Ch 98
Viewers 6k

98 01

အပိုင်း(၉၈)

 

သူသည် သူ၏နှစ်ပေါင်းများစွာ သရဲများနှင့် တွေ့ကြုံခဲ့ဖူးသော အတွေ့အကြုံများအရ သူ၏အနီးအနားဝန်းကျင်တွင် သူ့ကို တစ်စုံတစ်ရာဟာ သူ့ကို စောင့်ကြည့်နေကြောင်း မှားယွင်းသည့် ခံစားချက်ကို ရလိုက်သည်။

 

ကြောက်လွန်းသဖြင့် ဘောလုံးတစ်လုံးလို ကွေးနေသော ကျန်းဝူပင်းက ခေါင်းကို တုန်ယင်စွာဖြင့် လှည့်လိုက်သည်အခါ ကလစ်ဆိုသော အသံများကပင် ထွက်လာသေးသည်။ ထို့ကြောင့် တဖြည်းဖြည်းချင်း ခေါင်းကို စက်ရုပ်လို ဘေးဘက်သို့ လှည့်ပြီး တစ်စုံတစ်ရာကို ရှင်းရှင်းလင်းလင်း မြင်ရရန် ကြိုးစားလိုက်သည်။

 

အနားမှာ ဘာရှိနေတာလဲ။

 

ထို့နောက် သူနှင့် မဝေးသောနေရာ၊ ပြတင်းပေါက်အလင်း မဝင်ရောက်နိုင်သော တစ်နေရာတွင် မီးသွေးတုံးလို မဲတူးနေသော အမျိုးသားတစ်ယောက်ကို မြင်လိုက်ရသည်။ တစ်ဖက်သူသည် မျက်လုံးကို မှိတ်လိုက်ချိန်တွင် ဟောင်းလောင်းပေါက်ဖြစ်နေသော ကျန်ရစ်လောက်သော ပုံစံမျိုးဖြင့် သူ့အား တိတ်တဆိတ် ပြင်းပြင်းပြပြ ကြည့်နေသည်။

 

ကျန်းဝူပင်း “!!!”

 

ရုတ်တရက် ထိတ်လန့်သွားသော ကျန်းဝူပင်းက မထိန်းချုပ်နိုင်ဘဲ အော်ဟစ်လိုက်သည်။ သတိလက်လွတ် မတ်တပ် ထရပ်ပြီး ထွက်ပြေးချင်ခဲ့သည်။ သို့သော် သူ၏ခေါင်းက စားပွဲခုံနှင့် ရိုက်မိပြီး ကျယ်လောင်စွာ ဝုန်းကနဲအသံက ထွက်လာကာ နာကျင်စွာ အော်မိစေသည်။ မူးဝေသွားသော်လည်း စားပွဲအောက်မှ သူ၏လက်နှင့် ဒူးခေါင်းများကို သုံးပြီး ကုန်းကာ ထွက်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို အပြင်ဘက်ရှိ စာခြောက်ရုပ်များကိုပင် ဂရုမစိုက်နိုင်တော့ပဲ အိမ်အပြင်ဘက်သို့ ထွက်လိုက်သည်။

 

ကျန်းဝူပင်း၏ အော်သံက စာခြောက်ရုပ်များကို ဆွဲဆောင်လိုက်သည်။ တစ်ချိန်တည်းတွင်ပင် မဲတူးနေသည့် မီးသွေးတုံးလို အလောင်းကြီးက အိမ်ထဲမှ ထွက်လာပြီး ကျန်းဝူပင်း၏ အနောက်သို့ လိုက်သည်။

 

သူသည် သူ၏နှလုံးသားနှင့် အဆုတ်များက ဆက်တိုက် လှုပ်ခါနေသောကြောင့် ပေါက်ကွဲမတတ် နာကျင်နေသည့်တိုင်အောင် မရပ်တန့်ရဲချေ။ အကြောက်လွန် သွားသောကြောင့် သူသည် ရှေ့သို့သာ ရူးသွပ်စွာ ပြေးနိုင်သည်။ သူသည် ဦးတည်ရာကိုပင် မဝေခွဲနိုင်တော့ချေ။ နောက်ဘက်မှလိုက်နေသော အရာများက အမှန်တကယ် ဆက်ရှိသေးခြင်း ရှိမရှိကိုပင် မသိနိုင်တော့ချေ။

 

သူသည် သူ၏ယန်ကောကဲ့သို့ အပနှင်ကာ သရဲမဖမ်းနိုင်သလို သူ၏ယန်ကောနည်းတူ အနည်းငယ် ထိရုံဖြင့် အမှန်တရားကို ပြောနိုင်စွမ်းရည်လည်း မရှိချေ။ ထို့ကြောင့် ယန်ကောနည်းတူ အမြဲတစေ အကျိုးအကြောင်းကျကျ တွေးတောလျက် တည်ငြိမ်စွာ နေနိုင်စွမ်းရည်လည်း မရှိပါချေ။

 

အထိတ်တလန့် ဖြစ်နေသောကြောင့် ရှင်သန်ရန်အလို့ငှာ ရူးသွပ်စွာသာ ပြေးနိုင်နေလေသည်။

 

ငါ သေလို့ မရဘူး။ ငါ့ရဲ့အဖိုးတန်တဲ့ အသက်ကို ဒီလိုသရဲတွေကို  ယူခွင့်မပေးနိုင်ပါဘူး။

 

သူသည် သူ၏ယန်ကောကို ပြန်တွေ့ရဦးမည် ဖြစ်သည်။ သူ၏ နာမည်ကျော် ဒါရိုက်တာဖြစ်လိုသည့် ဆန္ဒကလည်း မပြီးမြောက်သေးပေ။ ထို့အပြင် သူ၏အဖေရှေ့တွင်လည်း သူ၏ လုပ်ဆောင်မှုများကို ပစ်ပေါက်ပြီး သူ၏အိပ်မက်က အတုအယောင် မဟုတ်ကြောင်း၊ ဒီနေရာတွင် မရပ်တန့်နိုင်ကြောင်း မပြောရသေးချေ။

 

ကျန်းဝူပင်းက ပြင်းထန်သော မိုးအကြားတွင် ယုံကြည်မှု အပြည့်နှင့် ရူးသွပ်စွာ ဆက်ပြေးနေခဲ့သည်။

 

ကျန်းဝူပင်းသည် နောက်ထပ် တောင့်မခံနိုင်တော့သလို ခြေထောက်များက ခွေယိုင်သွားသောအခါ မြေပြင်ပေါ်သို့ လဲကျသွားသည့် အခိုက်အတန့်တွင် နောက်မှ လိုက်သည့်အရာများက မည်သည့်အချိန်ကမှန်းမသိ နောက်တွင် ပြတ်ကျန်ရစ်ခဲ့ကြောင်း သိလိုက်သည်။ သူသည် ရွာထဲမှပင် ပြေးထွက်ပြီးလေပြီ။

 

သူသည် ခေါင်းကို ကြောက်လန့်အားဖြင့် လှည့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။ ထိုအခါ ရွာပေါင်းများစွာသို့ သွား၍ရသည့် လမ်းဆုံအစွန်းနားတစ်နေရာသို့ ရောက်နေကြောင်း တွေ့လိုက်၏။ ထို့အပြင် သိပ်မဝေးသော နေရာတွင် အိုဟောင်းနေသော အိမ်များကိုပင် မြင်နေရသည်။ သူ၏အနောက်ဘက်တွင် အိုဟောင်းနေသော ဂူဘုရားကျောင်းတစ်ခု ရှိသည်။ ဘုရားကျောင်း၏ အပေါက်ဘက်ရှိ ဆိုင်းဘုတ်ကဲ့သို့ ဘုတ်ပြားကြီးကို ပင့်ကူအိမ်များက တွယ်တက်နေပြီး လေဒဏ်၊နေဒဏ်အောက်တွင် ဖျော့တော့နေသည်။

 

ကျန်းဝူပင်းက မျက်လုံးကို မှေးကျင်းကာ ကြည့်လိုက်သောအခါ အပေါ်ဘက်တွင် ရေသားထားသည့် တောင်ဘုရားကျောင်းဆိုသော စကားကို တွေ့လိုက်ရသည်။

 

ဘုရားကျောင်းဆိုကတည်း ထိုအရာများက မဝင်နိုင်ချေ။ မည်သို့ပင်ဆိုစေ ထိုအထဲတွင် နတ်ဘုရား ရှိပေလိမ့်မည်။

 

ကျန်းဝူပင်းက ထိုသို့တွေးလိုက်သည်။ ထိုသို့ဖြင့် သူ၏ ခေါက်ဆွဲများလို ပျော့ခွေနေသော ခြေထောက်များကို အတတ်နိုင်ဆုံး ထိန်းပြီး တုန်ယင်စွာနှင့် ဘုရားကျောင်းထဲသို့ ဝင်လိုက်သည်။

 

ထိုဘုရားကျောင်းသည် အလွန်အိုဟောင်းနေသည်။ ကျန်းဝူပင်း ယခင်က မြင်ခဲ့ဖူးသော ဘုရားကျောင်းပေါင်း များစွာနှင့် ခြားနားသည်။ ထိုဘုရားကျောင်းသည် ဖုန်များတက်နေပြီး ပစ္စည်းများကလည်း ပျက်စီးနေ၏။ တစ်စုံတစ်ရာက ဒေါသတကြီး ရိုက်ခွဲထားသလိုပင် ထင်ရသေး၏။

98 02

အဖိုးတန်ပစ္စည်းများစွာက ဖျက်စီးခံလိုက်ရလေရာ အရာအားလုံးကိုလည်း သယ်ထုတ်ခံရပြီးလောက်လေပြီ။ ထို့ကြောင့် မြေသားဖြင့်လုပ်ထားသော ပုလ္လင်ကဲ့သို့ စင်လေးတစ်ခုသာ ကျန်ရစ်ခဲ့သည်။ နတ်ဘုရား၏ မြင့်မားလွန်းသော ရုပ်ထုကြီးလည်း မရှိပေ။ ထို့အစား သစ်သားဖြင့်လုပ်ထားသော ရုပ်ထုကြီးက မြေပြင်ပေါ်တွင် ပြုတ်ကျပြီး ဖုန်များပင် တက်နေသေးသည်။

 

အဓိကခန်းမ၏ အမိုးက နှစ်ပေါင်းများစွာ ထိန်းသိမ်းမှုကြောင့် ပျက်ယွင်းသောကြောင့် ပြိုကျနေသည်။ သည်းထန်သော မိုးက အပေါက်များမှတဆင့် ဖြတ်စီးလာသည်။ လေအေးများကလည်း စိမ့်ဝင်လာသေး၏။ လေဒဏ်မိုးဒဏ်အောက်တွင် ခိုးကိုးရာကို ရှာလိုသော ကျန်းဝူပင်းက အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော် သိပ်မကြာခင် ကိုယ့်ကိုယ်ကို အားပေးလိုက်ပြန်သည်။

 

ထိုအရာများက သူ့အနောက်သို့ မလိုက်နိုင်သမျှ အဆင်ပြေသည်။ သူဟာ လောဘမကြီးချေ။ သူသည် အသက်ရှင်နိုင်သမျှ ၍လည်း အအေးမိ၍လည်း ရသည်။

 

ထိုအချက်အပြင် တောင်နတ်ဘုရားကိုယ်တိုင်က ခက်ခဲသော အချိန်ကို ကြုံတွေ့ခံစားနေရလေသည်။ သူကိုယ်တိုင်ကပင် သနားစရာ ကောင်းသေးသည်။

 

ထို့ကြောင့် ကျန်းဝူပင်းက မြေပြင်ပေါ်သို့ ပြုတ်ကျနေသည့် ရုပ်ထုလေးကို ကြည့်လိုက်ပြီး သည်းမခံနိုင်တော့ချေ။ သူက ငုံ့ကိုင်းလိုက်ပြီး ရုပ်ထုလေးကို ကောက်ယူကာ ပုလ္လင်ပေါ်သို့ ပြန်တင်ပေးရုံသာ မကသေးလေပဲ သူ၏ရေစိုနေသော အဝတ်များဖြင့်ပင် အပေါ်မှ ဖုန်များကို သုတ်ဖယ်ရှားပေးလိုက်သည်။

 

သူ၏အဝတ်များက ညစ်ပတ်ပြီးသား ဖြစ်သည်။ ထိုရုပ်ထုလေးက သန့်ရှင်းသွားမည်ဆိုလျှင် ပို၍ကောင်းပေလိမ့်မည်။

 

အမြဲတစေ တစ္ဆေသရဲများနှင့် ကြုံတွေ့ရပြီးသား၊ တာအိုဆရာသခင်များနှင့် ယန်ကောက ထပ်ခါတလဲလဲ ခံထားရသော ကျန်းဝူပင်းသည် တစ္ဆေသရဲများထံမှ သူ့ကို ကာကွယ်ပေးကာ သူ့ကို ကယ်တင်ပေးနိုင်မည့် နတ်ဘုရားကို အလွန်ယုံကြည်ကာ ကျေးဇူးတင်မိ၊ လေးစားမိသည်။ ထိုသို့လုပ်ပြီးနောက် ကျန်းဝူပင်းက ရုပ်ထုကို နှစ်ကြိမ်ခန့် ဂါဝရပြုကာ ဦးညွတ်လိုက်ပြီး အနီးအနားရှိ လေကွယ်သော နေရာတစ်ခုတွင် သွားရောက်အနားယူလိုက်သည်။ သူသည် အာရုံတက်ချိန်အထိ ဒီနေရာတွင် နေရပေမည်။ မည်သို့ပင်ဆိုစေ မိုးသောက်လာသောအခါ ထိုမငြိမ်းချမ်းသော အရာများက ပျောက်ကွယ်သွားပေလိမ့်မည်။

 

မိုးများစိုရွှဲနေသော ကျန်းဝူပင်းက အလွန်ကြောက်လန့်ရသော ကာလမှ လွတ်မြောက်လာခဲ့သောကြောင့် ဖြစ်သည်။ အေးသည်ဟု မခံစားရဘဲ စိတ်ကလည်း ငြိမ်းအေးလာသည်။ အနောက်ဘက် တောင်ဘုရားကျောင်းထဲသို့ ဝင်ပြီးပြီးချင်း နွေးထွေးမှုကို ခံစားလိုက်ရသေးသည်။

 

တောင်ဘုရားကျောင်းက အမှန်တကယ် အသုံးဝင်သောကြောင့်လော သို့မဟုတ် သူဟာ ရွာထဲမှ ထွက်ခဲ့သောကြောင့်လော မသေချာပေ။ သို့သော်လည်း ကျန်းဝူပင်းအနေဖြင့် အချိန်အတန်ကြာအောင် သတိကပ်ပြီး စောင့်ကြည့်နေခဲ့သည့်တိုင်အောင် ထိုအရာများ ထွက်ပေါ်လာကြောင်း မမြင်ရတော့ပါချေ။

 

ထို့ကြောင့် သူသည် နောက်ဆုံးတွင် စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်ပြီး ဖုန်းကိုထုတ်ကာ ယန်ကောကို ခေါ်သည်။ ဒီနည်းအားဖြင့် တစ်ဖက်သူက သူ့ကို လာကယ်နိုင်ရန် မျှော်လင့်မိသည်။ သို့ရာတွင် ဖုန်းတစ်ဖက်မှ အမျိုးသမီးတစ်ယောက်၏ အသံကိုသာ ကြားရသည်။

 

“လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်”

 

လက်မလျော့လိုသည့် ကျန်းဝူပင်းက ယန်ရှစ်ရွှမ်းကို ထပ်ခါတလဲလဲ ခေါ်သည်။ ဧည့်သည်နှင့် ဝန်ထမ်းများကို လည်း မည်သည့်ဖုန်းကမှ မဝင်သွားချေ။

 

ပြင်ပလောကမှ အကူအညီကို မတောင်းခံနိုင်သလို အပြင်လောကမှ အခြေအနေကို မသိရသည့် ကျန်းဝူပင်းက ဖုန်းကိုသာ တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ ထိုအတိုင်း တောင်ဘုရားကျောင်း၏ ထောင့်တစ်နေရာတွင် ကွေးပြီး အာရုံတက်ချိန်ကိုသာ ထိတ်လန့်တကြား စောင့်နေရလေသည်။

 

ကောင်းကင်က တဖြည်းဖြည်းချင်း ဖြူလာသောအချိန်တွင် ကျန်းဝူပင်းသည် ယန်ရှစ်ရွှမ်းထံမှ ဖုန်းခေါ်ဆိုမှုကို ရရှိသည်။

 

ရုတ်တရက် ကျန်းဝူပင်းက အော်ငိုပြီး ယန်ရှစ်ရွှမ်းအား သနားစရာကောင်းစွာ ပြောပြသည်။ သူသည် မိုးထဲလေထဲတွင် အမွှေးများ စိုစွတ်နေသော သနားစရာကောင်းသည့်  ခွေးတစ်ကောင်နှင့်ပင် တူနေသေးလေသည်။

 

ဖုန်းထံမှ ထွက်လာသည့် အသံကို ဖန်သားပြင်မှတဆင့် ကြားနေရသောကြောင့် ကြည့်ရှုသူများကပင် ကြောင်သွားသည်။

 

[ဘုရား‌ရေ မင်းတို့ ဖုန်းထဲကလာတဲ့ ယန်ကောလို့ ခေါ်သံကို ကြားရလား။ ငါ နားကြားမှားတာ မဟုတ်ဘူး မလား။ စာခြောက်ရုပ်တွေက ရွာထဲမှာ လူတွေကို လိုက်ဖမ်းတယ်]

98 03

[ဖာ့ခ်စာခြောက်ရုပ်တွေက ငါ့ဘဝရဲ့ အရိပ်ဆိုးတွေပဲ။ ငါ ငယ်ငယ်တုန်းက စာခြောက်ရုပ်ကို မြင်နဲ့အချိန်တိုင်း တအားကြောက်တာ။ ငါ ကြောက်လွန်းလို့ အဲဒီလူကြီးတွေ လယ်ကွင်းထဲမှာ စာခြောက်ရုပ်တွေ လိုက်ထားတာ မြင်တိုင်း တအားအော်ငိုတာ။ အဲဒီအရာကြီးက တစ်ချိန်မှာ အသက်ရှင်လာပြီး ငါ့နောက်ကို လိုက်မယ်လို့ ငါ အမြဲတမ်း ကြောက်နေခဲ့တာလေ။ အဲဒီအချိန်က ငါ့အဖေက ငါ့ကို သတ္တိမရှိတဲ့လူဆိုပြီး ဆူသေးတယ်။ အခု ငါ ဒီရှိုးကို အဖေ့ကို ပြရမယ်။ ငါ့ရဲ့အတွေးက အလကားမှ မဟုတ်တာ။ ဒီစာခြောက်ရုပ်က တကယ့်ကို အသက်ဝင်နိုင်တယ်။ သူက လူနောက်ကိုလည်း လိုက်တယ်။ ဘုရားရေ ဖုန်းထဲမှာ ယန်ကောနဲ့ ပြောနေတဲ့ တစ်ယောက်က စစ်သည်တော်ပဲ။ ငါသာဆိုရင် ဒူးထောက်ကျပြီး ပြေးနိုင်တော့မှာ မဟုတ်ဘူး]

 

[ယန်ကောက အဲဒီလူကို ရှောင်ပင်းလို့ ခေါ်တယ်ဆိုတော့ ဒီရှိုးရဲ့ဒါရိုက်တာ ကျန်းဝူပင်း ထင်တယ်။ တော်တော်လေးတော့ သနားစရာကောင်းတာပဲ။ သူက အခြားသူတွေနဲ့ ကွဲသွားပြီး သရဲတွေ ပြည့်နေတဲ့ နေရာမှာ တစ်ယောက်တည်း ရောက်နေတာ_ _ _]

 

[ဘုရားရေ ငါ တွေးကြည့်ရုံနဲ့ ကြက်သီးထာလာပြီ။ ဒီလောက်မိုးသည်းထဲမှာ ဘာကိုမှလည်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ မြေပြင်ကလည်း ရွံ့တွေနဲ့ ထူနေမှာ။ ဒီတော့ မြန်မြန်လည်း ပြေးနိုင်မှာ မဟုတ်ဘူး။ သာဆိုရင် ဒီလိုလူသေတွေ ဝိုင်းနေတဲ့အခါ_ _ _ တွေးကြည့်ရုံနဲ့ ဒါက ကြောက်စရာကောင်းနေပြီ။ ငါ ငါ့ရဲ့မှို့သွပ်ထားတဲ့ အရုပ်လေးကိုပဲ တင်းတင်းကြပ်ကြပ် ဖက်ပြီး တုန်ယင်နေမိပြီ]

 

[အဟမ်း အပေါ်ကတစ်ယောက်က အရုပ်ကို ဖက်ရဲသေးတယ်ပေါ့။ အဲဒီအရုပ်က မင်း အိပ်နေတဲ့အချိန်မှာ ရုတ်တရက် အသက်ဝင်လာပြီး စာခြောက်ရုပ်တွေလို မင်းကို ကြည့်နေမှာကို မကြောက်ဘူးလား]

 

[ဒီဒါရိုက်တာက တော်တော်လေး ကံဆိုးတာပဲ။ ငါ မှတ်မိတာ မှန်မယ်ဆိုရင် သူအရင်က ကွေ့တောင်မှာလည်း အဲဒီသွေးလွှမ်းတဲ့အရာတွေကို တွေ့ကြုံခဲ့ရသေးတယ် တူတယ်။ သူ တော်တော်လေးကို ကြောက်ခဲ့ရမှာ။ သူက ဒီတစ်ကြိမ်မှာလည်း ဒါတွေကို ထပ်တွေ့ပြန်ပြီလား။ ပိုဆိုးတာက သူက ဒါရိုက်တာအသစ်တစ်ယောက်။ သူက ဒီရှိုးကို တာဝန်ယူပြီး အပိုင်းနှစ်ပိုင်းပဲ ရိုက်ရသေးတာ။ နှစ်ပိုင်းလုံးလုံး ဒီလိုမသန့်ရှင်းတဲ့ အရာတွေကို တွေ့ရတယ်။ အိုးဟိုး ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ]

 

[ဒါပေမဲ့ ယန်ကောက ဒီနေရာမှာ ရှိနေတော့ အဆင်ပြေလောက်မှာပါ ဟုတ်တယ်မလား။  ငါတို့ အားလုံးကိုတော့ ဆက်စပ်ကြည့်လို့ မရဘူးလေ။ ယန်ကောသာ ဒီနေရာမှာ ရှိနေရင် သေချာပေါက် လုံခြုံမှာပါ။ ငါ သေချာပေါက် ယန်ကောပြောတဲ့အတိုင်းဆိုရင် အခု ဆုတောင်းလိုက်တဲ့ သူတွေထဲမှာ ငါပါတော့ အော်ငိုလုနီးပါး ကြောက်လန့်ခဲ့ရသေးတယ်။ ငါ လှုံ့ဆော်မှုဒဏ်ကို မခံနိုင်ပဲ ဆုတောင်းခဲ့မိတာလေ။ ငါ အနာဂတ်မှာ  ဘုရားကျောင်းကို သွားပါမယ်လို့ ကတိပေးပါတယ်။ အစကတော့ ငါ ဒီအတိုင်း ကွန့်မန့်ကဏ္ဍာက ဒီအကြောင်းကို ဆွေးနွေးရုံပဲ။ ဒါက ဆိုးယုတ်တဲ့အရာ ဖြစ်နိုင်မယ်လို့ ပြောချင်ခဲ့တာ။  အခုကြည့်တော့မှ ငါ သေနိုင်တယ်လို့ ထင်တယ်။ ငါ စီးကရက်တစ်ဘူးလုံး ကုန်အောင်သောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့ သေလမ်းရှာရင် ကောင်းမလား စဉ်းစားနေတယ်။ ငါ့ရဲ့ ပိုင်ဆိုင်မှုတွေကို မိသားစုအတွက် လွှဲထားပေးခဲ့မယ်လေ။ ယန်ကောက စိုးရိမ်စရာမလိုဘူးလို့ ပြောမှပဲ ဒီဆိုးယုတ်တဲ့အရာတွေကို မောင်းထုတ် နိုင်တယ်ဆိုတာကို သိလိုက်ပြီး ငါ ငိုမိတော့တယ်။ လူကြီးတစ်ယောက်က ဆိုးဆိုးရွားရွား ငိုနေတာ။ မင်းတို့တွေ ရယ်မှာကိုလည်း မကြောက်ဘူးနော်။ တကယ်တော့ ငါ့ရဲ့မိသားစုထဲက ဘယ်သူကမှလည်း ငါ့ကို ဒီလိုလုံံခြုံမှုမျိုး ပေးနိုင်တာ မဟုတ်ဘူး။ ငါ အစက အုတ်ဂျုံတွေ ပြောတာတွေကို မယုံပါဘူး။ နောက်ပြီး သရဲလိုက်တယ်ဆိုတာကိုလည်း နားမလည်ဘူး။ ငါ နားလည်သွားပြီ။ ယန်ကောက ငါ့ရဲ့အိုင်ဒေါလ်ပဲ။ ဒီနေ့ကစပြီး ငါ အုတ်ဂျုံစာပဲ စားတော့မယ်]

 

[ဟုတ်တယ် ဟုတ်တယ်။ ငါလည်း တူတူပဲ။ ငါလည်း ယန်ကော ပြောတာကို ကြားတော့ ငိုမိတာ။ ငါ အစက ငါက စာမေးပွဲအောင်ပါစေလို့ ဆုတောင်းလိုက်တာလေ။ အခုတော့ မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ ငါ အခုလေးတင် ကျောင်းက စာမေးပွဲအောင်ကြောင်း အီးမေးလ်ပို့တာကို တွေ့လိုက်ရတယ်။ အဲဒီအချိန်က ငါက ရူးသလိုလို ပျော်သလိုလို ငိုသလိုလို ဖြစ်ခဲ့တာ။ တစ်ချိန်တည်းမှာလည်း ကြောက်ခဲ့ရသေးတယ်။ ယန်ကောက ဖန်သားပြင်အခွဲကနေ အကြွေးတင်ထားတာကို ပြန်ပေးရမယ်လို့ပြောတော့ ငါ အိပ်ယာပေါ်မှာ လိမ့်နေတာ။ တအားကို ထိတ်လန့်ခဲ့မိတယ်။ ငါ ယန်ကောက စိုးရိမ်စရာမလိုဘူးလို့ ကြားမှာပဲ အော်ငိုမိတော့တာ]

98 04

[အိုး ဒါတွေက လူတွေကို ဒုက္ခပေးနိုင်တယ်။ ဒါပေမဲ့ ဒီလိုနည်းနဲ့ ေ တွေးကြည့်စမ်းပါဦး။ ငါတို့ တစ်ယောက်ချင်းစီတိုင်းက တကယ်လို့ လှည့်စားရလွယ်ခဲ့တာနော်။ ဘာပဲဖြစ်ဖြစ် ဒီအသံက တအားကို အကြံအစည်ကြီးတာ။ သူက ငါတို့စိတ်ထဲမှာ ရှိတာကို တိတိကျကျ ပြောနိုင်တယ်။ ဘယ်သူက ဒီလိုလှုံ့ဆော်မှုမျိုးကို မကြုံဘူးလို့လဲ။ ဒါက စိတ်ရှုပ်ထွေးပြီး တွေးမိကြတာလို့ပဲ ထင်ကြမှာပေါ့။ ဘယ်သူမဆို မလိုချင်တာ ရှိပါ့မလား။ ငါက လူတွေကို လှည့်စားပြီး အရူးလိုမျိုး အသုံးချတာတွေကို အရမ်းအထင်သေးနေကြ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ငါကိုယ်တိုင် အဲဒီလို အခြေအနေမျိုးကို ရောက်သွားတယ်။ ငါကိုယ်တိုင် ကိုယ့်ကိုယ်ကို မကာကွယ်နိုင်ဘူးဆိုတာကို သိလိုက်တယ်။ ယဲ့လန်တောင်ထိပ်က ရွာသားတွေက အဲဒီလိုပဲ ဖြစ်ခဲ့မှာပဲ။ ဒီအတိုင်း အဲဒီအချိန်က ယန်ကောမရှိလို့ ဘယ်သူကမှ သူတို့ကို အချိန်မှီ မတားနိုင်၊မကယ်နိုင်ခဲ့တာပဲ။ အဲဒီလိုနဲ့ ကပ်ဘေးဆိုက်သွားတာပေါ့]

 

[ယန်ကောက တအားချောတာနော်။ မင်းတို့တွေ ယန်ကော အခု အဲဒီစကားတွေကို ပြောသွားတဲ့အချိန်မှာ သူတို့ရဲ့မျက်နှာထားကို တွေ့လိုက်လား။ တအားလန်းတာ။ တကယ်တော့ အုတ်ဂျုံဖြစ်ရတာ ဆုံးရှုံးစရာတော့ မရှိပါဘူး]

 

ယန်ရှစ်ရွှမ်းက ကျန်းဝူပင်းပြောသော တစ်ညတာ အတွေ့အကြုံများကို ကြားပြီးနောက် မနေနိုင်ပဲ အော်ရယ်မိသည်။ ထို့နောက် လှောင်ရယ်ကာ ပြောလိုက်၏။

 

“မင်း တအားကို တက်ကြွနေတဲ့ပုံပဲ။ အခုကျတော့ ဘာလို့ ငိုပြန်တာလဲ”

 

ကျန်းဝူပင်းက တရှုံ့ရှုံ့ ငိုသည်။

 

“ယန်ကော ယန်ကော ယန်ကော မြန်မြန်လာပါ။ ငါ ကြောက်တယ်”

 

ယန်ရှစ်ရွှမ်း၏ နူတ်ခမ်းတွင် အပြုံးရှိနေသေးသည်။ သူသည် တစ်စုံတစ်ရာကို ပြောလိုက်သည်။ သို့သော် ရုတ်တရက် သူ၏ချောမောသော မျက်နှာက အပြုံးက ပျောက်ကွယ်သွားပြီး အကြည့်များက စူးရှလာသည်။

 

“ရှောင်ယိ မင်း နားမှာ တစ်ခုခု ရှိနေလား။ တစ်ခုခု မြည်နေတယ် ထင်တယ်”

 

ကျန်းဝူပင်းက ရုတ်တရက် လန့်သွားပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

 

“ဟင်”

 

ယန်ရှစ်ရွှမ်းက စိတ်ငြိမ်အောင် ထိန်းလိုက်ပြီး သူ၏အသံကို ကောင်းမွန်လွန်းသော အကြားအာရုံကို စွန့်ကာ မိုဘိုင်းလ်ဖုန်းထံမှလာနေသည့် အသံကို နားထောင်လိုက်သည်။

 

“အသံထွက်နေတယ်”

 

တစ်စုံတစ်ရာဟာ ကြမ်းတမ်းသော မျက်နှာပြင်ပေါ်တွင် တွားသွားနေသလို အသံမျိုး ဖြစ်သည်။

 

ထိုအသံထဲတွင် မိုး၏ ကျယ်လောင်သော အသံက ရောနှောနေသောကြောင့် အာရုံမခံမိလောက်အောင် တိုးသည်။ နီးသထက်နီးလာပြီး အသံက ကျယ်သထက် ကျယ်လာသောကြောင့်သာ ယန်ရှစ်ရွှမ်းကဲ့သို့ အကြားအာရုံကောင်းမွန်းလွန်းသောသူက  ဖုန်းထံမှတဆင့် ကြားလိုက်ရခြင်း ဖြစ်သည်။

 

ယန်ရှစ်ရွှမ်းက ကျန်းဝူပင်းကို ပြောသည်။

 

“အခု မင်းဆီကို တစ်ခုခုက ချဉ်းကပ်လာတာ ရှိမရှိ မင်းအနီးအနားက မြေပြင် ဒါမှမဟုတ် အမိုးပေါ်ကိုလည်း မော့ကြည့်လိုက်။ နံရံတွေပေါ်ကိုလည်း ကြည့်လို့ရတယ်”

 

ကျန်းဝူပင်းဟာ ရုတ်တရက် နာခံစွာ ဘေးဘီကို လှည့်လိုက်သည်။ သို့သော် ဖုန်များကိုသာ မြင်ရသည်။ သူသည် မည်သည့်အသံကိုမှ မကြားရချေ။ သို့သော် မေးခွန်းသင်္ကေတ အပြည့်ဖြင့် ပြန်ဖြေလိုက်လေသည်။

 

“မရှိပါဘူး။ ငါ့ရဲ့အနားမှာ ဘာမှမရှိဘူး”

 

“ခေါင်းပေါ်မှာ”

 

ယန်ရှစ်ရွှမ်းက လူအများ မျက်ကွယ်ပြုလောက်မည့် နေရာမျိုးကို ကွက်တိပြောလိုက်သည်။

 

ကျန်းဝူပင်းက သတိလက်လွတ် မော့ကြည့်လိုက်သောအခါ တောင်ဘုရားကျောင်း၏ မဲနက်နေသော မျက်နှာကျက်တွင် နဂိုက ပင့်ကူအိမ်များ ပြည့်နှက်နေသင့်ရာမှ ရုတ်တရက် ထိုနေရာ တစ်ခုလုံးနှင့် လွတ်ထွက်နေသော တစ်ကိုယ်လုံး မဲတူးနေသည့် လူတစ်ယောက်က သူ့ကို ကြည့်လျက် ရှိနေကြောင်း တွေ့လိုက်ရသည်။

 

******