92 01
အပိုင်း(၉၂)
အမှန်ပင် အများအမြင်ကို ထိန်းသိမ်းရန်၊ ပြည်သူများကို ကာကွယ်ရန်က အရေးကြီးသော်လည်း ကို ဒီကိစ္စကို ဖြေရှင်းနိုင်ရန်က ပို၍အရေးကြီးနေခဲ့သည်။
လူအများအကြား အထိတ်တလန့် မဖြစ်စေရုံနှင့် ထိုကိစ္စကို ဖြေရှင်းနိုင်ရုံနှင့်တင် အကြံကောင်း ဖြစ်သည်။
တာအိုဘုန်းတော်အိုကြီး၏ မဲနယ်ပြာရောင်ဝတ်စုံက မိုးလိုက်ကာ တစ်ဖက်မှ တိုက်ခတ်လာသော ရေငွေ့များကို သယ်ဆောင်လာသည်။ ထို့နောက် ပင်လယ်အား လှိုင်းများလိုမျိုး သူ၏အနောက်ဘက်တွင် လှုပ်ခတ်ကာ လွှင့်မြောနေလေသည်။
သူ၏ခေါင်းက သပ်သပ်ရပ်ရပ် ဖြီးသင်ကာ ရစ်ခွေကျလျက် ရှိနေသည့် ဆံပင်များက ထိုက်ချီနားထင်များတွင် စင်းကျလျက် တည်ရှိနေသည်။ ထို့နောက် တစ်ဖန်အောက်ဘက်သို့ တစ်မျှင်စီ ကျဆင်းနေလေပြီး လေအောက်တွင် လွှင့်နေလေသည်။
ထို့နောက် တာအိုဆရာသခင်စုန့်နှင့် တာအိုဆရာသခင်မာတို့က တာအိုနယ်မြေအတွင်းသို့ အလုံးစုံ ခြေနင်းဝင်ရောက်ခဲ့ပြီး ဟိုင်ရန်ဂူဘုရားကျောင်းထဲတွင်ပင် စီနီယာအကျဆုံး ဖြစ်သော ဘုန်းတော်ကြီးအဖြစ် ကြည့်နေကြသည်။
ရုတ်တရက် တာအိုဘုန်းတော်ကြီးက နတ်ဘုရားတစ်ပါး၏ အရှိန်အဝါကို ပိုင်ဆိုင်နေပြီးကြောင်း သိလိုက်သည်။ သူသည် အချိန်မရွေး အမတသို့ တက်လှမ်းမည့်ပုံ ပေါ်သည်။
တာအိုဘုန်းတော်အိုကြီးက မျက်နှာ တည်ကြည်လာသောအခါ သူ၏ထုတ်လွှင့်ထားသော အရှိန်အဝါ၏ တည်ငြိမ်မှုက အရာအားလုံး၏ ပုံပန်းသွင်ပြင်ကို ပုံပန်းသွင်ပြင်ကို မူရင်းပုံစံသို့ ပြန်ပေါ်စေလေပြီး အသွင်ယူထားသော ပုံသဏ္ဍာန်၏ မူရင်းဇစ်မြစ်ကိုပင် ထုတ်ဖော်နိုင်လေသည်။
သူသည် ထိုပုဂ္ဂိုလ်ကို မပြောပြခဲ့သော အခြားအကြောင်းပြချက် တစ်ခုရှိနေသေးသည်။ သူ၏ ဂျူနီယာတပည့်လေးကို လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က ခေါ်ဆောင်လာခဲ့ပြီး တိုက်ရိုက်တပည့်အဖြစ် လက်ခံခဲ့ပြီး အနားတွင် ခေါ်ဆောင်ကာ သင်ကြားပေးခဲ့ချိန်တွင် ထိုဂျူနီယာတပည့်လေးက သူ၏တစ်ယောက်တည်းသော တပည့်အပေါ် ခန့်မှန်းချက် ပြုခဲ့သည်။
“ရှစ်ရွှမ်း သူက သရဲတွေကို ဖိနှိပ်ဖို့ ကံကြမ္မာ ပါလာခဲ့တဲ့သူပဲ။ သူက ကောင်းကင်တာအို ဆုတ်ယုတ်လာပြီးတဲ့နောက်မှာ ဖုန်းတုတစ္ဆေမြို့ကို ဆက်သွယ်နိုင်တဲ့ အရေးပါတဲ့ တံတားတစ်စင်း ဖြစ်လာလိမ့်မယ်။ သူကပဲ ဖုန်းတုက တစ္ဆေတွေကို ဖိနှိပ်နိုင်မှာ”
ထိုအချိန်က သူ၏ဂျူနီယာအစ်ကိုက ထိုသို့ ပြောခဲ့သည်။
ယန်ရှစ်ရွှမ်း၏ အရိုးထဲထိ မိစ္ဆာသရဲ ဝင်ရောက်နေသော ခန္ဓာကိုယ်နှင့် မကြာခဏဆိုသလို သရဲများကို ပေါ်လာသလို သရဲများကို နှိမ်နင်းနိုင်ခဲ့သော လုပ်ရပ်များကြောင့် တာအိုဘုန်းတော်အိုကြီးသည်လည်း ထိုအကြောင်းအရာကို တွေးမိစေသည်။
ဖြစ်နိုင်တာက _ _ _ ပုံမှန်နှစ်တွေအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ပုံမှန်မဟုတ်တဲ့ ကိစ္စတိုင်းကို ယန်ရှစ်ရွှမ်းက ဖြေရှင်းပြီး တည်ငြိမ်အောင် လုပ်ပေးနိုင်မယ် ထင်တယ်။
မိုဘိုင်းဘ်ဖုန်း ပျောက်သွားခဲ့ပြီးနောက် ဖုန်းငှားသည့် ကိစ္စနှင့်ပတ်သက်ပြီးနောက် အစအနှောက် ခံခဲ့ရသည့် အတွေ့အကြုံနှင့် ပတ်သက်ပြီး ယန်ရှစ်ရွှမ်းသည် အလွန်အမင်း ဒေါသထွက်နေခဲ့သည်။ နောက်ဆုံးတွင် ယန်ရှစ်ရွှမ်းသည် အန်းနန်ယွမ်ထံမှ ဖုန်းကို ငှားရမ်းနိုင်ခဲ့ပြီး ဖန်သားပြင်အခွဲကို မေ့လျော့ခဲ့ပြီးကြောင်း သတိရသွားသည်။ သူသည် ထိုသို့မေ့လျော့ခဲ့ခြင်းဖြင့် အဓိကခန်းမထဲတွင်ပင် ရုပ်ထုကြီးကို အစိတ်စိတ်အပိုင်းပိုင်း ဖြစ်အောင် ခွဲကြေခဲ့မိသည်။
ဖန်သားပြင်အခွဲတွင် တည်ငြိမ်စွာ ရှင်းပြခဲ့ပြီးနောက် ယန်ရှစ်ရွှမ်းက positive ပြောင်းသွားပြီ ဖြစ်သော ကွန့်မန့်များကို ကြည့်လိုက်သည်။ ထို့နောက် ကျေနပ်စွာနှင့် ခေါင်းညိတ်လိုက်ရသည်။
သို့ရာတွင် ယန်ရှစ်ရွှမ်းက ကျန်းဝူပင်းကို ဖုန်းခေါ်သောအခါ busyဖြစ်နေသော အချက်ပြမှုကြောင့် သူ၏မျက်နှာက မဲမှောင်လာသည်။
“ယန်ကော ကြည့်ရတာ မိုးတအားသည်းနေလို့ လိုင်းမကောင်းတာ ဖြစ်မယ်”
92 02
ယန်ရှစ်ရွှမ်း၏ မျက်နှာအမူအယာကို မတော်တဆ မြင်လိုက်သည့် အန်းနန်ယွမ်က ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားသည်။
သူက ခပ်မြန်မြန် နှစ်သိမ့်ပေးလိုက်သည်။
“ဒါက လူသူရှင်းလင်းတဲ့ မြို့စွန် ဖြစ်နေသေးတယ်လေ။ နောက်ပြီး အချက်ပြ တိုင်တွေကလည်း တအား နည်းလောက်တယ်။ ဒါကြောင့် လိုင်းအားကလည်း နဂိုကတည်းက မကောင်းနိုင်ဘူးလေ။ မိုးကလည်း ရွာနေသေးတော့ ဒါရိုက်တာဘက်က အခြေအနေက မကောင်းပဲနဲ့ လိုင်းဆိုးနေလို့ ဖြစ်မှာပါ။ ဒါရိုက်တာနဲ့ အခြားသူတွေက ရွာသားတစ်ယောက်ရဲ့ အိမ်ကိုသွားပြီး ယာယီတည်းခိုကြတာ မဟုတ်ဘူးလား။ ဒီတော့ သူတို့ အိပ်နေကြလောက်ပြီ။ မနက်ဖြန်ကျ ခေါ်ပါလား”
Busyဖြစ်ကြောင်း ထပ်ထပ် ဖော်ပြနေသည့် ဖုန်းကို ချလိုက်ပြီးသည့် ယန်ရှစ်ရွှမ်း၏ မျက်နှာက ပို၍သာ ကြုတ်သွားသည်။ အန်းနန်ယွမ်ပေးသော အကြောင်းပြချက်ကြောင့် အနည်းငယ် စိတ်အေးသွားစေမိသည်။
အနှစ်ချုပ်ဆိုရသော အန်းနန်ယွမ်ပြောသော စကားက ယန်ရှစ်ရွှမ်းကို ဆက်လက်ပြီး တွေးတောစေသည်။
သည်းထန်တဲ့မိုးက လိုင်းကို ပိတ်ဆို့ထားလို့ လိုင်းမမိဘူးဆိုရင် ခုဏက ဘာလို့ ကျန်းဝူပင်းက ဖုန်းခေါ်လို့ ရတာလဲ။
နောက်ပြီး နောက်ကကားက ပျောက်သွားကြောင်း အခြေအနေကို အတည်ပြုဖို့ ဖုန်းခေါ်ခဲ့ချိန်က ပထမတစ်ကြိမ်တွင် မဝင်ပဲခဲ့ပေမဲ့ နောက်တစ်ကောက ရုတ်တရက် ဝင်ခဲ့သည်။ ကျန်းဝူပင်းကလည်း ရွာသားတွေအိမ်မှာ အလွယ်တကူ နေမယ်လို့ ပြောတယ်။ နောက်က ကားကိုတောင် မစိုးရိမ်ဖို့ ပြောလိုက်သေးတယ်။
တောင်ဘုရားကျောင်းမှ ပုံမှန်မဟုတ်သော အခြေအနေများကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ပြီး ဝံပုလွေရိုင်းတောင်အနားရှိ ရွာများကလည်း ဘုရားကျောင်း၏ အဓိကခန်းမထဲတွင် မြင်ခဲ့ရသည့် နံရံဆေးရေးပန်းချီများကြောင့် တစ်စုံတစ်ရာ ဖြစ်နိုင်ကြောင်းကို တွေ့ရှိနားလည်ပြီးနောက် ယန်ရှစ်ရွှမ်းသည် ရုတ်တရက် ထိုရွာသားနှင့် ရွာများကိုလည်း မိစ္ဆာနတ်ဆိုးက တိုက်ခိုက်ပြီးကြောင်း သိလိုက်သည်။ နံရံဆေးရေးပန်းချီတွင် ဖော်ပြထားသော အခြေအနေများနှင့် ဝိဉာဉ်များကို မာကာအဖြစ် သုံးကာ ချုပ်နှောင်ထားသည့် အခြေအနေများအရ ထိုရွာသားများ၏ အခြေအနေသည်လည်း မကောင်းနိုင်ချေ။ ထိုရွာသားများလည်း အခြေအနေ မကောင်းနိုင်ချေ။
ဒါဆိုရင် ကျန်းဝူပင်းက ဘယ်နေရာမှာ သွားနေတာလဲ။
ထို့အပြင် သူ့ကို တောင်ဂူဘုရားကျောင်းသို့ ခေါ်လာသည့် ရွာသားများကပင် နံရံဆေးရေးပန်းချီထဲတွင် ရှိနေလျှင် အစစ်အမှန် ရွာသားများက မရှိနိုင်ချေ။
ဒါမှမဟုတ် သူ ဒီလိုပြောမိလား။
ဖုန်းဆက်ခဲ့တဲ့ ကျန်းဝူပင်းက တကယ်ကျန်းဝူပင်းလား။
ယန်ရှစ်ရွှမ်း၏ ချောမောသော မျက်နှာက သုန်မှုန်လာလေရာ အန်းနန်ယွမ်ကိုပင် နောက်သို့ ခြေတစ်လှမ်းခန့် ဆုတ်မိစေသည်။ သူသည် ယန်ရှစ်ရွှမ်း၏ သတိလက်လွတ် ထုတ်ထားသော အရှိန်အဝါအောက် ဖြတ်တောက်ခံရတော့မလို ခံစားလိုက်ရသည်။
ယန်ရှစ်ရွှမ်းက တခြားသူ၏ မိုဘိုင်းလ်ဖုန်းကို သုံးသောကြောင့် မပျော်မရွှင် ဖြစ်နေသော ထိုအမျိုးသားက ထိုမြင်ကွင်းကို မြင်သောအခါ မျက်ခုံးကို ပင့်လိုက်သည်။ နဂိုက ရေခဲတုံးလို အေးစက်နေသော သူ၏မျက်နှာက အပြုံး ပေါ်လာသည်။
“ယန်_ _ _”
ထိုအမျိုးသားက သူ၏ခြေတံရှည်ကိုသုံးပြီး ယန်ရှစ်ရွှမ်းနားသို့ ကပ်လာသည်။ သူ၏လျှာဖျားထိပ်မှ စကားလုံး တစ်လုံးချင်းစီ ထွက်လာပြန်သည်။ ပထမဦးဆုံး ပေါ်လာသည့် မျိူးရိုးနာမည်က နောက်ပိုင်းနာမည်နှင့် အနည်းငယ် ခြားပေလိမ့်မည်။ သူသည် မျိုးရိုးနာမည်ကို ခေါ်သည့်အသံက အလွန်တိုးနေပြန်သည်။ ထို့နောက် သူက ဆက်ပြောသည်။
“ရှစ်ရွှမ်း မင်း ဘယ်သူ့ကို ဖုန်းခေါ်ချင်တာလဲ။ ငါ မင်းကို ကူညီပြီး လိုင်းကို ပြင်ပေးလို့ ရတယ်”
“ဘယ်လို”
ယန်ရှစ်ရွှမ်းက လှောင်လိုက်သည်။ သူသည် ထပ်၍အစခံတော့မည် မဟုတ်ပေ။
“ခင်ဗျားမှာ ဖုန်းတောင် မရှိတာ လိုင်းကို ဘယ်လိုသွားပြင်မှာလဲ။ ခင်ဗျား နောက်တစ်ခါ လူကို လိမ်ချင်ရင် အခြားအကြောင်းပြချက်ကို ပေး”
ထိုအမျိုးသား၏ အကူအညီကို ငြင်းဆန်ပြီးနောက် ယန်ရှစ်ရွှမ်းက အန်းနန်ယွမ်ကို လှည့်ပြောသည်။
92 03
“မင်း ကြွက်ဆီကနေ ပုန်းနေတဲ့အချိန်မှာ တောင်နတ်ဘုရားအကြောင်းတွေ မိတ်ဆက်စာတွေ ပြည့်နေတဲ့ အခန်းကို တွေ့ခဲ့ရတယ်လို့ ပြောတယ်မလား။ ဘယ်မှာလဲ။ ငါ့ကို ရှင်းရှင်းလင်းလင်း ပြောပါဦး။ အခြေအနေက ဘယ်လိုဖြစ်ခဲ့တာလဲ”
“အာ ယန်ကော ယန်ကော ငါတို့နဲ့ အတူတူရှိနေတာ မဟုတ်ဘူးလေ။ ငါတို့ အန္တရာယ် တစ်ခုခုနဲ့ တွေ့ရင် ဘယ်လိုလုပ်ရမလဲ”
အန်းနန်ယွမ်ကမူ စိတ်ရှုပ်ထွေးကြသည်။ သို့သော် ယန်ရှစ်ရွှမ်းက မေးနေခဲ့သောကြောင့် အခြေအနေတိုင်းကို အသေးစိပ် ကျကျ ပြောလိုက်၏။
“မင်းတို့ကို ကာကွယ်ပေးတဲ့ စွမ်းအား ရှိသေးတယ်လား”
ယန်ရှစ်ရွှမ်းက ပြောသည်။ သူသည်လည်း အဓိကခန်းမအတွင်းတွင် ရှိနေခဲ့သော သူသည်လည်း ခံစားချက်ကို ရခဲ့၏။ ရုတ်တရက် ရုပ်ထုက သူ့ကို အချက်ပြအသံ ပေးသောကြောင့်သာ သူသည် အန္တရာယ် ချဉ်းကပ်လာကြောင်းကို သိသွားခဲ့ခြင်း ဖြစ်သည်။ ရုပ်ထုကပင် စင်ပေါ်မှ ပြုတ်ကျသွားပြီး ကွဲအက်သွားခဲ့ရသည်။
တောင်ဂူဘုရားကျောင်းတွင် ဆိုးရွားသော နတ်က သိမ်းပိုက်ထားခဲ့ချိန်တွင် ကာကွယ်ပေးသောအရာက ယခင်နတ်ဘုရားဟောင်း၏ အကာအကွယ် စွမ်းအား ဖြစ်နိုင်သည်။ သို့မဟုတ် လူအများကို ကာကွယ်ပေးသင့်သော ဖြောင့်မတ်မှန်ကန်သော နတ်ဘုရားဟု တွေးတောသင့်သည်။
ထိုသို့ဖြစ်နေခဲ့လျှင် အန်းနန်ယွမ်တို့ကို ကာကွယ်ပေးခဲ့သော အရာက ထိုအထဲတွင် ပုံထားသည့် တောင်နတ်ဘုရား၏ မိတ်ဆက်စာများ ဖြစ်နိုင်သည်။ ယခင်ယုံကြည်သက်ဝင်သူများက ထိုစာများကို ရေးသားထွင်းထု ဖန်တီးခဲ့ချိန်တွင် စိတ်ရင်းများကို ထည့်သုံးထားသောကြောင့် တောင်နတ်ဘုရားသည်လည်း ထိုစာရွက်များတွင် သူ၏အကြွင်းအကျန် စာရွက်များကို ထိန်းသိမ်း ထားနိုင်သေးပုံ ပေါ်သည်။ ထို့ကြောင့် လူအများက အန္တရာယ်ကျရောက်နေကြောင်း မြင်သောအခါ တုန့်ဆိုင်းမနေပဲ ကိုယ့်ကိုယ်ကို အပျက်စီးခံလျက် ကာကွယ်ပေးခဲ့ခြင်း ဖြစ်နိုင်သည်။
နတ်ဘုရားရုပ်ထုတွင် ကွဲအက်ရာများ ပေါ်ခြင်း၊ စာရွက်ပေါ်မှ ရေများက ရုတ်တရက် ပေါ်ထွက်လာခြင်း၊ မှင်များက အကြောင်းပြချက်မရှိ ပျက်လာခြင်းတို့က အလားတူသော ဖြစ်ရပ်များကြောင့် ဖြစ်လောက်သည်။
ထိုအခြေအနေကလည်း တောင်နတ်ဘုရားဟာ အားနည်းလာကြောင်း ဖော်ပြနေလေသည်။
တောင်ဂူဘုရားကျောင်းမှ တောင်နတ်ဘုရား၏စွမ်းအားများက အလုံးစုံ ပျောက်ကွယ်သွားခဲ့ပါလျှင် ဂူဘုရားကျောင်းကြီး တစ်ခုလုံးကို မိစ္ဆာနတ်က ထိန်းချုပ်ထားပေလိမ့်မည်။ ထိုအခါ ကိစ္စများကို ကိုင်တွယ်ရ ပိုခက်သွားနိုင်သည်။
ထိုအကြောင်းအရာကို တွေးပြီးနောက် ယန်ရှစ်ရွှမ်းက သူ၏ဖုန်းကို မြှောက်ကာ အန်းနန်ယွမ်ကို ပြရင်း ခဏငှားမည်ဖြစ်ကြောင်း ပြောလိုက်သည်။
“ငါ ဒီမှာ တစ်ချိန်လုံးနေနေရင် ကြွက်တွေကို တိုက်ခိုက်ခိုင်းတဲ့အရာက အမှောင်ထဲမှာပဲ နေနေလိမ့်မယ်။ ဒီတော့ ငါတို့ သူတို့ တိုက်ခိုက်လာမဲ့အချိန်ကို စောင့်ရမယ်။ အဲဒီနောက်မှာ တစ်ခါတည်း သုတ်သင်ရမယ်”
အန်းနန်ယွမ်က လူအများကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့ကို စိုးရိမ်တကြီး ကြည့်နေကြောင်း မြင်သောအခါ ဆက်ပြောလိုက်သည်။
“မင်းတို့ ဒီမှာ သတိလက်လွတ် ခပ်အေးအေး နေနေမယ်ဆိုရင် အန္တရာယ်က သူ့ဘာသာသူ ပေါ်လာမှာ မဟုတ်ဘူး။ မင်းတို့ နောက်ဆုတ်လိုက်မှပဲ ဆိုးရွားတဲ့ အခြေအနေ ဖြစ်လာနိုင်တယ်”
_ _ _
ပင်လယ်ပြင်တွင် ရပ်နေလျှင် မုန်တိုင်းထန်လာသောအခါ မုန်တိုင်းဒဏ်ကို အံ့တုရင်း ဆက်လက်ပြီး ရွက်လွှင့်ခြင်းကသာ အကောင်းဆုံးသော နည်းလမ်းဖြစ်လေသည်။
ဒါတွေအပြင် ဒါက ဖန်သားပြင်အခွဲကို ဖွင့်ပြီး တိုက်ရိုက်ထုတ်လွှင့်နေတာ ဆိုတော့ မင်းတို့ ငါ့ကို ဆက်တိုက် မြင်နိုင်နေလိမ့်မယ်။ တစ်ခုခု ဖြစ်လာရင်လည်း ငါ့ကို ပြောလို့ရတယ်”
ယန်ရှစ်ရွှမ်းက ဖုန်းကို တစ်ချက်မြှောက်ပြရင်း လူတိုင်းကို အချက်ပြသည်။
သူ၏အသံက တည်ငြိမ်ပြီး တိုးသည်။ လူတိုင်းကို စိတ်အေးစေသည့် အရှိန်အဝါလည်း ပါသည်။
92 04
လူတိုင်းက ချက်ချင်းဆိုသလိုပင် သွေးကြောများက ပြေလျော့သလို ခံစားလိုက်ရ ပြန်သည်။ သူတို့သည် ယခင်က အလွန်ဆိုးရွားသည့် အန္တရာယ်ကို ရင်ဆိုင်ခဲ့ရသည့်တိုင်အောင် ယန်ရှစ်ရွှမ်းကို ယုံကြည်ခဲ့ရသည့် တိုင်အောင် ယန်ရှစ်ရွှမ်းကသာ တစ်စုံတစ်ရာ မလုပ်ခဲ့လျှင် သူတို့သည် ကြီးမားသော ကြွက်ကြီးများ အဝိုင်းခံလိုက်ပြီး အစားခံရလောက်သည်။ ယခုအချိန်တွင် တစ်စုံတစ်ရာ ကြုံတွေနိုင်ရသည့်တိုင်အောင် ယန်ရှစ်ရွှမ်းက သူတို့ကို ထပ်ကယ်နိုင်ပြန်၏။
ထို့အပြင် ယန်ရှစ်ရွှမ်း ပြောတာလည်း မှန်သည်။ သူတို့က ဘာမှမလုပ်ဘဲ ဒီနေရာတွင် နေပြီး သေရမည့် အရေးကို ထိုင်စောင့်နေ၍ မရပေ။
လူတိုင်းကလည်း ယန်ရှစ်ရွှမ်းကို သူ မှန်သည်ထင်သည့် ကိစ္စတိုင်းကို လုပ်ခွင့်ပြုကြောင်း ပြောလိုက်ကြသည်။ ထို့နောက် ယန်ရှစ်ရွှမ်းကိုလည်း လုံခြုံရေးအား ဂရုစိုက်သင့်ကြောင်း ပြောလိုက်ကြသည်။ အမြဲတစေ သရဲကို ကိုယ်ပိုင်မျက်လုံးဖြင့် မြင်ချင်ကြောင်း ပြောနေခဲ့သည့် သခင်လေးစုန့်ချီဆိုလျှင်ပင် ဘေးဘက်တွင် ခွေနေပြီး ဘာစကားမှ မဆိုတော့ချေ။ သူသည် ဘေးဘက်တွင် ငေးငိုင်နေသည်။ အလွန်ကြောက်နေပုံရသည်။ ယန်ရှစ်ရွှမ်းက စုန့်ချီကို ကြည့်ပြီး မျက်ခုံးပင့်လိုက်၏။ တစ်ဖက်သူ၏ အခြေအနေကြောင့် မအံ့ဩသွားပါချေ။
သူသည် ကြွားဝါချင်သောကြောင့် သို့မဟုတ် စူးစမ်း ချင်လိုသောကြောင့် သရဲကို မြင်ဖူးကြောင်း အခိုင်အမာ ပြောသည့် လူပေါင်းများစွာကို မြင်ခဲ့ဖူးသည်။ သို့သော် သူတို့ပြောသလိုမျိုး အမှန်တကယ် သတ္တိရှိသော လူမျိုးကို မမြင်ဖူးသေးပါချေ။
အေးစက်ပြီး ကျောချမ်းဖွယ်ကောင်းသော အအေးဓာတ်တစ်ရပ်က ရိုးတွင်းချဉ်ဆီအနှံ့ ပျံ့နှံ့လာပြီး သွေးပြန်ကြောများထဲမှတဆင့် ခန္ဓာကိုယ် အနက်ရှိုင်းဆုံးအပိုင်းအတွင်းသို့ ဝင်ရောက်သွားသောအခါ လှုပ်ရှားနိုင်မည် မဟုတ်သလို၊ ထွက်ပြေးနိုင်မည်လည်း မဟုတ်ချေ။ ထိုအခါ စိတ်ဝိဉာဉ်၏ ကြောက်လန့်စိတ်က ပို၍ပင် ဒဏ်ရာပြင်းသေးသည်။ ထိုကဲ့သို့သော ကြောက်လန့်မှုမျိုးက ဦးခေါင်းခွံကိုပင် ထုံထိုင်းသွားစေပြီး လက်များ၊ ခြေထောက်များကို အားနည်းသွားစေနိုင်၏။ အမှန်တကယ် သရဲကို တွေ့ပြီးမှသာ ကိုယ်တိုင် ခံစားနိုင်သည့် ခံစားချက်မျိုး ဖြစ်သည်။
ထိုကဲ့သို့သော အခြေအနေမျိုးကို ကျန်းဝူပင်း၏ ပုံပြင်များကို နားထောင်ခြင်းအားဖြင့် ခံစားနိုင်လိမ့်မည် မဟုတ်ချေ။
ယန်ရှစ်ရွှမ်းက စုန့်ချီနား တစ်ခဏခန့် ရပ်တန့်သွားသည်။ သို့သော် သန်သန်မာမာနှင့် အရပ်ရှည်ရှည် အမျိုးသားကမူ ယန်ရှစ်ရွှမ်း၏ စုန့်ချီကို ကြည့်နေသော လမ်းတွင် ပိတ်ရပ်လိုက်သည်။
သူက မျက်ခုံးကို ပင့်လိုက်ပြီး မျက်လုံးကို ဝင့်ကာ ထိုလူကို တိတ်တဆိတ် မေးလိုက်သည်။
“ဘာဖြစ်တာလဲ”
ထိုလူ၏ ဟန်အမူအယာကမူ ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးသာ ဖြစ်သည်။ သူသည် တစ်ဖက်သူ၏ မြင်ကွင်းကို ပိတ်ထားသည်အား ဂရုမမှုမိသလိုမျိုး ပြောလိုက်သည်။
“ငါလည်း အဲဒီကြွက်တွေကို သိချင်စိတ် ပြင်းပြမိတယ်။ ဒီတော့ ငါ မင်းရဲ့နောက်ကို လိုက်ကြည့်မယ်”
“ခင်ဗျား ကြောက်လို့သေသွားရင် ငါ ခင်ဗျားကို တရွတ်တိုက် ပြန်ဆွဲခေါ်လာပေးမှာ မဟုတ်ဘူးနော်။ လမ်းမှာပဲ ကြွက်စာကျွေးလိုက်မှာ”
ယန်ရှစ်ရွှမ်းက မေးကိုမော့ရင်း ဘေးဘက်မှ စုန့်ချီကို လှမ်းပြောလိုက်သည်။
“ဒါပေမဲ့ ခင်ဗျား ကြောက်ပြီး ဒီလိုဖြစ်သွားရင်တော့ ငါ ခင်ဗျားကို ဓာတ်ပုံ ရိုက်ထားပေးမယ်”
ထိုလူက ရယ်သည်။
“ငါလည်း မျှော်လင့် စောင့်စားနေပါတယ်”
92 05
…..
အန်းနန်ယွမ် ပြောသော အခန်းက တောင်ဘုရားကျောင်း၏ ထောင့်ဆုံးနေရာဖြစ်သည်။
ထိုနေရာမှ သံမဏိဂိတ်ကြီးက တည်ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာလောက်လေပြီ။ ထို့ကြောင့် ကြွက်ကြီးက တိုက်ခိုက်ရုံနှင့် ပြိုကျသွားနိုင်ခြင်း ဖြစ်သည်။ ထို့အပြင် ရှေ့သွားများဖြင့် ကြိတ်ခြေထားသော လက္ခဏာများကိုလည်း မြင်ရသည်။
ကျွီ
အချိန်အတန်ကြာအောင် ဆီမသုတ်ထားသော တံခါးက နားငြီးလွန်းသော အသံကြီးကို ထုတ်ပေးလေသည်။
ယန်ရှစ်ရွှမ်းက တံခါးကို ဖွင့်လိုက်ပြီးနောက် တစ်ခန်းလုံးအနှံ့ ပြန့်ကျဲနေသော အမှိုက်များနှင့် စိုထိုင်းထိုင်း အနံ့မျိုးကို ရလိုက်သည်။
ထိုအခန်းသည် လွန်ခဲ့သော အချိန်များစွာအကြာက တာအိုဘုန်းတော်ကြီးတစ်ပါး နေခဲ့ခြင်း ဖြစ်လောက်သည်။ ကြမ်းပြင်တွင် မြက်ခြောက်များကို ခင်းထားသေးသည်။ ထို့အပြင် ထိုအချိန်က ချန်ထားရစ်ခဲ့ခြင်း ဖြစ်လောက်သည့် ပစ္စည်းဟောင်းများကိုလည်း မြင်နိုင်သေးသည်။ သို့သော် အခန်းကမူ မိုးရာသီပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးသည်မှာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်သောကြောင့် အလွန်ဆွေးမြေ့ကာ ထိုင်းမှိုင်းနေသည်။ ထို့ကြောင့် အိုဟောင်းနေသည့်အပြင် ဆိုးရွားသည့် ရနံ့ကိုလည်း ထုတ်ပေးနေလေသည်။ ထို့အပြင် အသက်စွမ်းအားများကလည်း ကင်းမဲ့နေပြီ ဖြစ်သည်။
ယန်ရှစ်ရွှမ်းက အဓိကခန်းမတွင် တွေ့ခဲ့ရသည့် နတ်ဘုရား၏ ပုံရိပ်ကို တွေးမိလိုက်သည်။ မိစ္ဆာနတ်ဆိုး၏ အဆုံးအစမဲ့သော အမွှေးနံ့သာများ၊ ခမ်းနားထည်ဝါလွန်းသော ဂူဘုရားကျောင်းကို ပြန်တွေးမိသွား၏။ သူတို့သည် သူ၏အရှေ့မှ အိုဟောင်းသော တဲအိမ်၏ မြင်ကွင်းနှင့် အလွန်ခြားနား နေလေရာ ခံစားချက်ပေါင်းများစွာကို ပေါ်ထွက်လာစေသည်။
ယန်ရှစ်ရွှမ်းသည် အချိန်အများကြီး ဖြုန်းမနေချေ။ တောင်နတ်ဘုရားကျောင်းအကြောင်း မိတ်ဆက်စာများကို ကောက်ယူလိုက်သည်။
ဖုန်များကပ်နေသော စက္ကူစများက ပင့်ကူအိမ်များပင် တက်နေသည်။ ထို့အပြင် အမိုးက ယိုထားသောကြောင့်ပင် စိုထိုင်းနေသေးသည်။ ယန်ရှစ်ရွှမ်း၏ လက်ချောင်းများက ထိလိုက်ပြီးပြီးချင်း မျက်မှောင် ကြုတ်လိုက်သည်။ သူသည် ဆိုးယုတ်သော ခံစားချက်ကို ရလိုက်သည်။ မူလကမူ တောင်ဘုရားကျောင်းအကြောင်း မိတ်ဆက်ထားသည့် အကြောင်းအရာများကို ဖတ်ချင်ခဲ့သည်။ မည်သိုပင်ဆိုစေ တောင်နတ်ဘုရားအကြောင်း သိရန်လိုအပ်လေသည်။ ထိုအတွက်ကြောင့် တောင်ဘုရားကျောင်း၏ ထိပ်ဆုံးတွင် ရှိနေသင့်သည့် တောင်နတ်ဘုရားက မည်သည့်အတွက်ကြောင့် ဆိုးယုတ်သော နတ်၏ လှည့်စားမှုကို ခံစားခဲ့ရကြောင်း သိလိုသည်။
ထိုအချိန်တွင်မူ အရာအားလုံးကို ဖတ်ရှုရန်ပင် ခက်ခဲသွားပြီ ဖြစ်သည်။
အကြောင်းမူကား ထိုစာရွက်များကို ကောင်းကောင်း ထိန်းသိမ်းထားခြင်း မရှိချေ။
အလွန်အမင်း ဖျော့တော့နေလေရာ အနည်းငယ် အားသုံးလိုက်ရုံနှင့် ကွဲကြေသွားနိုင်သည်။ ပို၍ဆိုးသည်မှာ စားပွဲမှတဆင့် မြေပြင်ပေါ်သို့ ကျနေသော စာရွက်များက ရွံ့များ ပေကျံနေသလို မိုးရေများထဲ စိုနေသေးသည်။ မင်များက လုံးထွေးခံလိုက်ရသောကြောင့် ပျံ့နေသေး၏။ ထို့ကြောင့် စာများကို ဂရုတစိုက် ဖတ်နေရန်ပင် ခက်ခဲနေလေသည်။
******