96 01
အပိုင်း(၉၆)
[မဟုတ်သေးပါဘူး မင်းတို့တွေ ဒီလိုအရာတွေရဲ့ တည်ရှိမှုကို ဒီလိုပဲ အလွယ်တကူ လက်ခံလိုက်တာပဲလား။ အခုလေးတင် ယန်ကောရဲ့အရှေ့မှာ ရုတ်တရက်ကြီး လေပေါ်မြှောက်တက်ပြီး ပေါ်လာတဲ့အမျိုးသမီးရဲ့ ပုံရိပ်ကို မမြင်လိုက်ဘူးလား။ ပေါက်ကရတွေ ပြောပြီးတဲ့နောက်မှာ ရုတ်တရက် ပျောက်သွားတယ်လို့။ ဘုရားရေ ငါ ပထမဦးဆုံးအကြိမ်အဖြစ် သရဲက သက်ရှိတစ်ယောက်အသွင် ပြောင်းတာကို မြင်ဖူးတာပဲ။ တအားကို စိတ်လှုပ်ရှားဖို့ကောင်းတယ်။ ငါ အကြောက်လွန်ပြီး အော်မိတော့မလို့]
[ငါကတော့ အခုပေါ်လာတဲ့ အဲဒီမိန်းမငယ်လေးက သရဲ မဟုတ်ဘူးလို့ ထင်တာပဲ။ ဒါက တောင်ဘုရားကျောင်း မဟုတ်ဘူးလား။ အခုလေးတင် ယန်ကောက တောင်နတ်ဘုရားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ရေးသားထားတဲ့ စာရွက်ကိုတောင် လှန်သွားသေးတယ်လေ။ သူမက တောင်နတ်ဘုရား မဟုတ်ဘူးလား။ ငါ ဘာကြောင့်ရယ်လို့တော့ မသိပေမဲ့ ဒီအမျိုးသမီးကို မြင်လိုက်တဲ့အချိန်မှာ ရုတ်တရက် ငါ ငယ်ငယ်တုန်းက မွေးရပ်မြေရွာမှာ ကစားခဲ့ဖူးတာကို သတိရသွားတယ်။ ငါတို့ရွာမှာ တောင်နတ်ဘုရားကို ယုံကြည်တယ်။ ရွာရဲ့ဝင်ပေါက်မှာ အရမ်းကို တုတ်ခိုင်ပြီး ကြီးမားတဲ့ အထွတ်အမြတ် သစ်ပင်ရှိတယ်လေ။ အဲဒီမှာ ရောင်စုံဖဲကြိုးတွေနဲ့ ချည်ထားပြီး မိန်းမငယ်လေးတွေ သဘောကျ ပန်းကုံးလေးတွေ၊ ဖဲကြိုးလေးတွေတပ်ဆင်ထားတာမျိုးကို တွေ့ရတယ်။ ငါ့ရဲ့ရင်းနှီးတဲ့ အစ်မတစ်ယောက်ဆိုရင် ဈေးကနေ ပိုးချည်မျှင်တွေဝယ်ပြီး လှပတဲ့ လက်ကောက်လေးတွေ လုပ်လို့ အဖွားတောင်နတ်ဘုရား ဝတ်ဆင်ဖို့အတွက်ဆိုပြီး လှူဒါန်းကြတယ်။ အဲဒီအချိန်က ငါလည်း အဲဒီသစ်ပင်အောက်မှာ အိပ်ရတာကို တအားသဘောကျတာ။ ငါ အမြဲတမ်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့အပြင် ချိုမြိန်တဲ့အိပ်မက်ကိုလည်း မက်တယ်။ ဒါပေမဲ့ ငါ နိုးလာတော့ မေ့သွားတာ။ အဲဒီမှတ်ဉာဏ်က တော်တော်လေး သဘောကျစရာပါ။ ဒါပေမဲ့ ငါ ဒီမိန်းမငယ်လေးကို တွေ့မှ အရင်အကြောင်းအရာကို သတိရပြီး ငိုမိတယ်။ ငါ့ရဲ့နှုပ်ချေးတွေ၊ မျက်ရည်တွေနဲ့ ပြည့်နေတဲ့မျက်နှာကြီးကို ရှက်လွန်းလို့ အုပ်ထားနေမိတာ။ ငါ အိမ်ကိုလွမ်းတယ်။ အဖွားတောင်နတ်ဘုရားကို လွမ်းတယ်]
[အဲဒီဆန်စက္ကူကို သတိမထားမိကြဘူးလား။ ဘုရားရေ အခုလေးတင် အမှုန့်ဖြစ်သွားတာလေ။ ဒါက ဘယ်လိုဖြစ်တာလဲ]
[ဆန်စက္ကူတင် မဟုတ်သေးဘူး။ ပိုးစုန်းကြူးတွေရောပဲ။ ငါ အမြင်မှားတယ်ထင်လို့ ညလယ်ခေါင် တက်ပလက်ကို ကြည့်နေရင်း မျက်လုံးမူးသွားတယ် ခံစားမိလို့ မျက်လုံးကိုတောင် နှစ်ကြိမ်လောက် ပွတ်လိုက်ပြီး ကြည့်လိုက်သေးတယ်။ လတ်စသတ်တော့ ဒါက တကယ်ပဲ ပိုးစုန်းကြူးတွေ ဖြစ်နေခဲ့တာ]
[ဟူး_ _ _ငါ့ရဲ့အဖိုးက သူ့ရဲ့တစ်ဘဝလုံး တောင်ဘုရားကျောင်း တာဝန်ခံ လုပ်ခဲ့တာလေ။ သူက တစ်ရွာလုံးမှာ ဂုဏ်သတင်းကောင်းပြီး အဆင့်အတန်းမြင့်တဲ့ လူအိုကြီးတစ်ယောက်ပါ။ သူက တောင်ဘုရားကျောင်းထဲမှာ ဝေယျာဝစ္စကိစ္စအပြင် အမွှေးတိုင် ထွန်းညှိတာ၊ ပြာခွက်တွေ လှဲကျင်းတာ လုပ်တဲ့သူပဲ။ ဒီတော့ ငါလည်း တောင်နတ်ဘုရားကို ရင်းနှီးလွန်းတယ်လို့ ခံစားရတယ်။ အဲလို ရုတ်တရက်ပေါ်လာတဲ့ ပုံရိပ်ကို မြင်လိုက်တဲ့အချိန်မှာ ငါ ငယ်ငယ်က ဖြစ်ရပ်ကို ပြန်တွေးမိသွားတယ်။ အဲဒီအချိန်က တောင်ဘုရားကျောင်းရဲ့ တိုင်ကြီးမှာ ငါ မှီပြီး နေရောင်ရဲ့ ချိုမြိန်မှုကို ခံယူပြီး နွေးထွေးတဲ့ ပျော်ရွှင်မှုကို ခံယူခဲ့တာလေ။ ဒါက တောင်နတ်ဘုရားဖြစ်မယ်လို့ ငါ ထင်တယ်။ ဒါပေမဲ့ ယန်ကော အခု ပြောသွားတဲ့အတိုင်းဆို တောင်နတ်ဘုရားက သေပြီတဲ့]
[ဘုရားရေ မဖြစ်နိုင်တာ။ ဒီလိုညင်သာပြီး ပေါင်းသင်းရ အဆင်ပြေတဲ့ မိန်းမငယ်လေးက ဘယ်လိုဖြစ်နိုင်မှာလဲ။ မဟုတ်ဘူးနော် မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူးနော် ]
[အာ မဖြစ်နိုင်တာ။ အချိန်တွေက ပြောင်းလဲကုန်ပြီ။ တောင်နတ်ဘုရားကို မလိုအပ်တဲ့ နေရာတွေတောင် အများကြီး ရှိနေပြီ]
သူသည် အန်းနန်ယွမ်ထံမှ ဖုန်းကို ငှားယူထားခဲ့သော်လည်း ယန်ရှစ်ရွှမ်းသည် မိုဘိုင်းလ်ဖုန်းကို တစ်ချိန်လုံး စစ်တတ်သည့် အလေ့အကျင့် မရှိသေးပါချေ။ ထို့ကြောင့် ထိုဖုန်းကို ကုပ်အင်္ကျီအိပ်ကပ်ထဲတွင် ဖွင့်လျက် ဒီအတိုင်း ထည့်ထားသောကြောင့် ပေါ်သမျှစာများကို သူက မြင်လိမ့်မည် မဟုတ်ချေ။
ဆရာဟိုင်ရွန်ဘုန်းတော်ကြီး .. [ဂျူနီယာညီလေးယန် အကန့်အသတ်မဲ့တဲ့ ကောင်းကင်ဘုံက အရှင်က ကောင်းချီးပေးပါစေ။ ငါ နောက်ဆုံးတော့ မင်းကို ဖုန်းခေါ်နိုင်ပြီကွာ တကယ်ခက်ခဲလိုက်တာ။ ငါ အခုလေးတင် မိန်းကလေးပိုင်ရွှမ်းကို ဖုန်းခေါ်လိုက်သေးတယ်။ သူက ပြောတော့ ဂျူနီယာညီလေး မင်း ဖုန်းပျောက်သွားတာဆို။ အခု လူကြီးမင်း အန်းနန်ယွမ်ရဲ့ မိုဘိုင်းလ်ဖုန်းကို သုံးနေတာ မဟုတ်လား။ တိုက်တိုက်ဆိုင်ဆိုင် ငါကလည်း အရင်တစ်ခေါက်ကလည်း သူ့ကို ငါ့ရဲ့ပါဆင်နယ်အကောင့် အပ်ထားလို့ မင်းကို စာပို့နိုင်တာ။
96 02
ဆရာသခင် ဟိုင်ရွန်ဘုန်းတော်ကြီး [ဂျူနီယာညီလေးယန် မိုးရွာတဲ့နေ့မှာ ဝံပုလွေရိုင်းတောင်ထိပ်က တအား ကြမ်းတမ်းတယ်။ ဒါက ငါတို့ ဝင်ရောက်စွက်ဖက်လို့ရတဲ့ နေရာမျိုး မဟုတ်တော့ဘူး။ ဆရာသခင်လီကတော့ မင်း လုပ်နိုင်တယ်လို့ ပြောပေမဲ့လည်း မင်း လုံခြုံရေးအတွက် အတွေးတစ်ခု ရှာပြီး တတ်နိုင်သမျှ အမြန်ဆုံး ပြန်ထွက်လာသင့်တယ်လို့ ငါတော့ ထင်တယ်။ ငါတို့မင်းကို ဝံပုလွေရိုင်းတောင်ထိပ်ရဲ့ အပြင်မှာ စောင့်နေတယ်။ မင်းက ဝံပုလွေရိုင်းတောင်ထိပ်ရဲ့ နယ်မြေထဲ ဝင်သွားပြီးတာနဲ့ ဂါထာတွေက သက်ရောက်မှု ရှိတော့မှာ မဟုတ်ဘူး။ ဒါက တအားကို အန္တရာယ်များလွန်းတယ်။ ဂျူနီယာညီလေးယန် မင်း မကြွားဝါချင်ပါနဲ့]
ဟိုင်ရွန်စောင့်ကြည့်ရေး ဆရာသခင်မာ..[??ဂျူနီယာညီလေးယန် ငါ မင်းရဲ့အခွဲဖန်သားပြင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်တယ်။ ကျေးဇူးပြုပြီး ဖုန်းလေးကို ကြည့်ပါ! !ငါ စိုးရိမ်လွန်းလို့ သေတော့မယ်။ နောက်ပြီး အဲဒီလူက ဘာလဲ။ ဘာလို့ မင်း အဲဒီလူကိုပဲ ကြည့်နေတာလဲ။ ငါ့မှာ မင်းကို ပိုပြီး အရေးကြီးတဲ့ကိစ္စတစ်ခု ပြောစရာရှိတယ်။ လူငယ်တွေက ဖုန်းကြည့်ရတာ ကြိုက်တယ်လို့ ပြောကြတာ မဟုတ်ဘူးလား။ ငါ့ရဲ့ဘေးက အာဏာပိုင်က အဲဒီလိုပြောတာပဲ။ ဘာလို့ မင်းက မကြည့်တာလဲ]
ဟိုင်ရွန်စောင့်ကြည့်ရေး ဆရာသခင်မာ..[ဂျူနီယာညီလေးယန် ငါ့ကိုကြည့်ပါ ငါ့ကိုကြည်ပါ ငါ့ကိုကြည့်ပါ ငါလည်း အမျိုးသားပါပဲ..]
ယန်ရှစ်ရွှမ်း၏ အနီးကပ်စိုက်ကြည့်မှုကို ခံရသည့် ထိုအမျိုးသားက မျက်တောင်ရှည်များကို အောက်သို့ချလိုက်ပြီး ယန်ရှစ်ရွှမ်း၏ အင်္ကျီအိပ်ကပ်ထဲမှ ဆက်တိုက် မီးလင်းလိုက်၊ မှိန်လိုက် ဖြစ်နေသည့် အရာကို လှမ်းကြည့်သည်။ ဆဲလ်ဖုန်းသည် ပိုင်ရှင်၏ သတိပြုမှုကို အရယူရန် အမျိုးစုံသော လှုပ်ရှားမှုများ လုပ်နေသော်လည်း ဘယ်သောအခါမှ အာရုံစိုက်မှုကို မခံရချေ။
တစ်စုံတစ်ယောက်က ရှာနေတယ်။ မင်း ဘာလို့ ထုတ်မကြည့်တာလဲ။
ထိုအမျိုးသားက ယန်ရှစ်ရွှမ်းကို မေးခွန်းမေးမြန်းမည့် အချိန်တွင် ရုတ်တရက် ယန်ရှစ်ရွှမ်းကို ရှာနေသောသူဟာ သူသည်လည်း အမျိုးသားဖြစ်ကြောင်း ပြောသည့် စာကို မြင်လိုက်သည်။ ထို့အပြင် သူကိုယ်တိုင်အား မကြည့်ပဲ တစ်ဖက်သူအား ကြည့်ခိုင်းနေသေးသည်။
ထိုအခါ အမျိုးသား၏မျက်နှာက အနည်းငယ် မဲမှောင်သွားသည်။ သူပြောလိုသည့် စကားလုံးများက လည်မျိုတွင် တစ်သွား၏။ ရှင်းပြရန် ခက်ခဲသည့် စကားလုံးများကြောင့် ယန်ရှစ်ရွှမ်းအား သူ၏အကြည့်ကို တစ်ဖက်သူထံ မရောက်သွားစေချင်တော့ပေ။
ဒီလို လူသားအပနှင်ဆရာက တစ်ယောက်ပဲ ရှိတယ်။
သူ နှစ်တစ်ထောင်လုံး စောင့်ပြီးမှ ရှာတွေ့ခဲ့တာ။ အခုမှစပြီး သူ စိတ်ကူးယဉ်ထားတဲ့ လူသားအပနှင်ဆရာနဲ့ ကိုက်ညီလွန်းတဲ့အတွက်ကြောင့် နေ့တိုင်းလိုလို အံ့အားသင့်မှုတွေ၊ ပျော်ရွှင်မှုတွေကို ရရှိတော့မှာ။ သူ ဒါကို မဆုံးရှုံးချင်ဘူး။
သူသည်လည်း ယန်ရှစ်ရွှမ်း အမည်ရသည့် လူသားသရဲနှင်ဆရာ၊ အပနှင်ဆရာက သယ်ဆောင်လာမည့်အရာ၊ အံ့အားသင့်မှုများကို စောင့်ကြည့်ချင်သေးသည်။
ထိုအမျိုးသား၏ နူတ်ခမ်းက လှုပ်ခတ်သွားသည်။ တစ်စုံတစ်ရာကို ပြောလိုပုံရသည်။ သူ၏ရှည်လျားသော ဆံပင်က ဖျော့တော့မျက်နှာပေါ် အမှောင်ကျနေလေသည်။ ထို့အပြင် သူ၏မျက်နှာက တစ်နှစ်ပတ်လုံး နေရောင်ကို မတွေ့ထားဖူးသလိုမျိုးပင် ထင်ရသည်။ ယန်ရှစ်ရွှမ်းသည် တစ်ဖက်သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရရန် ခက်ခဲသည်။
“ယန်ရှစ်ရွှမ်း”
ထိုအမျိုးသားက သတိလက်လွတ်ခေါ်ပြီး ခြေလှမ်းတစ်ဝက်ခန့် သတိလက်လွတ် တစ်စုံတစ်ရာကို ပြောရန် ပါးစပ်ကို ဟလိုက်သည်။
ယန်ရှစ်ရွှမ်း၏ အင်္ကျီအိပ်ကပ်ထဲမှ ဖုန်းက မြည်လာသည်။ သူသည် သတိလက်လွတ် အသံလာရာဘက်သို့ ကြည့်လိုက်သည်။ သူ၏အာရုံက အခြားတစ်နေရာသို့ ရောက်သွား၏။ အင်္ကျီလက်ထဲသို့ လက်ဆန့်ပြီး ဖုန်းကို ယူလိုက်သည်။
ထိုသို့ဖြင့် ထိုအမျိုးသားပြောသော စကားက အဖြတ်ခံလိုက်ရ၏။
“ဂျူနီယာညီလေးယန်”
ဖုန်းက ဝင်သွားပြီးပြီးချင်း တစ်ဖက်က အလျင်လိုသောအသံက ထွက်လာသည်။
ယန်ရှစ်ရွှမ်းက မျက်မှောင်ကြုတ်သည်။ သူသည် ထိုအသံဟာ ယခင်ကတွေ့ဆုံခဲ့ဖူးသည့် တာအိုဘုန်းတော်ကြီး ဟိုင်ရွန်ကွမ်မားအသံ ဖြစ်ကြောင်း သိလိုက်သည်။
တာအိုဆရာသခင်မက အလွန်အမင်း စိတ်လှုပ်ရှားသွားပုံပေါ်သည်။
96 03
“အသက်တစ်မျှ စွမ်းအင်ကြီးမားလွန်းပါတဲ့ ကောင်းကင်ဘုံအရှင်က ကောင်းချီးပေးတာ။ပဲ ငါ နောက်ဆုံးတော့ မင်းကို ဖုန်းခေါ်နိုင်ပြီ ဂျူနီယာညီလေးယန်။ ငါ့ရဲ့ဆံပင်တွေတောင် ညတွင်းချင်း ဖြူသွားတော့မလို့ပဲ”
“မင်းက ငါ မင်းကိုပို့လိုက်တဲ့ စာကိုလည်း မဖတ်ဘူး။ ဒီတော့ ငါ အတိုချုပ်ပဲ ပြောတော့မယ် ညီလေးယန်။ ဘာလို့ အခုမှလိုင်းက ရုတ်တရက် ကောင်းသွားတာလဲ ငါ မသိဘူး။ အရင်က ဝံပုလွေရိုင်းကို ဝင်တာနဲ့ ငါတို့ကို တားထားတဲ့ အရံတားက ရုတ်တရက် အားနည်းသွားတယ်။ မင်းက ဒီအခြေအနေကို အခွင့်အကောင်းယူပြီး လူတွေကို ပြန်ခေါ်လာသင့်တယ်။ အဲဒီနေရာက အန္တရာယ်များလို့ မင်း မကိုင်တွယ်နိုင်_ _ _”
ရုတ်တရက် ဖုန်း၏အနောက်ဘက်မှ တာအိုဘုန်းတော်အိုကြီး၏အသံက ရောက်ရှိလာသည်။
တာအိုဆရာသခင်မာ၏ စကားက အဖြတ်ပြောခံရ၏။
“ဘယ်သူက အဲဒီလိုပြောလဲ။ တန်ခွေးရဲ့တပည့်က တန်ခွေးထက်သာတယ်။ သူက တန်ခွေးထက်အောင် အင်အားကြီးသေးတယ်။ သူ လုပ်နိုင်လိမ်မယ်”
သူ့နောက်ဘက်တွင် အသိပြန်ဝင်သွားပုံရသော တာအိုဆရာသခင်မာ၏ ကို့ရိုကားယားအပြုံးက ပြန်ဝင်လာသည်။
“ဦးလေးဆရာ အဲဒီလို မပြောပါနဲ့ဦး။ အဲဒီမှာ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က လူပေါင်းများစွာ သေသွားခဲ့တာလေ”
ဘေးဘက်တွင် ရှိနေပုံရသည့် တာဝန်ခံအရာရှိက အခြေအနေကို အခွင့်ကောင်းယူပြီး ပြောသည်။
“လူကြီးမင်း ယန်ရှစ်ရွှမ်း ငါက အစိုးရဘက်က ဒီလိုကိစ္စမျိုးကို တာဝန်ယူပေးရတဲ့သူပါ။ ငါတို့ အရင်တစ်ခေါက်က တွေ့ဖူးတယ်လေ။ မင်းဘက်က အခြေအနေ ဘယ်လိုလဲ။ တစ်ယောက်ယောက် ဒဏ်ရာ ရထားသေးလား။ မင်းတို့ အရေးပေါ် ကယ်ဆယ်မှုတွေ၊ ကုသမှုတွေ ခံယူဖို့ လိုအပ်လား။ ငါတို့အခု ချက်ချင်း ပြင်ဆင်လိုက်လို့ရတယ်”
ယန်ရှစ်ရွှမ်းက အရာအားလုံးကို တိတ်တဆိတ် နားထောင်ပြီး တစ်ဖက်ခြမ်းမှ အခြေအနေကို ခြားနားသော အသံသုံးသံကြောင့်နှင့် အတည်ပြုလိုက်နိုင်သည်။
သူက အသာပြုံးလိုက်သည်။ သူ၏ဆွဲဆောင်မှုပြင်းပြီး တည်ငြိမ်သော အသံက ထွက်လာသည်။
“မစိုးရိမ်ပါနဲ့ ငါ လူတိုင်းကို ဒီနေရာက ခေါ်ထုတ်ခဲ့မယ်။ ဒါမှမဟုတ် ဝံပုလွေရိုင်းတောင်ထိပ်ရဲ့ ကိစ္စကိုတော့ ဖြေရှင်းလိုက်ဦးမယ်”
“ကိစ္စက ၁၀နှစ် ကြာသွားပြီ။ ဒီတော့ ဖြစ်ခဲ့ဖူးသမျှ အကျိုးအပြစ် သက်ရောက်မှုတိုင်းက အဆုံးသတ်သွားသင့်ပြီ။ ထွက်သွားသင့်တဲ့သူကလည်း ထွက်သွားနိုင်ပါပြီ”
ဖုန်းတစ်ဖက်ခြမ်းက အသံက ရုတ်တရက် ရပ်သွားသည်။ အချိန်အတန်ကြာပြီးနောက် တာအိုဆရာသခင်မာက ရှုပ်ထွေးသော ခံစားချက်ဖြင့် ပြောလိုက်သည်။
“ဂျူနီယာညီလေးယန် မင်းက အတိတ်က ချမ်းရွှန်ရဲ့ တိုက်ရိုက်ဆက်ခံသူ ဖြစ်သင့်ပါပေတယ်”
ယန်ရှစ်ရွှမ်း၏ ခိုင်မာသော အဖြေကို ရသောအခါ မိုဘိုင်းလ်ဖုန်းမှတဆင့် တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ အရာအာလုံးကို စောင့်ကြည်နေခဲ့သော တာဝန်ခံပုဂ္ဂိုလ်ကလည်း စိတ်အေးစွာ သက်ပြင်းချလိုက်နိုင်သည်။ ထို့နောက် အထက်မှလူများနှင့် ခပ်မြန်မြန် ဆက်သွယ်ပြီး ယဲ့လန်တောင်ထိပ်အနားတွင် ပိတ်ဆို့ထားခြင်းဖြင့် အပြစ်ကင်းစင်သောသူများ ဒီနေရာသို့ မလာနိုင်အောင် ကာကွယ်ခိုင်းထားလိုက်သည်။
သူသည် မူလကမူ ယဲ့လန်တောင်ထိပ်က အခြေအနေကို အစိုးရိမ်ဆုံး ဖြစ်ခဲ့သည်။ သို့သော် ယခုမူ တာအိုဘုန်းတော်အိုကြီးက တစ်ချိန်လုံး ပြောပြောနေသည့် ယန်ရှစ်ရွှမ်း၏ ထူးခြားမှုများအပြင် ယန်ရှစ်ရွှမ်းကိုယ်တိုင်၏ စကားကို ကြားခဲ့ပြီးနောက် သတိလက်လွတ် ယန်ရှစ်ရွှမ်းက ဖြေရှင်းနိုင်ကြောင်း ယုံကြည်သွားသည်။
ပျော်ရွှင်မှုများအကြားတွင် ကျန်ရစ်ခဲ့သည်မှာ ယန်ရှစ်ရွှမ်း၏အရှေ့မှ မဲမှောင်သော အမျိုးသား၏မျက်နှာ ဖြစ်သည်။
အရှိန်အဝါများက မဲမှောင်သွားပြီး အပူချိန်များကလည်း ခဲလုမတတ် ထိုးကျသွားသည်။
ယန်ရှစ်ရွှမ်း၏ တစ်ဖက်သူကို ပြောရင်း ပြုံးနေသော မျက်နှာကို မြင်လိုက်ရချိန်တွင် တစ်ဖက်သူ၏အာရုံက ထိုဖက်ခြမ်းသို့ ရောက်ရှိနေကာ သူ့ကို ယခုလေးတင် ကြည့်နေခဲ့သော မျက်လုံးက သူ့ကိုပင် မကြည့်လာကြောင်း မြင်လိုက်ရသည်။ ထိုအမျိုးသား၏ ခံစားချက်က အလွန်ဆိုးရွားသွားသည်။
မူလက သူ့အပိုင် အာရုံစိုက်မှုများအားလုံးက အလုခံလိုက်ရသည်။
96 04
ဖန်သားပြင်ပေါ်မှတဆင့် ထိုအခြေအနေကို ပေါ်နေသော ထိုအမျိုးသား၏မျက်နှာနှင့် အရှိန်အဝါများက အခွဲဖန်သားပြင်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေခဲ့သည့် ကြည့်ရှုသူတိုင်း၏ အရှေ့တွင် ထင်ရှားစွာ ပေါ်လာသည်။ မူလက ကြည့်ရှုသူများ၏အနားတွင် မျောလွင့်နေသလို သို့မဟုတ် ကြည့်ရှုသူများ၏ဘေးဘက်တွင် ကုလားထိုင်ဖြင့် ထိုင်ကာ ကြည့်ရှုသူများကို တိတ်တဆိတ် ကြည့်နေသလိုမျိုး ထင်ရှားစွာ ပေါ်လာသည်။ မူလကသိချင်စိတ်ပြင်းပြစွာ ကြည့်ရှုနေကြသော တိုက်ရိုက်ထုတ်လွှင့်သူများက ရုတ်တရက် ကုတင်အပေါ်ဘက်ခြမ်းတွင် သိချင်စိတ်ပြင်းပြစွာနှင့် လာရောက်ကြည့်ချင်သလိုမျိုး ဇောက်ထိုးပေါ်လာသော သရဲဗီဒီယိုများထဲမှ ခေါင်းစိုက်ထွက်ကာ ဖန်သားပြင်ကို လာကြည့်သူများ၊ ကုတင်အောက်ထဲမှ ကာ ထွက်လာသူများ၊ ကုတင်အစွန်းနားတွင် လှဲကာကြည့်သူများ၊ မတော်တဆ ဖြတ်သွားရင်း ပြတင်းပေါက်အပြင်ဘက်တွင် မျောလွှင့်ကာ ကြည့်သောသူများနှင့် ပြည့်နှက်သွားသည်။
အိမ်အတွင်းဘက်တွင်ရှိသော သရဲများ၊ သို့မဟုတ် မတော်တဆ ကြည့်ရှုနေသော သရဲများက ဖန်သားပြင်ထဲမှ ထိုအမျိုးသား၏ အမူအယာကို မြင်လိုက်ချိန်တွင် နေရာတွင်ပင် တောင့်ခဲသွားကြ၏။ သူတို့သည် အသတ်ခံရမည့်အချိန်ကို အလွန်ကြောက်လန့်သွားကြပြီး ကြောက်လန့်လွန်းသဖြင့် အလိုအလျောက်ပင် နှစ်ခြမ်းကွဲမတတ် ဖြစ်သွားကြသည်။
ကြည့်ရှုသူများက ကင်မရာထဲမှ ထိုအမျိုးသားကို ကြည့်ပြီး သူတို့၏သွေးများက တောင့်ခဲသွားသလို ခံစားရသည်။ အချိုု့သော ကြည့်ရှုသူများက လက်မောင်းကို ပွတ်ရင်းပြောသည်။
[ဘာလို့ ရုတ်တရက်ကြီး အေးလာတာလဲ]
[ငါလည်း အဲဒီလိုခံစားနေရတာ။ ငါ လေအေးပေးစက်ကို မဖွင့်ထားပါဘူ။ ဒါပေမဲ့ အေးလွန်းလို့ တုန်ယင်နေပြီ]
[ငါ့ရဲ့မိသားစုလည်း တူတူပဲ။ အခုလေးတင် ကုတင်အောက်ဘက်က ခွက်ကနဲ အသံကို ကြားလိုက်သေးတယ်]
[ငါ့ရဲ့ဖန်ခွက်ကလည်း အက်သွားတယ်]
“ဂျူနီယာညီလေးရန် မင်း ရှိုးရဲ့ကွန့်မန့်ကဏ္ဍကို ကြည့်သေးလား”
တာအိုဆရာသခင်မာ၏ အသံက အနည်းငယ် လေးနက်လာသည်။
“ငါ အရင်က မင်းကို ဆက်သွယ်လို့ မရလို့ မင်းရဲ့အခွဲဖန်သားပြင်ကနေတဆင့် မင်းရဲ့လုံခြုံမှုကို အတည်ပြုထားတာလေ”
“ဂျူနီယာညီလေးယန်က ခန်းမထဲကို ဝင်ပြီး ရုပ်ထုတွေနဲ့ တိုက်ခိုက်တဲ့အချိန်က သတိထားမိလားတော့ မသိဘူး။ ကြည့်ရှုသူအများစုက အဲဒီအချိန်က ဆန္ဒတစ်ခုကို တောင်းဆိုလို့ရတယ်ဆိုတဲ့ အသံကြားရတယ်ဆိုပြီး ကွန့်မန့် မန့်ထားကြတယ်။ အဲဒီအသံကြောင့် ဖြစ်ပေါ်လာတဲ့ လူအများစုရဲ့ အကြောင်းအရာတွေကတော့ ခြားနားတယ်။ ကြည့်ရှုသူတွေ ဂရုအစိုက်ဆုံး ကိစ္စတွေက ဖြစ်သွားခဲ့တယ်။ ကြည့်ရှုသူ အများစုက အဲအသံဆီကို တောင်းဆိုမှုတွေ လုပ်လိုက်မိကြတယ်။ အဲဒီလိုနဲ့ နတ်ဘုရားလို ယုံကြည်အောင်ပြောတဲ့ အဲဒီအရာဆီမှာ တောင်းဆိုလိုက်ကြတယ်”
တာအိုဆရာသခင်မာက ယန်ရှစ်ရွှမ်းအား တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်း သူ တွေ့ခဲ့သည့် ပြဿနာကို ပြောပြသည်။ ထိုသို့ဖြင့် ယဲ့လန့်တောင်ထိပ်နှင့် ပတ်သက်သည့် သူသိထားသော အကြောင်းအရာများကို ပြောပြကာ ဆက်လက်ပြီး သူ၏ ခန့်မှန်းမှုများကိုလည်း ပြောပြသည်။
“လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ယဲ့လန့်တောင်က ကိစ္စတွေ ပြီးတဲ့နောက်မှာ ပြဿနာကို ဖြေရှင်းဖို့ ဖိတ်ကြားခံရတဲ့ လူတစ်ယောက်က အမတ မိသားစုကို ကိုးကွယ်တဲ့ ချူးမာရှန်းတစ်ယောက်ပဲ။ သူက ပြောတဲ့အတိုင်းဆိုရင် တောင်နတ်ဘုရားက ပြောင်းသွားပြီ။ အခု အမတမိသားစုဝင် ဖြစ်နေပြီတဲ့။ တိတ်တိတ်ဆိုင်ဆိုင် ဂျူနီယာညီလေး ခန်းမထဲကို ဝင်သွားတဲ့အချိန်မှာ ကြည့်ရှုသူတွေက အဲဒီအသံကို ကြားလိုက်ရတယ်”
တာအိုဆရာသခင်မာက ပြောသည်။
“ငါကတော့ ကြည့်ရှုသူတွေ ကြားလိုက်တဲ့ အဲဒီအသံက တောင်နတ်ဘုရားလို့ ခေါ်တဲ့ အဲဒီအရာဆီက လာတယ်လို့ ထင်တယ်။ အဲဒီမိစ္ဆာကောင် ရှဲ့ချုံးက ပုလ္လင်ကို အရယူသွားပြီး တောင်နတ်ဘုရား အယောင်ဆောင်နေတယ်။ ဒါကြောင့် ရဲ့လန်ထိပ်က ရွာသားတွေ ပိုက်ဆံနဲ့ပတ်သက်ပြီး ရူးသွပ်သွားတာကလည်း အဲဒီမိစ္ဆာနတ်ဆိုးက လှည့်ဖျားတာကြောင့် ဖြစ်လိမ့်မယ်”
တာအိုဆရာသခင်မာ၏ ဝံပုလွေရိုင်းတောင်ထိပ်နှင့် ပ်သက်ပြီး ရှင်းပြမှုနှင့် ယန်ရှစ်ရွှမ်းက ရုတ်တရက် နားလည်သွားသည်။ ကြည့်ရသည်မှာ သူ၏ယခင်ခန့်မှန်းချက်က မှန်ကန်နေခဲ့သည်။
ဝံပုလွေရိုင်းတောင်ထိပ် ကိစ္စပြီးနောက် ရွာသားများက မဲတူးသည်အထိ လောင်ကျွမ်းသွားပြီး အလောင်းများ အဖြစ် ပြောင်းလဲခဲ့ပြီး အားလုံး သေသွားခဲ့သည်။ ထိုရလဒ်က ထိုမိစ္ဆာနတ်ဆိုး၏ ရူးသွပ်စွာ ကျူးကျော်မှုများကြောင့် ဖြစ်စေခဲ့ခြင်း ဖြစ်သည်။
96 05
အရာရှိများက ထိုနေရာမှ ပြဿနာကို ဖြေရှင်းရန် ကြိုးစားခဲ့ခြင်း ဖြစ်လောက်သည်။ သို့သော် ထိုရှဲ့ထုံးကမူ တောင်နတ်ဘုရား၏ နတ်ဘုရား နေရာတစ်ခုလုံးကို အရယူသွားလေရာ ဒီနေရာတစ်ခုလုံးကို ထိန်းချုပ်၍ ရနိုင်သည်ဟု ဆိုလိုသည်။ ထို့ကြောင့် ဒီနေရာသို့လာကာ ပြဿနာဖြေရှင်းသော တာအိုဘုန်းတော်အိုကြီးများနှင့် နတ်ဆရာမများက ဆိုးရွားသော အခြေအနေမျိုးတွင် ရှိနေလေရာ တစ်ယောက်ပြီး တစ်ယောက် ရှုံးနိမ့်ကာ ပြန်သွားခဲ့ရသည်။ အဆုံးသတ်တွင် ဒီနေရာကြီးတစ်ခုလုံးက အရာရှိများ ခေါင်းကိုက်စေလွန်းသော သေဆုံးနေရာတစ်ခုဖြစ် ပြောင်းသွားသည်။ မည်သူကမှလည်း ဒီနေရာသို့ မလာချင်ကြတော့ပေ။
******