Ch 82
Viewers 6k

82 01

အပိုင်း(၈၂)

 

[ငါ အရမ်းရယ်နေမိတဲ့ အခြားတစ်ယောက်ရဲ့ အိုင်ဒေါလ် မတ်တပ်.. ငါ့ရဲ့ကောကလေ သီချင်းလည်း ဆိုတတ်တယ်။ က လည်း က တတ်တယ်။ ကောင်းကောင်းလည်း သရုပ်ဆောင်တတ်တာ။ လက်မှတ်လည်း ကောင်းကောင်း ထိုးနိုင်တာ။ ငါ့ရဲ့မိသားစုက အိုင်ဒေါလ်ကတော့.. သရဲနှင်နိုင်တယ်။ သရဲဖမ်းနိုင်တယ်။ သူက ဘဝနည်းပြလည်း လုပ်တယ်]

 

[အား ဒီလိုလား ငါ စတားနောက်ကို လိုက်တဲ့သူတွေကို မြင်ဖူးသမျှထဲမှာ တော်တော်လေးကို လွန်ကျူးလွန်းတဲ့ အကြောင်းပြချက်မျိုးပဲ။ ဒါပေမဲ့ ထားလိုက်ပါတော့_ _ _ သရဲတွေ၊ နတ်ဘုရားရုပ်ထုတွေတောင် လှုပ်ရှားနိုင်သေးတာ။ ဒီထပ်ပိုပြီး ချဲ့ကားလွန်ကဲလွန်းတာ ရှိပါဦးမလား]

 

[ဝူး ဝူး ဝူး ဝူး  နောက်ဆုံးတော့ ကွန့်မန့်တွေ ပို့လို့ရသွားပြီပေါ့။ ဒီကလေးလေးက ကြောက်လို့ သေတော့မယ်။ ယန်ကော အဓိကခန်းမထဲမှာ ရှိနေတဲ့အချိန်မှာ ဖန်သားပြင်တစ်ခုလုံးက ရှင်းလင်းပြီး ကွန့်မန့်တစ်ခုကတောင်မှ ငါ့ရဲ့ခန္ဓာကိုယ်ကို မကာကွယ် ထားဘူးလေ။ ငါ ကြောက်လွန်းလို့ စိတ်တောင် လွှတ်ထုတ်သွားတော့မလို့ ခံစားနေရတယ်။ ငါ ဒီဖန်သားပြင်ကနေ ထွက်လိုက်ချင်တယ်။ ဒါပေမယ့် မလှုပ်နိုင်ဘဲ ကြောက်လန့်နေမိသေးတယ်။ အခု နင်တို့တွေ ကွန့်မန့်တွေ တင်တော့မှပဲ ငါ နောက်ဆုံးတော့ လူတွေ ရှိတယ်ဆိုတဲ့ ခံစားချက်ကို ပြန်ရသွားတယ်။ နောက်ဆုံးမှပဲ ငါ စိတ်အေးသွားတော့တယ်]

 

[အဟမ်း နင် ငါတို့ကို မကြောက်ဘူးလို့ ထင်လို့လား။ ငါ တို့ ကြောက်လွန်းလို့ ကွန့်မန့်ပို့ဖို့ အချိန်မရှိတော့တာလို့ မထင်ဘူးလား။ ငါတို့ အော်ဟစ်ရင်း အလုပ်များနေတာလေ။ ဘေးအိမ်က ကောတောင်မှ အိမ်ရှေ့တံခါးကို လာခေါက်ပြီး ယဉ်ယဉ်ကျေးကျေး အကူအညီလိုသလားလို့ လာမေးသွားသေးတယ်။ သူက ငါ့ရဲ့အော်သံကို ကြားသွားတာတဲ့။ ငါ ရသစုံရှိုး ကြည့်နေတဲ့အကြောင်း သူ့ကို မပြောရဲဘူး။ အဲဒီလိုမှမဟုတ်ပဲ သူ့ကို ခရီးသွားရသစုံရှိုးလို့ပဲ ပြောရမလား။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါက လူမှုအသိုင်းအဝိုင်းထဲမှာ ခြောက်ခြားစေလောက်တဲ့ အခန်းမျိုးလေ။ ဒီလောက်ညနက်နေမှ အခြားသူတွေကို နှောက်ယှက်ပေးသလို ဖြစ်နေတယ်။ငါ ရှက်လွန်းလို့ မြေကြီးထဲမှာ ကွဲအက်ရာတစ်ခုရှာပြီး ခုန်ဝင်တိုးလိုက်ချင်တာပဲ]

 

[လတ်စသတ်တော့ နင် ဖြစ်နေတာကိုး။ ဘေးအိမ်က ကောင်မလေး။ ငါက မင်းရဲ့ဘေးအိမ်ကလေ။ အမှန်တိုင်းပြောရရင် ငါက ဒီရှိုးကြောင့် ကြောက်နေတာ။ ငါ ကြောက်နေတဲ့အချိန်မှာပဲ နံရံဘက်က လာတဲ့ အော်သံကြီးကို ကြားလိုက်ရတယ်။ ငါ့ရဲ့အိမ်တောင်မှ သရဲခြောက်နေပြီ ထင်တာ]

 

[အား အား အား စိတ်မရှိပါနဲ့ ကျဲတို့ မားစ်ဂြိုလ်ပေါ်မှာပဲ ပြန်တွေ့ကြမယ်]

 

[ရယ်ရတယ်။ ဘေးအိမ်ကကောင်က အကြောင်းအရာ နားမလည်တဲ့ အဖြောင့်ကောင် ဖြစ်လောက်တယ်။ သူက သေနေပြီလို့ ထင်မှ လူလုံးထွက်ပြလာမဲ့ လူမျိုးပဲ။ ကြည့်ရတာ ငါ့ရဲ့အပေါ်က ကျဲတွေက ညတွင်းချင်း အထုပ်အပိုးတွေ သယ်ပြီး မားဂြိုလ်ပေါ် တက်တော့မယ်တဲ့။ ကံကောင်းပါစေနော် ကျဲကျဲတို့ အော်ဟစ်အားပေး နေမယ်]

 

[ငါက အန်တိုနီရဲ့ အခွဲဖန်သားပြင် တိုက်ရိုက်ထုတ်လွှင့်မှုကနေ ပြန်လာတာလေ။ အဲဒီမတိုင်ခင်အထိ ကြွက်တွေအများကြီးက အန်းနန်ယွမ်တို့အနောက်ကို လိုက်နေတာကို မြင်ခဲ့ရတယ်။ ဧည့်သည် တစ်ယောက်တောင် ဒဏ်ရာရသွားတာ။ ဟုတ်သားပဲ အဓိကခန်းမရဲ့ မျက်နှာကျက်ပေါ်မှာ ဆွဲထားတဲ့ တိရစ္ဆာန်ကြီးနဲ့ တူနေသလိုပဲ။ ငါလည်း တော်တော်လေးကို စိတ်ဓာတ်ကျသွားပြီး သေတော့မယ်လို့ ထင်နေခဲ့တဲ့အချိန်မှာ အဲဒီကြွက်က ရုတ်တရက် ထွက်ပြေးသွားတယ်။ အဲဒီနောက် အဲဒီကြွက်တွေက ဦးတည်ရာဘက် တစ်ခုတည်းကို ပြေးသွားကြတာပဲ။ တိုက်တိုက်ဆိုင်ဆိုင်နဲ့ အဲဒီအချိန်မှာ ယန်ကောက အဓိကခန်းမထဲမှာ ရုပ်ထုကြီးကို သတ်လိုက်တာ မဟုတ်လား။ ယန်ကော တအားတော်တာပဲ။ ယန်ကောက တစ်ခါတည်းနဲ့ ပြဿနာကို အမြစ်ကနေ ဆွဲထုတ်လိုက်တာ]

 

[ဘယ်လိုကြွက်က အန်းနန်ယွမ်နောက်ကို လိုက်တာလဲ။ ငါ မသိလိုက်ဘူး။ ငါ အန်တိုနီကို မကြိုက်လို့ အဲဒီဖန်သားပြင်အခွဲကို ပိတ်ထားတာလေ။ ဒါကြောင့် သူ စထုတ်လွှင့်နေတာတောင် မသိလိုက်ဘူး။ ငါ ဘာတွေလွတ်သွားတာလဲ။ စိတ်ရှုပ်လိုက်တာ]

82 02

[ဖာ့ခ် နင်ကရော တကယ်ပဲ ဒီမှာ ဘာလုပ်လိုက်တာ။ ငါက အန်တိုနီဘက်ကနေ လာကာစလေ။ အန်တိုနီက တကယ်ရူးနေတာ။ ဧည့်သည်တွေနောက်ကို ကြွက်ကြီးတွေလိုက်သွားတဲ့ အခန်းကို တွေ့လိုက်တယ်။ သူက ကြောင်တော်တောင် ပုံစံမျိုးနဲ့တောင် ဧည့်သည်တွေကို ကျိန်ဆဲနေသေးတယ်။ အစကတော့ ဧည့်သည်တွေကို ဒီလိုအခြေအနေရောက်အောင် အတင်းတွန်းအားပေးခံရတယ် ထင်နေတာ။ ဒါပေမဲ့ အန်တိုနီဘက်ကနေ ကြည့်ရင် သူတို့ပုန်းနေတဲ့နေရာတွေကို ကြွက်တွေက ရှာတွေ့တယ်လေ။ ဒါကြောင့် အဲဒီနေရာကို တိုက်ရိုက်ဖောက်ဝင်သွားတာပဲ။ ဧည့်သည်တွေက တော်တော်လေးကို စိတ်ဓာတ်ကျနေကြတာ။ ပိုင်ရွှမ်းနာမည်နဲ့တစ်ယောက်ဆိုရင် ငိုတောင်ငိုနေတယ်။  အဲဒီအချိန်မှာ ကြွက်က ရုတ်တရက်တစ်စုံတစ်ရာကို ကြားပြီး ရပ်သွားတာပဲ။ အဲဒီနောက် အနောက်ကိုလှည့်ပြီး ပြေးသွားတယ်။ ဧည့်သည်တွေက ကံကောင်းစွာနဲ့ လွတ်သွားတယ်။ ငါတို့ကြည့်ရှုသူတွေက ဧည့်သည်တွေအစား ပျော်နေမိတာလေ။ ဘာတွေဖြစ်သွားသလဲလို့ သိချင်မိတာ။ အဲဒီနောက် ကြည့်ရှုသူတွေက ယန်ကောက တစ်ခုခုလုပ်လိုက်တယ်လို့ ပြောတယ်။ အား ငါလာတဲ့အချိန်မှာပဲ အဲ့ဒါက တကယ်ပဲလား]

 

[ကွေ့တောင်စံအိမ်က တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခဲ့ဖူးကြတဲ့ ကြည့်ရှုသူအဟောင်းက မမျှော်လင့်ထားစွာဘဲ ယန်ရှစ်ရွှမ်းကို ကောင်းကောင်း သိနေတယ်လေ။ အား ဟုတ်သားပဲ ယန်ကောပေါ့ ယန်ကောက တအားတော်တာ။ ငါ ဒီနေ့က စတင်ပြီး ယန်ကောက ငါ့ရဲ့အစ်ကိုအရင်းလို့ ကြေငြာတယ်]

 

[အာ အခြားဧည့်သည်တွေ ဘာဖြစ်သွားသေးလဲ။ ငါကလည်း ယန်ကောရဲ့ဖန်သားပြင်အခွဲကိုပဲ ကြည့်နေတာဆိုတော့ အခြားသူတွေ ဘာဖြစ်သွားလဲ မသိလိုက်ဘူး။ ငါ အခု ပြန်သွားကြည့်လိုက်မယ်။

 

ကြည့်ရှုသူများက ကွန့်မန့်များ၏ အနေအထားအရ အခြေအနေများကို အကြမ်းဖျဉ်း နားလည်သွားကြသည်။ ကြည့်ရှုသူ အများစုက ယန်ရှစ်ရွှမ်းနှင့် အခြားသော ဧည့်သည်များ၏ အခြေအနေကို သိသွားကြပြီး ချက်ချင်းဆိုသလိုပင် ဖန်သားပြင်ပြောင်း၍ ကြည့်ကြသည်။

 

ယန်ရှစ်ရွှမ်းကိုယ်တိုင်ကမူ သူ၏တိုက်ရိုက်ထုတ်လွှင့်မှုကို မေ့နေလောက်သည်။ သူကမူ တစ်စုံတစ်ရာကို အပြည့်အဝ အာရုံစိုက်ထားသည်။ သူ၏ အာရုံစိုက်ရာက လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေကြသည့် အနီရောင်သရဲများ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများက အလွန်တင်းကြပ်နေပြီး အချိန်မရွေး တိုက်ပွဲအတွင်း ဝင်ရန် ပြင်ဆင်ထားသည်။

 

သည်းထန်လွန်းသော မိုးထဲတွင် နှစ်ဖက်က တိတ်တဆိတ် မျက်နှာချင်း ဆိုင်နေကြသည်။

 

မည်သူကမှ စိတ်လှုပ်ရှားသည့် လက္ခဏာမပြကြချေ။

 

အချိန်အတန်ကြာပြီးနောက် ထိုအနက်ရောင်သရဲများက ယန်ရှစ်ရွှမ်းကို စိတ်ဝင်စားမှု‌ ပျောက်ဆုံးသွားပုံ ပေါ်သည်။ သူတို့၏အကြည့်ကို တဖြည်းဖြည်းချင်း ခန်းမ၏အနက်ရှိုင်းဆုံးအပိုင်းသို့ ပြောင်းလိုက်ကြ၏။ သူတို့ကြည့်သော ထောင့်က အပေါ်သို့ မြင့်သွားသည်မှာ အထက်သို့ မော့ကြည့်ပုံရသည်။ ယန်ရှစ်ရွှမ်းက မျက်မှောင်ကြုတ်လိုက်ပြီး သူက ခန့်မှန်းချက်တစ်ခု ရလိုက်သည်။

 

ယခုလေးတင် ပေါ်လာခဲ့သော စာခြောက်ရုပ်ကလည်း ‘တောင်နတ်ဘုရား၏ စတေးခံ’ နှင့် “တောင်နတ်ဘုရား၏ မွေးနေ့” စသဖြင့်ကို ရွတ်နေခဲ့သည်။ ကြည့်ရသည်မှာ တောင်ဂူဘုရားကျောင်းအတွင်း ဒီရက်များက နေ့ကြီးရက်ကြီး ဖြစ်နိုင်သည်။

 

သာမာန်တောင်ဂူဘုရားကျောင်း၊ တောင်ဘုရားပွဲ၊ နတ်ဘုရားကို လာရောက်ဖူးမျှော်ခြင်း၊ ကောင်းချီးပေးသွားသည် စသဖြင့် ပွဲအမျိုးမျိုးကို ကျင်းပလေ့ရှိသောအခါ ပတ်ဝန်းကျင် ရွာသားများက သူတို့၏ကလေးများကို ခေါ်သွားကာ လာရောက် ဆင်နွှဲကြသည်။ မြင်ကွင်းက အလွန်စည်ကားပေလိမ့်မည်။ သို့ရာတွင် ထိုအချိန်တွင်မူ တောင်ဂူဘုရားကျောင်းထဲတွင် အကိုးကွယ်ခံ၊ အပူဇော်ခံနေသည်မှာ ဖြောင့်မတ်မှန်ကန်သော နတ်ဘုရား မဟုတ်‌ချေ။

 

ဒါဆိုရင် သူ့ကိုလာပြီး ပူဇော်ပသတဲ့လူတွေက ဘယ်လိုလူမျိုးတွေ ဖြစ်မှာလဲ။

 

ဒါက သရဲတွေ ဥပမာ စာခြောက်ရုပ်လို ဒါမှမဟုတ် ဆိုးယုတ်တဲ့ အရာတွေလိုပေါ့။

 

ထိုနည်းအတိုင်း စဉ်းစားကြည့်သော် တောင်နတ်ဘုရား၏ စတေးခြင်းပွဲကို လာရောက်ပါဝင်ခြင်း ဖြစ်နိုင်သည်။ သူတို့က ဒီနေရာကို စတေးခံအဖြစ် လာရောက်ကြကတည်းက စတေးခံ မရောက်ခင် အချိန်အထိ မည်သည့်တုန့်ပြန်မှုကိုမှ ပြကြလိမ့်မည် မဟုတ်‌ချေ။

 

သူ၏ခန့်မှန်းချက်ကို အတည်ပြုရန်အလို့ငှာ ယန်ရှစ်ရွှမ်းက အသာကုန်း၍ ဆောင့်ကြောင့်ထိုင်လိုက်ပြီး မြေပြင်ပေါ်မှ ကျောက်စရစ်ခဲတစ်ခုကို ကောက်၍ ထိုအနီရောင်သရဲများထံ ပစ်လွှတ်လိုက်သည်။

 

ကျောက်စရစ်ခဲက သရဲများ၏ ဖောက်ထွင်းမြင်ရမတတ် ကြည်လင်နေသော ကိုယ်ကို ကျော်ြဖတ်ပြီး မြေပြင်တွင် နှစ်ကြိမ်ခန့် ခုန်သွားကာ အဝေးသို့ ကျသွားသည်။

 

သို့သော် ထိုသရဲများကမူ မည်သည့်ခံစားချက်မှ ရှိပုံမရပဲ တု့န်ပြန်မှုကင်းမဲ့စွာ ထိုနေရာတွင်သာ ရပ်နေကြသည်။ ထို့နောက် သူတို့၏ ဟောင်းလောင်းပေါက် ဖြစ်နေသော အနက်ရောင်မျက်ဝန်းတစ်စုံနှင့်သာ ခန်းမ၏အတွင်းပိုင်းသို့ စိုက်ကြည့် နေကြလေသည်။

82 03

တကယ်ကိုပဲ _ _ _

 

ခန့်မှန်းမှုက မှန်ကန်ကြောင်း သေချာသွားသည့် ယန်ရှစ်ရွှမ်းက ကြွက်သားများကို အသာဖြေလျော့လိုက်ပြီး သရဲများ ကြည့်ရာဘက်သို့ လှည့်ကြည့်လိုက်သည်။ သူတို့ ကြည့်နေသည့် အရာကို သူလည်း ကြည့်ချင်သည်။

 

သူတို့ရဲ့ ရင်ထဲက တောင်နတ်ဘုရားလား။

 

သို့သော် ယန်ရှစ်ရွှမ်းဟာလည်း ထိုသရဲများ ကြည့်နေသော နေရာက အဓိကခန်းမ၏ မျက်နှာကျက် ဖြစ်နေကြောင်း သိလိုက်သည်။

 

ထိုအခါ မူလက မျက်နှာကျက်တွင် ဆေးခြယ်ထားသော ရုပ်ထုကြီး၏ အောက်တည့်တည့်တွင် ရှိသည့် ရွှေရောင်နတ်ဘုရားရုပ်ထုကြီးက မြေပြင်သို့ ပြုတ်ကျနေပြီး အဓိကခန်းမကြီးအား အရှုပ်အထွေး အပျက်အစီးပုံအဖြစ် ပြောင်းလဲထားသည်။ မျက်နှာကျက်ကြီးတွင် ရှိနေသော ကြီးမားသည့် တိရစ္ဆာန်ကမူ _ _ _

 

ရုတ်တရက် မည်သည့်အချိန်ကမှန်းပင်မသိ ပျောက်ကွယ်သွားသည်။ ထိုနေရာဟာ ရှင်းလင်းသော စင်ကြီးတစ်ခုကသာ ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် အလွန်အမင်း ရယ်ရ၏။

 

ဟင်

 

ယန်ရှစ်ရွှမ်းက မျက်မှောင်ကြုတ်လိုက်၏။

 

ဒါဆိုရင် အဲဒီသားရဲက အဲဒီနတ်ရုပ်ထုကို လမ်းညွှန်ပေးနိုင်စွမ်း မရှိတော့လို့ အဓိကခန်းမက ဖုန်တွေ ပြည့်နှက်နေပြီး ဘာကိုမှ မမြင်ရတော့တဲ့အချိန်မှ ထွက်ပြေးသွားတာလား။

 

သူက ရွံရှာသလို ကျွတ်စ်ကနဲ့ အသံပြုလိုက်သည်။

 

“မိစ္ဆာနတ်ဆိုးက အရေခွံအတုကို ဝတ်ဆင်ထားတဲ့ အချိန်မှာတောင် အစစ်အမှန်နတ်ဘုရား မဖြစ်နိုင်တာ။ အခုလို ထွက်ပြေးသွားသေးတော့ ကျောရိုးမဲ့တဲ့ သတ္တဝါ ဖြစ်သွားပြီပေါ့”

 

ယန်ရှစ်ရွှမ်းက နှာခေါင်းရှုံ့လိုက်သည်။ သူ၏မျက်လုံးထဲမှ လှောင်ပြောင်မှုနှင့်အတူ အဓိကခန်းမထဲသို့ တိုက်ရိုက်ဝင်လိုက်ပြီး ရွှေသားရုပ်ထုကြီး အနောက်ဘက်နေရာသို့ သွားသည်။

 

ပန်းချီထဲတွင် ရှိသော ပုံရိပ်များ အားလုံးက ထွက်ပြေးသွားကြသည်။ အိမ်များက သူတို့၏ တံခါးများ၊ ပြတင်းပေါက်များကို ပိတ်ထားကြသည်။ ကြည့်ရသည်မှာ သူတို့သည်လည်း ရုပ်ထုမြေပြင်သို့ ကျသွားသော မြင်ကွင်းကြောင့် ပုန်းအောင်းနေပုံ ရသည်။

 

ထိုပန်းချီထဲမှ အမျိုးသမီးလေးတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ သူမက ယန်ရှစ်ရွှမ်းကို စိုးရိမ်တကြီးဖြင့် ဟန်အမူအယာ ပြသနေခဲ့၏။ ထို့နောက် သူကလျှောက်သော ခြေလှမ်းအတိုင်း ပန်းချီရုပ်ထုအနှံ့ ပြေးလိုက်လာပြီး သူ၏အာရုံကို ဆွဲဆောင်ရန် ကြိုးစားသည်။

 

ယန်ရှစ်ရွှမ်းကလည်း တစ်စုံတစ်ရာကို သတိထားမိလိုက်သည့်အတွက် ခေါင်းကို သတိလက်လွတ် လှည့်ကြည့်လိုက်သောအခါ ထိုအမျိုးသမီးနှင့် မျက်လုံးချင်း ဆုံသွားသည်။ သူသည် တခဏခန့် ကြောင်သွားသည်။

 

ထို့နောက် အမျိုးသမီးသည် အရှေ့ဘက်သို့ ညွှန်ပြရင်း တစ်စုံတစ်ရာကို အချက်ပြ လိုနေသည်။ သူ့အား တစ်နေရာသို့ သွားစေလိုသည်။

 

ယန်ရှစ်ရွှမ်းက သူမညွှန်ပြနေသော နေရာဘက်သို့ ကြည့်လိုက်ပြီးနောက် ဒါဟာ အရင်ရုပ်ထုကြီးရှိသော နေရာဖြစ်ကြောင်း သိလိုက်သည်။

 

ရွှေသားရုပ်ထုကြီးက အရှေ့ဘက်သို့ မောက်ယက်လဲကျသွားပြီးနောက်  အနောက်ဘက်ရှိ နေရာက ပေါ်ထွက်လာသည်။

 

ထို့နောက် ယန်ရှစ်ရွှမ်းကို ကျောပေးလျက် စင်ပေါ်မှ ကျနေသော မီးခိုးရောင် သစ်သားရုပ်ထုကြီးကို မြင်လိုက်ရသည်။ ရွှေရောင်ရုပ်ထုကြီးကဲ့သို့ ခေတ်သစ်ပုံစံနှင့် သံချပ်ကာ ဝတ်ဆင်ထားပြီး ကြွက်သားများ တောင့်တင်းမှုအပြည့်နဲ့ ထက်ရှသည့် လက်နက်များကို ကိုင်ဆောင်ထားသော ရုပ်ထုကြီးနှင့် မတူသည်မှာ ထိုသစ်သားရုပ်ထုလေးသည် အလွန်ငြိမ်းချမ်းသော ပုံသဏ္ဍာန်မျိုး ဖြစ်နေသေးသည်။ သူ၏နောက်ကျောမြင်ကွင်းကပင် လူအများကို စိတ်အေးစေနိုင်၏။ မည်သည့်အချွန်အတက်မှ မရှိပဲ လုံးဝန်းသော လိုင်းကြောင်းများက စီးဆင်းနေသော ရေများအလား ချောမွေ့လွန်းနေသည်မှာ ငြိမ်းချမ်းသော ချစ်ခြင်းတရားကို ဖော်ထုတ် ပြသနေပြီး အသက်စွမ်းအင် အပြည့်ဖြင့် အားဖြည့်ခံရရင်း စီးဆင်းခံနေရသော ရေအရင်းအမြစ်တစ်ခုကဲ့သို့ လူအများအား သက်တောင့်သက်သာရှိစွာ နီးကပ်လာစေလိုသော ခံစားချက်မျိုးကို ပေးစွမ်းသည်။

82 04

ကျောက်တုံးရုပ်ထုကိုယ်တိုင်က အိုဟောင်းကာ ဖုန်တက်နေပြီး မည်သူကမှ ဂရုမစိုက်သည်မှာ ကြာညောင်းနေပုံ ရသော်လည်း ထိုသို့သော ခံစားချက်မျိုးကို ပေးစွမ်းနေသေးသည်။

 

နေဦး ဖုန် ဟုတ်လား။

 

ယန်ရှစ်ရွှမ်းက မျက်မှောင်ကြုတ်လိုက်ပြီး အနားသို့ သွားကြည့်လိုက်သည်။

 

သိသာစွာပင် သူက ခန်းမထဲသို့ စတင်လာရောက်ခဲ့ချိန်က ထိုရုပ်ထုလေးကို ဖုန်သုတ်ပြီး စင်ပေါ်သို့ တင်သွားခြင်း ဖြစ်သည်။

 

နာရီအနည်းငယ်သာ ကြာသည့် ရုပ်ထုလေးက ဖုန်ပြန်တက်သွားသည်။

 

သူက လက်ကိုဆန့်ထုတ်ပြီး ကျနေသည့် ရုပ်ထုလေးကို ကောက်မလိုက်သည်။ ထို့နောက် သူ၏လက်ကပင် လေထဲတွင် တောင့်ခဲသွားသည်။

 

လွန်ခဲ့သော နာရီအနည်းငယ်က ထိုရုပ်ထုလေးသည် အိုဟောင်းနေပြီး လက်မောင်းနှင့် ပုခုံးက ကွဲအက်နေသလို အရာမျိုး ပေါ်ထွက်နေခဲ့ကာ ကိုယ်တွင်လည်း ဖုန်များ၊ ပင့်ကူအိမ်များက ပြည့်နှက်နေခဲ့သည်။ ထို့အပြင် ရုပ်ထုကို အလှဆင်ထားသင့်သည် ထပ်ခါတလဲလဲ ဆွဲထားသော ထွင်းထုမှုများကလည်း မရှိပါချေ။ သို့သော် သစ်သားရုပ်ထု၏ ခြုံငုံပုံစံကမူ ပြီးပြည့်စုံ နေသေးသည်။

 

သို့သော် ယခုမူ ထိုသစ်သားရုပ်ကြီး၏ ဖနောင့်မှ စတင်ပြီး ကွဲအက်ရာများက စပေါ်နေကာ ရုပ်ထု၏ခါးအထိသို့ပင် ရောက်ရှိနေခဲ့သည်။ နောက်ထပ်တစ်ဖန် ထပ်ကျသွားခဲ့ပါက ရုပ်ထုတစ်ခုလုံးက အလယ်မှ နှစ်ခြမ်း ကွဲသွားနိုင်သည်။

 

ယန်ရှစ်ရွှမ်းကပင် ခံစားသွားရသည်။ သူ၏ထိုရုပ်ထုကို ကြည့်သောအကြည့်က တောက်ပ လာသည်။

 

ဆိုတော့ ရွှေရောင်ရုပ်ထုကြီးက သူ့ကိုနောက်က တိုက်ခိုက်ခဲ့တဲ့အချိန်မှာ သူ ကြားခဲ့ရတဲ့အသံက ထင်ယောင်ထင်မှား မဟုတ်ပဲ ဒီရုပ်ထုဟောင်းက စင်ပေါ်က ပြုတ်ကျ သွားခဲ့တာပေါ့။

 

ဟုတ်တယ် သူ့ကို သတိပေးချင်တာလား။ 

 

ယခုအခါ တောင်ဘုရားကျောင်းနဲ့ ပတ်သက်ပြီး ပြဿနာ ထပ်ရှိနေသေးလျှင် ဒါဟာ တည်နေရာ ပျောက်ဆုံးသွားသည့် နတ်ဘုရားကောင်း ဖြစ်နိုင်သည်။ ဆိုးယုတ်သော နတ်က သူ၏ဘုရားကျောင်းကို မောက်မာထောင်လွှားစွာနှင့် သိမ်းယူထားသည်။ ရွှေသားရုပ်ထုကပင် လက်နက်တစ်ခု ဖြစ်လာလေပြီး ထိုဆိုးယုတ်သော နတ်က အမိန့်ပေးနေခဲ့၏။ ဆိုလိုသည်မှာ ထိုနတ်ဘုရား၏ ပလ္လင်ကိုပင် ဆိုးယုတ်သော နတ်က ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

 

ဒါဆိုရင် အရင်ရုပ်ထုဟောင်းက ဒုက္ခရောက်နေတဲ့ တောင်နတ်ဘုရားပေါ့။ အဲဒီလိုနဲ့ ဒီတောင်ရဲ့ မူရင်းပိုင်ရှင်ပေါ့လေ။

 

ဒီအတွက်ကြောင့် သူ့ကို ထပ်ခါတလဲလဲ သတိပေးနေခဲ့တာ။ နောက်ပြီး ပန်းချီကားထဲက ကောင်းမွန်တဲ့စိတ်ဆန္ဒရှိတဲ့ အမျိုးသမီးကလည်း ဒီရုပ်ထုဆီ လာရှာဖို့ အချက်ပြနေခဲ့တာပေါ့။

 

ယန်ရှစ်ရွှမ်းက တဖြည်းဖြည်းချင်း ဒူးထောက်လိုက်သည်။ သူ၏တည်ကြည်သော မျက်နှာနှင့် ရုပ်ထုကို ဂါဝရပြုလိုက်၏။

 

“ယွီရွှန်းက တစ်ခါက ပြောဖူးတယ် ‘တောင်တန်းနဲ့ မြစ်ပြင်တွေကို ကြည့်လိုက်။ ဒါတွေ အားလုံးက နတ်တွေတဲ့။ တောင်နတ်တွေက တောင်တန်းတွေနဲ့ မြစ်တွေပေါ်မှာ မွေးဖွားလာတယ်။ သူတို့က တောင်တွေ၊မြစ်တွေ၊ နွံအိုင်တွေကို ကောင်းချီးပေးပြီး ရာသီဥတု ကောင်းမွန်ဖို့ ဆောင်ကျဉ်းပေးမယ်။ ဆိုးယုတ်တဲ့နတ်တွေ မကျူးကျော်နိုင်အောင် တားဆီးပေးတယ်။ ဒါကြောင့် ကာကွယ်ခြင်း ခံရတဲ့လူတွေက သူတို့ကို လေးစားပြီး ကိုးကွယ်ဆည်းကပ် ပူဇော်ကြတယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိသလိုမျိုးပဲ။ လုပ်ဆောင်မှုတိုင်းမှာ ပြန်လည် အကျိုးသက်ရောက်မှု ရှိတယ်။ ဒါပေမယ့် ဒီနေရာမှာ ဒီလိုကျရှုံးသွားတဲ့အခါ မင်းရဲ့လူတွေကို မကာကွယ်နိုင်တော့ပဲ ရှဲ့ချုံးလို မိစ္ဆာနတ်က ကျူးကျော်တာကို ထိုင်ကြည့်နေရတယ်။ မင်းရဲ့ဘုရားကျောင်းကိုတောင် ရှဲ့ချုံးက သိမ်းပိုက် သွားသေးတယ်”

 

ယန်ရှစ်ရွှမ်းက အသံကို တဖြည်းဖြည်းချင်းစီ တိုးလိုက်ပြီး ရုပ်ထုအား ခပ်တိုးတိုး မေးမြန်းသည်မှာ ရုပ်ထု၏ တုန့်ပြန်မှုကို လိုချင်သည့်အလား ထင်ရသည်။

 

“ဘာဖြစ်ခဲ့တာလဲ။ အဲဒီပန်းချီတွေ၊ စာခြောက်ရုပ်တွေ၊ သရဲတွေ နောက်ပြီး မီးကျွမ်းနေတဲ့အလောင်းတွေ_ _ _ တကယ်ပဲ ရွာသားတွေက ဘာဖြစ်ခဲ့တာလဲ”

 

“ သူတို့ ဘယ်နေရာကို ရောက်သွားတာလဲ။ နောက်ပြီး အဲဒီပန်းချီထဲကလူတွေ ဒါမှမဟုတ် စာခြောက်ရုပ်တွေ၊ သရဲတွေ ဖြစ်သွားတာလား”

 

သိသာစွာပင် မည်သည့်လေကမှ မတိုက်ချေ။ သို့သော် ရုပ်ထုကမူ အသာယမ်းသွားသည်။

82 05

ယန်ရှစ်ရွှမ်းက စိတ်ရှည်ရှည် စောင့်သည်။ သို့သော် မည်သည့် ပြန်ဖြေမှုကိုမှ  မရရှိပါချေ။

 

သူက မျက်လွှာအသာချလိုက်ပြီး သစ်သားရုပ်ထုလေး၏ မျက်နှာပေါ်မှ လုံးဝိုင်းပြီး စိတ်အားထက်သန်မှုကို ကြည့်လိုက်သည်။

 

သူတို့ ယုံကြည်ကိုးကွယ်ပြီး ကျေးဇူးတင်စိတ် အပြည့်ရှိသည့် တောင်နတ်ဘုရားရုပ်ထုကို ထွင်းထုခဲ့ချိန်က ထွင်းထုခဲ့သော လက်မှုပညာရှင်များက မည်သို့သော ချစ်စိတ်၊လေးစားမှု ရှိနေသည်လည်း မပြောတတ်ချေ။ ထိုရုပ်ထု၏ မျက်ခုံးနှင့် မျက်လုံးတို့ကိုပင် အသက်ဝင်လွန်းလောက်အောင် ဂရုတစိုက် ထွင်းထုထားသည်။ အနည်းငယ်ကျနေသော မျက်ခုံးနှင့် မိခင်လို ကြင်နာမှု ပြည့်နှက်နေသော မျက်လုံးများက သိသာထင်ရှားပြီး အသေးစိပ်ကျကာ ကောင်းမွန်လွန်းသည်။

 

တောင်နတ်ဘုရားကိုယ်တိုင်ကပင် အမေ့လျော့ခံရရသည့် အချိန်မျိုးတွင် ရုပ်ထုထဲတွင် အနားယူပြီး သူ၏ပလ္လင် အသိမ်းယူခံရသည့် အချိန်တွင်ပင်၊ သူ့ကိုယုံကြည်သက်ဝင်မှု မရှိကြသည့် အခြေအနေမျိုးတွင်ပင် သူ၏ကလေးများကို ကာကွယ်ရန်အတွက် သူ၏အင်အားများကို ဆက်တိုက် အသုံးပြုနေခဲ့၏။ ထို့ကြောင့် ပြင်ပလူတစ်ယောက်က ရောက်ရှိလာခဲ့သည့်တိုင်အောင် ကာကွယ်ပေးခဲ့သေးသည်။ အကူအညီလိုနေသော လူများကိုလည်း ကူညီပေးပြီး နားခိုရာနေရာတစ်ခုကို ပေးရန်ဆန္ဒ ရှိနေသေးသည်။

 

******