Ch 80
Viewers 6k

80 01

အပိုင်း(၈၀)

 

ထိုသူဟာ ယခုလောက်ကြီးသည့် ကျေးဇူးကြွေးမျိုးနှင့် သူ့ကို ကူညီပေးခဲ့သည့်အတွက် သူနှင့် ထိုလူအကြားတွင် ယခုလိုမျိုး ဆက်ဆံရေးတစ်ခုက ဖွဲ့စည်းပြီးသွားသည်နှင့် ညီမျှသည်။

 

ဒါကို ပြန်ပေးရမယ်။

 

အရမ်းဒုက္ခများတာပဲ။

 

ယန်ရှစ်ရွှမ်းကမူ အခြားသောသူများနှင့် အလွယ်တကူ ကံကြမ္မာ မထုံးဖွဲ့လိုပေ။ သူက ဖြစ်နိုင်လျှင် ပိုက်ဆံ သို့မဟုတ် အခြားသော ယင်ယန် ယုံကြည်မှုများဖြင့် ဆောက်ရွက်ရလျှင်ပင် ဒီအတိုင်း ချည်နှောင်မှုကို ပြန်ထုံးလိုက်ပြီး အဆုံးသတ်၍ ရသည်။ သူ၏ဆရာနှင့် ကျန်းဝူပင်းကဲ့သို့ အချိန်အတန်ကြာ အတူရှိနေခဲ့ပြီးနောက် အကျိုးအပြစ်ကို မတွက်ဆနိုင်သော အခြေအနေမျိုးက လွဲလျှင် ထိုသူက ပထမဦးဆုံးအကြိမ်အဖြစ် အချိန်မှီ မငြင်းဆန်နိုင်ပဲ ထုံးဖွဲ့မိသွားသော သူဖြစ်သည်။

 

သူဟာ မပျော်မရွှင် ဖြစ်နေခဲ့သည့်တိုင်အောင် သူဟာ ထိုလူကို မြင်သောအခါ သရဲနှင်ဂါထာကို ရွတ်ချင်သေးသည့် တိုင်အောင် ယန်ရှစ်ရွှမ်းက သူ့ကို ပြောလိုက်သည်။

 

“တကယ်လို့ အိမ်ကနေ သရဲနှင်တာမျိုး၊ ခင်ဗျား သရဲတွေ့လို့ သူ့ကို နှင်ချင်တာမျိုးဆို ငါ့ဆီ လာလို့ ရတယ်။ ငါ့ရဲ့အကူအညီကို လိုရင် ငါ့ကို လာပြောလို့ ရတယ်။ တမျိုးတော့ မထင်နဲ့။ ငါက ဒီတစ်ကြိမ် အကြွေးကိုတော့ သေချာပေါက် ပြန်ပေးဆပ်မှာပါ”

 

မမျှော်လင့်ထားစွာနှင့် ထိုလူက ထိုစကားကို ကြားပြီးနောက် မျက်ခုံးကိုသာ ပင့်လိုက်သည်။ နဂိုက ရုပ်ထုလို အသက်မဲ့နေသော သူ၏မျက်နှာက အသက်ဝင်လာပြီး အနည်းငယ် ရယ်ချင်သလို ဖြစ်သွားသည်။

 

“ငါ့အထင် ဒီဘဝလုံးလုံး မင်း ငါ့ကို ပေးဆပ်နိုင်မယ် မထင်ဘူး”

 

သူ့ရဲ့အိမ်မှာ သရဲတွေ ရှိတာပေါ့။ ရေတွက်လို့တောင် မရဘူး။ ဒါပေမယ့် ဘယ်သူမှ ကူညီစရာ မလိုဘူး။ သူက ဒီအတိုင်း ဒီထူးခြားတဲ့ လူသားအပနှင် သရဲဆရာက ဘယ်လို အတွေ့အကြုံမျိုးနဲ့ ဘယ်လောက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဝန်းကျင်မျိုးကို ပေးစွမ်းမလဲ ဆိုတာကို သိချင်တာ။

 

သူ ရှင်သန်နေခဲ့တဲ့နှစ် မရေမတွက် နိုင်အောင် ကြာပြီးတဲ့နောက်မှာ မရေမတွက် နိုင်တဲ့ သေမျိုးတွေ မြင်ခဲ့ဖူးပြီးသား။ ဒါပေမယ့် ဘယ်သူကမှ ယန်ရှစ်ရွှမ်းလိုမျိုး ကောင်းကင်နှင့် မြေပြင်ရဲ့ မလိုက်ပါတဲ့ နေရာမျိုးကို မမြင်ဖူးဘူး။ သူ့မှာ ကိုယ်ပိုင် သုံးသပ်ချက် ရှိတယ်။ သူက မိစ္ဆာတွေ၊ နတ်ဘုရားတွေရဲ့ အင်အားကိုလည်း အများကြီး မမှီခိုဘူး။ သူ့ရဲ့ ကိုယ်ပိုင်လူသား သေမျိုးအားတွေကို သုံပြီး မိစ္ဆာသရဲတွေကို နှိမ်နင်းနိုင်တယ်။

 

သူက ဝံပုလွေရိုင်းတောင်ထိပ်သို့ ဝင်လာပြီးချိန်ကတည်းက ဒီနေရာတွင် ဖြောင့်မတ် မှန်ကန်သော နတ်ဘုရားဟာ တစ်ခုခု ဖြစ်နေကြောင်း သိခဲ့သား ဖြစ်သည်။ သူသည် တောင်ဘုရားကျောင်းသို့ ရောက်ရှိလာသည့်အခါ ဘုရားကျောင်းအတွင်းတွင် နေထိုင်နေသော နတ်ဘုရားဆိုသည်ကပင် တောင်နတ်ဘုရား မဟုတ်တော့ချေ။ ထိုအတွက်ကြောင့် သူသည် ထိုနတ်ဘုရားဟု ခေါ်သော ရုပ်ထုရှိရာ အဓိက ခန်းမထဲသို့ ဝင်ရန် ရွံရှာနေမိသည်။ အတွင်းသို့ ဝင်လိုက်လျှင် သူ၏အဝတ်အစားကို ညစ်ညမ်းသော မြေဆီလွှာများက ပေကျံသွားသလိုမျိုး မနှစ်မြို့ ဖြစ်လာသည်။

 

တာအိုဘုန်းတော်ကြီးများ၏ စွမ်းအင်များသည် ကောင်းကင်နှင့် မြေကြီး၏ ကြီးမြတ်သောလမ်းစဉ်ကို သွားသည်။ ဖြောင့်မတ် မှန်ကန်သော နတ်ဘုရားက ထိုအကြောင်းပြချက်အတွက် သေဆုံးသွားခဲ့ပြီး ဒီနေရာမှ ထိုမြေဆီလွှာများကို အနုတ်ခံထားရသောအခါ ကောင်းကင်နှင့်မြေကြီး၏ ကြီးမြတ်သော လမ်းစဉ် ပယ်ချသွားသည့်အတွက် မည်သည့်အကူအညီကိုမှ ပေးစွမ်းလိမ့်မည် မဟုတ်ချေ။

 

ထို့ကြောင့် အစပိုင်းကတည်း ယန်ရှစ်ရွှမ်း အမည်ရသော အပနှင်သူဟာ သူ၏ဂမ္ဘီရပညာ တွက်ချက်နိုင်စွမ်းနှင့် နောက်ဆုံးတွင် ဂါထာ စွမ်းအားများကို ဆုံးရှုံးနိုင်ကြောင်း နားလည်ထားသည်။

 

သို့သော် မမျှော်လင့်ထားစွာပင် သူဟာ အဓိက ခန်းမအပြင်ဘက် အမှောင်ရိပ်ကျသော နေရာတွင် ရပ်ပြီး ချွင်းချက်အဖြစ်ထား၍ အတွင်းသို့ လူဝင်ကယ်မည့် အခိုက်အတန့်တွင်မှ ယန်ရှစ်ရွှမ်းဟာ ကောင်းကင်နှင့် မြေကြီး၏ အင်အားများနှင့် အကူအညီ တောင်းခံခြင်း မရှိဘဲ ရူးသွပ်ကာ အန္တရာယ်ကို သတိလက်လွတ် ရင်ဆိုင်နေကြောင်း သိလိုက်ရသည်။

 

ထိုလူငယ်ဟာ လေထဲသို့ ခုန်တက်ပြီး ပြန်လည်ခုန်ဆင်းလိုက်သည့် အခိုက်အတန့်တွင် အချိန်အတန်ကြာအောင် သူ၏ရင်ဘတ်ထဲမှ နှလုံးသားက ရှားရှားပါးပါး တစ်ချက် ရပ်တန့်ပြီး ပြန်လည်ခုန်လှုပ်လာသည်။ ယန်ရှစ်ရွှမ်းက မြေပြင်သို့ ခြေချသွားချိန်တွင် သူသည် သူ၏နှလုံးသားကို ခပ်ကြမ်းကြမ်း နင်းချေလိုက်သလို ဖြစ်သွားသည်။ ထိုမျှလှပပြီးတောက်ပစူးရှသော မျက်ဝန်းက မရပ်တန့်နိုင်သော အားအပြည့်နှင့် သူ၏စိတ်အတွင်းသို့ တိုက်ရိုက် တိုးဝင်လာသည်။

80 02

ယန်ရှစ်ရွှမ်း_ _ _ အရင်က ဘယ်သောအခါမှ မတည်ရှိဖူးတဲ့ အံ့အားသင့်စရာ ကောင်းလွန်းတဲ့ လူတစ်ယောက်ပဲ။

 

သူက မျက်တောင်များကို အသာချလိုက်ပြီး သူ၏အရှေ့မှ လူငယ်အား မဲမှောင်သော မျက်ဝန်းဖြင့် ကြည့်သည်။ ထိုထဲတွင် ရှားရှားပါးပါး ငြိမ်းချမ်းမှုက ပါဝင်သည်။

 

ယန်ရှစ်ရွှမ်းကမူ ထိုလူ အတွေးနက်နေကြောင်း သတိမထားမိပါ‌ချေ။ သူဟာ ကတိ ပေးပြီးသည်နှင့် အဓိကခန်းမအတွင်းသို့ ရောက်သွားသည်။ ယန်ရှစ်ရွှမ်းကမူ ထိုလူ၏စကားကို ဂရုမစိုက်ဖြစ်ချေ။

 

သူ ယခင်က ထိုအတိုင်း လူပေါင်းများစွာနှင့် ကြုံဖူးသည်။ အစပိုင်းတွင်မူ လောကတွင် သရဲမရှိဟု ယုံကြည်သူများ ရှိသည်။ ထို့ကြောင့် သူပေးသော ကတိကို စိတ်ထဲ မထားကြပေ။ သို့ရာတွင် သူတို့က ထိုအရာများကို ကြုံတွေ့ရမှာသာ သဘာဝအလျောက် ရောက်ရှိလာကြသည်။

 

ထို့ကြောင့် သူတို့နှစ်ယောက် စကားပြောသည့် အချိန်အများကြီး မကုန်သွားချေ။ နှစ်မိနစ်ပင် မကြာသော်လည်း တစ်ဖက်က သူ့ကို ပေးသော အထောက်အပံ့ကတင် သူ့ကို တစ်ဘဝလုံးအတွက် မှီခိုအားကိုး ထိုက်လေသည်။ ယန်ရှစ်ရွှမ်း၏ လက်နှင့် ခြေထောက်တို့က တဖြည်းဖြည်းချင်း တည်ငြိမ်စွာနှင့် အောက်သို့ ချလိုက်ပြီး ယခုလေးတင် အင်အားကုန်ဆုံးသွားရာမှ အင်အားအနည်းငယ် ရရှိလိုက်သလို ခံစားလိုက်က်ရသည်။ သို့သော်ငြား ဒါပေမယ့် ပြင်ပအကူအညီ မယူဘဲ တစ်ယောက်တည်း ရပ်နိုင်ဖို့က

 

သူ ဒီလူနဲ့ အသားချင်းထိနေရတာကို သဘောမကျဘူး။ သည်းမခံနိုင်ဘူး။

 

အေးစက်သော ခံစားချက်က တစ်စုံတစ်ယောက်ကို ဖြတ်ရိုက်ချင်စိတ် ပေါ်စေသည်။

 

ယန်ရှစ်ရွှမ်းက ထိုလူကို တွန်းထုတ်လိုက်ပြီး ခြေထောက်ကို ပြန်ရှဲလျက် အဓိက ခန်းမပေါ်သို့ လျှောက်သွားသည်။

 

အဓိကခန်းမ၏ တံခါးက ခပ်ကျယ်ကျယ် ဖွင့်နေသည်။ အတွင်းက အရှုပ်အထွေးများနှင့် ပြည့်နှက်နေပြီး မြေဆီလွှာများနှင့် ဖုန်မှုန့်များက နေရာအနှံ့ ပျံ့နှံ့နေသည်။ ထို့ကြောင့် သူက မြင်ရရန် ခက်ခဲ၏။

 

သို့သော် ယန်ရှစ်ရွှမ်းကမူ ယခင်နံရံဆေးရေးပန်းချီထဲမှ သူမြင်ခဲ့ရသည့် အမျိုးသမီးက သူ့အား စိုးရိမ်တကြီး တစ်စုံတစ်ရာကို အရိပ်အမြွတ်ပြနေကြောင်း၊ အရေးကြီးသော တစ်စုံတစ်ရာကို ပြောပြချင်သေးကြောင်း ခံစားနေရသည်။

 

ပို၍ဆိုးသည်မှာ ရွှေရောင်ရုပ်ထုကြီး၏ အနောက်တွင် အပို့ခံလိုက်ရသည့် ရုပ်ထုငယ်‌လေးနှင့် ပက်သက်သည့် အခြေအနေကိုလည်း အတည်မပြုရသေးချေ။ ယန်ရှစ်ရွှမ်းကမူ သူ၏စိတ်ထဲတွင် သံသယများ ရှိနေကြောင်း နားလည်နေသည်။

 

ရွှေသားရုပ်ထုကြီးက သူ့ကို အနောက်ဘက်မှ တိုက်ခိုက်ရန်ကြိုးစားခဲ့သည့်အချိန်တွင် ရုတ်တရက် ပြုတ်ကျသံကို ကြားလိုက်ရသောကြောင့် သူဟာ အသိဝင်သွားခဲ့ခြင်း ဖြစ်သည်။ ထိုအခြေအနေက သူ့အတွက် တိုက်ဆိုင်လွန်းသဖြင့် သူအနေဖြင့် စူးစူးစိုက်စိုက် မစုံစမ်းခဲ့ရချေ။ ယခုမှသာ သေချာပြန်တွေးကြည့်ပြီး ထိုအသံဟာ ရင်းနှီးလွန်းကြောင်း ခံစားလိုက်ရသည်။ အသံက နှစ်သံဖြစ်ပြီး ကျောက်သားရုပ်ထုလေးက ပလ္လင်ကို ထိမှန်သွားသည့် အသံဖြစ်လောက်သည်။

 

ဒါဆိုရင် အရင်ရုပ်ထုက သူ့ကို သတိပေးချင်တာလား။

 

ထိုပုံမှန် မဟုတ်သော အခြေအနေတွင် သံသယများနှင့် ယန်ရှစ်ရွှမ်းက ခန်းမအတွင်းသို့ ပြန်ဝင်သွားလိုက်သည်။

 

“ငါ မင်းကို နှောင့်နှေးအောင် မလုပ်သင့်ဘူးဆိုတာကို သိပေမယ့်လည်း မင်း တကယ်ပဲ ပြန်ဝင်နိုင်လို့လား”

 

အနောက်ဘက်မှ အမျိုးသား၏ လေးနက်သော အသံက ထွက်လာသည်။

 

ယန်ရှစ်ရွှမ်းက တစ်ခဏခန့် ရပ်တန့်သွားသည်။ သူသည် အဓိကခန်းမ၏ တံစက်မြိတ်အောက်သို့ ဝင်လုနီးပါး အနေအထားမျိုး ဖြစ်သည်။ ရုတ်တရက် သူ၏နှလုံးသားအတွင်း မကောင်းသော ခံစားချက်များက ရရှိသွားသည်။

 

သူဟာ နောက်ဘက်သို့ ချက်ချင်းလှည့်လိုက်သည်။ သူ၏ မျက်လုံးက အနည်းငယ် ပြူးသွားသည်။

 

အဓိကခန်းမ တံစက်မြိတ် အပြင်ဘက် ခြံဝန်းထဲတွင် အနီရောင်သရဲများက သိပ်သည်းစွာ ရှိနေသည်။

 

လေးလံလွန်းသော မိုးက အရံအတားသဖွယ် ထားထားသော ကျောက်တုံးများကို ဖယ်ရှားလိုက်သလို ဖြစ်သွားသည်။ ရေများက စီးဝင်လာပြီး ကျောက်တုံးများ၏ ကွဲအက်ကြားမှတဆင့် မြေပြင်ကို စိုရွှဲနေစေသည်။ ထိုအနီရောင်ပုံရိပ်များက ပြင်းထန်သည့် မိုးလိုက်ကာအတွင်းတွင် ရပ်နေပြီး အဖြူရောင် တစွန်းတစမှ မပါရှိပဲ ဟောင်းလောင်းပေါက် ဖြစ်နေသော မျက်ဝန်းတစ်စုံဖြင့် အဓိက ခန်းမရှိရာသို့ ကြောင်ကြောင်အအဖြင့် စိုက်ကြည့်နေကြသည်။

 

သူတို့သည် အသံလဲ မထုတ်သလို တိုက်ခိုက်မှုလည်း မပြုကြချေ။

 

ယန်ရှစ်ရွှမ်းကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။ သူတို့ရပ်နေသည်မှာ မည်မျှကြာပြီ ဖြစ်ကြောင်းကို မသိနိုင်ချေ။

80 03

ယန်ရှစ်ရွှမ်းက ကြောင်သွားသည်။ ရုတ်တရက် သူက တစ်စုံတစ်ရာကို သိသွားပြီး သူ၏လည်ကုတ်နောက်တွင် ချွေးအနည်းငယ် စို့သွားသည်။ ဒါရိုက်တာ၏ လက်ထောက်က သူ့ကို ကျယ်လောင်စွာ သတိမပေးခဲ့လျှင် သူသည် ထိုသရဲများ၏ တည်ရှိမှုကို သတိမထားမိခဲ့ချေ။

 

ဒါပေမယ့် အဲဒီလို မဖြစ်သင့်ဘူး။ သူဟာ ယာယီအားဖြင့် အင်အားကုန်ဆုံးနေရင်တောင်မှ သူ့ရဲ့စွမ်းအားတွေ မရှိဘူး ဆိုရင်တောင်မှ သူ့ရဲ့ကြွက်သားမှတ်ဉာဏ်တွေက တစ္ဆေသရဲတွေကို အချိန်အတန်ကြာ ကိုင်တွယ်ခဲ့တဲ့ မသိစိတ်က ဒီနေရာမှ ရှိနေတုန်းပဲ။ ဒါကို ဘာလို့ သူက မသိတာလဲ။

 

မိုးက သည်းလွန်းလို့ သူ့ရဲ့အာရုံခံနိုင်စွမ်းအားတွေက ပိတ်ဆို့သွားတာလို့လား။

 

မဟုတ်ဘူး အဲဒီအစား မိုးနဲ့ပက်သက်ပြီး ပြဿနာရှိနေလို့လား။ သရဲတွေကိုယ်တိုင်က ပြဿနာလား ဆိုတာကို စဉ်းစားရမှာ။

 

ယန်ရှစ်ရွှမ်းက ရုတ်တရက် လေးနက်သော မျက်ဝန်းတစ်စုံ ဝင့်လိုက်ပြီး မိုးထဲတွင် တိတ်တဆိတ် ရပ်နေသော သရဲများကို ကြည့်သည်။ သရဲများက သူ၏အကြည့်ကို သတိထားမိသလို တဖြည်းဖြည်းချင်းစီ သူတို့၏ အတွေးများကို တောင့်တင်းစွာ၊ သပ်ရပ်စွာ ရွေ့လာပြီး တစ်ဦးတည်းသော အသက်ရှူနေသော သေမျိုးကို ကြည့်သည်။

 

အေးစက်သော အကြည့်ရာပေါင်းများစွာက ယန်ရှစ်ရွှမ်းထံ ရောက်ရှိသည်။ ထို့အပြင် ယန်ရှစ်ရွှမ်း ပုခုံးပေါ်တွင် ရှိသည့် ဖန်သားပြင်အခွဲ‌ပေါ် ရောက်သွားသည်။

 

ထိုသို့ဖြင့် အခွဲဖန်သားပြင်အရှေ့တွင် ဆောင့်ကြောင့်ထိုင်စောင့်နေကြသည့် ကြည့်ရှုသူပေါင်း များစွာက ကြောက်လန့်သွားကြပြီး ဦးခေါင်းခွံ့များ တွန့်သွားကြသည်။ လူအများစုကမူ ကြောက်လန့်လွန်းသဖြင့် ဖုန်းများကို လွှတ်ပစ်လိုက်ကြသည်။

 

[ ငါလူး... ဒါက ဘာတွေလဲ ကြောက်စရာကောင်းလိုက်တာ]

 

[နောက်ပြီး အကောင်ရာကျော်မယ် ထင်တယ်။ ဒါဆို အားလုံး ကြည့်လာကြတာပဲ။ ဖန်သားပြင်ကတဆင့် မြင်နေရတာတောင် ငါ သည်းမခံနိုင်ဘူး။ ယန်ကော အဲဒီမှာ ရပ်နေပြီး ဘယ်လို ထိန်းနိုင်တာလဲ မသိဘူး။ သူက တအားတော်တာပဲ။ နောက်ပြီး ဒါရိုက်တာရဲ့လက်ထောက်လည်း ရှိတယ်။ နောက်ပြီး မမျှော်လင့်ထားဘဲ သူ့လိုမျိုး မသိသာ မထင်ရှားတဲ့လူတစ်ယောက်က ဒီလောက်အထိ အင်အားကြီးနေတယ်။ သူက ဒီတိုင်းပဲ ရပ်နေတယ်။ လှုပ်တောင် မလှုပ်ဘူး။ ငါသာဆိုရင် ထွက်ပြေးသွားတာ ကြာလောက်ပြီ]

 

[ဖိတ်ခေါ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ငါ ကုမ္ပဏီမှာ အိုဗာတိုင် ဆင်းနေတာလေ။ အခု ကြောက်လို့‌ သေတော့မယ်။ ဒါရိုက်တာရဲ့လက်ထောက်က ယန်ကောကို သတိပေးလိုက်တဲ့အချိန်မှာ သူက ဖန်သားပြင်ကို ကြည့်လာသေးတယ်။ နောက်ပြီး ခြံဝန်းထဲက အခြေအနေကို ပြန်ကြည့်လိုက်တာ။ အဲဒီအချိန်မှာ ငါ့ရဲ့သူဌေးက တံခါးကို ဖွင့်ပြီး ဝင်လာပြီး ငါ့ရဲ့နာမည်ကို ခေါ်လိုက်တာလေ။ ငါ ကြောက်လွန်းလို့ ဝိဉာဉ်တောင် လွှင့်တော့မလို ခံစားနေရတယ် အား။ ငါ အကျယ်ကြီး အော်လိုက်မိလို့ ခေါင်းဆောင်တောင် လန့်သွားတယ်။ သူက ပြောတယ်။ အိုဗာတိုင်ဆင်းရလို့ သဘောမကျတာမျိုး ရှိရင်လည်း ပြောပါတဲ့။ သူ့ကို ဒီလိုမျိုး ရုတ်တရက်ကြီး ထအော်ပြီး မခြောက်ပါနဲ့လို့ ပြောတယ်။ ငါကတော့ ဒါကို ကြည့်ပြီး သေအောင် ခြောက်နေတာ အား အား]

 

[အပြင်ဘက်မှာ သရဲတွေ ရပ်နေပြီး ယန်ကောကို အစကနေ အဆုံးအထိ စောင့်ကြည့်နေတာကို တွေးလိုက်မိရုံနဲ့တင် ကြောက်လာပြီ။ သူတို့က အသံတောင် မထွက်ကြဘူး အား။ သူတို့က နည်းနည်းလေး လှုပ်ရှားမှု လုပ်မယ်ဆိုရင်တောင်မှ၊ အထဲက ရုပ်ထုလိုမျိုး လှုပ်ရှားလိုက်မယ် ဆိုရင်တောင်မှ တော်ပါသေးတယ်။ အခုလိုမျိုး လူတွေနောက်မှာ တိတ်တဆိတ် ရပ်ပြီး စိုက်ကြည့်နေတာမျိုးတော့ သူတို့ ဘယ်အချိန် တိုက်ခိုက်လာမလဲဆိုတာ မသိတဲ့ အနေအထားမျိုးပဲ။ နောက်ပြီး ငါ့ရဲ့ ခံစားလိုက်ရုံနဲ့တင် တော်တော်လေးကို ကြောက်စရာ ကောင်းတယ်။ အခု ငါ အိမ်ရဲ့ထောင့် တစ်နေရာမှာ ခွေနေတာလေ။ ငါ့ရဲ့နောက်မှာ နံရံတွေပဲ ရှိတာ။ ဘယ်သူမှ ရပ်နေတာမျိုး မရှိအောင် ငါ သေချာအောင် ခဏခဏ စစ်နေတာ]

 

[?? အဓိက ခန်းမထဲက နတ်ဘုရားရုပ်ထုက တကယ်ပဲ အဆင်ပြေတယ်လို့ မင်းတို့ ထင်လား။ မင်းတို့က တော်တော်လေးကို သတ္တိရှိတာပဲ(လက်မထောင်နေတဲ့ jpg) ငါ ဒီအခန်းကို ကြည့်ပြီးတဲ့နောက်မှာ ကြောက်လွန်းလို့ အသက်ရှူဖို့တောင် မေ့တယ်။ ယန်ကောက မြေပြင်ကို ခြေချလိုက်တဲ့အချိန်မှာ ငါ ရုတ်တရက် အသက်ရှူကြပ်ပြီး သေတော့မလို့ပဲ။ အဲဒီနောက်မှာ ငါ အရူးလိုမျိုး ခပ်မြန်မြန် အသက်ရှူရတယ်]

 

[အား မင်းတို့တွေ ဘယ်သူက ပိုပြီး ကြောက်စရာ မကောင်းဘူးလဲလို့ ဆွေးနွေးနိုင်သေးတယ်ပေါ့။ ငါကိုယ်တိုင်ကပဲ ကြောက်စရာ ကောင်းတယ်လို့ ထင်နေတာလား။ ရုပ်ထုက တကယ်ကြီး အသက်ဝင်လာတယ်။ သူက လူကိုတောင် တိုက်ခိုက် လိုက်သေးတယ်။ ဒါ တအားကြီးတာနော်။ မီတာတအား မြင့်နေသလိုပဲ။ ငါ့ရဲ့အကောင်ကြီးကြီး အရာကြီးတွေကို ကြောက်တတ်တဲ့ ဖိုသိုဖီးယားကို တစ်ဘဝလုံး ကုနိုင်တော့မယ် မထင်ဘူး]

80 04

[ငါ အစက ရုပ်ထုကြောင့် အံ့ဩနေတာ။ ဒါပေမယ့် ယန်ကောက တအားချောတာပဲ (မျက်နှာကို အုပ်ပြီး ခါးသီးစွာ ပြုံးနေသည့် jpg) ဖန်သားပြင်အခွဲက 3D movie လိုပဲ ရိုက်သွားတာလေ။ အနိမ့်အမြင့်၊ အတက်အကျ၊ လှုပ်ရှားမှုတွေ အားလုံးက တော်တော်လေးကို စိတ်လှုပ်ရှားဖို့ ကောင်းတယ်။ တော်တော်ကြီးကို စိတ်လှုပ်ရှားဖို့ ကောင်းတာနော်။ ငါ့ရဲ့ကြောက်လန့်စိတ်တောင် မနည်းဖိခံလိုက်ရတယ်။ ငါကတော့ ယန်ကောသာ ရှိနေရင် ဘာမှကြောက်စရာ မလိုဘူးလို့ ထင်တယ်။ သူက နတ်ဆိုးကိုတောင် သတ်နိုင်တယ်။ ဒီခံစားချက်က တော်တော်လေးကို ဖော်ပြဖို့ ခက်ခဲတယ်လို့ ထင်တယ်။ တစ်လောကလုံးက ငါ့အပိုင် ဖြစ်နေသလိုပဲ။ ငါ့ရဲ့ဘဝမှာ ဒီလောက် လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက်မျိုးကို တစ်ခါမှ အတွေ့အကြုံ မရဖူးဘူး]

 

[ငါကလည်း ဒီလို ခံစားရတယ်လို့ ပြောလို့ရတယ်။ မင်း အရင်က ပြောသွားသလိုပဲ တာအိုပညာရှင် ယန်ရှစ်ရွှမ်းက စမာဒိတွေကို ဝင်ရောက်သွားသလိုမျိုးပေါ့။ ဒါက တော်တော်လေးကို လျို့ဝှက်ဆန်းကြယ်တဲ့ လျို့ဝှက်ဆန်းကြယ်မှုပဲ။ နောက်ပြီး လျို့ဝှက်ဆန်းကြယ်မှုအားလုံးရဲ့ တံခါးကို သူက ဖွင့်ပြပေးသလိုပဲ။ ဒီညီနောင်တာအိုပညာရှင် ယန်ရှစ်ရွှမ်းရဲ့ တာအိုဖြစ်တဲ့ မယိမ်းယိုင်တဲ့ နှလုံးသား ကြောက်လန့်တာမျိုး မရှိဘူးပဲ။ ဘယ်သောအခါမှ မယိမ်းယိုင်တဲ့ ခိုင်မာတဲ့ နှလုံးသားကြောင့် ရှေ့ကိုပဲ ဆက်တိုက် သွားနေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ပိုပြီး ဆန်းကြယ်တာပေါ့။ ဒါတွေအပြင် ဒီအခြေအနေကို နားလည် သဘောပေါက်နိုင်ဖို့အတွက် မင်းက ကံကြမ္မာပါတဲ့လူ ဖြစ်ရမယ်။ ဒီအတွက်ကြောင့် ညီနောင်တာအို ယန်ရှစ်ရွှမ်းရဲ့ စိတ်အခြေအနေမျိုးကို မင်းက တွေ့ကြုံ ခံစားလိုက်နိုင်တာ။ ညီနောင်တာအိုပညာရှင် ယန်ရှစ်ရွှမ်းတောင်မှ အဲဒီအချိန်က ဒီထက်ပိုပြီး အများကြီး စိတ်လှုပ်ရှား နေပြီး ဆုံးဖြတ်ချက် ပိုပြီးခိုင်မာနေမှာ သေချာတယ်။ နတ်ဘုရားက နတ်ဆိုး ဖြစ်သွားရင် သူက နတ်ဆိုးကို သတ်လိမ့်မယ်။ ငါတောင်မှ ခံစားချက်တွေ ရှုပ်ထွေးသွားတယ်။ ငါ့ရဲ့ဆရာက အမြဲတမ်း ပြောတယ်။ ငါက ထိတွေ့ကိုင်တွယ်လို့ ရတဲ့အရာတွေပေါ်မှာပဲ အမြဲတမ်း ယုံကြည် အားကိုးလွန်းနေတယ်တဲ့။ ဒါပေမယ့် တာအိုဆိုတာက ထိတွေ့ကိုင်တွယ်လို့ မရဘူးလေ။ အဲဒီအချိန်က ဆရာဘာကို ဆိုလိုသလဲဆိုတာကို နားမလည်ခဲ့ဘူး။ ဒါပေမယ့် အခုတာအိုပညာရှင် မိတ်ဆွေယန်ရှစ်ရွှမ်းကို မြင်လိုက်တော့မှပဲ ငါ ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားတယ်]

 

[အာ ကျွမ်းကျင်ပညာရှင်တွေလည်း ရှိနေတာပါလား။ တာအိုပညာရှင်၊ တာအိုဘုန်းတော်ကြီးလား။ ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့ဦး။ ဒီကလေးက အခြားနေရာမှာလည်း ဒီလို ဟိုလှုပ်ဒီလှုပ် လှုပ်လို့ရတဲ့ နတ်ဘုရားရုပ်ထုတွေ ရှိသေးလားလို့ မေးချင်ပါသေးတယ် ဝူး ဝူး တအားကြောက်ဖို့ကောင်းတာပဲ။ ငါ ဒီလ ဘုရားကျောင်းတွေ မသွားရဲတော့ဘူး။ ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်တဲ့ နေရာတွေမှာ ရှိတဲ့ တာအိုဘုရားကျောင်းတွေရဲ့ အခန်းတွေထဲမှာဆိုရင် ရုပ်ထု အကြီး၊ အသေးတွေ အပြည့်ပဲ။ အချို့ဘုရားကျောင်းတွေမှာဆိုရင် နံရံဆေးရေးပန်းချီတွေလည်း ရှိတယ်။ အခု ငါ ဒီရှိုးကို ကြည့်ပြီးတဲ့အခါမှာ ရုတ်တရက်ကြီး အဲဒီရုပ်ထုတွေက လှုပ်နေတယ်။ နံရံဆေးရေးပန်းချီတွေကို လှုပ်နေတယ်လို့ ခံစားနေရပြီ အား ]

 

******