81 01
အပိုင်း(၈၁)
[ရယ်ရတယ် ဒါက ဒီအတိုင်း တိုက်ရိုက်ထုတ်လွှင့်တဲ့ ခရီးသွားရှိုး မဟုတ်လား။ ဒီအတိုင်း သဘာဝရှုခင်းတွေကို ကြည့်ရှုခံစားဖို့ ခေါ်သွားတာလေ။ ဘယ်လိုကြောင့်များ ဒီရှုခင်းက ထင်သလောက် မလှရတာလဲ။ ဝန်ထမ်းတွေကလည်း တော်တော်လေး ကြိုးစားပြီး ဖျော်ဖြေနေကြတယ်။ သူတို့က နံရံတွေကို ရွှေ့ပြီး ပုဆိန်ကြီးတွေကို ယမ်းပြနေတာ ဖြစ်လောက်တယ်။ တိရစ္ဆာန်တွေတောင်မှ ခြောက်ခြားဖွယ် ကောင်းတယ်ဆိုတာ ဘယ်လိုအရာမျိုးလဲ ဆိုပြီး ဖော်ပြဖို့အတွက် နံရံပေါ်တက်ပြီး ပြင်းပြင်းထန်ထန် ကြိုးစားနေကြတာ။ မင်းတို့က ဘာကို သဘာမကျ ဖြစ်နေတာလဲ။ ဘယ်လို ဆိုင်ကယ်မျိုးကို စီးချင်နေတာလဲ။ လာစမ်းပါ။ ဒီရှိုးက ပျင်းစရာ ကောင်းတယ်လို့ ဘယ်သူ ပြောလဲ။ ညက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီး ငါ့ကို ပြန်ပြောစမ်းပါ။ ဒါက တကယ်ပဲ ပျင်းစရာကောင်းလား မကောင်းဘူး။ နောက်ပြီး ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်သလဲ ကြည့်စမ်းပါဦး။ ဒါက လူတွေကို သေအောင် ခြောက်လန့်နိုင်တာမျိုးလေ]
[ငါ တောင်းပန်ပါတယ်။ ငါပါ ငါ ဒီရှိုးကို ပျင်းစရာ ကောင်းတယ်လို့ ငါ ပြောခဲ့တာ။ ငယ်ရွယ်တော့ ငါ ရူးမိုက်ခဲ့လို့ပါ။ ငါ ပြန်ရုတ်သိမ်းပါတယ်။ ဒီရှိုးက တအားကို စိတ်ဝင်စားဖို့ ကောင်းတယ်(တကယ်ပါ ပျော်စရာကောင်းလွန်းလို့ လူတွေကို ခြောက်ခြားပြီး သေစေလောက်တယ်)]
[ဟား ဟား ဟား အရင်ကွေ့တောင် စံအိမ်မှာကတည်းက ကြည့်ရှုခဲ့တဲ့ ကြည့်ရှုသူဟောင်းတွေကတော့ ဒီလိုအခြေအနေကို ဂရုစိုက်တော့ဘူးလေ။ ငါတို့က ဒီရှိုးက ထိတ်လန့်သဲဖို ရုပ်ရှင်လို သဘောထားပြီး ကြည့်တာ။ မင်းတို့ရဲ့ ကြည့်နေတဲ့ရှုထောင့်ကို ပြောင်းလိုက်တာနဲ့ ဒီရုပ်ရှင်က တော်တော်လေး ကောင်းကောင်း ရိုက်ကူးထားတယ် ဆိုတာကို သိလိမ့်မယ်။ ပြည်တွင်းက ထိတ်လန့်သဲဖိုရုပ်ရှင်တွေရဲ့ အလင်းရောင်လို့တောင် ပြောရဦးမယ်။ အထူးသဖြင့် ညအချိန် မီးမှိတ်ပြီး တစ်ယောက်တည်း ကြည့်တဲ့အချိန်မျိုးမှာပေါ့။ လေထုအခြေအနေက တအားကောင်းတာ။ အထူးသဖြင့် ငါ့ရဲ့အိမ်ပြင်ဘက်မှာ မိုးရွာနေတော့ လမ်းမီးရောင်အလင်းတွေက ငါ့ရဲ့ပြတင်းပေါက် လာဟပ်နေတယ်လေ။ နောက်ပြီး ကင်မရာဖန်သားပြင်က မိုးသည်းညမှာ ရပ်နေတဲ့ အနက်ရောင်တစ္ဆေတွေကို မြင်နေရတာနဲ့ ပေါင်းကြည့်လိုက်ရင်_ _ _ လေထုအခြေအနေက တော်တော်လေး အံ့ဩစရာပဲ။ တော်တော်လေးကို အံ့အားသင့်ပြီး ကြောက်ဖို့ကောင်းတဲ့ အတွေ့အကြုံပါ]
လျို့ဝှက်စွာနဲ့ မျက်ရည်တွေ၊ နုပ်ချေးတွေ ရောနေတဲ့ တစ်ရှူးတွေကို လွှတ်ပစ်လိုက်တယ်။ ငါ ငိုနေတာကို ဘယ်သူမှ မသိလောက်ပါဘူး။ အကြံအစည် ၁ အောင်မြင်_ _ _မောင်းမောင်းကက လက်မပေးလိုက်တဲ့ jpg]
[အပေါ်က တစ်ယောက် ကြောက်လန့်လွန်းလို့ မျက်ရည်တွေ သုတ်နေရတာ မဟုတ်လား။ ဒါတောင်မှ ယုံကြည်မှုအပြည့်နဲ့ ပြောရဲသေးတယ် ဟုတ်လား။ ငါ မင်းရဲ့အိုင်ဒီကို သိတယ်နော်။ မင်းက အခုလေးတင် ကွန့်မန့်ကဏ္ဍမှာ ကြောက်လွန်းလို့ ခုန်ပေါက်နေပြီလို့ ပြောထားတာ။ လိုက်ကာတွေကလည်း ပိတ်ထားတယ်။ အိပ်ယာထဲမှာ ပုန်းနေတယ်ဆို။ အခု မကြောက်တော့ဘူးပေါ့ ဟား ဟား ဟား ဟား]
[မှင်သက်လျက်သားနဲ့ ငါ အိပ်ယာထဲကနေ တုန်တုန်ယင်ယင် ထလိုက်မိတယ်။ ငါ မျက်ရည်သုတ်ဖို့အတွက် လေသာဆောင်နားမှာ ထားထားတဲ့ တစ်ရှူဘူး သွားယူချင်တာ။ ဒါပေမဲ့ ငါ အိပ်ယာထဲက မထွက်ရဲဘူး။ အခြားသူတွေအားလုံးကလည်း အိပ်ယာထဲမှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ နေပြီး စမ်းကြည့်လို့ ပြောလို့ ငါ ငါ့ရဲ့ခြေထောက်တွေကို ဆန့်ထုတ်ကြည့်လိုက်တယ်။ ဒါပေမဲ့ တစ်ကိုယ်လုံးက အကြောဆန့်လိုက်သလိုပဲ။ ငါ ဘယ်လိုနည်းနဲ့မှ အဲဒီစက္ကူဘူးကို လှမ်းယူလို့ မရဘူး။ ငါ့ရဲ့ခေါင်းတောင်မှ တုတ်ချောင်းပိုးကောင်လိုပဲ ကျိုးတော့မယ် ထင်တယ်။ ငါ့ရဲ့ခေါင်းတောင်မှ လှုပ်လို့မရဘူး။ အခု ရုပ်ထုကြီးက လှုပ်သွားတဲ့အချိန်မှာ ငါ ကြောက်လွန်းလို့ ကိုယ့်ကိုယ်ကိုတောင် ထိန်းချုပ်လို့ မရဘူး။ ကိုယ့်ကိုယ်ကို ခပ်တင်းတင်း ဖြစ်ညှစ်ထားသလိုပဲ။ ငါက ယန်ကောရဲ့ အခွဲဖန်သားပြင်ကို နောက်ကိုလိုက်ပြီး ကောင်းကင်ပေါ်အထိ တက်ပြီး မြေကြီးထဲထိ တိုးဝင်ရဲပါတယ်။ဒါပေမဲ့ အဲဒီရုပ်ထုကြီးကြောင့် သူ နာကျင်သွားမှာ စိုးရိမ်လွန်းလို့။ အထူးသဖြင့် ထပ်ခါတလဲလဲ ပေါက်ခွဲသွားတဲ့ မြင်ကွင်းကို မြင်လိုက်ရတဲ့အချိန်မှာ ကြောက်လွန်းလို့ တုန်နေမိတာ။ ဖန်သားပြင်က အဲဒီနတ်ဘုရားရုပ်ထုတွေကို မျက်နှာမူထားတဲ့အချိန်မှာ တကယ့်ရုပ်ထုလို့ ထင်ရပေမဲ့ ဘယ်လိုပဲကြည့်ကြည့် ကြောက်ဖို့ကောင်းတယ်။ နွေရာသီကြီးမှာ ငါ့ရဲ့ကိုယ်ပေါ်ကို စောင်တွေ အထပ်ထပ် ခြုံထားရတယ်။ ငါ ဒါတောင်မှ ချမ်းပြီး တုန်နေတုန်းပဲ]
[သွေးက နှလုံးသားထဲအထိ စီးသွားလို့ အကြောက်လွန်သွားတာ ဖြစ်မယ်။ ဒါက သက်ရှိတွေရဲ့ ရှင်သန်လိုစိတ်ဆန္ဒပဲလေ။ သွေးက မစီးတော့ဘူး။ အဲဒီအချိန်မှာ လက်တွေ၊ခြေတွေက အေးလာလိမ့်တယ်။ ငါ ရိုးရိုးသားသား ပြောရရင် ငါ ဒီအမှန်တရားကို သိနေရင်တောင်မှ သေအောင် ကြောက်နေတုန်းပဲ။ ငါ ခါးခါးသီးသီး ပြုံးနေမိတယ်။ ဘယ်သူကမှ ဒီလိုဒဏ်ကို မခံနိုင်လောက်ဘူး]
81 02
[ဒါရိုက်တာရဲ့လက်ထောက်အကြောင်း ဘယ်သူမှ ဘာမှ မပြောကြဘူးလား။ သူလည်း တအားချောတာနော်။ ငါ အရင်က သူ့ကို သတိမထားမိဘူး။ ဒါက တော်တော်လေး ထူးဆန်းတယ်။ အဲဒီမှာ လူအုပ်လိုက် ရပ်နေပေမဲ့လည်း သူက ပတ်ဝန်းကျင်နဲ့ တသားတည်းဖြစ်ပြီး အရိပ်ထဲ ဝင်ရောက်ပျောက်ကွယ် နေသလို။ ငါ သူ့ရဲ့တည်ရှိမှုကိုတောင် သတိမထားမိတာ။ သူက အနောက်က ထွက်ပြီး အခုလို ယန်ကောကို လာကယ်လိုက်တာမှ ဘုရားရေ သောက်ကျိုးနည်း ငါ့ရဲ့နားတွေတောင် ထုံထိုင်းတက်သွားတယ်လို့ ခံစားလိုက်ရတယ်]
[ငါ ယန်ကောကြောင့် သူ့ကို အစပိုင်းကတည်းက သတိထားမိတယ်။ ယန်ကောက သူ့ကို တော်တော်လေး သဘောမကျတဲ့ပုံပဲ။ သူတို့ကားထဲမှာ ဆက်တိုက် ငြင်းခုံနေကြတယ်။ အဲဒီအချိန်မှာ ငါ အံ့ဩနေသေးတာ။ ဒါက ဒါရိုက်တာလက်ထောက် ထိုင်ရမဲ့နေရာက တအားမြင့်လွန်းနေတာ မဟုတ်လား။ သူ့ရဲ့မျက်နှာကို မမြင်ရဘူး ဆိုရင်တောင်မှ သူ့ရဲ့ခန္ဓာကိုယ် ကြွက်သားကြောင့် ဘုရားရေ ဘယ်လိုပဲ ကြည့်ကြည့် သူက သာမာန်လူ မဟုတ်နိုင်ဘူး]
[အား အား အား ယန်ကောကလည်း တအားချောတယ်နော် တအားချောတာပဲ ဝိုး ငါဘဝမှာ နောင်တ မရဆုံးကိစ္စက အုတ်ဂျုံဖြစ်လာတာပဲ။ ယန်ကောက တအားလန်းပြီး ဆွဲဆောင်မှုရှိတာ။ အခု ယန်ကော တုတ်ချောင်းရှည်ကြီးကိုင်ပြီး ရုပ်ထုဆီ ခုန်ဝင်သွားတဲ့ အခန်းကို မြင်လိုက်လား။ ငါ စခရင်ရှုတောင် ရိုက်ထားသေးတယ်။ ဒီအခန်းက တအားလန်းတယ်။ ပုံရဲ့တစ်ဖက်ခြမ်းမှာဆို အရပ်ရှည်ရှည်နဲ့ ခက်ထန်နေတဲ့ အဲဒီနတ်ဘုရားရုပ်ထုကြီး ရှိတယ်။ အခြားတစ်ဖက်ခြမ်းမှာတော့ အပြေးအလွှား ခုန်ဝင်လာတဲ့ တိုက်ခိုက်လိုစိတ် အပြည့်နဲ့ လူငယ်လေး။ သူက ရုပ်ထုနဲ့ယှဉ်ရင် လူက အရမ်းသေးတယ်။ ဒါပေမဲ့ သူက အခြားတစ်ဖမ်းခြမ်းကိုတောင် လွှမ်းမိုးနိုင်စွမ်းရည် ရှိသေးတယ်။ နောက်ပြီး ကြောင်တောင်တောင် folkပန်းချီတွေလိုတောင် ဖြစ်နေသေးတယ်။ ဘေးဘက်က နံရံဆေးရေး ရုပ်ထုတွေ အဝိုင်းခံနေရတဲ့ မြင်ကွင်းက ထပ်ပံ့ပိုးပေးထားတယ်။ လှုပ်ရှားမှုတစ်ခုချင်းစီက အလင်းနဲ့အမှောင် ကွဲပြားနေသလိုပဲ။ ပေါ့ပေါ့ပါးပါးလည်း ဖြစ်သလို ဆွဲဆောင်မှုလည်း ပြင်းသည်။ အားလည်း အတော်လေးပါတယ်။ တော်တော်လေးကို အံ့ဩဖို့ကောင်းတယ်။ ယန်ကော ငါ့ကို သတ်သွားပါတော့။ ငါ ဂိမ်းထဲက CG effectတစ်ခုလို့တောင် ခံစားနေရတယ်။ ငါက ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းကို ပြလိုက်တော့ ငါ့ကို ဘယ်ဂိမ်းကုမ္ပဏီက ဂိမ်းအသစ်ရဲ့ ထရေလာလဲလို့တောင် လာမေးနေတာ။ သူမက စိတ်ရှုပ်နေပြီးတော့ ဆော့ချင်နေပြီတဲ့။ ဟား ဟား ဒါက ဘာဂိမ်းမှကို မဟုတ်ဘူး။ ဒီအတိုင်း ငါရဲ့အိုင်ဒေါလ်အသစ် ယန်ကောပဲ ဟွန့်]
[အား အား အပေါ်ကကျဲ င့ါကိုလည်း မျှပါဦး။ ငါလည်း လိုချင်တယ်လေ။ ငါလည်း အဲဒီအခန်းကို မြင်လိုက်တယ်။ ငါ အရမ်းအံ့ဩလွန်းလို့ စကားတောင် မပြောနိုင်ဘူး။ ငါ အစကတော့ သူ့ရဲ့လမ်းမှာ နတ်ဘုရားက လာပိတ်ရင် နတ်ဘုရားကိုတောင် သတ်မယ်လို့ ပြောလိုက်တဲ့စကားအပေါ် အထင်သေးမိသွားတာ။ သူက ဗုဒ္ဓကသာ သူ့ရဲ့လမ်းကို လာပိတ်ရင် ဗုဒ္ဓကိုတောင် သတ်မဲ့ပုံစံပဲ။ ငါကတော့ သူ တအားရူးလွန်းနေတယ်လို့ ထင်တယ်။ လူတွေက ပိုပြီး နိမ့်နိမ့်ချချနဲ့ သိုသိုသိပ်သိပ် နေသင့်တယ်။ ပိုပြီးတော့ စဉ်းစားဆင်ခြင် ပေးသင့်တယ်။ ယန်ကောက ငါ့ရဲ့ကိစ္စတွေကို စဉ်းစားဆင်ခြင်ပြီး လုပ်ဆောင်တဲ့ ဟန်ချက်တိုင်းကို အမှန်တကယ် ဖျက်ဆီးလိုက်တာပဲ။ ငါ စိတ်လှုပ်ရှားလွန်းလို့ မျက်လုံးထဲမှာတောင် မျက်ရည် ပြည့်လာပြီ။ ငါ လက်သီးကို ကျစ်ကျစ် ဆုပ်ကိုင်ပြီး ယန်ကောအတွက် အော်ဟစ်အားပေးနေခဲ့တာ။ ငါ လွန်ခဲ့တဲ့ ဆယ်နှစ်က ကောလိပ်က နေရက်တွေကို ပြန်ရောက်သွားခဲ့သလိုပဲ။ အဲဒီအချိန်ကဆိုရင် ငါ ဘာမဆို လုပ်ရဲတယ်၊ ကိုင်ရဲတယ်။ ဘာမဆို သတ္တိရှိတယ်။ ဘာကိုမှ မကြောက်ဘူး။ ဒါပေမဲ့ အခုတော့ ဘဝရဲ့ ပုံသွင်းမှုကို ခံလိုက်ရပြီလေ။ ဒါပေမဲ့ ငါ အုတ်ဂျုံဖြစ်လာရတဲ့အတွက် တကယ်ကို နောင်တမရဘူး။ ငါ ဘယ်တုန်းကမှ စတားတွေရဲ့နောက်ကို မလိုက်ပါဘူး။ ဒါပေမဲ့ ယန်ကောကတော့ တကယ်ကို စတားတစ်ယောက်ပဲ။ သူက ငါ့ကို ရှေ့ဆက်တိုးဖို့ အင်အားတွေပေးတယ်။ အကန့်အသတ်တွေကို ချိုးဖျက်နိုင်စွမ်းရည် ရှိလာစေတယ်။ ငါ့ကိုယ်ငါအတွက်ပဲ ရှင်သန်ချင်စိတ် ပေါက်လာစေတယ်။ ရုတ်တရက် ငါက ဘဝအတွက် ထပ်ပြီး တိုက်ခိုက်ချင်စိတ် ဖြစ်လာစေတယ်။ ယန်ကောကသာ နတ်ဘုရားတွေကို သတ်ရဲသေးတာ။ ငါက ဘာလို့ ဒီခေါင်းဆောင်ငယ်လေး တစ်ယောက်က ဘာကို ကြောက်နေရမှာလဲ။ ဟုတ်တယ်မလား ရှေ့ ရှေ့ကို ဆက်သွားကြရအောင်]
[အပေါ်က ကျဲကျဲရေ လာစမ်းပါ ကြိုးစားထား။ ဘာလို့ အပြင်လူတစ်ယောက် ခရီးသွားရသစုံရှိုးထဲကို ရောက်လာပြီး ဒီလိုခရီးသွားရသစုံရှိုးက ထိတ်လန့်သဲဖို တိုက်ရိုက်ထုတ်လွှင့်မှု အခန်း ဖြစ်သွားသလဲ မသိပေမဲ့လည်း ဒါက အရေးမကြီးတော့ဘူးလေ။ အပနှင်နိုင်တဲ့ အိုင်ဒေါလ်က ဆရာကောင်းတွေ မဟုတ်ဘူးလို့ ဘယ်သူပြောလဲ။ အခုလိုမျိုး အိုင်ဒေါလ်ကောင်းတစ်ယောက်ကို ရရှိထားတာက ငါ့ကို ကောင်းမွန်တဲ့ဘဝမှာ နေထိုင်နိုင်အောင် လမ်းညွှန် ပြသပေးနေခဲ့သလို ဒါကို ကြည့်ပြီး စိတ်လှုပ်ရှားလွန်းလို့ အုတ်ဂျုံတွေထဲကို ဝင်ချင်သွားတယ်]
တိုက်ခိုက်ရေးဌာနက ခေါင်းဆောင် ယွီဟယ်ကွမ်က ရူးသွပ်စွာ စိတ်ဓာတ်ကျနေသည်။
ငါ အစက စာပေဌာနအတွက် စာရင်းသွင်းထားတာပါ။ ဘာလို့ ရုတ်တရက်ကြီး တိတ်ဆိတ်ငြိမ်သက်တဲ့ ဝန်းကျင်တွေကို သဘောကျမိသွားတာလဲ။ ငါ စာပေကိုပဲ သဘောကျ နှစ်သက်သင့်တယ်။
81 03
ဘေးခန်းမှ အစစ်အမှန် စာပေဌာနမှ ခေါင်းဆောင် ..
ဟင် တိုက်ခိုက်ရေးဌာနက ခေါင်းဆောင်က ငါ့ကို သဘောကျနေတယ်လို့ ငါ ကြားလိုက်သလိုပဲ။
ထန်ဓားကို ကိုင်ပြီး မျက်နှာမှ သွေးများကို သုတ်နေသော ယန်ကောက ရူးသွပ်စွာ ပြုံးနေသည်_ _ _ငါက မိတ်ဆွေမဖွဲ့ဘူး။ စာပေဌာနက ခေါင်းဆောင်က ဒီအတိုင်း တိုက်ခိုက်ချင်တာတဲ့ နားလည်လား။
သို့သော် သူသည် တိုက်ပွဲနယ်မြေတွင် ယွီဟယ်ကွမ်းကို မြင်လိုက်ရပြီးနောက်
******