Ch 105
Viewers 6k

105 01

 

အပိုင်း(၁၀၅)

 

“အရှင်တောင်နတ်ဘုရား ဘယ်အချိန်မှ ယန်ရှစ်ရွှမ်းကို ပညာပေးပြီး အရှင့်ကို ရန်စလို့ မရတဲ့အကြောင်း ပြောမှာလဲ။ ငါက အရှင့်ရဲ့ ယုံကြည်သက်ဝင်သူပါ”

 

အန်တိုနီက စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း မေးသည်။

 

“အရှင်က ပြိုင်ဘက်ကင်းပါတယ်။ အရှင်က ငါ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပြီး ငါ့ကို ဖျော်ဖြေရေး အသိုင်းအဝိုင်းကြီး တစ်ခုလုံးရဲ့ ထိပ်ဆုံးကို ရောက်အောင် လုပ်ပေးမဲ့သူ။ အရှင့်ရဲ့ခြေထောက်အောက်မှာ ပြိုင်ဘက်တွေကို နင်းခြေပေးမဲ့သူ မဟုတ်လား။ အရှင် အခုပဲ ငါ့ရဲ့ဆန္ဒကို ဖြည့်ဆည်ပေးပါ။ ယန်ရှစ်ရွှမ်းနဲ့ အန်းနန်ယွမ်တို့ ငိုယိုပြီး အသနားခံမဲ့အချိန်ကို ငါ မစောင့်နိုင်တော့ဘူး”

 

သူ၏နည်းပါးလာသော အင်အားကြောင့် ထိတ်လန့်နေပြီး ကြောက်လန့်တကြား ဖြစ်နေသည့် ဆိုးယုတ်သော သတ္တဝါက ထိုအသံကို ကြားလိုက်သောအခါ သူ၏နီရဲနေသော မျက်လုံးကို ဝင့်လိုက်ပြီး အန်တိုနီကို ခက်ထန်စွာ ကြည့်သည်။

 

သို့သော် အန်တိုနီကမူ ထိုနတ်ဘုရား၏ သူ့အပေါ် ထားရှိသော ရက်စက်သည့် စိတ်ဆန္ဒကို သတိထားမိပုံ မရသလို တစ်ဖက်သူ၏မျက်လုံးများဟာ သုန်မှုန်လာပြီး မျက်နှာက ပြာနှမ်းလာကြောင်း သတိမထားမိချေ။

 

ဆိုးယုတ်သော အရာက စွမ်းအား ကုန်ဆုံးလာသောကြောင့် ပြန်လည်အားဖြည့်ရန် ဆန္ဒစောနေသည်။ ထို့ကြောင့် အနီအနားရှိ အန်တိုနီ၏ ယန်စွမ်းအင်ကို အသားကုန် စုပ်ယူနေခဲ့ပြီး တစ်ဖက် သက်ရှိသူ၏ အသက်စွမ်းအားကို လျှင်မြန်စွာ လျော့နည်းကျလာစေခဲ့ခြင်း ဖြစ်သည်။

 

သူ၏ အသက်ရှူသံဟာ သေသူနှင့် မခြားလောက်အောင် အားနည်းသထက် နည်းလာသည်။ သို့သော် အရာအားလုံးက ယန်ရှစ်ရွှမ်း၏ မျှော်လင့်ထားမှုကြောင့် ဖြစ်နေသည်။ ထိုမြင်ကွင်းကို စိတ်အားထက်သန်မှု အပြည့်ဖြင့် ကြည့်နေသော အန်နန်းယွမ်က ခြေထောက်ကိုပင် ဆောင့်သေး၏။ တစ်ဖက်သူသည် သူ၏ကိုယ်ပိုင်အားနည်းမှုကိုပင် သတိမထားမိချေ။

 

အန်တိုနီကို ကြည့်နေသော ဆိုးယုတ်သော သတ္တဝါ၏ အနီရောင်မျက်လုံးများက ရက်စက်သော စိတ်ဆန္ဒကို ဖော်ပြသည်။ မည်သို့ပင်ဆိုစေ ဒီနေရာတွင် အပိုယန်စွမ်းအင် မရှိတော့ချေ။ ထို့ကြောင့် တစ်ဖက်သူကို သတ်လိုက်သင့်သည်။ လူအသားဟာလည်း ကောင်းမွန်သည့် အစာ ဖြစ်သည်။

 

ထိုဆိုးယုတ်သော သတ္တဝါက ထိုသို့တွေးလိုက်ပြီး ချက်ချင်းဆိုသလို ပုလ္လင်ပေါ်မှတဆင့် အန်တိုနီထံ ချက်ချင်းခုန်ဝင်လာသည်။ သူ၏ထက်ရှသော လက်သည်းကို ဓားမြောင်များအလား သုံးလိုက်၏။ လက်သည်းမှ အလင်းက အမှောင်ထုကိုပင် အလင်းပေးနိုင်သည်။

 

ထိုသို့ဖြင့် နီးကပ်သထက် နီးကပ်လာသည့် ဆိုးယုတ်သော သတ္တဝါက အသိစိတ်မဝင်ပဲ ဘာကိုမှ သတိမထားမိသည့် အန်တိုနီကို ကြည့်ရင်း သူ၏လောဘများက ပျော်ရွှင်မှုအပြည့်နှင့် တောက်လောင်လာသည်။

 

သို့သော် _ _ _

 

ဘုန်း

 

ကျယ်လောင်သော အသံက ထွက်ပေါ်လာသည်။

 

နံရံများနှင့်အတူ အုတ်ကျိုးအုတ်ပဲ့များ။ တိုင်များ။ ကျောက်တုံးရုပ်ထုတိုင်များက ကျယ်လောင်သော ဆူညံသံနှင့်အတူ ပြိုလဲကျသွားသည်။ လွှင့်စင်လာသော အပိုင်းအစများနှင့်အတူ ဖုန်များက ဘုရားကျောင်းအနှံ့ ပြန့်လွှင့်ကုန်၏။ ထို့နောက် ပို၍ကြီးမားသော ကျောက်တုံးကြီးကပင် ပျံသန်းလျက် ရောက်ရှိလာသေးသည်။ ထိုသို့ဖြင့် ထိုကျောက်တုံးကြီးက ဆိုးယုတ်သောအရာထံ ကွက်တိ ထိမှန်လာပြီး မမျှော်လင့်ထားစွာပင် လေထဲတွင် ကွက်တိ ဆုံမိသွားသည်။ သူက မတွန်းလှန်နိုင်သေးခင် ကျောက်တုံး၏ အလေးချိန်ကြောင့် တိုက်ရိုက် အဖိခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ အန်တိုနီသည်လည်း ကျောက်တုံးဖြင့် မှန်သွားပြီး လွှင့်ထွက်သွားသည်။ ထိုသို့ဖြင့် နောက်ဘက်မှနံရံနှင့် ဆောင့်တိုက်မိပြီး အောက်ဘက်သို့ လျောကျသွားသည်။

 

မြေအောက်ဂူဘူရားကို ပွင့်သွားသော ကြီးမားသည့် အပေါက်ကြီးမှတဆင့် ပြင်းထန်သော စွမ်းအားအပြည့်နှင့် လူတစ်ယောက်၏ ပုံရိပ်တစ်ခုက မြေအောက် ဂူဘုရာကျောင်း အတွင်းသို့ ခုန်ဆင်းလာကာ ဘုရားကျောင်း၏ ပြာများကို ထိုးဖာက်ပြီး မြေပြင်ပေါ်သို့ ခိုင်မြဲစွာ ဆင်းသက်လာသည်။ သူ၏မာတင်ဘွတ်ဖိနပ်ကကပင် ပြင်းထန်သော စွမ်းအားများ ပြည့်နှက်နေသေး၏။ ကျောက်တုံးကြီးက ထိုသတ္တဝါကို ဆက်တိုက်ဖိထားသည်။ ကျောက်တုံးကြီး၏ အဖိခံထားရသောကြောင့် သူသည် မလှုပ်နိုင်သလို ရုန်းကန်နိုင်စွမ်းအားလည်း မရှိတော့ချေ။

 

105 02

 

“ဟေး ကြည့်ရတာ ကျောက်တုံးအောက်မှာ ပုန်းရင်း အချိန်ကောင်း ယူနေတာပဲ”

 

ယန်ရှစ်ရွှမ်းက လှောင်ပြောင်သလို အကြည့်မျိုးနှင့် ဆိုးယုတ်သော အကောင်ကို ငုံ့ကြည့်လိုက်သည်။ သူ၏မျက်လုံးတွင် ရွံ့ရှာမှုကို ဖုံးကွယ်ထားခြင်း မရှိချေ။

 

“မျှော်လင့်ထားတဲ့အတိုင်းပဲ ကြွက်က ထောင့်တစ်နေရာမှာ ပုန်းဖို့ပဲ တတ်တယ်။ အကျည်းတန်လွန်းလို့ ကြည့်ဖို့တောင် မတန်ဘူး”

 

ထိုဆိုးယုတ်သော အကောင်က လည်ချောင်းထဲမှ နှာမှုတ်သံများကို ထုတ်သည်။ သူ၏နီရဲသော မျက်လုံးများက ရက်စက်မှုအပြည့်နှင့် ထိုလူသား၏ စကားလုံးများကို မနည်း ရုန်းကန်ကာ နားထောင်နေရသည်။

 

“မင်းက ဘာလဲ”

 

“မင်းကငါ့ကို မေးတယ်”

 

ယန်ရှစ်ရွှမ်းက မျက်ခုံးပင့်လိုက်သည်။ ဂုဏ်ယူစွာနှင့် လှောင်ပြောင်စွာ ပြောသည်။

 

“ငါကမင်းရဲ့ဘိုးဘေးလေ။ ငါက မင်းကို လာသတ်တာ။ အစာကို ခိုးတဲ့၊ အိမ်တွေကို ခိုးတဲ့ ကြွက်တစ်ကောင်။ဆိုး ယုတ်တဲ့အရာတွေ အားလုံးကို လုပ်ထားတဲ့ ကြွက်ကို လာသတ်တာပေါ့”

 

“မင်းက လူစကားကို နားလည်တာ ရှင်းနေတာပဲ”

 

ဆိုးယုတ်သော အကောင်က ယန်ရှစ်ရွှမ်း၏ ခက်ထန်သော ကြမ်းတမ်းသော အရှိန်အဝါကြောင့် နေရာတွင်ပင် ထိတ်လန့်ကာ အံ့ဩသွားလေသည်။

 

ယခင်က ကြီးမားသော ကြွက်များကို တွေ့ကြုံခဲ့ဖူးသောကြောင့် ဖြစ်လောက်သည်။ ဧည့်သည်များက သတိအပြည့် ကပ်နေကြ၏။ အန်တိုနီနှင့် ရုန်ရုန်က ဒီနေရာတွင် မရှိသော်လည်း ဧည့်သည်များ ဖြစ်သည့် အသိုင်းအဝိုင်းအတွင်း အချိန်အတန်ကြာအောင် ကျင်လည်ခဲ့‌သော ရသစုံရှိုးစတားကဲ့သို့ လူများကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်သောသူ သို့မဟုတ် အန်းနန်ယွမ်ကဲ့သို့ ယခင်အပိုင်းကို အတွေ့အကြုံ ရှိဖူးသော သူများက အခြေအနေကို ကောင်းကောင်း ထိန်းသိမ်းနိုင် စွမ်းအားရှိသော သူအဖြစ် ပါဝင်ဆောင်ရွက်ပေးလေသည်။ ထို့ကြောင့် လူတိုင်းက တစ်ခန်းတည်းတွင် အတူနေပြီး စကား ပြောနေလိုက်ကြ၏။

 

အိပ်ချင်သဖြင့် မျက်ခွံများ လေးလံလာကာ တဆတ်ဆတ် တုန်ခါလာသည့်တိုင်အောင် မအိပ်ရဲသေးကြချေ။

 

ယန်ရှစ်ရွှမ်းက အနားတွင် မရှိသောအခါ သူတို့သည် အချိန်တစ်ခုကြာအောင် ကိုယ့်ကိုယ်ကို မှီခိုရမည်ဖြစ်ကြောင်း နားလည်နေကြသည်။ အထူးသဖြင့် အလွန်မောပန်း အားအင်ကုန်ခမ်းနေသော ပိုင်ရွှမ်းဖြစ်သည်။ ထို့အပြင် ဒဏ်ရာ ရထားပြီး မလှုပ်နိုင်သော ကျောင်းကျန်းလည်း ရှိနေသေးသည်။ ယခုလို အခြေအနေမျိုးတွင် သူတို့က အတူမနေခဲ့ပါက လူတိုင်းအတွက် တစ်စုံတစ်ရာ ဖြစ်သွားလောက်သည်။

 

ကျောင်းကျန်းကို ယန်ရှစ်ရွှမ်းက ဒဏ်ရာသွေးတိတ်အောင် လုပ်သွားပေးသော်လည်း ပြင်းထန်သည့် သွေးဆုံးရှုံးမှုက သူ၏မျက်နှာကို ဖြူဖျော့စေနေသေးသည်။ သူ၏မျက်မှောင်တွင် မသက်မသာ ဖြစ်သော အမူအယာမျိုးက ပေါ်ထွက်နေသေးသည်။

 

“လူကြီးမင်းယန်က ငါတို့ကို တကယ်ပဲ ဒီနေရာကနေ ခေါ်ထုတ် ပေးသွားနိုင်မှာလား။ သူက တစ်ယောက်တည်းသွားပြီး ကိစ္စတွေကို သွားပြီး ကိုင်တွယ်နေတာ။ မကောင်းဆိုးဝါးတွေနဲ့ ပက်သက်ပြီး ပြဿနာတော့ မရှိလောက်ပါဘူးနော်။ သူ့ကို ဘယ်လိုများ သွားရှာကြမှာလဲ”

 

“ကောင်းပြီလေ ဒီလိုလုပ်လို့ အဆင်မပြေလောက်ဘူး ဆိုပေမဲ့လည်း ငါတို့အနေနဲ့ အဲဒီနေရာကို သွားပြီး ယန်ကောကို ဒုက္ခပေးလို့တော့ မရသေးဘူး။ ဘာပဲ ဖြစ်ဖြစ် ငါတို့အတူ ဒုက္ခရောက်ရင် ယန်ကောက ငါတို့ကို ကယ်နေရဦးမှာ။ ငါတို့က ယန်ကောကို ဆွဲချသလိုပဲ ဖြစ်သွားဦးမှာပဲ။ ယန်ကောက ငါတို့ကို ကယ်တင်နေရတာနဲ့ ရှောင်ပြေးနေရတာနဲ့ အဲဒီအရာကို ကိုင်တွယ်နိုင်တော့မှာ မဟုတ်ဘူး”

 

ပိုင်ရွှမ်းက ရိုးသားစွာ ပြောပြီး ကျောင်းကျန်းအား အန်းနန်ယွမ်၏ အခွဲဖန်သားပြင်ကို မိုဘိုင်းလ်ဖုန်းမှတဆင့် လှမ်းပြပေးသည်။

 

“ယန်ကောက မိစ္ဆာသရဲတွေကို သတ်ဖြတ်တာကို ငါတို့က သက်ရောက်သွားစေလို့ မဖြစ်ဘူး”

 

အန်းနန်ယွမ်က ဘေးဘက်မှ ထောက်ခံပေးသည်။

 

“ယုံကြည်မှုရှိပါ။ ငါတို့က အချိန်တစ်ခုကို စောင့်နေရုံပဲ။ ယန်ကောလို ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးကို အကူအညီ တောင်းခံဖို့က လွဲပြီး ကျန်တဲ့အခန်းကဏ္ဍမျိုးတွေမှာ ငါတို့ ဝင်ပါလို့ မရဘူး”

 

ပိုင်ရွှမ်း “ဘယ်လောက်တောင် မြင့်မားတဲ့ ချီးကျူးတဲ့ စကားလဲ”

 

အန်းနန်ယွမ်က ရယ်သည်။

 

“ဒါက နေ့တိုင်းလုပ်ရမဲ့ အိမ်စာ မဟုတ်ဘူးလား။ ငါ့ရဲ့အုတ်ဂျုံဖန်တံဆိပ်က အဆင့်သုံးကို ရောက်နေပြီ။ ငါ နေ့တိုင်းလိုလို သုံးကြိမ်လောက် စစ်နေခဲ့တာ။ ငါက ယန်ကောကို တအား ချီးကျူးမိလို့လား။ ငါက ယန်ကောကို ယန်ကောလို့တောင် ခေါ်နေပြီ မဟုတ်လား။ ငါက ယန်ကောကိုများ စိတ်ဝင်စားနေလို့လား”

 

“ကောင်းပါပြီ”

 

ယခင်မှ အတွေ့အကြုံမရှိသော ကျောင်းကျန်းက ထိုလူနှစ်ယောက်၏ ပုံမှန် မဟုတ်လောက်သည့် ယုံကြည်မှုကို မြင်သောအခါ အနည်းငယ် စိတ်ရှုပ်ထွေးမိသည်။ သို့သော် သူ၏အကြည့်က ဖုန်းမှတဆင့် ဖန်သားပြင်အခွဲထံ ရောက်ရှိသွားသည့်အချိန်တွင်မူ သူ၏မျက်လုံးများက တင်းကြပ်သွားသည်။

 

ဖန်သားပြင်တွင် ယန်ရှစ်ရွှမ်း၏ အမူအယာက အေးစက်ပြီး လှုံ့ဆော်မှုအပြည့်နှင့် ဖြစ်သည်။ သို့သော် သူ၏အရှေ့တွင်မူ ဒဏ္ဍာရီလာ အရာများနှင့် အလွန့်လွန်တူသည့် ဖောက်ထွင်းမြင်ရမတတ် ကြည်လင်သည့် ပုံရိပ်များနှင့် ဆက်စပ်နေသည်။

 

“သရဲ”

 

105 03

 

သူတို့သည် လူများကို ဒုက္ခပေးပြီး နာကျင်အောင်လုပ်သော တစ္ဆေကြွက်ကဲ့သို့ ချဲ့ကားလွန်းသော အရာများကို ရင်ဆိုင်ခဲ့ရပြီးသော်လည်း ယန်ရှစ်ရွှမ်းက အချိန်မှီလာရောက် ကယ်တင်ကာ ကာကွယ်ပေးမှုကြောင့် ဧည့်သည်များအနေဖြင့် ကြောက်စရာ ကောင်းလွန်းသော အခိုက်အတန့်မျိူးအထိ မကြုံခဲ့ရချေ။ ထို့ကြောင့် တစ္ဆေသရဲများနှင့် နတ်ဘုရားများကို မယုံကြည်ခဲ့သော ကျောင်းကျန်းသည်လည်း ယခင်က သူ လက်လှမ်းမမှီသော နယ်ပယ်တွင် ရှိသည့် အရာမျိုးကို ထိတွေ့ဆက်စပ်မှု မရှိခဲ့ချေ။ ထို့အတွက်ကြောင့် သူက အံ့အား သင့်လွန်းနေသည့် တိုင်အောင် ယန်ရှစ်ရွှမ်းက သူ၏ ဒဏ်ရာကို သွေးလျော့‌အောင် လုပ်ခဲ့နိုင်သည့် လွန်ကျူးလွန်းသော သက်ရောက်မှုကြောင့် အံ့ဩရုံသာ ဖြစ်ခဲ့သည်။ ဒီအတိုင်း ယန်ရှစ်ရွှမ်းက မပြောချင်သည့် စွမ်းအင်တစ်မျိုးဟုသာ ထင်ခဲ့သည်။

 

သို့သော် ယခုအချိန်မှသာ ကျောင်းကျန်းအနေဖြင့် သူ၏ကိုယ်ပိုင်မျက်လုံးဖြင့် ကင်မရာထဲမှ တောင့်တင်းကာ ဖျော့တော့သော သရဲတစ်ကောင်ကို မြင်လိုက်ရသည်။ သူ၏ယခင်က မာကျောမှုများက ကွဲအက်သွားသည်။ သူ၏အပေါ်နှင့် အောက်သွားကပင် တဆတ်ဆတ် ရိုက်ခတ်ကုန်သည်။ ဖန်သားပြင်မှတဆင့် အအေးဓာတ်များက စိမ့်တက်လာပုံပေါ်သည်။ မျက်လုံးများက မှေးကျင်းသွားသည်။ သူသည် အလွန်ကြောက်လန့် သွားသည်။

 

ပြောရမည်ဆိုလျှင် သူတို့က ကြွက်ကြီးကို ရှောင်ရှားရန် ဝင်ပြေးသွားသော ဘေးခြံဝန်းသည် သရဲများ ပြည့်နှက်နေသာ နေရာတစ်ခု ဖြစ်သည်။ အရင်က ကျောင်းကျန်းက လိုက်ဖမ်း ခံနေရသောကြောင့် မောပန်းလွန်းနေသလို သွေးထွက်လွန်းသော အရာကြောင့်လည်း ဒီနေရာတွင် သေရတော့မည်ဟု ခံစားမိနေခြင်း ဖြစ်သည်။ ထိုအတွက်ကြောင့် စိတ်ပျက်အားငယ်စွာနှင့် မြင်တွေ့ရသည့် ပုံရိပ်များဟူသာ သတိလက်လွတ် သတိထားမိခဲ့သည်။

 

ထိုအခိုက်အတန့်မှသာ ပထမဦးဆုံအကြိမ်အဖြစ် ဘေးဘက်ခြံဝန်းမှ ရှုခင်းများကို မြင်လိုက်ပြီး ကျောင်းကျန်းဟာ ပြန်လည်ပြီး အသိဝင်သွားသည်။ ပြင်းထန်သော ထင်မြင်ချက်က သူ့အား ထိုဘေးခြံကို ထဲတွင် ရှိနေဖူးသည့် အခိုက်အတန့်မျိုးတွင် သရဲများကို ရင်ဆိုင်ရသလိုပင် ခံစားမိသွားသည်။

 

“ကျောင်းလောင်ရှစ် ကျောင်းလောင်ရှစ်”

 

ပိုင်ရွှမ်းက အန်းနန်ယွမ်ကို စကားပြောနေသေးသည်။ သို့သော် ရုတ်တရက် ဘေးလှည့်ကြ ည့်လိုက်သောအခါ ကျောင်းကျန်း၏ ချွေးစေများပျံပြီး ဖျော့တော့လွန်းသည့် မျက်နှာကို မြင်ရကာ တစ်ဖက်သူသည် အချိန်မရွေး သတိ လစ်သွားနိုင်သည်ဟု ခံစားလိုက်ရသည်။

 

သူမသည်လည်း မတတ်နိုင်ဘဲ ကျောင်းကျန်း၏ အခြေအနေကို စိုးရိမ်မိသွားသည်။ ယန်ကောကလည်း ဒီနေရာတွင် မရှိချေ။ ကျောင်းကျန်းကလည်း သတိလစ်သွားခဲ့သော် အန္တရာယ်ကို တစ်ကြိမ်ကြုံတွေ့ခဲ့ဖူးသော လူတိုင်းအတွက် ပို၍မြန်ဆန်စွာ ပြေးနိုင်လိမ့်မည် မဟုတ်ချေ။

 

ထို့ကြောင့် ပြင်းထန်သည့် ဖိအားကို ခံစားလိုက်ရသည်။

 

ပိုင်ရွှမ်းက ကျောင်းကျန်း၏နာမည်ကို ထပ်ခါတလဲလဲ ခေါ်သည်။ ထိုအခါမှသာ သူက အသိပြန်ဝင်လာပြီး အဆင်ပြေကြောင်း အားလုံးကို ပြောပြ၏။ ပြတင်းပေါက်ထံမှ လာသော တောက်ပလေသာ အလင်းနှင့် မနက်ခင်းနေရောင်က လူတိုင်း၏ တည်ငြိမ်စေနိုင်လာစေသည်။ ထိုသို့ဖြင့် ကျောင်းကျန်းသည်လည်း သရဲများ ဝိုင်းနေသည့် မြင်ကွင်းမှ လွတ်မြောက်လာသလိုမျိုး ကြောက်လန့်စိတ်မှ ပြယ်လာသည်။

 

“ငါ အဆင်ပြေပါတယ်။ ဒီအတိုင်း ပထမဦးဆုံးအကြိမ် ဒါကို မြင်လိုက်ရတော့- _ _ _”

 

ကျောင်းကျန်းက ထပ်ခါတလဲလဲ ကြိုးစားကြည့်သည်။ သို့သော် သရဲဆိုသော စကားလုံးကို ထုတ်မပြောနိုင်သေးချေ။ ထိုအတွက်ကြောင့် အားတင်းကာ ဖြစ်ညစ်ပြီး ပြုံးကာ တောင်းပန် လိုက်ရသည်။

 

သို့သော် ကျောင်းကျန်းသည် ယန်ရှစ်ရွှမ်းကို ပြန်မြင်ရသောအခါ သူ၏မျက်လုံးထဲတွင် လေးစားမှုများက ပြည့်နှက်လာသည်။ သူသည် ဆယ်ကျော်သက်အရွယ် ပွဲဦးထွက်ချိန်ကတည်းက ရိုက်ကူးရေး အဖွဲ့အမျိုးမျိုးတွင် ရှိခဲ့သည်။ ထို့ကြောင့် အရေအတွက် ဖြည့်ရုံလောက် ပါခဲ့ဖူးသော သရုပ်ဆောင်များစွာကို မြင်ခဲ့ဖူးသည်။ လူအများကို ကြည့်ရှုရာတွင် ထူးခြားသော မျက်လုံတစ်စုံကို ရရှိခဲ့ပြီးသား ဖြစ်သည်။

 

105 04

 

ထို့ကြောင့် လူကြီးမင်းယန်က ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် လူသစ်တစ်ယောက် ဖြစ်ကြောင်း မြင်သောအခါ သံသယဝင်ရန် မလိုလောက်အောင် တစ်ဖက်သူတွင် အစစ်အမှန် စွမ်းရည်ရှိသည့် အမျိုးသားတစ်ယောက် ဖြစ်ကြောင်း သိခဲ့သည်။

 

သူ၏ယုံကြည်မှုတွင် တည်ငြိမ်သော အမူအယာများက တစ်ဖက်သူကို အပြင်လူတစ်ယောက်ဟု မထင်ရစေပေ။ ကျောင်းကျန်းကပင် ခါးသီးစွာ ပြုံးနေမိသည်။

 

သူ၏မန်နေဂျာကလည်း သူသည် သောက်စားရာတွင် ကြည့်ကောင်းသည်ဟု ပြောသည်။ သို့သော် မဲမှောင်သော ဝန်းကျင်မျိုးကိုမူ ကြောက်သဖြင့် ဆူပူတတ်၏။  ထို့အတွက်ကြောင့် သူ့ကို ထိုဧည့်သည်ရှိုးသို့ လာစေပြီး ပရိတ်သတ်များ၏ အရေအတွက် များပြားစေရန်။ ကျော်ကြားမှု ရရှိစေရန် လုပ်ခဲ့သည်။

 

မမျှော်လင့်ထားစွာပင် သူ၏ကျော်ကြားမှုက တိုးမတိုး မသိသော်လည်း သူ၏လောကအမြင်ကမူ အရင်ဆုံး အက်ကွဲသွားခဲ့သည်။ သူသည် ရုတ်တရက် လူ့လောကတွင် တစ္ဆေသရဲများ အမှန်တကယ် ရှိကြောင်း သိလိုက်ရသည်။သူ ယခင်က အသိုင်းအဝိုင်းအတွင်းမှ အမျိုးသမီး သရုပ်ဆောင်များက သူတို့၏ ကံကောင်းမှုကို မြှင့်တင်ရန် သရဲလေးများကို မွေးထားတတ်ကြောင်း ကြားဖူးသည်။ သို့သော် ဒါဟာ အတင်းအဖျင်းများသာ ဖြစ်ပြီး အမှန်တကယ် ဟုတ်မဟုတ် ဂရုမစိုက်မိချေ။ မမျှော်လင့်ထားစွာပင် ဒါဟာ မှန်ကုန်နေလောက်ကြောင်း သိလိုက်သည်။

 

သို့သော် ထိုအတွက်ကြောင့် သူသည် လူကြီးမင်းယန်ကဲ့သို့ အစစ်အမှန် ကျွမ်းကျင်လွန်းသည့် ပညာရှင်တစ်ယောက်နှင့် မိတ်ဆွေ ဖွဲ့လိုက်နိုင်သည်။

 

မည်သို့ပင်ဆိုစေ ယဉ်ကျေးမှုဓလေ့ကို အလေးထားပြီး ထုံးထမ်းအစဉ်အလာ အခမ်းအနားပွဲများကို ကျင်းပခြင်း၊ ဖုန်းကို ဖွင့်ရင်း အမွှေးနံ့သာတိုင်ကို ထွန်းကာ အခမ်းအနားပွဲများ လုပ်နိုင်ခြင်း ဆိုသော ယနေ့ခေတ်ကာလမျိုး သရဲလေးများမွေးသော လက်ဖော်ကိုင်ဖက်များအကြောင်းနှင့် ဆရာသခင်များခေါ်ကာ ဖုန်းရွှေမေးမြန်းသော အကြောင်းအရာများကို ကြားဖူးနေကြ ဖြစ်သည်။ ထို့ကြောင့် ဒီလိုအသိုင်းအဝိုင်းထဲတွင် ဆရာသခင်များ ရှိကြောင်း သိထားဖူးသည်။

 

ကျောင်းကျန်းသည် အတွေးများအတွင်း နစ်မြောသွားသည်။ ရသစုံရှိးစတားက ယန်ရှစ်ရွှမ်း၏ ဖန်သားပြင်အခွဲမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေရင်း သူ၏အာရုံက ဆွဲဆောင် ခံလိုက်ရသည်။

 

“ဖာ့ခ်”

 

သူက ကြည့်နေရင်းနဲ့ ရုတ်တရက် ထဆဲသည်။ ထို့ကြောင့် အနားရှိဧည့်သည်များက သူ့ကို ကြည့်လိုက်ကြသည်။ ရသစုံရှိုးစတားက အံ့အားတကြီး မယုံကြည်နိုင်သလို ဖြစ်သွားသည်။

 

“ယန် တိုး တိုး တိုးဂိုက်ယန် မဟုတ်ဘူး  ဆရာယန် ယန်လောင်ရှစ်က လူတွေကို ကျိန်စာ တိုက်နိုင်တယ်တဲ့။ တကယ်ပဲ အမျိုးအစားတွေ အများကြီး ရှိသေးတာလား”

 

နဂိုက သရဲများ၏ မြင်ကွင်းကြောင့် ထိတ်လန့်နေသော ရသစုံရှိုးစတားက ရုတ်တရက် ယန်ရှစ်ရွှမ်းဟာ ကင်မရာ၏အရှေ့တွင် သူ ကျိန်စာတိုက်နိုင်ကြောင်း ပြောခဲ့သည့် စကားကို ကြားလိုက်ရသည်။

 

ရသစုံရှိုးစတား ကိုယ်တိုင်သည်လည်း သူသည် ယခင်က ယန်ရှစ်ရွှမ်းကို မကျေနပ်သဖြင့် ထပ်ခါတလဲလဲ ရန်လုပ်ဖူးကြောင်း သတိရသွားသည်။ ထို့ကြောင့် အသက်ပြင်းပြင်း ရှူလိုက်မိပြီး ကြောက်ရွံ့လာမိ၏။

 

သူသည် ထိုသို့ကြောက်လန့်လွန်းသဖြင့် ယန်ရှစ်ရွှမ်းဟာ သူ့ကို အမှန်တကယ် ဒေါသထွက်ပြီး ကျိန်စာတိုက်လိုက်မည့် အခြေအနေကို စိုးရိမ်မိသွားသည်။

 

တီဗီဒရမ်မာတွေထဲက ကျိန်စာတိုက်တဲ့ နည်းလမ်းတွေက အရမ်းကို ရှုပ်ထွေးတာ မဟုတ်ဘူးလား။ ဘာလို့ ယန်ရှစ်ရွှမ်းက ဒီလောက် ရိုးရိုးရှင်းရှင်း လုပ်နိုင်တာလဲ။ နောက်ပြီး နာမည်ရှိရုံနဲ့ ရတယ်တဲ့။ ဒါက တကယ်ပဲ အလုပ်ဖြစ်တာလား။

 

ရသစုံရှိုးစတားက စိတ်ထဲတွင် တိတ်တဆိတ် အော်ဟစ်နေသည်။ သူသည် လွန်ခဲ့သော တစ်ရက်ခန့်သို့ ပြန်သွားချင်၏။ ယန်ရှစ်ရွှမ်းကသာ ထိုသို့လုပ်နိုင်ကြောင်း သတိထားမိမည်ဆိုလျှင် ယန်ရှစ်ရွှမ်းကို အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့ပေလိမ့်မည်။

 

ထိူအမျိုးသား နူးညံ့လွန်းပြီး ဖြစ်သည့် အန်းနန်ယွမ်ကမူ ရသစုံရှိုးစတား၏ အတွေးကို သိလိုက်သည်။ သို့သော် သူသည် အေးစက်စွာ ပြောလိုက်၏။

 

“လောင်ရှေးရဲ့ အပြောင်းအလဲက တအားမြန်တာပဲ။ အခုလေးတင် သူ့ကို လူသစ်ဆိုပြီး အထင်သေးနေခဲ့တာ မဟုတ်ဘူးလား။ ကောင်းပြီလေ လောင်ရှေးက အခုတော့ စိတ်ပြောင်းသွားပြီပေါ့”

 

ရသစုံရှိုးစတားက သူ၏လက်ကို ရူးသွပ်စွာ ခါယမ်းပြီး ဘေးဘက်ကို ထိတ်လန့်တကြား ကြည့်သည်။

 

ယန်ရှစ်ရွှမ်းက မတော်တဆ ကြားသွားမည့် အခြေအနေကို စိုးရိမ်နေ၏။ ထို့နောက် ကို့ရိုကားယား ပြုံးကာ ပြောသည်။

 

“မဟုတ်တာ ဘယ်လို ဖြစ်နိုင်မှာလဲ။ လူကြီးမင်းယန်က ဒီလောက် တော်တာ”

 

******