85 01
အပိုင်း(၈၅)
သူသည်ပင် မနေနိုင်ဘဲ ဟစ်ကနဲ နှာတစ်ချက် ရှုံ့လိုက်မိသည်။ ထို့နောက် သူနှင့် ဖန်သားပြင်ကြား အကွာအဝေးကို ခပ်မြန်မြန် ခြားလိုက်ရ၏။ တခဏခန့် အချိန်ယူပြီးမှသာ အခြေအနေကို သိလိုက်သည်။ ထိုအခါ ဘေးဘက်မှ ပိန်ပါးသော လူငယ်လေးကိုသာ သံသယအပြည့်နှင့် ကြည့်လိုက်နိုင်သည်။
ထိုလူငယ်သည် တိုက်ပွဲပြီးကာစ ဖြစ်လောက်သည်။ သူ၏အဝတ်များက ဆုတ်ပြဲကာ ဖုန်များ ပြည့်နှက်နေ၏။ ထိုလူငယ်၏ နဖူးတွင်လည်း ထောင့်ဖြတ်ပုံစံမျိုး တည်ရှိနေသည့် သွေးအစင်းရာတစ်ခု မြင်ရသည်။ သူ၏မျက်ခုံးအဆုံးမှ စတင်ပြီး မျက်လုံးနားအထိ ကွဲနေခြင်း ဖြစ်သည်။ ပို၍ဆိုးသည်မှာ ထိုလူငယ်လေးက သရဲများနှင့် နတ်များကို ကြောက်ပုံ မရချေ။ သိသာစွာပင် သူ၏အရှေ့တွင် သရဲများ ရပ်နေသော်လည်း သူ၏မျက်နှာတွင် ထိတ်လန့်မှုများ ရှိမနေခဲ့ချေ။ ထို့အစား သူ၏မျက်နှာက အေးစက်ကာ တည်ငြိမ်နေသည်မှာ ရေကန်အောက်ခြေသို့ ထိုးစိုက်ထားသော ဓားသွားအလား ထင်ရသည်။
သူသည် တိုက်ခိုက်ရေး အခြေအနေမှာ အပြည့်အဝ မထွက်လာ နိုင်ခဲ့သောကြောင့်လည်း ဖြစ်လောက်သည်။ လူငယ်၏ အရှိန်အဝါက အလွန်ထက်ရှပြီး မှော်ဆန်ကာ မြင့်မြတ်သည်။ အလွန်အမင်းလည်း မှင်သက်ဖွယ်ကောင်း၏။ ဖန်သားပြင် ခံနေသေးသည့်တိုင်အောင် ထိုအရှိန်အဝါကြောင့်နှင့်ပင် လုရှင်းရှင်း၏ နှလုံးသားက တုန်ယင်လာရသည်။
သာမာန်လူတစ်ယောက်မှာ ဒီလိုအရှိန်အဝါမျိုး ဘယ်လို ရှိနိုင်မှာလဲ။
လုရှင်းရှင်းက အနည်းငယ် တုန့်ဆိုင်းသွားသည်။ သို့သော် သူ၏မိတ်ဆွေကို စိတ်ရှည်လက်ရှည်ဖြင့် မေးလိုက်သည်။
“မင်းက လမ်းဘေးက တစ်ရာရာခိုင်နူန်း အလကားပေးမယ်ဆိုတဲ့ မဲကို တွေ့လိုက်ရင် အလိမ်အညာဆိုတာ သိမယ် မဟုတ်လား။ မင်းကို တစ်ယောက်ယောက် ခေါ်သံကို ကြားတာနဲ့ မင်းက ဆုတောင်းလိုက်ရတာလား။ မင်းက ရူးနေတာလား”
ထိုလူက နှာခေါင်း တစ်ချက်ရှုံ့ပြီး ငိုသည်။
“ငါ မသိဘူးလေ။ သူရဲ့စကားလုံးတွေက အရမ်းကို ဖျားယောင်းနိုင်တာကိုး။ ငါတင် မဟုတ်ဘူး။ လူအများစုကလည်း ကြားလိုက်ရတာပဲ။ မင်း ဒီရှိုးရဲ့ ကွန့်မန့်ကဏ္ဍာကို ကြည့်ရင် သိလိုက်မယ်။ လူအများစုကလည်း သူတို့ အသံကို ကြားရတယ်လို့ ပြောတယ်။ သူတို့ကို ဆုတောင်းခိုင်းတာ။ ငါက ဂိမ်းရဲ့ပစ္စည်းကိုပဲ တောင်းရုံပဲ။ တစ်ချို့က တွေပိုက်ဆံတွေ၊ ကြွယ်ဝမှုတွေ တောင်းကြတာ။ သူတို့အားလုံးလည်း ထိတ်လန့် နေကြတယ်လေ။ ဒီအသံက ငါတို့အားလုံးရဲ့ အတွေးကို မြင်နိုင်နေသလိုပဲ။ နောက်ပိုင်း အချက်အလက်တွေကို ရှာကြည့်တော့ ကြားလိုက်တဲ့လူတိုင်းက တောင်းတာတွေက မတူကြဘူး။ ဒါပေမဲ့လူတိုင်း အလိုချင်ဆုံး၊ အစိုးရိမ်ဆုံးကိစ္စပဲ ဖြစ်နေတာ”
“လူတစ်ယောက်ဆိုရင် ဆင်းရဲလွန်းလို့ ငတ်သေတော့မယ်အချိန်မှာ သူ့ကိုသာ ယုံကြည်မယ်ဆိုရင် ချမ်းသာအောင် လုပ်ပေးမယ်လို့ ပြေတာလေ။ လူအများစုက သူ့ကို ယုံနေကြတယ်”
ထိုလူက ယုံကြည်မှုအပြည့်နှင့်ပြောပြီး ကြောက်လန့်မှုအပြည့်နှင့် ဆက်ပြောသည်။
“ဒါပေမဲ့ ငါ မှားမှန်း ငါ သိပါတယ်။ ငါ နောက်ထပ် ထပ်မလုပ်ရဲတော့ပါဘူး။ ဒါက ငါ့အပေါ် သက်ရောက်မှု ကြီးနိုင်တယ်။ ငါ ဘာလုပ်သင့်လဲ”
လူအများစုက ဆုတောင်းလိုက်ကြောင်း ကြားသည့် လုရှင်းရှင်း၏ မျက်နှာက ပြောင်းလဲသွားသည်။ သူသည် ရှိုး၏ ကွန့်မန့်ကဏ္ဍသို့ တိုက်ရိုက် သွားသည်။ သေချာပေါက်ပင် လူအများစုက ထိုအကြောင်းအရာကို ဆွေးနွေးနေကြသည်။
လုရှင်းရှင်းကမူ ကိစ္စ၏လေးနက်မှုကို နားလည်လိုက်သည်။ သူသည် သူ၏သူငယ်ချင်း၏ စိုးရိမ်တကြီး အော်ဟစ်သံကို လစ်လျူရှုလိုက်ပြီး ဖုန်းကို ချလျက် ဆရာကို ခေါ်လိုက်သည်။
“ဆရာ ငါက ရှင်းရှင်းပါ။ အရင်တစ်ခေါက်က ပြောတဲ့ ပရိုဂရမ်ကို သိတယ်မဟုတ်လား။ တစ်ခုခု ထပ်ဖြစ်ပြန်ပြီ။ သူတို့က မိုးရွာတဲ့နေ့မှာ ဝံပုလွေရိုင်းတောင်ထိပ်ကို သွားကြတယ်”
သို့သော် သူ၏စကားမဆုံးသေးခင် တစ်ဖက်မှ သက်ပြင်းချသံက ထွက်လာသည်။
“ငါ သိပြီးတာ ကြာပြီ။ ငါ အခုပဲ မင်းရဲ့ဆရာနဲ့အတူ ဝံပုလွေရိုင်းတောင်ထိပ်ကို သွားနေတာ”
လမ်းဘေးတွင် ရပ်ထားသည့် ကားပေါ်တွင် ထိုင်နေသော စုန့်တောင်ချန်းက သူ၏နဖူးပေါ် လက်တင်လျက် ဖုန်းကို ဖြေနေသည်။
မနေ့ညက ယန်ရှစ်ရွှမ်း၏ ဖန်သားပြင်အခွဲကို ဖွင့်ထားပြီးခဲ့ပြီးနောက် ရှိုးမှ ကျော်ကြားမှုက ထိုးတက်သွားသည်။ လူအများစုကလည်း ရွှေ့လျားနေသော နံရံဆေးရေးပန်းချီများကို မြင်လိုက်ကြရသလို၊ တောင်ဘုရားအကြောင်း တိုက်ခိုက်လာသည့် ရုပ်ထုကြီးကိုလည်း မြင်လိုက်ကြရသည်။ ကြောက်လန့်သွားသော ကြည့်ရှုသူများအားလုံးက အသိပြန်ဝင်သွားကြပြီး ချက်ချင်းဆိုသလိုပင် အော်ဖစ်ရှယ် ဟော့လိုင်းနှင့် ဝံပုလွေရိုင်းတောင်ထိပ် ရှုခင်းကြည့်နေရာကို ဖုန်းခေါ်ပြီး အာဏာပိုင်များထံမှ အတည်ပြုမှူကို တောင်းခံသည်။
85 02
ထို့ကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည့် အော်ဖစ်ရှယ် ဟော့လိုင်းက စီမံခန့်ခွဲသူက ယခင်တစ်ခေါက် ကွေ့တောင်တွင် လူကယ်ခဲ့သည့် ပရိုဂရမ်အသင်းထဲတွင် ပါဝင်ခဲ့ပြီးသည့်အလျောက် အခြေအနေကို ချက်ချင်းလိုလို နားလည်ခဲ့ပြီး အထက်သို့ တင်ပြခဲ့ပြီး ဟိုင်ရန်ဘုရားကျောင်းသို့ ဖုန်းခေါ်ခဲ့သည်။ ထိုသို့ဖြင့် ဟိုင်ရန်ဂူဘုရားကျောင်းက အကူအညီ ပေးနိုင်ရန် မျှော်လင့်မိသွားသည်။ မည်သို့ပင်ဆိုစေ နံရံဆေးရေး ပန်းချီများနှင့် ရုပ်ထုများ၏ လှုပ်ရှားနိုင်သော ကိစ္စများအရ ယုတ်စွကမူ ထိုစီမံခန့်ခွဲသူ ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူသည် ကြောက်လွန်းသဖြင့် ငိုချင်နေလေသည်။
သို့သော် ရီပို့များကို လက်ခံသော တာဝန်ယူထားရသည့် သူကမူ အိပ်ယာမှ ချက်ချင်းလိုလို ခုန်ချပြီး ဟိုင်ရန်ဂူဘုရားကျောင်းသို့ အပြေးလာသည်။ သူသည် ဟိုင်ရန်ဂူဘုရားကျောင်းမှ သတိပေး အကြောင်းကြားစာကို ရရှိပြီးသား တာအိုဘုန်းတော်ကြီးများနှင့် အတူပေါင်းပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုလျက် ဝံပုလွေရိုင်းတောင်ထိပ်သို့ သွားရန် အသင့်ပြင်ဆင်ခဲ့သည်။
အများပြည်သူကိုမူ သရဲ မရှိကြောင်း ယုံကြည်အောင် ပြောထားပြီး သိပ္ပံကိုသာ ယုံကြည်နိုင်ကြောင်း၊ ဒီကိစ္စများကို ဖြေရှင်းနိုင်ရန်အတွက် အော်ဖစ်ရှယ်ဌာနက တာဝန်ယူမည် ဖြစ်ကြောင်း ကြေငြာလိုက်သည်။
ကွေ့ရှန်းတောင်နည်းတူ ဝံပုလွေရိုင်တောင်ကလည်း အလားတူ ဖြစ်လောက်သည်။
ပျော်ရွှင်နေသော သာမာန်လူသားများ၏ အနောက်တွင် လူအများ၏ တိတ်တဆိတ် လမ်းညွှန်မှုများကြောင့် သာမာန်လူများ မမြင်နိုင်သည့် အန္တရာယ်များကို ဖိနှိပ်ပြီး အထိတ်တလန့် ဖြစ်စေသော သတင်းအချက်အလက်များကို ပိတ်ဆို့ရပေလိမ့်မည်။
လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က ဝံပုလွေရိုင်းတောင်ထိပ်နားရှိ ရွာမှလူတိုင်း လအနည်းငယ်အတွင်း လျှင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ထိုတောင်ပေါ်မှ သစ်ပင်များက လျင်မြန်စွာနှင့် ခြောက်သွေ့သွားခဲ့ပြီး မြင်များပင် မပေါက်တော့ချေ။ ထိုကိစ္စက အာဏာပိုင်၏ အာဏာကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။
ထိုနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ခဲ့ဖူးသော တာအိုဆရာသခင်မာက ရွာမှအခြေအနေများကို ထုတ်ပြောခဲ့ပြီးနောက် တာဝန်ယူထားသော အာဏာပိုင်ကမူ ရှင်သန်နေတဲ့သူများ ရှိမရှိ သို့မဟုတ် တစ်ယာက်တလေ အသရှင်နိုင်မည်ဆိုလျှင်ပင် ကယ်ဆယ်နိုင်ရန် အလို့ငှာ ထိုနေရာသို့ သွားရောက်ရှာဖွေလိုခဲ့သည်။
သို့ရာတွင် သူတို့က ဟိုင်ရန်ဂူဘုရားကျောင်းမှ တာအိုဘုန်းတော်ကြီး ဆယ်ယောက်ကျော်၏ ဦးဆောင်မှုအောက်တွင် ရွာထဲသို့ ဝင်ရောက်သွားခဲ့ချိန်တွင် အိပ်မက်ဆိုးကြီး တစ်ခုကို မြင်လိုက်ရသည်။
ရွာထဲတွင်ရှိသော အရာတိုင်းက မီးသွေးလို အလောင်းများ ပြည့်နှက်နေသည်။
ထိုအလောင်းများ၏ ပုံသဏ္ဍာန်က အမျိုးမျိုးသော ပုံသဏ္ဍာန်ဖြစ်ပြီး နေရာကလည်း မတူညီပေ။ တစ်ချို့သောသူများက အိပ်နေရင်း သေသွားပုံရပြီး တစ်ချို့သော သူများက အိမ်နောက်ဖေးတွင်၊ တစ်ချို့ကမူ ကိုယ်ပိုင်ခြံဝင်းထဲတွင်၊ လယ်ကွင်းထဲတွင် စသဖြင့် မည်သူကမှ ရုန်းကန်သော လက္ခဏာ မရှိကြချေ။ ကိုယ်တိုင်ကိုယ်ကျ သေပေးထားသလို ထင်ရသည်။
ထိုအလောင်းများက ကာဗွန်နိုက်စ်အဖြစ် ပြောင်းနေပြီဖြစ်ပြီး တစ်ကိုယ်လုံးက မဲတူးနေသည်။ အရေပြားများ၊ အသားများ အားလုံးက အရိုးနှင့် တင်းကြပ်စွာ တွဲကပ်နေပြီး ကြုတ်သက်ကြုတ်က ကွေးသွားသည်။
အပေါ်မှ အလွှာများက ကြွပ်ရွနေသဖြင့် မီးလောင်ပြီး မဲတူးနေသော ထင်းရှူးသီးများအလားပင် ထင်ရသေးလေသည်။
သို့သော် ဒါက လူများဖြစ်နေသည်။ တစ်ချိန်က အသက်ရှိခဲ့ဖူးသော လူသားဖြစ်သည်။
ထို့ကြောင့် ထိုမြင်ကွင်းကို မြင်လိုက်သော လူများက အလွန်မအီမသာဖြစ်ပြီး နေရာတွင်ပင် အန်ကြသည်။ ထိုနောက်ပိုင်းတွင် ရက်ပေါင်းများစွာကြာအောင် မအိပ်နိုင်ခဲ့ကြချေ။ သူတို့က မျက်လုံးမှိတ်လိုက်ချိန်တိုင်း ရွာထဲမှ မဲတူးနေသော အလောင်းများကို မြင်ယောင်ကြပြီး သူတို့၏ စိတ်ပိုင်းဆိုင်ရာများ ပြဿနာ တက်ကြသည်။ ထို့ကြောင့် အားလုံး တစ်စုတစ်စည်းထဲ ကုသမှုကို ခံယူခဲ့ကြရသည်။
ကျယ်ပြောသော ခြံဝန်းထဲတွင် ဇိမ်ခံကားပေါင်းများစွာကို ရပ်ထားသည်။ ထို့အပြင် လေးထပ်၊ ငါးထပ်ခန့်မြင့်သော စံအိမ်များကိုလည်း ဆောက်ထားသေး၏။ အိမ်တိုင်းတွင်လည်း ရွှေလက်မှတ် အထပ်လိုက်၊ ငွေလက်မှတ်အထပ်လိုက် ရှိနေကတည်းက သူတို့သည် အလွန်ကြွယ်ဝချမ်းသာ ပျော်ရွှင်သောဘဝကို ခံစားနေရကြောင်း သတိထားမိသည်။ သို့သော် သက်ရှိများကမူ မီးသွေးအလောင်းများ ဖြစ်နေလေသည်။
ထိုရွာတွင် မည်သည့်သက်ရှိတစ်ယောက်မှ မကျန်ရစ်ခဲ့ပေ။ ထိုမြင်ကွင်းက အလွန်အမင်း ကြောင်တောင်တောင်နိုင်ကာ ဆိုးရွားသော ခံစားချက်ကို ဖြစ်ပေါ်စေလေသည်။
85 03
ထို့ကြောင့် အာဏာပိုင်များက မဲတူးနေသော အလောင်းများကို သယ်ဆောင်သွားစေပြီး ရွာကို လာရောက်စူးစမ်းခဲ့ချိန်တွင် သတ္တိအပြည့် ဂရုစိုက် စုစည်းသွားကြသည်။ အစပိုင်းတွင်မူ ဒါဟာ အစုလိုက်အပြုံလိုက် လူသတ်ခဲ့သော ဖြစ်စဉ်ဟု ယူဆခဲ့လေသည်။
သို့ရာတွင် မဲတူးနေသော အလောင်းများက ကာဗွန်နိုက်စ်ဖြစ်နေလေပြီး အများစုကမူ DNAကိုပင် သုံးပြီး ရှာဖွေရန် ခက်ခဲခဲ့သည်။ သို့ရာတွင် သိပ္ပံနည်းပညာရှင်များနှင့် ကြိုးစားအားထုတ်ခဲ့ပြီးနောက် ထိုအလောင်းများသည် မတူညီသောအချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိလာရသည်။ ထို့အပြင် လပေါင်းများစွာပင် ခြားသော အလောင်းများ ရှိနေသည်။ ရုန်းကန်ထားသော လက္ခဏာများ မရှိချေ။
ထိုသိပ္ပံပညာရှင်များကို ပို၍ အံ့အားသင့်စေသော ကိစ္စကမူ မဲတူးနေသော ထိုအလောင်းများက ပျက်စီးမှု အနေအထားအမျိုးမျိုးနှင့် ဖြစ်သည်။ အထူးသဖြင့် အဆစ်နားတွင် ဖြစ်သည်။ ကာဗွန်နိုက်စ်ဖြစ်သွားသော ထိုအသားအရေများက ပဲ့ကျထားသည်မှာ မသိလျှင် ထိုမဲတူးနေသော အလောင်းများက ကိုယ်တိုင်ကိုယ်ကျ သူတို့၏လက်နှင့် ခြေထောက်များကို ကိုယ်တိုင်ကိုယ်ကျ လုပ်ခဲ့သလို ထင်ရသည်။
ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။
ထိုမဲတူးနေသော အလောင်းများက အစာအိမ်တွင်ထဲတွင် လူ့အသားများနှင့် သွေးများကပင် ရှိနေသေး၏။ အချို့ ကဆိုလျှင် တစ်ဝက်ခန့်နီးပါး အစာခြေထားပြီးသား အရိုးနှင့် အသွေးအသားများကို မြင်ရသည်။ သူသည် အသက်ရှင်နေခဲ့ချိန်တွင် ထိုအရာများကို ဝါးမြိုစားသောက်မိခဲ့ပုံ ရ၏။ ထို့အပြင် သေလွန်ပြီးမှ စားသောက်ထားပုံရသော အရာများကို မြင်ရသေး၏။ ထို့ကြောင့် သေလွန်ပြီးသားသော သူ ဖြစ်နေသေးသည့်အလျောက် စားသောက်သမျှကို အစာမခြေနိုင်တော့ချေ။ သေလွန်ပြီးသွားချိန်တွင် သူတို့၏ အစာအိမ်အိတ်များက ပေါက်ထွက်သွားကြသည်။
ထိုရီပို့နှင့် စမ်းသပ်စစ်ဆေးမှုများ အားလုံးကို ကြည့်ခဲ့ပြီးနောက် အာဏာပိုင်များကမူ ဒါက လူသားများ လုပ်နိုင်သည့် ပြစ်မှု မဟုတ်ကြောင်း သိလိုက်ကြရသည်။
ထို့အပြင် မသန့်ရှင်းသော အရာများကို ကိုင်တွယ်ခဲ့ခြင်း ဖြစ်လောက်သည်။
သို့သော် ထိုအာဏာပိုင်များက အာဏာပိုင်များ၏ နာမည်ကို သုံးလျက် ထိုကိစ္စကို ဖြေရှင်းရန် ကျွမ်းကျင်သော ပညာရှင်တိုင်းကို ဖိတ်ခေါ်ခဲ့ချိန်တွင် မည်သည့်ပညာရှင်ကမှ မလုပ်နိုင်ခဲ့ကြချေ။ အကြောင်းမူကား ထိုသို့သွားရောက်ခဲ့သော ပညာရှင်တိုင်းက တစ်ယောက်မဟုတ် တစ်ယောက် အန္တရာယ်များကို ကြုံတွေ့ရသည်။ နောက်ဆုံးတွင် ရှန်းဟိုင်ဘုရားကျောင်း အပြင်ဘက်မှ ဆင့်ခေါ်ခဲ့သည့် ထန်ခုန်ရှူးမားချမ်းကသာ တိုးတက်မှုအချို့ လုပ်ပေးနိုင်ခဲ့သည်။
“ဒါကို လူသားတွေ လုပ်တာ မဟုတ်ဘူး”
လေးစားရသော အမတရှူးမားက ခေါင်းကို ခါပြီး သက်ပြင်းချသည်။
“အဲဒီမှာနေတဲ့ သေမျိုးမဟုတ်တဲ့ အရာတွေက ပြဿနာ ရှိနေတာပဲ။ ငါ့ရဲ့ခန်းမဆောင်က သေမျိုးမဟုတ်တဲ့ အရာတွေက သူတို့နဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပြီး တိုက်ခိုက်ကြသေးတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ အလုပ် မဖြစ်ခဲ့ဘူး။ သူတို့တောင်မှ အဲဒီအရာတွေရဲ့ ပုံပန်းသွင်ပြင် အစစ်အမှန်ကို မမြင်ခဲ့ရဘူး။ နောက်ပြီး တစ်ဖက်က မသေမျိုးနွယ်ရဲ့ ချိတ်ဆက်မှုတွေကလည်း လွတ်မြောက်သွားခဲ့ပြီး နတ်ဘုရားနဲ့ ပိုတူလာတယ်။ ဒါကြောင့် သူတို့ကို စိတ်ထင်တိုင်း မောင်းထုတ်လို့ ရနိုင်မယ်လို့ မထင်ဘူး။ အဲဒီအစား ဒီနေရာကိုပဲ တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ပါ”
“လူတွေက ထိန်းချုပ်လို့ မရဘူး။ နတ်ဘုရားတွေကတော့ ရတယ်။ လူတွေက လာပြီး မောင်းထုတ်လို့ မရမှတော့ ပတ်သွားကြပါစေ။ သူတို့ကို ဒီအတိုင်း အချိန်ပေးထားလိုက်ပါ”
အမတက ပြောသည်။
“တောင်နတ်ဘုရားက ဒီမှာ မရှိတော့လောက်ဘူး။ ရှိရင်လည်း လူတွေကို ဒီလို ဆိုးဆိုးရွားရွား ဒုက္ခရောက်စေမှာ မဟုတ်ဘူး။ ဒီတော့ မင်းတို့ဘာသာပဲ နည်းလမ်းတစ်ခုရှာပြီး ဖြေရှင်းလိုက်တော့”
ဟိုင်ရန်ဂူဘုရားကျောင်း တာအိုဆရာသခင်များက ထိုစကားကို ကြားသောအခါ မျက်နှာအမူအယာများက ပျက်သွားသည်။
ချူမားရှန်းခန်းမဆိုသည်မှာ အဖြူ၊ အဝါ မိုးမခသစ်ကိုင်းခြောက်များဖြင့် လုပ်ထားသည့် ဆတ်သွားခံ အရာများ ဖြစ်ပြီး လူအများစုကမူ သူတို့ကို မြေခွေး၊ မြွေပါနှင့် အခြားသော တိရစ္ဆာန်များအား ခေါ်ဆိုခြင်း ဖြစ်သည်။
ဟွမ်မိသားစုမှ ဖိတ်ကြားထားခဲ့သည့် ထိုချူမားအမတက ကိုးကွယ်သော သတ္တဝါသည် မြွေပါ ဖြစ်သည်။
သူကလည်း ဝံပုလွေရိုင်းတောင်ထိပ်မှ အရာအားလုံးကို ဖြစ်စေခဲ့သောသူက ထိုမျိုးနွယ်ဝင် ဖြစ်သည့်အပြင် နတ်ဘုရားတစ်ပါးပင် ဖြစ်နေသည်ဟု ဆိုကတည်းက တိရစ္ဆာန်တစ်ကောင်က တောင်နတ်ဘုရားနေရာကို ယူထားကြောင်း ဖော်ပြနေသည်။
ထို့ကြောင့် ဒီကိစ္စတွင် ထိုအချိန်က ပါဝင်ပတ်သက်ခဲ့သော ဆရာသခင်များနှင့် တာဝန်ယူထားရသော သူများက မည်မျှပင် အံ့အားသင့်ကာ ဆိုးရွားနေခဲ့စေကာမူ အာဏာပိုင်များက ထိုကိစ္စကို ခပ်မြန်မြန် ဖိနှိပ်ပြီး လမ်းကိုပင် ပိတ်လိုက်ရသည်။ မည်သူကမှ ထိုနေရာသို့ သွားခွင့်မရှိခဲ့ချေ။
ထိုကိစ္စက ဆယ်နှစ်ပင် ကြာသွားခဲ့သည်။
ထိုကိစ္စဟာ အာဏာပိုင်များ၏ နှလုံးသားထဲတွင် အမြဲတစေ လေးလံသည့် ကိစ္စကြီးတစ်ခု ဖြစ်ခဲ့သည်။ သူတို့က ဖြေရှင်းချင်ခဲ့သည်။ သို့သော် ကူကယ်ရာမဲ့ခဲ့ရ၏။
85 04
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကမှ ပြန်လည် စတင်လာခဲ့ပြန်သည်။ ဝံပုလွေရိုင်းတောင်ထိပ်က ရုတ်တရက် အပင်များ ပြန်ပေါက်လာသည်။ ပေါင်းပင်များ ပေါက်လာသော်လည်း မည်သည့်တိရစ္ဆာန်မျှ မနေကြသေးချေ။ သို့သော် ဝန်းကျင်ကမူ ကောင်းမွန်လာပြီ ဖြစ်သည်။
ဟိုင်ရန်ဂူဘုရားကျောင်းက စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ယဲ့လန်တောင်ထိပ်က ပုံမှန်အခြေအနေများတွင် အန္တရာယ် မများတော့ကြောင်း သိလာရသည်။ ယဲ့လန်တောင်ထိပ်တွင် မိုးရွာသော အချိန်မှသာ ဂါထာများက အလုပ် မဖြစ်သလို၊ ရှဲ့ထုံးကလည်း တောင်ပေါ်မှ အခြေအနေများကို အာရုံခံနိုင်သည်ဟု ဆိုထားသည်။
ထို့ကြောင့် မိုးရွာသော အခြေအနေမျိုးတွင် တစ်စုံတစ်ရာ ဖြစ်လာခဲ့သော် ယဲ့လန်တောင်ထိပ်၏ အငြိုးတရားများနှင့် ထိုတောင်မိစ္ဆာက လှောင်အိမ်ထဲမှ ထွက်လာပြီး တစ်စိမ်းများကို အလွယ်တကူ ကိုင်တွယ်မည်ဖြစ်ကြောင်း ဖော်ပြလေသည်။
ဟိုင်ရန်ဂူဘုရားကျောင်းမှ တာအိုဘုန်းတော်ကြီးက ယခင်က အမတပြောခဲ့ဖူးသည့် စကားကို သတိရသွားသည်။ ဖြစ်နိုင်သည်မှာ တောင်နတ်ဘုရားက သေမျိုးများ၏ ဝမ်းနည်းပူပန်မှုများကို စာနာသနားသောကြောင့် ဖြစ်လောက်သည်။ သူ၏နေရာကို အယူခံခဲ့ရသည့်တိုင်အောင် ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရအောင်ရှာခဲ့သေးသည်။
ဝံပုလွေရိုင်းတောင်ထိပ်က တဖြည်းဖြည်းချင်း လူအများ သွားလာရသော နေရာတစ်ခု ဖြစ်လာသည်။
ပို၍ဆိုးသည်မှာ ယဲ့လန်တောင်ထိပ်သို့သွားသော ခရီးသွားများသည် ယဲ့လန်တောင်ထိပ်မှ ကြည့်သော် ကောင်းကင်က အလွန်လှပပြီး ကြယ်စင်က လှပကြောင်း ထူးဆန်းစွာ မြင်ခဲ့ရသည်။ ရလဒ်အနေဖြင့် ထိုနေရာက နာမည်ကျော်လာပြီး အင်တာနက်ပေါ်တွင် လူပြောများလာသည်။ ကြယ်ကောင်းကင်ပုံများက ပျံ့နှံ့သထက် ပျံ့နှံ့လာလေပြီး လူအများ သွားရာနေရာတစ်ခု ဖြစ်လာသည်။ နှစ်ပေါင်းအနည်းငယ် ကြာသည်အထိ ဘာမှ မဖြစ်လာခဲ့ချေ။
ရလဒ်အနေဖြင့် ပရိုဂရမ်အသင်းက သွားမှသာ တစ်စုံတစ်ရာ ဖြစ်လာသည်။
တာအိုဆရာသခင်စုန့်က သူ၏ဘေးမှ ဒေါသထွက်နေသော တာအိုဘုန်းတော်ကြီးကို အသာကြည့်လိုက်ပြီး မျက်လုံးကို အသာအုပ်လိုက်သည်။ သူ၏မျက်နှာကလည်း နာကျင်နေသလို ခံစားနေရ၏။
အဲဒီဆရာသခင် ချမ်းယွီရဲ့တပည့်က ဘာဖြစ်တာလဲ။ မိစ္ဆာနတ်ဆိုးက သူ့ရဲ့အရိုးထဲထိ ဝင်လို့တောင် မရဘူး မဟုတ်ဘူးလား။ ဘယ်လိုကြောင့်များ ကွေ့တောင်ကို သွားတော့ ကွေ့တောင်က သရဲနဲ့တိုးတယ်။ အခု ယဲ့လန်တောင်ထိပ်ကို လမ်းမှားသွားပြီး မိုးရွာတဲ့နေ့မှာ အဆုံးသတ် သွားပြန်တယ်။ ဒီလောက်ကံဆိုးနေတာ။ သရဲကို ဆွဲဆောင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ထားတာများ ဖြစ်နေမလား။
အရေးကြီးဆုံးအချက်က ဆရာက ဦးလေးချမ်းယွီနှင့် ထိုတပည့်ကို အရမ်းသဘောကျနေခြင်း ဖြစ်ပြီး ကြည့်သော အကြည့်ကပင် မှားယွင်းနေသေးသည်။
တာအိုဘုန်းတော်အိုကြီးက နှာခေါင်း ရှုံ့လိုက်သည်။
“မင်းက မင်းတပည့်ကို ဖုန်းထဲမှာ ဘယ်လို ပြောရမလဲ သိတာပဲ။ ဘာလို့ အဲဒီကုန်တန်းရဲ့ တပည့်ကျ ဘာလို့ ဂရုမစိုက်တာလဲ။ အဲဒီကုန်တန်းမှာ တိုက်ရိုက်တပည့် တစ်ယောက်တည်းပဲ ရှိတာ။ မင်းက ဘယ်လိုကြောင့်များ စီနီယာတပည့် ဖြစ်လာတာလဲ။
တာအိုဆရာသခင်မာက တာအိုဆရာသခင်စုန့်ကို ခါးသီးသော အကြည့်ဖြင့် ကြည့်လိုက်မိပြီး အော်ရယ်မိသည်။
တာအိုဘုန်းတော်အိုကြီးက ခေါင်းကို လှည့်ကြည့်သည်။
“နောက်ပြီး မင်း...မင်း ဘာလို့ ကုန်တန်းနဲ့ သူ့ရဲ့တပည့်ကို အဲဒီနေရာကို မိုးရွာတဲ့နေ့မှာ မသွားဖို့ သတိ မပေးထားတာလဲ”
တာအိုဆရာသခင်မာက မတရားခံရသလို ခံစားရပြီး အော်လိုက်သည်။
“ဂျူ ဂျူနီယာ ညီငယ်ယန်က ဖုန်းတောင်ကြည့်တာ မဟုတ်ဘူး။ ငါသူ့ကို ထပ်ခါတလဲလဲ ခေါ်ပြီးပါပြီ။ သူကမှ မကိုင်တာ ဆရာသခင်ဦးလေးရယ်”
******