79 01
အပိုင်း(၇၉)
ယန်ရှစ်ရွှမ်းက သူ့အား တုန့်ပြန်ရန် အချိန်မပေးချေ။ သူသည် မာနကြီးသည်။ သို့သော် မမောက်မာချေ။
သူသည်လည်း ခွန်အားချင်း သီးသန့်ယှဉ်သောသူက ထိုရုပ်ထုနှင့် အဆင့်တူညီခြင်း မရှိကြောင်း သိနေသည်။ သို့သော် တစ်ဖက်ရုပ်ထုကမူ အသာစီး ရလွန်းနေသောကြောင့် ကိစ္စပေါင်းများစွာကို လက်လျော့လိုက်ရသည်။
ဥပမာ ဖြတ်လတ်မှုမျိုး၊ အရှိန်နူန်းမျိုး။
ဒါဟာ သိသာစွာပင် သူ၏အားသာချက် ဖြစ်သည်။
ယန်ရှစ်ရွှမ်းက ရုပ်ထု၏လက်ထဲမှ လက်နက်ကို မလုနိုင်သေးခင်ကဆိုလျှင် သူသည် ခွန်အားအများကြီး လိုအပ်ချက် ရှိနေခဲ့သည်။ ထိုအတွက်ကြောင့်လည်း သူဟာ အလျင်စလို မတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သူဟာ မည်မျှမြန်ဆန်ကာ ဖြတ်လတ်စေကာမူ အင်အားပြင်းထန်သော ရန်သူထံ အပြေးသွား၍ မရချေ။ ဒါဟာ ကိုယ့်ကိုယ်ကို သတ်သေသလို ဖြစ်နေပေလိမ့်မည်။ အင်အားမရှိလေဘဲ စင်မြင့်တစ်ခုတွင် သွားရပ်ပိုင်ခွင့် မရှိချေ။
ထိုပြင်းထန်သော ယန်ရှစ်ရွှမ်းက ရုပ်ထုဆီမှ လက်နက်ကို လုပြီးမှသာ ရုပ်ထု၏အင်အားကို ကိုယ်ပိုင်လက်နက်အဖြစ် ပြောင်းခဲ့ခြင်း ဖြစ်သည်။
လှံဟာ ကီလိုမီတာပေါင်းများစွာ လေးလံပြီး သုံးမီတာခန့် မြင့်သောကြောင့် သူ့ကို အနည်းငယ် ဆွဲထားသလို ဖြစ်နေသော်လည်း ဒါဟာ အလွန်အမင်း အကုန်အကျ သက်သာနေပြီးသား ဖြစ်သည်။
သူ့တွင် အင်အား၊ လုံလောက်သော အရှိန်နူန်းနှင့် ပြိုင်ဘက်၏ အားနည်းချက်ကို ရှာဖွေကာ ဆက်တိုက် တိုက်ခိုက်မည်ဆိုလျှင်ပင် သူ သေချာပေါက် နိုင်နိုင်ပေသည်။
ဆက်တိုက်ဆိုသလို ကျရောက်လာသော တိုက်ကွက်ဆယ်ကွက်ခန့်က ရုပ်ထု၏ အခြေအနေကို ဆိုးသထက် ဆိုးလာစေပြီး သူသည် သတိလက်လွတ် ပုဆိန်ကိုင်ထားသော လက်ကိုပင် လွှတ်မိသွားကာ ပြုတ်ကျလုနီးပါး ဖြစ်နေသည့် လည်တိုင်ကို ကယ်ဆယ်ရန် ကြံစည်သည်။ တစ်ချိန်တည်းတွင်ပင် ယန်ရှစ်ရွှမ်း၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ခွန်အားက လျှင်မြန်စွာ ကုန်ဆုံးလာပြန်သည်။
ယန်ရှစ်ရွှမ်း၏ အင်္ကျီတွင် မြောက်မြားလွန်းသော ချွေးများက စိုရွှဲနေပြီဖြစ်ပြီး သူ၏ခွန်အားက ခန္ဓာကိုယ်အတွင်းမှ ဆက်တိုက်ဆုတ်ယုတ်ကာ ကျလာသည်။ သူ၏ကြွက်သားတိုင်းက အော်ငြီးကာ တုန်ယင်နေသည်။ သူ၏နှလုံးသားကလည်း ရုတ်တရက် အခုန်နူန်း မြန်ဆန်လာလေပြီး သူ့အား သတိပေးချက် ပေးလိုက်သည်။
ကြည့်ရတာ သူ့ရဲ့ခွန်အားက အကန့်အသက်ကို ရောက်နေပြီ ထင်တယ်။
ဒါပေမယ့် _ _ _
ကိစ္စမရှိဘူး။
သူ၏နဖူးမှ သွေးများက စီးကျလာပြီး မျက်လုံးထဲသို့ ဝင်ရောက်သွားသည်။
သို့သော် သူက ရုပ်ထုကို မျက်တောင်ပင် မခတ်ပဲ ကြည့်နေသည်။ သူ၏နူတ်ခမ်းရှိ အပြုံးက ကြီးသထက် ကြီးလာသည်။
ဒါက တိုက်ပွဲရဲ့ သက်လုံပဲ။
နိူင်းယှဉ်ချက်အရ သူက အရင်နိုင်သင့်သည်။
ဒီကောင်ကို သေအောင် လုပ်ရမည်။
ကလစ်
ရုတ်တရက် ယန်ရှစ်ရွှမ်း၏ နားအတွင်း သတ္တုများ ကွဲအက်သံ သဲ့သဲ့က ပေါ်ထွက်လာပြီး ဆက်တိုက်ဆိုသလို တဘန်းဘန်းအသံများက ထွက်လာသည်။ ရုပ်ထု၏ လည်တိုင်က လှံဖြင့် ထပ်ခါတလဲလဲ အထိုးခံရသည့် သေးငယ်သော ကွဲအက်ရာများ ပေါ်ထွက်လာပြီး လျင်မြန်စွာ ပျံ့နှံ့သွားသည်။
အစပိုင်းတွင်မူ ထိုကွဲအက်ရာက ကြီးမားသော ရုပ်ထုကြီးနှင့်ယှဉ်သော် သေးငယ်နေသေးသည်။ သို့သော် တဖြည်းဖြည်းချင်း ပျံ့သထက် ပျံ့လာနေရင်း လည်တိုင်တစ်ခုလုံးအနှံ့ ပြည့်သွားသည်။ ယန်ရှစ်ရွှမ်း၏ အနီရောင်ဖျော့ရောင် နူတ်ခမ်းပါးက အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူက အသက်ပြင်းပြင်း ရှူလိုက်ကာ လက်ထဲမှ လှံကို တင်းတင်းကြပ်ကြပ် ပြန်လည် ဆွဲယူကိုင်လိုက်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် တိုက်ခိုက်မှု ရပ်တန့်လိုက်သည်။
မူလကမူ ပြင်းထန်သော တိုက်ပွဲအတွင်း တိရစ္ဆာန်များကို စိုးရိမ်တကြီး စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ ထို့နောက် မျက်နှာကျက်မှ အကောင်လေးက ယန်ရှစ်ရွှမ်းကို စိတ်ရှုပ်ထွေးစွာနှင့် ငုံ့ကြည့်သည်။ သူသည် ဘာဖြစ်သွားမှန်း မသိချေ။
မင်း အင်အား ကုန်သွားလို့လား။
သူက ယန်ရှစ်ရွှမ်း၏ မျက်နှာပေါ်မှ ချွေးများကို ကြည့်ပြီး ဂုဏ်ယူစွာနှင့် တွေးလိုက်သည်။
ဒါပေါ့ မင်း ဘယ်လောက်ပဲ မျှော်လင့်ထားထား မင်းက သေမျိုးပဲလေ။ သေမျိုးခန္ဓာကိုယ် ပိုင်နေသမျှ ပင်ပန်းတတ်တယ်။ အကန့်အသတ် ရှိတယ်။
မဟုတ်ဘူးလား။ သေချာပေါက်ကိုပဲ အဆုံးမှတော့ သူတို့ဘက်ကပဲ နိုင်မှာ။
မူလက ကြောက်လန့်နေသော တိရစ္ဆာန်ကောင်က စိတ်အေး သွားသည်။ သူသည် ယန်ရှစ်ရွှမ်းကြောင့် ရုပ်ထုက ခေါင်းဖြတ်ခံရမည့် အခြေအနေကိုပင် မစိုးရိမ်တော့ချေ။
79 02
သို့ရာတွင် တိရစ္ဆာန်က စိတ်အေးပြီးနောက် တစ်ခဏတွင် ရုပ်ထုက တဖြည်းဖြည်းချင်း နောက်လှည့် လာသည်။အချိန်အတန် ကြာအောင် အင်အားများ စိုက်ထုတ်ထားရသော ယန်ရှစ်ရွှမ်းက နောက်ထပ် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထိုတိုက်ကွက်ကမူ ယခင်အခေါက်တိုင်းထက် ပြင်းထန်လွန်းသည်။
ယန်ရှစ်ရွှမ်းက သူ၏ခန္ဓာကိုယ်မှ ခွန်အားများကို ထိန်းသိမ်းထားခြင်း မရှိတော့ချေ။ သူက လှံကို အလွန်မြင့်အောင် မြှောက်ပြီး နောက်သို့ တစ်ဖန် ပြန်လည်အားယူလျက် တစ်ဖန် ပြန်လည်လှည့်ကာ ရုပ်ထု၏လည်တိုင်တည့်တည့်ထံ ထပ်မံ ထိုးစိုက် လိုက်သည်။
ခရက်
ဘုန်း
ရုပ်ထု၏ခေါင်းက လည်ပင်းနှင့်အတူ ကျိုးပျက်သွားသည်။ သတ္တုကလည်း အင်အား အကန့်အသတ်သို့ ရောက်ရှိသွားပုံ ပေါ်ပြီး လှံအောက်တွင် လွှင့်ထွက်လျက် မျက်နှာကျက်ရှိရာသို့ တည့်တည့် မြှောက်တက်သွားသည်။
ထိုသို့ဖြင့် ယန်ရှစ်ရွှမ်း သေချာတွက်ချက် ထားသည့်အတိုင်း မျက်နှာကျက် ရှိရာဘက်သို့ ကွက်တိ ရောက်ရှိသွားသည်။ ကြီးမားသော အော်သံကို ပြုလုပ်ပြီးနောက် မျက်နှာကျက်နှင့် တိုက်ရိုက်တွေ့ဆုံသွားလေသည်။
တိရစ္ဆာန်၏ မှင်သက်နေသော မျက်နှာမှ ကြောက်လန့်ဟန်၊ နာကျင်ဟန်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူသည် ခပ်ကြမ်းကြမ်း ရုန်းကန်ပြန်သည်။
သို့သော် အဓိကခန်းမအတွင်းတွင် တိတ်ဆိတ်မှုကသာ ကြီးစိုးနေသည်။
မျက်နှာကျက်ထံမှ အုတ်ကြိုးအုတ်ပဲ့များက ဆက်တိုက် စီးကျလာပြီး မြေပြင်ပေါ်သို့ ထိသည်။ ထို့သို့ဖြင့် သေးငယ်သော အသံကသာ ထွက်လာသည်။
ယန်ရှစ်ရွှမ်း၏လက်ထဲမှ ရွှေရောင်လှံက ချွင်ကနဲ အသံထွက်လာပြီး ကြီးမားသော ပုဆိန်ကြီးကြောင့် ဖြစ်နေသော နက်ရှိုင်းလွန်းသော တွင်းပေါက်ကြီး ဘေးဘက်သို့ ကျသွားသည်။
သူက လှံပေါ်တွင် လက်တစ်ချက် ထောက်ထားသည်။ ထို့နောက် သူ၏ကိုယ်ပိုင်သွယ်လျသော ခါးပေါ် တစ်ဖက် ပြန်တင်ထားလိုက်သည်။
ယခုလေးတင် ရုပ်ထု၏ ခေါင်းပြတ် လွှင့်သွားသောကြောင့် တိုက်ခိုက်လာသော လေပြင်းက သူ့ကို အသာတွန်းတိုက်သွားကာ အဝတ်များကို အသာတွန့်တက်လာစေပြီး သန်မာကာ ချောမွေ့သည့် ကြွက်သားများကို ဖော်ထုတ်ပြသည်။
အဓိကခန်းမ၏ သေးငယ်သော တံခါးအတွင်းအတွင်းသို့ ဖျော့တော့သော အလင်းက ဝင်လာပြီး သူ၏ကိုယ်ပေါ်သို့ ကျလာလေရာ ရှုပ်ထွေးနေသော အမှောင်ထုအတွင်းတွင်ပင် သူဟာ လစ်လျူမရှုနိုင်လောက်အောင် သိသာထင်ရှား နေပြန်သည်။
ယန်ရှစ်ရွှမ်း၏ နူတ်ခမ်းက သဘောတကျရယ်ပြီး ဂုဏ်ယူစွာ ကြုံးဝါးသည်။
“ကြည့်ရတာ ငါနိုင်ပြီ ထင်တယ်”
“မိစ္ဆာနတ်ဆိုး ဆိုတဲ့ဟာတွေ မင်းတို့က နတ်ဝတ်တန်ဆာ ဝတ်ထားရင်တောင်မှ မင်းတို့ကို မင်းတို့ နတ်ဘုရားတွေ မဖြစ်သေးတာကို သိထားဖို့ လိုအပ်တယ်။ မိစ္ဆာနတ်ဆိုးက လူကို ဒုက္ခပေးတယ်”
ယန်ရှစ်ရွှမ်းက မေးစေ့ကို အသာမော့ပြီး ထိုတိရစ္ဆာန်ကို ဖုံးကွယ်ရန် ခက်ခဲသည့် ရွံရှာမှုအား ပြသသည်။
“လိုချင်တာ ရပြီးသား အသတ်ခံရမှာပဲ”
နံရံဆေးရေး ပန်းချီအတွင်း ပုံရိပ်များအားလုံးက မှင်သက် ကုန်ကြလျက် အလင်းရောင် နောက်ခံယူလျက် ဂုဏ်ယူစွာ ရပ်နေသော ယန်ရှစ်ရွှမ်းကို စိုက်ကြည့်လိုက်ကြသည်။ သူတို့သည် ယန်ရှစ်ရွှမ်းကို မှင်သက်စွာ စိုက်ကြည့်ပြီး သူတို့၏ မျက်နှာအမူအယာက နှောင့်နှေးကုန်ကြသည်။ သူတို့၏ အတွေးကို ဘယ်သူကမှ မသိနိုင်ချေ။
သူတို့သည်လည်း အစောပိုင်းက ကောလဟလများကို ကြားပြီး ဒီလမ်းကို ရွေးချယ်မိသည့်အတွက် နောင်တ ရနေသည်။
ထို့အပြင် တောင်နတ်ဘုရားကို ပြိုင်ဘက်ကင်းသည်ဟု ကြောက်လန့်ကာ ကိုးကွယ်ခဲ့သည့်အတွက် နောင်တရနေခြင်း ဖြစ်လောက်သည်။
သို့မဟုတ် အပြင်ဘက်က လာသော ထိုအကောင်က ဘာကိုမှမသိဘဲ သူတို့၏ ပိုက်ဆံ ရနိုင်မည့် လမ်းကြောင်းကို ပိတ်လိုက်သည့်အတွက် နောင်တရကာ မုန်းတီးသွားခြင်းလည်း ဖြစ်နိုင်သည်။
ယန်ရှစ်ရွှမ်းကမူ သူတို့၏ အတွေးကို ဂရုမစိုက်ပါချေ။ သူက ယခင်ရုပ်ထုအထက် ရပ်နေခဲ့သော အချိန်က ရုပ်ထုဟာ သံချပ်ကာများ တပ်ပြီး အပြည့်အဝ ဝတ်ဆင်ထားကြောင်းကိုပဲ တွေ့လိုက်ရသည်။ တစ်ကိုယ်လုံးက မာကြောပြီး အားနည်းချက် မရှိပုံ ပေါ်သည်။
သို့သော် ရုပ်ထု၏လည်တိုင်ကမူ တင်းကြပ်စွာနှင့် မည်သည့်အရာ၏ ကာကွယ်မှုကိုမှ မခံစားရချေ။ ထို့ကြောင့် အားအနည်းဆုံး ဖြစ်သည်။ အပိန်ပါးဆုံး အပိုင်းလည်း ဖြစ်နေသည်။
79 03
ရုပ်ထုက သေမျိုးလောက၏ အတိုင်းအတာကို မမှီနိုင်လောက်သည် လှုပ်ရှားမှုမျိုးနှင့် လှုပ်ရှား နိုင်နေသေးသော်လည်း ရုပ်ထုကမူ ထိတွေ့ကိုင်တွယ်၍ ရသည်။ ထို့အပြင် သတ္တုသားဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်နေသေးသည်။ ထိုရုပ်ထု၏ လေးလံလွန်းသော အားက တန်ပေါင်းများစွာ ရှိသည့်အပြင် ရုပ်ထုတွင် သေစေနိုင်သော အားနည်းချက်က ထပ်ပေါင်းထည့်ခံရပြီးသား ဖြစ်သွားသည်။
သတ္တုရဲ့ အားနည်းချက်က သူ့ရဲ့အားနည်းချက်ပေါ့။
သူက ရုပ်ထု၏ အားအနည်းဆုံး အပိုင်းကို တိုက်ခိုက်နိုင်ပြီး ရုပ်ထုကို ဖျက်ဆီးနိုင်သမျှ အဆင်ပြေနေပြီ။ ရုပ်ထုက လည်ပင်း အဖြတ်ခံရပြီးနောက် လှုပ်ရှားနိုင်ခြင်း ရှိမရှိ မသေချာချေ။ မည်သို့ပင်ဆိုစေ အခြားသောနည်းလမ်းဖြင့် တိုက်ခိုက်၍လည်း မရနိုင်ချေ.
ထို့ကြောင့် ယန်ရှစ်ရွှမ်းက အလောင်းအစားကြီး လုပ်ပြီး ကျန်ရှိနေသော သတင်းအချက်အလက်အတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဈေးကွက်မဖွင့်ခင်ကတည်းက သေရမည်ကို ကြောက်နေသော သူများက သေချာပေါက် ရှုံးရပေမည်။ သို့သော် သူက သူနိုင်မည်ဟု ယုံကြည်သည်။
ဘာတတ်နိုင်မလဲ။
သူ နိုင်သွားသည်။
အကြွင်းမဲ့။
ဒါဟာ နောက်ထပ်ပစ္စည်းတစ်ခုကို သယ်ဆောင်ထားသည်။
ယန်ရှစ်ရွှမ်းက ခါးပေါ်တင်ထားသော သူ၏လက်ဖဝါးဖြင့် ကြွက်သားကို တစ်ချက် ပွတ်သပ်လိုက်ပြီး ကူကယ်ရာမဲ့သော အပြုံးက ပေါ်လာသည်။
သူသည် လေထဲသို့ လျင်မြန်စွာ ခုန်တက်ပြီး ငြိမ်ငြိမ် ခြေချနိုင်ရန် အလို့ငှာ သူ၏ကြွက်သားများကို ဆွဲတင်းထားရသည်။ ပို၍ဆိုးသည်မှာ ထပ်ခါတလဲလဲ တိုက်ခိုက်ပြီး ထပ်ခါတလဲလဲ ခုခံခဲ့ရသေးသည်။ သူ ယခုမူ အားနည်းသော အခြေအနေမျိုးကို ရောက်နေသဖြင့် သူ၏လက်၊ခြေများက အားနည်းလွန်းသဖြင့် အင်အားပင် မရှိတော့ချေ။
သူသည် လှံ၏ အကူအညီကို ယူကာ ထိန်းထားရသည့် အခြေအနေကို ရောက်နေလေပြီ။ ထိုလှံ၏ အကူအညီကြောင့်သာ မဟုတ်လျှင် သူဟာ လဲကျသွားလောက်သည်။
ဒီလိုအခြေအနေမျိုးတွင် သူ့တွင် မည်သည့်တိုက်ခိုက်ရေး အင်အားမှ မရှိတော့ချေ။ သူ့တွင် ရှောင်ရှားနိုင်စွမ်းအား မရှိတော့သောကြောင့်ပင် ဒဏ်ရာ ရရှိနိုင်သည်။
ယန်ရှစ်ရွှမ်းက ဘေးဘီကို သတိအပြည့်နှင့်ကြည့်ပြီး ဦးနှောက်ကို လျင်မြန်စွာ အလုပ်ပေးလျက် အဓိကခန်းအတွင်းမှ မည်သို့လုံခြုံစွာ ထွက်သွားသင့်ကြောင်း ဆွေးနွေးနေချိန်တွင် ရုတ်တရက် အဓိကခန်းမအတွင်းမှ လေးလံသော ခပ်အုပ်အုပ် လေသံကို ကြားလိုက်ရသည်။
ဂွက် ဂွက် ဂွက်
ခေါင်းပဲ့သွားသော ရုပ်ထုကြီးက တဖြည်းဖြည်းချင်း မြေပြင်ပေါ်သို့ လှဲကျလာသည်။ ဦးတည်ရာဘက်သို့ လှည့်ကြည့်လိုက်သော် ယန်ရှစ်ရွှမ်း ရပ်နေသောဘက် ဖြစ်နေသည်။
ကြီးမားသော ရုပ်ထုကြီး ပြိုလဲကျလာလျှင် ဖြစ်သွားလောက်မည့် သက်ရောက်မှုအားကို စဉ်းစားဆင်ခြင် ခြင်းအားဖြင့် ယန်ရှစ်ရွှမ်း၏ မျက်မှောင်များက ကူကယ်ရာမဲ့သွားသည်။ သူ၏လက်ရှိ အခြေအနေရှိ ခန္ဓာကိုယ် ခွန်အားမျိုးနှင့်ဆိုလျှင် ဒီလိုအချိန်ကိုက် ထွက်ရန် ခက်ခဲလောက်သည်။
သို့သော် ယန်ရှစ်ရွှမ်းက ကူကယ်ရာမဲ့သော်လည်း ရုပ်ထုကမူ ဆက်ကျနေသေးသည်။
ခေါင်းမဲ့သော ရုပ်ထုကြီးက တဖြည်းဖြည်းချင်း နိမ့်ကျလာသည်။ ထို့နောက် ခေါင်းပဲ့သွားပြီးလေရာ ကြီးမားကာ လှုပ်ရှားမှု ကင်းမဲ့သည့် သံမဏိတုံးကြီး ဖြစ်နေသေးသည့်တိုင်အောင် တန်ပေါင်းများစွာ လေးလံနေသေးသည်။
ယန်ရှစ်ရွှမ်းကမူ လက်ထဲတွင် လှံကိုကိုင်ရင်း သူ၏အင်အားများ ပျောက်ဆုံးသွားသည့် ပိန်ပါးသော ခန္ဓာကိုယ်ကို ထိန်းထားရသည်။ သူသည် ခေါင်းကိုမော့ပြီး နီးကပ်သထက် နီးကပ်လာသော ရွှေတုံးကြီးကို ကြည့်သည်။
ရုတ်တရက် ယန်ရှစ်ရွှမ်း၏ အနောက်ဘက်မှ သန်မာသော လက်မောင်းတစ်စုံက ဆန့်ထွက်လာပြီး သူ၏ခါးကို ဆွဲကိုင်လျက် နောက်ဘက်သို့ တိုက်ရိုက် ဆွဲခေါ်သွားသည်။
ယန်ရှစ်ရွှမ်းက သူ၏မျက်လုံးက ဝေဝါးသွားသလို ခံစားရသည်။ ပတ်ဝန်းကျင် ရှုခင်းကပင် လျင်မြန်စွာ ပျောက်ကွယ်သွား၏။ ထို့နောက် သူ၏ခါးကို အေးစက်ပြီး အားပါသော လက်မောင်းတစ်စုံက ဆွဲကိုင်လျက် သန်မာသော ရင်ဘတ်အကြား တင်းကြပ်စွာ ကာကွယ်ထားသည်။
သူကပင် သူ၏လည်ဂုတ်အပေါ် အေးစက်သော ဝင်သက်က စီးကျနေပြီး သူ့အား စိတ်ပိုင်းဆိုင်ရာအားဖြင့် တုန်ယင် သွားစေကြောင်း ခံစားလိုက်ရသည်။ သူ၏နားတွင် ကျယ်လောင်သည့် ဟိန်းသံကို ကြားလိုက်ရသည်။ နေရာတိုင်းတွင် ဖုန်မှုန့်များ၊ကျောက်စရစ်ခဲများက ပြည့်နှက်သွားသည်။
79 04
ယန်ရှစ်ရွှမ်းက အာရုံပြန်စိုက်နိုင်ချိန်၌ သူသည် ခန်းမအပြင်ဘက်တွင် ရပ်နေပြီ ဖြစ်သည်။ ခပ်ကျယ်ကျယ် ဖွင့်ထားသော ခန်းမတံခါးကြီးအတွင်းတွင် ခေါင်းမဲ့သော ရုပ်ထုက မြေပြင်ပေါ်တွင် ကွဲကြေကျနေသည်။
ထို့နောက် သူ၏နားထဲမှ ခပ်တိုးတိုး ရယ်သံကို ကြားလိုက်ရသည်။
“ဘာလို့ မပြေးတာလဲ။ အတူ အမြှပ်ခံချင်လို့လား”
ယန်ရှစ်ရွှမ်း_ _ _ ထွက်သွားစမ်း။
ယန်ရှစ်ရွှမ်းကမူ သူ့ကို မည်သူက ဆွဲထုတ်လာခဲ့ကြောင်း သိလိုသည်။ သို့သော် အသံကို ကြားပြီးပြီးချင်း တုန့်ပြန်လိုက်နိုင်သည်။
ဒါက သူ့ကို အမြဲတမ်း သည်းမခံနိုင်အောင် လုပ်တတ်တဲ့ ဒါရိုက်တာရဲ့လက်ထောက်ပဲ။
သူက တစ်ချက်လှောင်ပြီး လက်ကို မြှောက်လျက် ခါးမှ လက်မောင်းကို ဖြတ်ရိုက် လိုက်သည်။
“ဖယ်စမ်း ခင်ဗျားက လူစကား မပြောတတ်ဘူးလား။ အမြှပ်ခံမယ်။ စတေးခံရမယ်။ ဟုတ်လား။ ဘာလို့ အချစ်အတွက် အသက်ပေးတယ်လို့ မပြောတာလဲ”
ထိုလူက နာခံသော ပုံစံမျိုးနှင့် ယန်ရှစ်ရွှမ်း၏ ခါးမှ သူ၏လက်မောင်းကို လွှတ်ပေးသည်။ သူသည် ယန်ရှစ်ရွှမ်းကို သူ၏လက်မောင်းအကြားမှ မထုတ်သေးပေ။ သူက အသာပြုံးလိုက်သည်။ သူ၏ရင်ဘတ်ထဲတွင် ခံစားချက်တစ်ရပ်က ရှိနေသည်။ သူ၏ရင်ဘတ်ကို မှီထားသော ယန်ရှစ်ရွှမ်းကပင် သူ၏ကျောပြင်ထံမှ လာသည့် ပြင်းထန်သည့် တုန်ခါသံကြောင့် ထုံထိုင်းသလို ဖြစ်သွားသည်။
“ငါကသာ မင်းကို အချိန်မှီ မခေါ်ထုတ်ခဲ့ရင် ငါတို့ အဲဒီမှာ အတူ သေကောင်း သေသွားလောက်တယ်။ မင်းက ဒီလောက်ရှုပ်ထွေးတဲ့ တောင်းဆိုမှု လုပ်ပေးမယ် မထင်ထားပေမယ့်လည်း နောက်တစ်ကြိမ် ဂရုစိုက်ပါ့မယ်”
ယန်ရှစ်ရွှမ်း၏ ကြမ်းတမ်းသော လေသံကြောင့် ထိုအမျိုးသားဟာ ဒေါသ မထွက်သွားဘဲ ရယ်သည်။
“ဒါပေမယ့် ငါ မင်းကို ကယ်ခဲ့သလိုပဲ။ မင်း ငါ့ကို စကားနှစ်လုံး မပြောချင်ဘူးလား”
ယန်ရှစ်ရွှမ်းက မျက်လုံးလှန်လိုက်သည်။ထိုလူဟာ သူနှင့်အဆင်မပြေသည်မှာ သေချာသည်။ သူက လက်ကို အသာမြှောက်ပြီး သူ၏လက်မောင်းအတွင်းမှ ထွက်ရန်အတွင် သူ့ကို တံတောင်နှင့် တိုးလျက်သည်။ သို့သော် ထိုလူကမူ မျှော်လင့်ထားသော အေးစက်သော လက်ဝါးနှင့် အုပ်ကာ ဖမ်းဆွဲလိုက်သည်။
“မင်းက ကိုယ့်ဘာသာကိုယ် မတ်တပ်ရပ်ဖို့ အင်အား ရှိသေးလို့လား။ ရှင်းရှင်းလင်းလင်းပဲ အခုလေးတင် ပြင်ပအကူအညီနဲ့ မှီရပ်နေခဲ့ရတာလေ။ ဘာလို့ ဒီလောက်ထိ ခေါင်းမာနေတာလဲ”
“ခင်ဗျား မစိုးရိမ်ပါနဲ့”
ယန်ရှစ်ရွှမ်း၏ နှာခေါင်းရှုံ့သည်။
“အခုဖြစ်သွားတဲ့ ကိစ္စအတွက် ကျေးဇူးပါပဲ။ ခင်ဗျားကို ငါ တစ်ကြိမ် အကြွေးတင်သွားပြီ”
ပြောရလျှင် ဒီတစ်ကြိမ်တွင် ထိုလူဟာ သူ့ကို ကယ်ခဲ့ဖူးသည်။
သူသည် ရုပ်ထုကျလာသော အချိန်တွင် အခြားသော နေရာတစ်မျိုးမျိုးကို သုံးပြီး ထွက်ပြေးနိုင်လောက်သော်လည်း ဒဏ်ရာကမူ သိသာထင်ရှားနေဦးမည် ဖြစ်ပြီး အန္တရာယ်များပြီး အမည်မသိရသည့် အခြေအနေမျိုးတွင်မူ ထိုအခြေအနေဟာ သူ့အတွက် မကောင်းချေ။ သူ၏ နောက်ဆက်တွဲ တိုက်ခိုက်နိုင်စွမ်းအားကိုပါ သက်ရောက်သွားလေပြီး အရေးပေါ် အခြေအနေမျိုးတွင်ပင် မတုန့်ပြန်နိုင်အောင် ဖြစ်သွားစေလောက်သည်။
******