101 01
အပိုင်း(၁၀၁)
တာအိုဆရာသခင်မာ ပြောသော စကားအရ ထိုမိစ္ဆာနတ်ဆိုးကောင်သည် လွန်ခဲ့သော ၁၀နှစ်ကျော်ခန့်က ပထမဦးဆုံး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပြီး တာအိုဘုန်းတော်ကြီးပေါင်း များစွာ။ နတ်ဆရာပေါင်း များစွာကို အံကြိတ်လျက် ထွက်သွားအောင် လုပ်နိုင်ခဲ့သည်။ သူတို့သည်ပင် ဒီပြဿနာကို မဖြေရှင်းနိုင်ခဲ့ချေ။ မိစ္ဆာနတ်ဆိုးကသာ အစစ်အမှန် ပုံသဏ္ဍာန်ပေါ်ပြီး ဘုရားအစစ် ဖြစ်သွားခဲ့သော် ယခုမှစတင်ပြီး ဝံပုလွေရိုင်းတောင်ထိပ်မှ ပြဿနာအား မည်သူကမှ မဖြေရှင်းနိုင်တော့ချေ။ ဒီနေရာကြီးသည် အမှန်တကယ် သေဆုံးသွားသည့် နေရာတစ်ခု ဖြစ်လာပြီး မိစ္ဆာနတ်ဆိုးက အပြည့်အဝ ထိန်းချုပ် သွားပေလိမ့်မည်။ ထိုအခါ အနီးအနားရှိ နေရာတိုင်းကို တိုင်းတာရန် ခက်ခဲလွန်းသည့် ထိခိုက်မှုများ ဖြစ်အောင် လုပ်လာနိုင်သည်။
ကံကောင်းသည်မှာ ၉သည် ပြန်လည် မွေးဖွားခြင်း၏ ဂဏန်းနံပါတ် ဖြစ်နေခဲ့၏။ ၁၀မပြည့်သမျှ အရာအားလုံးကို ပြောင်း၍ ရသည်။
၁၉နှစ်မြောက် နောက်ဆုံးရက်တွင် ယန်ရှစ်ရွှမ်းက မိစ္ဆာနတ်ဆိုးက ထိန်းချုပ်ထားသော မိစ္ဆာနတ်ဆိုးတိုင်းကို အောင်မြင်စွာ လွတ်မြောက်ခွင့် ပြန်ပေးနိုင်ခဲ့သည်။ ထိုသို့ဖြင့် မိစ္ဆာနတ်ဆိုး၏ စွမ်းအားကို အများကြီး လျော့ကျသွားစေခဲ့၏။ ထို့နောက် ယန်ရှစ်ရွှမ်းသည် တောင်နတ်ဘုရားက သူ့ကို ပေးသွားခဲ့သော စွမ်းအားကို ကိုယ်ပိုင်စွမ်းအားနှင့် ပူးပေါင်းပြီး တုန့်ဆိုင်းခြင်း မရှိဘဲ ဝံပုလွေရိုင်းတောင်ထိပ်ရှိ ဆိုးယုတ်သော အရာတိုင်းကို ရှင်းလင်းလိုက်သည်။ ထိုသို့ဖြင့် ကောင်းကင်နှင့် မြေပြင်က ဒီနယ်မြေနှင့် ပြန်လည်ပေါင်းစပ်သွားသည်။ ထိုအခါ မိစ္ဆာနတ်ဆိုးက ပိုင်ထားသည့် နေရာကောင်းက ပယ်ချခံရပြီး ဆိုးယုတ်သော အသွင်အဖြစ် ပြန်ပြောင်းသွားသည်။ ထိုသို့ဖြင့် ယခင်ကထက် အများကြီး အားနည်းသွားသလို ပြိုင်ဘက် မကင်းနိုင်တော့ပါချေ။
ယန်ရှစ်ရွှမ်းက ထိုသို့ တွေးနေသောအခါ ဝိဉာဉ်ရွာသား နှစ်ယောက်ကလည်း ရွာထဲမှ ဝိဉာဉ်များ၏ စိတ်ဝိဉာဉ်များကို ကယ်တင်လွတ်မြောက်ခွင့် ပေးခဲ့သည့် ထိုအမျိုးသားက သူတို့၏ ဧည့်သည်ကားကို လိမ်ညာခေါ်ပြီး ဘုရားကျောင်းသို့ ခေါ်ခဲ့သောကြောင့် ဒေါသ ထွက်နေသည်ဟု ထင်လိုက်သည်။ ထို့ကြောင့် ရှက်ရွံ့စွာနှင့် တောင်းပန်စကားကို ထပ်တလဲလဲဆိုပြီး ရှေ့မှ လူအုပ်နောက်သို့ ခပ်မြန်မြန် အမှီလိုက်ကာ ထွက်သွားကြလေသည်။
ယန်ရှစ်ရွှမ်း၏ အရှေ့တွင် ငယ်ရွယ်သော အမျိုးသမီးတစ်ယောက်က လာရပ်သည်။
သူမ၏ အကြည့်ထဲတွင် စိတ်လိုလက်ရ ပြုံးနေသော အပြုံးမျိုးက ပါသည်။ ယန်ရှစ်ရွှမ်းသည် အနည်းငယ် အသိပြန်ဝင်သွားပြီး သူမကို မော့ကြည့်လိုက်သည်။
“ကျေးဇူးတင်ပါတယ် လူကြီးမင်း ငါ့ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ထိုအမျိုးသမီးက ယန်ရှစ်ရွှမ်းကို ဂါဝရပြုလျက် ဝမ်းသာအားရ ပြုံးရင်း ပြောသည်။
“အရင်က အဓိကခန်းမထဲမှာ လူကြီးမင်းက မိစ္ဆာနတ်ဆိုးရဲ့ သက်ရောက်မှုကို မခံရတဲ့အပြင် သတ္တိအပြည့်နဲ့ နတ်ဘုရားရဲ့ ရုပ်ထုကိုတောင် ဖျက်စီး ပစ်ခဲ့တာကိုတောင် တွေ့ခဲ့ရတယ်။ အဲဒီအချိန်က လူကြီးမင်းက ငါတို့ကို ကယ်တင်နိုင်လိမ့်မယ်လို့ ငါ သိချင်မိခဲ့တာ။ ဒါပေမဲ့ အခုတော့ အဲဒီလို ဖြစ်ခဲ့တာပဲ”
“သူတို့တွေ တောင်မြေကို စတူးတယ်။ သစ်ပင်တွေကို ခုတ်လှဲနေတဲ့အချိန်မှာ သူ့တို့က ကိုယ့်ကိုယ်ကို သတ်သေတယ်လို့ ငါ တွေးမိနေခဲ့တာ။ ငါ သူတို့ကို ထပ်ခါတလဲလဲ ပြောတယ်။ ဒါပေမဲ့ သူတို့က နားမထောင်ကြဘူး။ ငါက အမျိုးသမီး တစ်ယောက်ပါ။ သူတို့က ဘယ်တော့မှ ငါ့စကားကို နားမထောင်ကြဘူးလေ”
အမျိုးသမီးက လွန်ခဲ့သော ၁၀နှစ်ကျော်ခန့်က ဖြစ်ရပ်ကို ပြန်ပြောပြနေသည်။ သူမ၏ မျက်နှာတွင် အထင်သေးမှုက ပေါ်ထွက်လာသည်။
“အချို့ကိစ္စတွေ ဖြစ်ပြီးတဲ့နောက်မှာ ငါ အိမ်က ကလေးတွေကို ခေါ်ပြီး ဒီနေရာကနေ မြန်မြန် ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ သူတို့က ရူးနေတာ။ သူတို့က တားလို့မရဘူး။ ဒါပေမဲ့ ထွက်သွားလို့ မရခဲ့ပါဘူး။ အခုပြန်တွေးကြည့်မှ ငါဟာ ငါ့ရဲ့ယောက်ျား ပြန်မလာခင် အချိန်အထိ တောင်ဘုရားကျောင်းမှာ ခိုလှုံဖို့ သွားနေမိခဲ့တယ် ဆိုတာပဲ”
သူမက ထိုသို့ပြောချိန်တွင် အမျိုးသမီးက သက်ပြင်းချပြီး ဝမ်းနည်းသွားပုံ ပေါ်သည်။ ယန်ရှစ်ရွှမ်းသည်လည်း ထိုအမျိုးသမီးက အဓိကခန်းမတွင် ရှိနေခဲ့ချိန်က ထိုအမျိုးသမီးကသာ ရုပ်ထုဟောင်း ရှိရာနေရာကို ပြသခဲ့ကြောင်း၊ ရုပ်ထုဟောင်း၏ အရေးပါမှုကို သိစေခဲ့ကြောင်း၊ မိစ္ဆာနတ်ဆိုးက တောင်နတ်ဘုရားထဲသို့ ကျူးကျော် ဝင်ရောက်ပြီး တောင်နတ်ဘုရားနေရာကို သိမ်းပိုက်ထားကြောင်း အရာအားလုံးကို သိစေခဲ့သည်မှာ ထိုအမျိုးသမီး ဖြစ်ကြောင်း သိလိုက်သည်။
ထိုအမျိုးသမီးသည် အမှားမလုပ်ခဲ့ချေ။ သို့သော် သူမ၏ မိသားစုကြောင့် သက်ရောက် ခံခဲ့ရသည်။ သူမ အပြစ်ကင်းစင်မှုဟာ သိသာထင်ရှားသေးသည်။ ထို့အပြင် သူမသည် အစမှအဆုံးထိ တောင်နတ်ဘုရားကို အမှန်တကယ် သက်ဝင်ယုံကြည်ခဲ့သူ ဖြစ်သည်။ အမှန်တကယ်လည်း မှီခိုအားကိုးခဲ့၏။
သူမပြောသည့် ရွာသားများ၏ တည်ရှိမှုကြောင့် တောင်နတ်ဘုရားဟာ သူမ၏ နည်းပါးလွန်းသော အင်အားကို သုံးပြီး တောင်ဘုရားကျောင်းအတွင်းက ကလေးငယ်များကို ကာကွယ်ရန် ဆက်နေခဲ့သည်။ ဒီနည်းအားဖြင့် ဝံပုလွေရိုင်းတောင်ထိပ်အား မိစ္ဆာနတ်ဆိုး အပြည့်အဝ မသိမ်းနိုင်အောင် တားမြစ် ပေးခဲ့သည်။
101 02
ယန်ရှစ်ရွှမ်း၏ မျက်ခုံးများက နူးညံ့သွားပြီး ထိုအမျိုးသမီးကို ခေါင်းညိတ်ပြသည်။
“ငါ မင်းကို မှတ်မိတယ်။ ငါ တောင်ဘုရားကျောင်းမှာ ရှိနေခဲ့တုန်းက သတိပေးတဲ့အတွက် ကျေးဇူးတင်ပါပဲ”
ယန်ရှစ်ရွှမ်း၏ ကျေးဇူးတင်စကားကို ကြားရပြီးနောက် ထိုအမျိုးသမီးက ရှက်ရွံ့စွာနှင့် ပြောလိုက်သည်။
“ငါ ဘာမှမလုပ်ခဲ့ရဘူး။ လူကြီးမင်းက ပြောပြီး ငါ အခြားတစ်ယောက်သာဆိုရင် ငါ သတိပေးနေလည်း အပိုပါပဲ”
ထိုအမျိုးသမီးက သဘောတကျ ပြုံးပြန်သည်။
“အတိုချုပ်ပြောရရင် ငါ့ရဲ့အဖေနဲ့အစ်ကိုရဲ့ အတင်းဆွဲမှုကြောင့် အတင်းဆွဲမှုကြောင့် ငါ့ရဲ့ဘဝက နံစော်ပုတ်ဟောင် နေခဲ့တယ်။ လွတ်မြောက်ခြင်းလည်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဆိုးယုတ်တဲ့အရာတွေကို လုပ်ခဲ့တဲ့ မိသားစုဝင်တွေက အပြစ်ပေးခံရမယ်လို့ ကြားတယ်။ ငါလည်း မြေအောက်လောကကို သွားရင် အပြစ်ပေးခံရမှာပါ။ ဒါကြောင့် ငရဲအရှင်က ငါ့ကို အမိန့်ချမဲ့ အချိန်ကို ပြီးမြောက်စေချင်တယ်။ နောက်ပြီး ငါက အမြန်ဆုံး ပြန်လည် မွေးဖွားချင်တယ်”
ယန်ရှစ်ရွှမ်းက ရယ်သည်။
“မလိုဘူး”
ထိုအမျိုးသမီးက အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
ယန်ရှစ်ရွှမ်းက ရှင်းပြသည်။
“မင်း စိုးရိမ်စရာ မလိုဘူး။ မင်းက ဆိုးယုတ်တဲ့အရာတွေ မလုပ်ခဲ့ဘူး။ ဒါပဲလေ မင်းမှာ အပြစ်မှ မရှိတာ။ မင်းက မိသားစုက ဆိုးယုတ်တဲ့အရာတွေ လုပ်တာက မင်းအပေါ် မသက်ရောက်ဘူး။ ဒီတော့ ပြန်လည်မွေးဖွားခွင့် သိပ်မကြာခင်မှာ ရရှိပါလိမ့်မယ်။ တောင်နတ်ဘုရားက မင်းကို အမြဲတမ်း မှတ်မိနေတာ။ သူမက သူမအတွက် ငွေရောင်ပိုးချည်မျှင်နဲ့ လက်ကောက်လေးတွေ ချည်ပေးခဲ့တဲ့ ကလေးတွေကို မှတ်မိတယ်။ အထွန့်အမြတ်သစ်ပင်အောက် လာပြီး ပုံပြင်တွေ ပြောပြ၊ မိသားစုက ဒုက္ခတွေကို ရင်ဖွင်တဲ့ ကလေးငယ်လေးကို မှတ်မိတယ်။ မင်း ကလေးအငယ်လေးကနေ လှပတဲ့ မိန်းကလေးတစ်ယောက် နောက် မိခင်တစ်ယောက် ဖြစ်လာတဲ့အထိ ကြီးပြင်းလာသမျှကို မှတ်မိနေခဲ့တာ။ သူမက အမြဲတမ်း မင်း သူမအတွက် ချည်ပေးထားတဲ့ လက်ကောက်လေးကို လက်မှာ သယ်ထားပါတယ်။ ထားပါ။ တောင်နတ်ဘုရားက ပြောခဲ့ဖူးတယ်။ မင်းက လိမ္မာတဲ့ကလေး။ ဘဝအသစ်တစ်ခုကို ပြန်ရဖို့ မျှော်လင့်ပါတယ်”
ငယ်ရွယ်သော အမျိုးသမီး၏ မှင်သက်နေသော အကြည့်အောက်တွင် ယန်ရှစ်ရွှမ်း၏ အကြည့်က နူးညံ့သွားပြီး သူမအား ညင်သာမှုအပြည့်နှင့် ကောင်းချီး ပေးလိုက်သည်။
“ကြင်နာမှုကို အမြဲထိန်းသိမ်းပေးနိုင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်လုပ်တဲ့ ကိစ္စတိုင်းကြောင့် သက်ရောက်မှုကို ပြန်ခံရတယ်။ ဒါက စက်ကွင်းတစ်ခုပဲ။ မင်းက ကောင်းမွန်တဲ့ ကံကြမ္မာကောင်းကို စိုက်ပျိုးနိုင်ခဲ့ကတည်းက ကောင်းမွန်တဲ့ ရလဒ်ကိုပဲ ရလိမ့်မယ်”
“မင်းရဲ့တောင်နတ်ဘုရားက ပေးတဲ့ကောင်းချီးကို နောက်ဘဝထိ သယ်သွားလိုက်။ ဘာကိုမှ စိုးရိမ်မနေပဲ ရှေ့ဆက်သွားပါ။ အဲဒီနောက် မင်းရဲ့အနာဂတ်မှာ ဝေဝါးမှုတွေ ရှိတော့မှာ မဟုတ်ဘူး”
အမျိုးသမီးက ယန်ရှစ်ရွှမ်းကို မှင်သက်စွာ စိုက်ကြည့်နေခဲ့သည်။ သူမ၏ နောက်ဘက်မှ ဂါဝရပြုပြီး ယန်ရှစ်ရွှမ်းကို ကျေးဇူးတင်နေသော သူများက ဆက်တိုက် ဖြတ်သွားနေကြသည်။အချိန်အတန် ကြာပြီးနောက် ယန်ရှစ်ရွှမ်းက မျက်ခုံး ပြန်ပင့်လာသည်။ သို့သော် သူမ၏ နှာခေါင်းက နီရဲနေ၏။ သူမတွင် မျက်ရည်များက ပြည့်နှက်နေသေးသည်။ သူမသည် ငိုချင်သလို ရယ်ချင်သလို ဖြစ်နေပုံရသည်။
“အမေတောင်နတ်ဘုရား အမေတောင်နတ်ဘုရားက ငါ ငယ်ငယ်တုန်းက ကိုယ်တိုင် ထိုးပေးခဲ့တဲ့ လက်ပတ်လေးကို ဝတ်ထားသေးတာလား။ အဲဒါက အရမ်း_ _ _ အခုသာဆိုရင် ငါ ပိုကောင်းတဲ့ ပုံစံမျိုးကို ထိုးပေးနိုင်တယ်။ အဲဒီအချိန်မှာ ငါထိုးပေးခဲ့တဲ့ လက်ပတ်က အရမ်းဆိုးတာ။ အမေတောင်နတ်ဘုရားက သဘောကျဖို့ ခက်ခဲတယ်လို့ ထင်ခဲ့တာ။ ငါ့ကိုတောင် လိမ္မာတဲ့ကလေးလို့ ပြောခဲ့တာလား”
ထိုအမျိုးသမီးက သူမ၏မျက်လုံးထဲမှာ စီးကျလာသည့် မျက်ရည်များကို ဆက်တိုက် သုတ်နေသည်။ သူမသည် မျက်လုံးများ နီရဲလာသည်အထိ ငိုသည်။ သို့သော် ထိုထဲတွင် ဝမ်းနည်းမှုများ မရှိချေ။ ထို့အစား နွေးထွေးမှုနှင့် အလွန် ခံစားရသော ခံစားချက်များကသာ ပြည့်နှက်နေသည်။
ထို့နောက် သူမက ယန်ရှစ်ရွှမ်းကို တည်ငြိမ်စွာ ဂါဝရ ပြုလိုက်ပြီး အချိန်အတန်ကြာမှသာ မတ်တပ်ထရပ်သည်။ သူမ၏မျက်နှာတွင် မျက်ရည်များ ရှိနေခဲ့သည်။ သို့သော် ကြည်လင်တောက်ပစွာ ပြုံးသည်။
“ကျေးဇူးအများကြီး တင်ပါတယ် ကျေးဇူးအများကြီး တင်ပါတယ် တောင်နတ်ဘုရား ငါ သေချာပေါက် ကြိုးစားမှာပါ”
“နူတ်ဆက်ပါတယ် လူကြီးမင်း နူတ်ဆက်ပါတယ်။ တောင်နတ်ဘုရား”
ယန်ရှစ်ရွှမ်း အဝေးသို့ ပျော်ရွှင်စွာ ထွက်ခွာသွားသော အမျိုးသမီးကို ကြည့်လိုက်သည်။ သူမသည် နောက်ထပ် ကလေးတစ်ယောက်ကို တွေ့၏။ ထိုကလေးက သူမကို ပျော်ရွှင်စွာနှင့် အမေဟု ခေါ်သည်။ ထိုအမျိုးသမီးက ဆောင့်ကြောင့် ထိုင်လိုက်ပြီး ကလေးကို အံ့အားတကြီး ပွေ့ချီလိုက်သည်။ သူတို့သည် ၁၀နှစ်ကျော် ကြာပြီးနောက် ပြန်လည်တွေ့ဆုံနိုင်လေပြီ။
ထိုအမျိုးသမီး၏ ပုံရိပ်က အလွန်ဝေးကွာသွားပြီး မမြင်ရတော့မှာသာ။ ရွာသားတိုင်းက ပျောက်ကွယ် သွားမှသာ ယန်ရှစ်ရွှမ်းက တည်ငြိမ်စွာ ပြောလိုက်သည်။
101 03
“နူတ်ဆက်ပါတယ်”
ဆိုးယုတ်သူတွေက ငရဲကို သွားတယ်။ ကောင်းမွန်သူတွေက မြေကမ္ဘာထဲကို ပြန်ဝင်ရတယ်။
တောင်နတ်ဘုရား၏ နောက်ဆုံးသော တာဝန်ကို အောင်မြင်စွာ ပြီးမြောက်အောင် လုပ်ဆောင်ပြီးလေပြီ။
နောက်ထပ် ဆယ်စုနှစ်ကြာ သို့မဟုတ် နှစ်တစ်ရာကျော် ကြာပြီးနောက် ယဲ့လန်တောင်ထိပ်သည် ယခင်အတိုင်း ယုံကြည်သက်ဝင်မှုများနှင့် ပြည့်နှက်နေသည့် စွမ်းအားများနှင့် အမွှေးနံ့သာတိုင် သင်းရနံ့များ ပြည့်နှက် နေလောက်သည်။ ထိုသို့ဖြင့် ကလေးငယ်များကို အမြဲတစေ ချစ်မြတ်နိုးပြီး ယုံကြည်အားကိုးထိုက်သော တောင်နတ်ဘုရားက ပြန်လည် မွေးဖွားလာပေလိမ့်မည်။
ထိုအချိန်တွင် ထိုလူများက လူသားများအဖြစ် ပြန်လည်မွေးဖွားပြီးလောက် လေပြီ။ ထိုသို့ဖြင့် ဘဝအသစ်ကို ပြန်ရနိုင်လောက်၏။ ဒီအတိုင်း ယဲ့လန်တောင်ထိပ်ဆိုသော စကားလုံးများကို တွေ့မိသောအခါ အချိန်အတန်ကြာအောင် မှင်သက်ရင်း ရှင်းပြရန် ခက်ခဲလောက်အောင် ရင်းနှီးမှုကို ပြန်လည်ခံစားရစေလောက်သည့် ခံစားချက်မျိုး ပါဝင်သွားရလောက်သည်။
ယန်ရှစ်ရွှမ်း၏ ဖန်သားပြင်အခွဲရှေ့တွင် ဆောင့်ကြောင့် ထိုင်စောင့်ကာ ကြည့်နေကြသည့် ကြည့်ရှုသူများနှင့် ယန်ရှစ်ရွှမ်း လုပ်သမျှ အရာအားလုံးကို လိုက်ကြည့်နေသော သူများကမူ ကြောင်တောင်တောင် ဖြစ်သွားကြသည်။
သူတို့သည် ယင်က ခေါ်ဆောင်သွားသော ဝိဉာဉ်များကို မမြင်ရပါချေ။ သို့သော် ယန်ရှစ်ရွှမ်း ပြောသော စကားများကို ကြားရသော် တစ်စုံတစ်ရာကို နားလည်လိုက်သည်။
ယန်ရှစ်ရွှမ်းက ရွတ်ဆိုလိုက်သည့် ဂါထာက ဖန်သားပြင်က တဆင့် အပြင်ဘက်ရှိ ကြည့်ရှုသူများထံသို့လည်း ရောက်သည်။
အလွန်အမင်း အင်အား ကြီးလွန်းသော တစ္ဆေသတ်ဂါထာက မိစ္ဆာဝိဉာဉ်တိုင်းကို သတ်နိုင်သည်။ ဖန်သားပြင် ခြားနေခြင်း ဖြစ်သောကြောင့် သူတို့ အစစ်အမှန်ကို ရင်ဆိုင်နေရခြင်း မဟုတ်သည့်တိုင်အောင် ယန်ရှစ်ရွှမ်း၏ အသံနှင့် လေထဲတွင် ရေးဆွဲလိုက်သည့် ဂါထာက ဖန်သားပြင်မှ တဆင့် ရောက်ရှိလာသေးပြီး ကြည့်ရှုသူများအနီးတွင် ဝဲနေသော ထိုဆိုးယုတ်သည့် တစ္ဆေသရဲများထံသို့ ရောက်သည်။ သူက တစ္ဆေသတ်အဆောင်ကို ရေးဆွဲလိုက်သောအခါ ထိုတစ္ဆေသရဲများက အထိတ်တလန့် ဖြစ်ကာ ထွက်ပြေးသွားကြသည်။
သို့သော် ယခင်က ဆိုးယုတ်သောအရာများကို လုပ်ခဲ့သည့် မိစ္ဆာတစ္ဆေပေါင်းများစွာ ရှိနေသေးသည်။ သူတို့သည် သေလွန်ပြီးနောက်တွင် ဆိုးယုတ်သော အရာများကို ဆက်လုပ်ခဲ့ကြ၏။ ထို့ကြောင့် သတ်ဖြတ်ခြင်း ကျိန်စာ၏ သတ်ဖြတ်မှုကို တင်းတင်းကြပ်ကြပ် ခံထားရလေရာ အော်ဟစ်ရင်း ပြာ ဖြစ်သွားရသည်။ တစ်ချို့သော ကြည့်ရှုသူများကမူ ပတ်ဝန်းကျင်မှ အပူချိန် အပြောင်းလဲကြောင့် တုန်ယင်သွားရသည်။ သူတို့သည့် စိတ်ရှုပ်ထွေးစွာနှင့် သူတို့၏ ဘေးဘီကို ကြည့်မိသွားကြသည်။ ထို့နောက် ထင်ယောင်ထင်မှား ဖြစ်သလို အော်ံသံခပ်ရေးရေးကိုပင် ကြားလိုက်ရသေးသည်။ အခုလေးတင် တစ်ယောက်ယောက် အော်လိုက်သလိုပဲ။
သို့ရာတွင် အချို့သော ကြည့်ရှုသူများကဆိုလျှင် သူတို့၏ ခန္ဓာကိုယ်က ယခင်ထက် နေလို့ အများကြီး ကောင်းသွားကာ သက်တောင့်သက်သာ ရှိကြောင်း သိလိုက်၏။ အကြောင်းမူကား သူတို့၏ ခန္ဓာကိုယ်ကို မှီတွယ်ခိုကာ ယန်စွမ်းအင်ကို စုပ်ယူနေသော အရာများ ပျောက်ကွယ်သွား၍ ဖြစ်သည်။
[ဆိုတော့ မိန်းမငယ်လေးတစ်ယောက်က ပြန်လည်မွေးဖွားဖို့ သွားပြီပေါ့လေ။ အာ ဒါဆိုရင် မြေအောက်လောကနဲ့ ပက်သက်တဲ့ ဒဏ္ဍာရီတွေက တကယ်ပဲ မှန်နေတာလား။ ငါ ငယ်ငယ်တုန်းက ငါ အိပ်ပျော်အောင် ငါ့အဖွား တမင်ခြောက်တာ မဟုတ်ဘူးပေါ့။ နောက်ပြီး ငါ့အဖွားက ပြောပါသေးတယ်။ နောက်ကျမှအိပ်တဲ့ ကလေးတွေက ခေါ်ဆောင် သွားခံရနိုင်တယ်ဆိုတာ တကယ်ပဲလား]
[အဲဒီလိုတော့ မဟုတ်လောက်ပါဘူး။ ဒါပေမဲ့အခု ငါ ဝိဉာဉ်တွေ။ နတ်ဘုရားတွေကို ပိုပြီး လေးစားမိသွားပြီ။ ငါ အရင်တုန်းက တော်တော်လေးကို မယုံကြည် ဖြစ်ခဲ့တာ။ ဒီလိုနည်းပညာ ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်ကြီးမှာ အရာအားလုံးကို လူသးတွေက လုပ်နိုင်နေတယ်လို့ ထင်နေခဲ့တာလေ။ သိပ္ပံနည်းမကျတဲ့ အရာတွေကိုလည်း နားမလည်နိုင်ဘူး။ ဒီတော့ ငါ့ရဲ့မိဘတွေ ဘုရားကျောင်း ဒါမှမဟုတ် မြင့်မြတ်နေရာတစ်ခုခုကနေ ဖြတ်သွားတဲ့အခါ အထဲကိုဝင်ပြီး ဂါဝရပြုကြတယ်။ ငါက မပျော်မရွှင် ဖြစ်သေးပြီး အဲဒီဘုရားကျောင်းတွေကို လက်ညိုးထိုးလို့ ပြောဆိုပစ်ခဲ့သေးတယ်။ ဒါပေမဲ့ အခု ဒီရှိုးကို ကြည့်ပြီးတဲ့နောက်မှာ ငါ မယုံကြည်နိုင်ဘူး ဆိုရင်တောင်မှ လေးစားမှုတော့ ပြသင့်တယ်လို့ နားလည်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဒီလောကမှ ကောင်းမွန်တဲ့ နတ်ဘုရားတွေ ရှိနေသေးတာပဲလေ]
101 04
[ငါ ယန်ကောက လေထဲကို စကားပြောနေသလို နူတ်ဆက်စကား ပြောလိုက်တာကို ကြားလိုက်တယ်။ ရုတ်တရက် အကြောင်းပြချက်မရှိ ငိုချင်လာတယ်။ ငါ တအား ဝမ်းနည်းတာပဲ။ ငါလည်း တစ်စုံတစ်ရာကို နူတ်ဆက်စကား ပြောနေတယ်လို့ ခံစားရတယ်။ ငါ ငါ့ရဲ့နှာခေါင်းကို ဆက်တိုက်သုတ်ရင်း မျက်နှာပေါ်က မျက်ရည်တွေကို သုတ်နေရတာ။ စားပွဲပေါ်မှာ တစ်ရှူးတွေတောင် ပုံနေပြီ။ ငါ့ရဲ့အမေက ငါ ရည်းစားနဲ့ ပြတ်လို့ ငိုတယ်ထင်နေတာ။ ဘယ်လိုများ ဖြစ်ရမှာလဲ။ ငါက ဒီအတိုင်း ငါ့ရဲ့အိုင်ဒေါလ်တစ်ယောက်ကို တအားကို ချစ်မိသွားတာ။ ငါ သေတဲ့အထိ ငိုနေမိတယ်။ ငိုရလွန်းလို့ မျက်ရည်တောင် ပြည့်နှက်နေပြီ။ ဒါပေမဲ့ ယန်ကောက အခုလေးတင် ပြောလိုက်တဲ့ အဲဒီစကားတွေမှာ သူ့ရဲ့အမူအယာက တအားနူးညံ့တာပဲ။ သူက ငါ့ကို နှစ်သိမ့်စကား ပြောနေသလိုမျိုး ငါ ယန်ကောရဲ့စကားတွေကို သဘောကျသလို ငါ ဝမ်းလည်း ဝမ်းနည်းမိတယ်။ ငါ အငိုမရပ်နိုင်တော့ဘူး]
[ငါတော့ မင်းက ယန်ကောရဲ့ ရုပ်ရည်ကြောင့် ငိုတာမဟုတ်ဘူးလို့ ထင်တယ်။ ငါ့ရဲ့မိတ်ဆွေက ဟိုင်ရန်ဂူဘုရားကျောင်းက တာအိုဘုန်းတော်ကြီး တစ်ယောက်လေ။ သူက အပြင်ဂိုဏ်သားဆိုပေမဲ့လည်း ငါ့ကို ဒီပရိုဂရမ်ကို မိတ်ဆက်ပေးခဲ့တာ။ အဲဒီနောက် ငါ ယန်ကောရဲ့ ဖန်သားပြင်အခွဲကို ငါ စောင့်ကြည့် ဖြစ်တာပဲ။ သူက ငါ့ကို အချက်ကျကျ ပြောပြသေးတယ်။ အခုလေးတင် ယန်ကောရဲ့အနားမှာ တစ္ဆေသရဲတွေ အများကြီး ဖြတ်သွားတာတဲ့။ ဒါတွေကြောင့် ယန်ကောက သူတို့ကို နူတ်ဆက်စကား ပြောတဲ့အခါ မင်း ဝမ်နည်းပြီး ငိုမိတာ ဖြစ်လိမ့်မယ်။ ငါ့ရဲ့မိတ်ဆွေကတော့ မင်းရဲ့မွေးရာပါ ဝိဉာဉ်တည်ဆောက်ပုံက အပြည့်အဝ မပျောက်ကွယ် သွားသေးလို့ မင်းရဲ့စွမ်းရည်အရ ကိုယ်စား ခံစားပေးနိုင်စိတ်က အရမ်းခံပြင်းထန်လွန်းတာလို့ ပြောတယ်။ အဲဒီအတွက်ကြောင့် အဲဒီဝိဉာဉ် ညီမလေးရဲ့ စိတ်အခြေအနေကို နားလည်ပြီး ဝမ်းနည်းမှုအပြည့်နဲ့ ငိုမိတာလို့ ပြောတယ်]
[ဒါပေမဲ့ ယန်ကောရဲ့ ချောမောမှုကိုတော့ ငြင်းလို့ မရဘူးလေ။ ယန်ကော အခုလေးတင် တစ်စုံတစ်ရာကို ရွတ်လိုက်တဲ့အချိန်မှာ ငါ ခေါင်းတွေ တအားမူးလို့ ဘာကိုမှ မကြားနိုင်ပေမဲ့လည်း သူ့ရဲ့ရုပ်ရည်က လေးနက်တည်ကြည်ပြီး အသံက အရမ်းကို_ _ _ အား ယန်ကောက ငါ့ကို သတ်နေတာ။ တအားလန်းတာပဲ။ လေးနက် တည်ကြည်ပြီး အလုပ်လုပ်နေတဲ့ အမျိုးသားတွေက ဆွဲဆောင်မှု အပြင်းဆုံးလို့ ပြောကြတယ် မဟုတ်လား အိုး ဝိုး ငါ တကယ်ကြုံတွေ့လိုက်ရပြီ။ ယန်ကောရဲ့ အခုပေါ်သွားတဲ့ အမူအယာကလေ တအားကို လေးနက်တည်ကြည်ပြီး ငါ့ရဲ့နှလုံးသားကိုတောင် မြန်ဆန်စေသေးတယ်။ ငါတော့ အုတ်ဂျုံ ဖြစ်ရတာ တအားပျော်တာပဲ]
[တကယ်ပါ ဒီအမျိုးသားက ဘာစားပြီး ကြီးလာတာလဲ။ သူ့ရဲ့အလှတရားမှာ အမဲစက် တစ်ခုတောင် မရှိဘူး။ ဘာပဲဖြစ်ဖြစ် ယန်ကောက ဖန်သားပြင်အခွဲရဲ့ ရှုထောင့်ကို လုံးဝအာရုံစိုက်တာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့ရဲ့မျက်နှာကို ဘယ်ရှုထောင့်က ကြည့်ကြည့်။ ဘယ်ရှုထောင့်က ရိုက်ရိုက် အပြစ်ရှာစရာ မရှိသလိုပဲ။ တအားချောတယ်။ ဒီအမျိုးသားက ဒီအတိုင်း ပန်းအိုးသီးသန့်ဆိုရင်တောင်မှ သူ့ရဲ့ရုပ်ရည်နဲ့တင် တစ်ဘဝလုံး စားသောက်လို့ ရတယ်။ သူရဲ့မျက်နှာလေးကို ကြည့်ရုံနဲ့ အနိုင်ရနေပြီ မဟုတ်လား။ ဒါပေမဲ့ သူ့ရဲ့ စွမ်းရည်ကလည်း တအား တော်နေသေးပြန်ရော။ ယန်ကောက အပနှင်ပြီး မကောင်းဆိုးဝါးတွေ ဖမ်းနိုင်သေးတယ်။ ယန်ကောက တအားကို ကျွမ်းကျင်တာကို ကြည့်ပါလား။ ဒါက ဆရာသခင်အဆင့်ကို ရောက်နေပြီထင်တယ် ဝူး ဝူး ဝူး ဒီလောက်ရုပ်ရည်လည်း ကြည့်ကောင်းတဲ့။ သိုင်းပညာလည်း တော်တဲ့။ ပါရမီလည်း ကြီးတဲ့ လူမျိုးတစ်ယောက်က သောက်ကျိုးနည်း ငါ့ရဲနှလုံးသားကို ဖမ်းစားသွားပြီ]
[အုတ်ဂျုံဖြစ်ရတဲ့ ပျော်ရွှင်မှုကို ဘယ်သူက နားလည်မှာလဲ။ ငါကတော့ လက်တွေ ကြိမ်းကိုက်လာတဲ့အထိ စခရင်ရှုတွေ ဆက်တိုက် ရိုက်ယူနေတာပဲ။ ယန်ကောက တကယ်ကို လုပ်နိုင်စွမ်းအား ကြီးတယ်လို့ ထင်တယ်။ နေကာမျက်မှန်တပ်ပြီး လမ်းဘေးမှာ လူရဲ့ကံကြမ္မာကို ဟောပြောပေးနေတဲ့ မှော်ပညာရှင်တွေ ဆိုတာထက် ကွာခြားလွန်းတယ်။ နင်တို့ သတိထားမိလားတော့ မသိဘူး။ ယန်ကောက အခု အရှည်ကြီးပဲ ရွတ်သွားတဲ့ တစ်စုံတစ်ရာလေ။ အဲတာကို ရွတ်သွားတဲ့အချိန်မှာ ပတ်ဝန်းကျင်မှာ ရွှေရောင်အလင်းတွေ တောက်ပလာတယ်။ ငါက စခရင်ရှုတွေကို ပြန်ကြည့်မှ ဒီအလင်းရောင်တွေက စကားလုံးတွေ ဖြစ်နေတာကို သိလိုက်ရတယ်။ သေချာရှာဖွေပြီးတဲ့နောက်မှာ ဒါက တာအိုအဆောင်ဂါထာတွေနဲ့ တူနေသလိုပဲ။ ဒီတော့ ငါ့အထင် ယန်ကောက အခုလေးတင် တစ်စုံတစ်ရာကို လုပ်ပြီး အပနှင်လိုက်တာပဲ]
******