Ch 103
Viewers 6k

103 01

 

အပိုင်း(၁၀၃)

 

ထိုအခိုက်အတန့်တွင် ရုတ်တရက် ကျယ်လောင်‌သော ငိုသံက ထွက်ပေါ်လာသဖြင့် ယန်ရှစ်ရွှမ်း၏ အတွေးအာရုံကြောကို ဖျက်လိုက်ပြန်သည်။

 

သူက ငုံံ့ကြည့်လိုက်သောအခါ ကျန်းဝူပင်းကို ခေါ်ထားသော ဖုန်းကို မချရသေးကြောင်း စပီကာကို ဖွင်ထားသေးကြောင်း သိလိုက်သည်။

 

ကျန်းဝူပင်းက အခြားတစ်ဖက်ခြမ်းတွင် တုန်ယင်စွာဖြင့် ရှိနေသည်။ သူသည် ကြောက်လန့်လွန်းသဖြင့် ငိုရင်း မေးသည်။

 

“ယန် ယန်ကော ယန်ကော တကယ်ပဲ လူတွေအများကြီးကို ကျိန်စာတိုက်တဲ့ နည်းလမ်းကို သိတာလား။ ငါ အရင်က မသိပါလား”

 

“ငါ တောင်းပန်ပါတယ် ယန်ကောရယ် ငါ အရင်က ယန်ကောကို လုံလောက်အောင် မရိုသေခဲ့ဘူး ထင်တယ်။ ငါ အမြဲတမ်း ယန်ကောရဲ့အဝတ်ကို ငါ့ရဲ့နှပ်ချေးတွေ ငိုရင်း သုတ်နေမိတယ်။ ငါ မှားမှန်း ငါ သိပါတယ်။ ငါ့ကိုတော့ အဲလိုမလုပ်ပါနဲ့။ ငါ အဲဒီလို မလုပ်တော့ပါဘူး။ ယန်ကော ငါ့ကို ကျိန်စာ မတိုက်ပါနဲ့နော်။ ဒါက ထူးခြားတာပဲလေ။ ဟုတ်တယ်မလား ယန်ကော”

 

ကျန်းဝူပင်းက ဆက်တိုက်ငိုရင်း ယန်ရှစ်ရွှမ်းအပေါ် သူ၏ သစ္စာရှိစိတ်ကို ဖော်ပြသည်။ ထို့နောက် သူသည် ယန်ရှစ်ရွှမ်း ပြောသည့် ဖုန်းထဲမှ အကြောင်းအရာများကို ကြားပြီး ကြောက်သွားခြင်း ဖြစ်သည်။

 

ယန်ရှစ်ရွှမ်း “…..”

 

သူ မူလက စနှောက်ချင်သော သူက မကြောက်သွားခဲ့ချေ။ ထို့အပြင် သူ၏တည်ရှိမှုကို သုံးပြီး တစ်ဖက်သူအား မခြောက်နိုင်ခဲ့ချေ။ ထို့အစား ထိုငကြောက်လေးသာ ကြောက်သွားစေခဲ့သည်။

 

ယန်ရှစ်ရွှမ်းက သူ၏အပေါ်သွားကို လျှာဖြင့် တစ်ချက်တို့လိုက်ပြီး ကျွတ်ကနဲ့ စုတ်သပ်သံ ပြုသည်။ ထို့နောက် ရွံရှာသလို ပြောပြန်သည်။

 

“မစိုးရိမ်စမ်းပါနဲ့ ကျန်းဝူပင်း ငါသာ မင်းကို ကျိန်စာတိုက်ချင်ရင် လုပ်ပြီးတာ ကြာပြီ။ မင်း အခုချိန်ထိ အသက်ရှင်မှာတောင် မဟုတ်တော့ဘူး။ ဒီအတိုင်း မင်းကောလိပ်မှာ ရှိနေတဲ့အချိန်ကလည်း အမြဲတမ်း ငါ့နောက် လိုက်နေခဲ့တာပဲ မဟုတ်ဘူးလား။ ငါ အိပ်နေတဲ့ အချိန်မှာလည်း နှောက်ယှက်တယ်။ ငါ့ပေါ်လည်း ရွံစရာကောင်းအောင် ခုန်အုပ်သေးတယ်။ ငါသာ မင်းကို အမှန်တကယ် သဘောမကျဘူးဆိုရင် မင်း ဘွဲ့ရတဲ့အချိန်ထိတောင် အသက်မရှင်ဘူး”

 

“မင်းလို ဦးနှောက်မျိုးနဲ့လူက ဒီလိုစိုးရိမ်မှုတွေ မသင့်တော်ဘူး။ သွား ဆေးရုံကို ပြန်သွားပြီး ဦးနှောက်ကို စစ်ကြည့်လိုက်ဦး”

 

ယန်ရှစ်ရွှမ်းက နှာခေါင်းရှုံ့လိုက်ပြီးဖုန်းကို ချလိုက်သည်။

 

ယခုအခါ လိုင်းများက ပြန်ရ ပြီဖြစ်သည်။ ထို့ကြောင့် ယန်ရှစ်ရွှမ်းက ပျောက်နေသော ဒါရိုက်တာကားနှင့် နောက်ဘက်မှ ဝန်ထမ်းကားကို ဖုန်းခေါ်ပြီး သူတို့က လုံခြုံခြင်း ရှိ၊မရှိ အတည်ပြုလိုက်သည်။

 

“နောက်ထပ်_ _ _”

 

ယန်ရှစ်ရွှမ်း၏ အကြည့်က တင်းမာလာသည်။

 

 “အဲဒီ ဆိုးယုတ်တဲ့အရာပဲ”

 

ထိုအရာကို မဖယ်ရှားပြီးသမျှ ဝံပုလွေရိုင်းတောင်ထိပ်၏ ကိစ္စက မပြီးသေးချေ။

 

“လူကြီးမင်းယန်က ပြောတယ်။ ကိစ္စတွေ ဖြေရှင်းပြီး သိပ်မကြာခင် ငါတို့ဆီ လာမယ်လို့ ပြောတယ်”

 

ဖုန်းကို ချပြီးသည်အထိ လက်ထောက်ဒါရိုက်တာက ကြောင်တောင်တောင် ဖြစ်နေသေးသည်။ သူသည် အံ့အားသင့်မှုကို အချိန်မှီ မတုန့်ပြန်နိုင်သလိုမျိုး ဖြစ်နေသေး၏။ ယန်ရှစ်ရွှမ်းက ပြောသောစကားကိုလည်း ဖွင့်ထားသော စပီကာမှ ကြားလိုက်ရသည့် အနားရှိ ဝန်ထမ်းက ကြောင်တောင်တောင် ဖြစ်သွားသလိုမျိုး ကြည့်သည်။ ထို့နောက် ကြောက်လန့်ပုံ ဖြစ်သွားသေးပြန်သည်။

 

“ဘုရားရေ ဧည့်သည်ကားထဲမှာ ဒီလောက်ကိစ္စတွေ အများကြီး ဖြစ်သွားခဲ့တာပဲ”

 

မူလက ကားနောက်သို့ လိုက်ခဲ့သော ကြောက်စရာကောင်းသော ကြီးမားသည့် ကြွက်ကြီးကြောင့် ကြောက်လန့်ခဲ့သည့် ဝန်ထမ်းများက ပရိုဂရမ်အသင်းအား သူတို့၏ကံကြောင့် အထွန့်တက်နေခြင်း ဖြစ်သည်။ သူတို့ကသာ ထိုကဲ့သို့သော် နာကျင်မှုကို ခံစားရသည်ဟု တွေးနေခြင်း ဖြစ်သည်။ သို့သော် ရုတ်တရက် ဧည့်သည်ကားတွင် ဖြစ်ပျက်သွားသည့် ကိစ္စများကို ကြားသိရသည့်အချိန်တွင် ဝန်ထမ်းကလည်း နာကျင်သည်ဟု မခံစားရတော့ချေ။ ထို့အစား ကံကောင်းလွန်းသည်ဟု ခံစားလိုက်ရသည်။ ကံကောင်းစွာပင် သူတို့သည် ကယ်တင် ခံလိုက်ရသည်။

 

“တောင်တန်း တောင်ဘုရားကျောင်းထဲက ရုပ်ထုတွေက လူကို တိုက်ခိုက်နိုင်တယ်”

 

ဘေးဘက်မှ အမျိုးသားဝန်ထမ်း အဖွဲ့ဝင်တစ်ယောက်က တုန်ယင်နေသည်။ သူမသည် ထိုကိစ္စကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရခြင်း မရှိသော်လည်း ယန်ရှစ်ရွှမ်း၏ ပြောပြမှုမှတဆင့် သူမကို တုန်ယင်စေသေးသည်။ ထိုအဖြစ်အပျက်များကို တစ်ခဏခန့် စိတ်ကူးယဉ်ကြည့်ပြီးနောက် ယန်ရှစ်ရွှမ်း ပြောသော အချိန်ကထက်ပင် ပို၍ပင် ကြောက်လန့်သွားသည်။

 

103 02

 

“ဒါပေမဲ့ လူကြီးမင်းယန်က ဒီမကောင်းဆိုးဝါးတွေ အားလုံးကို နိုင်တယ်လို့တော့ ထင်တယ်။ သူက ဒီအတိုင်း ဘာမှမဟုတ်သလို ပြောသွားတာ။ လူကြီးမင်းယန်က တအား အင်အားကြီးတာပဲ။ ငါသာဆိုရင် နေရာမှာကြောက်လွန်းလို့ သေနေလောက်ပြီ”

 

“လူကြီးမင်းယန်က ငါတို့ဒါရိုက်တာနဲ့ ကောလိပ်က အတန်းဖော် ထင်တယ်။ နောက်ပြီး သူက ပင်းဟိုင်တက္ကသိုလ် စီးပွားရေးဌာနရဲ့ ထိပ်တန်းကျောင်းသားလည်း ဖြစ်သေးတာလေ”

 

နဂိုကတည်းက ကျန်းဝူပင်းနှင့် အလုပ်လုပ်သည့် ဆက်ဆံကောင်းတစ်ခု ရှိသောကြောင့် အကြောင်းအရာကို နားလည်သည့် ဒါရိုက်တာလက်ထောက်က ဝန်ထမ်းများထက် ပိုသိသည်။

 

“လူကြီးမင်းယန်က ရှိုးပွဲရဲ့ အပြင်လူတစ်ယောက်။ ဒါပေမဲ့ ဒါက သူ့အလုပ်မှ မဟုတ်တာ။ သူက  ဒါရိုက်တာရဲ့တောင်းဆိုမှုကြောင့် ဒီနေရာမှာ လာလုပ်ပေးတာ။ လူကြီးမင်းယန်က အပနှင်တာမှာ တော်ပြီး မိစ္ဆာနတ်ဆိုးတွေကို မောင်းထုတ်ပေးနိုင်တဲ့ ဆရာသခင်ကြီးပဲ။ ဒီလိုဆရာသခင်မျိုး ရှိနေသမျှ ငါတို့ ဘယ်လောက် ညစ်ညမ်းတဲ့အရာကိုပဲ တွေ့တွေ့ ရှင်းနိုင်မှာပဲ။ သူက တအားတော်တာ”

 

ယခင်ကိစ္စကတည်းက ရှိနေခဲ့သော ဝန်ထမ်းများက မနေနိုင်ဘဲ ပြောဖြစ်ကြသည်။ ဝန်ထမ်းသစ်များကို ယခင်ကိစ္စများအကြောင်း ပြန်ပြောရင်း ဂုဏ်ယူနေကြပုံ ပေါ်၏။

 

“လူကြီးမင်းယန်က တအားကို အင်အားကြီးတာလေ။ ငါတို့အရင်တစ်ခေါက် ကွေ့တောင်မှ တွေ့ခဲ့တုန်းကလည်း အဲဒီအတိုင်းပဲ။ ငါတို့ကတော့ ငါတို့ သေလောက်ပြီလို့ ထင်နေတာ။ သရဲတွေက အများကြီး ရှိနေတာကိုး။ အဲဒီအချိန်မှာ လူကြီးမင်းယန်က ငါတို့အားလုံးကို ကယ်တင် လိုက်ထုတ်ပေးလိုက်တာပဲ”

 

“ဟုတ်တယ် ဟုတ်တယ်။ ငါ အစကတော့ သရဲကို မယုံဘူးလေ။ ဒီလူတွေက သရဲအကြောင်းကို ပြောရင်း ပေါက်ကရလျှော က်ပြောနေတယ်လို့ ထင်နေတာ။ ငါ့ရဲ့ပိုက်ဆံကို လိုချင်လို့ ပေါက်ကရတွေ လာပြောနေတယ်ပေါ့။ ဒီအတိုင်း လမ်းပေါ်က လူတွေက မင်းရဲ့ခန်းမဆောင်ကို မဲမှောင်နေတယ်။ ၃ရက်အတွင်း သွေးလွှမ်းတဲ့ ကပ်ဘေးကို ရင်ဆိုင်ရတော့မှာ ဘာညာလို့ ပြောပြီး အဆောင်လက်ဖွဲ့ကို အတင်း ရောင်းချင်တာလို့ ထင်နေခဲ့တာ။ ဒါပေမဲ့ လူကြီးယန်ကို တွေ့ပြီးမှပဲ ဒီအရာတွေက အမှန်တကယ် ရှိတာကို သိလိုက်ရတယ်။ လူကြီးမင်းယန်က တကယ်ကို လုပ်နိုင်စွမ်းအားရှိတယ်။ဒါက မျက်လှည့်ပြတာမျိုးတွေနဲ့ ခြားနားတယ်”

 

“ဟုတ်တယ် ဟုတ်တယ်။ အရင်တစ်ခေါက် ပြီးတဲ့နောက်မှာ လူကြီးမင်းယန်ဆီကနေ သီးသန့်အကောင့် ရအောင် ငါ အတင်းတောင်းသေးတယ်။ အဲဒီလိုက တဆင့် လူကြီးမင်းယန်ဆီကနေ ကျန်းကျိုင်အဆောင်လက်ဖွဲ့ တစ်ခုကို အိမ်ယူသွားတာလေ။ ဟေး ငါ့အမေက အိမ်မှာ အဆောင်လက်ဖွဲ့တွေ ပြည့်နေတယ် ဆိုပြီးတော့တောင် ပြောသေးတယ်။ ဒါပေမဲ့ နဂိုက တညလုံးအိပ်မရတဲ့ ရောဂါက ရုတ်တရက် ပျောက်သွားတယ်။  အာရုံတက်တဲ့အထိတောင် အိပ်ပျော်သွားသေးတာ။ အစ်ကိုယန်က တအား တော်တာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါကတော့ ယုံတယ်”

 

ပရိုဂရမ်သို့ ဝင်ကာစ ဝန်ထမ်းအသစ်များကလည်း ယခင်လူများ၏ ပြောစကားမှတဆင့် မှင်သက်သွားကြသည်။

 

“ယန်ရှစ်_ _ _ လူကြီးမင်းယန်က ဒီလောက်တောင် အင်အားကြီးတာလား။ ငါတို့အရင်က မသိခဲ့ဘူး”

 

ဘေးဘက်မှဝန်ထမ်းဟောင်းက သူ၏ပုခုံးကို ပုတ်သည်။

 

“မင်း အပိုင်းနှစ်ပိုင်းလောက် အတူတူ အလုပ်လုပ်ပြီးရင် သိလိမ့်မယ်။ လူကြီးမင်းယန်က တအားအင်အားကြီးတာ။ သူ့ကို ဒီအတိုင်း သွားမကြည့်နဲ့။ သူက ပုံစံအရ မာနကြီးနေသလို ပတ်ဝန်းကျင်က လူတွေကို ဂရုမစိုက်သလို ဖြစ်နေတယ်ဆိုပေမဲ့လည်း ဒါက ဆရာသခင်တစ်ယောက်၏ အရှိန်အဝါလေ သိတယ်မလား။ တကယ့်စွမ်းအင်ရှိတဲ့ သူကပဲ ဒီလိုအရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားတာ။ သူကသာ ပိုက်ဆံကို လိမ်ယူချင်တဲ့ လူလိမ်တစ်ယောက်ဆိုရင် တစ်ချိန်လုံး ပြုံးပြီး ဖားနေမှာပေါ့”

 

“ဒါပေမဲ့ ယန်ကောက နောက်ပိုင်းမှာ ပါဦးမှာလား။ ငါတို့ရဲရှိုးက နောက်ဆုံးနေရာက လူတွေကို ဖယ်ထုတ်တဲ့ စနစ်ရှိတယ် မဟုတ်ဘူးလား။ ယန်ကောရဲ့ ကျော်ကြားမှုက တအားနှိမ့်ပြီး ထုတ်ခံလိုက်ရရင် ဘယ်လိုလုပ်မလဲ။ ဒီလိုဆိုရင် ငါတို့ရဲ့ ယန်ကောရဲ့အဆောင်ကို မဝယ်နိုင်တော့ဘူးပေါ့”

 

“ဒါက မေးခွန်းကောင်းပဲ။ ဒါပေမဲ့ လူကြီးမင်းယန်ရှိတိုင်း ရှိုးက တည်ရှိနေမယ်ဆိုတာကို ပိုပြီးစိုးရိမ်သင့်တာ။ မင်းတို့တွေ ဒီနှစ်ပိုင်းဆက်တိုက် ဘာတွေ ဖြစ်သွားတယ်ဆိုတာကို သိတယ်မလား။ ငါတို့ရဲ့ဒါရိုက်တာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။ ငါ ဒီအသိုင်းအဝိုင်းထဲမှာ အလုပ်လုပ်တာ ၁၀နှစ်ကျော်ပါပြီ။ ဒီလောက်ကံဆိုးတဲ့ ရှိုးမျိုးကို မတွေ့ဖူးဘူး”

 

“ဟေး ယန်ကော ရှိတဲ့နေရာမှာ ဘာကြောက်စရာရှိလဲ။ မကောင်းဆိုးဝါးတွေ။ သရဲတွေကို စိုးရိမ်စရာ မလိုဘူး။ ယန်ကောနဲ့တွေ့တဲ့အခါ အားလုံးက ကန်ထုတ်ခံရမှာပဲ။ မင်းတို့တွေ ကြောက်စရာ မလိုပါဘူး။ ယန်ကောက ငါတို့ရှိုးရဲ့ အဓိကတင်ဆက်သူ  တစ်ယောက်လေ။ ယန်ကောအတွက် စိုးရိမ်စရာ မလိုအပ်ဘူး”

 

103 03

 

“မင်းက ယန်ကောကို တအားယုံတာပဲ ဟား ဟား ဟား ငါလည်း ရသစုံရှိုးအမျိုးမျိုးမှာ အလုပ်လုပ်ဖူးပါတယ်။ ပရိုဂရမ်တွေ အမျိုးမျိုးမှာလည်း ပါခဲ့ဖူးတယ်။ နောက်ပြီး အမျိုးမျိုးသော အနုပညာရှင်ကိုလည်း တွေ့ခဲ့ဖူးတယ်။ ဒါကြောင့် တစ်ချက် ကြည့်လိုက်ရုံနဲ့ ဘယ်သူက ကျော်ကြားမယ်။ ဘယ်သူက မကျော်ကြားဘူးလဲ ဆိုတာကို သိတယ်။ လာစမ်း။ပါ ယန်ကောလို အကျင့်စရိုက်ရှိတဲ့သူက ရွေးချယ်စရာ မရှိဘဲ ကျော်ကြားမှာပဲ။ လူကြီးမင်းယန်က တခြားသူတွေကို လစ်လျူရှုနေရင်တောင်မှ လူကြီးမင်းယန်ဆီကနေ မျက်နှာသာ ပေးခံရဖို့ တောင်းဆိုရဦးမှာပဲ။ လူကြီးမင်းယန်က စိတ်မရှည်ပုံ ပေါ်နေပေမဲ့ သူက ငြင်းဆန်တတ်တဲ့ သူမျိုး မဟုတ်ဘူး။ နောက်ပြီး အသေးစိတ်ကျကျ ပြောပြတတ်တဲ့သူ။ သူက ဝန်ထမ်းအဖွဲ့ဝင်တွေကို အပူအပင် သက်သာစေတယ်”

 

“လူတိုင်းရဲ့ အလှအပကို ကြိုက်စိတ်က ညတွင်းချင်း ပြောင်းသွားတာ မဟုတ်သမျှ အလှအပကနေ အကျည်းတန်တာတွေကို ပြောင်းမကြိုက်သမျှ လူကြီးမင်းယန်ရဲ့ ရုပ်ရည်နဲ့တင် ကြည့်ရှုသူတွေ။ ပရိတ်သတ်တွေက သူ့ကို အောက်ဆုံးနေရာမှာ ရှိခွင့်ပေးမှာတောင် မဟုတ်ဘူး။ ငါ နှစ်ပေါင်းများစွာ မိတ်ကပ် ပြင်စားလာတာပါ။ ဒါကြောင့် ငါက ဆရာသခင် ဖြစ်နေပြီ။ ငါ့အနေနဲ့ ဒီလောက်ချောမော ကြည့်ကောင်းတဲ့သူကို မြင်ဖူးတာ မဟုတ်ဘူး။ ဒါက အလှတရားဆိုတဲ့ ဘောင်ကိုတောင် ကျော်နေပြီ။ လူကြီးမင်းယန်မှာ ကိုယ်ပိုင် အလှအပနဲ့ ကိုယ်ပိုင်စတိုင်။ ကိုယ်ပိုင်ပုံစံ ရှိတယ်။ ဒါက မေ့လို့မရတဲ့ အခြေအနေမျိုးပဲ။ ငါ လူကြီးမင်းယန်ကို စတွေ့တဲ့ အချိန်မှာ အချိန်အတန်ကြာအောင် မှင်သက်နေမိတာ။ အချိန်အတန်ကြာတဲ့အထိ ငါ အသိမဝင်ဘူးလေ ဟား ဟား ဟား။ နောက်ပိုင်း ငါ ငါ့ရဲ့ဖရန့် အသိုင်းအဝိုင်းမှာတောင် ပြန်တင်ခဲ့သေးတယ်။ သူက ဧကရီနွီဝါးရဲ့ အလှတရားလို တင်စားလိုက်တာ။ ဒါပေမဲ့ တကယ်တမ်းတော့ နွီဝါးကိုယ်တိုင်က လူကြီးမင်းယန်ကို ဖန်တီးထားတာ ဖြစ်မယ်”

 

“စကားမစပ် မင်းတို့ငါ့ကို ယုံလား။ ငါ နောက်ပိုင်း လူကြီးမင်းယန်ကို အိမ်ကို ဖျက်ဆီးချင်ရင် ကာကွယ်မဲ့ အဆောင်တွေဘာတွေ တောင်းချင်တာ။ အဆောင်လက်ဖွဲ့ မဟုတ်ရင်လည်း တစ်ခုခု ဖြစ်ဖြစ်ပေါ့ ရုပ်ထုလေးပဲ ဖြစ်ဖြစ်လည်း အဆင်ပြေတာပဲ။ တောင်းလို့ အဆင်ပြေနိုင်မလား”

 

ဝန်ထမ်းသစ်တစ်ယောက်က ခေါင်းညိတ်ပေးသည်။

 

“ဟုတ်သားပဲ ငါတို့လည်း တောင်းရမယ်”

 

မနေ့ညက ကားဘေးမှ ကြွက်ကြီးလိုက်ခြင်း ခံရသည့်ဝန်ထမ်းများက အဖွားကြီး၏ ကယ်တင်မှုကို ခံရပြီး ကောင်းကောင်း စားသောက်နိုင်ခဲ့သည်။ ထို့နောက် အဖွားကြီး၏ တဲအိမ်လေး၏ ထောင့်တစ်နေရာတွင်  မှီခိုကပ်ကာ နေရင်း အဝတ်များ၊ စောင်များ ပိုက်ကာ အိပ်မောကျသွားခဲ့ခြင်း ဖြစ်သည်။ ဒီနေရာတွင် အိပ်ယာ မရှိသည့်တိုင်အောင် သက်တောင့်သက်သာ ရှိသေးသည်။ သို့သော် လေပြင်းဒဏ်ကိုပင် မခံရဘဲ တစ်ညလုံး ကောင်းကောင်း အိပ်ပျော်ခဲ့၏။ ထို့ကြောင့် သူတို့သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သည်ဟု ဆိုရပေမည် ဖြစ်သည်။

 

အာရုံတက်မှသာ ယန်ရှစ်ရွှမ်းက ဖုန်းသံကြောင့် နိုးလာခဲ့ခြင်း ဖြစ်သည်။ အပြည့်အဝ မနိုးသေးသော ဝန်ထမ်းက ဒေါသများ၊ ထွက်ပြေးခြင်းများ စသဖြင့် အစစ်အမှန် မဟုတ်သော ခံစားချက်ပေါင်းများစွာကို  ခံစားလိုက်ရသည်။

 

သူတို့ အချင်းချင်း လုံခြုံကြောင်း အတည်ပြုနိုင်သည့် သတင်းကြောင့် ပျော်ရွှင်ရသလို အံ့အားသင့်ရသေးသည်။ ထို့နောက် အချင်းချင်း မတ်တပ်ထရပ်ကာ ပစ္စည်းများကို သယ်၏။ ထိုအဖွာကြီးကို ကျေးဇူးတင်ကာ ထွက်သွားရန် ကြံစည်သည်။ သို့သော် အဖွားကြီးက တားသည်။

 

“နင်တို့ပြောတဲ့ ယန်ရှစ်ရွှမ်းဆိုတာ _ _  _”

 

ထိုအဖွားကြီးက ပုန်းနေသော ပိန်ပါးသော ခန္ဓာကိုယ်ကို ဆွဲလျက် အရိပ်ထဲမှ ထွက်လာပြီး လူတိုင်း၏ ပြောစကားကို နားထောင်နေခဲ့ခြင်း ဖြစ်သည်။ သူမ၏ ပါးရည်များတွန့်ကာ အိုမင်းနေသော မျက်နှာတွင် အံ့အားသင့်မှုများက ရှိနေသေးသည်။

 

“သူက တကယ်ပဲ တောင်ဘုရားကျောင်းက အဖြစ်အပျက်တွေကို လုပ်ခဲ့တဲ့သူလား”

 

ဝန်ထမ်းများကလည်း ဘာကြောင့် ယခုလို ဘာကြောင့်အမေးခံရလဲ မသိချေ။ သို့သော် အချင်းချင်း ကြည့်ပြီး ခေါင်းညိတ်လိုက်ကြသည်။

 

အဖွားကြီးက တိတ်ဆိတ်သွားသည်။ ရှုပ်ထွေးသော မျက်နှာနှင့် သူက စိတ်အေးမှု။ မုန်းတီးမှုများ လွန်ဆွဲနေသော အမူအယာမျိုး ပြောင်းလဲသွားပြန်သည်။ ထို့နောက် အလွန်အမင်း ခက်ထန်သွားပြန်သည်။

 

သို့သော် သိပ်မကြာခင် သက်ပြင်းချပြန်သည်။

 

“လုံလောက်ပြီ လုံလောက်ပြီ တောင်နတ်ဘုရားက နှစ်ပေါင်းများစွာ ကြာအောင် သည်းခံခဲ့ရတာ။ ငါ့အတွက် သွားဖို့ အချိန်ကျပါပြီ။ စိတ်အေးစရာပါ”

 

103 04

 

ဝန်ထမ်းများ၏ အံ့အားသင့်မှု၊ ပဟေဠိ ဖြစ်မှုများ ပြည့်နှက်နေသည့် မျက်နှာကို မြင်ရသောအခါ အဖွားကြီးက သူမ၏အောက်သို့ ကုန်းကျနေသော မျက်ခုံးများကို အသာအယာ ပင့်တင်လိုက်ရင်း တည်ငြိမ်မှုကို ပြန်ထိန်းသည်။ ယခင်ကလောက်လည်း ကြောက်စရာ မကောင်းတော့ချေ။

 

“ငါ ယန်ရှစ်ရွှမ်းနဲ့ တွေ့ချင်တယ်”

 

လက်ထောက်ဒါရိုက်တာက တုန့်ဆိုင်းသွားသည်။

 

“အဖွား အဖွား ဆိုလိုတာက  _ _ _”

 

“မစိုးရိမ်ပါနဲ့ ငါ ဘာမှ မလုပ်ပါဘူး။ ဒီအတိုင်း သူ ဘယ်သူလဲဆိုတာကို မြင်ချင်ရုံပဲ”

 

၁၀နှစ်ကျော် အကျဉ်းချခံထားရသည့် တောင်နတ်ဘုရားက လွတ်မြောက်သွားသည်ဟု အဖွားကြီးသည် ကျန်သော စကားတစ်ဝက်ကို ဆက်မပြောနိုင်တော့ချေ။ သူမ၏ မျက်နှာက လေးလံသော နှလုံးသား၏ နာကျင်ကိုက်ခဲမှုကို ဖော်ပြသည်။

 

သူမ ကလေးအရွယ်က သူမသည် ထွက်ပြေးလာခဲ့သည်။ ဒုက္ခသည်တစ်ယောက် ဖြစ်သည်။ စားစရာလည်း မရှိချေ။ မိဘများနှင့် ကွဲလာခဲ့ပြီးနောက် အဝတ်စုတ်လေးကို ဝတ်ရင်း ပိန်ကပ်နေသော ပုံစံမျိုးနှင့် ဖြစ်သည်။ ထိုအဝတ်ကလည်း ခန္ဓာကိုယ် လုံရုံမျှသာ ရှိပြီး လက်ထဲတွင် ဇလုံအကျိုးလေးကို ကိုင်ထားရ၏။ စားစရာ။ သောက်စရာ မရှိဘဲ ပိန်ကပ်လွန်းသောကြောင့် ငတ်သေလုနီးပါး ဖြစ်ခဲ့သည်။

 

တစ်ရက်တွင် သူမသည် ဆာလှောင်လွန်းသဖြင့် လျှောက်လာခဲ့ရင်း ဝံပုလွေရိုင်းတောင်ထိပ် တောင်ခြေတွင် သတိလစ်သွားသည်။

 

မူလကမူ သူမ ဒီနေရာတွင် ငတ်သေတော့မည်ဟု ထင်ထားသည်။ သို့သော် မမျှော်လင့်ထားစွာပင် မျက်လုံးကို ပြန်ဖွင့်လိုက်သောအခါ သူမ၏ဘေးတွင် နာခံကျိုးနွံစွာနှင့် ကြည့်နေသော ဝံပုလွေများကို တွေ့လိုက်ရသည်။ ထို့အပြင် သူမမျက်စိရှေ့တွင် သစ်သီးရိုင်းများ။ အရွက်များကို တွေ့လိုက်ရသည်။

 

တောင်နတ်ဘုရားဟာ သူမကို ကယ်ခဲ့သည်။

 

ထိုအချိန်မှ စတင်ပြီး သူမက ယဲ့လန့်တောင်ထိပ်တွင်သာ အခြေချသည်။ သူမကိုယ်တိုင် နေထိုင်ရန်အတွက် တဲအိမ်လေးအား တောင်နတ်ဘုရား၏ အကူအညီကို ယူပြီး ကိုယ်ပိုင်အင်အားကို သုံးကာ တည်ဆောက်သည်။ ပထမဦးဆုံးအကြိမ်အဖြစ် လူသားတစ်ယောက်လို နေထိုင်ရလိုက်သည်။

 

တောင်နတ်ဘုရား သူမအား စာပေရေးနည်းကို သင်ပေးသည်။ နတ်သားလေးများနှင့် ဆက်သွယ်နိုင်မည့် ဘာသာစကားကိုလည်း သင်ပေး၏။ နတ်ဘုရား၏ ကျေးဇူးတရား ကြင်နာမှုကို ပြန်လည်ပေးဆပ်နိုင်ရန် အလို့ငှာ သူမသည် ယဲ့လန်တောင်ထိပ်အတွက် ကောင်းသည့်ကိစ္စများကို ဆက်တိုက် လုပ်ပေးခဲ့သည်။ ဒဏ်ရာရနေသော တိရိစ္ဆာန်များကိုလည်း ကယ်တင်သည်။ ထိုသို့ဖြင့် ဒီနေရာသို့ မျက်စိလည် လမ်းမှားပြီး ရောက်လာသော သူများကိုလည်း ဒီနေရာတွင် နေနိုင်အောင် အခြေချပေးသည်။ ထိုသို့ဖြင့် တောင်နတ်ဘုရား၏ သတင်းစကားများကို ရွာသားများကို ပြန်လည် ပို့ဆောင်ပေးသည်။ ထိုသို့ဖြင့် နောင်ဆုံးတွင် တောင်နတ်ဘုရား၏ အကူအညီဖြင့် ရွာသားများကို စားစရာများ ပေါကြွယ်ဝစေသည်။ သူတို့၏ ကောက်ပဲသီးနှံများကို တိုးတက်စေသည်။ နယ်မြေများကို စည်ပင်ဝပြောလျက် မြေဩဇာ ကောင်းစေသည်။ ရာသီဥတုကို ကောင်းစေခဲ့သည်။

 

ထိုသို့ဖြင့် တဖြည်းဖြည်းချင်း ဒီနေရာတွင်နေသော သူများ များလာသည်။ သူမက တောင်နတ်ဘုရားနှင့် တိရိစ္ဆာန်များကို ဆက်သွယ်နိုင်သောကြောင့် သူမသည် နတ်ဆရာမ ဖြစ်လာသည်။ သူမက သူမကို တောင်နတ်ဘုရားက သင်ပေးထားသော ဆေးပညာကို လူသားများ၏ ဖျားနာမှုကို ကုသပေးသည်။ တောင်နတ်ဘုရား၏ စွမ်းအားကိုသုံးပြီး အပနှင်မှုများ ပြုလုပ်ပေးသည်။

 

သူမသည် တောင်နတ်ဘုရားနှင့် ရွာသားများ ပျော်ပျော်ရွှင်ရွှင် နေနေသည့် မြင်ကွင်းကို ဆက်တိုက် ကြည့်နေခဲ့ရသည်။ ယုံကြည်သက်ဝင်မှု စွမ်းအားများက တောင်နတ်ဘုရား၏ အင်အားကို ကြီးသထက် ကြီးလာကာ ပိုင်ဆိုင်သော နယ်မြေကို ကျယ်သထက် ကျယ်လာစေခဲ့သည်။ ထို့သို့ဖြင့် ရွာအသစ်များက ရောက်လာသည်။ ရွာသားများဟာ တောင်နတ်ဘုရား၏ ကာကွယ်မှုကို ကျေးဇူးတင်ပြီး ဆက်တိုက်ဆိုသလို တောင်နတ်ဘုရားကို ပူဇော်ပသကြသည်။ ထိုသို့ဖြင့် တောင်ဘုရားကျောင်းတစ်ကျောင်းကို ဆောက်သည်။ ထို့နောက် တောင်နတ်ဘုရား၏ မွေးနေ့ပွဲကိုလည်း နှစ်တိုင်းလိုလို စည်စည်ကားကား ကျင်းပတတ်သည်။ ကောက်ပဲသီးနှံများက ကောင်းမွန်သထက် ကောင်းမွန်လာကာ အထွက်နူန်းတိုးသည်။ နှစ်တိုင်းလိုလို ရိတ်သိမ်းရသည့် အကျိုးအမြတ်များက များသထက် များလာ၏။ တောင်နတ်ဘုရားသည်လည်း သူ၏အင်အားများကို သုံးပြီး ရွာသားများကို ကာကွယ် ပေးသည်။ ကောက်ပဲသီးနှံများ အထွက်တိုးအောင် ဆောင်ရွက်ပေး၏။  

 

******