေါ်ရှိ အမွှေးတိုင်းက အဆုံးထိ ထောင်တက်သွားသေးသည်_ _ _ အား
တစ်ချိန်တည်းတွင်ပင် ရုပ်ထုက စလှုပ်သည်။
တိရစ္ဆာန်ထံမှ ဒေါသကို ကြားရပြီးနောက် တိရစ္ဆာန်ဟာ အချိန် မဆွဲနိုင်တော့ချေ။ သူ၏လက်ထဲမှ ပုဆိန်ကြီးက ချက်ချင်းလိုလို ယမ်းခါသွားပြီး ယန်ရှစ်ရွှမ်းကို ထပ်ခါတလဲလဲ ခုတ်သည်။ အမြင့်၏ ဆင်းသက်လာသော အရှိန်၏အားကို အရယူရန် ထိုပုဆိန်၏အားက အရာအားလုံးကို ဖျက်ဆီးနိုင်ပုံ ပေါ်သည်။ ထိုလေးလံသော အားနှင့် သက်ရောက်ခံရနိုင်သည့် အရှိန်အဟုန်အောက်တွင် မည်သည့်သက်ရှိမှ ရှင်သန် နိုင်လိမ့်မည် မဟုတ်ချေ။
ဘုန်း
မြေပြင်က ကွဲထွက်သွားပြန်သည်။ ကျောက်စရစ်ခဲများက ခန်းမအနှံ့ လွှင့်ပျံကုန်၏။ ယန်ရှစ်ရွှမ်းက လျင်မြန်စွာ ခုန်တက်လာသည်။ သို့သော် ရုပ်ထုနှင့် ထိပ်တိုက် ရင်ဆိုင်သည့် ပြင်းထန်အားနှင့် ထိုးနှက်ချက်ကို ခုခံလိမ့်မည် မဟုတ်ချေ။ ထို့အစား ကြီးမားသော ပုဆိန်ကြီးက တစ်နေရာထဲသို့ နစ်ဝင်သွားပြီး ရုပ်ထုက အသုံးပြုရန် လက်နက်မရှိသော အခါမှသာ သူက လက်ထဲမှလှံကို ယမ်းလိုက်ပြီး ရုပ်ထုထံ တိုးဝင်သွားလိုက်သည်။
ဘုန်း
လှံ၏ထိပ်က ပြင်းထန်သော အားနှင့်အတူ ရုပ်ထု၏ လည်တိုင်အတွင်းသို့ ဖောက်ဝင်သွားပြီး ပုဆိန်က အောက်ဘက်သို့ စိုက်ဝင် နေသောကြောင့် ကုန်းလျက်သားကြီး မလှုပ်နိုင်သေးချိန် ထိုရုပ်ထုအား ဘေးဘက်သို့ ခပ်ကြမ်းကြမ်း လှည့်လိုက်မိစေသည်။ သူ၏ကျောက်ထုမျက်နှာတွင် စိတ်ရှုပ်ထွေးမှုက အထင်းသား ပေါ်နေ၏။ သူသည်လည်း ဘာဖြစ်သွားမှန်း မသိလောက်ချေ။
တစ်ချက်တည်းနှင့်တင် ယန်ရှစ်ရွှမ်းဟာ လှံကို အတွင်းသို့ ဆက်တိုက်ထိုးသွင်းပြီး ချက်ချင်းလိုလို ပြန်ဆွဲထုတ်ကာ ပြန်လည်တိုက်ခိုက် ပြန်သည်။
ဘန်း ဘန်း ဘန်း
ဆက်တိုက်ဆိုသလို ရောက်ရှိလာသည့် တိုက်ကွက်များအောက်တွင် လှံ၏ထိပ်က လည်တိုင်၏ တစ်နေရာတည်းကိုသာ ထပ်ခါတလဲလဲ စိုက်ဝင်သွားသည်။ ထိုလှံဟာ လေထဲတွင် ပုံရိပ်ယောင်များစွာကို ချန်ထားရစ်နေလေရာ မည်သည့်တိုက်ကွက်က အရင်၊ မည်သည့် တိုက်ကွက်က နောက်ပိုင်းဖြစ်ကြောင်း သိရန် ခက်ခဲလွန်းနေသည်။
ဘယ်သောအခါမှ မရပ်တန့်သော တိုက်ကွက်များအောက်တွင် မှင်သက်နေသော ရုပ်ထုကြီးကလည်း သူ၏လက်နက်ကို ဆွဲထုတ်ပြီး ပြန်လည်တိုက်ခတ်ရန် အခွင့်အရေးကိုပင် မရှာနိုင်ချေ။
******