Ch 90
Viewers 6k

90 01

အပိုင်း(၉၀)

 

ကျောင်းကျန်းက ကို့ရို့ကားယား ရယ်သည်။ တစ်ဖက်မှ အခြားဧည့်သည်များ၏ သိချင်စိတ်ပြင်းပြသော အကြည့်များအောက်တွင် သူသည် ကိုယ့်အတွေးကိုပင် ရှက်မိသွားသည်။

 

ယန်ရှစ်ရွှမ်းက ကျောင်းကျန်း၏ ဒဏ်ရာကို သေချာပေါက် ကြည့်လိုက်သည်။ သေချာပေါက်ပင် ဒဏ်ရာ၏ သွေးတိတ်နေသော ကိစ္စက ကျောင်းကျန်း၏ ပြဿနာ မဟုတ်တော့ချေ။ ထို့အစား ကျောင်းကျန်းကို ဒဏ်ရာရအောင် လုပ်ခဲ့သည့် ကြွက်များနှင့် ဆိုင်လောက်သည်။

 

ယန်ရှစ်ရွှမ်းက အခြားဧည့်သည်များပြောသော ကြွက်များနှင့် အမှန်တကယ် မတွေ့ဆုံခဲ့သော်လည်း  သူတို့၏ ဖော်ပြချက်အရ တစ်မီတာကျော်ခန့် ကြီးပြီး အသိစိတ်ရှိကာ လူများကို ရှာတွေ့ရန်အတွက် နည်းလမ်းစဉ်းစားနိုင်သော ထိုကြွက်များက ပုံမှန်မဟုတ်တော့ချေ။

 

ထိုအစား တိုက်ဆိုင်မှုအချို့ကြောင့် အသိစိတ်ဝင်လာပြီး ထူးဆန်းသော ကြွက်အဖြစ် ပြောင်းသွားပုံရသည်။

 

ထိုသို့ဖြင့် ဖြစ်နေခဲ့လျှင် ကျောင်းကျန်း၏ သွေးထွက်သော ကိစ္စက မိစ္ဆာစွမ်းအင် သက်ဆိုင်နေလောက်သည်။ ထိုမိစ္ဆာစွမ်းအင်သည် ထိုသူများက သယ်ဆောင်ခြင်း ဖြစ်လောက်ပြီး ဖယ်ရှားခြင်းသာ မပြုလျှင် မည့်သည့်နည်းလမ်းကို သုံးနေစေကာမူ သွေးက တိတ်လိမ့်မည် မဟုတ်ချေ။ သို့သော် ထိုအချိန်တွင် အရာအားလုံးက ကျရှုံးသွားနိုင်သည်။

 

_ _ _

 

ယန်ရှစ်ရွှမ်း၏ မျက်မှောင်က ကြုတ်သွားပြန်သည်။ သို့သော် ရှားပါးစွာပင် ရှက်ရွံ့သွားရ၏။

 

အနောက်တွင် တိတ်တဆိတ် ရပ်နေပြီး ယန်ရှစ်ရွှမ်းကိုသာ တောက်လျောက် စိုက်ကြည့်နေခဲ့သော အမျိုးသားက ထိုအခြေအနေကို မြင်သောအခါ သူ၏ခြေတံရှည်များကို လှမ်းလိုက်ပြီး အနားသို့ လာသည်။ ယန်ရှစ်ရွှမ်း လုပ်ချင်သည့် ကိစ္စကို သိနေသလိုမျိုး ပြောလိုက်သည်။

 

“မင်း စမ်းကြည့်ပါလား ယန်_ _ _ရှစ်ရွှမ်း”

 

ထိုအမျိုးသား၏ တိုးလျပြီး တည်ငြိမ်သော အသံနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုက ပြည့်နှက်နေသည်။

 

“မင်းက အပနှင်တဲ့ဂါထာတွေကိုလည်း ရွတ်တတ်တယ်။ သွေးတိတ်တဲ့ ဂါထာတွေကိုလည်း ထုတ်သုံးတာ တအားတော်တယ် မဟုတ်လား။ အခုက မင်းကို တုန့်ပြန်မဲ့ တစ္ဆေသရဲတွေ၊ နတ်ဘုရားတွေ မရှိလို့ သူတို့ရဲ့စွမ်းအားကို မချေးနိုင်တာလား။ ဒါပေမဲ့ ထပ်စမ်းကြည့်ပါလား။ ဒီတစ်ကြိမ်မှာ ငါ အာမခံနိုင်တယ်။ တစ္ဆေသရဲတွေ၊ နတ်ဘုရားတွေက မင်းကို တုန့်ပြန်လိမ့်မယ်”

 

ယန်ရှစ်ရွှမ်းက တစ်ဖက်သို့လှည့်ပြီး ထိုအမျိုးသားကို ကြည့်သည်။ သူသည်လည်း သံသယအပြည့်နှင့် ကြည့်လိုက်သော်လည်း တစ်ဖက်သူ၏ ကမ်းလှမ်းမှုကို မငြင်းပယ်လိုက်သလို စိတ်ထဲမှ မေးခွန်းကိုလည်း မမေးလိုက်ချေ_ _ _။

 

ငါ ဘာလုပ်ချင်လဲ ဆိုတာကို ခင်ဗျားက ဘယ်လိုလုပ် သိတာလဲ။ နောက်ပြီး ဒီနေရာမှာ ငါ ကန့်သတ်ခံနေရတာကို ခင်ဗျားက ဘယ်လိုကြောင့် သိတာလဲ။

 

သို့သော် သူ၏ အနီရောင်နူတ်ခမ်းက လှုပ်သွားပြီးသော်လည်း မမေးဖြစ်ခဲ့ချေ။ ထို့အစား သူက တစ်ဖက်သို့ ပြန်လှည့်လိုက်ပြီး ကျောင်းကျန်းကို ပြန်ကြည့်လိုက်သည်။ သူ၏မျက်နှာက လေးနက်သွားသည်။

 

ကျောင်းကျန်း၏ ဒဏ်ရာက ဒီထက်ပိုပြီး အချိန်ဆွဲ၍ မရချေ။ ဒီနေရာတွင် လိုလောက်သော ဆေးဝါးအထောက်အကူ ပစ္စည်းများလည်း မရှိခြင်းက အဓိကပြဿနာ မဟုတ်တော့ချေ။ ကျောင်းကျန်းကို အကောင်းဆုံးသော ကုသနိုင်သော အခြေအနေ ရှိသည့် ဆေးရုံသို့ ပို့လိုက်မည်ဆိုလျှင်ပင် သွေးက ဆက်ထွက်နေဦးမည်။ ပို၍ဆိုးသည်မှာ မိစ္ဆာဝိဉာဉ်နှင့် ဆိုးယုတ်သော အရာက သူ၏ဒဏ်ရာကို ကပ်တွယ်နေသောကြောင့် အချိန်မှီသာ မမောင်းနှင်ခဲ့လျှင် ထိုမိစ္ဆာဝိဉာဉ်က သူ၏ခန္ဓာကိုယ် ဝင်ရောက်လာပေလိမ့်မည်။ ထို့နောက် ထိုမိစ္ဆာဝိဉာဉ်ကို ခန္ဓာကိုယ်က မောင်းထုတ်ပြီးပြီဆိုလျှင်ပင် ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွား ထိခိုက်သွားမည့်အတွက်ကြောင့် အခြေအနေဟာ အလွန်ဆိုးရွားသွားနိုင်သည်။ အကျိုးဆက်က ခြောက်ခြားဖွယ်ရာ ဖြစ်သည်။

 

ကျောင်းကျန်းက ယန်ရှစ်ရွှမ်း၏ လေးနက်တည်ကြည်သော မျက်နှာကို ကြည့်ပြီး အနည်းငယ် မသက်မသာ ဖြစ်လာသည်။

90 02

“တိုးဂိုက်ယန် ငါ့ရဲ့ဒဏ်ရာနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေလို့လား။ ကုဖို့ ခက်လို့လား”

 

“စကားမပြောနဲ့တော့ မျက်လုံးကို ပိတ်ထား”

 

သူ့ကို တုန့်ပြန်သည်မှာ ယန်ရှစ်ရွှမ်း၏ တည်ငြိမ်ပြီး ခံစားချက်မဲ့သော သတိပေးချက်သာ ဖြစ်သည်။

 

ယန်ရှစ်ရွှမ်းက မျက်လုံးကို နှိပ်လိုက်သည်။ သူ၏အကြည့်က ကျောင်းကျန်း၏ ဒဏ်ရာပေါ်သို့ ရောက်သွားသည်။ ထို့နောက် သူ၏ အသက်ရှူသံကို ခပ်မြန်မြန် ချိန်ညှိလိုက်ပြီး မည်သည့်အတွေးများမှ မဝင်ရောက်နိုင်သည့် အခြေအနေအတွင်းသို့ ဝင်ရောက်လိုက်သည်။

 

“ကောင်းကင်၊ မြေကြီး၊ လောက၊ ကြယ်စင်၊ စွန်းထင်းနေတဲ့စက်ကွင်း_ _ _မိစ္ဆာဝိဉာဉ်တွေကို နှင်တယ်။ သရဲတွေကို ချုပ်နှောင်ပြီး အသက်ခန္ဓာကိုယ်ကို ကာကွယ်တယ်_ _  _”

 

_ _ _

 

ထိုဂါထာစာသားများက ယန်ရှစ်ရွှမ်း၏ အပြင်လောကနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်သည့် စိတ်လောကအတွင်း တည်ငြိမ် ပြတ်သားရှင်းလင်းစွာ ပေါ်ထွက်လာသည်။

 

ထိုစာသားများက ပျောက်ကွယ်မသွားသေးခင် အောက်ခြေပိုင်းမှ အားတစ်ရပ်က ရုတ်တရက် ထွက်ပေါ်လာလေပြီး ယန်ရှစ်ရွှမ်း၏ လျော့ကျလာသော အသိစိတ်ကို ခိုင်မြဲစွာ ဖမ်းတွယ်လိုက်ကာ ပြန်လည် တုန့်ပြန်ပေးလိုက်နိုင်တယ်။

 

မဟုတ်သေးဘူး။ တုန့်ပြန်ခြင်းဆိုတာထက် နူတ်ဆက်ချင်နေမလို့ အချိန်အကြာကြီး စောင့်နေခဲ့ရသလိုပဲ။ ယန်ရှစ်ရွှမ်းက ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် ဟာရီကိန်းမုန်တိုင်းက ပါလာသလိုမျိုး လှုပ်ခတ်သွားသည်။ မျက်လုံးကြီးက သုန်မှုန်သွားသည်။ တကယ်ပဲ မှန်နေတာပဲ_ _ _။

 

ထိုစွမ်းအားများက ယန်ရှစ်ရွှမ်း၏ သွေးကြောများအတွင်းသို့ ဝင်ရောက်လာပြီး သူ့အား စိတ်ဆန္ဒရှိသလို အသုံးပြုနိုင်စေသည်။

 

ရွှေရောင်စကားလုံးများက လေထဲတွင် ထင်ရှားစွာ ပေါ်ထွက်လာသည်။ ထို့နောက် ယန်ရှစ်ရွှမ်း၏ လှပလွန်းသော လက်ကောက်ဝတ် အဆစ်နားကို ရွှေရောင်စက်ကွင်းပုံစံမျိုးဖြင့် လည်ပတ်လာပြီးနောက်တွင် အလွန်လှပသော ရွှေရောင်အလင်းတန်းကို ထုတ်လွှင့်လိုက်သည်။

 

မျက်လုံးတစ်ဝက်မှိတ်ထားသော ကျောင်းကျန်းကမူ ထိုမြင်ကွင်းကို အနီးကပ် မြင်လိုက်ရသည်။ သူ၏မျက်လုံးက ချက်ချင်းလိုလို ပြူးကျယ်သွားသည်။ သူ၏မျက်နှာတွင် မယုံကြည်နိုင်သော မျက်နှာထားမျိုးက ပေါ်လာသည်။

 

“ဒါက ဒါက ဒါက ပရို ပရိုဂျက်တာက LEDလား”

 

ယန်ရှစ်ရွှမ်းသည် ကျောင်းကျန်း၏ အံ့အားသင့်မှုကို လစ်လျှူလိုက်ပြီး သူ၏သွယ်လျသော လက်ဖဝါးကို အသာဆွဲထုတ်ပြီး ကျောင်းကျန်း၏ ဒဏ်ရာပေါ် အုပ်ဟန် ပြုလိုက်သည်။ တစ်ချိန်တည်းတွင်ပင် သူ၏စိတ်ထဲတွင်လည်း   အပနှင်ဂါထာကို တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။

 

“မိစ္ဆာအင်အားစုကို မောင်းနှင်ပြီး တည်ငြိမ်ငြိမ်းချမ်းမှုကို ပြန်လည်ဆောင်ကျဉ်းယူရမည်_ _ _သွားတော့”

 

ရုတ်တရက် ယခုလေးတင် မဲနက်ပြီး ညစ်ပတ်သော သွေးများ စိမ့်ထွက်နေသော ဒဏ်ရာက သွေးတိတ်သွားသည်။ ကျောင်းကျန်းကိုယ်တိုင်ကမူ သူ၏ ခန္ဓာကိုယ်အတွင်းတွင် ခံစားနေခဲ့ရသည့် ထိုင်းမိုင်းသလို၊ စိတ်ဓာတ်ကျသလို ခံစားချက်မျိုးဟာ ချက်ချင်းလိုလို ပျောက်ကွယ်သွားကြောင်း ခံစားခဲ့ရသည်။ ယခုလေးတင် လေးလံလွန်းပြီး မရန်ပင် ခက်ခက်ခဲခဲ ကြိုးစားနေခဲ့ရသော ခြေထောက်နှင့် လက်များကလည်း ပေါ့ပါးသလို ခံစားလိုက်ရ၏။

 

“ယန် ယန် ဒါက “

 

ကျောင်းကျန်းက သူ၏ဒဏ်ရာကို ကြည့်ပြီး အံ့ဩသွားသဖြင့် စကားကိုပင် မပြောနိုင်တော့ချေ။

 

ကျောင်းကျန်းတောင် မဟုတ်ချေ။ ယန်ရှစ်ရွှမ်း ကိုယ်တိုင်ကလည်း တည်ငြိမ်နေသလို ဖြစ်နေသော်လည်း သူ၏စိတ်ထဲတွင်မူ အံ့ဩနေခဲ့သည်။

 

သူသည် ကျောင်းကျန်း၏ ပတ်တီးကို ဖယ်ပြီး အလျင်အမြန် ဒဏ်ရာကို ကြည့်လိုက်သည်။ သွေးက တိတ်သွားရုံ မကသေးလေဘဲ အတွင်းမှ အသားအရောင်က ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။ ထို့အပြင် နူးညံ့သောအပိုင်းကပင် ပြန်မာလာသည်။ ယခုအခါ မသိသာ မထင်ရှားစွာပင် အရောင် ပြန်ပြောင်းလာပြီး ဖြစ်ပြီး ရက်အနည်းငယ်ခန့် ကြာပြီးလျှင် စိုးရိမ်ရန်ပင် မလိုအပ်တော့ချေ။

 

ဒါဟာ ကျောင်းကျန်းကို သွေးဆုံးရှုံးကာ သတိလစ်စေမတတ် ဖြစ်ခဲ့စေသော ဒဏ်ရာ၏ အခြေအနေနှင့်ပင် ခြားနားလွန်းနေခဲ့သည်။

90 03

ယန်ရှစ်ရွှမ်း၏ မျက်လုံးထဲတွင် ပုံစံက ခြားနားသည်။ သူသည် လက်ကို တဖြည်းဖြည်းချင်း ရုတ်လိုက်လျက် ခါးကို မတ်ကာ ဘေးမှရပ်နေသော အမျိုးသားကို ပြန်ကြည့်သည်။ ထိုအခါ ထိုလူ၏သက်ရောက်မှုက ခြားနားသော မြင်ကွင်းကို သက်ရောက်လာစေသည်။ ခြားနားသော သက်ရောက်မှုကို ပေးစွမ်းနိုင်ခြင်း အဲ့အတွက် အကြောင်းပြချက် အများကြီး ရှိသည်။ ရွတ်ဆိုသော လေသံ၊ ပီသသော အသံထွက်ကလည်း လိုအပ်သည်။ ထို့အပြင် ရွတ်ဖတ်နေချိန်တွင် အသံထွက် မှားသွားခဲ့သော်၊ အသံက တိုးသွားသော် ထင်သလောက် သက်ရောက်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် တစ်စုံတစ်ရာကပင် ပူးပေါင်းဆောင်ရွက်သေးသည့်ပုံ ရနေ၏။ ဂါထာကို လူအများအပေါ် ထုတ်သုံးသောအခါ ထိုဂါထာ၏ အနှစ်သာရက ပြီးပြည့်စုံပြီး ကောင်းမွန်စေရန်အလို့ငှာ အရပ်လေးမျက်နှာမှ စွမ်းအင်များကို အသုံးပြုရသည်။ နတ်ဘုရားများ၊ ဘိုးဘေးများ၊ ဂိုဏ်းခေါင်းဆောင်များ၏ အင်အားများကို သုံးပြီး ထိုအတွင်းမှ မသန့်စင်သော စွမ်းအင်များ၊ စွမ်းအားအကြွင်းအကျန်များကို မောင်းနှင်ခြင်း၊ တစ္ဆေသရဲများကို ခြောက်လန့်ခြင်းတို့ ပြုလုပ်ကြသည်။ ထိုသို့ဖြင့် ထိုအရာများက ကြောက်လန့်ပြီး ထွက်ပြေးသွားမည် ဖြစ်သည်။

 

ထို့အပြင် ဂါထာ၏ ပါဝင်သော အကြောင်းအရာ ခြားနားမှုအရ လူအများအား နတ်ဘုရားမှ စွမ်းအင် ရရှိလေသည်။ ဒီနည်းအားဖြင့် သူတို့လု ပ်လိုသည့် ဆန္ဒကို ဖော်ပြရခြင်း ဖြစ်လေသည်။ ဂါထာပါ အကြောင်းများကို နားထောင်ပြီးနောက် နတ်ဘုရားများက သူတို့၏ အင်အားများကို ချေးငှားပေးပြီး ဆန္ဒကို ဖြည့်ဆည်း ပေးကြသည်။

 

ယန်ရှစ်ရွှမ်းသည်လည်း သူက တောင်ဂူဘုရားကျောင်းနှင့် ယခင်ကနည်းတူ အင်အားများကို မထုတ်နိုင်ခဲ့သည်မှာ လောကနှင့် အဆက်အသွယ် ပျက်နေခဲ့သောကြောင့် ခန့်မှန်းခဲ့ပြီးသား ဖြစ်သည်။ ဆိုလိုသည်မှာ ဒီနေရာက ခွဲထုတ်ခံထားရသည်။ ကောင်းကင်နှင့် မြေကြီးက စွန့်ပစ်ထား၏။ ထိုအတွက်ကြောင့် သူ၏ဂါထာက ကောင်းကင်နှင့် မြေကြီး မရောက်နိုင်တော့ချေ။ အရပ်လေးမျက်နှာမှ နတ်ဘုရားက မတုန့်ပြန်နိုင်ကြချေ။

 

သို့ရာတွင် ယခုလေးတင် သူဂါထာကို ရွတ်ခဲ့သည့်အချိန်က ထိုမျှအထိ သိသာစေသော ဂါထာကို ရွတ်ခဲ့ခြင်း မဟုတ်ချေ။ သို့သော် ကျောင်းကျန်းကမူ မိစ္ဆာဝိဉာဉ်အား ခန္ဓာကိုယ်အတွင်းသို့ မဝင်အောင် နှင်ထုတ်နိုင်သေးရုံသာ မကသေးဘဲ သွေးကပင် တိတ်သွားသည်။ ဒဏ်ရာ၏ အခြေအနေကလည်း ကုသခြင်းဂါထာတစ်ခု ရွတ်လိုက်သလိုမျိုး သက်ရောက်မှု သိသာလာသည်။

 

ယန်ရှစ်ရွှမ်းက သူ၏လေးနက်သော မျက်လုံးများနှင့် အမျိုးသားကို ကြည့်လိုက်သည်။ သူ၏နှလုံးသားတွင် သတိများ ပြည့်နှက်လာသည်။ 

 

ဒီလူက ဘယ်သူလဲ။

 

ဘာလို့ ဒီလောက်ထိ သိနေတာလဲ။

 

သူ ပြောပြီးတဲ့အချိန်မှာ အမှန်တိုင်း လုပ်လို့ရသွားသည်။

 

အမှန်ပဲ သူက ဘယ်ဂိုဏ်းရဲ့ တပည့်ဂိုဏ်းသားလဲ။ မဟုတ်ဘူး ဒီဂါထာကို ဒီလောက်အထိ လုပ်နိုင်စွမ်းအင် ရှိဖို့က လူသားတွေ လုပ်နိုင်တာမျိုးမှ မဟုတ်တာ။ အဲဒီအစား စွမ်းအားတွေကို ချေးငှားပေးနိုင်တဲ့၊ အင်အားတွေကို ငှားယူပြီး တောင်းဆိုတာကို ဖြည့်ဆည်းပေးနိုင်တဲ့ လူသား မဟုတ်တဲ့ နတ်ဘုရားတွေ၊ တစ္ဆေသရဲတွေလိုမျိုးပဲ။

 

ဒါမှမဟုတ် ဒီလူက ဂိုဏ်းကိုတောင် တည်ထောင်နိုင်တဲ့ အင်အားမျိုးကို ပိုင်ဆိုင်ထားတဲ့လူလား။ တည်ထောင်သူများ ဖြစ်နေမလား။

 

ဒါက ဘယ်လို ဖြစ်ပြီးလဲ။

 

ထိုအမျိုးသားက ယန်ရှစ်ရွှမ်းကို ထူးဆန်းသလို ကြည့်ပြီး မျက်ခုံးပင့်ပြသည်။

 

“ဘာလဲ အသုံးမဝင်ဘူးလား”

 

ယန်ရှစ်ရွှမ်းကမူ ထိုအမျိုးသားကို ရှုပ်ထွေးသော မျက်လုံးမျိုးနှင့် ကြည့်လိုက်သည်။ သူ၏အကြည့်များကို သူ၏အတွေးများကို မပေါ်အောင် ထိန်းသိမ်းထားပြီးနောက် အမူအယာကို ပြန်သိမ်းလိုက်သည်။

 

“မဟုတ်ပါဘူး။ အသုံးဝင်ပါတယ်”

 

ယန်ရှစ်ရွှမ်းက အကြည့်ပြန်လွှဲပြီး အံ့အားသင့်နေကာ ဒဏ်ရာကို ထပ်ခါတလဲလဲ စစ်ဆေးနေခဲ့သည့် ကျောင်းကျန်းကို ပြန်ကြည့်သည်။

 

“သွေးတိတ်သွားပြီ ဆိုကတည်းက ပြဿနာ မရှိတော့ဘူး။ မင်းဘာသာ ပတ်တီး စည်းလိုက်တော့။ ဆေးလိုအပ်တာရှိရင်၊ တစ်ခုခု လိုအပ်တာရှိရင် ငါ့ကိုပြော။ ငါ အပြင်ထွက်ပြီး ကားထဲကနေ သွားယူပေးမယ်”

 

မူလက ယန်ရှစ်ရွှမ်း၏ အဖြေကို မျှော်လင့်ပြီး သဘောတကျ စောင့်နေခဲ့သည့်  အမျိုးသား “…”

 

သိသိသာသာပဲ သူ ကူညီပေးလိုက်တာပါ။ ဒါကို ဘာလို့ ယန်ရှစ်ရွှမ်းက သူ့ကို တစ်ချက်ပဲ ကြည့်ပြီး တခြားသူကို ပြန်သွားကြည့်ပြန်တာလဲ။

 

အခု သူတောင်းလိုက်တဲ့ဆုမှာ သူက ဖုန်းမငှားပေးနိုင်လို့ အခြားသူတွေရဲ့ လုံခြုံမှုကို သိရအောင် ဖုန်းမခေါ်နိုင်လို့ သဘောမကျ ဖြစ်သွားတာလား။

 

သူ အခုပဲ သူ့ရဲ့အင်အားတွေကို ချေးငှားယူပြီး အခြားသူတွေကို ကုသပေးနိုင်အောင် ကူညီပေးလိုက်တယ်လေ။ ဒါကို ဘာလို့  ယန်ရှစ်ရွှမ်းက သူ့ကို ဂရုမစိုက်တာလဲ။

 

ထိုအမျိုးသား၏ နှလုံးသားအတွင်း ခံစားချက်များက ရှုပ်ထွေးသွားသည်။ ခံစားချက်များက အလွန်အမင်း သူ့ကို မသက်မသာ ဖြစ်စေ၏၊ သူသည် မျက်မှောင်အသာကြုတ်လိုက်သည်။ ထို့နောက် ယန်ရှစ်ရွှမ်း၏ ကျောပြင်ကို ကြည့်လိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ မေးချင်သွားသည်။

 

သို့သော် ထိုကဲ့သို့သော ခံစားချက်က လွန်ခဲ့သော နှစ်တစ်ထောင်လုံးလုံး သူ မခံစားဖူးသည့် ခံစားချက်မျိုး ဖြစ်သည်။ သူ့ကို အနည်းငယ်ပင် စိတ်ရှုပ်ထွေးစေသည်။ သူ့ကိုယ်တိုင်ကလည်း ထိုခံစားချက်ကို နားမလည်နိုင်ချေ။ မည်သို့ တုန့်ပြန်သင့်ကြောင်းကိုပင် မသိချေ။

90 04

လောကက အခြားသရဲနှင်သူတွေလို၊ သရဲတွေကို ပြန်ကြောက်ပြီး စိုးရိမ်နေရတဲ့ လူတွေလိုမျိုး မဟုတ်ဘဲ။

 

သူသည်ပင် ထိုသံသယကို မည်သို့ ဖော်ပြသင့်ကြောင်း မသိချေ။

 

အတိတ်တွင် ထိုသို့ အတွေ့အကြုံမျိုး မရှိခဲ့ပါချေ။ သူ ယခင်က ယန်ရှစ်ရွှမ်းကို စကားပြောသည့် လေသံ၏ အပြောင်းအလဲကိုပင် နားမလည်နိုင်ပေ။ သူကိုယ်တိုင်၏ ခံစားချက်များက ရှုပ်ထွေးလွန်းသဖြင့် နားမလည်နိုင်ပြန်ချေ။

 

ထိုအခိုက်အတန့်တွင် ထိုအမျိုးသားဟာ ယန်ရှစ်ရွှမ်းကို မည်သို့ဆက်ဆံသင့်ကြောင်း မသိသဖြင့် စိတ်ရှုပ်ထွေး သွားသည်။

 

_ _ _

 

ဖုန်းတုတွင် လူသားလောကနှင့် အလွန်ဝေးကွာသော တစ္ဆေမြို့ကြီးဖြစ်ပြီး လွန်ခဲ့သော နှစ်တစ်ထောင်လုံးလုံး အဆက်အသွယ် ဖြတ်တောက်ထားခဲ့သည့် တစ်စိမ်းများ၊ သေမျိုးများ၊ ဘုန်းတော်ကြီးများကိုလည်း စွမ်းအားများ မချေးငှားခဲ့‌ချေ။ တောင်းဆိုသော အဆောင်လက်ဖွဲ့ သင်္ကေတများပါ အကြောင်းအရာများကိုပင် ဖုန်းတုက တားမြစ်ထားခဲ့ပြီး သူ့ရှေ့မှ အမျိုးသားထံ မရောက်စေခဲ့ပေ။ သူကိုယ်တိုင်ကပင် သူ့ရှေ့မှ အမျိုးသားကို ကောင်းကောင်း မသိသေးချေ။ သူက သူ၏စွမ်းအားကို အခြားသူကို ချေးငှား လိုက်ပြီးချိန်တွင် ယခုလောက်အထိ သက်ရောက်မှု ပြင်းထန်သွားရခြင်းမှာ သူက မကျွမ်းကျင်သောကြောင့် မဟုတ်လေဘဲ အပေးလွန်သွားသောကြောင့် ဖြစ်သည်။ သူသည် သူ၏ကိုယ်ပိုင် နားလည်သဘောပေါက်မှု အခြေအနေအရ တောင်းဆိုသလိုမျိုး ပေးစွမ်းခဲ့ခြင်း မဟုတ်လေဘဲ အသားကုန်ပေး လိုက်မိသွားသည်။ သက်ရောက်မှုက ကောင်းလွန်းသွားသောအခါ သူ ဂရုစိုက်သော သေမျိုးအပနှင်သူက သဘောမကျခြင်း ဖြစ်လောက်သည်။

 

ထိုအမျိုးသားက နောက်သို့ လှည့်ထွက်သွားရန် ယန်ရှစ်ရွှမ်းကို ကြည့်ပြီး အနည်းငယ်ထူး ဆန်းသွားသလို ခံစားလိုက်ရသည်။

 

“ယန်ရှစ်ရွှမ်း မင်း ပြောစရာ မရှိဘူးလား”

 

“မရှိဘူး”

 

“တစ္ဆေသရဲတွေ၊ နတ်ဘုရားတွေက မင်းကို စွမ်းအား ချေးငှားလိုက်တယ်။ မဟုတ်ဘူးလား။ ဂါထာက သက်ရောက်မှု မရှိဘူးလား”

 

“ရှိပါတယ် အရမ်းအဆင်ပြေတယ်”

 

“ဒါဆိုရင် မင်း_ _ _”

 

“ဘာလို့ မပြုံးတာလဲ”

 

ထိုအမျိုးသားက ထိုသို့ ဆက်ပြောပြီးပြီးချင်း နောက်ထပ်မေးခွန်းကို ဆက်မပြောတော့ချေ။


 “မင်း အနာဂတ်မှာ ထပ်ငှားယူဖို့ မလိုအပ်တော့ဘူးလား”

 

“မလိုဘူး”

 

ယန်ရှစ်ရွှမ်းက သည်းခံလိုက်သည်။ သူသည် သူ၏စိတ်ထဲမှ သံသယများကို အခြားသူများအရှေ့တွင် ထုတ်မမေးမိအောင် ထိန်းထားသည်။ ထို့နောက် နှာခေါင်း တစ်ချက်ရှုံ့လိုက်ပြီး အန်းနန်ယွမ်၏အနားသို့ သွားလိုက်ကာ မေးလိုက်သည်။

 

“ငါ လူတွက်ထားတယ်။ ဘာလို့ နှစ်ယောက် ပျောက်နေတာလဲ။ အန်တိုနီနဲ့ ရုန့်ရုန့်က ဘယ်မှာလဲ”

 

အန်းနန်ယွမ်တို့က တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်လိုက်ပြီး မကျေနပ်သလို လေသံမျိုးနှင့် ပြောလိုက်သည်။

 

“အန်တိုနီက ရူးနေတာ ယန်ကော။ ယန်ကောက ငါတို့ကို ကူညီပြီး ကြွက်တွေကို မောင်းထုတ် ပေးလိုက်ပြီးတဲ့နောက်မှာ အန်တိုနီက ကြွက်တွေ နောက်ကို ပြေးလိုက်သွားတာပဲ။ အခု သူ ဘယ်သွားလဲ မသိတော့ပါဘူး။ ရုန့်ရုန့်ကတော့ ပိုင်ရွှမ်း ပြောတဲ့အတိုင်းဆိုရင် သူမရဲ့လက်ကို သူမ ပြန်ကိုက်ပြီး အထဲက အရိုးပေါ်တဲ့အထိ ကိုက်စားနေခဲ့တာတဲ့။ ဘယ်သွားနေလဲတော့ မသိပါဘူး”

 

“ဒါပေမဲ့ အန်တိုနီက ဖန်သားပြင်အခွဲ ဖွင့်ထားတယ်။ ရုန့်ရုန့်ကလည်း အဓိကဖန်သားပြင်ကို ယူသွားတယ်ထင်တယ်။ ခြေထောက်နဲ့ ငြှိပြီး ပါသွားတာ ဖြစ်မလားပဲ။ ယန်ကော သူတို့ရဲ့အခြေအနေကို သိချင်ရင် ဖုန်းကိုဖွင့်ပြီး ကြည့်ပါလား”

 

  “…..”

 

ယန်ရှစ်ရွှမ်းက နွေးထွေးမှု ကင်းမဲ့စွာ ပြုံးလိုက်သည်။ ထိုအပြုံးဟာ ဖိအားများသလိုပင် အန်းနန်ယွမ်ကိုပင် တုန့်ဆိုင်းသွားစေသည်။

 

ယန်ရှစ်ရွှမ်း “ငါ ဖုန်း ပျောက်သွားတာ ကြာပြီ။ သူတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လို့ မရဘူး”

 

“ငါ့ကို မင်းရဲ့ဖုန်းငှားလေ။ ငါ ကျန်းဝူပင်းကိုလည်း ဖုန်းခေါ်ရမယ်”

 

အန်းနန်ယွမ်က ဖုန်းကို ခပ်မြန်မြန်ထိုးပေးသည်။ ထို့နောက် တုန့်ဆိုင်းစွာ ပြောသည်။

 

“ယန်ကော ယန်ကော ဖုန်းကို မကြည့်ဘူးဆိုတော့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက ကွန့်မန့်ကဏ္ဍကို မကိုင်တွယ်နိုင်ဘူးပေါ့”

******