93 01
အပိုင်း(၉၃)
ထိုစက္ကူစာရွက်များ၏ သက်တမ်းရင့်နေသော အရောင်နှင့် လက်ရေးများ၏ အတိမ်အနက်အရ ထိုဆန်စာရွက်များပေါ်တွင် ရေးသားထားခဲ့သော စာများဟာ ကောင်းမွန်စွာ ရေးသားထားခဲ့ခြင်း ဖြစ်ကြောင်း အကြမ်းဖျင်းအားဖြင့် သိနိုင်သည်။ သို့သော် နှစ်ပေါင်းများစွာ တည်ရှိလာခဲ့ပြီးနောက်တွင် တောင်နတ်ဘုရား၏ မူရင်းဇစ်မြစ်နှင့် ဝံပုလွေရိုင်းတောင် အကြောင်းကိုပင် တိတိကျကျ ရေးသားထားသေးသည်။
ယန်ရှစ်ရွှမ်းက ဂါဝရတစ်ချက်ပြုရင်း သူ၏ဖုန်းမီးရောင်ကို အသုံးပြုကာ ဆန်စာရွက်ပေါ်ရှိ အစွန်းများကို ဂရုတစိုက်နှင့် သုတ်လိုက်သည်။ ထိုသို့ဖြင့် ကပ်နေသော စာရွက်များကို ပြန်ခွဲသည်။ ယခုလို စိတ်ရှည်ရှည်ထားပြီး အနုစိတ်ကျကျ လုပ်ဆောင်နေရသော ကိစ္စမျိုးကြောင့် စိတ်မရှည် ဖြစ်မသွားချေ။ သူ၏ထက်ရှသော မျက်ခုံးထဲတွင် သူ၏တောင်နတ်ဘုရားဟောင်းအပေါ် လေးစားမှုကို ဖော်ပြနေသလိုမျိုး သူသည် စိတ်ရှည်သည်းခံစွာနှင့် တောင်နတ်ဘုရား၏ သမိုင်းကြောင်းကို ဖတ်ရှုနေသည်။
အခွဲဖန်သားပြင်အရှေ့တွင် ကြည့်ရှုနေကြသည့် ကြည့်ရှုသူများက ယန်ရှစ်ရွှမ်း၏ တည်ငြိမ်အေးဆေးသော အရှိန်အဝါအောက်တွင် သက်ရောက် ခံလိုက်ရပုံပေါ်သည်။ ထိုအခွဲဖန်သားပြင်ကို လိုက်ပါကြည့်ရှုနေသူများ အားလုံးက ကြုံသလို လုံးထွေးခံထားရပြီး ရေများစိုရွှဲပေကျံနေသည့် ထိုစာရွက်များမှ မိတ်ဆက်ကိုပင် ဂရုတစိုက် ကြည့်ရှုကြသည်။
[ဖတ်ဖို့တော်တော်လေး ခက်ခဲနေတယ် ဆိုပေမဲ့လည်း သိသိသာသာ ချီးကျူးထားတဲ့ စကားလုံးဆီကတဆင့် တောင်နတ်ဘုရားက တော်တော်ကောင်းတဲ့ပုံပဲ။ ရွာသားတွေကို စားစရာတွေ အများကြီး ပေးထားတယ်တဲ့]
[ဒါဆိုရင် ဒီနေရာက တောင်ဘုရားကျောင်းက ဘာဖြစ်သွားတာလဲ။ ငါ မြင်မြင်ချင်း အရမ်းကို ဒေါသ ထွက်သွားမိတယ်။ ငါ့ရဲ့မွေးရပ်မြေမှာလည်း တောင်ဘုရားကျောင်း ရှိတယ်။ ဒါပေမဲ့ ငါတို့နေရာမှာတော့ တောင်ဘုရားကျောင်းက အမြဲတစေ ကျော်ကြားပြီး ဒီလိုကြေငြာတဲ့ စာမျိုးတွေဆိုရင် ဘေးခန်းမ နေရာမှာတောင် ကပ်ထားကြတာ။ ဒါက လာရောက်တဲ့ကလေးတွေက တောင်နတ်ဘုရားရဲ့ သမိုင်းကြောင်းကို သိပြီး သူတို့ပူဇော်ရတဲ့ တောင်နတ်ဘုရားအကြောင်းကို နားလည်နိုင်မှာလေ။ တောင်နတ်ဘုရားတွေအတွက် ငါတို့လူကြီးတွေက ဘာလုပ်နေကြတာလဲ။ ဒီနေ့ခေတ်က အနည်းငယ် ခြားသွားပြီ ဆိုရင်တောင်မှ ဒီလိုပညာသင်ကြားမှုမျိုးက အရမ်းကို ကောင်းမွန်နေတုန်းပဲ။ ကလေးတွေကလည်း ဘယ်လိုကျေးဇူးတင်ရမလဲ ဆိုတာကို နားလည်သေးတယ်]
[တော်တော်လေးတော့ ထူးဆန်းတယ်။ တောင်နတ်ဘုရားက ကောင်းမွန်တဲ့ နတ်ဘုရားဆိုရင် ဘာလို့ ဒီရွာက တောင်နတ်ဘုရားကို ဘာလို့ ဆက်ဆံတာလဲ။ တောင်နတ်ဘုရားပိုင် ပစ္စည်းကို ဒီလို သတိလက်လွတ် ပစ်ထားတာက တော်တော်လေး မရိုမသေ ပြုရာရောက်တယ်]
[အင်း ဒီအခန်းက တော်တော်လေး စိတ်ဓာတ်ကျစရာပဲ။ မသိရင် တစ်ယောက်ယောက်က ငိုနေ၊ ဝမ်းနည်းနေသလိုမျိုးပဲ]
အမျိုးသားကလည်း တောင်နတ်ဘုရား၏ သမိုင်းကို စိတ်ဝင်စားသည်။ သူကလည်း ယန်ရှစ်ရွှမ်း၏ နောက်မှ လိုက်လာခဲ့သော်လည်း တံခါးပေါက်နားတွင်သာ ရပ်နေနေလေသည်။ သူက အပြုံးတစ်ခုနှင့်အတူ ယန်ရှစ်ရွှမ်းကိုသာ ပြင်းပြင်းရှရှ ကြည့်နေ၏။ ယန်ရှစ်ရွှမ်း၏ လှုပ်ရှားမှုတိုင်းက သူ၏ရည်ရွယ်ချက်လိုမျိုး စိုက်ကြည့်နေသည်။ ယန်ရှစ်ရွှမ်းက ဆန်စာရွက်ပေါ်မှ မျဉ်းကြောင်းတစ်ကြောင်းထံ အကြည့်ရောက်သွားသည်။ ရေက ဖျက်စီးထားသောကြောင့် ဝါးနေခဲ့သော်လည်း ကျန်နေခဲ့သော အကွန့်အညွန့်များကို ကြည့်ရုံနှင့် မူရင်းစကားလုံးများကို ခန့်မှန်းနိုင်သည်။
“ရှင်း၁၂ ဝံပုလွေရိုင်းတောင်ထိပ်အောက်မှာ ရွာသားတွေက သစ်ပင်ကို ခုတ်ဖြတ်ပြီး လူတွေက တောင်တန်းတွေကို စားပစ်လိုက်ကြတယ်”
…..
ယန်ရှစ်ရွှမ်း၏ ထောင့်ကို ကိုင်ထားသော လက်က ပြန့်လာသည်။
“ရှင်း ၁၂သည် elements ငါးအခုအရ ရွှေ၏အပို င်ဖြစ်သည်။ ဆောင်းတွင်းတွင် ဝင်ပုန်းနေသော လက္ခဏာလည်း ဖြစ်၏။ ထို့ကြောင့် မြေငလျင် လှုပ်ခြင်း၊ ကပ်ဘေးဆိုက်ခြင်း၊ သွေးမြေကျခြင်းတို့ ဖြစ်တတ်သည်။ ထို့ကဲ့သို့သော ကိစ္စမျိုးတွင် သစ်ပင်တူးခြင်းက အခေါင်းလုပ်သည်နှင့် တူသည်။
ယခင်ကော်မရှင်များတွင် ယန်ရှစ်ရွှမ်းသည်လည်း မိစ္ဆာဝိဉာဉ်ကို နှင်ရန် ကူညီပေးချိန်၌ ကလိုင်းရန့် တစ်ယောက်နှင့် တွေ့ဖူးသည်။ ထိုသူသည် သူ၏မိသားစုဝင်တစ်ယောက်က အကြောင်းပြချက် မရှိ သေသွားခဲ့သည်ဟု ဆိုသည်။ သို့ရာတွင် အသေးစိပ် အခြေအနေကို မေးမြန်းသောအခါ တုန့်ဆိုင်းစွာနှင့် မပြောခဲ့ချေ။ သို့သော် ယန်ရှစ်ရွှမ်းက ဂမ္ဘီရပညာနှင့် တွက်ချက်မှုများ ပြုပြီးမှသာ ထိုကလိုင်းရန့်၏ ပုံပန်းသွင်ပြင် အသေးစိပ် အခြေအနေများအရ ပုံပြင်တစ်ခုလုံးကို နားလည်လိုက်ခြင်း ဖြစ်သည်။
93 02
ထိုကလိုင်းရန့်တွင် သေဆုံးသွားသော အဖိုးကြီးတစ်ယောက် ရှိသည်။ မိသားစု ယဉ်ကျေးမှု ဓလေ့ထုံးထမ်းအရ သူသည် တောင်ပေါ်သို့ တက်ပြီး တိတ်တဆိတ် မြှပ်ခဲ့သည်။ ဖုန်းရွှေဆရာသခင်ကို မေးမြန်းပြီး မြှပ်ရမည့်နေရာကို တောင်းဆိုခဲ့သည်။ သို့သော် မြေပြင်ကို တူးသောအခါ ကလိုင်းရန့်အစ်ကိုဖြစ်သူ၏ ပေါ့လျော့မှုကြောင့် နေရာက မှားတူးမိသွားသည်။ နေရာက တစ်မီတာလွဲသွား၏။ ထို့ကြောင့် မူရင်းတွက်ချက်ထားသော နေရာမဟုတ်ဘဲ နေရာအသစ်တစ်ခုကို တူးလိုက်မိသည်။
ထို့ကြောင့် သူသည် နဂိုက တွက်ချက်ထားသော နေရာတစ်ခုကိုလည်း ပြန်တူးခဲ့သည်။ ဖုန်းရွှေဆရာသခင်က မြေပြင်တွင်တူးထားသော တွင်းနှစ်တွင်းကို ကြည့်ပြီး မျက်နှာက ပျက်သွားသည်။ ထို့နောက် ကလိုင်းရန့်မိသားစုအား မှားတူးထားမိသည့် တွင်းကို ခပ်မြန်မြန် ဖြည့်ခိုင်းသည်။ သို့သော် ပျင်းရိသောကြောင့် ထိုကလိုင်းရန့်၏ အစ်ကိုက ကိစ္စကို ဂရုမစိုက်ခဲ့ချေ။ ထိုအစား ထိုဖုန်းရွှေဆရာသခင်ကိုပင် လှောင်ပြောင်ခဲ့ပြီး မောင်းထုတ်ခဲ့လေသည်။
“မင်းတို့မိသားစုက မြှပ်ဖို့နေရာတစ်ခုပဲလိုက်တယ်။ ဒါကိုဘာလို့ နှစ်ကျွင်းတူးထားတာလဲ။ မင်းတို့ ဒီတွင်းကို ခပ်မြန်မြန် မဖြည့်ရင် မင်းတို့မိသားစုဝင်က တစ်ယောက်က တစ်ရက်မှာ သုံးရလိမ့်မယ်”
ထိုစကားလုံးကို ပြောပြီးနောက် ထိုဖုန်းရွှေဆရာသခင်သည် အင်္ကျီကို ခါရမ်းပြီး ထွက်သွားသည်။ ကလိုင်းရန့်မိသားစုမှ အကြီးအကဲကို မြေမြှပ်သင်္ဂြိုလ် ပြီးသောအခါ ထိုနေရာရှိ စည်းမျဉ်းများအရ အုတ်ဂူ၏ဘေးဘက်တွင် ထိုအုတ်ဂူကို သုံးရက်ဆက်တိုက် စောင့်ကြပ်ကာကွယ်ရန်အလို့ငှာ တဲလေးဆောက်ရန် လိုအပ်သည်။ မမျှော်လင့်ထားစွာပင် ထိုညတွင်ပင် ကလိုင်းရန့်အစ်ကိုဖြစ်သူက မတော်တဆ တူးထားသော တွင်းထဲ ပြုတ်ကျသွားသည်။ သူသည် အမူးလွန်နေခဲ့သောကြောင့် လမ်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ချေ။ အချိန်က မှောင်နေခဲ့လေသည်။ ထို့ကြောင့် သေသွားခဲ့သည်။
ထိုသို့ဖြင့် အုတ်ဂူအဟောင်းဘေးတွင် အုတ်ဂူအသစ်က ပေါ်လာခဲ့သည်။
ဖုန်းရွှေဆရာ ထားခဲ့သော စကားများက အမှန်တိုင်း ဖြစ်လာသည်။ ထိုတွင်းကို မဖြည့်ကတည်းက နှစ်တွင်းလုံးကို သုံးလိုက်ရသည်။
နောက်ပိုင်းတွင် မြေဆီလွှာဖြည့် သုံးကာ မဖြည့်ခဲ့သောကြောင့် အလောင်းကို ဖြည့်လိုက်ရသည်။
ကလိုင်းရန့်ကလည်း အလွန်ကြောက်လန့်သောကြောင့် ယန်ရှစ်ရွှမ်းထံ ရောက်လာသည်။ မိသားစုမှ အခြားသောသူများနှင့် ဆက်လက်ပြီး ပတ်သက်မည့် အခြေအနေကို သူဟာ အလွန်စိုးရိမ်နေခဲ့၏။ ထို့ကြောင့် သူဟာ ယန်ရှစ်ရွှမ်းကို ကူညီပြီး ပြဿနာများကို မောင်းထုတ်စေလိုခဲ့သည်။ သို့သော် ထိုအချိန်တွင် ယန်ရှစ်ရွှမ်းက ပုံပြင်တစ်ခုလုံးကို သိသွားခဲ့ပြီးနောက် ကိစ္စက အဆုံးသတ်သွားပြီ ဖြစ်ကြောင်း သိလိုက်သည်။
တွင်းနှစ်တွင်း ရှိနေခဲ့ကတည်းက နှစ်ယောက်က သယ်ဆောင်ခြင်း ခံရတော့ပေမည်။ အကျိုးက ဖြစ်လာပြီးနောက် သက်ရောက်မှုကလည်း ပြန်လည် တုန့်ပြန်ပေးနိုင်မည်။ ထိုအချိန်တွင် ယန်ရှစ်ရွှမ်းက ရွာသားများဟာ သစ်ပင်များကို တူးခဲ့ကြောင်း ဖော်ပြထားသည့် ပစ္စည်းများပုံထားသော အခန်းအတွင်းမှ အဆောင်ကို တွေ့လိုက်ချိန်တွင် တစ်စုံတစ်ရာကို တွေးလိုက်မိသည်။ ဒီလိုအခြေအနေမျိုးတွင် သူသည် မည်သူ့ကော်မရှင်ကိုမျှလည်း လက်မခံရန် မလိုအပ်ချေ။ သူကားထဲတွင် မြင်နေရသည့် ဝံပုလွေရိုင်းတောင်ထိပ်က သစ်ပင်တစ်ပင်ပင် မရှိဘဲ ရှင်းလင်းနေခဲ့သည်။
သစ်ရွက်များသည် နွေဦးနှင့် ဆောင်းဦးတွင် အရေးပါသော အဖြစ်အပျက်များကို မှတ်တမ်း တင်တတ်သည့် အလေ့အကျင့် ရှိသည်။ ထို့ကြောင့် ရွာတွင် သစ်ပင်ခုတ်သည်ဆိုသော အကြောင်းအရာကို အနှစ်ချုပ်ဖော်ပြထားသည်။ ရွာသားများက သစ်ပင်ကို တူးပြီးထွက်သွားသည့် အကြောင်းအရာကိုမူ ထည့်သွင်းထားခြင်း မရှိချေ။
ထို့ကြောင့် ရွာသားများက ဝံပုလွေရိုင်းတောင်ထိပ်မှ သစ်ပင်များအားလုံးကို တူးသည်ဟု ဆိုလိုခြင်းထက် တောင်၏အရင်းအမြစ်များကို ယူဆောင်ပြီး သူတို့ကိုယ်တိုင်အတွက် ပိုက်ဆံနှင့် စားစရာများအဖြစ် ပြောင်းလဲလိုက်သည်ဟု ဆိုသင့်လေသည်။
တူးထုတ်ကာ ခုတ်ပိုင်းသွားသော သစ်ပင်များမှ ချန်ထားရစ်ခဲ့သည့် တွင်းများက ရွာအလွန် တောင်ထိပ်တွင် ပြည့်နှက်နေလောက်သည်။ ထိုသို့ဖြင့် တောင်တန်းများက လွင်တီးခေါင် ဖြစ်သွားလောက်ပြီး ထိုနေရာများကို ပြန်ဖြည့်ရန်အတွက် ထိုသစ်ပင်များကို တူးခဲ့သော ရွာသားများက ဝင်ရောက်ရသည်။
ထို့အပြင် ထိုအခြေအနေဟာ ယဲ့လန်တောင်ထိပ်၏ ဖုန်းရွှေကိုသာ ဖျက်စီး လိုက်ရုံမကသေးဘဲ ယဲ့လန်တောင်ထိပ်အား အပင်များ၏ စွမ်းအားများ ပျောက်ဆုံး သွားစေသလို တောင်နတ်ဘုရားက ကာကွယ်စောင့်ရှောက် ပေးထားသည့် သတ္တဝါလေးများကိုလည်း ဒုက္ခ ရောက်သွားစေခဲ့သည်။
ကံကြမ္မာနှင့် ဖုန်းရွှေက ကြိုးပျက်သွားသောအခါ ယဲ့လန်တောင်ထိပ်သည် တွင်းများ ပြည့်နှက်နေသော နေရာကြီးသာ ဖြစ်သွားသည်။ မည်သည့်ဝိဉာဉ်စွမ်းအင်မှလည်း မတည်ရှိနိုင်တော့ချေ။ ထို့အပြင် လွင်တီးခေါင်းနယ်မြေ အဖြစ် ပြောင်းလဲ ဆုံးရှုံးသွားမှုကြောင့် ရှဲ့ထုံးက အခွင့်အရေးကို အမိအရ ယူပြီး ဝင်ရောက်လျက် တိတ်တဆိတ် ကျူးကျော်ပြီး မူလက ငြိမ်းချမ်းကာ စည်ပင်ဝပြောသည့် နယ်မြေကြီးကို ဖျက်စီးပစ်ခဲ့ခြင်း ဖြစ်လောက်သည်။
93 03
အခြားတစ်ဖက်ခြမ်းတွင် သစ်ပင်များကို ဆုံးရှုံးသွားသောကြောင့် မြေဆီလွှာများက လည်ပတ်မှု ဆုံးရှုံးသွားသည်။ မူလက အဆင်ပြေ ကောင်းမွန်နေခဲ့သည့် ယဲ့လန်တောင်ထိပ်၏ eco system ကလည်း အလွန်အမင်း ဖျော့တော့ အားနည်းသွားသည်။ ထို့ကြောင့် ဆိုးရွားလွန်းသော ရာသီဥတု အခြေအနေ မရှိသော်လည်း မိုးများရွာသွန်းရုံနှင့် မြေပြိုနိုင်သည်။ ရွံ့များ ပြိုနိုင်သည်။ အခြားသော ပြဿနာများကလည်း ဖြစ်လာနိုင်သည်။ ထိုနည်းအားဖြင့် တောင်ခြေက နေရာကို သက်ရောက်လာလေပြီး ရွာအတွက်မူ ကပ်ဘေးဆိုက်လေသည်။
မူလကမူ နယ်မြေများကို စောင့်ရှောက် ကာကွယ်ပေးသည့် နတ်ဘုရား၏စွမ်းအားများက လျော့ကျလာသည်။ အကြောင်းမူကား ရာသီဥတုက ဆိုးရွားလာပြီး လယ်မြေများက ပျက်ဆီးလာသောကြောင့် အထွက်နူန်း လျော့ကျသည်။ ထိုအခါ လူသားများ၏ တောင်နတ်ဘုရား၏ ဆည်းကပ်ပူဇော်မှုများ၊ ရိုသေ ကိုင်းရှိုင်းမှုများက လျော့ကျလာခဲ့သည်။ တောင်တောအုပ်၏ စည်းကားသိုက်မြိုက် ခဲ့သော သစ်ပင်များနှင့် စိုက်ခင်းပင်များ အားလုံးကလည်း ပျက်ဆီးလာခဲ့သည်။ ထိုအရာများအပြင် တိရစ္ဆာန်များက တောင်နတ်ဘုရားကို စွမ်းအားများ ပေးခဲ့လေသည်။ ထိုအတွက်ကြောင့်လည်း တောင်နတ်ဘုရားက ပြန်လည်ကာ ကာကွယ် စောင့်ရှောက်ပေးခြင်း ဖြစ်သည်။ ထိုနည်းအားဖြင့် လူသားများကို ကာကွယ်ပြီး ဆိုးယုတ်သော အရာများကို တားဆီးလျက် လူအများအား ငြိမ်းချမ်းပျော်ရွှင်သော ဘဝကို ပေးစွမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
အနီးအနားရှိ ရွာသားများက အထွက်နူန်း တိုးသောအခါ သူတို့သည်လည်း တောင်နတ်ဘုရား၏ ကာကွယ်ပေးမှုအတွက် ကျေးဇူးတင်ကြသည်။ ထိုအတွက်ကြောင့် အမွှေးနံ့သာတိုင်များ ထွန်းညှိပြီး ကပ်လှူပူဇော်ကိုးကွယ်ကြသည်။ သူတို့၏ ယုံကြည်သက်ဝင်မှုက တောင်နတ်ဘုရားကို ပြန်ပေးသည်။ ထိုသို့ဖြင့် တပတ်လည်နေခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ထိုအချိန်ကာလအတောအတွင်း ရွာသားများက မိစ္ဆာနတ်ဆိုး၏ လှည့်ဖျားမှုကြောင့် စိတ်လွတ်သွားကြသည့်အခါ အတိတ်က ကြွယ်ဝစွာ နေထိုင်ရသော ဘဝလောက်နှင့် မကျေနပ်နိုင်ကြတော့ချေ။ သူတို့တွင် ကောက်ကျစ်သော အကြံများ ပေါ်လာသည်။ ထိုသို့ဖြင့် စည်ပင်ဝပြောနေသော စက်ကွင်းက ကြိုးပျက်လာရသည်။
တောင်နတ်ဘုရား၏ စွမ်းအားက လျှင်မြန်စွာ လျော့ကျလာသည်။ သို့သော် ဆိုးယုတ်သော မိစ္ဆာကမူ ရွာသားများ၏ ကိုးကွယ်မှုနှင့် ယုံကြည်သက်ဝင်မှုကြောင့် လျှင်မြန်စွာနှင့် အင်အားကြီးလာခဲ့သည်။ ထို့သို့ လျော့ကျမှုနှင့် မြင့်တက်မှု ဖြစ်စဉ်ကာလအတွင်း တောင်နတ်ဘုရားက အားနည်းသော ဘက်သို့ ကျရောက်သွားရသည်။
ယန်ရှစ်ရွှမ်းက မျက်လွှာချလိုက်ပြီး နူးညံ့သည့် ဆန်စာရွက်ပေါ်မှ မှင်အမှတ်အသားများကို ကြည့်လိုက်ကာ အနည်းငယ် မှင်သက်သွားသည်။
အဲဒီအချိန် ဖြစ်မလား။
လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က ရွာသားများသည် ကိုယ်ပိုင်လောကများကြောင့် သို့မဟုတ် မိစ္ဆာနတ်ဆိုး၏ ဖျားယောင်းမှုကြောင့် ယဲ့လန်တောင်ထိပ်မှ သစ်ပင်များအားလုံးကို ခုတ်ဖြတ်လောက်သည်။ သူတို့က ကိုယ်တိုင်ကိုယ်ကျ သူတို့ကို ကာကွယ်ပေးသော နတ်ဘုရားကို နန်းချခဲ့သည်။ ထို့အစား တောင်နတ်ဘုရားအဖြစ် မိစ္ဆာနတ်ဆိုးကို ကိုးကွယ်ဆည်းကပ်ပူဇော်ခဲ့ကြသည်။
ထိုအတွက်ကြောင့် တောင်နတ်ဘုရား၏ စွမ်းအားများအားလုံး ဆုံးရှုံးသွားပြီး ဖြောင့်မတ်မှန်ကန်သည့် နတ်ဘုရား၏ ပလ္လင်က ရှင်းလင်းသွားခဲ့ရာ မိစ္ဆာနတ်ဆိုးက သိမ်းယူသွားခဲ့သည်။ အဆုံးသတ်တွင်မူ နယ်မြေများကို စောင့်ရှောက် ကာကွယ် စည်ပင်သာယာအောင် လုပ်ပေးထားသော တောင်နတ်ဘုရားက ဘုရားကျောင်းတစ်ခုလုံးကို သိမ်းယူခံရသော အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ သူကိုယ်တိုင်ကလည်း ထောင့်တစ်နေရာသို့ မောင်းထုတ် ခံခဲ့ရပြီး ယခင်ယုံကြည်သက်ဝင်သူများ၏ အင်အားကို မှီခိုနိုင်ရုံသာ ကျန်ရစ်ခဲ့သည်။
တကယ်ကို ဝံပုလွေကို အိမ်ထဲခေါ် သွင်းမိတာပဲ။
ယန်ရှစ်ရွှမ်းကမူ ဖြစ်နိုင်ချေများကို တွေးမိသွားသည်။ သဘာဝကပ်ဘေးများနှင့် ဖျက်စီးမှုများ အလားတူ စက်ကွင်းမိသွား၏။ ကိုယ့်အုတ်မြစ်ကို ကိုယ်တိုင်ဖျက်စီးခဲ့သော သူများကိုမူ ထိုအရာက ကာကွယ်နေဦးမည်ဟု မထင်ထားမိချေ။
သူသည် အဓိကခန်းမအတွင်းတွင် မြင်ခဲ့ရသော နံရံဆေးရေးပန်းချီများကို မှတ်မိသွားသည်။
ထိုရွာသားများ၏ ဝိဉာဉ်ကို mangaအဖြစ် အသုံးပြုခံရလျက် နံရံထဲတွင် ထည့်သွင်းခံထားရသည်။ ဒါဟာ မိစ္ဆာနတ်ဆိုးက ကြွားဝါပြသည့် ပစ္စည်းအဖြစ် အသုံးပြုခံလိုက်ရခြင်း ဖြစ်သည်။ သူသည် သူတို့လိုချင်သော အကာအကွယ်များကို မပေးခဲ့သလို ဖြောင့်မတ်မှန်ကန်သော နတ်ဘုရားနည်းတူ စည်ပင်ဝပြောသော ဘဝကို မပေးခဲ့ချေ။ ထို့အစား ထိုရွာသားများ၏ ဝိဉာဉ်ကိုပင် အလွတ်မပေးခဲ့ချေ။ ဒီနည်းအားဖြင့် သူတို့သည် သူတို့သည် မြေအောက်လောကသို့ သွားပြီး ပြန်လည် မွေးဖွားနိုင်ခွင့်ပင် မရှိခဲ့ပါချေ။
93 04
နံရံဆေးရေးပန်းချီများတွင် မဟုတ်သေးချေ။ တံစက်မြိတ်အပြင်ဘက်တွင် ပေါ်လာခဲ့သည့် သရဲများသည် အလားတူဖြစ်သလို အဓိက ခန်းမအတွင်းသို့ ဖောက်ဝင်လာသော စာခြောက်ရုပ်သည်လည်း အလားတူသာလျှင် ဖြစ်သည်။ သူတို့သည်လည်း တစ်ချိန်က ရွာသားများ ဖြစ်ခဲ့လောက်သည်။
ဒါဆိုရင် သူတို့ လိုချင်တာဘာလဲ။
ထိုနှစ်က ဖျက်စီးရခဲ့သည့် အကျိုးအမြတ်အတွက် တောင်နတ်ဘုရားကိုပင် မောင်းထုတ်ခဲ့ပြီး ကြွယ်ဝမှုများပေးသည့် မိစ္ဆာနတ်ဆိုးကို ကိုယ်ပိုင်နတ်ဘုရားလို ကိုးကွယ်ဆည်းကပ် ပူဇော်ခဲ့သည်။ သို့သော် ယခုလို အဆုံးသတ်သွားခဲ့ရသည်။
ယန်ရှစ်ရွှမ်း၏ နှလုံးသားအတွင်း ဝမ်းနည်းမှုက ဝင်ရောက်လာသည်။
သူသည် တောင်နတ်ဘုရားကို မျက်နှာချင်းဆိုင်ပြီး မေးမြန်းကြည့်သည်။
“သူတို့ကို မမုန်းဘူးလား။ တောင်နတ်ဘုရားကို စွန့်ပစ်ခဲ့တဲ့ ရွာသားတွေကို ရန်ငြိုးမထားဘူးလား”
“ဒီလိုအခြေအနေမျိုးကို အဆုံးမသတ်ရအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိသေးတယ်”
ယန်ရှစ်ရွှမ်းက မျက်လွှာ အသာချလိုက်ပြီး သူ၏ သွယ်လျသော လက်ချောင်းများဖြင့် စာရွက်များကို စီလိုက်ကာ ပြန်တင်ထားလိုက်သည်။ သူသည် တောင်နတ်ဘုရားနှင့် စကားပြောနေသလို လေသံကိုလည်း တည်ငြိမ်အောင် ထိန်းလိုက်သေး၏။
“တစ်ချိန်က မင်းကို အမွှေးတိုင်တွေနဲ့ ပူဇော်ပြီး ကိုးကွယ်ပူဇော်ခဲ့တဲ့ ရွာသားတွေက မင်းကို စွမ်းအားတွေ ပေးခဲ့တယ်။ မင်းကသာ အဲဒီစွမ်းအားတွေကို နည်းနည်းတောင် မချန်ထားဘဲ ရွာသားတွေကို အားလုံး ပြန်မပေးခဲ့ရင် အနည်းဆုံးတော့ ဒီကပ်ဘေးကို ကိုင်တွယ်နိုင်ဖို့ အင်အားတွေ ကျန်နေခဲ့ဦးမှာပဲ။ အခုလိုမျိုး လည်ပတ်နေတဲ့ စက်ကွင်းမျိုးကိုတောင် ဖျက်စီး ခံလိုက်ရတဲ့အထိ အရာအားလုံး မဆုံးရှုံး သွားလောက်ဘူး။ မိစ္ဆာနတ်ဆိုးတွေကိုလည်း တိုက်ခိုက်နိုင်တဲ့ အင်အားမျိုး ရှိနေခဲ့ဦးမှာပဲ။ တောင်ဘုရားကျောင်းမှာ မှတ်တမ်း တင်ထားတာတွေကို မြင်ပြီးသွားပြီ။ နောက်ပြီး အနီးအနားရွာတိုင်းက အခြေအနေ၊ အိမ်ထောင်စု တစ်ခုတိုင်းက ပိုက်ဆံ ဘယ်လိုရရှိခဲ့သလဲ ဆိုတာကို သိတယ်။ မင်းကသာ လေမိုးတွေနဲ့ သင့်တ င့်လျောက်ပတ်အောင် လုပ်ဖို့ အတတ်နိုင် ကြိုးစားခဲ့တာ မဟုတ်ရင် ဘယ်သူက မင်းကို ကိုးကွယ်ဆည်းကပ် ပူဇော်ကြမှာလဲ။ တောအုပ်ထဲက တိရိစ္ဆာန်တွေက သူတို့ရဲ့နယ်မြေတွေကို မဖျက်စီးဘဲ ဒီလယ်ယာမြေတွေကို ကောင်းကောင်း ကြီးထွားနိုင်အောင် သင့်တော်တဲ့ ဝန်းကျင်မျိုး ပေးနိုင်ခဲ့မှာပဲ။ အနီးအနားက စိုက်ခင်းနယ်မြေတွေကလည်း အထွက်နူန်းတိုးတက်ခဲ့မှာပဲ။ ရွာသားတွေက သစ်ပင်တွေကို မတူးခုတ်ရင်တောင်၊ တောင်တန်းတွေကို မဖျက်စီးခဲ့ရင်တောင် ကြွယ် ဝနေခဲ့ကြဦးမှာ”
“ဒါမှမဟုတ် ရွာသားတွေက မိစ္ဆာနတ်ဆိုးရဲ့ လှည့်ဖျားမှုကို ခံခဲ့ရပြီး အမှားတွေကို လုပ်မိတယ်။ မင်းက ဆုံးရှုံးမှုတွေကို အချိန်မှီတားခဲ့ပြီး သူတို့ကို ခပ်ပြင်းပြင်း သတိပေးခဲ့မယ်။ အပြစ်ပေးခဲ့မယ် ဒီလိုဆိုရင် ဒီလို အကြောက်အလန့် မဲ့စွာနဲ့ အရမ်းကာရော မာနထုတ်လွှားနိုင်တဲ့ မိစ္ဆာနတ်က ပေါ်လာချင်မှ ပေါ်လာလိမ့်မယ်။ သူက အကြောက်အလန့် အပြည့်နဲ့ ရပ်တန့်သွားလောက်သေးတယ်။ အဲဒီလိုဆိုရင် မင်းက ဒဏ်ရာရသွားခဲ့ရင်တောင်မှ နောက်မကျခဲ့လောက်ဘူး”
“ဒါပေမဲ့ မင်းက ဘာကိုမှ မလုပ်ခဲ့ဘူး”
ယန်ရှစ်ရွှမ်းက လေထုကိုကြည့်ကာ ပြောသည်။
“ဘာလို့လဲ”
အိုဟောင်းမဲမှောင်နေသည့် အိမ်ကြီးက တိတ်ဆိတ်သွားသည်။ မည်သည့် ပဲ့တင်သံမှလည်း ထွက်မလာချေ။ သူ၏အိမ်အရှေ့မှ တံစက်မြိတ်ကို မိုးက လာရောက်ရိုက်ခတ်လာသည်။ အချိန်အတန် ကြာပြီးနောက်တွင် လေထဲတွင် သက်ပြင်းချသံက ထွက်လာသည်။ အသံက တိုးသဖြင့် ယန်ရှစ်ရွှမ်းက ထင်ယောင်ထင်မှား ကြားနေရသလို ထင်ရသည်။
_ _ _
93 05
ဘာလို့လဲဆိုတော့ သူတို့က အမှားတွေ လုပ်ခဲ့ပေမဲ့လည်း အပြစ်ပေးမခံခဲ့ရဘူး။ ဘာလို့လဲဆိုတော့ သူတို့က အထွန့်အမြတ် သစ်ပင်နားမှာ ပြေးလွှား ဆော့ကစားနေတဲ့ ကလေးတွေ မဟုတ်ကြတော့လိုပဲ။ သူတို့မှာ ကိုယ်ပိုင် စဉ်းစားဆင်ခြင်နိုင်စွမ်းရည် ရှိပြီး ကိုယ်ပိုင်တာဝန်ယူနိုင် စွမ်းရည် ရှိလာတယ်။ သူတို့က သူတို့ရဲ့တွက်ချက်မှုကြောင့် သူတို့ရဲ့ရွေးချယ်မှုကို မည်သူကလည်း ဝင်ရောက်စွပ်ဖက်မှာလည်း မဟုတ်ဘူး။ ရွေးချယ်မှုက ကောင်းကောင်းဆိုးဆိုး ငါက ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး။
ဒါပေမဲ့ သူတို့က သူတို့ကိုယ်တိုင် ဖန်တီးခဲ့တဲ့ ဆိုးယုတ်တဲ့ကိစ္စကို တောင့်ခံ လိုက်ရတယ်။ ဒါပါပဲ။
အမေတစ်ယောက်ရဲ့ နိမ့်ချထားတဲ့ မျက်ခုံးတွေလိုပဲ သူမရဲ့မျက်ခုံးတွေကလည်း ချစ်ခင်မှု၊ ငြင်သာမှုအပြည့်နဲ့ပေါ့။
မိုးကြောင့် အေးစက်နေခဲ့သည့် အိမ်အတွင်းက နွေးထွေးမှုများဖြင့် လွှမ်းခြုံမှုကို ခံလိုက်ရသည်။
******