Ch 99
Viewers 6k

99 01

အပိုင်း(၉၉)

 

ထိုအရာကြီးက ရုတ်တရက် ပေါ်လာသလိုမျိုး ဖြစ်သည်။

 

တစ်ချိန်လုံး ထောင့်တစ်နေရာတွင် ကြုတ်ကြုတ်လေးထိုင်ကာ စိုက်ကြည့်လိုက်သည့်အချိန်မှ ကျန်းဝူပင်းသည် သူ ရွာထဲရှိ အိုဟောင်းနေသော အိမ်ထဲအတွင်း ပုန်းအောင်းနေချိန်ကလည်း မဲတူးနေသောအရာက သူ၏အနောက်ဘက်တွင် ပုန်းပြီး သူ့ကို တိတ်တဆိတ် ကြည့်နေတတ်ကြောင်း သတိရသွားသည်။

 

သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး တုန်ယင်သော ကြောက်ရွံ့မှုအပြည့်နှင့် ဖုန်းတစ်ဖက်ခြမ်းသို့ ဖုန်းလှမ်းခေါ်လိုက်သည်။

 

“ယန် ယန် ယန်ကော အဲတာ မဲတူးနေတဲ့ အလောင်းကြီးပဲ။ တစ်ကိုယ်လုံး မဲတူးနေတဲ့ အလောင်းကြီးက မျက်နှာကျက်ပေါ် ကုန်းတက်နေတာ”

 

ကျန်းဝူပင်း၏ အသံနှင့်မျက်လုံးက အမိုးအောက်ဘက် မျက်နာကျတ်နား တင်းတင်းကြပ်ကြပ် ကပ်ကာ လှဲနေသော မဲတူးနေသော အလောင်းကို နိူးဆော်လိုက်သောကြောင့် ဖြစ်လောက်သည်။ ထိုအလောင်းက တစ်ခဏခန့် ရပ်သွားပြီး ကျန်းဝူပင်းအား သေဆုံးခြင်းစွမ်းအင်များ ရက်စက်သော မျက်လုံးများဖြင့် စိုက်ကြည့်လာသည်။ ထို့နောက် သူသည် အမိုးပေါ်သို့ တက်နေသည့်အရှိန်ကို မြင့်လိုက်ပြီး လက်နှင့်ခြေထောက်များကို အတူသုံးလျက် ပင့်ကူခြေထောက်များအလား အသုံးပြုကာ လျှင်မြန်စွာနှင့် ကျန်းဝူပင်းရှိသော နေရာသို့  လျှင်မြန်စွာ လာသည်။

 

ကျန်းဝူပင်းသည် ကြောက်လွန်းသဖြင့် ချွေးစေးများ စိုရွှဲသွားသည်။ သူ၏လက်မောင်းမှ အမွှေးများပင် ထောင်တက်သွား၏။ သူက ယန်ရှစ်ရွှမ်းအား ကြောက်လန့်သော အသံအပြည့်နှင့်အတူ အော်သည်။

 

“ယန်ကော ယန်ကော ငါ့ကိုကယ်ပါ။ အဲဒီမဲတူးနေတဲ့ အလောင်းကြီးက လာနေပြီ အား အား ”

 

အလွန်အမင်း ထိတ်လန့်နေသော ကျန်းဝူပင်းသည် သူ၏အသံကို မထိန်းနိုင်တော့ချေ။ ထိုသို့ဖြင့် ဖုန်းထဲမှ ကျယ်လောင်သော အသံက ထွက်လာသည်။ ထိုသို့ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု အခွဲဖန်သားပြင်ရှေ့တွင် ရှိသော လူများအားလုံးကလည်း ထိုအသံကို ကြားလိုက်ရသည်။

 

အလားတူ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေခဲ့သော ဒါရိုက်တာမာနှင့် ဒီစီမံကိန်းတွင် တာဝန်ယူထားရသော အရာရှိကလည်း ကြားလိုက်ရ၏။ အထူးသဖြင့် တစ်ဖက်တွင် မဲတူးနေသော အလောင်းရှိကြောင်း ကြားလိုက်ရချိန်တွင်  သူတို့၏မျက်နှာအမူအယာများက ပြောလျော့ပြီးရာမှ တဖန်ပြန်လည်ထပ်ပြီး တင်းကြပ်သွားကြသည်။ သူတို့၏ မျက်မှောင်များကလည်း လေးလေးလံလံ ကြုတ်သွားသည်။

 

စီမံကိန်းကို တာဝန်ယူထားရသော အရာရှိက တစ်ခဏခန့် တုန့်ဆိုင်းပြီးနောက် ပြောလိုက်သည်။

 

“ဒီဒါရိုက်တာပြောလိုက်တဲ့ မဲတူးနေတဲ့အလောင်း ဆိုတာက ငါ တွေးလိုက်တဲ့ အရာများ ဖြစ်နေမလား”

 

“ယဲ့လန့်တောင်ထိပ်မှာဆိုတော့ အခြားဖြစ်နိုင်ချေတော့ မရှိတော့ဘူး”

 

တာအိုဆရာသခင်မာ၏ မျက်နှာကလည်း ပျက်ယွင်းလာသည်။

 

“ငါတို့ အဲဒီယဲ့လန်တောင်ထိပ်က ကိစ္စပြီးသွားတဲ့နောက်မှာ ရွာထဲက အိမ်တိုင်းမှာ ရှာတွေ့ခဲ့တဲ့အရာတွေ ဖြစ်လောက်တယ်။ မီးလောင်ခံထားရသလို အရိုးတွေတောင် လောင်ကျွမ်းနေတဲ့ အလောင်းတွေလေ”

 

မိစ္ဆာဝိဉာဉ် ဝင်ပူးခံရပြီး မီးပုံထဲကို ကိုယ်တိုင်ကိုယ်ကျ ခုန်ချခဲ့တယ်ဆိုတဲ့ ရွာသားတွေနဲ့ လောင်ကျွမ်းခံထားရတယ်ဆိုတဲ့ အလောင်းတွေပေါ့”

 

သူမကြားချင်ဆုံး အဖြေကို ကြားလိုက်ရပြီးနောက် တာဝန်ယူထားရသော အရာရှိက အနည်းငယ် စိတ်မရှည် ဖြစ်သွားသည်။

 

“ဒါပေမဲ့ ဘယ်လို ဖြစ်နိုင်မှာလဲ။ ငါတို့အဲဒီတုန်းက အလောင်းတွေကို ပြန်ယူပြီး ပို့သင့်တဲ့နေရာကို ပို့ပြီးပြီလေ။ မှုခင်းဆရာဝန်ကလည်း ရီပို့တွေ တင်ပြီးပြီ မဟုတ်လား။ ငါ မှတ်မိတာ မှန်မယ်ဆိုရင် အဲဒီအလောင်းတွေကို သေစေတဲ့ဖြစ်ရပ်က ပုံမှန်ကိုမဟုတ်ဘူး။ ဒီကပ်ဘေးထဲမှာ ဆွေမျိုးတွေ အားလုံးက သေသွားခဲ့တာ။ ဘယ်သူကမှ လာမယူနိုင်ခဲ့ဘူး။ ဒါကြောင့် တစ်ချိန်တည်းမှာ သူတို့အားလုံးကို မြေမြှပ်ခဲ့တာ။ အပေါ်မှာလည်း အဆောင်လက်ဖွဲ့တွေ ကပ်ထားတယ်။ ဒါကို တာအိုဆရာသခင်လီကိုယ်တိုင် လုပ်ပေးခဲ့တာလေ။ ဒါကြောင့် ယေဘုယျကျကျ ပြောရရင် ဒီအလောင်းတွေက ပြန်မလာသင့်ဘူး။ နောက်ပြီး အခုလို လှုပ်ရှားပြီး ဒါရိုက်တာနောက်ကို လိုက်နေတာက ပိုလို့တောင် မဖြစ်သင့်သေးတယ်”

99 02

တာအိုဆရာသခင်အိုကြီးက နှာခေါင်းရှုံ့လိုက်သည်။

 

“အဲဒီမဲတူးနေတဲ့ အလောင်းကြီးက ငါ့ရဲ့မိစ္ဆာနှင်အဆောင်ကို ဆွဲဖြဲပြီး ထွက်လာတာ မဟုတ်ဘူး။ တစ္ဆေသရဲတွေ၊နတ်ဘုရားတွေနဲ့ ပတ်သက်တဲ့ လောကကို သာမာန်အာရုံခံနိုင်စွမ်းအားနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတာကို မင်း နားမလည်ဘူးလား”

 

“အဲဒီဒါရိုက်တာက အဲဒီအလောင်းကို တွေ့နေတာမျိုးမှန်ရင် သူနဲ့တန်ခွေးရဲ့တပည့် ပြောနေတဲ့ စကားအရ သူက အခု အိုဟောင်းနေတဲ့ဘုရားကျောင်းထဲမှာ နောက်ပြီး ရွာထဲမှာလည်း တွေ့ခဲ့ဖူးတယ်။ ဒါက အခြားသူတွေနေတဲ့ တောင်ဘုရားကျောင်းနဲ့ မတူဘူးဆိုတာကို သိကြရမယ်”

 

တာအိုဆရာသခင်ကြီးက မေးစေ့ကိုပွတ်ရင်း ယုံကြည်မှု အပြည့်နှင့်ပြောသည်။

 

“ကြည့်ရတာ အခြားလူတွေနဲ့ ကွဲသွားတဲ့ အဲဒီဒါရိုက်တာက အချိန်ကာလရဲ့ အမွေအနှစ် အရှိဆုံး အချိန်ကို ပြန်ရောက်သွားတဲ့ ပုံပဲ။ ဒါကြောင့် သူက တကယ့်အစစ် တောင်ဘုရားကျောင်းကို တွေ့လိုက်ရတာ။ နောက်ပြီး တန်ခွေးနဲ့ အခြားတပည့်တွေ နေတဲ့နေရာကတော့ ဆိုးယုတ်တဲ့အရာရဲ့ ဘုရားကျောင်းပဲ။ အဲဒီမဲတူးနေတဲ့ အလောင်းတွေက ငါတို့ ပြန်သယ်လာခဲ့တဲ့ ရွာသားတွေရဲ့ အကြွင်းအကျန်တွေ မဟုတ်လောက်ဘူး။ အဲဒီအစား သူတို့သေလွန်ပြီးနောက် ဆက်နေနေရတဲ့ နေရာပေါ် အစွဲကြီးနေတဲ့ အဲဒီရွာသားရဲ့ အယူသီးစိတ်နဲ့ ဝိဉာဉ် ဖြစ်လိမ့်မယ်”

 

“ဝံပုလွေရိုင်းတောင်ထိပ်က နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ လူတွေ နှစ်ပေါင်းများစွာ ကြောက်လန့်နေရတဲ့ အကြောင်းပြချက်က အခြားနေရာနဲ့ ကွဲထွက်နေပြီး နတ်ဘုရားတောင် သေဆုံးလို့ ပျောက်ကွယ်သွားရတဲ့အတွက်ကြောင့် ကောင်းကင်နဲ့ မြေပြင်က အဲဒီနေရာကို စွန့်ပစ်လိုက်တယ်။ ဒီတော့ ဒီလိုတွေ ဖြစ်လာတာကလည်း အံ့ဩစရာ မရှိဘူး”

 

တာအိုဘုန်းတော်အိုကြီး၏ အကြည့်က ဖန်သားပြင်ထဲရှိ ယန်ရှစ်ရွှမ်းပေါ် ကျလာသည်။ သူက စိတ်ရှုပ်ထွေးစွာ ရေရွတ်သည်။

 

“ဒါရိုက်တာကတောင် ဒါကို ကြုံတွေ့နေရတာလား။ သူက တော်တော်လေးကို ကံဆိုးတာပဲ။ ဘယ်လောက်တောင် ဆိုးရွားတဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် တည်ဆောက်မှုလဲ။ ငါက တန်ခွေးရဲ့တပည့်ကို သရဲတွေကို နှိမ်နှင်းမဲ့ အကောင်းဆုံးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်လို့ ပြောနေတာ။ ဒါကို သူက ဘာလို့ သရဲတွေကို ထပ်ခါတလဲလဲ တွေ့ပြီး ဒီလိုဖြစ်နေတာလဲဆိုတော့ ဒါရိုက်တာကြောင့်လား”

 

တာအိုဘုန်းတော်အိုကြီး၏ ရှင်းပြချက်ကို နားထောင်နေသည့် တာဝန်ခံပုဂ္ဂိုလ်က သူ၏နှလုံးသားဟာ အပေါ်သို့ မြှောက်တက်နေပြီဟုပင် ခံစားလိုက်ရသည်။ သိသာစွာပင် သူသည် ဖန်သားပြင် အပြင်ဘက်တွင် ရှိနေပြီး ဝံပုလွေရိုင်းတောင်ထိပ်ကလည်း ခြားနားလျက် ရှိနေသည်။ သို့တိုင်အောင် မဲတူးနေသော အလောင်းက လိုက်နေသည့် ထိုဒါရိုက်တာကို သူက မည်သို့မှ မကူညီပေးနိုင်ချေ။ သို့တိုင်အောင် ထိုဒါရိုက်တာအတွက် စာနာသနားစိတ် ဖြစ်လာလေပြီး အလားတူ စိုးရိမ်နေမိသည်။

 

သူကိုယ်တိုင်လည်း ထိုနှစ်က ဝံပုလွေရိုင်းတောင်ထိပ်နှင့် ဖြစ်သည့်ကိစ္စကို ကိုယ်တိုင်မြင်ခဲ့ကြရသည်။ ထို့ကြောင့် ထိုမဲတူးနေသော အလောင်းများက မည်မျှကြောက်စရာကောင်းကြောင်း သိခဲ့သည်။ ထို့ကြောင့် ၁၀နှစ်ကျော်ခန့် စွမ်းအင်ယူပြီးနောက် ဖြစ်တည်လာသော ထိုအရာများက မည်မျှပင် ကြောက်စရာ ကောင်းနေနိုင်ကြောင်းကိုလည်း သိသင့်၏။ ထို့အပြင် သူကိုယ်တိုင်ကပင် အပြည့်အဝ မကိုင်တွယ်နိုင်ခဲ့ချေ။ သူသည် တောင်နတ်ဘုရား၏ နူးညံ့သော နှလုံးသားကို အကာအကွယ်ယူပြီး ယဲ့လန်တောင်ထိပ်ကို နှစ်ပေါင်းများစွာ ပိတ်ထားခဲ့ရသည်။ ထိုနည်းအားဖြင့် ဆိုးရွားသော ကိစ္စများက ပြန်ဖြစ်မလာမည် ဖြစ်သည်။ အပြစ်ကင်းသော လူများကို မသက်ရောက်အောင် သူက ထိုသို့သာ ပိတ်ထားခဲ့ရသည်။

 

သို့ရာတွင် တာဝန်ခံပုဂ္ဂိုလ်နှင့် အမြဲတစေ အလားတူ ဖြစ်ရပ်ကို ပြန်ဖြစ်မည့်အခြေအနေကို စိုးရိမ်ခဲ့ရသည်။ ထိုအကြောင်းအရာက သူ၏စိတ်ထဲတွင် ပြည့်နှက်နေခဲ့သည်။

 

နတ်ဘုရား၏ ပုလ္လင်ကို ယူဆောင်သွားခံရကတည်းက တောင်နတ်ဘုရားသည်လည်း အလွန်အမင်း အားနည်းပြီး အချိန်မရွေး သေသွားလောက်သည်။ ထို့ကြောင့် တောင်နတ်ဘုရားကို မျှော်လင့်ချက် ထား၍ မရချေ။ တောင်နတ်ဘုရားသာ အမှန်တကယ် သေသွားခဲ့လျှင် ဆိုးရွားသော ကိစ္စများက ဖြစ်လာလောက်သည်။ ထိုမိစ္ဆာနတ်ဆိုးက အလွန်အင်အားကြီးမားပြီး ရန်ငြိုးကြီးသည်။ တောင်နတ်ဘုရားကသာ တစ်ရက်တွင် ဖိနှိပ်နိုင်ခဲ့ခြင်း မရှိပဲ တောင်နတ်ဘုရားကိုယ်တိုင် အဆုံးသတ်ခဲ့ရသော် ဆိုးရွားသည် ကလဲ့စားချေမှုကြီးက ရောက်လာ လောက်သေးသည်။ ထိုအချိန်တွင် ဝံပုလွေရိုင်းတောင်ထိပ်က အမှန်တကယ် ဆိုးယုတ်သော နေရာတစ်ခု  ဖြစ်သွားလောက်သည်။ အနီးအနားရှိ နယ်မြေများ၏ သတ္တဝါများ အားလုံးကြောင့် ပို၍ပင် ရှုပ်ထွေးသွားလောက်သေးသည်။

 

ထိုအချိန်က ဘုန်းတော်ကြီးက ခါးသီးစွာ ပြုံးရင်း ပြောခဲ့သည်။

 

“ငါတို့ ဒီအချိန်မှာ တစ်လှမ်းပဲ လှမ်းလိုက်တာ။ နောက်ဘာဆက်ဖြစ်မလဲ ဆိုတာကို ကြည့်ရမှာပဲ။ ငါတို့ရဲ့စွမ်းအင်နဲ့ ဆိုရင် တတ်နိုင်သမျှအားလုံးကိုလည်း လုပ်ခဲ့ပြီးပြီ”

99 03

၁၀နှစ်ကျော်သာ ကြာသွားခဲ့ပြီးလျှင် တောင်နတ်ဘုရားဟာ အလုံးစုံ သေဆုံးသွားသင့်သည်။ မိစ္ဆာနတ်ဆိုးကလည်း တိုက်ခိုက်လာလောက်၏။ ထိုသို့ဆိုလျှင် ကောင်းကင်နှင့်မြေပြင်ကိုသာ ဆုတောင်းပြီး အံ့အားသင့်ဖွယ်ရာ ဖြစ်ရပ်များ ဖြစ်လာရန်သာ မျှော်လင့်ရတော့ပေမည်။

 

ရုတ်တရက် မဲတူးနေသော အလောင်းကြီး ပေါ်ပေါက်လာမှုက ထိုတာဝန်ခံ ပုဂ္ဂိုလ်အား ပြင်းထန်လွန်းသော ကပ်ဘေးကို အာရုံခံမိသွားစေသည်။

 

ယခုအခါ ဖန်သားပြင်အခွဲမှတဆင့် ယန်ရှစ်ရွှမ်း၏ ပြောစကားအရ တောင်နတ်ဘုရားသည် သေသွားကြောင်း ကြားလိုက်ရသည်။ ထိုအခါ မိစ္ဆာနတ်ဆိုးက ပြန်လည်တိုက်ခိုက်လာရန် စတင်ခြင်း ဖြစ်လောက်သည်။

 

ဒါဆိုရင် ဝံပုလွေရိုင်းတောင်ထိပ်က ဘာဖြစ်လာမှာလဲ။

 

ဒီကိစ္စကို တကယ်ဖြေရှင်နိုင်မှာလား။

 

ဒါမှမဟုတ် မိစ္ဆာဝိဉာဉ်တွေပြည့်ပြီး ကြောက်စရာကောင်းတဲ့ နေရာဆိုးကြီးတစ်ခု ဖြစ်သွားမှာလား။

 

ယန်ရှစ်ရွှမ်းက အရင်က ဆရာသခင်တွေ ပြောခဲ့သလိုမျိုး ကောင်းကင်နဲ့ မြေပြင်က ပေးတဲ့ အံ့အားသင့်ဖွယ်ရာ စွမ်းရည်ကို ပိုင်ဆိုင်ပြီး ဒါကို ဖြေရှင်းနိုင်မှာလား။

 

တာဝန်ပုဂ္ဂိုလ်၏ အလုပ်ဖုန်းက ဆက်တိုက်မြည်နေသည်။ သို့သော် သူသည် သူ၏ဖုန်းကိုသာ တင်းတင်းကြပ်ကြပ် ကိုင်ပြီး တောင့်တင်းနေသော နှလုံးသားကြိုးများနှင့်အတူ ဖန်သားပြင်ကိုသာ စောင့်ကြည့်နေသည်။

 

_ _ _

 

ယန်ရှစ်ရွှမ်းက ကျန်းဝူပင်း ပြောသော မဲတူးနေသော အလောင်းက ချဉ်းကပ်လာကြောင်း ကြားလိုက်ချိန်တွင် အဖြစ်အပျက်ကို နားလည်လိုက်သည်။

 

ကျန်းဝူပင်းသည် ယခင်ဘုရားကျောင်းတွင် ပုန်းနေချိန်ကတည်းက ထိုအရာများ၏ လိုက်ဖမ်းမှုကို မခံရချေ။ အကြောင်းမူကား သူ အရူးလေးက တစ္ဆေသရဲများကို အမြဲတစေ ဆွဲဆောင် မိလေ့ရှိသည့်တိုင်အောင် ကြင်နာတတ်သော နှလုံးသား ရှိနေသေးသည်။ သူသည် မြေပြင်သို့ ပြုတ်ကျနေသော တောင်ဘုရားမှ ရုပ်ထုလေးကို ကောက်ယူကာ သုတ်သင်ပေးရုံသာ မကသေးလေဘဲ ဖုန်များကို ဖယ်ရှားပြီးနောက် စင်ပေါ်သို့  ပြန်တင်ပေးခဲ့သည်။ ထို့အပြင် ရိုသေကိုင်းရိုင်းသော ပုံစံမျိုးဖြင့် ဂါဝရပြုခဲ့သေးသည်။

 

ထိုအခြေအနေက မူလကလည်းက နှလုံးသား ကြင်နာတတ်ပြီး  လူတိုင်းကို ကာကွယ်လိုစိတ် ရှိသည့် တောင်နတ်ဘုရားအား ပုဂ္ဂိုလ်ပေါ်မှ မောင်းချခံရပြီးသည့်အတွက် ဘာလုပ်ရပ်မှ မလုပ်ပြီးသည့်တိုင်အောင် နည်းပါးလွန်းသော အင်အားတစ်ရပ် အမှန်တကယ် ရရှိခဲ့သည်။ ထိုနည်းအားဖြင့် သူသည် ကျန်းဝူပင်းကို ကာကွယ်ပေးပြီး သူ ရှိနေသည့်နေရာသို့ မိစ္ဆာနတ်ဆိုး မချဉ်းကပ်နိုင်အောင် လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

 

ကျန်းဝူပင်းသည် သူ၏ကြင်နာမှုကြောင့် မတော်တဆမှုကို ကယ်မိသွားခြင်း ဖြစ်သည်။

 

သို့ရာတွင် တောင်နတ်ဘုရားသည် သူ၏နောက်ဆုံးသော ကျန်ရစ်သည့် စွမ်းအင်တိုင်းကို ယန်ရှစ်ရွှမ်းကို ယုံကြည်စွာ အပ်နှံပြီးနောက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

 

ထို့ကြောင့် ကျန်းဝူပင်ကို ကာကွယ်ပေးသော စွမ်းအားများလည်း ပျောက်သွားသည်။ ထိုဆိုးယုတ်သော အရာက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဘုရားကျောင်းထံ ချဉ်းကပ်လာခြင်း ဖြစ်သည်။

 

ယန်ရှစ်ရွှမ်းသည် ကျန်းဝူပင်း၏ အော်သံကြောင့် သက်ရောက်ခံရခြင်း မရှိသလို သူ၏ဦးနှောက်ကလည်း ပုံမှန်အတိုင်း လျင်မြန်စွာ လည်ပတ်နေသည်။ ထို့နောက် ချက်ချင်းဆိုသလို အကျိုးအပြစ်များကို သိသွားသည်။

 

“ကျန်းဝူပင်း ပါးစပ်ပိတ်စမ်း”

 

ယန်ရှစ်ရွှမ်းက တည်ငြိမ်စွာ အော်လိုက်သောကြောင့် ဖုန်းဘေးနား ဆက်တိုက် အော်နေသော ကျန်းဝူပင်းက လန့်ပြီး တိတ်သွားသည်။

 

“စပီကာ ဖွင့်လိုက်။ အသံကိုလည်း အဆုံးထိ မြှင့်ထား။ ဖုန်းကို အဲဒီအလောင်းရှိရာဘက်ကို မြှောက်ထားလိုက်။ မြန်မြန်လုပ်[u1] ”

 

အထိတ်တလန့် ဖြစ်သွားသော ကျန်းဝူပင်းက ယန်ရှစ်ရွှမ်း၏ တည်ငြိမ်သောအသံကြောင့် တည်ငြိမ်သွားသည်။  ယန်ရှစ်ရွှမ်းအပေါ် ယုံကြည်စိတ်ကို မှီခိုပြီးနောက် သူသည် တစ်ဖက်သူ ပြောတဲ့အတိုင်း လုပ်လိုက်သည်။ စပီကာကို ဖွင့်ပြီး ထိုအလောင်းရှိရာဘက်သို့ ပို့ကာ မြှောက်ထားလိုက်သည်။ တစ်ချိန်တည်းတွင်ပင် ယန်ရှစ်ရွှမ်းက မျက်လုံးကို အသာမှိတ်လိုက်သည်။ ယခုလေးတင် တောင်နတ်ဘုရားက သူ့ကိုပေးလိုက်သော စွမ်းအားကို သုံးပြီး သူ၏အာရုံခံနိုင်စွမ်းအားကို မြေသားအောက်အတွင်းသို့ ထိုးထည့်လိုက်သည်။ ထိုနည်းအားဖြင့် သူသည် ဒီတောင်နှင့်မြစ်များကို ယာယီထိန်းချုပ်နိုင်သော နတ်ဘုရားတစ်ပါး ဖြစ်သွားသည်။ ထို့ကြောင့် ဒီဝန်းကျင်အတောအတွင်းမှ အရာအားလုံးကို မြင်နိုင်သလို ကြားနိုင်သွားသည်။

99 04

ထိုသို့ဖြင့် သူ၏မြင်နိုင်သော ရှု့ထောင့်က ကျယ်သထက် ကျယ်သွားပြီး သိပ်မကြာခင် အဝေးတစ်နေရာမှ အိုဟောင်းနေသော ရွာများနှင့် တောင်ဘုရားကျောင်းကို တွေ့လိုက်သည်။

 

“ယန် ယန်ကော ငါ ငါ ငါ ဘာဆက်လုပ်ရမလဲ။ အဲဒီအရာကြီးက ငါ့အပေါ် ခုန်အုပ်လာမယ် ထင်တယ်”

 

ကျန်းဝူပင်းက ကြောက်လွန်းသဖြင့် ထောင့်နားသို့ကပ်ပြီး စိတ်ဓာတ်ကျစွာ ဆုတ်နေသည်။ သူသည် အတတ်နိုင်ဆုံး နီးသထက်နီးလာသော ထိုအရာကြီးနှင့် ဝေးဝေး နေနေရသည်။ သို့သော် သူ၏အနောက်ဘက်တွင်မူ နံရံသာ ရှိနေလေရာ ဆက်ဆုတ်၍ မရနိုင်တော့ချေ။ ထိုအရာသာ မကသေးချေ။ ကျန်းဝူပင်းသည် ဘေးဘက်တွင် ရှိနေသည့် စက္ကူအကာအရံသာ ရှိသော ပြတင်းပေါက်မှတဆင့် အပြင်ဘက်တွင်လည်း မဲတူးနေသော အလောင်းပေါင်းများစွာ ရှိနေကြောင်း၊ သူတို့သည်လည်း ရမ်းခါလျက် တောင်ဘုရားကျောင်းထံ လာနေကြောင်းကို လင်းထိန်နေသော လရောင်အောက်မှတဆင့် မြင်လိုက်ရသည်။

 

လတ်စသတ်တော့ အားလုံးက ဒီအလောင်းတွေပဲ။

 

ယခုအခါ ကျန်းဝူပင်းသည် ဝံပုလွေအုပ်ထဲ ပြုတ်ကျရောက်သွားသော ဝတုတ်နေသည့် သိုးတစ်ကောင်အလား ဖြစ်သွားသည်။ လူတိုင်းက သူ့အပေါ် ခုန်အုပ်ပြီး အရှင်လတ်လတ် ဝါးမြိုချင်နေသည်။

 

“ယန်ကော ဝူး ဝူး ဝူး ယန်ကော ဘာမှမလုပ်ဘူးဆိုရင် ယန်ကောရဲ့ ချစ်ရတဲ့ ဒီညီလေးကို ဆုံရှုံးရတော့မယ်နော်။ ယန်ကော ကယ်ပါဦး အဖေရေ”

 

ထိုအချိန်တွင် ယန်ရှစ်ရွှမ်းက မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။ သူ၏မျက်လုံးက စူးရှသွားပြီး နှင်းစက်တင်နေသော ဓားသွားအလား ဖြစ်သွားသည်။

 

“နိမိတ်မကောင်းတဲ့ အရာတွေကို စုစည်းမယ်၊ တောင်ပေါ်ကိုတက် ရွှံ့တွေထဲမှာ ပုန်း၊ ဘာမှမကျန်တော့တဲ့ အိမ်တွေကို ထောက်ပံ့ပေးမယ်_ _ _ ငါ ဆရာသခင်က အားလုံးကို သတ်ပစ်မယ်။ ဆိုးယုတ်တဲ့ သရဲတွေကို အရင် သတ် အဲဒီနောက် မိစ္ဆာနတ်ဆိုးကို သတ်”

 

ထိုဂါထာက လေထဲသို့ ရောက်ရှိသွားချိန်တွင် ရှင်းလင်းသော စကားလုံးများအသွင် ပြောင်းသွားပြီး အဝေးတစ်နေရာသို့ ပြင်းထန်သော အားတစ်ရပ်နှင့် တိုက်ရိုက် လွှင့်မျောသွားသည်။ ထိုသို့ဖြင့် မိုဘိုင်းလ်ဖုန်း၏ စပီကာမှတဆင့် ကျန်းဝူပင်းရှိနေသော နေရာထံ ကွက်တိရောက်သွားသည်။

 

နဂိုက ကျန်းဝူပင်းထံ ချဉ်းကပ်နေသော မဲတူးနေသည့် အလောင်းများနှင့် စာခြောက်ရုပ်များအားလုံးက ရုတ်ချည်း ရပ်တန့်သွားသည်။ သူတို့သည် ကြမ်းတမ်းလွန်းသော သားရဲတစ်ကောင်ကို မြင်လိုက်ပြီး ပြင်းထန်သော အန္တရာယ်ကို အာရုံခံမိလိုက်သလိုမျိုး ခပ်မြန်မြန် နောက်လှည်ကာ နောက်ပြန်ပြေးသည်။

 

ထိုအရာများဟာ သူတို့နားမလည်နိုင်သော နယ်မြေကို ကျော်လွန်နေခဲ့သည့်တိုင်အောင် သူတို့၏ အကြောက်တရားက သူတို့အား ထွက်ပြေးစေသည်။

 

ဘောလုံးလေးလို တုန်ယင်စွာ ကွေးလျက် ရှိနေသည့် ကျန်းဝူပင်းက အံကိုကြိတ်၊ လက်သည်းကို ဆန့်ထုတ်၍ ယခုလေးတင် သူထံ ခုန်အုပ်ရန် ပြင်ဆင်နေသော ထိုအလောင်းက အနည်းငယ်သာ နှေးကွေးနေခဲ့လျှင် သေသွားနိုင်လောက်သော ကြောက်ရွံ့မှုမျိုးဖြင့် အလန့်တကြား ထွက်ပြေးသွားကြောင်း မှင်သက်စွာ စိုက်ကြည့်သွားသည်။ သူ၏မျက်နှာတွင် မျက်ရည်များ၊ နှပ်ချေးများဖြင့်ပင် ပြည့်နှက်နေသည်။ ထိုမျက်နှာတွင်ပင် စိတ်ရှုပ်ထွေးသော အမူအယာက ပေါ်ပေါက်လာသည်။

 

ယန်ရှစ်ရွှမ်း၏ အသံကမူ တည်ငြိမ်ကာ ကြမ်းတမ်းသည်။ သူသည် သားရဲတစ်ကောင်လို အော်ဟစ်သည့် ပုံစံမျိုးပေါက်အောင် အသံမြှင့်ထားခြင်း မရှိချေ။ သို့သော် သူ၏ပုံမှန်တိုးလျသည့် တည်ငြိမ်သော အသံထဲတွင်ပင် ခမ်းနားထည်ဝါသော အသံတစ်မျိုးက ပါနေခြင်း ဖြစ်သည်။ ထိုအသံဟာ လေနှင့်အတူ ပျံ့နှံ့သထက်ပျံ့နှံ့လာပြီး သူရပ်နေရာ မြေသားမှတဆင့် တောင်တန်းနှင့် မြစ်ပြင်တစ်ခုလုံးအနှံ့ ပြန့်သွားသည်။ မူးဝေစေသော အသိစိတ်နှင့် ဝိဉာဉ်စွမ်းအင် သွေးကြောများက တောင်တန်းအနှံ့ ဖြတ်သန်းသွားပြီးနောက်တွင် သက်ဆိုင်ရာနေရာတိုင်းသို့ ရောက်ရှိပြီးလျက် ဖြန့်ကျတ်ပေးသည်။

 

သူသည် တောင်နတ်ဘုရားက မသေခင် သူ့ကိုပေးခဲ့သော စွမ်းအားများကို အမှန်တကယ် အသုံးပြုလိုက်ခြင်း ဖြစ်သည်။

 

တောင်နတ်ဘုရားက ထိန်းချုပ်ရန် အခွင့်အာဏာရထားသော ဝိဉာဉ်တစ်ခုလုံး  အတွင်းသို့ ထိုအရှိန်အဝါကို သုံးလိုက်သောကြောင့်‌ တောင်နတ်ဘုရားနှင့် သူ၏အရှိန်အဝါက ပေါင်းစပ်နေလေရာ သူ၏စွမ်းအားများအား ဝံပုလွေရိုင်းတောင်ထိပ် တစ်ခုလုံးအနှံ့ ပြန့်သွားစေသည်။

 

လေထဲတွင် ပြန်ပေါ်လာသော ထိုဂါထာရွှေစကားလုံးများသည် ယန်ရှစ်ရွှမ်း၏ လက်ပတ်ပတ်လည်တွင် ဝဲပျံလျက် ရှိနေသည်။ သူ၏သွယ်လျသော လက်ချောင်းများက ထောင်လိုက်၊အလျားလိုက် ရွေ့သွားချိန်တိုင်းလိုလို ထိုစကားများက လေနှင့်အတူ လိုက်ပါရွေ့လေပြီး သူ၏လက်ချောင်းသွားရာနောက်သို့ လိုက်လျက် အရှေ့ဘက်တွင် အတူတကွ ပေါင်းစပ်လျက် ပေါ်ထွက်လာသည်။ ထိုသို့ဖြင့် ကြီးမားသော ဂါထာပုံစံကြီးတစ်ခုက ပေါ်လာသည်။

99 05

ထိုသို့ဖြင့် လေထဲတွင် အဆောင်တစ်ခုက ရုတ်တရက် ရေးဆွဲ၍ ပြီးသွားသည်။

 

ဖန်သားပြင်၏အရှေ့တွင် ထိုင်လျက် ယန်ရှစ်ရွှမ်းကို ထိတ်လန့်တကြား စောင့်ကြည့်နေခဲ့သော တာအိုဆရာသခင်မာက ရုတ်တရက် ခပ်ပြတ်ပြတ် အသက်ရှူလိုက်မိပြီး အလွန်အမင်း အံ့ဩသွားရသည်။

 

နောက်ဆုံးသော ဂါထာ၏ စုတ်ချက်က ပြီးဆုံးသွားသည့် အခိုက်အတန့်တွင် ဂါထာက မြေကြီးထဲသို့ နိမ့်ဝင်သွားသည်။ ထို့နောက် ထိုမြေသားတွင်းမှတဆင့် မျက်စိကျိန်းလွန်းလောက်သော ရွှေရောင်အလင်းများက တောက်ပလာပြီးနောက်တွင် မြေသား၏ သွေးကြောတွင်းများ အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

 

ယန်ရှစ်ရွှမ်းက ရုတ်တရက် အော်လိုက်သည်။ သူ၏အရှိန်အဝါက ဓားတစ်ချောင်းလို ထက်ရှလာပြီး ရပ်တန့်၍ပင် မရနိုင်ချေ။

 

“နတ်ဘုရားတစ်ပါးက ဒီလိုဆိုးယုတ်တဲ့အကောင်ဆီ ဘယ်လိုများ အညံ့ခံရမှာလဲ ဟွန့် သရဲတစ်ကောင်ကို သုံးပြီး သူ့ကို တားရဲတယ်။ ရမ်းကားတယ်_ _ _ အမိန့်”

 

ထိုဂါထာက ချက်ချင်းလိုလို အသက်ဝင်သွားသည်။

 

ထိုအခိုက်အတန့်တွင် သည်းထန်သော မိုးများအောက်တွင် ရှိနေသည့် ဝံပုလွေရိုင်းတောင်ထိပ် တစ်ခုလုံးက မြေဆီလွှာအတွင်းရှိ သွေးကြောများ တောက်လျောက် ပြန့်သွားသော ရွှေရောင်အလင်းများနှင့် လှပလွန်းစွာ မွန်းမံခံရသည်။ ထိုသို့ဖြင့် မဲမှောင်လွန်းသော ညအတွင်း အလင်းက ရုတ်ချည်းတောက်ပလာသလိုမျိုး လူတိုင်းအား အိမ်ပြန်ရန် လမ်းညွှန်ပြသပေးသလိုမျိုး ဖြစ်ပေါ်လာသည်။

 

******