Ch 83
Viewers 6k

83 01

အပိုင်း(၈၃)

 

တောင်နတ်ဘုရားရဲ့ ရုပ်ထုက ကွဲအက်နေတာတောင် သူက တုန့်ဆိုင်းမနေခဲ့ဘူး။

 

ယန်ရှစ်ရွှမ်းသည် သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး ထိုရုပ်ထုကို ပြင်ပေးရန် ကူညီလိုက်သည်။ ထို့နောက် ထိုရုပ်ထုမှ ဖုန်များနှင့် ပင့်ကူအိမ်များကို ဂရုတစိုက် ပြန်သုတ်လိုက်ပြန်သည်။

 

“ခင်ဗျားကို ဒီနေရာကနေ ရှဲ့ချုံးနဲ့ တစ်ခန်းတည်း မနေရအောင် ခေါ်သွားပေးရင် ဘယ်လိုလဲ။ ခင်ဗျား ပျောက်ဆုံးသွားတဲ့ နတ်အဆင့်အတန်းကို ပြန်ယူအောင် လုပ်ပေးမယ်။ ခင်ဗျားကို တရားမျှတမှု ပြန်ဆောင်ကျဉ်းပေးမယ်။ သိမ်းယူခံထားရတဲ့ ခင်ဗျားရဲ့ ဘုရားကျောင်းကိုလည်း ခင်ဗျားရဲ့ လက်ထဲကို ပြန်ပေးမယ်။ အဲဒီအချိန်မှာ ခင်ဗျားဘာသာ တောင်နတ်ဘုရား ဆက်လုပ်ပြီး သက်ရှိတွေ အားလုံးကို ကာကွယ်နိုင်မယ်။ ဘယ်လိုလဲ”

 

ရုပ်ထုက တိတ်ဆိတ်နေသည်။

 

မျက်လုံးနေရာ ထွင်းထုထားသော နေရာမှတဆင့် ဖုန်မှုန့်အချို့က ကျဆင်းလာသည်။ မသိလျှင် ငိုနေသည့်အလား ထင်ရသည်။ ယန်ရှစ်ရွှမ်းကမူ မတ်တပ်ထရပ်လိုက်ပြီး ရုပ်ထုကို ကောက်ယူရန် ကြိုးစားသည်။ သို့သော် ရုပ်ထုက ပုံမှန်အားဖြင့် သေးငယ်သောကြောင့် အလွယ်တကူ မ ၍ရသင့်သော်လည်း တောင်ဂူဘုရားကြီး တစ်ခုလုံးကို သယ်ထားရသလိုမျိုး မ ၍ မရချေ။ ထိုရုပ်ထုကိုယ်တိုင်က ထွက်မသွားချင်ပုံ ရသည်။

 

“တောင်နတ်ဘုရား သေသွားရင်တောင်မှ သူ့ရဲ့ကိုယ်ပိုင်ပလ္လင်ပေါ်မှာ သေမယ်။ သူ့ရဲ့ခွန်အားနဲ့ စိတ်ဝိဉာဉ်တွေ အားလုံး ပြိုကွဲသွားပြီး  ဆုံးရှုံးမှုပေါင်းများစွာကို ကြုံဆုံခဲ့ရရင်တောင်မှ တောင်တန်းတွေနဲ့ မြစ်ပြင်တွေအတွက် အကျိုးဆောင်ပေးပြီး သွားပြီး မြေဆီလွှာကိုပဲ အာဟာရ ဖြစ်စေမယ်”

 

ခန်းမ၏ အပြင်ဘက်မှ အမျိုးသား၏ တိုးလျသော်လည်း ကြည်လင်သည့် အသံက ရုတ်တရက် ထွက်လာသည်။

 

သူဟာ အဓိကခန်းမ တံစက်မြိတ်အပြင်ဘက်တွင်သာ ရပ်နေသည်။ သည်းထန်သော လေပြင်းနှင့် အနီရောင်သရဲများက သူ၏နောက်ဘက်တွင် ဖြစ်သည်။

 

သို့ရာတွင် သူ၏ထူးခြားလွန်းစွာ တည်ငြိမ်သော အရှိန်အဝါက သူ့အား သရဲများအကြားတွင် ရှိနေသော စိတ်ပျက်အားငယ်ဖွယ် အခြေအနေမျိုးကို မေ့လျော့စေပြီး သူသည် ရှေ့ဆုံးတွင် ရပ်နေသည့် သရဲများကို အမိန့်ပေးနေသလို၊ မည်သူကမျှ မဖီဆန်ရဲသလိုမျိုး ခံစားရစေသည်။

 

“တောင်နတ်ဘုရား မင်းနဲ့ ထွက်သွားမှာ မဟုတ်ဘူး”

 

ထိုအမျိုးသားက ယန်ရှစ်ရွှမ်းကို ကြည့်ပြီးပြောသည်။

 

“သူမမှာ ပြီးဆုံးအောင် လုပ်ချင်တဲ့ ကိစ္စတွေ ရှိနေသေးတယ်”

 

ခရက်

 

ရုတ်တရက် ကောင်းကင်တွင် လျှပ်စီးလက်သွားပြီး အမှောင်ထုကို ဆုတ်ဖြဲလိုက်သည်။ ထိုအခိုက်အတန့်မှ ယန်ရှစ်ရွှမ်း၏ သုန်မှုန်နေသော ဒေါသမျက်နှာက ပေါ်လာသည်။

 

လုရှင်းရှင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်တွင် မိတ်ဆွေထံမှ လာသော ဖုန်းကောကြောင့် နိုးလာသည်။

 

“ရှင်းအာ နင် ငါ့ကိုကယ်ရမယ်”

 

ထိုဖုန်း ဝင်သွားပြီးပြီးချင်း တစ်ဖက်ခြမ်းမှ သူငယ်ချင်း ဖြစ်သူက ကျယ်လောင်စွာ အော်သည်။ လုရှင်းရှင်း၏ လက်ကပင် အံ့ဩမှုကြောင့် တုန်သွား၏။ သူမက ဖုန်းကို မြေပြင်ပေါ်သို့ ပြုတ်ကျမိသွားသည်။ သတိလက်လွတ် စပီကာကို ဖွင့်မိသွားသည်။

 

ရုတ်တရက် အခြားတစ်ဖက်ခြမ်းက အော်ငိုသံနှင့် အော်ဟစ်သံက အခန်းတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားလေပြီး လုရှင်းရှင်းကို ချက်ချင်းလိုလို အသိဝင်သွားစေသည်။

 

“ရှင်းအာ ငါ နင့်ကို အရင်တုန်းပြောဖူးတဲ့ ခရီးသွားရသစုံရှိုးကို သိလား။ အဲဒီမှာ အရင်တစ်ခေါက်က ဖြစ်ခဲ့တဲ့ တစ္ဆေတောင်ကို နတ်ဆရာနဲ့ တာအိုဘုန်းတော်ကြီးတောင် အတူတူသွားကြသေးတယ်။ ဒီတစ်ကြိမ်မှာ ပရိုဂရမ်က တစ်ခုခု ထပ်ဖြစ်ပြန်ပြီ”

 

ထိုလူက လုရှင်းရှင်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ရှိသည်။ သူက လုရှင်းရှင်းကိုပင် ချစ်မြတ်နိုးစွာနှင့် ရှင်းဆိုသော စကားလုံးကိုပင် တပ်ခေါ်သေး၏။ ထို့ကြောင့် သူတို့သည် နှစ်ပေါင်းများစွာ ညီအစ်ကိုကောင်းများ ဖြစ်လာကြောင်း ဖော်ပြရာ ရောက်သည်။

 

လုရှင်းရှင်း၏မျက်နှာက မဲမှောင်နေပြီး သူ၏အကြောက်လွန်သွားသော နှလုံးသားလေးကို အသာဖိကာ ပြန်သွင်းလိုက်ရသည်။ ထို့နောက် ကြမ်းပြင်ပေါ် ကျသွားသော လက်ကို တုန်ယင်သော လက်ဖြင့် ပြန်ကောက်လိုက်ပြီး မပျော်မရွှင်သော လေသံနှင့် ပြောသည်။

 

“အာ ဆိုတော့ ငါက ဒီတစ်ကြိမ် တစ္ဆေတောင်ကို ထပ်သွားရမှာလား။ ဒါမှမဟုတ် ဘာလုပ်ရမှာလဲ။ သရဲကို ခြေမွရမှာလား။ ဒါက ငါနဲ့ ဘာသက်ဆိုင်လို့လဲ”

 

“မဟုတ်ဘူး အခုပရိုဂရမ်က ဒီတစ်ကြိမ်မှာ ဝံပုလွေရိုင်းတောင်ထိပ်ကို သွားတာ။ နောက်ပြီး ငါ သရဲတွေလည်း မြင်လိုက်ရတယ်။ ချီး တစ်မီတာလောက် မြင့်တဲ့ ကြွက်ကြီးနဲ့ ကြောက်စရာကောင်းတဲ့ စာခြောက်ရုပ်တွေ နောက်ပြီး သရဲ‌တွေရောပဲ”

 

ထိုမိတ်ဆွေဖြစ်သူက ခပ်တိုးတိုး ရေရွတ်ပြန်သည်။

 

“အဲ့ဒါက အရေးမကြီးသေးဘူး။ အရေးကြီးတာက ငါ ငါ သရဲ ခြောက်ခံနေရပြီ ထင်တယ်”

83 02

ဝံပုလွေရိုင်းတောင် ဟုတ်လား။

 

ထိုနေရာက လုရှင်းရှင်းကို အမှန်တကယ် နိုးထသွားစေသည်။ သူသည် ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်လေသည်။ မိုးက တစ်ညလုံး မတိတ်ချေ။ မူလက စိတ်မရှည် ဖြစ်နေသော မျက်နှာအမူအယာက လေးနက်သွားသည်။

 

အခြားသောသူများက မသိလောက်ချေ။ သို့သော် လုရှင်းရှင်းကမူ ဟိုင်ရန်ဂူဘုရားကျောင်းမှ တပည့်ဂိုဏ်းသားတစ်ယောက် ဖြစ်သည့်အလျောက် ယဲ့လန်တောင်ထိပ်ကို ကောင်းကောင်းသိသည်။ အထူးသဖြင့် မိုးသည်းသောညတွင် ထိုနေရာသို့ သာမာန်လူများ မဝင်နိုင်ချေ။

 

သရဲဖမ်းရာတွင် တော်ပြီး မိစ္ဆာများကို နှင်နိုင်သော ယင်နှင့်ယန်စွမ်းအား ပြင်းထန်သူ အမျိုးကောင်းသားများကပင် ဝံပုလွေရိုင်းတောင်ထိပ်ကို ပတ်လျှောက်ရလေသည်။

 

အကြောင်းမူကာ ထိုနေရာကို ကောင်းကင်နှင့်မြေကြီးက လစ်လျူရှုထားသည်။ မိုက်မဲပြီး လောဘကြီးမှုက ကာကွယ်ပေးသော နတ်ဘုရားကို သတ်မိသွားသည်။ ထိုအချိန်မှ စတင်ပြီး ထိုနေရာက အခြားသော တည်ရှိမှုတစ်ခု၏ အပိုင်စိုးမှုကို ခံထားရသည်။ ထို့ကြောင့် လောက၏ နတ်များနှင့် ပတ်သက်ဆက်နွယ်မှုများအားလုံးက ကျရှုံးသွားရသည်။ ထို့ကြောင့် ချိတ်ပိတ်ထားခံရသော သတ္တုဘူး တစ်ခုလိုမျိုး အပြင်လောကနှင့် အချက်ပြမှုများ အားလုံးကို အပိတ်လှောင် ခံထားရသည်။

 

ထိုအကြောင်းအရာကို ပြောချိန်တွင် တာအိုဘုန်းတော်ကြီးများနှင့် ကုဆရာများကပင် မျက်နှာ ပြောင်းကြသည်။ သူ၏ မာအမည်ရ ဦးလေးဆိုလျှင် ငယ်ရွယ်ချိန်က ဝံပုလွေရိုင်းတောင်ထိပ်နားရှိ ရွာတစ်ရွာသို့ သွားရောက်ပြီး ပြဿနာကို ဖြေရှင်းခဲ့ဖူးသည်။ သို့ရာတွင် ထိုနေရာမှ နတ်ဘုရားမကို မကယ်တင်နိုင်ခဲ့သော‌ကြောင့် ပြန်မလာနိုင်လုနီးပါး ဖြစ်ခဲ့ရသေးသည်။

 

လုရှင်းရှင်းကလည်း ထိုအချိန်က ဦးလေးမာက ပြောပြခဲ့ဖူးသည့် ပုံပြင်ကို မှတ်မိနေသေးသည်။

 

သူက တာအိုဘုန်းတော်ကြီးမာကို လာရောက် ဖိတ်ခေါ်ခဲ့သောအခါ ရွာသားများက ရွာ၏အစစ်အမှန် အခြေအနေကို မပြောခဲ့ကြချေ။ ဒီအတိုင်း တုန့်ဆိုင်းစွာနှင့် မသန့်ရှင်းသော အရာများက ရုတ်တရက် ဝင်ရောက်ခဲ့ကြောင်း ထို့ကြောင့်လူနှင့် အခြားတိရစ္ဆာန်များကိုသာ ဒုက္ခပေးကြောင်း ပြောခဲ့ကြ၏။

 

သူတို့က တာအိုဘုန်းတော်ကြီးမာကို တစ်ချက် လာကြည့်စေလိုခဲ့သည်။

 

နှစ်ရာကျော် တည်ရှိခဲ့ပြီးသော ဟိုင်ရန်ဂူဘုရားကျောင်းကလည်း ယဲ့လန်တောင်ထိပ်တွင် တောင်နတ်ဘုရား ရှိကြောင်း သိလေသည်။

 

ထိုအခြေအနေကို ကြည့်ခြင်းအားဖြင့် တာအိုဘုန်းတော်ကြီးမာက တောင်နတ်ဘုရား၏ အရှိန်အဝါကိုလည်း ခံစားမိခဲ့လေရာ မသန့်ရှင်းသော အရာများက ဝင်ရောက်မည်ဟု မယုံကြည်ခဲ့ချေ။ မည်သို့ပင်ဆိုစေ မိသားစုအတွင်းမှ အကြီးအကဲတစ်ယောက်က သေဆုံးခဲ့ပြီး ထွက်မသွားချင်လောက်သော ကိစ္စဟုသာ ထင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ငယ်ရွယ်သော တာအိုဘုန်းတော်ကြီးမာက ပျော်ပျော်ရွှင်ရွှင် သွားခဲ့သည်။

 

ရလဒ်အနေဖြင့် ထိုတာအိုဘုန်းတော်ကြီးမာက ရွာထဲသို့ ဝင်ရုံသာ ရှိသေးသည်…..။

 

သူသည် ယေဘုယျအားဖြင့် ကြီးမားသည့် ချိတ်ဆက်မှုကြီးကို မချိတ်ဆက်နိုင်ကြောင်း သိလိုက်၏။ ထိုနေရာတွင် ဆိုးယုတ်သော တစ်စုံတစ်ရာ ရှိနေလျှင် ထိုအရာဟာ မည်မျှပင် အင်အားကြီးမား နေစေကာမူ၊ မည်မျှပင် အင်အားနည်းနေ စေကာမူ မသန့်ရှင်းသောအရာဟု သတ်မှတ်၍ ရနိုင်သေးသည်။ သို့သော် ထိုရွာသားများက ပြောသည့် ယဲ့လန်တောင်ထိပ်နားမှ မသန့်ရှင်းသော  အရာကမူ မတူညီသည့် အရာမျိုး ဖြစ်နေခဲ့သည်။

 

တာအိုဘုန်းတော်ကြီးမာ၏ အရှေ့တွင် မြင်လိုက်ရသော မြင်ကွင်းက ငရဲမြင်ကွင်း ဖြစ်သည်။ ရွာ၏အိမ်တိုင်းက မွေးထားသော ကြက်များ၊ ဘဲများ၊ သိုးများ၊ ဆိတ်များ အားလုံးက လှောင်အိမ်အတွင်းတွင် သေနေကြသည်။ တောင်ခြေနှင့် တောအုပ်များနားတွင်ပင် ဝံပုလွေများ၊ ရှဉ့်များ စသဖြင့် အကောင်ငယ်လေးများ သေနေသည့် အလောင်းများကို ရွာသားများက တွေ့ခဲ့ကြသေး၏။ ဒါသည် တောင်ထဲတွင် နေထိုင်ကြသော အကောင်များ ဖြစ်ပြီး သေဆုံးမှုက များပြားလွန်းသောကြောင့် အချိန်မှီ မရှင်းနိုင်ကြချေ။ ထိုသက်ရှိ ရိက္ခာများနှင့် တိရစ္ဆာန်များ၏ အလောင်းများကပင် ထွက်လာသည့် ညှီစို့သည့် အနံ့များက တစ်ရွာလုံးအနှံ့ ဖုံးလွှမ်းနေခဲ့သေးသည်။

 

ထိုအခြေအနေကို ကျင့်သားရနေကြသော ရွာသားများက ထုံထိုင်းနေကြပြီ ဖြစ်သည်။ တာအိုဘုန်းတော်ကြီးမာအား ပထမဦးဆုံးရက်တွင် ကြက်နှင့် ဘဲများ သေဆုံးကြောင်း ပြောပြသည်။ ထို့နောက် နောက်တစ်ရွာက လုပ်သည်ဟု သူတို့က ထင်ခဲ့ကြပြီး ကြက်များ၊ဘဲများကိုယူကာ အေးအေးဆေးဆေး ချက်စားပစ်ခဲ့လေသည်။ ရလဒ်အနေဖြင့် ကြက်များ၊ဘဲများကို စားခဲ့သောသူများက နောက်တစ်ရက်တွင် တစ္ဆေဝိဉာဉ် ဝင်ပူးခံခဲ့ရသည်။ အလားတူပင် တခြားရွာများတွင်လည်း ကြက်များ၊ဘဲများ၏ သေဆုံးမှုကို ကြုံတွေ့ခဲ့ရသေးပြန်သည်။

82 03

အသားကို မဖြုန်းချင်သဖြင့် ချက်စားခဲ့ကြသော ရွာမှမိသားစုများတွင် ကလေးများက စတင်ပြီး ကျန်သည့်သူများအထိ အားလုံးက တစ္ဆေဝိဉာဉ်ကို ဝင်ပူးခြင်းခံခဲ့ရသည်။ သူတို့သည် ခါးကုန်းကုန်းနှင့် ကွေးသွား‌သော ပုံစံမျိုးနှင့် အိမ်ရှေ့တွင် ဆောင့်ကြောင့် ထိုင်နေကြပြီး ကိုယ့်လက်သည်းကို ကိုက်ကာ သွေးများ ထွက်သည်အထိ ဝါးနေကြသည်။ သူတို့သည် ပါးစပ်တွင် တစ်စုံတစ်ရာကို ရေရွတ်နေခဲ့ကြပြီး မျက်လုံးက ဟိုကြည့်ဒီကြည့် ဖြစ်နေကြသည်။ မည်သူကမျှ သူတို့၏အနားသို့ မကပ်ချင်ကြချေ။ ကပ်သွားရုံနှင့် သူတို့၏လက်များကို ဆန့်ထုတ်ကာ သွေးဒဏ်ရာများ ပေါ်သည်အထိ ကုပ်ခြစ်တတ်လေသည်။

 

“အစကတော့ ငါတို့က ရွာထဲမှာ အပနှင်တတ်တဲ့ နတ်ဆရာမကို ပင့်ဖိတ်ထားခဲ့တာ။ မမျှော်လင့်ထားပဲ မီးလောင်ပြီး လူတွေ အများကြီး သေသွားတယ်လေ။ နောက်ပြီး သေဆုံးတဲ့ပုံစံက_ _ _”

 

ထိုအကြောင်းအရာကိုပြောပြီး ရွာသူကြီးက ထိုအချိန်က အကြောင်းအရာကို အမှတ်ရသွားပုံပေါ်ပြီး ကြောက်သွားပုံ ပေါ်သည်။

 

“ငါတို့ အစကတော့ ဒီလူငယ်လေးအလောင်းတွေကို ကောက်မလို့ပဲ။ ဒါပေမဲ့ ဒီ ဒီမီးသွေးအလောင်းတွေက သူတို့ဘာသာ အသက်ဝင်လာပြီး ထွက်ပြေးသွားကြတယ်”

 

“အဲဒီအချိန်ကစပြီး ရွာထဲကလူတွေက မကြာခဏဆိုသလို ညဘက် အပြင်ထွက်တိုင်း အဲဒီမီးသွေးအလောင်းတွေနဲ့ တိုးတော့တာပဲ။ လူ အများကြီး ပျောက်သွားကြတာ။ အဲဒီနောက်ပိုင်း ဘယ်သူမှ သူတို့ကို ပြန်မတွေ့ရတော့ဘူး”

 

ရွာသူကြီးက သက်ပြင်းချပြီး ခေါင်းကို ခါသည်။ သူသည် အိမ်အရှေ့နှင့် အနောက်ဘက်တွင် ပုံနေသော သက်ရှိရိက္ခာများနှင့် အလောင်းများကို ညွှန်ပြရင်း ဆရာသခင်မာကို ပြောသည်။

 

“အဲဒီအချိန်ကစပြီး အိမ်တိုင်းမှာ မွေးထားတဲ့ သက်ရှိရိက္ခာတွေက ဆိုးဆိုးရွားရွား သေကုန်တော့တာပဲ။ ဒါပေမဲ့ ငါတို့ ဒါတွေကို မစားရဲတော့ဘူး။ အဆိပ်မိမှာ ဆိုးတယ်လေ။ ဒါကြောင့် ဒီအတိုင်းကောက်ပြီး တောင်ထဲမှာပဲ သွားမြှပ်ရတာပဲ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ တောင်ထဲက တိရစ္ဆာန်တွေတောင် ထိခိုက်ခံစားနေရပြီ။ ငါတို့သာ တောင်ပေါ် တက်သွားရင် ဒီတိရစ္ဆာန်တွေရဲ့ အလောင်းတွေကိုပဲ မြင်နေရမှာ။ ငါတို့ ဘယ်လို လုပ်ရမှန်းတော့ဘူး။ ငါတော့ ဒီနေရာကနေပဲ ထွက်သွားချင်တော့တယ်”

 

“တာအိုဆရာသခင်မာ မင်းက ဟိုင်ရန်ဂူဘုရားကျောင်းက ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ပဲ။ ငယ်ရွယ်တဲ့ ပါရမီရှင်တစ်ယောက်လည်း ဖြစ်နေသေးတယ်။ ဒါကြောင့် ငါတို့ကို ကူညီပေးရမယ်”

 

ရွာသူကြီးက နောက်ပိုင်းတွင် ပြောသော စကားကမူ တာအိုဘုန်းတော်ကြီးမာက ဆက်မပြောတော့ချေ။

 

ရွာသူကြီး၏မျက်နှာကို ကြည့်ရင်း သူသည်လည်း ရွာသူကြီးက လူသားနှင့် မတူသလို ခံစားခဲ့ရသည်။ ထို့အစား ကိုက်ဖြတ်တတ်သော သတ္တဝါတစ်ကောင်ကောင်၏ မျက်နှာသွင်ပြင်ကဲ့သို့ ဖြစ်နေသည်။ မျက်ခုံး၊ မျက်လုံးနှင့် နှာခေါင်းများက တစ်နေရာတည်းတွင် ပုံထားသလို ဖြစ်နေပြီး သူ့အား တိရစ္ဆာန်လို ရုပ်ရည်မျိုး ဖြစ်စေသည်။

 

ပို၍ဆိုးသည်မှာ ရွာသူကြီး၏မျက်နှာသည် အသက်သုံးဆယ်သာ ရှိသေးသည်။ သို့သော် သူ၏ ရုပ်ရည်မျက်နှာတွင် အရေးကြောင်းများ ပြည့်နေသည်။ နားထင်ကလည်း အလွန်ချိုင့်နေပြီး မျက်ခုံးများကလည်း မဲနက်ကာ မျက်နှာကလည်း ဖြူဖျော့နေသည်။ သူသည် ယခုလေးတင် ထိုရွာသူကြီးနှင့် လက်ဆွဲနူတ်ဆက်ခဲ့သည်။ ရွာသူကြီး၏ အသားကလည်း ရေခဲလို အေးနေသည်။

 

ဒါ ဒါ ဒါက လူသေပဲ။

 

ထိုအချိန်က ငယ်ရွယ်သေးသည့် တာအိုဆရာသခင်မာကမူ တုန်ယင်စွာနှင့် တံတွေး မြိုချလိုက်ပြီး အခြေအနေကို သိရန် လက်ချောင်းများကို ထုတ်ကာ တွက်ချက်ကြည့်သည်။

 

ရလဒ်အနေဖြင့် ခြောက်ခြားစရာကောင်းလောက်အောင် သူ၏ ဂမ္ဘီရ တွက်ချက်နိုင်သည့် စွမ်းရည်က ကျရှုံးသွားကြောင်း တွေ့လိုက်သည်။

 

နေပါဦး သူ့ရဲ့ဒီဂမ္ဘီရပညာ တွက်ချက်စွမ်းရည်ကို မဆိုးဘူးလို့ ဆရာကတောင် ချီးကျူးထားတာလေ။ ဘာလို့ တွက်လို့မရတာလဲ။ ဘာတွေဖြစ်နေတာလဲ။

 

“တာအိုဘုန်းတော်ကြီး တာအိုဘုန်းတော်ကြီး ဘာဖြစ်တာလဲ ပူလို့လား”

 

ရွာသူကြီးက တာအိုဘုန်းတော်ကြီးမာကို ကြည့်ပြီး ထူးဆန်းစွာ မေးသည်။

 

“ငါ တီဗီမှာ ကြေငြာတဲ့ မိုးလေဝသသတင်းကို ကြည့်ထားတဲ့အတိုင်းဆိုရင် ဒီနေ့ မပူဘူးလို့ ပြောတာပါ။ ဒါပေမဲ့ အပူကတော့ နည်းနည်း မသက်မသာ ဖြစ်စေလောက်တယ်။ ငါ့ရဲ့မိသားစုက လူတွေအာလုံးကလည်း အလားတူပဲတဲ့။ မြေကြီးက ပူလာတယ်ဆိုတာ ဟုတ်နေတာလား”

 

သူက ထိုသို့ပြောရင်း ရွာသူကြီးက လက်ကိုမြှောက်ကာ နဖူးမှ ချွေးများ သုတ်သည်။ သို့သော် ထိုနေရာတွင် မည်သည့်ချွေးမှ ရှိမနေခဲ့ချေ။ ထို့အစား ရွာသူကြီးက သုတ်လိုက်သောကြောင့် အရေပြားတစ်လွှာကသာ ပါလာသည်။

 

မဲနက်ကာ အနီရောင် ကြွက်သားများနှင့် သိပ်သည်းလွန်းသော အရိုးဖြူများက ပေါ်လာလေသည်။

 

“အား”

82 04

တာအိုဆရာသခင်မာ၏ မျက်လုံးက ပြူးကျယ်သွားသည်။

 

ရွာသူကြီးက တာအိုဆရာသခင်မာကို နားမလည်နိုင်သလို ကြည့်သည်။ သူသည် နာကျင်မှုကို မခံစားရချေ။

 

သူက ဒီအတိုင်း ပြောသည်။

 

“တာအိုဆရာသခင်ကလည်း ပူတယ်လို့ ခံစားရတာလား။ ဒါဆိုလည်း အိမ်ထဲဝင်ပြီး နားပါဦး”

 

ရွာသူကြီး၏ သူ၏အရေပြားကို အသာအယာ သုတ်ချလိုက်ပြီးချိန်တွင် တာအိုဆရာသခင်မာကမူ သူ၏တာအိုဝတ်ရုံထဲတွင် ထည့်ထားသည့် အဆောင်လေးကို ထုတ်လိုက်ပြီး ချက်ချင်းလိုလို ရွာသူကြီး၏ ရုပ်ရည်အစစ်အမှန်ကို သိရအောင် စမ်းသပ်ကြည့်လိုခဲ့သည်။

 

ရှင်းလင်းစွာပင် သူ၏ ရုပ်ရည်လက္ခဏာနှင့် ပုံပန်းသွင်ပြင်အားလုံးက လူသေတစ်ယောက်၏ လက္ခဏာ ဖြစ်နေခဲ့သည်။ သို့သော် သူဟာ နေရောင်အောက်တွင်ပင် လမ်းလျှောက်နိုင်နေခဲ့သည်။

 

မမျှော်လင့်ထားစွာပင် တာအိုဘုန်းတော်ကြီးမာက စက္ကူဖုန်ကိုသာ တွေ့လိုက်ရသည်။

 

မမျှော်လင့်ထားစွာပင် မည်သည့်အချိန်ကမှန်းမသိ သူ၏အဆောင်ကလက်ဖွဲ့များ အားလုံးက ပြာဖြစ်သွားသည်။

 

ဆိုလိုသည်မှာ ရွာသို့ လာသည့် လမ်းတောက်လျောက်တွင် သူသည် မိစ္ဆာဝိဉာဉ်များနှင့် တိုက်ကွက်များကို ရင်ဆိုင်ခဲ့ရပြီး လောက်သည်။ ထိုအတွက်ကြောင့် အဆောင်လက်ဖွဲ့များက သက်ရောက်မှုပြပြီး စွမ်းအား ကုန်ဆုံးသွားခြင်း ဖြစ်ပေလိမ့်မည်။

 

သို့ရာတွင် သူသည် မည်သည့်အရာကိုမှ မခံစားမိရချေ။ သူ၏ဂါထာများကိုပင် မသုံးခဲ့ရပါချေ။

 

တာအိုဆရာသခင်မာက ချွေးစေးများ ပျံသွားပြီး ရွာသူကြီးကို သတိအပြည့်ကပ်ကာ ကြည့်သည်။ သို့ရာတွင် မည်သည့်ခွန်အားမှ မရှိသည့်အခါ ရွာသူကြီး၏အာရုံကို ခပ်ကြမ်းကြမ်း မဆွဲဆောင်ရချေ။ ထိုအတွက်ကြောင့် ခေါင်းအသာ ညိတ်လိုက်ပြီး ထိုရွာသူကြီး၏ စကားပြောချက်ကိုသာ သဘောတူလိုက်သည်။

 

အခြေအနေအတိုင်း လှုပ်ရှားရန် ပြင်ဆင်ထားလိုက်၏။

 

ရွာသူကြီးအိမ်အတွင်းသို့ သွားသည့် တိုတောင်းသော ကာလအတွင်းတွင် တာအိုဆရာသခင်မာက လမ်းတွေတွေ့ရသည့် တဲအိမ်ထဲမှ ရွာသားများ ဖြစ်စေ၊ လမ်းလျှောက်နေသော ရွာသားများပင် ဖြစ်စေ၊ ကလေးများပင် ဖြစ်စေ အားလုံး၏ မျက်နှာတွင် သေဆုံးခြင်း အရှိန်အဝါများကို ပြည့်နှက်နေကြောင်း တွေ့လိုက်ရသည်။

 

အချို့သော သူများ၏ အရှိန်အဝါက ပေါ့သည်။ အချို့သောသူများ၏ အရှိန်အဝါကမူ လေးလံသည်။

 

အချို့သော သူများကမူ မျက်နှာပေါ်မှ အရေပြားများအားလုံး ပျောက်ဆုံးနေကြပြီး ခန္ဓာကိုယ်ရှိ အဆစ်များကပင် တဖောက်ဖောက် မြည်သံနှင့်အတူ ပေါ်နေသည်။ သူတို့က လမ်းလျှောက်ချိန်တိုင်း ဆွေးမြေ့နေသော အသွေးအသားများကို မြင်နေရ၏။ သူတို့လျှောက်သော လမ်းမှ အညစ်အကြေးများမှာ ခန္ဓာကိုယ်ပေါ်တွင် ပေကျံနေလေပြီး အနက်ရောင်၊ အနီရောင်သွေးများနှင့် ဆွေးမြေ့နေသော အသားများက  ထိုမြေဆီလွှာ ဖုန်မှုန့်များနှင့် ရောနှောသွားကာ အလွန်နံဟောင်သော ရနံ့မျိုးကို ထုတ်လွှင့်နေလေသည်။ အချို့‌သော သူများကကမူ သွေးအပေါက်များနှင့်ပင် မခြားတော့ချေ။ သူတို့၏မျက်လုံးများကလည်း ပုတ်ပွလွန်းသဖြင့် သွေးကြောများက မျက်လုံးကြီးကို ဝိုင်ထားသလို ပုံစံမျိုးဖြင့်သာ မြင်နေရသည်။ ထို့အပြင် မျက်လုံးတစ်ဝက်ကလည်း မျက်အိမ်အပြင်ဘက်သို့ ထွက်ကျနေပြီဖြစ်ပြီး အတွင်းပိုင်းက ဟောင်းလောင်းပေါက်ကြီး ဖြစ်သည်။

 

တာအိုဆရာသခင်မာ၏ အာရုံစိုက်နေသော အကြည့်ကို မြင်ရသောအခါ ထိုရွာသားက ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။

 

“ဘာလဲ ရွာသား မမြင်ဖူးဘူးလား ရူးနေလား”

 

ထိုသို့ပြောပြီး သူ့ဘာသာသူ ဆက်လျှောက်သွားလိုက်သည်။

 

အခြားသော ရွာသားများက ဒီလိုမြင်ကွင်းမျိုးကို ရိုးနေပြီ ဖြစ်သည်။ သာမာန်လူတစ်ယောက်က ထိုသို့ပင် ဖြစ်သင့်သည်ဟု ထင်နေကြပုံရ၏။ သူတို့သည် အချင်းချင်း နူတ်ဆက်ကြပြီး ဒီနှစ်သူတို့၏ မိသားစုက ပိုက်ဆံမည်မျှ ရှာနိုင်ကြောင်းကိုပင် မေးမြန်းသွားသေး၏။ ဘေးအိမ်မှ မိသားစုက ကားအနည်းငယ် ပိုဝယ်ခဲ့ကြောင်း၊ အထပ်များသော အဆောက်အဦးမျိုးကို ဆောက်နိုင်ခဲ့ကြောင်းကိုပင် ကြွားဝါကာ ပြောခဲ့ကြသေးသည်။

 

******