104 01
အပိုင်း(၁၀၄)
ထိုအခြေအနေက သူမအား ဖော်မပြတတ်အောင် ပျော်ရွှင်စေသည်။
သို့ရာတွင် တစ်စုံတစ်ယောက်က ဝဝလင်လင် စားရမည်ဆိုလျှင် ဆာလောင်ချိန်တွင် ခံစားရသည့် ခံစားချက်ကို မေ့သွားလောက်သည်။
အတိတ်က ရွာသားများသည် အလားတူသာ ဖြစ်သည်။ ငယ်ရွယ်စဉ်ကတည်းက ဆာလှောင်မှုကို မခံစားခဲ့ရဖူးသော လူငယ်များအနေဖြင့် ငတ်မွတ် ခေါင်းပါးချိန်ကာလတွင် စားစရာ အလုံအလောက်ရှိခြင်း၏ ပျော်စရာဖွယ် ကောင်းကာ ကျေနပ်နှစ်သက်ဖွယ် အတွေ့အကြုံကို မရခဲ့ဖူးသော လူများအနေနှင့် လယ်မြေများပေါ်တွင် ခက်ခက်ခဲခဲ ရုန်းကန် လှုပ်ရှားပြီးနောက် ပြန်လည်ကျေနပ်ရသည့် ထိုခံစားချက်မျိုးကို နားမလည်ကြချေ။
ဝံပုလွေရိုင်းတောင်ထိပ်မှ ကပ်ဘေးသည် ထိုဘေးမှ စတင်လာခဲ့သည်။
သူမသည်လည်း ထိုလူများကို တားလိုခဲ့၏။ ခပ်ကြမ်းကြမ်းပင် ဆူပူလိုခဲ့သေးသည်။ သူမသည် ထိုသို့လုပ်ပြီးလျှင် ဖြစ်လာစေလောက်မည့် အန္တရာယ်များအား အဆုတ်များ ခွဲမတတ်အော်ဟစ် ပြောဆိုခဲ့ဖူးသည်။
သို့ရာတွင် မိစ္ဆာနတ်ဆိုးကြောင့် ညှိ့ငင်ထားခံရသော လူငယ်များက ပိုက်ဆံအတွက် လောဘကြောင့် ကမ်းနေကြလေရာ သူမ၏စကားကိုလည်း နားမထောင်ကြတော့ချေ။ သူမအား အသက်ကြီးပြီး ဒုက္ခပေးလွန်းသော အဖွားကြီးဟု ပြောဆိုကြသည်။
ခင်ဗျားမှာ ထူးခြားတဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ရှိနေတော့ရော ဘာဖြစ်လဲ။ ဒီနေရာမှာ တောင်နတ်ဘုရားမှ မရှိဘူးလေ စသဖြင့် ပြောဆိုကာ ဝံပုလွေရိုင်းတောင်ထိပ်မှ သစ်ပင်များကို အတင်းခုတ်ယူကြသည်။ တောင်ထဲမှ သတ္တဝါများအားလုံးကို ဒုက္ခပေးခဲ့၏။ ထိုသို့ဖြင့် ဝံပုလွေရိုင်းတောင်ထိပ်၏ အရင်းအမြစ်များက ပျက်စီးခဲ့ရသည်။
သူမသည် ငိုယိုပြီး တောင်နတ်ဘုရားအား တောင်းပန်သည်။ တောင်နတ်ဘုရားအား ထိုလူများကို အပြစ်ပေးခိုင်းသည်။ သို့ရာတွင် တောင်နတ်ဘုရားက သက်ပြင်းသာ ချသည်။ တောင်နတ်ဘုရားက သဘောတရား နူးညံ့လွန်းပြီး ထိုလူများကို အပြစ်မပေးခဲ့ချေ။ ထို့အစား အင်အား ကုန်ဆုံးလာသောကြောင့် ခံစားရသော နာကျင်မှုကိုသာ တိတ်တဆိတ် သည်းခံခဲ့သည်။ ထိုလူများက တောင်ထဲတွင် လမ်းပျောက်သွားသော အချိန်တွင်ပင် သူမ၏ ကလေးများအား လမ်းပြပေးခဲ့သလိုမျိုး လမ်းပြပေးခဲ့သေး၏။ တိရိစ္ဆာန်များကိုပင် ခေါ်ကာ တောင်ထဲမှ ထွက်သည့် လမ်းကို ပြသပေးစေခဲ့သည်။
သို့သော် တောင်နတ်ဘုရား၏ ညှင်သာမှုများကို ကြာရှည်နာကျင်မှုဖြင့် ဆုလာဘ် ချီးမြှင့်ခဲ့သည်။
အားနည်းလွန်းသော တောင်နတ်ဘုရားကို အခွင့်အရေးကို စောင့်နေသည့် ဆိုးယုတ်သောအရာက အခွင့်ကောင်းယူကာ ဝင်ရောက်လာသည်။ သူသည် အားနည်းလွန်းသဖြင့် ချက်ချင်းလိုလို ပျက်ပြယ်လုနီးပါး ဖြစ်သွားသည်။ သို့ရာတွင် တောင်နတ်ဘုရားကမူ မိစ္ဆာနတ်ဆိုးကြောင့် ရွာသားများ ဒုက္ခဆင်းရဲခံရမည့် အခြေအနေကို မကြည့်ရက် သေးပြန်ချေ။ သူသည် ကိုယ့်ကိုယ်ကို အတင်းအားပေးပြီး အတတ်နိုင်ဆုံး ကြိုးစားလျက် ရွာသားများကို ကယ်တင်ခဲ့သေးသည်။
တောာင်နတ်ဘုရား၏ လုပ်ဆောင်မှုတိုင်းကို သူမသည်လည်း မြင်နေရသည်။ သို့သော် ထိုလူများ အသိဝင်အောင် မပြောပေးနိုင်သလို တောင်နတ်ဘုရားအားလည်း မဖြောင်းဖြနိုင်ချေ။ တောင်နတ်ဘုရားက အားနည်းသထက် အားနည်းလာပြီး နေ့စဉ်နှင့်အမျှ သေလုမြောပါး ဖြစ်လာသည့် အခြေအနေကို ရင်နာစွာ ကြည့်နေရသည်။ ထို့အပြင် ဝံပုလွေရိုင်းတောင်ထိပ်ထဲတွင် နေ့ရောညပါ ပိတ်လှောင်ခဲ့ပြီး ထွက်ပြေးနိုင်စွမ်းအား မရှိသည့်လူများကိုလည်း မြင်နေရသည်။
သူမသည် တောင်နတ်ဘုရား၏ သံတမန်တစ်ယောက်လို ဖြစ်နေသည့်အတွက်ကြောင့် ယဲ့လန်တောင်ထိပ်မှ နတ်ဆရာမ တစ်ယောက်အနေနှင့် တောင်နတ်ဘုရားထံမှ အနက်ရှိုင်းဆုံးသော ကောင်းချီးများကို ရရှိခဲ့သူ ဖြစ်သည်။ ထိုအတွက်ကြောင့် ဆိုးယုတ်သောအရာက သူမကို ဘာမှမလုပ်နိုင်ချေ။ ထို့အပြင် တောင်နတ်ဘုရား၏ စွမ်းအားများ ဆိုးရွားစွာ ဆုံးရှုံးမှုက သူမအား လျှင်မြန်စွာ အိုမင်းစေလျက် အကျဉ်းတန်သွားစေသည်။ ထိုအရာကလွဲပြီး သူမအပေါ် အခြားသက်ရောက်မှု မရှိပါချေ။
နတ်ဆရာမက ရွာသားများကို ကယ်တင်မည့် အခြေအနေကို လက်လျော့လိုက်သည်။ ထိုသို့ဖြင့် စကားနားမထောင်သော လူများ၏ ကိုယ်အတွင်းသို့ မိစ္ဆာဝိဉာဉ်များ ဝင်ရောက်သွားသော မြင်ကွင်းကို ကြည့်နေခဲ့သည်။ သူတို့က မီးပုံထဲ ခုန်ချသွားကာ မဲတူးသော အလောင်းများ ဖြစ်သွားခြင်းအား ကြည့်နေလိုက်၏။ ဝမ်းနည်းမှုအပြင် သူမ၏နှလုံးသားဟာ သံမဏိအဖြစ် ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
ဆန်ကို မြင်လျှင် ပျော်ရွှင်အားရစွာ အော်ဟစ်တတ်ပြီး တောင်နတ်ဘုရားအား သန့်စင်သော ပျော်ရွှင်မှုဖြင့် ကျေးဇူးတင်တတ်သော ထိုလူများ၏ မျက်ဝန်းက ယခင်ကလို မဟုတ်တော့ချေ။ ယခုအခါ ရွာထဲတွင် အတိတ်က ကျေးဇူးတင်စိတ်အပြည့်နှင့် ပြောခဲ့သော လူအိုကြီး များကို မှတ်မိသေးသည်။ သို့သော် _ _ _ အရေအတွက် ဘယ်လောက်များ ကျန်တော့လို့လဲ။ မည်သူက ဒီလူအိုကြီးတွေ အကြံပေးချက် စကားကို နားထောင်ကြလို့လဲ။ နားမထောင်တဲ့ သူတွေအတွက်တော့ ဒါက အသုံးမဝင်ဘူးဘဲ။
ထိုလူများသည် ပိုက်ဆံများကိုသာ လိုချင်ကြသည်။ သူတို့၏ ဈေးကြီး ပေးဝယ်ထားသော ကားများကို ရွာသို့ ပြန်ယူလာပြီး ဂုဏ်ယူစွာ ကြွားချင်ကြ၏။ ထိုသို့ဖြင့် ထိုလူအိုကြီးများက မှားယွင်းကြောင်း ပြောချင်ကြသည်။
သို့သော် တဖြည်းဖြည်းချင်း ချဉ်းကပ်လာသည့် အန္တရာယ်ကိုမူ သတိမထားမိကြချေ။
104 02
မဲတူးသော အလောင်းများကို လိုက်ထားခံရသည့် ငယ်ရွယ်သော ဘုန်းတော်အိုကြီးတစ်ယောက်ကို ကယ်တင်ခဲ့ပြီးချိန်တွင် နတ်ဆရာမဟာ သူ့အား မောင်းထုတ်ပစ်လိုက်သည်။ ဒီနေရာတွင် သူမ ကလွဲပြီး မည်သည့်သက်ရှိမှ မရှိတော့ကြောင်းကိုလည်း ပြောပြလိုက်သည်။
“ဒီနေရာမှာ _ _ _ ဒီနေရာက ကယ်တင်ခံရဖို့ မလိုတော့ဘူး”
ထိုသို့ဖြင့် နတ်ဆရာမသည် လူသူရှင်းလင်းသော တောင်တန်းထဲတွင် တစ်ယောက်တည်း နေခဲ့သည်။ သူမ၏ တဲအိမ်လေးထဲတွင် အေးစက်သော မျက်ဝန်းဖြင့် ဝံပုလွေရိုင်းတောင်ထိပ်မှ ပြန်လာခဲ့သော တာအိုဘုန်းတော်ကြီးများကို ကြည့်ခဲ့သည်။ သေဆုံးသွားသော ရွာသားများက နာကျင်မှုအပြည့်ဖြင့်။ နောင်တ အပြည့်ဖြင့် အော်ဟစ်နေကြသော အရာအားလုံးကိုလည်း ကြည့်ခဲ့၏။ သို့သော် ဆိုးယုတ်သောအရာကို အနားသို့ မလာအောင်သာ မောင်းနိုင်သည်။ အရာအားလုံးကို နောက်ပြန်လှည့်ပေးနိုင်စွမ်းအားတော့ မရှိပါချေ။
သို့သော် မိုးသည်ထန်သော ညတစ်ညတွင် ယာဉ်တန်းတစ်ခုက ဝံပုလွေရိုင်းတောင်ထိပ်သို့ ဝင်ရောက်လာခဲ့သည်။
သူမ၏ ကြင်နာတတ်စိတ်ကြောင့် မိစ္ဆာသတ္တဝါ အလိုက်ခံနေရသည့် အပြင်လူကို ကယ်တင်လိုက်သည်။
ထိုယာဉ်တန်းထဲတွင် ပါဝင်သော ယန်ရှစ်ရွှမ်း အမည်ရသူ လူတစ်ယောက်က တောင်နတ်ဘုရားကို လွတ်မြောက်စေလိုက်သည်။ တောင်နတ်ဘုရားဟာ သေဆုံးသွားခဲ့သည်။ သို့သော် တောင်နတ်ဘုရားသည် ဘဝသစ်တစ်ခုကို ရရှိနိုင်တော့မည် ဖြစ်သည်။
“အဖွား အဖွား”
လက်ထောက်ဒါရိုက်တာက စိတ်လွတ်သွားသော အဖွားကြီးကို ကြည့်လိုက်ပြီး လက်ကို မြှောက်လျက် အသာယမ်းလိုက်သည်။
ထိုအခါမှသာ အဖွားကြီးက အသိပြန်ဝင်လာပြီး အေးစက်စွာ နှာခေါင်းရှုံ့သည်။
“ငါက အသက်ကြီးနေတော့ ဒီလိုပဲ ကြောင်တောင်တောင် ဖြစ်သွားတတ်တယ်။ ဒါပေမဲ့ ဒီအဖွားကြီးက သန်မာပါသေးတယ်။ နောက်ထပ် ၁၀စုနှစ်လောက် အသက်ရှင်ဖို့ ပြဿနာ မရှိသေးဘူး”
“နင်တို့တွေ တောင်နတ်ဘုရားကို အမွှေးနံ့သာတိုင် ကပ်လှူ ပူဇော်ချင်တယ်လို့ ပြောတယ် မဟုတ်လား”
အဖွားအိုကြီးက လက်ထောက်ဒါရိုက်တာထံ သူမ၏မေ့စေ့ကို ပင့်ပြလျက် မနေ့ကကဲ့သို့ ကြမ်းတမ်းခက်ထန်စွာ သုန်မှုန်သောလူနှင့် ခြားနားသော တက်ကြွမှုအပြည့်နှင့် ပြောလိုက်သည်။
“ဆယ်စုနှစ်အနည်းငယ် ကြာပြီးရင် ဒီအဖွားကြီးက မသေခင်မှာ နင်တို့ကို တောင်နတ်ဘုရားဆီ အမွှေးနံ့သာတိုင် ထွန်းညှိပူဇော်ခွင့်ပြုမယ်။ အဲဒီအခါ လာခဲ့ကြ”
တောင်နတ်ဘုရား ပြန်လည် မမွေးမဖွားမခြင်း ငါလည်း သေမှာ မဟုတ်ဘူး။
သူမသည် ဒီတောင်ကို တောင်နတ်ဘုရားကိုယ်စား စောင့်ရှောက်ပြီး တောင်နတ်ဘုရား ဒီနယ်မြေပေါ် ပြန်လည်ကျလာသည်အထိ ကာကွယ်ပေးသွားမည် ဖြစ်သည်။
“အာ”
“အဖွားပြောတဲ့ ဆယ်စုနှစ်လောက် အသက်ရှင် နိုင်တယ်ဆိုတာကို သံသယဝင်တာတော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် တစ်ချက်ကြည့်လိုက်ရုံနဲ့ အဖွားက တော်တော်လေးကို စွမ်းရည်နိုင်စွမ်း အပြည့်ပဲ။ ဒါပေမဲ့ ငါက နောက်ဆယ်စုနှစ်အကြာ အသက်ရှင်နိုင်ပါ့မလား _ _ _”
ဒီရှိုးတွင်သည် ထပ်ခါတလဲလဲ ကြုံနေရသော အန္တရာယ်များကြောင့် သူကိုယ်တိုင်ပင် အန္တရာယ်ကြောင့် မသေလျှင်ပင် ကြောက်လွန်း၍ သေသွားလောက်သည်ဟု အမြဲတစေ ခံစားနေရသည်။
သို့သော် လက်ထောက်ဒါရိုက်တာက ယဉ်ကျေးစွာနှင့် အထွန့်မတက်ဖြစ်တော့ပေ။ ဒီအတိုင်း ခေါင်းသာ ညိတ်ပြီး သဘောတူလိုက်သည်။
“ဟုတ်တယ် အဖွား အဲဒီအချိန်က အဖွား ကျွန်တော့်ကို ပြန်ခေါ်လိုက်ပါ။ ကျွန်တော် မသေသေးသမျှ ချက်ချင်းလိုလို လာခဲ့မယ်”
“နောက်ပြီး အဖွားက လူကြီးမင်းယန်ကို တွေ့ချင်တယ်လို့ ပြောတယ်နော်”
လက်ထောက်ဒါရိုက်တာ ခေါင်းကုပ်လိုက်သည်။ သူ၏ ယန်ရှစ်ရွှမ်းပေါ် လေးစားသော အဆင့်က ယန်ရှစ်ရွှမ်းဟု တိုက်ရိုက် မခေါ်ဝံ့သော အခြေအနေထိ ရောက်သွားသည်။ သူသည် လက်အောက်ငယ်သား၊ ဂျူနီယာများကဲ့သို့ မခေါ်ဝံ့တော့ချေ။ ထိုအစား ထိုသို့ခေါ်ခြင်းက မလေးစားရာ ရောက်ခြင်းဟု ခံစားရသည်။
သူသည် အချိန်အတန်ကြာအောင် ရုန်းကန်ပြီးနောက် နောက်ဆုံးတွင် သတိပေးချက် တစ်ခုကို ပေးလိုက်သည်။
“ ဒီလိုလုပ်ရအောင် အဖွား ငါ လူကြီးမင်းကို ယန်ကို အရင်ဆုံး သွားတွေ့လိုက်မယ်။ အဲဒီနောက် ဒီနေရာကို မောင်းလာပြီး အဖွားဆီကို ခေါ်လာခဲ့မယ်။ အဖွားလည်း တစ်ခါတည်း ကျေးဇူးတင်လို့ရတာပေါ့”
အဖွားကြီးက ခေါင်းကို မော့လိုက်ပြီး သဘောတူကြောင်း ပြောသည်။
104 03
“ဒါဆိုရင် နင်တို့ မြန်မြန်သွားကြ။ နင်တို့ လုပ်စရာမရှိရင် ဝံပုလွေရိုင်းတောင်ထိပ်ဘက်ကို မသွားနဲ့။ နင်တို့တွေ ငါ့ရဲ့အိမ်သေးသေးလေးကို အတင်းတွန်းနေကြလို့ ငါ့ရဲ့အိမ်ကတောင် ပြိုကျတော့မယ်”
သူမက ထိုသို့ပြောလိုက်သည်။ ထိုအဖွားကြီး၏ မျက်လုံးထဲတွင် တောက်ပသော အလင်းများက ဖြာထွက်လာသည်။ သူမသည် ယန်ရှစ်ရွှမ်းကို တွေ့ရရန် မစောင့်နိုင်တော့ချေ။
သူမသည် ယဲ့လန်တောင်ထိပ်ရှိ မျှော်လင့်ချက်ကို လက်လျော့ပြီး ယဲ့လန်တောင်ထိပ်နှင့် တောင်နတ်ဘုရားနှင့် အတူသေရန် ဆုံးဖြတ်ချက် ချထားပြီးလေပြီ။ သို့ရာတွင် မမျှော်လင့်ထားစွာပင် ဖြေရှင်းခက်ခဲသော သေဆုံးမှုများကို ယန်ရှစ်ရွှမ်း အမည်ရသော လူတစ်ယောက်က ဖြေရှင်းပေးလိုက်သည်။
သူမသည်လည်း ယန်ရှစ်ရွှမ်းကို မြင်လိုသည်။ သူမသည်လည်း _ _ _
သူ့အား ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်လိုသည်။
ဝန်ထမ်းက ထိုအဖွားကြီး၏ ဆိုးရွားသော လေသံကို စိတ်ထဲ မထားချေ။
ယန်ရှစ်ရွှမ် တောင်နတ်ဘုရားကျောင်းမှ အတွေ့အကြုံများကို ပြောခဲ့ပြီးချိန်တွင် မနေ့က ကြွက်ကြီး၏ အလိုက်ခံရသည့် အတွေ့အကြုံကို ပြန်တွေးမိသွားကာ သူတို့က ထိုအဖွားကြီးကို ကျေးဇူးတင်မိသွားသည်။ ထိုအဖွားကြီးက လေသံဆိုးပြီး သူတို့ကို သဘောမကျပုံ ပေါ်သော်လည်း သူတို့အား ကာကွယ်ပေးခဲ့သည်။ မနေ့ညက ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်ခွင့် ပြုခဲ့၏။
လူသားများသည် မည်သို့မည်ပုံ ကျေးဇူးတင်သင့်ကြောင်း နားလည်သင့်သည်။
ကားထဲမှ စားစရာများနှင့် ဆေးဝါးများကို ခွဲဝေပေးရင်း အဖွားကြီးတဲအတွင်းသို့ ထည့်ပေးခဲ့ချိန်တွင် ဝန်ထမ်းများက ကားကို စတင်ကာ မောင်းနှင်သည်။ ထိုသို့ဖြင့် အဖွားကြီးကို နူတ်ဆက်ပြီး ယန်ရှစ်ရွှမ်းကို စောင့်ရန် ပြင်ဆင်လိုက်ကြသည်။
မိုးက ရပ်တန့်သွားပြီး ကောင်းကင်က ကြည်လင်လာသည်။ အန္တရာယ်များ အားလုံးက အမှောင်ထုအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ် သွားပြီ ဖြစ်သည်။
_ _ _
ယန်ရှစ်ရွှမ်းက ဧည့်သည်များအခန်းသို့ တိုက်ရိုက် မပြန်ချေ။ ထို့အစား သူတို့၏ လုံခြုံမှုကို သိရရန် ဖုန်းသာခေါ်လိုက်သည်။
သူက ထက်မြက်သော အရှိန်အဝါနှင့် တည်တံ့သော အမူအယာများနှင့်အတူ အဓိကခန်းမထံ သွားလိုက်သည်။
လူသားများ၏ ယုံကြည်မှုသည် နတ်ဘုရားများအတွက် အပြင်းပြဆုံး ခိုင်မာသည့် စွမ်းအား အရင်းအမြစ် ဖြစ်သည်။ ယုံကြည်ကိုးကွယ်မှုကို ဆုံးရှုံးခံရပြီးနောက် နတ်ဘုရား၏ စွမ်းအားများပင် ပြုတ်ကျတတ်သည်။
ထိုအတွက်ကြောင့်လည်း တောင်နတ်ဘုရားက စွမ်းအားများကို ကုန်ဆုံးခဲ့ပြီး ဆိုးယုတ်သောအရာက အခွင့်အရေး ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူ ကြိုးကိုင်ခြယ်လှယ်သော သူများက ထွက်ခွာသွားခဲ့ပြီး ဝံပုလွေရိုင်းတောင်ထိပ် တစ်ခုလုံးတွင် သူ့ကို ယုံကြည်သောသူဆို၍ မင်းသမီးရုန်ရုန်နှင့် အန်တိုနီသာ ရှိတော့သည်။ ထို့ကြောင့် မိစ္ဆာနတ်ဆိုး၏ စွမ်းအား အားနည်းဆုံး အခိုက်အတံ့မျိုးတွင် ဖြစ်သည်။
ဆိုးယုတ်သော အရာက ယခင်က တောင်နတ်ဘုရားကို အလားတူ ဆက်ဆံခဲ့သည်။ ယခုအခါ သူသည်လည်း ပြန်လည် ဆက်ဆံခံရလေပြီ။ အကျိုးအပြစ်များ၏ လုပ်ဆောင်မှုအောက်တွင် အရာအားလုံးက တစ်ဖန်ပြန်လည် ဖြစ်ပျက်လာတတ်သည်။ မည်သူကမှလည်း မလွတ်မြောက်နိုင်ခဲ့ချေ။
ယန်ရှစ်ရွှမ်း၏ မျက်နှာတွင် လှောင်ပြုံးက ပေါ်ထွက်နေသည်။
သူက ဘေးဘက်တွင် ကျနေသည့် သစ်သားတုတ် တစ်ချောင်းကို ခပ်ကြမ်းကြမ်း ကောက်ကိုင်လိုက်၏။ သူ၏အဝတ်ထောင့်များက ခပ်ကြမ်းကြမ်း လိမ့်တက်သွားကာ ဖြတ်လာသည့် အရှိန်အဝါက မှင်သက်ဖွယ်ပင် ဖြစ်သည်။
ဒီလိုအခြေအနေမျိုးတွင် ထိုအကောင်၏ အားနည်းမှုကို အခွင့်ကောင်းယူပြီး ရိုက်သတ်သင့်သည်။
မြက်ကို ဖြတ်သောအခါ အမြစ်ကိုပါ နုတ်သင့်သည်။ ဆိုးယုတ်သော အရာက အခွင့်အရေးကို အရယူပြီး ထွက်ပြေးသွားခဲ့သလို ယန်ရှစ်ရွှမ်းကမူ သူသည် ပုန်းအောင်းနေမည့် နေရာကို နားလည်နေသည်။
ကျန်းဝူပင်းသည်လည်း ယန်ရှစ်ရွှမ်းအား ပြိုကျလုနီးပါး ဖြစ်နေသည့် တောင်ဘုရားကျောင်းထဲတွင် ရှိကြောင်း ပြောပြခဲ့သည်။
ထိုဘုရားကျောင်းသည် တောင်နတ်ဘုရား၏ ဘုရားကျောင်း မဟုတ်ချေ။ သို့သော် ဆိုးယုတ်သော အရာက တောင်နတ်ဘုရား၏ ပုလ္လင်ကို ယူခဲ့ပြီးနောက် ဖြစ်ပေါ်လာခဲ့သော ဘုရားကျောင်း ဖြစ်သည်။
ဆိုးယုတ်သော အရာက မှားယွင်းသော နေရာမှလာသည့် ညစ်ညမ်းသော အရာဖြစ်၏။ ဆိုးယုတ်သောအရာက ကြောက်လွန်းသဖြင့် အဓိကခန်းမ၏ ရုပ်ထုအထက်တွင် မနေရဲတော့ချေ။ ယခင်ကဆိုလျှင် သူသည် ထိုနေရာတွင် နေခဲ့ပြီး သူ့ကို ကိုးကွယ်သော လူတိုင်းက ရုပ်ထုကို လာရောက်ကိုးကွယ်လျှင်ပင် သူ့ကို ဂါဝရပြုရန် လိုအပ်သည်။ မသိသူများဆိုလျှင်လည်း ထိုရုပ်ထုကို သာမာန်ရုပ်ထုသာ ထင်လိုက်သည်။
104 04
ထိုရုပ်ထုဆိုသော အရာက ထိုနည်းအားဖြင့် ယုံကြည်သက်ဝင်မှု စွမ်းအားများကို ရရှိခဲ့ခြင်း ဖြစ်သည်။
ယခုမူ ထိုအရာ မည်မျှ ကြောက်နေမည်ဖြစ်ကြောင်း တွေးကြည့်၍ပင် ရသည်။
ပို၍ဆိုးသည်မှာ ယန်ရှစ်ရွှမ်းသည်လည်း သူ အစပိုင်းတွင် တွေ့ခဲ့သည့် သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီးကို မှတ်မိနေသေးသည်။
ထိုအကောင်သည် တာအိုဘုန်းတော်ကြီး မဟုတ်ပါချေ။ မျက်နှာက တာအိုဘုန်းတော်ကြီးများနှင့် တူနေကာ အားအင်တက်ကြွနေခြင်း မရှိလေဘဲ အိုမင်းကာ အကျည်းတန်သည်။ ရုပ်ရည်သွင်ပြင်များက လူထက်ကြွက်နှင့်ပင် ပိုတူသည်။ နားထင်ဘက်သို့ ကျနေသော ဆံပင်များက တာအိုဘုန်းတော်ကြီးနှင့် မတူချေ။ သူသည် လူသားနှင့် မတူဟု မဆိုလိုချေ။ သို့သော် ဆိုးယုတ်သော အရာ၏ နောက်လိုက်အရာများက လူသားအဖြစ် ပြောင်းလဲပြီး တာအိုဘုန်းတော်ကြီးအဖြစ် အယောင်ဆောင်ကာ အပြင်လူများ၏ ယုံကြည်မှုကို မြှင့်တင်ပေး၍ သတိများကို ပြေလျော့စေရန် လုပ်ဆောင်နေခြင်း ဖြစ်လောက်မည်ဟု တွေးထင်မိသည်။
သက်လတ်အပိုင်းအရွယ် တာအိုဘုန်းတော်ကြီးက အဓိကခန်းမ၏ ဘေးဘက်ခြမ်းတွင် နေသည်။ သူသည် မိစ္ဆာသတ္တဝါ၏ အသိုက်ကို စောင့်ကြပ်နေခြင်း ဖြစ်လောက်သည်။
ထိုသို့ဆိုလျှင် ဘုရားကျောင်းတစ်ခုလုံး၏ အဓိကအချက်အချာနေရာ ဖြစ်သော အဓိကခန်းမနှင့် သူ၏စွမ်းအားများကို စုစည်းရာနေရာကသာ ထိုဆိုးယုတ်သောအရာ နေသောနေရာ ဖြစ်လောက်သည်။
ထိုအတွက်ကြောင့် ယန်ရှစ်ရွှမ်းက အဓိကခန်းမထဲသို့ တုန့်ဆိုင်းမနေဘဲ သွားလိုက်သည်။
သူသည် ခပ်ကြမ်းကြမ်း တိုက်ခိုက်ရန် လာနေသော လူတစ်ယောက်နှင့်ပင် တူနေသေးသည်။ ထို့ကြောင့် ဖန်သားပြင်အရှေ့မှ ကြည့်ရှုသူများက တုန်ယင် နေကြပြီး စကားပင် မဆိုရဲကြတော့ချေ။
သို့သော် ဆိုးယုတ်သောအရာကသာ လူတိုင်းထက် အကြောက်လန့်နေဆုံး ဖြစ်သည်။ ယန်ရှစ်ရွှမ်း၏ အထင်က မှန်ကန်သည်။ ထိုအကောင်သည် အဓိကခန်းမထံမှ ထွက်ပြေးသွားခဲ့ပြီးနောက် မည်သူကမှ သူ၏သဲလွန်စကို မမြင်နိုင်လောက်မည့် တစ်နေရာသို့ ပြေးသွားလိုခဲ့သည်။ သို့သော် အခြားနေရာက ရှိမနေခဲ့ချေ။ ထို့ကြောင့် အဓိကခန်းမ၏အောက်ဘက် သေးငယ်သော ဘုရားကျောင်းအတွင်းသာ ပုန်းနေလေသည်။
ထိုအရာသည် မဲမှောင်ပြီး အိုဟောင်းနေသည့် မြေအောက်ဂူဘုရားကျောင်းလေးပဲ ဖြစ်သည်။ မကြာခဏဆိုသလို ရေကျသံကိုလည်း ကြားနေရ၏။ နံရံများတွင် ရေညှိများ တက်နေလေပြီး အေးစက်ကာ နံဟောင်သော ရနံ့ကို ထုတ်ပေးသည်။
ပတ်ပတ်လည်ရှိ အရာအားလုံးက အမျိုးမျိုးသော ပုံသဏ္ဍာန်နှင့် တိရိစ္ဆာန်များ ပုံသဏ္ဍာန် ထွင်းထုထားသည်။
အနီးကပ် ကြည့်ရှုမည်ဆိုလျှင် ထိုသေးငယ်သော တိရိစ္ဆာန်များ၏ ရုပ်ထုပုံတိုင်းက အောက်ခြေပိုင်းမှ အပေါ်ပိုင်းအထိ ဝတုတ်နေသော ခန္ဓာကိုယ်အဖြစ်သာ ရှိသည်။ တစ်မီတာခန့်သာ ရှိသည်။ ထို့အပြင် ရွံ့ရှာဖွယ်ကောင်းသော ပုံသဏ္ဍာန်မျိုး ရှိနေသေး၏။ မျက်နှာတွင်လည်း ရွှေငွေများက ပြည့်နှက်နေသေးသည်။
သိသာစွာပင် နတ်ဘုရား၏ နံရံဆေးရေးပန်းချီကားချပ်များကို အတုယူပြီး ထွင်းထုထားခဲ့ခြင်း ဖြစ်သော်လည်း ယခုလို မဲမှောင်ပြီး ကျုံ့နေသော ပုံစံအရ အခြားသောသူကို အတုခိုးထားသည့် အကျည်းတန်သော အရာဟုသာ ဆိုရပေသည်။
သို့ရာတွင် ထိုတိရိစ္ဆာန်များ၏ အမြင်တွင် အသက်ဝင်လွန်းသည်ဟု ထင်နေ၏။ ဒါဟာ ကြမ်းတမ်းသော ပုံစံဟုလည်း ယူဆထားကြသည်။ ထို့နောက် တစ်ခဏတွင် ထိုရုပ်ထုများက ချက်ချင်းလိုလို အသိပြန်ဝင်လာတော့မည်ဟု နားလည်ထားကြပုံ ပေါ်သည်။
ဆိုးယုတ်သော အရာက နံရံဆေးရေးပန်းချီထဲတွင် တောက်ပခမ်းနားသော ပုံရိပ်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ဂူဘုရားကျောင်းအတွင်း စိုးရိမ်တကြီးဖြစ်စွာနှင့် ဝင်ရောက်လာသည်။ ထို့နောက် ခက်ကြမ်းကြမ်း အော်ဟစ်နေသေး၏။ သူသည် ကြောက်လန့်ကာ ပြင်းထန်သည့် ခံစားချက်ကို ဖော်ပြနေသည်။
တစ်ချိန်လုံး ပျောက်နေခဲ့သည့် အန်တိုနီက မျက်နှာတွင် မှင်သက်နေသော မျက်နှာထားမျိုးဖြင့် ဘုရားကျောင်း၏ ထောင့်တစ်နေရာနားတွင် ရပ်ကာ ရှေ့ပြေးလိုက် နောက်ပြေးလိုက် လုပ်နေပြီး ဆိုးယုတ်သော အကောင်ကို လေးစားမှုအပြည့်ဖြင့် ကြည့်နေသည်။ သူ၏ချောမောနေသော မျက်နှာဟာ ယခုအခါ ရှုံ့တွနေပြီ ဖြစ်ပြီး တဖြည်းဖြည်းချင်း ကြွက်တစ်ကောင်နှင့် တူလာသည်။ ဖန်သားပြင်အခွဲမှ ကြည့်ရှုသူများက အန်တိုနီအား ကြည့်သထက်ကြည့်ရင်း ကြောက်လာကြ၏။
******