Ch 91
Viewers 6k

အပိုင်း(၉၁)

 

ယခုလေးတင် အခွဲဖန်သားပြင်၏ ကွန့်မန့်ကဏ္ဍတွင် မြင်ခဲ့ရသည့် အကြောင်းအရာကို တွေးမိပြီး အန်းနန်ယွမ်က တစ်စုံတစ်ရာကို သိသွားသည်။

 

“ယန်ကော ယန်ကော ယန်ကောရဲ့ အခွဲဖန်သားပြင်က တိုက်ရိုက် ထုတ်လွှင့်နေဆဲဆိုတာကို မှတ်မိသေးရဲ့လား”

 

ယန်ရှစ်ရွှမ်းက တခဏခန့် ရပ်တန့်သွားသည်။

 

အန်းနန်ယွမ်က ယန်ရှစ်ရွှမ်း၏ အမူအယာကို မြင်သောအခါ တုန့်ဆိုင်းသွားပြီး ပြောလိုက်သည်။

 

“ယန်ကော အခုလေးတင် အဓိကခန်းမရဲ့ ရုပ်ထုကို ရိုက်ခွဲပစ်လိုက်တာ။ ဒီအခြေအနေကို လူသိန်းကျော်က မြင်လိုက်တာ။ သူတို့ စခရင်ရှုတွေတောင် ရိုက်ပြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှာ တင်နေကြပြီ။ ကြည့်ရှုသူ အများစုကလည်း အော်ဖစ်ရှယ်ဟော့လိုင်းကို ဆက်သွယ်ထားတယ်ဆိုတော့ အခု ယန်ကော ယန်ကောက ဆိုရှယ်မီဒီယာတွေပေါ်မှာ တော်တော်လေး နာမည်ကျော်နေပြီ။ ယန်ကောရဲ့ ဖန်တံဆိပ်ရတဲ့သူတွေက နာရီပိုင်းအတွင်း သိန်းကျော်တက်လာတာ။ ဒါပေမဲ့ ဒါရိုက်တာက တိုက်ရိုက်ထုတ်လွှင့်မှုပါ အကြောင်းအရာတွေက ဟဲသီးဖြစ်ပြီး positive ဖြစ်ရမယ် ပြောထားတယ် မဟုတ်လား။ ဒီလိုဆိုရင် ငါတို့တွေ ဆက်ပြီး ဟဲသီးနဲ့ positive ဖြစ်နိုင်သေးရဲ့လား”

 

ယန်ရှစ်ရွှမ်း “.....”

 

မေးခွန်းကောင်းပဲ သူလည်း သိချင်တယ်။

 

ယန်ရှစ်ရွှမ်းကမူ ကျန်းဝူပင်းက တိုက်ရိုက်ထုတ်လွှင့်မှုပါ အကြောင်းအရာများက ရီဗျူး မလုပ်နိုင်သောကြောင့် ကန်ဆယ်ခံရမည့်အခြေအနေကို ကြားသိပြီး သရဲတစ်ကောင်လို အော်ငိုနေမည့် မြင်ကွင်းကို တွေးမိသောအခါ နဖူးကြောများပင် ထောင်တက်လာသည်။

 

သို့သော် ယန်ရှစ်ရွှမ်း တခဏခန့်သာ ရပ်တန့်သွားပြီး အခြေအနေကို ပြန်ထိန်းလိုက်သည်။

 

“ငါကတော့ အရမ်းဟဲသီးဖြစ်တယ်လို့ ထင်တယ်”

 

အန်းနန်ယွမ် “?”

 

တကယ်လား ယန်ကော ယန်ကော အခုလေးတင် နတ်ရုပ်ထုကြီးကို ရိုက်ခွဲပစ်လိုက်တာ။ နောက်ပြီး နတ်ရုပ်ထုကြီးက သူ့ဘာသူလှုပ်လာတာ၊ နံရံဆေးရေးပန်းချီထဲက လူပုံရိပ်တွေက လှုပ်နေတာတွေက ဟဲသီးဖြစ်တယ်လို့ ပြောချင်တာလား။

 

သူတို့က သဘာဝလွန် ရုပ်ရှင်ဇာတ်ကားကို ပရိုမိုးရှင်း လုပ်နေတယ်လို့ ပြောသင့်တာလား။

 

အန်းနန်ယွမ်က တွေးတောနေချိန် ယန်ရှစ်ရွှမ်းက သူ၏ဖန်သားပြင်အခွဲကို ကြည့်ပြီး လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

 

“အများကြီးတွေးမနေကြနဲ့။ မင်းတို့ အခု မြင်လိုက်ရတဲ့ နံရံဆေးရေးပန်းချီက ရုပ်ထုတွေ လှုပ်သွားတယ်ဆိုတာက တကယ်တော့ အလင်းနဲ့ အမှောင်ကြောင့် ပုံရိပ်ထင်တာပဲ။ ရှု့ထောင့်ပြောင်းသွားလို့ ဒီလိုလှုပ်ရှားမှုက ဖြစ်တတ်တာပဲ မဟုတ်ဘူးလား။ နောက်ပြီး ဒေါင်လိုက်ဆွဲထားတဲ့ ပန်းချီပုံစံမျိုးတွေက မတူညီတဲ့ ပုံစံမျိုး ပြောင်းသွားတဲ့ အခြေအနေမျိုးတွေလည်း ရှိတာပဲ။ တကယ်တော့ တစ်ပုံတည်းပဲ။ လှုပ်ခတ်တာ မဟုတ်ဘူး။ နံရံဆေးရေးပန်းချီတွေက ပိုလာရိုက်စင်းပေါင်ဒါမုန့်တွေနဲ့ လုပ်ထားတာ ဖြစ်လို့ မတူညီတဲ့အလင်းအမှောင် ရှုထောင့်တွေကြောင့်နဲ့ ဒီပန်းချီတွေ လှုပ်နေတာပဲ ဆိုပြီး ထင်ယောင်ထင်မှား ခံစားမိစေတာပဲ”

 

အန်းနန်ယွမ် “?”

 

ဖန်သားပြင်အခွဲအရှေ့တွင် ယန်ရှစ်ရွှမ်းကြောင့် ပျော်ရွှင်ဖွယ်ကောင်းစွာ အဆုံးသတ်သွားသော မြင်ကွင်းကို စောင့်ကြည့်နေကြသော ကြည့်ရှုသူများ [?]

 

[တကယ်တော့ ရုပ်ထုက လျှပ်စစ်နဲ့ လုပ်ထားတာ။ ရုပ်ထုက တအားမှောင်နေတော့ အတွင်းက ဝါယာကြိုးတွေကို မင်းတို့က မမြင်လိုက်တာ ဖြစ်လိမ့်တယ်။ ဒါပေမဲ့ ဒါက ရုပ်ထုကြီးလည်း မဟုတ်ဘူး။ ရုပ်ထုဆိုရင် လှုပ်နိုင်ပါ့မလား။ ဒီအတိုင်း ဒီလိုသဘာဝ မကျတာမျိုးကို အမှန်တရား ယုံကြည်တာကတင် ပုံမှန်မဟုတ်တာ ဖြစ်နေတာ]

 

ယန်ရှစ်ရွှမ်းက အချက်အလက်ကျကျ ပြောပြသည်။

 

“မင်းတို့တွေ ရောင်းတဲ့ ဖစ်ဂါတွေကို သိတယ်မဟုတ်လား။ အဲဒီလိုပဲ ဒါက အရမ်းကို ကြီးတဲ့ ဖစ်ဂါကြီးတစ်ခု။ တော်တော်လေးကို ကြီးပြီး မင်းတို့မှာ ရှိတဲ့ဟာထက် ပိုပြီး ဉာဏ်ရည်မြင့်တာမျိုးပေါ့လေ။ ဒါပါပဲ အခြား ခြားနားချက် မရှိဘူး။

91 02

အန်းနန်ယွမ်” ??”

 

ကြည့်ရှုသူများ [ပိုကြီးတဲ့ ဖစ်ဂါဟုတ်လား]

 

နောက်ပြီး အဲဒီ ခေါင်းပြတ်ကျသွားတဲ့ ရုပ်ထုအတွက်ကတော့ _ _ _

 

ယန်ရှစ်ရွှမ်းက သူ၏ကောင်းမွန်သော မှတ်ဉာဏ်များကိုသုံးပြီး ခန်းမထဲမှ အဖြစ်အပျက်များကို အသေးစိပ်ကျကျ စဉ်းစားကြည့်သည်။

 

ထို့နောက် လေးနက်တည်ကြည်စွာ အေးစက်သော လေသံနှင့် ရှင်းပြသည်။

 

“လိမ္မာတဲ့ကလေးတွေ မင်းတို့တွေ ငါ့ကို အတုမယူနဲ့။ အဲဒီရုပ်ထုက တကယ်တော့ တော်တော်ဆိုးတဲ့ ကောင်လေးတစ်ယောက်က လျှပ်စစ်ရီမုဒ်နဲ့ ထိန်းချုပ်လို့ ရတဲ့ ဖစ်ဂါကြီးကို မှားဝယ်လာမိတာ။ ဒါကြောင့် ငါက သူ့ကို သင်ခန်းစာ ပေးလိုက်ရုံပဲ။ အများပြည်သူပိုင် ပစ္စည်းတွေကိုတော့ ဖျက်စီးဖို့ မပြောနဲ့ ပုဂ္ဂိုလ်ပိုင် ပစ္စည်းကိုတောင် မဖျက်စီးသင့်ဘူး”

 

ကြည့်ရှုသူများ .. [ ခံစားချက်တွေ ရှုပ်ထွေးသွားပြီး နောက်ဆုံးတစ်ခေါက် မကောင်းတဲ့အကောင်ကို ကြားခဲ့ဖူးတာက မူကြိုတက်နေတဲ့ ငါ့ရဲ့တူလေးဆီကပဲ။ ယန်ကောက ရုတ်တရက်ကြီး မူကြိုတက်နေတဲ့ ကလေးတစ်ယောက်ကို ချော့သလို လာပြောနေတာလဲ]

 

[ယုံကြည်မှုရှိပါ။ ယန်ကောက ကလေးကို ချော့နေတာ(ယုံကြည်မှုအပြည့် ရှိနေသော jpg)][

 

“နောက်ပြီး မင်းတို့ မြင်လိုက်တဲ့ အနီရောင်အရိပ်တွေက သရဲမဟုတ်ဘူး”

 

ယန်ရှစ်ရွှမ်းက တစ်ချက်လှောင်လိုက်သည်။

 

“မင်း ရူပဗေဒကို မသင်ဖူးကြဘူးလား။ မင်းတို့ ကိုးနှစ်တာ သင်ကြားခဲ့တဲ့ ပညာရေးတွေက ဘယ်ရောက်သွားတာလဲ။ အိမ်ထဲမှာ အနီရောင်အရိပ်တွေကို မြင်ဖူးကြလို့လား။ အဲဒီအရိပ်တွေက အပြင်မှာ ရှိတာနော်။ နောက်ပြီး အဆောက်အဦးဟောင်းတွေထဲလည်း ဝင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့မိုးရွာထားတယ်။ အပြင်ဘက်မှာ မြူတွေ အပြည့်ပဲ။ ဒီတော့ အလင်းအမှောင်ကြောင့် မြင်ကွင်းမျိုးတွေ၊ ရောင်ပြန်ဟပ်မှုကြောင့် ပေါ်ထွက်တတ်တာပဲ။ အခြားနေရာမှာ တောက်ပတဲ့အလင်းရှိရင် အဲဒီနေရာမှာ ပရိုဂျက်တာ ပြထားသလိုမျိုး အမှောင်ထဲက အရိပ်တွေ လာထင်တတ်တယ်။ ဒါမှမဟုတ် မှောင်နေတဲ့နေရာမျိုးကို အရိပ်တွေက အလင်းပြန်လာတာမျိုး ရှိတတ်တယ်။ ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား”

 

အန်းနန်ယွမ်၏ မိုဘိုင်းလ်ဖုန်း၏ ကွန့်မန့်ဖတ်နေသည့် ယန်ရှစ်ရွှမ်းက ဂရုတစိုက် ရှင်းပြသည်။

 

“နောက်ပြီး တစ်ယောက်ယောက်က အပြင်ဘက်မှာ ငရုပ်သီးထောင့်တွေကို ချိတ်ထားတာလဲ ဖြစ်နိုင်တာပဲ။ ဒါကြောင့် အလင်းတွေက သူတို့ကို ချဲ့ပေးလိုက်ပြီး လူပုံသဏ္ဍာန်လို စိတ်ထင်လာစေတာပေါ့။ ဒါကြောင့် နီရဲနေတာလေ။ ဒါကို မင်းတို့က ဘာလို့သရဲလို့ ထင်တာလဲ။ တကယ်ပဲ  ဒါက ငရုပ်သီးတောင့်တွေပဲ။ မင်းတို့က ငရုပ်သီးတောင့်တွေကို ကြောက်တာလား ဟား ဟား”

 

“ယုန်တွေက ချစ်စရာကောင်းပြီး အရသာရှိတယ်လို့ ပြောကြတယ်။ အဲဒီနောက် အစပ်ပိုထည့်တယ်။ မင်းတို့က ငရုပ်သီးခြောက်တွေက ကြောက်နေတာ ဟုတ်လား။ ငရုပ်သီးခြောက်တွေက ဘာများလုပ်နေလို့လဲ။ မင်းတို့ကို စားလို့လား”

 

ကြည့်ရှုသူများ [ငါတို့ကို ယန်ကောက လှောင်နေတာလား]

 

[ယုံကြည်မှုရှိစမ်းပါ ဒါပဲ ယန်ကောက မင်းတို့ကို စပ်တဲ့စားစရာတွေကို ကြောက်နေတာလားလို့ ပြောနေတာလား။ လာစမ်းပါ အုတ်ဂျုံအစာတွေကို စားတဲ့အခါ မင်းတို့ အစပ်တွေကိုလည်း ကြောက်တော့မှာ မဟုတ်ဘူး]

 

[ငါကတော့ နယ်နမိတ်ထဲကနေ ကျော်ထွက်သွားသလိုပဲ။ ဒါက တကယ်ပဲ လျှပ်စစ်ဖစ်ဂါလား။ နောက်ပြီး ငရုပ်သီးတောင့် ဟုတ်လား။ ငါ ငါရိုက်ထားတဲ့ အက်ထရာဟိုက် ဒက်ဖနေးရှင်း စခရင်ရှုကို တိုင်တည်ပြီး ကျိန်ဆိုရဲတယ်။ ဒါက တကယ်ပဲ သရဲပါ။ နောက်ပြီး ထင်ယောင်ထင်မှားတွေ ဖြစ်တာ မဟုတ်ပါဘူး ]

 

[ငါ ရှေ့သွားကို ပိတ်ပြီး ရူးရူးမူးမူး‌ အော်ရယ်နေမိပြီ။ ဟုတ်တယ် ဟုတ်တယ်။ ယန်ကောပြောတာ မှန်တယ်။ ငါတို့ မှားတာ။ ငါတို့ အားလုံးက ယုံပါတယ်။ ဒါက ဒီအတိုင်း ဖစ်ဂါရုပ်ကြီးတွေ၊ ငရုပ်သီးတောင့်ကြီးတွေပါ။ အရမ်းကို သိပ္ပံနည်းကျတယ်]

 

[အပေါ်ကလူတွေ ပါးစပ်ပိတ်စမ်း။ နင်တို့က ဒီပရိုဂရမ်ကို ဘန်းစေချင်လို့လား။ ဗီဒီယိုကို ရီဗျူးလုပ်တဲ့ ရုံးတော်က လူတွေက သဘာဝလွန်တဲ့ အကြောင်းအရာတွေကို ထုတ်မပြောရဘူးလို့ တင်းတင်းကြပ်ကြပ် စည်းမျဉ်း ထုတ်ထားတာလေ။ မင်တို့ မေ့သွားကြပြီလား။ နင်တို့ ဒါကို အခုချိန်အထိ မေးနေသေးရင် ငါတို့ယန်ကောကို မမြင်ရပဲ နေမှာပေါ့။ အားလုံး ပါးစပ်ပိတ်ကြစမ်း]

 

[ဟုတ်သားပဲ အခုလေးတင် လူအများစုက အော်ဖစ်ရှယ်ဟော့လိုင်းကို ဖုန်းခေါ်ထားကြတာ။ အော်ဖစ်ရှယ်က လူတွေကလည်း ကြည့်နေကြမှာပဲ။ ဒီတော့ ဒီအကြောင်းအရာတွေကို ဆက်မ‌ပြောကြရင် ကောင်းမယ်။ အော်ဖစ်ရှယ်က လူတွေ တွေ့သွားရင် ပရိုဂရမ်က ပိတ်သွားလိမ့်မယ်]

91 03

[ဝိုး ဒါက အရမ်းကို သိပ္ပံနည်းကျတာပဲ။ မှန်လိုက်တာ။ ယန်ကောပြောတာ မှန်တယ်။ ငါတို့အားလုံးက သိပ္ပံကို ယုံကြည်ကြတဲ့ ကလေးတွေပါ]

 

[ဟုတ်တယ် ဟုတ်တယ် ပရိုဂရမ်ကို ကာကွယ်ရမယ်။ ငါတို့တွေ ယန်ကောကို ဆက်ကြည့် ချင်ကြသေးတယ်]

 

[အား ငါ မေ့နေတာ။ ဝိုး တကယ်ကို သိပ္ပံနည်းကျတာပဲ။ ငါ ယုံတယ်။ ငါ အရမ်းကိုယုံတာပဲ။ အဲဒီလိုပဲ ဖြစ်ရမယ်။ သေချာတာပေါ့ ဟမ်း ဟမ်း ဟမ်း (အတင်းအကြပ် ရှင်းပြနေရတဲ့ အီမိုဂျီ)]

 

အခွဲဖန်သားပြင်ကိုကြည့်ပြီး အချိန်နှင့်တပြေးညီ အခွဲဖန်သားပြင်ကို ကြည့်နေသော ရီဗျူးလုပ်ရန်အတွက် တာဝန်ယူ စောင့်ကြပ်ကြည့်ရှုနေသောသူ “.....”

 

အခွဲဖန်သားပြင်ရှေ့တွင် ရပ်ပြီး စောင့်ကြည့်နေသော အော်ဖစ်ရှယ်ဟော့လိုင်း အော်ပရေတာ “.....”

 

အခွဲဖန်သားပြင်ကို ကြည့်ရှုနေသော တာအိုဆရာသခင်မာ “..”

 

“ဟင် ဂျူနီယာညီလေးယန် ပြောတဲ့ လျှပ်စစ်ဖစ်ဂါ ဆိုတာက ဘာလဲ။ ငရုပ်သီးတောင့် ဟုတ်လား။ မဟုတ်ဘူး ဒါက သရဲလေ”

 

တာအိုဘုန်းတော်ကြီးမာက စိတ်ရှုပ်ထွေး သွားသည်။

 

ကြည့်ရှုသူများက အမှန်တကယ် ခန့်မှန်းနိုင်ခဲ့သည်။ ရီဗျူးလုပ်ရန် တာဝန်ယူထားသော သူကလည်း ဖန်သားပြင်အခွဲရှေ့တွင် စိုက်ကြည့်နေခဲ့သည်။ သူက ဒေါသတကြီးနှင့်အတူ သူ၏ဖုန်းဖြင့် ကွန့်မန့်ပေးလိုက်သည်။

 

[ငါတို့ ဒီပရိုဂရမ်ကို မပိတ်ဘူး။ ပရိုဂရမ်ပါ အကြောင်းအရာတွေက မဟုတ်မမှန် အကြောင်းအရာမျိုးကို ထည့်သွင်းထားတာမျိုး မဟုတ်သလို သဘာဝလွန်နေတဲ့ ကိစ္စတွေကို ကြေငြာနေတာ မဟုတ်လို့ ငါတို့က မပိတ်ဘူး။ ငါတို့က မကောင်းတဲ့လူတွေ မဟုတ်ဘူး]

 

ထိုကွန့်မန့်ကို မန့်ပြီးနောက် ဖန်သားပြင်က တခဏခန့် ရပ်တန့်သွားသည်။ လူတိုင်းကလည်း သဘောတူညီမှု အပြည့်နှင့် မည်သည့်ကွန့်မန့်ကိုမှ မပို့ကြတော့ချေ။ ရီဗျူးလုပ်ရန် တာဝန်ယူ စောင့်ကြပ်နေသော သူက သံသယအပြည့် ဝင်သွားပြီး သူ၏ကွန့်မန့် သူ ပြန်ဖတ်ပြီးမှသာ သူက စိတ်လှုပ်ရှား လွန်းသဖြင့် အော်ဖစ်ရှယ်အကောင့်ကြီးထဲမှ မထွက်မိဘဲ သူ့အကောင့်နှင့် ဗီဒီယိုပလက်ဖောင်းအတွင်း ကွန့်မန့် မန့်မိကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့်‌ အော်ဖစ်ရှယ်အကောင့်ကြီးနှင့် ကွန့်မန့်ကြီးက ပေါ်လာသည်။ အပေါ်တွင်လည်း ထင်းထွက်နေလေရာ တရားဝင်သတင်း ဖြစ်ကြောင်း လူတိုင်းက သတိပေးခံရသလို ဖြစ်သွားသည်။

 

အခြားစကားဖြင့် ဆို‌ရသော် သူသည် အော်ဖစ်ရှယ်အကောင့်ကို ခိုးသုံးပြီး အော်ဖစ်ရှယ်အကောင့်ဖြင့် သူ၏အမြင်ကို ပေါ်တင်‌ ဖော်ပြမိသွားသည်။ မသိရင် ဒါက အော်ဖစ်ရှယ် ထုတ်ပြန် ကြေငြာချက်လို ဖြစ်သွားတာပေါ့။

 

တစ်ချိန်တည်းတွင်ပင် ပရိုဂရမ်က အပိတ်ခံရနိုင်ချေ ရှိမရှိတု့န်ဆိုင်းနေသူများက ရုတ်တရက် ပေါ်လာသော အော်ဖစ်ရှယ်အကောင့်၏ စာကို မြင်လိုက်ရသည်။ သူတို့က စိတ်အေးသွားသလို သက်ပြင်းချပြီး ရယ်လိုက်ကြရသည်။

 

“မစိုးရိမ်ပါနဲ့ အော်ဖစ်ရှယ်က ယုံကြည်အားကိုးလို့ ရပါတယ်။ ဒီပရိုဂရမ်က ပြဿနာ မရှိလောက်ဘူး။ အထုတ် မခံရ‌လောက်ဘူး”

 

“ဟင် ဒီမြင်ကွင်းကတော့ ကောင်းတော့ မကောင်းဘူး။ အခြားပရိုဂရမ်တွေရဲ့ အခြေအနေနဲ့ ယှဉ်ရင်တော့ တော်တော်လေးတော့ လွတ်ထွက်နေတယ်”

 

“ဒါဆိုလည်း ပရိုဂရမ်ကို ratingကို ၁၈+လို့ တပ်ပေးလိုက်လေ။ ဘန်းစရာတော့ မလိုပါဘူး။ အော်ဖစ်ရှယ်က တစ်ခုခု ပြောသေးလို့လား။ ဟုတ်သားပဲ မြန်မြန်လေး အော်ဖစ်ရှယ်လာရင် ငြင်းဆန်လို့ ရအောင် စခရင်ရှုတွေ ယူထားလိုက်ဦး။ မဟုတ်‌သေးဘူး အုံနာရှစ် တာဝန်ယူမှုလို့ ပြောရမှာပဲ”

 

ကွန့်မန့်များကို တုန့်ပြန်ပြီးကာစ အချိန်တွင် နောက်ထပ်ပျော်ရွှင်စွာနှင့် အောင်ပွဲခံသော ကွန့်မန့်များက တက်လာသည်။

 

[ကောင်းလိုက်တာ အော်ဖစ်ရှယ်က ပြောတယ်။ ပြဿနာမရှိဘူးတဲ့။ ဒီတော့ အပိတ်ခံရမှာ မဟုတ်ဘူး]

 

ရီဗျူးလုပ်ရန် တာဝန်ယူထားရသော ခန်းရှို့ “မဟုတ်ဘူးနော်။ ငါ အဲဒီလို မပြောဘူး”

 

[ဟုတ်သားပဲ ပရိုဂရမ်က ဒီလောက် သိပ္ပံနည်းကျတာ။ ယန်ကောတောင်မှ အခုလေးတင် ငါတို့ကို ပိုပြီး ပညာသင်ကြားလေ့လာဖို့ ပြောနေသေးတယ်။ ဒါက တကယ်ကို အတုယူချင်စရာ၊ အပေါင်းဘက်က တွေးမြင်ချင်စရာ မြင်ကွင်းတွေပါပဲ။ ပြဿနာမရှိပါဘူး။ အပိတ်ခံရမှာ မဟုတ်ဘူး]

 

ရီဗျူးလုပ်ရန် တာဝန် ယူထားသောသူက မျက်ရည်ပင် ကျချင်နေသည်။

 

“ဘာလို့ ဘာလို့ ပြန်ဖျက်လို့ရတဲ့ ခလုတ် မပါတာလဲ”

91 04

သို့သော် သူ၏အလုပ်အမှားကြောင့် ပြဿနာ အရှာခံရနိုင်သည့် ကိစ္စကို ဖြေရှင်းနိုင်ရန်အလို့ငှာ သူသည် အတတ်နိုင်ဆုံး ကြိုးစားပြီး ယခင်ကအတိုင်း ပရိုဂရမ်ကို အလေးအနက် ထားလျှက် ရီဗျူး လုပ်နေလိုက်သည်။

 

ပရိုဂရမ်က နောက်ပိုင်းတွင် အပိတ်ခံလိုက်ရပါက ဗီဒီယိုပလက်ဖောင်းနှင့် ကြည့်ရှုသူများက သူ ပို့ထားသော ကွန့်မန့်ကို စခရင်ရှုရိုက်ပြီး တိုင်နိုင်သေးသည်။ ထိုအခါ သူ အပြစ်ပေးခံရနိုင်သည်။ မည်သို့ပင်ဆိုစေ ထိုသို့သော ထင်မြင်ချက်များကို လက်လွတ်စပယ် ထုတ်ပြောနိုင်ခြင်း မရှိပါချေ။ ကြည့်ရသည်မှာ သူသည် အတတ်နိုင်ဆုံး ကြိုးစားပြီး ပရိုဂရမ်ကို ကိုင်တွယ်ရမည့်ပုံ ပေါ်သည်။

 

ရီဗျူးလုပ်ရန် တာဝန်ယူထားသောသူက လက်ထဲမှ စာရွက်များကို ဖတ်နေရင်း ဂရုတစိုက် စဉ်းစားဆင်ခြင်နေသည်။

 

“[၉၉ရက်တာ ခရီးသွားခြင်း ပရိုဂရမ်က activeဖြစ်ပြီး ဗဟုသုတွေ ပြည့်နှက်နေတဲ့ ပရိုဂရမ်တစ်ခုပဲ။ ကြည့်ရှုသူတွေကို folkယဉ်ကျေးမှုတွေနဲ့ ရှေးရိုးဓလေ့ထုံးထမ်းတွေကိုလည်း သိမြင်နားလည်စေတယ်။ ဒါ့အပြင် ကြည့်ရှုသူတွေကိုလည်း လေ့လာသင်ယူချင်စိတ် ဖြစ်အောင် အားပေးနိုင်တယ်။ ကြည့်ရှုသူအများစုကလည်း သဘောကျကြတယ်။ အနှစ်ချုပ်ပြောရရင် ဒီပရိုဂရမ်ကို ဆက်လက်ပြီး ထုတ်လွှင့်သင့်ပါတယ်]

 

မူလကမူ ပုံမှန်မဟုတ်သည့် ပြဿနာများကို ဖြေရှင်းရန် တာဝန်ယူထားရသော တရားဝင်ပုဂ္ဂိုလ်၏ ဖုန်းကို ဖြေလိုက်ချိန်တွင် တစ်ဖက်သူက သူ၏ကွန့်မန့်ကြောင့် သူ့ကို ပြဿနာရှာတော့မည်ဟု ထင်ထားမိသည်။ သို့သော် မမျှော်လင့်ထားစွာပင် တစ်ဖက်သူသည် သူ့အား ပရိုဂရမ်ကို မဘန်းရန် ပြောလာသည်။ ထိုအချိန်က တစ်ဖက်သူ၏လက်က ရှည်လွန်းသည်ဟု ခံစားခဲ့ရပြီး မကျေမနပ် ဖြစ်သွားခဲ့သည်။ သို့ရာတွင် ဗီဒီယိုကို ရီဗျူးလုပ်ရန် တာဝန်ယူထားသော လူသည်လည်း တစ်ဖက်သူ၏အဆင့်ကြောင့် မငြင်းနိုင်ခဲ့ပေ။

 

“ကောင်းပြီလေ ငါတို့ရဲ့ဗီဒီယိုကို ရီဗျူးလုပ်ဖို့ တာဝန်ယူထားတဲ့ ရုံးတော်ကလည်း ဒီပရိုဂရမ်ကို လက်ခံလို့ရတယ်လို့ ထင်ကတည်းက အချိန်တစ်ခု ကြာတဲ့အထိတော့ မဘန်းပါဘူး”

 

ဗီဒီယိုရီဗျူးလုပ်ရန် တာဝန်ယူထားရသော ဦးဆောင်သူက စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင် သူသည် ဆုံးဖြတ်ချက် ရသွားလေသည်။ သို့သော် ဖုန်းထဲတွင်မူ ဂုဏ်သိက္ခာအပြည့်နှင့် ပြောလိုက်လေသည်။

 

“ဒါဆိုရင်လည်း အခုတော့ ဒီအတိုင်းပဲ လုပ်ကြရအောင်။ မင်း ဖုန်း မခေါ်ဘဲနဲ့လည်း ငါက ဒီအတိုင်း လုပ်မှာပါ။ ကောင်းပြီ ကောင်းပြီ။ ငါက နားလည်ပါတယ်”

 

အော်ဖစ်ရှယ်ပုဂ္ဂိုလ်က ဖုန်းကို ချလိုက်ပြီးနောက် သူ၏ဘေးဘက်မှ တာအိုဘုန်းတော်အိုကြီး ရိုသေ လေးစားစွာနှင့် ပြောလိုက်သည်။

 

“တာအိုဘုန်းတော်ကြီးလီ ဘာလို့ ဒီပရိုဂရမ်ကို ဆက်လက် တိုက်ရိုက်ထုတ်လွှင့် သင့်တယ်လို့ ပြောတာလဲ။ ဒီကိစ္စက နှစ်ပေါင်းများစွာ တိမ်မြှပ်နေ ခဲ့တာလေ။ အခုပေါ်ထွက်လာပြီဆိုတော့ ဒီလိုမြင်ကွင်းမျိုးကို အများမြင်သွားရင် မကောင်းဘူး မဟုတ်ဘူးလား။

 

“သတင်းကို အုပ်လိုက်ရင် ဒီကိစ္စကို ဖြေရှင်းနိုင်လို့လား”

 

တာအိုဘုန်းတော်အိုကြီးက တာဝန်ယူပုဂ္ဂိုလ်ကို နှာခေါင်းရှုံ့ကာ ကြည့်လိုက်သည်။

 

“တစ္ဆေတောင်၊ ဝံပုလွေရိုင်းတောင်ထိပ်၊ နန်မင်တောင်_ _ _ဘယ်နေရာကိုများ ကောင်းကောင်း ဖြေရှင်းနိုင်ခဲ့လို့လဲ။ ဒါတွေအားလုံးကလည်း တူတူပဲ မဟုတ်လား။အမြဲတမ်း ပုတ်သိုးဆွေးမြေ့တဲ့အထိ ဆိုးရွားလာတယ်။ အချိန်ကြာလာတဲ့အမျှ ပြဿနာ တက်လာတော့မယ်။ ယန်ရှစ်ရွှမ်းကြောင့်သာ မဟုတ်ရင် တစ္ဆေတောင် ပြဿနာကိုတောင် ဘယ်တုန်းမှ ဖြေရှင်းနိုင်မယ် မသိဘူး။ နောက်ပြီး တောင်ပေါ်တက်ရင် ပျောက်သွားတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်က ထပ်မပေါ်လာနိုင်ဘူးဆိုတာ သေချာလို့လား”

 

“နောက်ပြီး ယန်ရှစ်ရွှမ်း မှန်တာ တစ်ချက် ရှိတယ်”

 

မိုးလိုက်ကာဖြင့် ခြားထားသော နေရာနားတွင် ရပ်နေသည့် တာအိုဘုန်းတော်အိုကြီးက လေးနက်တည်ကြည်သော မျက်နှာနှင့် သည်းထန်သောမိုးများကို လှမ်းကြည့်လိုက်သည်။ သူ၏အကြည့်က စူးရှသွားပြီး နက်နဲလာ၏။

 

“တစ္ဆေတွေနဲ့ နတ်ဘုရားတွေ သူတို့တွေက လူသားတွေ ပြောတဲ့စကားကို မှီခိုနေရတာ။ ဒီပုံတွေကို အများမြင်သွားတော့ရော ဘာဖြစ်လဲ။ သတင်းတွေကို ဖိနှိပ်နေမှ ပိုပြီးပျံ့နှံ့သွားမှာ မဟုတ်ဘူးလား။ လွန်လွန်ကျူးကျူး အုပ်ဖို့ကြိုးစားလေလေ ဒီလိုပြဿနာမျိုးက ဖြစ်လာလေလေပဲ။ ဥပမာ ဖုန်းတုရဲ့ ဂိတ်အလယ်တံခါးက ပွင့်သွားတာမျိုးပေါ့။ နောက်ပိုင်းမှာ folkယဉ်ကျေးမှုအပိုင်းတွေက ကျယ်ပြန့်လာပြီး ပုံမှန်မဟုတ်တာတွေကို သိသွားကြရင် အရာအားလုံးက မင်းရဲ့ထိန်းချုပ်မှုကနေ လွတ်မြောက်သွားလိမ့်မယ်။ အဲဒီလိုဆိုရင် အခုထက် ပိုပြီးများပြားတဲ့ သရဲအသစ်တွေကို ဖန်တီးတာနဲ့ အဆုံးသတ်သွားမှာပဲ”

 

“ဒါကြောင့် မျက်ကန်း ဖုံးကွယ်နေမဲ့အစား သူတို့ကို ပေါ်တင်ဖော်ပြလိုက်တာက ကောင်းတယ်။ ဒီfolkယဉ်ကျေးမှုတွေက ထင်သလောက် ကြောက်စရာ မကောင်းဘူးဆိုတဲ့ မူရင်းအရင်းအမြစ်တွေကို မြင်ခိုင်းလိုက်ပါ။ အဲဒီလိုနဲ့ ဒီလိုမျိုး ဆိုးယုတ်တဲ့ အရာတွေကနေ ပြိုင်ဘက် မကင်းနိုင်တာကို သူတို့သိသွားလိမ့်မယ်။ ယန်ရှစ်ရွှမ်းက အဲဒီနေရာမှာ ရှိနေမှတော့ သရဲတွေ၊ နတ်ဘုရားတွေကတောင်မှ ပိုကြီးတဲ့ ဖစ်ဂါတွေ ဖြစ်သွားတယ်။ ကြောက်စရာမလိုဘူး။ ဒီအတိုင်း ယဉ်ကျေးမှု ပြသစေရုံပဲ ဆိုတာကို နားလည်သွားစေတယ်”

91 05

တာဝန်ယူသော ပုဂ္ဂိုလ်ကလည်း တာအိုဘုန်းတော်အိုကြီးက သူ၏တာဝန်ထမ်းဆောင်ခဲ့သော သက်တမ်းတလျှောက် မဖြေရှင်းနိုင်ခဲ့သည့် ကြီးမားသည့် ပြဿနာကြီးကို ဖြေရှင်းနိုင်ခဲ့ပုံအား ထောက်ပြနေသော အခြေအနေကို လက်ခံလိုက်ရသည်။ သူသည်ပင် ခါးသီးစွာ ပြုံးမိသွားသည်။ သူ၏တစ်ကိုယ်လုံးက ချွေးစေးများ ပျံနေပြီး သူသည် ထပ်ခါတလဲလဲ ဟုတ်ကဲ့ ဟုတ်ကဲ့ဟု ပြောနေလိုက်ရသည်။ သူသည် ခဏနေမှသာ ဒီကိစ္စကို သူ၏အထက်လူကြီးများနှင့် တိုင်ပင်လိုက်ပြီး သူလုပ်ခဲ့သည့် ကိစ္စများ၏ လမ်းကြောင်းကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။

 

******