Ch 97
Viewers 6k

97 01

အပိုင်း(၉၇)

 

တာအိုဆရာသခင်ပြောသည့် လှည့်ပြောင်းမှုအတွက်ကမူ_ _ _

 

ယန်ရှစ်ရွှမ်းသည် အဓိကခန်းမသို့ စဝင်လာခဲ့ချိန်က တောင်နတ်ဘုရား၏ ရုပ်ထုထံ စိတ်အားထက်သန်စွာနှင့် ဂါဝရပြုနေကြသည့် နံရံဆေးရေးပန်းချီထဲမှ ရွာသားများကို တွေ့လိုက်မိသည်။ ထို့အပြင် စာခြောက်ရုပ်က အဓိကခန်းမထဲသို့ ခုန်ဝင်လာခဲ့ချိန်တွင် ပြောခဲ့‌သော စကားများလည်း ရှိသေးသည်။

 

တောင်နတ်ဘုရားက သေဆုံးသွားခဲ့ပြီး တောင်နတ်ဘုရားအသစ်က မွေးဖွားလာသောအခါ ထိုနတ်ဘုရားအသစ်အား စတေးခံများကို ဆက်သရသည်။ ထိုနည်းတူ အကြွေးချေနိုင်ရန်အလို့ငှာ လယ်ယာမြေများကို ကာကွယ် စောင့်ရှောက်နေရခြင်း ဖြစ်သည်။

 

မိစ္ဆာနတ်ဆိုးက တောင်နတ်ဘုရား ဖြစ်လာကတည်းက နှစ်ပေါင်းများစွာ အားဖြည့်ခံရ ပြီးနောက်တွင် ဖန်သားပြင်ကိုပင် ထိုးဖောက်ပြီး အခြားတစ်ဖက်ခြမ်းတွင်ရှိသည့်  ကြည့်ရှုသူများကို သက်ရောက်နိုင်အောင် လုံလောက်သည့် အင်အားမျိုးကို ပိုင်ဆိုင်လာပြီ ဖြစ်သည်။ ထို့အပြင် လူတိုင်း၏ စိတ်အနက်ရှိုင်းအပိုင်းတွင်ရှိသော စိတ်ဆန္ဒများကို ထုတ်ဖော်ပြောနိုင်အောင် လှည့်ဖျားနိုင်လာသည်။

 

ယဲ့လန်တောင်ထိပ်နားတွင် နေထိုင်သော ရွာသားများသည်လည်း ထိုနည်းတူ မိစ္ဆာနတ်ဆိုး၏ လှည့်ဖျားမှုကို ခံရမည်အရေးအား စိုးရိမ်ရသည်။ ထိုလူများသည် လယ်ယာမြေများထံမှ ရရှိမည့် ဝင်ငွေများအား ကျေနပ်နိုင်စွမ်းရည် မရှိတော့လေပဲ ပိုပိုပြီး ချမ်းသာချင်လာသည်။ ထိုသို့ဖြင့် သူတို့၏ စိတ်ဆန္ဒများက အကန့်အသတ်မဲ့လာလေပြီး လောဘကြီးသထက် ကြီးလာကာ မောက်မာထောင်လွှား လာပေလိမ့်မည်။ လှုံ့ဆော်ခံလာသည့်အခါ သူတို့၏ မျိုးဆက်အဆက်ဆက် နေထိုင်လာခဲ့သော ဝံပုရိုင်းတောင်ထိပ်၏ အခြေအနေကို စဉ်းစားဆင်ခြင်ခြင်း မရှိတော့ပဲ တောင်တောအုပ် တစ်ခုလုံးကို ဟောင်းလောင်းပေါက် ဖြစ်သည်အထိ တူးထုတ်သွားပြီး နောက်ဆုံးတွင် ကိုယ့်ကိုယ်ကို သေစေသည်အထိ ဆိုးရွားသော ကံကြမ္မာကို ခံစားလိုက်ရခြင်း ဖြစ်လောက်သည်။

 

အဆုံးအစမဲ့သော လောကသည် သူတို့အတွက် တူးလိုက်သော အုတ်ဂူများ ဖြစ်သွားသည်။

 

ယန်ရှစ်ရွှမ်း၏ နှလုံးသားထဲတွင် မည်သည့်လှုပ်ခတ်သွားသည့် ခံစားချက်မှ မရှိပေ။ သက်ပြင်းပင် မချဖြစ်ပေ။

 

သူသည် သူ့အား အကူအညီ တောင်းသော ဧည့်သည်ပေါင်းများစွာကို ကြုံတွေခဲ့ရပြီးလေပြီ။ ထိုလူများသည်လည်း လောဘကြီးလွန်းခဲ့ကြသည်။ သူတို့သည် လောက၏ အရိပ်အာဝါသအောက်တွင် ကြွယ်ဝမှုကို အရယူနိုင်ရန် အရာအားလုံးကို အသုံးပြုချင်ကြ၏။ ထိုသိုဖြင့် မှော်အတတ်ပညာ တတ်မြောက်ကျွမ်းကျင်သော တာအိုဘုန်းတော်ကြီးအချို့ဖြင့်ပင် ပူးပေါင်းကာ ဆိုးယုတ်သော အရာများကို လုပ်ခဲ့ကြ၏။ ထိုသို့ဖြင့် သရဲများကို မွေးကာ မကောင်းသော လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်. အခြားသော သူများ၏ ကံကြမ္မာကောင်းများကိုလည်း ယူ၏။ တစ္ဆေငါးကောင် ရွှေ့ပြောင်းခြင်း စွမ်းအင်ကိုပင် သုံးကာ အခြားသော နေရာများမှ ကြွယ်ဝမှုများကို ခိုးယူသည်။ စသဖြင့် ဆိုးယုတ်သောအရာများစွာကို လုပ်ကြ၏။ သို့ရာတွင် ကောင်းကင်ဘုံ၏ စည်းမျဉ်းအောက်တွင် လုပ်ဆောင်မှုတိုင်း၏ ပြန်လည်သက်ရောက်မှုရှိသည်။ အရာအားလုံးဟာ တစ်ပတ်လည်၏။ ထို့ကြောင့် ကြွယ်ဝမှုများတွင်လည်း ကိုယ်ပိုင်ကံကြမ္မာ ရှိလေသည်။

 

မသင့်တော်သော နည်းလမ်းကို အသုံးပြုပြီး ကိုယ်နှင့် မပိုင်ဆိုင်သော ကြွယ်ဝမှုကို အရယူခြင်းက အကြွေးတစ်ခုသာ တင်လာစေပေသည်။ အဆုံးသတ်တွင် သေချာပေါက် ပေးရပေမည်။

 

နောက်ဆုံးတွင် နတ်ဆိုးက အရောက်လာပြီး အကြွေးတောင်းခံသောအခါ ကောင်းကင်ဘုံနှင့်မြေကြီး၏ စည်းမျဉ်းများကို ဖောက်ထုတ်နိုင်သည်ဟု ကိုယ့်ကိုယ်ကို ဘဝင်မြင့်လွန်းနေခဲ့ကြသည့် ထိုဧည့်သည်များသည် နောက်ဆုံးတွင် ထိုသို့ဖြစ်လာကြပြီး ဆရာသခင်များကို တောင်းပန်ပြီး ကယ်တင်ခိုင်းကြသည်။ သူတို့သည် ယန်ရှစ်ရွှမ်း၏ ဆက်သွယ်ရမည့် အချက်အလက်ကိုပင် အရရှာကာ လာရောက်တောင်းပန်ကြသေး၏။ သူ့အား လာရောက်‌ တောင်းဆိုကြသည်။

 

ကံဆိုးသည်မှာ သူ့တို့တင်နေသော အကြွေးကို မှတ်တမ်း တင်ခဲ့ပြီးသည်မှာ ကြာခဲ့နေလေပြီ။ ဒါဟာ ဒီတစ်ဘဝတာ အတောအတွင်း ပြီးမြောက်နိုင်စွမ်းရည် မရှိလောက်အောင် များပြားနေလေရာ သေလွန်ပြီးသည့်တိုင်အောင် ထပ်မံပြီး ပေးဆပ်ရမည် အနေအထားမျိုးအထိ ရောက်ရှိနေခဲ့သည်။

 

ယန်ရှစ်ရွှမ်းသည် အခြားသောသူများ၏ ကိုယ်ပိုင်လုပ်ဆောင်မှုကြောင့် ဖြစ်လာသည့် အကျိုးအပြစ်ကို ဝင်ရောက်စွပ်ဖက်လိုစိတ်ပင် မရှိချေ။ စိတ်ဝင်စားခြင်းလည်း မရှိပေ။

 

ကိုယ်ကိုယ်တိုင် လုပ်ခဲ့သော အရာဖြစ်နေလျှင် ကိုယ်ကိုယ်တိုင်သာ အကျိုးဆက်ကို ခံရသင့်သည်။

 

သို့သော် တောင်နတ်ဘုရားပြောသော စကားကမူ မတူချေ။ ယန်ရှစ်ရွှမ်းက အဓိကခန်းမထဲတွင် ရှိနေခဲ့ချိန်တွင် နံရံဆေးရေးပန်းချီထဲမှ ပြောင်းလဲသွားသော မြင်ကွင်းများကို မြင်ရသည်။ ရွာသားတိုင်း၏ မိစ္ဆာနတ်ဆိုး၏ ညှိငင်မှုကို အောင်မြင်စွာ ခံခဲ့ရသည်ချည်း မဟုတ်ချေ။ ယဲ့လန်တောင်ထိပ်၏ အရင်းအမြစ်များကို ဖျက်စီးခဲ့သည်ကလည်း ရွာသားတိုင်း မဟုတ်ပါချေ။

97 02

အချို့သော ရွာသားဝင်များက သူတို့၏ မိသားစုဝင် သို့မဟုတ် သူတို့၏အနီးအနား ပတ်ဝန်းကျင်မှ လူများ၏ လုပ်ဆောင်မှုကြောင့် သက်ရောက်မှု ခံခဲ့ရရုံသာ ဖြစ်သည်။ မိစ္ဆာနတ်ဆိုးက ဟာကွက်ကို အရယူပြီး သူတို့၏ဝိဉာဉ်များကိုပါ ထိန်းချုပ်သွားခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ကိုယ်ပိုင်မှားယွင်းသော ကိစ္စများကို မလုပ်ခဲ့ကြချေ။ သူတို့၏ မိသားစုဝင်များကိုလည်း ယဲ့လန်တောင်ထိပ် မဖျက်စီးအောင် ဖြောင်းဖြရန် ကြိုးစားခဲ့ကြသေးသည်။  သို့သော် ပိုက်ဆံကိုသာ အာရုံစိုက်နေသော မိသားစုဝင်များက သူ၏ဖြောင်းဖြမှုများကို နားမဝင်ကြတော့ချေ။

 

သူတို့နှင့်ပတ်သက်ပြီး အမှန်တကယ် မှားယွင်းမှုသာ မရှိပါချေ။ သူတို့သည် ဒီအတိုင်း မိသားစုဝင်များကိုသာ မဖြောင်းဖြနိုင်သလို ထိုလူများ မှားယွင်းသော ကိစ္စများ လုပ်နေခြင်းနှင့်လည်း အဝေးတွင် မနေနိုင်ခဲ့ရုံသာ ဖြစ်သည်။

 

ယန်ရှစ်ရွှမ်း၏ မျက်လုံးက မဲမှောင်သွားပြီး အကြံတစ်ခု ရလာသည်။

 

“အသံတွေ ကြားလိုက်ရတယ်ဆိုတဲ့ ကြည့်ရှုသူတွေ စိုးရိမ်ဖို့ မလိုဘူး”

 

ယန်ရှစ်ရွှမ်း၏ လေသံက တည်ငြိမ်သည်။

 

“မိစ္ဆာနတ်ဆိုးက တောင်နတ်ဘုရားရဲ့ ထီးနန်းကို လုသွားခဲ့ရင်တောင်မှ သူ့ရဲ့ဆိုးယုတ်တဲ့ သဘာဝကို မဖုံးကွယ်နိုင်သေးဘူး။ သူ လှမ်းထားတဲ့လက်က အဲဒီလောက်တောင် မရှည်နိုင်ပါဘူး။ ကြားလိုက်ရတာက အသံပဲ မဟုတ်လား။ အဲဒီလို ကြားလိုက်ရတယ်ဆိုတာကလည်း ကြည့်ရှုသူတွေကလည်း ဖန်သားပြင်ကနေတဆင့်  ပုံရိပ်တွေကို မြင်လိုက်လို့ သူ့အား အခွင့်အရေး ရသွားရုံပဲ။ ဒါပေမဲ့ ဒီလောက်ပဲ။ ဒီထက် မပိုနိုင်ဘူး”

 

“ဆန္ဒကိုပြောပြီး ဆန္ဒပြည့်သွားတဲ့သူတွေ ရှိတယ်ဆိုရင် တာအိုဆရာသခင်မာကို မေးနိုင်တယ်။ ဒါက သေးငယ်တဲ့ ကိစ္စလေးပါပဲ။ အဲဒီသူက လောကတစ်ခုလုံး ငြိမ်းချမ်းဖို့ တောင်းဆိုထားတာ။ အမတဖြစ်ဖို့ တောင်းဆိုထားတာမျိုး ဆိုရင်တော့_ _ _”

 

ယန်ရှစ်ရွှမ်းက လှောင်သည်။

 

“ဟွန့် အဲဒီသူက ရွာသူကြီးတစ်ယောက်။ ဒါပေမဲ့ လောကတစ်ခုလုံးကို ထိန်းသိမ်းချင်တာမျိုးဆို ဖြစ်နိုင်ပါဦးမလား”

 

တာအိုဆရာသခင်မာက မျက်တောင်ကို တစ်ချက်ခတ်လိုက်ပြီး ရုတ်တရက် ယန်ရှစ်ရွှမ်း ပြောသော စကားက ဖြစ်နိုင်ချေရှိသည်ဟု ခံစားလိုက်ရသည်။

 

“ဒါပေမဲ့ အသံကို ကြားလိုက်ရပြီဆိုကတည်းက ဆိုးယုတ်တဲ့အရာရဲ့ သက်ရောက်မှုကို ခံလိုက်ရပြီလို့တော့ သတ်မှတ်လို့်ရတယ်။ နောက်ရက် အနည်းငယ်အတွင်း ဒေါသမထွက်အောင် ထိန်းနေ။ ဆန္ဒပြည့်သွားတဲ့ သူတွေကတော့ နောက်ပိုင်းကာလအတောအတွင်း ကံဆိုးလောက်တယ်။ ဘာပဲဖြစ်ဖြစ် ဆိုးယုတ်တဲ့အရာက သူ့ရဲ့ကိုယ်ပိုင်စွမ်းအင်ကို သုံးပြီး အခြားသူရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမှာ မဟုတ်ဘူးလေ။ ဒီအတိုင်း တောင်းဆိုမှုပြုလိုက်တဲ့လူတွေရဲ့ အနာဂတ်က ကံကောင်းမှုကိုလှမ်းယူပြီး အခု အသုံးပြုလိုက်ရုံပဲ။

 

တာအိုဆရာသခင်မာက တုန့်ဆိုင်းမှုမှတဆင့် စိုးရိမ်မှုကို မြင်လိုက်ရချိန်တွင် ယန်ရှစ်ရွှမ်းက ထပ်ပြောသည်။

 

“ငါ အချိန်တစ်ခုယူပြီး တိုက်ရိုက်ထုတ်လွှင့်မှု လုပ်လို့ အဲဒီကြည့်ရှုသူတွေရဲ့ ကိုယ်ပေါ်မှာ ကျန်ရစ်တဲ့ အကြွင်းအကျန် အညစ်အကြေးတွေကို ဖယ်ရှားပစ်လိုက်မယ်။ နောက်ပြီး ဆိုးယုတ်တဲ့အရာတွေကို ကူညီပြီး ဆေးကြောသန့်စင်ပေးလိုက်မယ်။ သက်ရောက်မှုက ပြဿနာမရှိနိုင်ဘူး”

 

ယန်ရှစ်ရွှမ်း၏ လေသံက တည်ငြိမ်သည်။ သူသည် သူ၏အရှေ့တွင် မဖြေရှင်းနိုင်သော အရာမရှိသလိုမျိုး သူ၏ အရှိန်အဝါအရ လူတိုင်းကို စိတ်အေးသွားစေသည်။

 

ထိုစကားကို ကြားပြီးနောက် တာအိုဆရာသခင်မာက စိတ်အေးစွာနှင့် နောက်ဆုံးတွင် ခေါင်းညိတ်သည်။ ဂျူနီယာညီလေးယန် ဒုက္ခများသွားပြီဟုပင် ပြောသွားသေး၏။

 

တာအိုဆရာသခင်မာ၏ ဖုန်းခေါ်မှုက သူ့ထံရောက်ရှိလာခဲ့သည်မှာ ယန်ရှစ်ရွှမ်းအား တောင်နတ်ဘုရားသည် ဝံပုလွေရိုင်းတောင်ထိပ်မှ အကာအကွယ်လွှာကို သူပြောသည့်အတိုင်း ဖယ်ရှားပေးလိုက်ကြောင်း သိသာထင်ရှားစေခဲ့သည်။

 

သည်းထန်သောမိုးက တဖြည်းဖြည်းချင်း လျော့ပါးလာသလို သာမာန်မိုးအဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်ကလည်း စတင်ပြီး ဖြူလာသည်။

 

ထိုအချိန်တွင် တောင်ဘုရားကျောင်းသို့ ကားဖြင့်လာသော ဧည့်သည်များက ဒီနေရာမှ ထွက်သွားနိုင်နေပြီ ဖြစ်သည်။ လိုင်းကလည်း ပြန်ကောင်းလာ၏။ ယန်ရှစ်ရွှမ်းက ကျန်းဝူပင်းကို ချက်ချင်းခေါ်လိုက်သည်။ ထိုအချိန်တွင် အချိန်တစ်ခုသာ စောင့်ရသည်။ ထို့နောက် ယခင်က ခေါ်၍ မရသော ကျန်းဝူပင်း၏ ဖုန်းကို ချိတ်ဆက်မိသွားသည်။

 

“အန်း အန်း အန်းအန်းနန်ယွမ်လား”

 

ကျန်းဝူပင်း၏အသံထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

 

သူသည် ယခုလေးတင် ခပ်ကြမ်းကြမ်း လေ့ကျင့်မှုများ လုပ်ခဲ့ပြီးခြင်း ဖြစ်လောက်သည်။ ပြောလာသော အသံထဲတွင်ပင် ပြင်းထန်သော အသက်ရှူသံကပင် ပါဝင်နေသည်။

 

သို့သော် သိပ်မကြာခင် ကျန်းဝူပင်းက အသိပြန်ဝင်သွားသည်။ သူသည် ချက်ချင်းဆိုသလို ဖုန်းကို ကိုင်ပြီး ပြေလာ၏။ သူသည် လိုင်းက နောက်တစ်စက္ကန့်တွင် ပြတ်တောက်သွားမည့် အခြေအနေကို စိုးရိမ်သည်အလား ထင်ရသည်။

97 03

“မင်း ဘယ်မှာလဲ အန်းနန်ယွမ်။ အားလုံး အဲဒီမှာ ရှိလား။အားလုံး လုံခြုံကြလား။ ယန်ကောက မင်းနဲ့ရှိတယ် ဆိုကတည်းက ပြဿနာမရှိနိုင်ဘူး။ ငါ ငါ မင်းတို့အားလုံးကို ဆက်သွယ်လို့ မရဘူး။ ငါ သေအောင် ကြောက်နေတာ။ ဒါပေမဲ့ ယန်ကောက မင်းတို့နဲ့ တောင်ပေါ်အတူပါသွားတဲ့အတွက် စိတ်အေးပါတယ်။ ငါပြောတာ နားထောင်ဦး။ မင်းတို့တွေ ဝံပုလွေရိုင်းတောင်ထိပ်ကို မသွားဦး။ ဝံပုလွေရိုင်းတောင်ထိပ်ကနေ ဝေးရာကို  အမြန်မောင်းသွားတော့။ ကြည့်ရတာ ဒီနေရာက ရွာသားတွေအားလုံး သေကုန်ပြီ ထင်တယ်။ ဒီနေရာမှာ သက်ရှိတွေ မရှိတော့ဘူး။ နောက်ပြီး ဘယ်သူ့ကိုမှ မယုံကြည်နဲ့”

 

“တိတ်တော့”

 

ယန်ရှစ်ရွှမ်းသည် ကျန်းဝူပင်း၏ စကားများအား အချိန်တစ်ခုကြာအောင် နားထောင်နေခဲ့သည်။ သူ၏အသံဟာ တိုးပြီး သံလိုက်လို ဆွဲဆောင်မှုရှိသည်။ အင်အားကြီးမားလွန်းသဖြင့် အလိုလို စိတ်အေးစေသည်။ ထို့နောက် တည်ငြိမ်စွာ ပြောလိုက်၏။

 

“ငါက ယန်ရှစ်ရွှမ်း”

 

ကျန်းဝူပင်း၏ အချိန်ကို အတိုက်အခံ လုပ်ရင်း အသည်းအသန်ပြောနေခဲ့သော စကားက ရုတ်တရက် တစ်စက္ကန့်ခန့်သာ တိတ်ကျသွားသည်။ ထို့နောက် ကျန်းဝူပင်း၏ အသားကုန် အံ့အားတကြီး အော်ဟစ်လိုက်သည့်အသံက ပေါ်ထွက်လာသည်။ ထိုအသံထဲတွင် မျက်ရည်များ ပြည့်နှက်နေသော အသံကြီးလည်း ပါသည်။

 

“ယန်ကော”

 

ယန်ရှစ်ရွှမ်းသည်လည်း ရွံရှာသော မျက်နှာထားမျိုး ဖြစ်သွားသည်။ သို့သော် သူ၏မျက်လုံးထဲတွင်မူ အပြုံးက ရှိနေသည်။

 

“အင်း ငါပဲ”

 

ကလေးတစ်ယောက်က မရင်းနှီး မကျွမ်းဝင်သော နေရာတွင် ကြောက်လန့်တကြား လမ်းလျှောက်နေခဲ့ရသလိုမျိုး_ _ _သူသည် ကြောက်လန့်သောကြောင့် တုန်ယင်ခဲ့သော်လည်း မည်သူ့ထံမှ ပြေးစရာနယ်မြေ မရှိချေ။ ထို့ကြောင့် အံကို ကြိတ်ထားရသည်။ နဂိုက လွပ်လပ်ပေါ့ပါးစွာ သွားလာခဲ့သော ဖြစ်စဉ်အတောအတွင်း မိဘများကို ရုတ်တရက် ပြန်ရှာတွေ့ပြီး ပုန်းကွယ်ရန် နေရာတစ်ခုကို ရှာတွေ့လိုက်သလိုမျိုး ပြောင်းလဲသွားလိုက်ခြင်း ဖြစ်သည်။

 

ကျန်းဝူပင်းအနေဖြင့် တစ်ချိန်လုံး သည်းခံလာသည့် ကြောက်လန့်မှုနှင့် အထီးကျန်မှုများအားလုံးက သည်းမခံနိုင်လောက်အောင် ဖြစ်လာသည်။

 

ထို့ကြောင့် အရာအားလုံးဟာ မျက်ရည်အဖြစ် ပြောင်းလဲသွားပြီး သူ၏နှလုံးသားထဲတွင် မည်သူ့ကိုမှ မဖော်ပြနိုင်ခဲ့သည့် အရာအားလုံးက အငြိုးတရားများ၊ ကြောက်လန့်မှုများအသွင်မှ ပေါ်ထွက်လာသည်။

 

“ယန်ကော  တကယ်ပဲ ယန်ကောပဲ ဝူး ဝူး ယန်ကော ယန်ကော ဘယ်နေရာမှာလဲ။ ယန်ကော ဒီနေရာမှာလား ငါ ကြောက်လို့ သေတော့မယ်။ ဒီနေရာမှာ သရဲတွေ လူသေတွေနဲ့ ပြည့်နေတာ ဝူး ဝူး ကြောက်ဖို့ ကောင်းတာပဲ”

 

သူသည် ယန်ရှစ်ရွှမ်းကို အမှန်တကယ် မမြင်ရသေးသော်လည်း ရင်းနှီးကျွမ်းဝင်သော အသံကို ကြားလိုက်ရရုံဖြင့် မငိုမိအောင် မထိန်းနိုင်တော့ချေ။

 

ယန်ရှစ်ရွှမ်း၏ မေးခွန်းထုတ်မှုအောက်တွင် ကျန်းဝူပင်း၏ တရှုံ့ရှုံ့ ငိုသံများအားလုံးကို ပြောပြသည်။

 

အစပိုင်းတွင် ယန်ရှစ်ရွှမ်းထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး နောက်ဘက်မှယာဉ်က ပျောက်သွားကြောင်း သိခဲ့ရချိန်တွင် ကျန်းဝူပင်းက ဒါရိုက်တာ၏ကားကို အရှေ့မှ လမ်းပြပေး၍ တောင်နှစ်တောင်ကြားမှ ကျဉ်းမြောင်းသော လမ်းကို ဖြတ်၍ရသည့် နေရာမျိုးတွင် လမ်းဘေးနားတွင် ကားကို ရပ်လိုက်သည်။ အလျင်းသင့်စေရန် အလို့ငှာ ကားထဲမှထွက်ပြီး နောက်ဘက်ကားသို့ ထီးတစ်ချောင်းတည်းနှင့် အပြေးလာခဲ့သည်။

 

သို့သော် မမျှော်လင့်ထားစွာပင် ထိုအချိန်မှစတင်ပြီး ကျန်းဝူပင်း ဆုံတွေ့သောက ယန်ရှစ်ရွှမ်း မဟုတ်တော့ဘဲ ဆိုးယုတ်သော အရာက ရုပ်ဖျက်ထားသည့် ယန်ရှစ်ရွှမ်း ဖြစ်နေသည်။

 

ယန်ရှစ်ရွှမ်းကို အပြည့်အဝ ယုံကြည်လွန်းသော ကျန်းဝူပင်းသည် တစ်စုံတစ်ရာဟာ မှားယွင်းကြောင်းသိပြီး ခရီးစဉ်တောက်လျောက် ခပ်တိုးတိုး ရေရွတ်နေခဲ့မိသော်လည်း ယန်ရှစ်ရွှမ်းနှင့်အတူ နေထိုင်ရန်အတွက် ရွာသား၏ အိမ်သို့ လိုက်သွားခဲ့သေးသည်။

 

သို့ရာတွင် တစ်နှစ်ပတ်လုံး သရဲများနှင့် ကြုံတွေ့ခဲ့ဖူးသော အတွေ့အကြုံအရ ကျန်းဝူပင်းသည် အနားရှိလူများဟာ လူသားများ မဟုတ်ကြောင်း သိလိုက်သည်။

 

ထို့နေ့က တစ်ညနေခဲ့ရသည့် ရွာသား၏ အိမ်တွင် အဖြူအမည်း ဓာတ်ပုံများက ပြည့်နှက်နေသည်။ ပြက္ခဒိန်ကလည်း လွန်ခဲ့သော ၁၀နှစ်ကျော်ခန့်က နွေရာသီကို ဖော်ပြနေသည်။ ထို့အပြင် အိမ်ထဲတွင် ပြင်းထန်လွန်းသော အောက်သိုးသိုး ရနံ့များကလည်း ရှိနေသေး၏။ အိမ်ထောင့်နားတွင်ရှိသော တိုင်များကလည်း ယိုင်နဲ့ကာ ပေါက်နေသည်။မည်သူကမှလည်း ပြန်မပြင်ထားကြောင်း ဖော်ပြနေသည်။

 

ကျန်းဝူပင်းသည် ဓာတ်ပုံထဲမှ ရွာသားများက လှုပ်ရှားနိုင်ကြောင်း မြင်ချိန်တွင် အလွန်ကြောက်လန့်သွားပြီး ဆံပင်များပင် ဖြူကာ ချွေးစေးပျံမတတ် ဖြစ်သွားသည်။ သူသည် နောက်သို့လှည့်ပြီး အနီးအနားရှိ ဧည့်သည်များထံမှ လွတ်မြောက်အောင် ပြေးသည်။ ထိုသို့ဖြင့် သူ၏ ရှင်သန်လိုစိတ်အရ ခံစားမိသည့်  မျက်နှာချင်းဆိုင်ဘက်သို့ အပြေးလာခဲ့ခြင်း ဖြစ်သည်။

97 04

သူ၏ ထူးခြားသော ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် ကျန်းဝူပင်းသည် ငယ်ရွယ်သော အချိန်ကတည်းက သရဲများနှင့် မကြာခဏ တွေ့တတ်သည်။ ဆိုးယုတ်သော အရာများက သူ့ထံ လာတတ်၏။ သူသည် တက္ကသိုလ်အဆောင်တွင် ယန်ရှစ်ရွှမ်းနှင့် မတွေ့ခင်အထိ သူ၏မိဘများက ဟိုင်ရန်ဂူဘုရားကျောင်းမှ ဘုန်းတော်ကြီးများကလည်း သူဆီ မကြာခဏလာကာ ဆုတောင်းမှုများ ပြုပေးတတ်၏။ တစ်ဖက်သူသည် လူများကို တည်ငြိမ်အောင် လုပ်ပေးနိုင်သည်၊ အပနှင်နိုင်သည်။ သို့သော် ကျန်းဝူပင်းသည် မကြာခဏဆိုသလို သရဲများနှင့် ဆုံတွေ့ ခဲ့ခြင်း ဖြစ်သည်။ သူ၏အသက်ကို ကယ်တင်ရန် အလို့ငှာ ကျန်းဝူပင်းက ထွက်ပြေးရာတွင် အလွန်ကျွမ်းကျင်သော စွမ်းအင်မျိုးကို ရရှိလာသလို သေချင်ယောင် ဆောင်ရာတွင်လည်း ကျွမ်းကျင်လာသည်။ ထိုနည်းအားဖြင့် သရဲများ၏ လိုက်ဖမ်းမှုများ ရှင်သန်ခဲ့ခြင်း ဖြစ်သည်။

 

ထို့ကြောင့် ထိုတစ်ခဏတွင် ဧည့်သည်များနှင့် ယန်ရှစ်ရွှမ်း မဟုတ်သော ယန်ရှစ်ရွှမ်းသည်ပင် ထွက်ပြေးသွားသော ကျန်းဝူပင်း၏ အနောက်သို့ အမှီ မလိုက်နိုင်ခဲ့ချေ။ သူတို့က ပြေးလိုက်ချိန်တွင် ကျန်းဝူပင်းက သဲလွန်စပင် မရှိဘဲ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

 

ရွာသားများ၏ အိမ်မှ လွတ်မြောက်ခဲ့ပြီးနောက် အထိတ်တလန့် ဖြစ်နေသော ကျန်းဝူပင်းက ရွာထဲမှ လမ်းငယ်လေးတစ်ခုတည်းသို့ ကွေ့ဝင်လိုက်သည်။

 

သူသည် ထိတ်လန့်စွာနှင့် ရှာတွေ့လိုက်ရသည်မှာ သူနေခဲ့သော ရွာသား၏အိမ်ကသာ ပြိုလဲကျလုနီးပါး မဟုတ်ပဲ ရွာထဲရှိ အိမ်တိုင်းက ပြိုလဲကျပြီး ပေါင်းပင်များဖြင့်ပင် ပြိုလဲကျနေကြောင်း တွေ့လိုက်ရသည်။ ထိုနေရာတွင် မည်သူကမှ မနေသည်မှာ ၁၀နှစ်ကျော်နီးပါး ရှိသလိုမျိုး မှင်သက်ဖွယ်ကောင်းလောက်အောင် အိုဟောင်းနေခဲ့၏။

 

သူ့ကို လိုက်ဖမ်းမည့် ထိုအရာများကို ရှာမတွေ့နိုင်ရန် အလို့ငှာ ကျန်းဝူပင်းသည် ဘာကိုမှ မတွေးတောနိုင်ပဲ အနီးဆုံးအိမ်ထဲသို့ ပြေးဝင်ပြီး စားပွဲအောက်တွင် ပုန်းကာ ပါးစပ်ကို အုပ်လျက် အသံမထွက်အောင် ပိတ်ထားရသည်။ ထိုနည်းဖြင့် ထိုအရာများက ခပ်မြန်မြန် ထွက်သွားရန် မျှော်လင့်နေခဲ့၏။

 

အစွန်းအထင်းများ ပြည့်နှက်နေပြီး ပြုတ်ကျလုနီးပါး အိုဟောင်းနေသော ပြတင်းပေါက်မှတဆင့် ကျန်းဝူပင်းသည်လည်း ဧည့်သည်များနှင့် ယန်ရှစ်ရွှမ်း အယောင်ဆောင်ထားခဲ့သော ထိုအရာများ၏ ခြောက်ခြားဖွယ်ကောင်းသော ပုံအစစ်အမှန်ကို တွေ့လိုက်ရသည်။ သူတို့သည် စာခြောက်ရုပ်များ ဖြစ်နေ၏။ ထိုစာခြောက်ရုပ်များ၏ ခေါင်းများက ပိုက်ဆံစက္ကူဖြူများနှင့် ပြည့်နှက်နေသည်။သူတို့၏ မျက်နှာတွင်လည်း မျက်နှာသွင်ပြင်ပေါ်အောင် ရေးခြယ်ထားသော အနီအမဲဆေးရောင်များက ပြည့်နှက်နေသည်။ စာခြောက်ရုပ်သည် အနီရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ရွာလမ်းတွင် မိုးမုန်တိုင်းကို အံတူကာ ဆက်လျှောက်နေကြ၏။ သူတို့က ခေါင်းကိုလှည့်ချိန်၌ သူ၏ပိုက်ဆံစက္ကူမျက်နှာကြီးက တောင့်တင်းစွာနှင့် လှည့်လာလေ့ရှိသည်။ ထိုသို့ဖြင့် ထွက်ပြေးသော ကျန်းဝူပင်း၏ တည်ရှိမှုကို နေရာတိုင်းတွင် လိုက်ရှာမိနေခဲ့သည်။

 

သူတို့က လှမ်းသော ခြေလှမ်းတိုင်းတွင် အဝတ်များမှ အနီရောင်သွေးစက်များက စီးကျလာပြီး လမ်းတစ်လျှောက်လံးကို ညစ်ပတ်သွားစေသည်။

 

ကျန်းဝူပင်းက ထိုမြင်ကွင်းကို အံ့အားတကြီး ဖြစ်သွားပြီး မျက်လုံးပြူးကျယ်စွာနှင့် ကြည့်ပြီး ကြောက်လန့်မှုကြောင့် တုန်ယင်နေမိသည်။ သူသည် ငိုလုနီးပါး ဖြစ်လာ၏။ သို့သော် မငိုရဲပါချေ။ သူသည် ပါးစပ်ကိုသာ စိတ်ပျက်အားငယ်စွာ အုပ်ပြီး စားပွဲအောက်တွင် ပုန်းနေရသည်။ လှုပ်ပင် မလှုပ်ရှားရဲချေ။ ထို့အပြင် သူက အသံထွက်လိုက်ပါက အိမ်အပြင်ဘက်က စာခြောက်ရုပ်က အာရုံစိုက် လာနိုင်သေးသည်။

 

စာခြောက်ရုပ် တစ်ရုပ်က ပြတင်းပေါက်နားသို့ တဖြည်းဖြည်းချင်းစီ လာသည်။ သူ၏ ပိုက်ဆံစက္ကူ မျက်နှာကြီးက မှန်ကိုကပ်ပြီး အတွင်းဘက်သို့ ဟောင်းလောင်းပေါက်ဖြစ်နေသော အနက်ရောင် မျက်လုံးကြီးများဖြင့်  ချောင်းကြည့်သေးသည်။

 

မဲမှောင်သော အိမ်ကို အသက်မဲ့သော မျက်လုံးများဖြင့် ရှာပြီးချိန်တွင် စာခြောက်ရုပ်ဟာ ဘာကိုမှ မတွေ့ရသဖြင့် ရွာလမ်းဘက်သို့ ပြန်သွားသည်။ အခြားသော စာခြောက်ရုပ်များ၏ နောက်သို့လိုက်ပြီး တဖြည်းဖြည်းချင်စီ အခြားအိမ်များသို့ သွားလေသည်။

 

ကျန်းဝူပင်းက ထွက်ခွာသွားသော စာခြောက်ရုပ်များကို တစ်ကိုယ်လုံး တုန်ယင်သော ခန္ဓာကိုယ်ဖြင့် ကြည့်နေမိသည်။ အချိန်အတော်ကြာမှသာ သူက ပါးစပ်ကို အုပ်ထားသောလက်ကို ဖယ်လိုက်သည်။ သူက စိတ်အေးသွားသလို အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖုန်များတက်နေသည့် စားပွဲအောက်တွင် ပြိုလဲကျသွားသည်။

 

သို့သော်  ရုတ်တရက် ကျန်းဝူပင်းက တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သိလိုက်ပြန်သည်။

 

******