87 01
အပိုင်း(၈၇)
အန်တိုနီသည် သူ၏အခွဲဖန်သားပြင်ကို ကြည့်ကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုံးလိုက်ပြီး ပုံမှန်ယဉ်ကျေးသော လေသံမျိုးနှင့် ပြောသည်။
“ဒါပေမဲ့ အခု ကျဲကျဲတို့ သူတို့ရဲ့ အကျည်းတန်မှုကို သိသွားကြပြီလား။ အချိန်က နောက်မကျသေးဘူးနော်။ ဖျော်ဖြေရေးအသိုင်းအဝိုင်းရဲ့ ထိပ်ဆုံးကို ဘယ်သူကများ မလိုချင်ကြလို့လဲ။ နာမည်ကျော် အိုင်ဒေါလ်တစ်ယောက်အနေနဲ့ ကျဲကျဲတို့ ဒါကို စိတ်ထဲကနေ သိနေသင့်တယ် မဟုတ်ဘူးလား”
သူ၏အသံက သူ၏ပရိတ်သတ်များ သဘောကျသော ယဉ်ကျေးပြီး ဆွဲဆောင်မှု ပြင်းထန်သော သံလိုက်လို အသံမျိုး ဖြစ်နေသေးသည်။ သူ၏ ပြောစကားအရ သူ ယခုပြောလိုက်သော စကားများက လူအများကို ဆွဲဆောင်ရန် ပြောနိုင်သလိုမျိုးပင် ထင်ရသေးသည်။ သို့ရာတွင် သူပြောသော စကားများက ရက်စက်ကာ အကျည်းတန်လွန်းလေရာ အန်တိုနီ၏ အခွဲဖန်သားပြင် အရှေ့တွင် ထိုင်နေကြသော ကြည့်ရှုသူများက အံ့အားသင့်ပြီး ဒေါသထွက်သွားသည်။
[ဘုရားရေ ငါ အချစ်ဆုံးသူငယ်ချင်းက မနေ့ကလေးတင် အန်တီနီအကြောင်း ငါ့ကို ချိန်းပြီး လာပြောသွားသေးတယ်။ အန်တိုနီက အရမ်းယဉ်ကျေးတာပဲ။ နောက်ပြီး ပါပီလေးလိုပဲ။ သူ ပျော်ပျော်ရွှင်ရွှင်နဲ့ လိုက်သင့်တဲ့ စတားတစ်ယောက်တဲ့။ ဒါပေမဲ့ ဒါလား ဒါကြီးကလား။ ခွေးရူးလိုမျိုး လူတွေကို ရွံ့အောင်လုပ်နေတဲ့ အကောင်ကလေ]
[နင် ငါ့ရဲ့ကောကို ဒီလိုပြောပိုင်ခွင့် မရှိဘူး။ ငါ့ရဲ့ကောက ပြင်းပြင်းထန်ထန် ကြိုးစားထားတာ။ ဒါတွေအားလုံးက ယန်ရှစ်ရွှမ်းနဲ့ အန်းနန်ယွမ်ရဲ့အမှားပဲ။ ငါ့ရဲ့ကောက အန်းနန်ယွမ်ကို သူ ရသင့်တဲ့ အရင်းအမြစ်တွေနဲ့ အဆက်အသွယ်တွေ အားလုံးကို အသားကုန် သိမ်းပိုက်ထားတယ် မပြောသွားဘူးလား။ ကုမ္ပဏီက ကန်းနေလို့ အန်းနန်ယွမ်ကို ထောက်ပံ့ မပေးနေခဲ့ရင် ငါရဲ့ကောက ထိပ်တန်းအဆင့်တစ်ယောက် ဖြစ်လာမှာ။ နောက်ပြီး ယန်ရှစ်ရွှမ်း သူက ၁၈ကြောင်းပဲ ပြောလို့ရတဲ့ သရုပ်ဆောင်အဆင့်ပါ။ ဒါပေမဲ့ ငါ့ရဲ့ကောကို အနိုင်ကျင့်တယ်။ ကင်မရာကိုတောင် ခိုးသေးတယ်။ ဒီလိုလူမျိုးက ထိုက်တန်ကြလို့လား။ ငါ့ရဲ့ကောက မှန်တယ်။ သူ့ကိုပဲ ထောက်ခံအားပေးရမယ်]
[အပေါ်ကတစ်ယောက် ဒီနှစ်အထက်တန်းကျောင်း စတက်မှာလား။ လိမ္မာနော် စတားတွေနောက်ကို မလိုက်နဲ့။ အိပ်ယာစောစောဝင် မနက်ဖြန် အိပ်စာလုပ်ဦး။ အန်တိုနီမှာ ဒီလိုပရိသတ်မျိုး ရှိနေမယ်လို့ မထင်ထားဘူး။ သူက ပွဲဦး မထွက်ရသေးဘူး မဟုတ်လား။ ဒါတောင် တော်တော်လေး ကြောက်ဖို့ကောင်းတာပဲ။ သူ့ရဲ့မိသားစုက ကျိန်စာများ မိနေတာလား]
[ငါကတော့ အန်တိုနီက တော်တော်လေး ဆိုးယုတ်တယ်လို့ ထင်တယ်။ အခုလေးတင် ပေါ်နေတဲ့ အန်တိုနီရဲ့ မျက်နှာကို မြင်လိုက်ကြလား။ ဒါက လူမျက်နှာလား။ လာနှောက်နေတာလား။ သူက တိရစ္ဆာန်မျက်နှာလိုပဲ။ သူ့ကို မိစ္ဆာဝိဉာဉ် ဝင်ပူးနေတာ ဖြစ်မယ်။ ပုံမှန်အားဖြင့် သူ့ရဲ့ရုပ်ရည်က ဒီလိုမျိုး ပြောင်းလဲ သွားနိုင်လို့လား။ နောက်ပြီး ကင်မရာအရှေ့မှာတောင် သာမာန်လိုမျိုး စကားတွေ ပြောနေသေးတယ်။ နောက်ပြီး ရယ်တောင် ရယ်နေလိုက်သေးတယ်။ သူ့ရဲ့အပေါင်းအဖော်တွေကို ကြွက်က လိုက်သတ်နေတာကို သူက ပျော်နေတာလား]
[ငါ အန်တိုနီကို ဂရုမစိုက်ဘူး။ ငါပိုင်ရွှမ်းကျဲကိုပဲ ဂရုစိုက်တယ်။ ဘုရားရေ ငါ တအားကို စိတ်ဓာတ်ကျနေပြီ။ ငါ့ရဲ့ကျဲကိုကြည့် မျက်နှာလေးက ဖြူဖျော့နေတာပဲ။ ဒီအတိုင်း ဆက်သွားနိုင်ပါဦးမလား။ တကယ်လို့ နောက်မှာ ကျန်နေရစ်ခဲ့ပြီး အဲဒီကြွက်တွေက ကိုက်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ နောက်ပြီး အခြား ကပ်ရောဂါဘေးတွေကိုလည်း ဖြစ်နိုင်သေးတယ်။ ဒါက မသန့်စင်ဘူးနော်။ ငါ တော်တော်လေး စိုးရိမ်နေပြီ။ ယန်ကော ဘယ်မှာလဲ။ ယန်ကောရေ အားလုံးကို ကာကွယ်ပေးပါနော်။ သူ ဒီမှာရှိနေသင့်တယ်နော်]
[အပေါ်ကတစ်ယောက် ပြောသွားသလိုပဲ။ ငါ အရင်ကတော့ ဒီပိုးမွှားတွေကို စိုးရိမ်နေခဲ့တာ။ ဒါပေမဲ့ ဒီပိုးမွှားတွေ ဆိုတာထပ် ရုပ်ပိုင်းဆိုင်ရာ ပြဿနာက ပိုကြီးမယ်ထင်တယ်။ ဥပမာအားဖြင့် အဲဒီတစ်မီတာလောက်သာ မြင့်တဲ့ ကြွက်ကြီးကသာ ကိုက်လိုက်ရင် ပိုင်ရွှမ်းကျဲရဲ့ ခေါင်းတောင် ရှိနိုင်ပါဦးမလား။ နောက်ပြီး တောင်ပိုင်းက ကြွက်တွေလို မင်းတို့ပြော ကြပေမဲ့လည်း ငါက တကယ်ကို တောင်ပိုင်းသားအစစ်ပါ။ ဒီလောက် တစ်မီတာလောက်မြင့်တဲ့ ကြွက်ကြီးကို မမြင်ဖူးဘူး။ စိတ်မရှိပါနဲ့။ ငါ ကြောင်ထက် ကြီးတဲ့ကြွက်ကိုတော့ မြင်ဖူးပေမဲ့ လူသားနီးပါး ဝဖြိုးနေတဲ့ အကောင်ကြီးကိုတော့ မမြင်ဖူးသေးဘူး။ ဒါပေမဲ့ အဲဒီကြွက်ရဲ့ သွားတွေကို မြင်လိုက်လား။ ဓားတွေလိုပဲ။ တံခါးဘောင်ကိုတောင် ကိုက်ဖြတ်လိုက်တာနော်။ အခုလေးတင် အန်းနန်ယွမ်နဲ့ တခြားသူတွေ တံခါးကနေ ထွက်လာတော့ တံခါးကို လော့ပိတ်ထားခဲ့တယ်။ ပစ္စည်းတွေ ဘာတွေနဲ့တောင် ပိတ်ထားခဲ့သေးတာ။ ဒါပေမဲ့ အဲ့ကြွက်က ကိုက်ဝါးပစ်လိုက်သေးတာ။ ဒါကြောင့် အဖက်ဖက်ကနေ ကြည့်မယ်ဆိုရင် သာမာန်နားလည်နိုင်စွမ်းရည်ကို ကျော်လွ န်နေပြီးသား။ မျိုးရိုးဗီဇ သီးသန့်ကြောင့်နဲ့တော့ ဒီလိုဖြစ်နေတာလို့ မထင်ဘူး]
87 02
[ဟုတ်တယ်။ ငါ ကလေးဘဝတုန်းက တိရစ္ဆာန်တွေက အသက်အရမ်းကြီးသွားရင် အကောင်အရမ်းကြီးသွားတယ်လို့ ပြောတယ်။ အဲဒီနောက် မျိုးရိုးဗီဇက မြင့်မားလာပြီး သွားရှုပ်လို့တောင် မရတော့ဘူးတဲ့။ အဲဒီလိုမှ မဟုတ်ရင် ဆိုးရွားတဲ့ ကိစ္စတွေ ဖြစ်လာမယ်တဲ့။ ဒါပေမဲ့ ဒီမြင်ကွင်းကို မြင်ပြီးမှပဲ အား... သူတို့က တကယ်ကို ပြဿနာ ရှာနိုင်တယ်ဆိုတာကို နားလည်လိုက်တယ်။ ကျန်တဲ့သူတွေ လွှတ်သွားဖို့ ငါ မျှော်လင့်ပါတယ်။ အာဏာပိုင်တွေကိုလည်း ငါ ဖုန်းခေါ်ပြီးပြီ။ သူတို့တွေ အမြန်ဆုံး လာကယ်နိုင်ဖို့ မျှော်လင့်တယ်]
[လူအများစုကတော့ အဲဒီလို တွေးနေကြတာပဲ။ အခု ငါ ဖုန်းခေါ်တော့ အော်ဖစ်ရှယ်ဟော့လိုင်းက တအား busy ဖြစ်နေတာလေ။ ဒါပေမဲ့ အဆင်ပြေပါတယ်။ အရေအတွက်က အင်အားပဲလေ။ ဒါကြောင့် ယန်ကောက သူတို့ကို အရင်ကယ်ပေးနိုင်ဖို့ မျှော်လင့်တယ်။ အခုလေးတင် ငါ ဖန်သားပြင်ထဲကနေ ထွက်ပြီး အန်တိုနီရဲ့ခေါင်းကို ရိုက်ခွဲချင်နေပြီ။ သူက ဘာလို့ ဒီလောက်အထိ စိတ်ရှုပ်ဖို့ ကောင်းနေတာလဲ။ ကြွက်ထက်တောင် ရွံဖို့ ကောင်းတယ်]
[ဟုတ်တယ် ယန်ကောရဲ့ဖန်သားပြင်အခွဲက ဖွင့်ထားတယ်လေ။ နင် ငါ့ကို သတိပေးလိုက်တာပဲ။ ငါတို့တွေ အဲဒီဖန်သားပြင်အခွဲကို သွားပြီး ကွန့်မန့်တွေ မန့်လို့ ယန်ကောကို စာတွေ့ပြီး အပြေးအလွှား လာအောင် ပြောကြမလား]
[နင်တို့တွေ အရင်ဆုံး အုတ်ဂျုံတွေကို မေးသင့်တယ်။ ယန်ကောက ဖုန်းကို စစ်လေ့စစ်ထ မရှိဘူး။ သူ့ရဲ့ဖန်သားပြင်အခွဲက တိုက်ရိုက် ထုတ်လွှင့်ဖို့ပဲ ဖွင့်ထားတာ။ တိုက်ရိုက်ဒါရိုက်တာက သူ့ကို မတိုက်တွန်းသမျှ သူက ကွန့်မန့်ကဏ္ဍကို ကိုင်တွယ်လာမှာလည်း မဟုတ်ဘူး။ ငါ အခုလေးတင် ယန်ကောရဲ့ဖန်သားပြင်အခွဲကို ကြည့်ပြီး ပြန်လာတာလေ။ ဟိုဘက်က အခြေအနေက ပိုပြီးတော့တောင် ကြောက်စရာ ကောင်းသေးတယ်။ ရုပ်ထုတွေက ရွှေ့လျားပြီး နံရံဆေးရေးပန်းချီတွေက လှုပ်ခတ်တာကို မြင်ဖူးကြလား]
[ အား အား အဲဒီကြွက်တွေက မှီတော့မယ်။ ဘယ်လို လုပ်ကြမလဲ ဝူး ဝူး ဝူး နောက်ပြီး သရုပ်ဆောင်လား မသိဘူး။ ဧည့်သည် တစ်ယောက်တောင် ပါသေးတယ်။ သူ့ရဲ့ခြေထောက်က ဒဏ်ရာ ရထားလို့ သိပ်ဝေးဝေး မပြေးနိုင်ဘူးလေ ဘယ်လို လုပ်ကြမလဲ]
[သောက်ကျိုးနည်း သောက်ကျိုးနည်း ဒါကကြွက်လား သောက်ကျိုးနည်း။ ဂေါ်ဇီလာကြွက်လား အား အား မဖြစ်သေးပါဘူး။ ငါ မကြည့်ရဲတော့ပါဘူး]
“ပိုင်ရွှမ်း”
ပိုင်ရွှမ်းက အပြေးနှေးသထက် နှေးလာပြီး နောက်မှ လှမ်းမှီလာသည့် ကြွက်ကပင် ပုခုံးကို လာကိုက်လာကြောင်း မြင်သောအခါ အပေါင်းအဖော်များ၏ အခြေအနေကို အမြဲတစေ အာရုံစိုက်နေသည့် အန်းနန်ယွမ်က အထိတ်တလန့် အော်သည်။ ထို့နောက် ချက်ချင်းဆိုသလို အင်အားများက ပြည့်နှက်လာလေပြီး ပိုင်ရွှမ်း၏ ထိုလက်တစ်ဖက်ကို လက်တစ်ဖက်တည်းဖြင့် တိုက်ရိုက် ဆွဲချလိုက်သည်။ ထို့နောက် ပိုင်ရွှမ်း၏ကိုယ်ကို အနားသို့ ဆွဲခေါ်လျက် ချက်ချင်းလိုလို တောင်ဘုရားကျောင်း ဘေးတံခါးကို တွန်းဖွင့်လိုက်သည်။
အနည်းငယ် အပြေးမြန်သော လူနှစ်ယောက်က တံခါးဘေးနားတွင် စိုးရိမ်စိတ်ကြီးစွာနှင့် စောင့်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျန်သောသူများ ဝင်ပြီးပြီးချင်း တံခါးကို ဘန်းခနဲ မြည်သံနှင့်အတူ ပိတ်လိုက်ကြ၏။ အချိန်ကိုက်ပင် အပြင်မှကြွက်ကလည်း ဝင်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် တံခါးဝတွင်ပင် ညှပ်သွားသည်။
သို့သော် အပြင်ဘက်တံခါးကို တဂျစ်ဂျစ် ကုပ်ခြစ်နေသံကို ကြားသောအခါ အထဲမှ လူများက စိတ်အေးသွားသလို သက်ပြင်း ချလိုက်ကြသည်။ သူတို့သည် မောပန်းနွမ်းနယ်သလို အသာထိုင်ချလိုက်ကြသေး၏။
“ဘုရားရေ ငါတို့ ငါတို့ အသက်ရှင်နေသေးတာပဲ”
ညလယ်ခေါင် အိပ်ပျော်ရာမှ နိုးလာပြီး အရှေ့မှ အရာများကို အမှန်တကယ် ဖြစ်နေကြောင်း မယုံကြည်နိုင်သေးသည့်တိုင်အောင် တတိယတန်းအဆင့် အမျိုးသားစတားကမူ သူသည် သေဘေးမှ ကပ်သီးလေး လွတ်မြောက်ခဲ့သလိုမျိုး ခံစားနေရလေသည်။
“ငါတို့ သတိလျော့ချလို့ မရသေးဘူး။ အပြင်က ကြွက်တွေက တံခါးကို ကုပ်ခြစ်နေကြတုန်းပဲ။ သူတို့အရင်လိုမျိုး ဖောက်ပြီးဝင်လာနိုင်ခဲ့ရင်တော့ အဆုံးသတ်ပြီ”
အန်းနန်ယွမ်က ပိုင်ရွှမ်း၏ အခြေအနေကို မမေးနိုင်သေးချေ။ သူ၏တစ်ကိုယ်လုံး စိုးရိမ်များ ကြီးမားနေပြီး ချွေးစေးများ ပြည့်နေသည်။ သူသည် ယန်ရှစ်ရွှမ်းအား သူ၏ဘေးနားတွင် ရပ်နေပေးရန် မျှော်လင့်သည်။ သူသည် ပြိုင်ဘက်ကင်းသော ယန်ကော၏ အကူအညီကို လိုချင်သည်။ သို့သော် ယန်ရှစ်ရွှမ်းကမူ ဒီနေရာတွင် မရှိချေ။ ထို့ကြောင့် သူတို့ကိုယ်သူတို့သာ မှီခိုရတော့ပေမည်။
87 03
“စကားမစပ် အန်တိုနီက တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ထားတာ မဟုတ်ဘူးလား”
အန်းနန်ယွမ်၏ မျက်နှာက ရုတ်တရက် တောက်ပ သွားသည်။ သူသည် စိတ်လှုပ်ရှားစွာနှင့် အကြံပေးလိုက်သည်။
“ဒါဆိုရင်ငါတို့ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရအောင်။ ဒါဆိုရင် သူတို့ ဘာလုပ်နေလဲ သိရမှာပဲ”
“အကြံကောင်းပဲ”
မင်း အန်းနန်ယွမ် မင်းပြောမှပဲ။ မင်းကြည့် ငါတို့ အားမရှိတော့ဘူး”
အန်းနန်ယွမ်က ထိုလူများ၏ အပြစ်ပုံချသော အပြုအမူများနှင့် သဘော မကျသော်လည်း လက်ရှိကပ်ဘေး အခြေအနေအရ အသုံးမကျသော အသေးစိတ် အခြေအနေနှင့် ပြိုင်ငြင်းမနေချင်တော့ပေ။ ထို့ကြောင့် တိုက်ရိုက်ပင် သူ၏ဗီဒီယိုပလက်ဖောင်းသို့ တိုက်ရိုက်ဝင်လိုက်သည်။ ထို့နောက် အန်တိုနီ၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို တွေ့လိုက်သည်။
သတ္တုဂိတ်တံခါး၏ အပြင်ဘက်တွင် ကြွက်များက တဂျစ်ဂျစ် ကုပ်ခြစ်လျက် သူတို့၏ သွားများဖြင့် ကိုက်နေကြသည်။ သူတို့၏ တံခါးကြီးက ကျယ်လောင်သော အသံများ ပြုလုပ်နေသည်မှာ အချိန်မရွေး ပြိုလဲကျတော့မည်ပုံ ပေါ်နေသည်။ ထို့အပြင် ဘေးတံခါးတွင် မနေပဲ မျက်လုံးကို ရှေ့ပို့လိုက် နောက်ပို့လိုက် လုပ်ပြီး တံစက်မြိတ်အောက်မှ ဖောက်ဝင်ရန် ကြိုးစားလိုပြီး အပေါ်သို့ ပြေးတက်သွားသော ကြွက်တစ်ကောင်လည်း ရှိနေသေးသည်။ ထိုအချိန်တွင် အန်းနန်ယွမ်က ကြောက်လန့်တကြား ကျိန်ဆဲလိုက်သည်။
“သောက်ကျိုးနည်း”
ထိုကြွက်က အခြားလမ်းရှာရန် ပြင်ဆင်ပြီးပုံ ရသည်။ သူသည် တိုက်ရိုက်ပင် တံစက်မြိတ်ပေါ်သို့ ခုန်တက်သွားလျက် ဘေးတံခါး အနောက်ဘက်ရှိ သေးငယ်သော ခြံဝန်းလေးထံ သွားသည်။ အန်းနန်ယွမ်ကမူ ဖုန်းကို ဆက်မကြည့်နိုင်တော့ဘဲ မြေပြင်တွင် လဲနေသည့် သူ၏လူများကို ခပ်မြန်မြန် ထခိုင်းလိုက်သည်။ ထို့နောက် အတူပြေးရန် ကြံစည်လိုက်ကြသည်။
သူတို့က ဂရုတစိုက် မတွေးနိုင်ကြတော့ချေ။ ကြွက်များက မြေပြင်တွင် ပြေးလွှားနိုင်သည်။ ထို့အပြင် အပေါ်တွင်လည်း ဖြတ်ပြေးနိုင်ကြောင်း မေ့လျော့နေခဲ့၏။ ထိုအတွေးကြောင့် တံခါးကို ပိတ်ခြင်းဖြင့် သူတို့ လုံခြုံပြီဟု တွေးထင်နေခဲ့ကြခြင်း ဖြစ်သည်။ ယန်ကော ဒီနေရာတွင် မရှိသောကြောင့် သူတို့သည် အကြံအစည်များကို ကောင်းကောင်း မချနိုင်ကြချေ။ သူတို့သည် ယန်ကော ပြန်လာသောအခါမှသာ အဆင်ပြေပေလိမ့်မည်။
“ငါ မပြေးနိုင်တော့ဘူး”
အနည်းငယ် အသက်ကြီးသည့် ပါရမီရှင် သရုပ်ဆောင်က ခါးသီးစွာ ပြုံးလိုက်ပြီး အန်းနန်ယွမ်ကို လက်ယမ်းပြသည်။
“မင်းတို့ သွားကြပါ။ ငါ့ရဲ့ခြေထောက်ကိုလည်း ကြွက်က ကိုက်သွားသေးတယ်။ ပြီးတော့ ဒဏ်ရာကိုလည်း မကုရသေးဘူး။ ငါ ဒီလောက် ပြင်းပြင်းထန်ထန် ပြေးနေပြီးတဲ့နောက်မှာ ဒီထက် ဆက်ပြေးနေမယ်ဆိုရင် သွေးဆုံးရှုံးလွန်ပြီး သတိလက်လွတ် ဖြစ်သွားနိုင်တယ်လို့ ထင်တယ်။ ငါ့ကို ထားခဲ့ကြပါ။ ငါ့ကို ခေါ်သွားတာက မင်းတို့အတွက် ဝန်ထုပ်ဝန်ပိုးပဲ။ ငါ ငါ့ရဲ့ကံကြမ္မာကိုပဲ ငါ လက်ခံလိုက်တော့မယ်”
အန်းနန်ယွမ်၏ မျက်လုံးက အံ့အားသင့်မှုနှင့် ပြည့်နှက်သွားသည်။
“ကျောင်းကော မင်း _ _ _”
အန်းနန်ယွမ်က ဖြေရှင်းချက် မထုတ်နိုင်သေးခင် ရုတ်တရက် သူ ရပ်နေသော မြေဆီလွှာအောက်ဘက်မှ အားတစ်ရပ် မြှင့်တက်လာသလို ခံစားလိုက်ရပြီး ငြင်သာသော အရှိန်မျိုးနှင့် ခြံဝန်းတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။
မိုဘိုင်းလ်ဖုန်း ဖန်သားပြင်အခွဲတွင် ပေါ်နေသာ အန်းနန်ယွမ်၏ တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်အခွဲတွင်လည်း မူလက တံစက်မြိတ်ကို တက်လိုသည့် ကြွက်ကို မမြင်ရသည့် အားတစ်ရပ်က ကာထား လိုက်သဖြင့် မတိုးနိုင်ကြောင်း မြင်ရလိမ့်မည် ဖြစ်သည်။ ထိုကြွက်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏သွားကို လေထဲသို့ ဆန့်ကာ ကုပ်ခြစ်သည်။ သူသည် တစ်စုံတစ်ရာနှင့် တိုက်ခိုက်ပုံရသည်။
သို့ရာတွင် ထိုအားက ညင်သာလွန်းသည်။ သို့သော် ခိုင်မြဲနေပြန်၏။ သူ၏ရှေ့တွင် မားမတ်စွာ ရပ်နေပြီး ဝင်ခွင့်မပြုချေ။
မတော်တဆ ထိုမြင်ကွင်းကို မြင်ရသည့် ပိုင်ရွှမ်းက ကြောင်သွားသည်။
“ဒါက ဒါက “
87 04
သို့သော် သူမသည် ကွေ့ရှန်းတောင်စံအိမ်တွင် ရှိနေခဲ့ကတည်းက သူမကို ဝင်ပူးခဲ့ဖူးသော ချီရွှမ်းကို သတိရသွားသည်။ ထိုအချိန်က အလားတူစွာပင် ဖြစ်ခဲ့သည်။ သိသာစွာပင် အမည်မသိရသည့် တည်ရှိမှုတစ်ခုက ယခုလို ကူညီခြင်း ဖြစ်လာသော်လည်း သရဲများနှင့် ခြားနားသော ခံစားချက်ကို ရရှိပြီး နွေးထွေးငြင်သာသော ခံစားချက်ကို ရလိုက်၏။ ထိုတည်ရှိမှုသည် သူတို့ကို ဒုက္ခပေးမည့်အစား ကာကွယ်ပေးမည့်ပုံ ရသည်။
“ကျောင်းကော အဲဒီလို မပြောနဲ့။ ငါတို့ ငါတို့ ကယ်တင်ခံရနိုင်တယ်”
အခြားသောသူများ၏ သံသယဝင်သော မျက်လုံးအောက်တွင် ပိုင်ရွှမ်းက သူ မြင်ခဲ့ရသည့် အကြောင်းအရာများကို ပြောလိုက်ပြီး ထင်မြင်ချက်ကို မေးသည်။
“နင်တို့ ခန္ဓာကိုယ်က ရုတ်တရက် နွေးထွေး သွားတယ်လို့ မခံစားရဘူးလား။ အများကြီး နေလို့ ကောင်းသွားတယ် မဟုတ်ဘူးလား။ အခု မိုး ဒီလောက် ရွာနေတာ။ ဒါပေမဲ့ ရုတ်တရက်ကြီး နေမင်းက ငါတို့အပေါ်ကို ကျရောက်လာသလိုမျိုး ရုတ်ချည်း နွေးထွေးသွားတယ်။ ငါကတော့ ဒါက ထင်ယောင်ထင်မှား ဖြစ်တာမဟုတ်ဘူးလို့ ထင်တယ်။ တည်ရှိမှုတစ်ခုခုက ငါတို့ကို ကာကွယ်လိုက်တာပဲ”
“ဘယ်လို ဖြစ်နိုင်မှာလဲ”
ရသစုံရှိုးစတားကမူ ပိုင်ရွှမ်း၏ သရဲဝင်ပူးခံရဖူးသော အတွေ့အကြုံကို မခံစားရဖူးသေးကြောင့် ထင်သလောက် မယုံကြည်သေးချေ။
“ပိုင်ရွှမ်း မင်း အကြောက်လွန်ပြီး ပုံပြင်တွေ ဖန်တီးနေတာလား”
မည်သို့ပင်ဆိုစေ သူသည် ဒီရှိုးတွင် ဝင်ပါသော်လည်း ဒီတိုင်း ဖော်လိုဝါများ ရလို၍ အာရုံစိုက်ခံချင်လို၍သာ ဖြစ်သည်။ တစ္ဆေသရဲများနှင့် နတ်ဘုရားများအတွက်မူကား ဒီအတိုင်း ရှိုးက ဒုက္ခရောက်သည့်အချိန်တွင် အကြောင်းပြချက်တစ်ခု ဖန်တီးထားသည်ဟုသာ ယုံကြည်ထားခြင်း ဖြစ်သည်။
အရင်က ပင်းဟိုင်မြို့ အာဏာပိုင်တွေကလည်း ပြောထားတယ် မဟုတ်ဘူးလား။ တွေ့ခဲ့တာ သရဲမဟုတ်ဘဲ ဒီအတိုင်း တောင်ပေါ်ကို ကျုးကျော်ပြီး ရာဇဝတ်မှုကျူးလွန်တဲ့ ဂိုဏ်းစတားတွေက တိုက်ခိုက်ခဲ့ကြတာဆို။
ပိုင်ရွှမ်းက နှာခေါင်းရှုံ့လိုက်ပြီး ထိုရသစုံရှိုးစတားကို လစ်လျူရှု လိုက်သည်။ သူက ယန်ကောနှင့် အတူရှိခဲ့သည့် စံအိမ်ဥယျာဉ်မှ အန္တရာယ်ကိုသာ အတွေ့အကြုံ မရှိခဲ့ဖူးလျှင် ဒီလိုယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။ သူတို့သည် ဘေးခြံဝန်းတွင် ယခင်တစ်ခေါက် ယန်ကောက သရဲမချီရွှမ်း အပိုင်ပစ္စည်းများကို ရှာတွေ့ခဲ့ပြီး ကွေ့တောင်ထဲမှ ခေါ်ထုတ်နိုင်ခဲ့သလို အဲဒီပစ္စည်းများကို ရှာရန်ဆုံးဖြတ်လိုက်သည်။
သူမက ယန်ရှစ်ရွှမ်းလုပ်ခဲ့သည့် ကိစ္စများကို ပြန်တွေးကြည့်နေရင်း ခြံဝန်း၏ထောင့်တိုင်းကို လိုက်ကြည့်လိုက်သည်။ သူတို့ကို ကာကွယ်ထားသည့် နွေးထွေးသော အားက မည့်သည့်အတွက်ကြောင့် ဖြစ်လာကြောင်း ကိစ္စများကို ရှာလိုသည်။ ဒီနည်းအားဖြင့် ယန်ရှစ်ရွှမ်း လုပ်ခဲ့သလို ပြဿနာကို ဖြေရှင်းရန် အဓိကသော့ချက်ကို လိုက်ရှာနေကြသည်။
ဘေးခြံအတွင်းမှ အိုဟောင်းနေသော တဲအိမ်လေး၏တံခါးကို တွန်းဖွင့်လိုက်သည်။ ထိုတဲအိမ်လေးက ယိုင်နဲ့နဲ့ဖြစ်ကာ ပြိုကျမည့်ပုံ ဖြစ်နေသည်။ သို့သော် ပိုင်ရွှမ်းကမူ အိမ်အတွင်းရှိ အိုဟောင်းနေသော သစ်သားစားပွဲလေးပေါ်တွင် တင်ထားသော အဝါရောင်စာရွက်များနှင့် ဆီးမီးခွက်တစ်ခွက်ကို တွေ့လိုက်ရသည်။
အန်းနန်ယွမ်ကမူ ပစ္စည်းများကို ဖယ်ကြည့်လိုက်သည်။ အကြောင်းမူကား ထိုစာရွက်များက အလွန်အိုဟောင်းနေလေရာ ရေငွေ့ပျံခြင်းနှင့် ဆွေးမြေ့ခြင်းတို့ ဖြစ်နေလေပြီ။ သူသည် အားအများကြီး စိုက်မထုတ်ရဲချေ။ ထိုစာရွက်များ ပြဲသွားမည့် အခြေအနေကို စိုးရိမ်နေသည်။
မိုဘိုင်းလ်ဖုန်းမှ အားနည်းသော အလင်းရောင်အောက်တွင် ထိုနှစ်ယောက်က ထိုစာရွက်များကို ရေးသားထားသည့် စကားလုံးများကို ခပ်ရေးရေး မှန်းဆကာ ဖတ်လိုက်နိုင်လေသည်။
******