Ch 89
Viewers 6k

89 01

အပိုင်း(၈၉)

 

မူလကမူ ကြီးမားသော ကြွက်ကြီးကဲ့သို့ အန္တရာယ် များလွန်းသော အခြေအနေကို ကြုံတွေ့ခဲ့ရသည့်မှာ သူတို့သာ ဖြစ်လောက်မည်ဟု ယူဆထားသည်။ မမျှော်လင့်ထားစွာပင် ယန်ရှစ်ရွှမ်း၏အခြေအနေက သူတို့ထက် အဆတစ်ရာမက အန္တရာယ် များနေသေးသည်။ ယန်ရှစ်ရွှမ်းက အကြမ်းဖျင်း ပြောပြသော စကားကပင် သူ့ကို ချွေးစေးပျံစေသည်။ ရသစုံရှိုးစတားအနေဖြင့် သူကသာ ထိုနေရာ သို့မဟုတ် ထိုအခြေအနေမျိုးတွင် ဖြစ်ခဲ့ပါက ကြောက်လွန်းသဖြင့် နေရာတွင် ပြိုလဲကျသွားလောက်သည်။ အဓိက ခန်းမအတွင်းရှိ နံရံဆေးရေးပန်းချီများပင် ဖြစ်စေ၊ ထိုကြွက်ရုပ်ကိုပင် ဖြစ်စေ ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်သလို တခြားသော ဧည့်သည်များကိုလည်း လာပြီး ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။

 

ပို၍ဆိုးသည်မှာ ရှိုး၏ တိုးဂိုက်ဖြစ်သော ယန်ရှစ်ရွှမ်းသည် သူတို့ကို တစ်ယောက်တည်း ထားရစ်ခဲ့ခြင်း မဟုတ်ချေ။ ထို့အစား သူက ပုံမှန် မဟုတ်သော ဖြစ်ရပ်ကို သိပြီးပြီးချင်း အခြေအနေကို သွားရောက် စုံစမ်းနေခဲ့ခြင်း ဖြစ်သည်။ ယန်ရှစ်ရွှမ်း ယခုပြောသော စကားလုံးများက အလိမ်အညာ မဟုတ်နိုင်ချေ။ သူသည် ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲမှ ဖြစ်သည်။ ဒီကုန်လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း အမျိုးမျိုးသော အခြေအနေများကို ကြုံတွေ့ခဲ့ဖူးပြီးသား ဖြစ်သည်။ မရိုးဖြောင့်သည့် အပြုအမူတိုင်းကို အကဲခတ်နိုင်သည်။ ထို့ကြောင့် ယန်ရှစ်ရွှမ်း၏ ယုံကြည်မှုအပြည့် ရှိနေသော ပုံစံအရ ထိုကိစ္စက မှန်ကန်နေလောက်သည်။

 

“ငါ နားလည်ပြီ”

 

ရသစုံရှိုးစတားက သက်ပြင်း ချလိုက်သည်။ ဧည့်သည်များထဲတွင် သူကသာ ပထမဦးဆုံး တည်ငြိမ်သွားသူ ဖြစ်သည်။

 

“ငါတို့က ဒီနေရာကို ရောက်ပြီးပြီဆိုကတည်းက ဒီအတိုင်းထိုင်ပြီး အထွန့်တက်နေလို့ အသုံးမှမဝင်တာ။ မိုးက တအားသည်းနေတယ်။ မှောင်လည်း မှောင်လွန်းနေတယ်။ ဒီလိုအခြေအနေမျိုးမှာ တောင်ပေါ် တက်မဲ့အစား အနားယူမဲ့ နေရာတစ်ခုရှာတာက မှန်ကန်တဲ့ နည်းလမ်းပါပဲ။ ငါတို့ကလည်း ဘယ်သူကမှ ဒီလိုအခြေအနေမျိုးကို ကြုံရလိမ့်မယ်လို့ မထင်ထားဘူးလေ။ ပရိုဂရမ်အသင်းနဲ့ ဆရာယန်ရဲ့အမှား မဟုတ်ပါဘူး”

 

“နောက်ပြီး ငါတို့က ဒီတောင်ဘုရားကျောင်းက လုံလုံခြုံခြုံ ထွက်သွားနိုင်ပြီဆိုကတည်းက ဆရာယန်ရဲ့ အမိန့်ကိုပဲ နာခံနားထောင်သင့်တယ်လို့ ထင်တယ်။ ဆရာယန် ငါတို့ တစ်ခုခု လုပ်ဖို့ လိုအပ်တာရှိရင် ပြောပါ”

 

ရသစုံရှိုးစတားက ယုံပြီး သူ့ရင်ဘတ်သူ အသာပုတ်လိုက်သည်။

 

“ငါ ဘာမှတော့ မလုပ်နိုင်ပေမဲ့ ငါ့မှာ အားနည်းနည်းတော့ ရှိပါသေးတယ်။ ငါ ဆရာယန်ပြောသမျှ ဘာမဆို လုပ်မယ်”

 

ဘေးဘက်မှ ယန်ရှစ်ရွှမ်း၏ တော်လွန်းသော ကျွမ်းကျင်မှုများနှင့် ပတ်သက်ကာ အသားကုန် ချဲ့ကားကာ ချီးကျူးပြီး ခြေသလုံး ဖက်ချင်သည့် အန်းနန်ယွမ်က နှစ်စက္ကန့်ခန့် နောက်ကျသွားရုံနှင့် ရသစုံရှိုးစတား၏ ထိုးနှက်မှုကို ခံလိုက်ရသည်။

 

သူက ခေါင်းကို တဖြည်းဖြည်းချင်း လှည့်ပြီး ရသစုံရှိုးစတားအား မုန်းတီးမှုအပြည့်နှင့် ကြည့်လိုက်သည်။

 

ယန်ကောနဲ့ ပတ်သက်ပြီး အရင်ဆုံး ချီးကျူးဖွင့်ဆိုသင့်တာက ငါ ဖြစ်သင့်တာလေ။

 

ရသစုံရှိုးစတားသည်လည်း စိတ်ရှုပ်ထွေး သွားသည်။

 

ဘာလို့ ငါ့ကို ဒီလို လာကြည့်နေတာလဲ။ ငါ့ရဲ့မျက်နှာက ပန်းတွေ ပွင့်နေလို့လား။

 

သူသည် ယခင်က ရသစုံရှိုးတစ်ခုတွင်လည်း အန်းနန်ယွမ်နှင့် တွေ့ခဲ့ဖူးသည်။ သို့သော် တစ်ဖက်သူဟာ ယခုလောက်ထိ တက်ကြွသော စိတ်နေသဘောထား ရှိကြောင်း မတွေ့ခဲ့ရပါချေ။

 

အခု ဘာဖြစ်တာလဲ။

 

ပိုင်ရွှမ်းက ရသစုံရှိုးစတားကို ကြည့်ပြီး ခပ်တိုးတိုး ပြောသည်။

 

“ယန်ကောရဲ့ ဆုံးဖြတ်ချက်က အမြဲတစေ မှန်တယ်လို့ ငါ ပြောနေကျ။ ဒါပေမဲ့ ရုတ်တရက် သူ့ကို ဆရာတပ်ပြီး ခေါ်လိုက်တာကလည်း ကျွတ် ကျွတ် ဒါက ဖြစ်သင့်တာပါပဲ”

 

ရသစုံရှိုးစတားက ရှက်သွားပြီး ချောင်းဟန့်သည်။

 

“အခြေအနေက မတူဘူးလေ။ နောက်ပြီး အဲဒီအချိန်က ငါက သိပ္ပံကို အပြည့်အဝ ယုံကြည်နေခဲ့တာလေ”

 

ဧည်သည့်၏ တင်းကြပ်နေသာ သွေးကြောများကလည်း ပြေလျော့သွားကြသည်။ ယန်ရှစ်ရွှမ်း၏ အခွဲဖန်သားပြင်အရှေ့တွင် ဆောင့်ကြောင့် ထိုင်ကြည့်နေသော စောင့်ကြည့်နေသော ကြည့်ရှုသူများကမူ သူတို့ နှလုံးသားက မြင့်ရာမှ အောက်သို့ နိမ့်ကျသွားသလို ခံစားလိုက်ရသည်။ နှလုံးသားဟာလည်း ရင်ဘတ်ထဲသို့ ပြန်ဝင်သွားလေသည်။

89 02

[ဘုရားရေ ယန်ကော အခုပြောလိုက်တာကို ကြားလိုက်လား။ ဝူး ဝူး ဝူး အုတ်ဂျုံတွေက ခပ်ကြမ်းကြမ်း ငိုနေမိပြီ။ ယန်ကော တအားချောတာပဲ။ ယန်ကောက ချောလွန်းတယ်။ ငါ သူရှိရုံနဲ့တင် စိတ်အေးတယ်]

 

[ဟုတ်တယ် ဟုတ်တယ်။ အခုလေးတင် သူ့တို့နောက်ကို ကြွက်ကြီးတွေ လိုက်နေခဲ့တာလေ။ သူတို့ကို သေပြီလို့ ငါ ထင်လိုက်တာ။ ငါ ငိုနေရင်း အော်ဖစ်ရှယ်ကယ်ဆယ်ရေး ဟော့လိုင်းကိုလည်း တောက်လျောက် ဖုန်းခေါ်နေခဲ့တာလေ။ အော်ပရေတာကတောင် ဘာပြောမှန်း ငါ မသိလိုက်ဘူး။ ငါ တောက်လျောက် ငိုနေတာနဲ့တင် ရပ်တန့်သွားရတာ။ မမျှော်လင့်ထားပဲ မျက်တောင်တစ်ခတ် အချိန်အတွင်းမှာ ယန်ကောက ချက်ချင်းလိုလို လှည့်လာပြီး သူတို့ကို ကယ်ဆယ်လိုက်တယ်။ နောက်ပြီး ကြွက်ကြီးတွေ အားလုံးကိုတောင် မောင်းထုတ်ပြီး ကယ်တင်လိုက်နိုင်ခဲ့သေးတယ်။ ဒီလုပ်ဆောင်မှုကတင် ငါ့ကို တကယ် မှင်သက် သွားနိုင်စေတယ်]

 

[အပေါ်က တစ်ယောက် ငြိမ်ငြိမ်ထိုင်နေနော်။ ဒါက ယန်ကောရဲ့ အခြေခံစကေးတွေပဲ ရှိသေးတာ။ ဟား ဟား မင်းတို့ အရင်တစ်ခေါက်ကို မကြည့်ခဲ့ဖူးလို့။ အဲဒီတစ်ခေါက်ကိုသာ ကြည့်ခဲ့ဖူးရင် သေချာနားလည်လိမ့်မယ်။ ငါ အဲဒီတုန်းကဆိုရင် တကယ်ကို သေအောင် ကြောက်သွားတာ။ ဒါပေမဲ့ ယန်ကောက သူတို့အားလုံးကို တစ်သုတ်တည်းနဲ့ ခေါ်ထုတ် လိုက်နိုင်တာလေ။ ဒါက ငါ မမျှော်လင့်ထားတဲ့ ကိစ္စပဲ။ ယန်ကောက အားလုံးကို စဉ်းစား တွေးတောပြီးသား။ အခုကစပြီး ငါ ယန်ကော နောက်ကိုပဲလိုက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီ။ ခုနတုန်းက ကြောက်လန့်နေတဲ့အချိန်မှာ ငါ တောက်လျောက် အား အား အားလို့ အော်နေခဲ့ပေမဲ့လည်း တကယ်တော့ ယန်ကောရှိမှန်းသိရတော့ ငါ စိတ်အေးပါတယ်]

 

[သောက်ကျိုးနည်း ငါက တအား ဒေါသထွက်နေတာ။ အန်တိုနီက ဘယ်နေရာက ရောက်လာတာလဲ။ သူ့ရဲ့ဖန်သားပြင်အခွဲကို ကြည့်နေရင်းနဲ့ ငါ ဒေါသထွက်လွန်းလို့ သေတော့မယ်။ နောက်ရှိုးကို သူ့ကို မဖိတ်ခေါ်ပေးလို့ နေလို့ရမလား။ အန်းနန်ယွမ်ရဲ့ အေဂျင်စီက အမှိုက်တွေလား။ ဒီလိုအရာမျိုးကိုတောင် ဖြစ်ခွင့်ပြုသေးတယ်။ ဒီလိုအကောင်မျိုးကို ဘယ်လိုတောင် ပွဲဦးထွက်ခိုင်းမှာလဲ။ မင်းတို့တွေ ယန်ကောရဲ့ ဖန်သားပြင်အခွဲကို သွားကြည့်နေခဲ့ကြလို့ အန်တိုနီ အဲဒီကြွက်တွေနဲ့အတူ ထွက်ပြေး သွားတာကို မတွေ့လိုက်ဘူး။ သူ ဘယ်နေရာကို ရောက်သွားပြီလဲ မသိပါဘူး။ နေရာတိုင်းကလည်း မှောင်နေပြီး ငါ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး။ ဒါပေမဲ့ ငါ့ရဲ့နားက နာကျင်လောက်အောင် ကျယ်လောင်တဲ့ အသံကြီးကို ထွက်လာသေးတယ်]

 

[အင်း ငါ ပြောပြမယ် အန်တိုနီလို လူမျိုးက သူတို့ရဲ့အေဂျင်စီက ထောက်ခံပေးလို့ ဝင်လာတာ ဖြစ်လောက်မယ်။ သူ အခု ဘယ်လောက် ရူးသွပ်တယ်ဆိုတာကို မကြည့်နဲ့ဦး။ သူက ကင်မရာရှေ့မှာ ပါးစပ်ချို ပြပြီး ကုမ္ပဏီက အမျိုးသမီးတွေကို သူက ပါရမီရှိကြောင်း သူက သိစေချင်ခဲ့တာ။ ဒါပေမယ့် သူက ကြွက်နောက်ကို လိုက်သွားကတည်းက ဘာကိုဆိုလိုသလဲ ဆိုတာကို သိနေပြီ မဟုတ်လား။ သူက ကြွက်နောက်လိုက်လား]

 

[ကြည့်ရှုသူအများစုက ယန်ကောရဲ့ ဖန်သားပြင်အခွဲကို ပြန်ဝင်သွားကြတာ။ ငါကတော့ အန်တိုနီရဲ့ ဖန်သားပြင်အခွဲကနေ ထွက်ပြေးလာခဲ့တာလေ။ ဘုရားရေ ငါ တအားကြောက်တာပဲ။ အရှေ့က တစ်ယောက်က  မတရားပြေးတာ မြန်တယ်။ ငါနောက်ပိုင်း အသံကိုပဲ ကြားရတာ။ ဘာကိုမှ မမြင်ရတော့ဘူး။ ငါ သေချာတော့ မသိပါဘူး။ ကြည့်ရတာ သူ ကြွက်တွေနဲ့အတူ ဂူထဲ တိုးသွားတာ ထင်တယ် ဘုရားရေ။ အဲဒီထဲက အလင်းက တအားမှောင်တာပဲ။ ဖန်သားပြင်အခွဲကလည်း အလိုအလျောက် အလင်းထုတ်ပေးလို့ ကင်မရာထဲမှာ ရှင်းရှင်းလင်းလင်း ပေါ်လာတာက ဘုရားရေ ဒါက ယန်ကော ယန်ကော အဓိကခန်းမထဲမှာ တွေ့ခဲ့တဲ့ အကောင်ကြီးနဲ့ အတူတူပဲ။ folk ယဉ်ကျေးမှုတွေ၊ ဘာတွေတော့ သေချာမသိလို့ ငါ မရှင်းပြနိုင်ပေမဲ့ ဘာပဲဖြစ်ဖြစ် အဲ့ဒါက အတွင်းမှာ အနီတွေ၊အစိမ်းတွေ၊ ရုပ်ထုတွေ အတန်းလိုက် စီထားသလိုပဲ။ ငါ တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ ကြောက်လို့ သေတော့မယ်။ အဲ့ဒါတွေ မကသေးဘူးနော်။ အနီရောင်ဝတ်စုံနဲ့ လူတစ်သိုက်လည်း ရှိသေးတယ်။ သူတို့က အန်တိုနီကို ကြည့်ပြီး မျက်ထောင့်နီကြီးနဲ့ အကြွေးပေး အကြွေးပေးဆိုပြီး အော်နေကြတာ။ ဘုရားရေ ငါ့ရဲ့ ဆံပင်မွှေးတွေတောင် ထောင်တက်သွားတယ်။ ငါ အိပ်ယာပေါ်ကနေတောင် ပြုတ်ကျတော့မလို့။ ငါ ဒီနှစ်ခရီးထွက်တဲ့အချိန်မှာ ဧကရာဇ်ရဲ့ ရှေးဟောင်းဂူသင်္ချိုင်းကို သွားပြီး လှည့်ပတ် ကြည့်ရှုချင်နေခဲ့တာလေ။ ဒါပေမဲ့ အခုတော့ မသွားနိုင်တော့ဘူးထင်တယ်။ ငါ အဲဒီလို ဂူတွေနားကို မကပ်နိုင်တော့ဘူး]

89 03

[အဲ့ဒါက ဂူသင်္ချိုင်းတော့ မဟုတ်လောက်ဘူး။ အဲဒီအစား မြေအောက်ထဲမှာ နောက်ထပ်ဖန်တီးထားတဲ့ တောင်ဘုရားကျောင်း တစ်ခုထင်တယ်။ အနီရောင်ဝတ်စုံနဲ့ လူတွေက _ _ _ငါ နင်တို့ကို ခြောက်ချင်တာတော့ မဟုတ်ပေမဲ့လည်း သူတို့က လူတွေ မဟုတ်ဘူးနော်။ သူတို့က စာခြောက်ရုပ်တွေ။ ရိုးရိုးသားသား ပြောရရင် အန်တိုနီနဲ့ ပတ်သက်ပြီး တစ်ခုခု မှားတယ်လို့ ငါ သံသယ ဝင်နေတာ။ သူ့ကို တစ်ခုခုက ဝင်ပူးထားတာ များလား။ အန်တိုရဲ့ကင်မရာမှာ ပေါ်နေတဲ့မျက်နှာကို ကြည့်လိုက်ဦး။ သူ့ရဲ့မျက်နှာက လူနဲ့တောင် မတူတော့ဘူးနော်။ တိရစ္ဆာန်တစ်ကောင်လို့ပဲ။  နောက်ပြီး ထွက်ပြေးသွားတဲ့ ကြွက်တွေနဲ့‌တောင် မတူဘူးလား။ ပိုဆိုးတာက အဲဒီမြက်ခြောက်တွေ၊ ကောက်ရိုးတွေနဲ့ လုပ်ထားတဲ့ အရာကြီးတွေက သူ့ကို ဘာလို့ အကြွေးတောင်းနေလဲ မသိပေမဲ့လည်း ငါ စခရင်ရှုတော့ ရိုက်ခဲ့တယ်။ စိတ်ဝင်စားတဲ့ မိတ်ဆွေတို့ တစ်ချက်လောက် ကြည့်ကြည့်ပါလား။ ငါ ဆိုရှယ်မီဒီယာအကောင့်မှာ တင်ထားတယ်]

 

[အာ ငါ တခဏတော့ ကြောင်သွားတယ်။ နင် ပြိုင်ပွဲဝင်ဖို့ ပုံပြင်တွေ ပြောနေတာလား။ ဟုတ်တော့ မဟုတ်လောက်ဘူး။ လိုတော့ မလိုပါဘူး။ တကယ်လို့ သရဲ ရှိတယ်ဆိုရင်တောင်မှ သေလွန်ပြီးတဲ့နောက်မှာ အဲဒီဝိဉာည်တွေက ဘယ်ရောက် သွားတာလဲ။ ဝိဉာဉ်အဖြစ် ရှိနေတာဆိုရင် အဆင်ပြေတယ်။ ဒါပေမဲ့ ကြွက်ဟုတ်လား။ ဒါပေမဲ့ တော်တော်လေးတော့ ရယ်ရတယ်လို့ ထင်တယ်။ ငါကျတော့ ဘာလို့ မမြင်တာလဲ။ ဒါက လိမ်ညာနေတာ ဖြစ်မှာပါ။ ပုံပြင်ကို ဒီလောက်ထိ မချဲ့ကားပါနဲ့]

 

[အန်တိုနီက သောက်ကျိုးနည်း ဘာလုပ်လုပ် နားမလည်ဘူး။ ဒါပေမဲ့ နင်တို့ မမြင်တာနဲ့ကို မရှိဘူးလို့ ပြောလို့မရဘူး။ ဒါက တော်တော်လေးကို ပြဿနာများတဲ့ ကိစ္စပဲ။ ငါလည်း ဒီရှိုးမကြည့်ခင်က သရဲ မမြင်ဖူးဘူး။ ဒါပေမဲ့ သရဲတွေက မရှိဘဲနဲ့ နေနေလို့လား။ ငါ အခုလေးတင် ကောရဲ့ဆိုရှယ်မီဒီယာအကောင့်ကို သွားကြည့်လိုက်တာ။ တကယ့်ကို ကြွက်နဲ့တူတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ သူ့ရဲ့အမူအယာ၊ လှုပ်ရှားမှုတွေက တထေရာတည်းပဲ]

 

[ဘုရားရေ ငါ အဓိက စာမျက်နှာကနေ ထွက်ပြေးလာတယ်။ သောက်ကျိုးနည်း ဒါက တအားကြောက်ဖို့ ကောင်းတာပဲ။ ထုံထုံရုန့်ရုန့် ကျေးဇူးပြုပြီး ကင်မရာလေးကို လွတ်ပေးကြပါ။ ငါက ကလေးလေးပါ။ သရဲအစည်းအဝေးကိုလည်း မတက်ချင်သေးပါဘူး]

 

[ဝူး ဝူး ဝူး ယန်ကော ယန်ကောက ဒီမှာသာမာန်အတိုင်း ရှိနေလို့ တော်သွားတယ်။ ငါ အသက်ရှင်နေတာ။ ရုန်ရုန်ကလေ ကင်မရာကို ယူပြီး အဲဒီသရဲတစ်အုပ်နဲ့ ပြေးသွားတာ။ သရဲတွေရဲ့ အနောက်မှာလည်း နောက်ထပ် သရဲအယောက်တစ်ရာကျော်လောက်က ပါလာသေးတာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကြောက်စရာကြီး။ ငါ တစ်ကိုယ်လုံး ချွေးတွေတောင် ချွဲနေပြီ။  ခန္ဓာကိုယ်ကလည်း အေးစိမ့် နေသလိုပဲ]

 

[ဒါပေမဲ့ ရုန်ရုန့်ရဲ့ အဲဒီဖုတေ့ချ်က တော်တော်လေး ရင်းနှီးလွန်းမနေဘူးလား။ ယန်ကော အခုလေးတင် သွားခဲ့တဲ့ အဓိကခန်းမရဲ့အရှေ့ မျက်နှာစာပိုင်းနဲ့ တူမနေဘူးလား။ ဒါပေမဲ့ ကင်မရာက တအားလှုပ်နေတာ။ ငါ ကြောက်လွန်းလို့ သေချာလည်း မကြည့်ရဲဘူးလေ။ ငါ အိပ်ယာထဲမှာ ပုန်းနေပြီး နည်းနည်းလေး ခိုးကြည့်လိုက်တာ။ စိတ်ငြိမ်သွားအောင် စောင်နဲ့ ပြန်အုပ်ထားရသေးတယ်။ နည်းနည်းကြာမှ ပြန်ကြည့်နိုင်တာ။ ငါ ယန်ကောနဲ့ ရှိတဲ့အခန်းကို လွတ်သွားသလားတော့ မသိဘူး။ ဒါပေမဲ့ ကင်မရာမှာ သရဲတွေ အပြည့်ပဲ။ ဘုရားရေ သူတို့က ကင်မရာမှာ အရမ်းနီးတဲ့နေရာတွေ ခဏခဏလာကြတာ။ အဲဒီသရဲတွေ အပြင်ထွက်လာမှာ ငါ ကြောက်လွန်းလို့ သေတော့မယ်]

 

[မပြောနဲ့ဦး ထုံထုံ မပြောနဲ့ဦး ထုံထုံ ငါ အဲဒီဖန်သားပြင်နှစ်ခုကို သွားမကြည့်ရဲဘူး။ မင်းတို့ ပြောတာကို ကြားတာနဲ့တင် ငါ အရမ်းကို ကြောက်နေပြီ။ ဘုရားရေ ငါ့ရဲ့အိမ်က ဂူတွေကို မြင်ရတဲ့အခန်းမျိုးလေ။ ပြတင်းပေါက် အပြင်ဘက်မှာ အရင်ဂူသင်္ချိုင်းမြင်ခဲ့ရတဲ့ နေရာပေါ့။ အခုအိမ်မှာ တစ်ယောက်တည်း နေနေတာ။ ငါ အခု ဘယ်လို နေရတော့မှာလဲ။ နင်တို့ ပြောလေလေ ငါ အေးလာသလို ခံစားရသလိုပဲ။ ငါ လိုက်ကာတွေကို တောက်လျောက် ပြေးပိတ်လိုက်ပြီး အိပ်ယာပေါ်ကို အပြေးတက်လို့ စောင်ခေါင်းမူး ခြုံထားတာ။ အိပ်ယာပေါ်မှာ တင်ထားတဲ့ အဲဒီမှို့ထည့်ထားတဲ့ တိရစ္ဆာန်ရုပ်လေးတွေကတောင် အသက်ဝင်လာပြီလို့ ထင်ရတယ်။ ငါ တအားကြောက်တာပဲ ဘယ်လိုလုပ်ရမလဲ]

 

[အပေါ်က တစ်ယောက် မြန်မြန်လေး အုတ်ဂျုံ ဖြစ်လိုက်ပါတော့။ ဒီလိုနည်းလမ်းနဲ့ဆိုရင် ယန်ကောက နင့်ကို ကောင်းချီးပေးလိမ့်မယ်။ ငါ ယန်ကောရဲ့ စခရင်ရှုကို စခရင် saver အဖြစ် ထားထားတာ။ အဲဒီလိုက ငါ့ကို စိတ်အေးစေတယ်‌]

 

ယန်ရှစ်ရွှမ်းကမူ ထိုလူများအကြားမှ ရန်ပွဲကို ဂရုမစိုက်နိုင်ချေ။ ထို့အစား လူတိုင်း၏ ခံစားချက်များကို  တည်ငြိမ်သွားပြီးနောက် သူက သရုပ်ဆောင်သွားနိုင်သည်။

 

“မင်းရဲ့ဒဏ်ရာက ဘယ်လိုဖြစ်တာလဲ။ တကယ်ပဲ ဘယ်အချိန်က ဘယ်လို ဖြစ်သွားတာလဲ။ ငါ့ကို သေချာ ပြောပြပေးမလား”

 

ယန်ရှစ်ရွှမ်းက ထိုသရုပ်ဆောင်၏ ခြေမျက်စိမှ သွေးထွက်နေသော ဒဏ်ရာကို ကြည့်ပြီး မျက်မှောင် အသာကြုတ်လိုက်သည်။

 

သိသာစွာပင် ခြေမျက်စိက ဒဏ်ရာက ထင်သလောက် မကြီးချေ။ နက်သော်လည်း အဓိကသွေးကြောများကို မထိခိုက်သွားချေ။ သို့ရာတွင် သွေးများက ဆက်တိုက် ထွက်နေသည်။ ထို့ကြောင့် အသစ်စက်စက် စည်းထားသော ပတ်တီးကပင် နီရဲသွားပြန်သည်။

89 04

ထိုသရုပ်ဆောင်၏ ခြေမျက်စိပတ်ပတ်လည်တွင်လည်း ပတ်တီးများ ကျနေသည်။ ထို့ကြောင့် သူသည် ဒဏ်ရာကို သွေးတိတ်အောင် လုပ်ရန် ကြိုးစားသော်လည်း မထိန်းနိုင်လောက်ပေ။

 

နှစ်သန်းပေါင်းရာကျော် ဆင့်ကဲပြောင်းလဲ လာခဲ့ပြီးနောက် လူသားများ၏ ခန္ဓာကိုယ်သည် အလိုလို ကုစားနိုင်စွမ်းရည် ကောင်းမွန်လာသည်။ ခန္ဓာကိုယ် အရေပြားတစ်ခု ဖြစ်လာသောအခါ သွေးထိန်းချုပ်သည့် စနစ်က သွေးတိတ်အောင် အလိုအလျောက် အသက် သွင်းပေးနိုင်၏။ ဧည့်သည်ရှိ သွေးထွက်သော ကိစ္စက ဒဏ်ရာ အလွန်ကြီးနေသောကြောင့် သို့မဟုတ် သွေးမတိတ်သော ရောဂါရှိနေသောကြောင့်သာ ဖြစ်တတ်လေသည်။

 

ထိုသရုပ်ဆောင်၏ ခြေမျက်စိအစွန်းနားက ဒဏ်ရာက ညီပင်မညီပေ။ ယန်ရှစ်ရွှမ်းသည် တစ်ချက်ကြည့်လိုက်ပြီး ကြွက်က ကိုက်သွားကြောင်း သိလိုသည်။ သို့သော် သရုပ်ဆောင်ကို မေးမြန်းလိုက်ကာ အတည်ပြုလို၍ ဖြစ်သည်။

 

ထိုအင်အားကြီးသော သရုပ်ဆောင်က ကျောင်းကျန်း ဖြစ်ပြီး သူသည် ဒီနှစ်တွင် အသက်သုံးဆယ်ပင် မပြည့်သေးချေ။  သို့သော် သူသည် သရုပ်ဆောင်အသိုင်းအဝိုင်း အတွင်းသို့ ရောက်ရှိနေသည်မှာ ဆယ်နှစ်ကျော်နေပြီ ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်လုံးလုံး သူသည် တီဗီစီရီးများကို ရိုက်ကူးခြင်း၊ ရုပ်ရှင်များကို ရိုက်ကူးခြင်းနှင့် ခက်ခဲကြမ်းတမ်းမှု မြောက်မြားစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့သည်။ သူသည် နာမည်ကြီးမလာခင် ရိုက်ကွင်းများတွင် မအားမလပ် နေ့ရောညပါ လုပ်ခဲ့သည်။ ထို့ကြောင့် အထိမခံလိုသော လူလည်း မဟုတ်ချေ။

 

ယခုအခါ သူ၏ တစ်ကိုယ်လုံးက ချွေးများစိုရွှဲနေပြီး အမှန်တကယ် အားနည်းနေသည်။ အိပ်ယာပေါ်တွင် ဒီအတိုင်းထိုင်နေရုံ ငုံံ့ကိုင်းရုံ နံရံကို ကိုင်တွယ်နေရုံနှင့်တင် သူ့အနေဖြင့် မနည်းရုန်းကန် နေရသည်။ သူ၏မျက်နှာက အလွန်နာကျင်နေပုံ ပေါ်သည်။

 

ယန်ရှစ်ရွှမ်း၏ မေးခွန်းကို ကြားသောအခါ ကျောင်းကျန်းက ခါးသီးစွာ ရယ်သည်။

 

“ကျေးဇူးတင်ပါတယ် တိုးဂိုက်ယန် စိုးရိမ်ပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။  ငါ ငါ့မှာ သွေးမတိတ်တဲ့ ရောဂါ မရှိပါဘူး။ ဒါပေမဲ့ သွေးက ဘာကြောင့်များ မတိတ်လဲ မသိဘူး။ အားလုံးက ငါ့ကို သူတို့ရဲ့ကျောပိုးအိတ်ထဲက တစ်ခါသုံး ပတ်တီးလိပ်လေး ပေးထားပါတယ်။ ဒါပေမဲ့ ဒါကလည်း အလုပ်မဖြစ်ဘူး။ ငါအခု အသည်းအသန် ပြေးသွားခဲ့လို့လား မသိပါဘူး။ ဒုတိယအရွတ်ကြောက ပြတ်သွားတာ ဒါမှမဟုတ် အဓိကသွေးကြောကို ထိသွားတာနဲ့ တစ်ခုခု ဖြစ်သွားလို့လား”

 

ကျောင်းကျန်းက သူ၏ခြောက်ကပ် ဖြူဖျော့နေသော နူတ်ခမ်းကို အသာယက်လိုက်သည်။ သူ၏ အခြေအနေက ဆိုးရွားနေသည်။ မျက်လုံးကပင် အနည်းငယ် ဝါးလာ၏၊ သူက အချိန်မရွေး သတိလစ်သွားမည့်ပုံပေါ် နေလေသည်။

 

ယန်ရှစ်ရွှမ်းက ထိုအခြေအနေကို သတိထားမိလိုက်သဖြင့် ကျောင်းကျန်း၏ ပုခုံးကို လှမ်းကိုင်လိုက်သည်။

 

ကျောင်းကျန်းကမူ သူ၏ပုခုံးက နွေးထွေးသွားသလို ခံစားလိုက်ရသည်။ အကိုင်ခံရသော နေရာမှ စတင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ နွေးထွေးကာ သန်မာသည့် အားတစ်ရပ်က စီးဝင်သွားသည်။ နဂိုက စိတ်ရှုပ်ထွေးလွန်းပြီး ဝေဝါးလာပြီး ခန္ဓာကိုယ်အတွင်းမှ ထွက်မတတ် ဖြစ်နေသည့် သူ၏စိတ်ကမူ ပြန်လည်ပြီး အသွင်းခံရသလိုမျိုး ပြန်လည်တည်ငြိမ် သွားသည်။ သူ၏ ကျော၊ သူ၏လက်၊ သူ၏ခြေကဲ့သို့ သွေးဆုံးရှုံးမှုကြောင့် အားနည်းလွန်းပြီး အေးစက်နေသော ခံစားချက်များက တဖြည်းဖြည်းချင်းစီ သက်သာလာသည်။ သူသည် သတိလက်လွတ် ယန်ရှစ်ရွှမ်းကို အံ့အားတကြီး ကြည့်လိုက်မိသည်။

 

ဒါဟာ သူ မူလက ကြည့်ခဲ့ဖူးသည့် တီဗီစီးရီးများ၊ documentaryများတွင် ပြောခဲ့ဖူးသလိုမျိုး အတွင်းအား လေ့ကျင့်ထားသည့် တာအိုဘုန်းတော်ကြီးများ၏ စွမ်းအင် ဖြစ်လောက်သည်။

 

“အများကြီး တွေးမနေနဲ့”

 

ယန်ရှစ်ရွှမ်းကလည်း‌ ကျောင်းကျန်းဟာ တစ်စုံတစ်ရာ ပြောလိုနေကြောင်းကို သူ၏မျက်နှာထားမှတဆင့် သိလိုက်သဖြင့် အရင်ဦးဆောင်ပြီး ပြောလိုက်သည်။ ထို့နောက် တည်ငြိမ်သော လေသံဖြင့် ဆက်ပြောသည်။

 

“ရှေးခတ်ဒရမ်မာတွေမှာ သရုပ်ဆောင်ဖူးတဲ့ သရုပ်ဆောင်ဆိုတဲ့အတိုင်းပဲ မင်းရဲ့ဦးနှောက်အပေါက်က တော်တော်လေး ကြီးတယ်။ နောက်ပိုင်း သိုင်းပညာကို အဓိက အသားပေးတဲ့ ဝတ္တုတွေကိုတောင် ဇာတ်လမ်းပြန်ရိုက်ချင်နေသေးတယ်။ ဝတ္တုများ ပြန်ရေးချင်သေးလား။ ငါ မင်းအတွက် ကလောင်နာမည်တောင် ပေးပေးလို့ ရတယ်။ ကျင်းလုံလို့ ခေါ်”

 

******