Ch 102
Viewers 6k

102 01

 

အပိုင်း(၁၀၂)

 

[ငါအရှေ့မှာ ထိုင်ပြီး သေချာ ဂရုတစိုက် ကြည့်နေခဲ့တာလေ။ ငါ့ရဲ့မျက်လုံးက ယန်ကောနောက်ကိုပဲ တောက်လျောက် ရောက်နေခဲ့တာဆိုတော့ ဘာကိုမှ သတိမထားမိတော့ဘူး_ _ _ ဝိုး ငါက တော်တော်လေးကို အရည်အချင်း မပြည့်မှီတဲ့ အုတ်ဂျုံပဲ]

 

[မင်းကို အပြစ်မတင်ပါဘူး။ ယန်ကောက တအားချောနေတာကိုပဲ အပြစ်တင်ရမယ်]

 

[အိုး အဲဒီဝိဉာဉ်ညီမလေးက နောင်ဘဝမှာ ပိုကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီရှိုးကို ကြည့်ပြီးတဲ့နောက်မှာ ရုတ်တရက် ငါ အရင်က ဘယ်လောက် ပျော်စရာကောင်းခဲ့သလဲ ဆိုတာကို သိသွားတယ်။ ငါ့ရဲ့ဆွေမျိုးတွေ၊ မိဘတွေ၊ အနားကလူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်]

 

ဆွေးနွေးသော ကွန့်မန့်များက ယန်ရှစ်ရွှမ်း၏ ရုပ်ရည် သို့မဟုတ် သူ့ကို နူတ်ဆက်စကား ပြောသွားသော တစ္ဆေညီမအကြောင်း ဖြစ်သည်။ ထို့အပြင် လူအများစုဟာ ယခုလေးတင် ငိုခဲ့မိသော ဖြစ်ရပ်များကိုလည်း ရင်ဖွင့်နေကြသည်။

 

နောက်ထပ် ဘုန်းတော်ကြီးတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ကြည့်သည်။ ကျွမ်းကျင်ပညာရှင်တစ်ယောက်က တံခါးတစ်ချပ်လိုပဲ။

 

တာအိုဘုန်းတော်ကြီးမာနှင့် အခြားသော သူများက ဖန်သားပြင်အခွဲကို တောက်လျောက် အာရုံစိုက်နေခြင်း ဖြစ်သည်။ ယန်ရှစ်ရွှမ်းက ဝံပုလွေတောင်ထိပ် အနီးအနားရှိ ဆိုးယုတ်သော အရာများကို မောင်းထုတ်ပြီးကြောင်း မြင်ရသည့် အချိန်တွင် စိတ်အေးသွားပြီး ရွာသားများကိုလည်း မြေအောက်လောကသို့ ပို့နိုင်ခဲ့သည်။

 

ထိုတာဝန်ကို ယူထားသော တာဝန်ခံက ကုလားထိုင် နောက်ဘက်သို့ မှီလိုက်သည်။ သူသည် အချိန်အတန် ကြာအောင် အသိပြန်မဝင်နိုင်သေးချေ။ အချိန်အတန်ကြာမှသာ ဘေးဘက်မှ တာအိုဘုန်းတော်အိုကြီးကို အမှန်တရားကို အတည်ပြု လိုသလိုမျိုး ကြည့်ပြီး တစ်စုံတစ်ရာကို ပြောလိုခဲ့သည်။

 

တာအိုဘုန်းတော်ကြီးက ရင်ကိုကော့ရင်း ဂုဏ်ယူစွာ ပြောသည်။

 

“ငါက ငါက ဘာပြောပေးရမှာလဲ။ ဒီတန်ခွေးရဲ့တပည့်က သေချာပေါက် လုပ်နိုင်ပါမယ်လို့ မပြောခဲ့ဘူး”

 

တာအိုဆရာသခင်မာက ခေါင်းညိတ်ရင်း ပြုံးလျက် ပြောသည်။

 

“ဂျူနီယာညီလေးယန် တကယ်ကို ထူးချွန်လွန်းပါပေတယ်။ ငါသာ သူ့ရဲ့အခုနေရာမှာဆိုရင် သူ့ရဲ့အဆင့်ကို မရောက်နိုင်တဲ့အပြင် ရွာသားတွေရဲ့ဝိဉာဉ်ကိုလည်း ပြန်ပို့ပေးနိုင်မှာလည်း မဟုတ်ဘူး။ အခု နှစ်ပေါင်းများစွာ ကြာအောင် ယဲ့လန်တောင်ထိပ်က မဖြေရှင်းနိုင်ခဲ့တဲ့ ကိစ္စတွေကို ပြီးသွားပြီ။ ဒီနေ့ကစပြီး ငါ့ရဲ့နှလုံးသားက ယဲ့လန်တောင်ထိပ်နဲ့ ပက်သက်တဲ့ ဆူးကို  နူတ်ပြီးသွားပြီ”

 

တာဝန်ခံပုဂ္ဂိုလ်ကလည်း သဘောတူမှုအပြည့်နှင့် ခေါင်းညိတ်လိုက်သည်။

 

တာအိုဘုန်းတော်အိုကြီးကသာ ဖန်သားပြင်အခွဲကို ဂုဏ်ယူမှုအပြည့်ဖြင့် ဆက်ကြည့်နေသည်။

 

သို့သော် _ _ _ အဲဒီနတ်ဘုရားရဲ့ ပုလ္လင်ကို သိမ်းပိုက်သွားတဲ့ ဆိုးယုတ်တဲ့အရာက ဘယ်မှာလဲ။

 

_ _ _

 

ယန်ရှစ်ရွှမ်းက နောက်ပြန်လှည့်လိုက်သောအခါ သူ၏အနောက်ဘက်တွင် ရပ်နေသည့် အမျိုးသားကို မြင်လိုက်ရသည်။ ထိုအမျိုးသားက သူ့ကို တိတ်တဆိတ် ကြည့်နေသည်။ ထို့ကြောင့် သူဟာ မျက်ခုံးကို အသာပင့်ရင်း ပြောလိုက်သည်။

 

“ခင်ဗျား ကြောက်သွားတာလား”

 

ထိုအမျိုးသားက ခေါင်းကို အသာခါသည်။ သူ၏တင်းမာသော မျက်နှာတွင် အပြုံးက ပေါ်လာသည်။

 

“မကြောက်ပါဘူး”

 

“ဒီအတိုင်း အခုမြင်လိုက်ရတဲ့ မြင်ကွင်းအရ ငါ ခံစားမိလိုက်ရုံပဲ”

 

“မင်းက မျက်စိကျိန်းလောက်အောင် တောက်ပလွန်းလို့ တိုက်ရိုက်ကြည့်ဖို့တောင် ခက်တယ်။ ဒါပေမဲ့ ငါ့ရဲ့မျက်လုံးကိုလည်း မဖယ်နိုင်ဘူး”

 

[စာရေးသူရဲ့ အမှာစကား .. လေထဲမှာ ပေါ်လာတဲ့ အဆောင်ဆိုတာက တာအိုဘုန်းတော်ကြီးတွေရဲ့ တစ္ဆေသတ်ကျိန်စာလိုပဲ】

 

မြူထု၏ အစွန်နားမှ မနက်ခင်းနေမင်းက မြှောက်တက်လာသည်။ မနက်ခင်း နေမင်းအလင်းရောင်က မြေကမ္ဘာပေါ် ပက်ဖြန်းလာ၏။ သွေးတစ်စပင် မရှိလောက်အောင် ဖြူဖျော့နေသော အမျိုးသား၏ အေးစက်သော မျက်နှာပေါ်သို့ နွေးထွေးသော အရောင်က ကျဆင်းလာလေပြီး သူ့အား မူလက ချောမောရာမှ အလွန်အကြူး အေးစက်ပြီး ထက်ရှလွန်းသော မျက်နှာတွင် အသက်စွမ်းအား တစ်စွန်းတစ်စကို ပေါ်ပေါက်လာစေသည်။ သူသည် လူသားလောက၏ နွေးထွေးမှုနှင့် ဆေးခြယ်ထားခံရသော ရုပ်ထုတစ်ခုအလား ခမ်းနားထည်ဝါသော်လည်း အေးစက်သော ပုလ္လင်ပေါ်မှ ဆင်းသက်လာသလို ခံစားရစေသည်။

 

ထိုသို့ဖြင့် သူဟာ လူသားလောကသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်နိုင်သည်။

 

ယန်ရှစ်ရွှမ်းက မူလကမူ ထိုအမျိုးသား၏ ထူးဆန်းသော ရုပ်ရည်နှင့် ပက်သက်ပြီး မေးခွန်း ထုတ်လိုခဲ့သည်။ ယခုမူ ထိုအမျိုးသားက သူ့ကို စကားတစ်ခွန်းမဆိုပဲ စိုက်ကြည့်နေကြောင်း တွေ့လိုက်ရ၏။ ထို့အပြင် ထိုအမျိုးသား၏ လေထုကို စနှောက်သော မှတ်တမ်း ရှိခဲ့ဖူးသည်။ ထို့ကြောင့် ရှင်းပြရန် ခက်ခဲသော ခံစားချက်ကိုသာ ရလိုက်သည်။

 

102 02

 

ယခုအခါ ထိုအမျိုးသားကို ကြည့်သောအခါ ထိုအမျိုးသား၏ မျက်လုံးဟာ လုပ်ဖော်ကိုက်ဖက်များကို ကြည့်သော အကြည့်နှင့် မတူညီလေဘဲ ယခင်က လမ်းများပေါ်တွင် တွေ့ခဲ့ဖူးသော ငယ်ရွယ်သည့် စုံတွဲများအတိုင်း ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ ထို့ကြောင့် သူဟာ စိတ်ထဲတွင် တိတ်တဆိတ် မျက်လုံးကို လှန်လိုက်ပြီး ကျန်းဝူပင်းကိုသာ ဆက်ပြောရန် ဆုံးဖြတ်လိုက်သည်။

 

ထိုအရူးကောင်က တစ္ဆေနှင့် တွေ့ပြီးနောက် ဘာဆက်လုပ်နေမည်နည်းကို မေးမြန်းရပေမည်။

 

“ယန်_ _ _ရှစ်ရွှမ်း”

 

ထိုအမျိုးသားက ယန်ရှစ်ရွှမ်း၏ နာမည်ကို ခေါ်ပြန်သည်။

 

သူဟာ သူ၏ဖြောင့်တန်းရှည်လျားသော ခြေထောက်များနှင့် ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ပြီး ယန်ရှစ်ရွှမ်း၏ အရှေ့သို့ တဖြည်းဖြည်းချင်း လျှောက်လာသည်။ သူ၏ ဦးထုပ် မပါသော မျက်နှာက ယန်ရှစ်ရွှမ်း၏အရှေ့တွင် ချုပ်တည်းမှု ကင်းမဲ့စွာနှင့် ပေါ်ထွက်လာသည်။ သူ၏ ရှည်လျားသော အနက်ရောင်ဆံပင်များက သန်မာသော ပုခုံးပေါ်သို့ ဖြာကျလာပြီး သဘာဝကျကျ ကွေးကျနေသည်။ သို့သော် မိန်းမဆန်မှု မရှိပါချေ။ အနှစ်ချုပ်ဆိုရသော် သူ၏အရှိန်အဝါကို ပိုပြီကြောက်စရာ ကောင်းစေပြီး အေးစက်သော မျက်နှာကို ပို၍ပင် ခမ်းနားထည်ဝါသွားစေသည်။

 

သူ၏ရှည်လျားပြီး ကျဉ်းမြောင်းသော အနက်ရောင် မျက်ဝန်းတစ်စုံက ယန်ရှစ်ရွှမ်းကို ပြင်းပြင်းပြပြ စိုက်ကြည့်လာသည်။ သူ၏မျက်လုံးများက အနည်းငယ် အားလှိုင်းထနေသလိုမျိုး နေရောင်အောက်မှ ပင်လယ်ရေအားလှိုင်း၏ အားလှိုင်းများအလား ဖြစ်ကာ နွေးထွေးသော အလင်းရောင်ကို လွှင့်ထုတ်နေသည်။

 

“အခုမင်းမေးသွားတဲ့ မေးခွန်းကို ငါ မဖြေရသေးဘူး”

 

ထိုအမျိုးသားက သူ၏ပါးလျသည့် နူတ်ခမ်းကို အသာကော့တက်အောင် ပြုံးလိုက်ရင်း ပြောသည်။

 

“မင်းကို ပေးထားတဲ့ ကတိကို ငါ ဖြည့်ဆည်းပေးပြီး ငါ ဆုတောင်းကိုလည်း ပြည့်အောင် လုပ်ပေးထားတယ်။ ဒီတစ်ကြိမ် မင်းရဲ့မေးခွန်းကို ငါက မဖြည့်ဆည်း ပေးနိုင်ရမှာလဲ”

 

ယန်ရှစ်ရွှမ်းက မျက်ခုံး ပင့်လိုက်သည်။ သူ၏ဝင့်တက်လာသော မျက်ဝန်းက ထိုအမျိုးသားကို ကြည့်ရင်း ပြန်လည်အာရုံစိုက်လိုက်သည်။ ထိုအမျိုးသားပြောမည့် စကားများကိုလည်း ကြားလို၏။

 

ထို့နောက် ထိုအမျိုးသား၏ တိုးလျပြီး ဆွဲဆောင်မှုပြင်းသော အသံက တိုတောင်းသော်လည်း တိကျခိုင်မာသည့် စကားလုံးများကို ထုတ်ပြောကြောင်း သိလိုက်ရသည်။

 

“ငါ့ရဲ့နာမည်က ယဲ့လီ”

 

ထိုအမျိုးသားက ပြောပြီးသည့်အခိုက်အတန့်တွင် ယန်ရှစ်ရွှမ်းသည် သူတို့က ရပ်နေသော ယဲ့လန်တောင်ထိပ် ၏မြေပြင်က အချိန်တစ်ခုကြာ လှုပ်ခတ်သွားကြောင်း သိလိုက်သည်။ လေးလံလွန်းသော တစ်စုံတစ်ရာကို သယ်ထားလိုက်ရသလို မြေသားက တွန်းထုတ်ထိန်းထားရန် အသားကုန် ရုန်းကန်ရပုံ ပေါ်သည်။ အသံဖျော့ဖျော့ပင် ထွက်လာသေး၏။ ထို့အပြင် လေထုကပင် တစ်ခဏခန့် ကြာအောင် ရပ်တန့်သွားသည်။ ထို့နောက် စီးဆင်းနေသော လေပြင်းနှင့် အလင်းများက တောင့်ခဲသွားလေရာ ရှေ့သို့ ဆက်မတိုးဝံ့တော့ချေေ။ သူတို့သည် ရှေ့တွင် ရှိနေသော သက်ရှိတိုင်းအတွက် ကြောက်ရွံ့ဖွယ် ကောင်းလွန်းသော တစ်စုံတစ်ရာကို ခြောက်ခြားနေကြပုံ ပေါ်သည်။ ထိုအရာကို ရန်စမိသည့် အရေးကို ဆိုးရွံ့သွားပုံ ပေါ်သည်။

 

အဝေးတွင် တစ္ဆေပိတ်လှောင်ခြင်း ချိန်းကြိုးများနှင့် ချည်နှောင်ခံရပြီး ခေါ်ဆောင်သွားခြင်း ခံရသူများသည် တုန်ယင်စွာဖြင့် ရပ်တန့်သွားရသည်။ သူတို့သည် ကြောက်လွန်းသဖြင့်ရှေ့ဆက်မတိုးရဲကြတော့ချေ။ နောက်သို့လည်း ပြန်လှည့်ပြီး အတည် မပြုရဲကြတော့ချေ။

 

ရုတ်တရက် ဝိဉာဉ်ချိန်းကြိုးများ၏ အသံက ဆက်တိုက်ထွက်ပေါ်လာသည်။

 

ရွာသားများ၏ ဝိဉာဉ်များက ဦးဆောင်သော ခေါင်းဆောင်များ၏ နောက်ဘက်သို့ လိုက်နေရာမှ ရပ်ပြီး နောက်သို့ မှင်သက်စွာ လှည့်ကြည့်မိသွားသည်။

 

နေမင်းက အရှေ့ဘက်မှ ထွက်ပြီး ကောင်းကင်သို့ ဝင်လုနီးပါး ဖြစ်နေလေပြီး မနက်ခင်းနေမင်းက တောင်တန်းများကို ကျော်လွန်လျက် တလောကလုံးပေါ်သို့ အရောင်ကို ဖြာကျပေးလာကာ အရိပ်ကျသော နေရာများ မရှိတော့သောအခါ ရွာသားများ၏ ယင်နှင့်ဝိဉာဉ်ကလည်း တောက်ပလွန်းသော ယန်စွမ်းအင်များ၏ ဝင်ရောက်မှုကြောင့် ဖျက်ဆီးမှုဒဏ်ကို ခံရသည်။

 

သို့တိုင်အောင် ထိုသို့ ဖြစ်နေသည့်တိုင်အောင် ရှေ့မှ ခေါင်းဆောင်များက ချွေးများ ပျံကာ တုန်ယင် နေကြသေးသည်။ သူတို့သည် ခေါင်းကိုသာ ကြောက်ရွံ့စွာ ငုံ့နေပြီး မလှုပ်ရှားရဲကြချေ။

 

ယန်ရှစ်ရွှမ်း၏ အကင်းပါးသော အာရုံခံနိုင်စွမ်းအားက ပတ်ဝန်းကျင်မှ ထူးဆန်းမှုတိုင်းကို သိလိုက်သည်။ ထို့နောက် တစ်ခဏတွင် ထိုအမျိုးသားသည် ယန်ရှစ်ရွှမ်း၏ သတိကပ်ထားသော ခံစားချက်ကို နားလည်လိုက်သဖြင့် သူ၏ကျီးကန်းအမွှေးတောင်လို မဲနက်နေသော မျက်တောင်များကို အသာပင့်တင်လိုက်ပြီး ဘေးဘက်သို့ သာမာန်ကာလျှံကာ တစ်ချက်ကြည့်လိုက်သည်။

 

102 03

 

ချက်ချင်းဆိုသလိုပင် ခမ်းနားသော အရှိန်အဝါတစ်ရပ်က လေထုအတွင်း ပျံ့နှံ့သွားလေပြီး အရာအားလုံးကို ချုပ်ထိန်း ပစ်လိုက်သည်။ ယခုလေးတင် နာမည်ကြောင့် ထုတ်လွှင့်ထားသော အရှန်အဝါကို ပြန်လည် ရရှိလာသည်။

 

တောင်တန်းထဲမှ လတ်ဆတ်သော လေပြင်းက တစ်ဖန်ပြန်လည် စီးဆင်းသည်။ တင်းကြပ်ပြီး ခံစားရသော ခံစားချက်က တစ်ဖန်ပြန်လည် လွှင့်ပျံလာသည်။

 

ထိုအခါ ထိုခေါင်းဆောင်များက ထိုသို့ဖြင့် အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။

 

တောင်တန်းထဲမှ လတ်ဆတ်သော လေက ပြန်လည်စီးဆင်းသည်။ တင်းကြပ်ကာ ဖိနှိပ်ထားသော ခံစားချက်များက ပျောက်ကွယ် လာသည်။

 

နောက်သို့ပင် လှည့်မကြည့်ရဲသည့် ခေါင်းဆောင်များက ယခင်ကဲ့သို့ မောက်မာ ထောင်လွှားမှုအပြည့်နှင့် မော်ကြွားခြင်း မရှိတော့လေဘဲ အထိတ်တလန့် အပြည့်နှင့် နောက်လှည့်မကြည့်ပဲ ထွက်ပြေးသွားကြလေသည်။

 

နာမည် တစ်ခုတည်းကတင် ဒီလိုစွမ်းအားမျိုး ပါတယ်။

 

သို့ရာတွင် ယန်ရှစ်ရွှမ်းကမူ ပတ်ဝန်းကျင်မှ ပုံမှန်မဟုတ်မှုများက ထိုအမျိုးသားနှင့် သက်ဆိုင်သည်ဟု မထင်ပေ။ အနည်းငယ် စိတ်ရှုပ်ထွေးနေပြီးနောက် ထိုပုံမှန်မဟုတ်မှုများက ယဲ့လန်တောင်ထိပ်မှ နတ်ဘုရားဟောင်းနှင့် နတ်ဘုရားအသစ်၏ ပြောင်းလဲမှုကြောင့်ဟုသာ ထင်လိုက်သည်။

 

မည်သို့ပင်ဆိုစေ ထိုကဲ့သို့ အလုံးအရင်း ပုံမှန်မဟုတ်သော ကိစ္စကို ဖြစ်စေနိုင်စွမ်းရှိသူက ကောင်းကင်နှင့်မြေပြင်က အသိအမှတ် ပြုထားသော ဖြောင့်မတ်မှန်ကန်သည့် နတ်ဘုရားသာ လုပ်နိုင်စွမ်းရည် ရှိလေသည်။

 

ယဲ့လန့်တောင်ထိပ်သာ နဂိုအတိုင်း ငြိမ်းချမ်းသွားပြီးနောက် ယန်ရှစ်ရွှမ်း၏ မျက်နှာပေါ်မှ တည်ငြိမ်မှုများက ပို၍သာ လေးနက်လာသည်။ သူသည် မျက်ခုံးကို ပင့်ရင်း ထိုအမျိုးသားကို ကြည့်သည်။

 

“ခင်ဗျားက ငါ့ကို နာမည် မပြောရဲဘူးလို့ ထင်နေတာ။ ဆိုတော့ ငါက စဉ်းစားဆင်ခြင်မှုအပြည့်နဲ့ ခင်ဗျားကို ဆက်မမေးခဲ့ရုံလေ။ အဆုံးသတ်မှာ ခင်ဗျားက နာမည်ကိုတောင် အပြေးအလွှား လာပြောတာပဲ”

 

ထိုအမျိုးသားက အံ့ဩသွားပြီး ပြုံးလျက် ပြောသည်။

 

“ငါက ဘာလို့ ကြောက်ရမှာလဲ”

 

သူသည် ထိုကဲ့သို့သော ခံစားချက်ကို မခံစားဖူးချေ။ သူသည် တစ်ချိန်လုံးလိုလို လူအများ၊ နတ်များ၊ နတ်ဘုရားများ၊ တစ္ဆေသရဲများ၏ သူ့ကို မြင်သောကြောင့် ခံစားရသည့် ကြောက်လန့်မှုကိုသာ ကြုံတွေ့ဖူးသည်။ သို့သော် ထိုခံစားချက်ကမူ သူနှင့် မရင်းနှီးသေးပါချေ။ ကောင်းကင်နှင့် မြေပြင်တွင် သူ့ကို ကြောက်စေသည့် ထိုက်တန်သည့်အရာမျိုး မရှိသေးပါချေ။

 

ယန်ရှစ်ရွှမ်းက သူ၏နူတ်ခမ်းပါးမှ အပြုံးကို မြှင့်တင်လိုက်ပြီး သူ့ကိုယ်သူ လက်ချောင်းဖြင့် ပြန်ထိုးသည်။

 

“ငါက တစ်နှစ်ပတ်လုံး ဒီတစ္ဆေတွေ သေဆုံပြီးတဲ့အရာတွေကို ကိုင်တွယ်နေတာ ခင်ဗျား မမြင်ဘူးလား။ သာမာန်လူတွေက ငါ့ကို  လူကြီးမင်း ယင်ယန် ဒါမှမဟုတ် ဖုန်းရွှေဆရာသခင် ဒါမှမဟုတ် မှော်ပညာရှင်လို့ ခေါ်ကြတယ်။ ခင်ဗျား ဒီလိုဒဏ္ဍာရီတွေ မကြားဖူးဘူးလား။ ခင်ဗျားက မှော်ပညာရှင်တစ်ယောက်ကို ရန်စလိုက်ရင် သတိထားနေရမယ်။ အဲဒီလိုမှ မဟုတ်ရင် ခင်ဗျားကို ဆိုးယုတ်တဲ့အရာနဲ့ ထိုးသတ်သွားလိမ့်မယ်တဲ့။ ဒါက အတုအယောင် နာမည် မဟုတ်ဘူးနော်။ နာမည်တစ်ခု၊ မွေးနေ့နဲ့ ဆံပင်တစ်ချောင်းကို ရရုံနဲ့ အဲဒီလူကို ကျိန်စာတိုက်လို့ရတယ်”

 

“ခင်ဗျားအရင်က ငါ့ကို စနှောက်ခဲ့တယ်။ ငါ့ကို စိတ်သဘောထား ဆိုးတယ်လို့ ပြောတယ် မဟုတ်ဘူလား။ ဒါကြောင့် ခင်ဗျား ကြောက်မယ်ဆိုရင်လည်း နားလည်ပါတယ်”

 

မိစ္ဆာနတ်ဆိုးထံမှ လွတ်မြောက်သွားပြီး လွတ်ပေးခံလိုက်ရသည့် ထိုရွာသားများက ယန်ရှစ်ရွှမ်းကို စိတ်အခြေအနေ ကောင်းစေသည်။ ထို့ကြောင့် သူသည် ယခုလေးတင် ကြင်နာတတ်သော အမျိုးသမီးနှင့် စကားပြောခဲ့ပြီးသောကြောင့် သယ်ဆောင် ထားသေးသည့် ငြင်သာသော ခံစားချက်ကလည်း မပျောက်ကွယ် သွားသေးသဖြင့် ယန်ရှစ်ရွှမ်းက ထိုအမျိုးသားကို သဘောတကျ ရင်ဆိုင်မိစေသည်။ ထို့သို့သော ယန်ရှစ်ရွှမ်းက ထိုအမျိုးသားကို စနှောက်ချင်လာသည်။

 

ယန်ရှစ်ရွှမ်းက သူ့ကို ကလေးတစ်ယောက်လို ညဘက်မအိပ်နိုင်အောင် ခြောက်လန့်သော စကားမျိုးကို ကြားရသောအခါ ထိုအမျိုးသားက မကြောက်သွားသည့်အပြင် အပြုံးနှင့်ပင် မေးသေးသည်။

 

“မင်းက အဲဒီလို လုပ်နိုင်တာလား”

 

ယန်ရှစ်ရွှမ်းက လက်ကိုဖြန့်လျက် ခြိမ်းခြောက်သော ပုံစံမျိုးဖြင့် ပြောသည်။

 

“ငါ အရင်ကတော့ မသေချာဘူး။ ဒါပေမဲ့ ငါ အခုတော့ မင်းရဲ့နာမည်ကို သိသွားပြီ။ ဒီတော့ နောက်တစ်ကြိမ် ခင်ဗျားကို သဘောမကျတဲ့အခါ စမ်းကြည့်ရမယ်။ ပြောရမယ်ဆိုရင် ဒီဒဏ္ဍာရီတွေက သိစရာတောင် မဟုတ်ဘူး။ ဒါက ခင်ဗျားရဲ့နာမည်ကို သိမယ်။ ခင်ဗျားရဲ့ ရုပ်ရည်ကို သိတယ်ဆိုတော့  အခြေခံလိုအပ်ချက်က ပြည့်မှီသွားပြီ။ ဒီတော့ ဂါထာကို ဆင့်ခေါ်လို့ ရတယ်လေ”

 

“ငါက အဲဒီပညာရှင်တွေနဲ့ ခြားနားတယ်။ ငါက ပိုပြီးတော့တောင် ရူးသွပ်တဲ့ ပုံစံမျိုးကို အနုစိတ်ကျကျ လေ့လာထားတာ”

 

102 04

 

ယန်ရှစ်ရွှမ်းက ထိုသို့ စိတ်ဝင်တစား ပြောခဲ့သည်။ ယခုလို အကောင်ပေါက်လေးအား ခြောက်လန့်ချင်နေသည့် ဆိုးရွားသော ဝံပုလွေကြီးပုံသဏ္ဍာန် ဟန်ဆောင်ထားသော ပုံစံမျိုးနှင့် ခြားနားသေးသည်။ သူဟာ ထိုအမျိုးသား၏ မျက်နှာကို ကြည့်ရင်း ခြားနားသော အမူအယာ အပြောင်းအလဲများကို ရှာဖွေနေသည်။ ထို့နောက် ပြောသည်။

 

“အနောက်တောင်နယ်စပ်ကနေ အရှေ့မြောက်နယ်စပ်မှာ ရှိတဲ့ နှင်းတောအုပ်အထိ။ တောင်ပိုင်းကနေ မြောက်ပိုင်းအထိ တောက်လျောက်မှာပေါ့။ တစ်ချိန်လုံး အဲဒီမှာ သွားနေပြီး ပညာတွေ အများကြီး သင်ယူခဲ့ ဖြစ်တယ်။ ဒါကြောင့် လုပန်းအတတ်ပညာရပ်နဲ့ မှော်အတတ်ပညာရပ်ကို ပေါင်းစပ်ပြီး သင်ယူခဲ့ဖူးတယ်။ ဒီလိုအတတ်ပညာက အမုန်းကို အနိုင်အဖြစ် ပြောင်းလဲတဲ့ ပညာရပ် တစ်မျိုး ဖြစ်နေရုံသာ မကသေးလေဘဲ လူတွေကို ကျိန်စာ တိုက်ချင်တဲ့အခါ လုပ်ဖို့နည်းလမ်းတွေ အများကြီးကို ရလာတယ်။ အရင်ကတော့ တစ်ခုကိုမှ မသုံးခဲ့ဖူးသေးပါဘူး။ ဒါပေမဲ့ စမ်းသပ်ကြည့်လို့လဲ ရတာပဲ။ တိုက်တိုက်ဆိုင်ဆိုင် ခင်ဗျားက ဒီမှာရှိနေတာဆိုတော့ နောက်တစ်ရက်ကျရင် စမ်းကြည့်ရမယ်”

 

ယန်ရှစ်ရွှမ်းက ထိုအမျိုးသားထံမှ မြင်ချင်သည့် ကြောက်လန့်သည့် အမူအယာမျိုးက ပေါ်မလာချေ။

 

ထိုအမျိုးသားက ယန်ရှစ်ရွှမ်းဟာ သူ သင်ယူခဲ့သည့် ပညာများကို လွပ်လွပ်လပ်လပ် ပြောပြနေသည်ဟု ထင်ခဲ့ရသည်။ သူသည် လောကမှာ အတော်ဆုံး။ ဗဟုသုတ အကြွယ်ဝဆုံး အပနှင်ဆရာ ဖြစ်နေရုံသာ မကသေးလေဘဲ သူ့အား နှလုံသားအတွင်း လျို့ဝှက်ချက်သူသည့် ခံစားချက် တစ်ရပ်ကို ခံစားစေသည်။

 

ယန်ရှစ်ရွှမ်းသည် သူ၏လက်သည်းများကို ဂုဏ်ယူစွာမြောက်ရင်း သူ၏နူးညံ့သော လက်ဖဝါးတစ်ဖက်ကို ပြနေသည့် ကြောင်ငယ်တစ်ကောင်နှင့် တူသည်။ သူ ကြီးပြင်းလာသော နေရာအကြောင်း ပြောပြပြီး ကြောင်၏ထူးခြားသည့် အမွှေးပွနေရာများက လှုပ်ခတ်နေကာ အလွန်မာနကြီးနေကြောင်း ဖော်ပြနေသည်။

 

သို့သော် ဒီအတိုင်း ချစ်စရာ ကောင်းနေသည်။

 

ထိုအမျိုးသားက ယန်ရှစ်ရွှမ်းကို လေးနက်သော မျက်လုံးများဖြင့် ကြည့်သည်။ သူ၏ အပြုံးက မူလက အေးစက်သော မျက်ဝန်းများမှတငဆင့် ယိုဖိတ်စီးထွက်လာသည်။

 

“ဒါပေါ့ အရမ်းကို အံ့ဩဖို့ကောင်းတာပဲ”

 

ထိုအမျိုးသားက ပြုံးရင် ခေါင်းညိတ်သည်။ သူသည် မကြောက်ပါချေ။ ထို့အစား ဂုဏ်ယူနေသည်။ ထိုအမျိုးသား၏ အပြုံးက မရပ်တန့်နိုင်ပါချေ။

 

“နောက်တစ်ကြိမ် အခွင့်အရေး ရတဲ့အခါ စမ်းကြည့်ပါ”

 

ထိုအမျိုးသား၏ မမျှော်လင့်ထားသော တုန့်ပြန်မှုကို မြင်ရပြီးနောက် ယန်ရှစ်ရွှမ်းက မျက်ခုံးပင့်သည်။ ထို့နောက် အနည်းငယ် အံ့ဩသွားသည်။ သူက တွေးကြည့် မိပြန်သည်။

 

သူက မည်သို့ပင်ဆိုစေ ယဲ့လီအမည်ရသော ဒါရိုက်တာလက်ထောက်က တောင်ဘုရားကျောင်းထဲတွင်လည်း သူ၏နောက်ဘက်မှ လိုက်ပြီး အဓိကခန်းမထဲသို့ လာခဲ့သေးသည်။ ထိုအချိန်က သရဲပေါင်းများစွာ လျှောက်သွားနေသော မြင်ကွင်းကိုလည်း မြင်ခဲ့လိမ့်မည်။ သို့တိုင်အောင် အဓိကခန်းမထဲသို့ ဝင်ပြီး သူ့ကို ကယ်ခဲ့သေးသည်။ ထိုအချိန်က ယဲ့လီသည် အလွန်တည်ငြိမ်ပြီး ကြောက်ခြင်းပင် မရှိချေ။ သိသာစွာပင် သူသည် ခေါင်းမားသော သူဖြစ်လောက်မည်။ မိစ္ဆာဝိဉာဉ်များက ဆိုးယုတ်သော မိစ္ဆာလို လူများကို ကြောက်သည်။ လူများကသာ သူတို့ကို မကြောက်လျှင် ထိုအရာကလည်း အခွင့်အရေး ယူနိုင်စွမ်းအား မရှိချေ။

 

ထို့သို့တွေးပြီးသော် ယန်ရှစ်ရွှမ်းက ထိုအမျိုးသား၏ တုန့်ပြန်မှုကို ဂရုမစိုက်တော့ချေ။

 

သို့ရာတွင် သူနှင့်ထိုအမျိုးသား ပြောလိုက်သော စကားမှတဆင့် ယန်ရှစ်ရွှမ်း၏ ကောင်းမွန်သော စိတ်အခြေအနေက တဖြည်းဖြည်းချင်းစီ တည်ငြိမ်သွားသည်။ ထိုအမျိးသားနှင့် ကောင်းကောင်းမွန်မွန် ပြောလိုက်ရသော စကားပြောခန်းကြောင့် သို့မဟုတ် ထိုအမျိုးသား၏ ရင်းနှီးမှုကြောင့်လည်း ဖြစ်နိုင်သည်။

 

ယန်ရှစ်ရွှမ်း၏ သူ့အပေါ် ခံစားချက်က ကောင်းမွန်လာသည်။ ပထမဦးဆုံး စတွေ့ချိန်ကလို သည်းမခံနိုင်လောက်အောင် အပနှင်ချင်သော စိတ်မျိုး ဖြစ်မလာတော့ချေ။ ထို့အစား ပို၍ပင် မျက်စိပသာဒ ဖြစ်လာသည်။

 

ယခုလေးတင် ခံစားခဲ့သည့် နူးညံ့သော ပျော်ရွှင်မှုမှ လွတ်မြောက်လာခဲ့ပြီးနောက် ယန်ရှစ်ရွှမ်းက စိတ်အခြေအနေကို ပြန်လည်ထိန်းညှိကာ ဟန်အမူအယာကို ထိန်းညှိသည်။

 

သေဆုံးသည့် ရွာသားများကို ပြန်လည် ပို့ဆောင်ခဲ့ပြီးသော်လည်း ဝံပုလွေရိုင်းတောင်ထိပ်မှ ဆိုးယုတ်သော အရာက ထွက်မလာသေးချေ။ သူသည်လည်း ထိုဆိုးယုတ်သော ပြိုကျသော ရုပ်ထုကို အခွင့်အကောင်းယူပြီး ထွက်ပြေးသွားခဲ့ကြောင်းကို မှတ်မိနေသေးသည်။ ပို၍ဆိုးသည်မှာ ပရိုဂရမ်အသင်းတိုင်း ကျန်းဝူပင်း၏ လုံခြုံရေးကို အတည်မပြုရသေးချေ။

 

ယန်ရှစ်ရွှမ်း၏ အမူအယာက တဖန်ပြန်လည် အေးစက်တည်ငြိမ် သွားပြန်သည်။

 

******