Ch 106
Viewers 6k

106 01

 

အပိုင်း(၁၀၆)

 

သို့သော် ရသစုံရှိုးစတားက ဝန်မခံသော်လည်း သူ၏အပြုအမူအရ သူသည် အမှန်တကယ် ကြောက်နေကြောင်း ဖော်ပြရာ ရောက်သည်။ သူသည် အနာဂတ်တွင် ယန်ရှစ်ရွှမ်းကို ထပ်တွေ့သောအခါ ပိုကောင်းသည့် အပြူအမူမျိုး ပြရမည်ဟု လျှို့ဝှက်စွာ တွေးနေမိသည်။ ကြည့်ရသည်မှာ ယန်ရှစ်ရွှမ်းသည် လူအများကို ကျိန်စာတိုက်နည်းကို သိသည်ဟု ပြောခဲ့သည်မှာ ခြောက်လန့်လိုသော လူတစ်ယောက်ကို ခြောက်လန့်လို၍ ဖြစ်သည်။ သို့သော် ထိုလူကမူ မကြောက်လန့်ဘဲ ချစ်စရာကောင်းသည်ဟုပင် ခံစားရသည်။ ကျန်သောသူများက အမှန်တကယ် ကြောက်သွားကြ၏။

 

ဖန်သားပြင်အခွဲရှေ့မှ ကြည့်ရှုသူများကလည်း အလားတူ ရှုပ်ထွေးသွားကြသည်။

 

[ကျေးဇူးပြုပြီး ငါ့ကို ပြောပါ။ ယန်ကောက ကလေးတွေကို ခြောက်နေတာ မဟုတ်လား ဟုတ်တယ်မလား]

 

[အား ငါနင့်ကို နှစ်သိမ့်ပေးချင်ပေမဲ့ ငါလည်း တုန့်ဆိုင်းနေတယ်။ ဘာပဲဖြစ်ဖြစ် တောက်လျောက်ဖြစ်ပျက်ခဲ့တဲ အခြေအနေကို ကြည့်ရသလောက် ယန်ကောက တကယ်ပဲ ပြောတဲ့အတိုင်း လုပ်နိုင်လောက်တယ်။ သူ တကယ်ပဲ လူတွေကို ကျိန်စာ တိုက်နိုင်လောက်တယ်]

 

[ဘာလို့ လောက်တယ်ဆိုတာမျိုး ဖြစ်နေရတာလဲ။ ဒါက မှန်ကိုမှန်နေမှာ။ ဒါတွေက တကယ်ပဲ ကွက်တိကျနေမှာ။ ယန်ကောက တော်တယ်။ အဆောင်လက်ဖွဲ့ ရေးဆွဲတာလည်း တော်တယ်။ ဒီတော့ ကျိန်စာတိုက်တာလို ကိစ္စမျိုးက ယန်ကောအတွက် သာမာန်ကာလျှံကာ ကိစ္စမျိုး ဖြစ်နေဦးမှာပဲ။ ယန်ကောက ဒီအကြောင်းအရာတွေကို ပြောတဲ့အချိန်မှာ ခပ်အေးအေး ရယ်နေတာကို တွေ့တယ် မဟုတ်လား။ သူက ဒါကို ပြဿနာလို့ မထင်ဘူးထင်တယ်။ နင်တို့တွေ ယန်ကောရဲ့အင်အားကို သံသယဝင်ရင် ဆိုရှယ်ပလက်ဖောင်းဆီ သွားပြီး အခြားသူတွေ တင်ထားတဲ့ စခရင် ရီကောတင်းတွေကို သွားကြည့်သင့်တယ်။ ယန်ကောက အခုလေးတင် ရွတ်ဖတ်လိုက်တဲ့ ဂါထာကြောင့် ထွက်လာတဲ့ ရွှေရောင်အလင်းတန်းကြီးတွေက နင်တို့ကို လှောင်ပြောင်ပြလိမ့်မယ်]

 

[ဖွီး ဟား ဟား ဟား ယန်ကောက လူတွေကို ကျိန်စာတိုက်တတ်တတ် မတိုက်တတ်တတ် ငါကတော့ လူတွေအများကြီး အခုလေးတင် ကြမ်းတမ်းတဲ့ စကားတွေကို ပြောလိုက်တာကို မှတ်မိသေးတယ်နော်။ အဲဒီလူတွေ စိတ်ထဲမှာ တကယ်ကြောက်နေလောက်ပြီ၊ အရင်က ယန်ကောကို ပြောဆိုဆူပူနေတဲ့ ကွန့်မန့်တွေ ရုတ်တရက် ပျောက်သွားတာကို သတိမထားမိဘူးလား။ အရှိန်က တအားမြန်တာ။ ရုတ်တရက် ဖောက်ကနဲ ပျောက်သွားတာပဲ။ ကွန့်မန့်တွေက အများကြီး တည်ငြိမ်သွားပြီ]

 

[ဟုတ်နေတာပဲ။ ငါ ဒါပေမဲ့ ငါ ရုတ်တရက် အဲဒီလူ ဘယ်နေရာက လာသလဲဆိုတာကို သိသွားသလိုပဲ။ အန်တိုနီရဲ့အကြံအစည်က ကောင်းကောင်း လုပ်တယ်လို့‌တော့ ထင်တယ်။  အခုလေးတင် တစ်ယောက်ယောက်က သတင်း ထုတ်ပြောလိုက်တယ် မဟုတ်ဘူးလား။ နာမည်ကြီး ကုမ္ပဏီတစ်ခုက အန်းနန်ယွမ်ကို စတေးပြီး အန်တိုနီကို ထိပ်ဆုံးရောက်အောင် မြှင့်တင်ပေးချင်နေတာ။ မမျှော်လင့်ထားဘဲ ရှိုးရဲ့မှင်သက်ဖွယ်ကောင်းတဲ့ သက်ရောက်မှု အခြေအနေကြောင့် အခုလို ဖြစ်သွားရတယ်။ အထူးသဖြင့် ယန်ရှစ်ရွှမ်းပေါ့။ အန်တိုနီရဲ့ ဖန်ပေ့ချ် မြင့်လာတဲ့နူန်းက လိပ်ထက်တောင် နှေးသွားပြီ။ ဒီထက်ပိုပြီး နိမ့်နေဦးမယ်ဆိုရင် အပြစ်ကင်းစင်တဲ့ ကလေးမလေးတွေကို ဒုက္ခပေးရာ ရောက်နေပြီ။ ဒီတော့ အဲဒီကုမ္ပဏီကလူတွေ ဒေါသထွက်နေကြမှာပေါ့။ ဒါကြောင့် ယန်ရှစ်ရွှမ်းက အန်တိုနီလမ်းကို ပိတ်နေတယ်လို့ ထင်သွားကြမှာလေ။ မနေ့ညကတည်းက အုတ်ဂျုံတွေက ဆိုရှယ်ပလက်ဖောင်းပေါ်မှာ ဂျုံစိုက်ခင်းကြီးလို့ စုဝေးနေတာ။ အဲဒီလိုနဲ့ အတတ်နိုင်ဆုံး နောက်ကျိနေတဲ့ ရေကို ကြည်လင်အောင် ကြိုးစားပြီး ယန်ရှစ်ရွှမ်းနဲ့ ပက်သက်တဲ့ ပုံပြင်တွေကို ရှင်းလင်းနေရတာလေ။ ပြောထားတဲ့ ညစ်ညမ်းတဲ့ အချက်အလက်တွေအရ ယန်ကောက လမ်းပေါ်က ဂိုဏ်းစတား တစ်ယောက်တဲ့။ သူ့မှာ ဘာရည်ရွယ်ချက်မှ မရှိဘူးဆိုပဲ။ သူက လူတွေကို ရိုက်နှက်ခဲ့ဖူးတယ် စသဖြင့် ပေါက်ကရတွေ ပြောထားတာ။ အုတ်ဂျုံတွေကလည်း ဒေါသထွက်သွားခဲ့တာ။ ဒါပေမဲ့ အစစ်အမှန် ပိုင်ရှင်က အစစ်အမှန်အကောင့်တောင် မရှိတဲ့အပြင် နောက်ခံကုမ္ပဏီလည်း မရှိဘူး။ စသဖြင့်_ _ _ ဖြစ်နေလေတော့ ကြိုးစားအားထုတ်မှုက မသက်ရောက်သလို ဖြစ်သွားတာပေါ့။ နောက်ပြီး အသစ်စက်စက် ဖွဲ့စည်းပြီးကာစ ဖန်ဂရုကလည်း ထင်သလောက် မစည်းလုံးသေးဘူးလေ။ ဘယ်သူကမှလည်း လမ်းညွှန်မပေးဘူးဆိုတော့ တိုက်ခိုက်မှုက  အလုံးအရင်းနဲ လုပ်နိုင်စွမ်းအား မရှိဘူး ဖြစ်ခဲ့တာ။ ဒါကြောင့် သရေပဲ ကျသွားတယ်]

 

106 02

 

[ငါ ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာမှု လုပ်ပြီးပြီ။ မနေ့ညက ငါတို့ရဲ့ စတူဒီယိုက ယန်ရှစ်ရွှမ်းနဲ့ ပက်သက်တဲ့သူတွေက ဒီတစ်ကြိမ် အကြီးကြီး ဆုံးရှုံးလိမ့်မယ်လို့ တွက်ချက်ခဲ့တာ။ ဘာပဲဖြစ်ဖြစ် ဒီရည်ရွယ်ချက်တွေက သယ်လာတဲ့ မှောင်မိုက်တဲ့ အကြောင်းအရာတွေထဲမှာ အမှန်တွေ၊ အမှားတွေ ရောနှောနေနိုင်တာ။ ဘာပဲဖြစ်ဖြစ် အသစ်စက်စက် ဖွဲ့စည်းထားတဲ့ ဖန်ဂရုက တိုက်ခိုက်နိုင်စွမ်းရည် မရှိဘူးလေ။ အခြား အနုပညာရှင်၊စတားတွေရဲ့ ဖန်ဂရုလိုမှ မဟုတ်တာ။ သူတို့က ဦးတည်ရာဘက်လည်း သိတယ်။ လမ်းညွှန်ပြသမှုလည်း ရှိတယ်။ အစစ်အမှန် နောက်ခံတွေလည်း ဖော်ထုတ်နိုင်စွမ်းရည် ရှိတယ်။ အခု အဲဒီအဖွဲ့က အဲဒီအဖွဲ့ရဲ့ မဲပေးမှုရလဒ်ကို ထိန်းချုပ်နေတာလို့ ထင်တယ်။ အခုတော့ အုတ်ဂျုံတွေထဲမှာ ပရိတ်သတ်တွေ အများကြီး ရရှိတဲ့ အတွေ့အကြုံမျိုးကို ရလိုက်ပြီ။ အားလုံးကလည်း ထောက်ပံ့ပေးနေတာ။ လူတိုင်းက ဒီလိုအတွေ့အကြုံမျိုးကို မရနိုင်ဘူး။ ဒါကြောင့် ခွဲခြမ်းစိတ်ဖြာတဲ့ ရလဒ်တွေအရ ယန်ရှစ်ရွှမ်းရဲ့ ပရိတ်သတ်တွေက စတားနောက် လိုက်ဖူးတဲ့ အတွေ့အကြုံ မရှိသူတွေ များနေတာ ဖြစ်ရင်ဖြစ် သို့မဟုတ် ဘုန်းကြီးလို စတားနောက် လိုက်သူ‌တွေ ဖြစ်နေလို့ပဲ။ ဒါကြောင့် ဆိုရှယ်ပလက်ဖောင်းတွေနဲ့ ဗီဒီယိုပလက်ဖောင်းပေါ်တွေက အများအမြင်ကို သက်ရောက်မှုတွေက ထင်သလောက် သက်ရောက်မှု မရှိလာခဲ့တာပေါ့]

 

[ငါတောင် အခုလေးတင် အဆိုးဆုံး အခြေအနေ ဖြစ်လာခဲ့ရင် ခွဲခြမ်းစိတ်ဖြာမှု ရလဒ်အရ လုပ်ဆောင်သင့်တာ လုပ်ဆောင်ရမယ်လို့ စဉ်းစားနေခဲ့တာ။ ရလဒ်အနေနဲ့ _ _ _ ငါ တောင်းပန်ပါတယ်။ ငါ စိတ်မရှိပါနဲ့။ ငါ အရမ်းကို သိပ္ပံနည်းကျ တွေးမိသွားတယ်။ မမျှော်လင့်ထားဘဲ အစစ်အမှန်ပိုင်ရှင်ကြီးက ဘယ်လိုကျိန်စာတိုက်ရမလဲ ဆိုတာကို သိနေတယ်။ ဒါက ဒီအတိုင်း ဖျော်ဖြေရေး အသိုင်းအဝိုင်းလောက်ပဲ မဟုတ်ဘူလား။ သူတို့က တကယ်ပဲ ကောင်းကင်ကို ဖီဆန်ချင်တာလား]

 

[ဟား ဟား ဟား တအားကို ရယ်နေမိပြီ။ အနုပညာရှင်တွေက သဘောတူညီမှု ရတဲ့အခါမှာ အာရုံစိုက်မှုတွေ၊ ဆွဲဆောင်ဖို့ပဲ ရတယ်။ ဒါပေမဲ့ ငါ့ရဲ့မိသားစုကတော့ _ _ _ ငါ့ကို လာရှုပ်တယ် ဟုတ်လား။ ဒါဆိုရင် နည်းလမ်းပေါင်း ရာကျော်နဲ့တင် ကျိန်စာ တိုက်လိုက်မယ်တဲ့လေ_ _ _ ရယ်ချင်စိတ်တောင် ကြောက်သွားတာပဲ။ ဟားဟားဟား ပထမဦးဆုံးအကြိမ်အဖြစ် ဒီလိုနောက်ဆုတ်သွားတဲ့ မြင်ကွင်းမျိုးကို မြင်ဖူးတာပဲ]

 

[ဖျော်ဖြေရေး ကုမ္ပဏီက အင်အားကြီးမားတယ်၊ ချမ်းသာတယ် ဒါပေမဲ့ အခြားသူတွေ ရှေ့ကနေ ရပ်ပြီး ကျိန်ဆဲခံလို့ မရဘူးလေ။ သေစမ်း ငါသာဆိုရင် ယန်ကောရဲ့ ပေါင်လုံးကိုပဲ ဝုန်းကနဲ အသံနဲ့အတူ ပြေးဖက်ပြီး လုပ်ခဲ့သမျှ အမှားတွေကို ဝန်ခံလိုက်မှာပဲ။ ငါ မျက်ရည်လည်ဆွဲနဲ့ ယန်ကောကို သနားသွားအောင် လုပ်ပြီး ခွင့်လွှတ်ပေးအောင် လုပ်လိုက်မယ်လေ။ ဒီအတိုင်း ကောက်ရိုးရုပ်ကို အပ်နဲ့ထိုးတာပဲဖြစ်ဖြစ်၊ နည်လမ်းတစ်မျိုးမျိုးကို သုံးပြီး ကျိန်စာတိုက်လိုက်မယ်ဆိုရင် ဘယ်လိုသေသွားမလဲ ဆိုတာတောင် သိရမှာ မဟုတ်ဘူး။  ယန်ကောက တကယ်လုပ်လုပ် မလုပ်လုပ် အရေးမကြီးဘူး။ ဒီအတိုင်း ခေါင်းပေါ် ဓားချိန်ထားသလို ခံစားချက်မျိုးကို တစ်ချိန်လုံး ခံစားနေရမှာလေ။ ဒါက ဘာမှမသိပဲ ရုတ်တရက် ပြုတ်ကျသွားတာထက်စာရင် အများကြီး ကြောက်ဖို့ကောင်းတယ်]

 

[ဖျော်ဖြေရေး အသိုင်းအဝိုင်းက နဂိုကတည်းက ဒီလိုအကြောင်းအရာတွေကို ယုံပြီးသား။ ဒါကြောင့် အန်းနန်ယွမ်နဲ့ သူ့ရဲ့‌အေဂျင်စီ သူ့ရဲ့ ဖြစ်တဲ့ အဲဒီသူဌေးက ဒီလိုအကြောင်းအရာတွေကို အထူးတလည် ယုံကြည်တယ်ဆိုတဲ့ သတင်းဆောင်းပါးတစ်ခုတောင် ဖတ်ခဲ့ဖူးသေးတယ်။ သူက အမြဲတစေ ဖုန်းရွှေဆရာသခင်ကို လိုက်ရှာနေတဲ့အပြင် သူ့ရဲ့ကုမ္ပဏီက ပွဲဦးထုတ်ထားတဲ့ အနုပညာရှင်တွေနဲ့တောင်မှ အယူသီးကြတာတဲ့]

 

[ဒီရေတပ်က ဘယ်လောက်ပဲ ရူးရူးပါ။ ဖန်သားပြင်ကိုတော့ ဖြတ်ပြီး သူ့ကို သွားရိုက်လို့ မရဘူးလေ. ဒါပေမဲ့ အခုရုတ်တရက် တစ်စုံတစ်ယောက်က ပုံမှန်မဟုတ်တဲ့ လှည့်ကွက်မျိုးကို ထုတ်ပြလိုက်တယ်။ ယန်ကောက မင်းဘယ်သူလဲဆိုတာကို တွက်ချက်ပြီး သိလာရုံတင် မကပဲ ကျိန်စာလည်း တိုက်နိုင်သေးတယ်။ ဒါက one stop service လိုပဲ။ ယန်ကောက ဖုန်းရွှေဖတ်ကောင်းဖတ်တတ်လောက်တယ်။ ဒါကြောင့် အဲဒီတစ်ယောက် သေသွားတဲ့အခါ သူ့ကို မြှပ်ရင်တောင်မှ ပိုပြီး အန္တရာယ်များနေဦးမှာ။ ဒါမှမဟုတ် ပြန်လည်မွေးဖွားနိုင်စွမ်းရည် မရှိအောင် လုပ်လိုက်ရင်ရော ကျွတ်စ် ကျွတ်စ် ကျွတ်စ် တော်တော်လေးကို ကြောက်စရာကောင်းတယ်]

 

[အာ _ _ _ယန်ကောက တကယ်ပဲ တွက်ချက်တတ်တာလား။အရင်တစ်ခေါက်မှာ ယန်ကောက ရုတ်တရက် သူ့ရဲ့လက်ဖဝါးကို ဟိုကုပ်ဒီကုပ် လုပ်လိုက်တဲ့နောက်မှာ ယန်ကောက ကံကြမ္မာ တွက်ချက်နေတယ်လို့ ငါ ချက်ချင်းသံသယဝင်ခဲ့သေးတယ်။ ဒါပေမဲ့ ယန်ကောကို ကွန့်မန့်ထဲမှာ မေးကြည့်တော့ သူမှာ adxdရှိတာတဲ့လေ။ ငါ တကယ်ကို ယုံခဲ့တာ။ ဒီတော့ ယန်ကောက အဲဒီအချိန်က ငါ့ကိုချော့နေခဲ့တာပေါ့ ဝူး]

 

106 03

 

[မင်းရဲ့ကောင်းသတင်းတွေကို ချစ်မြတ်နိုးစွာနဲ့ အသာပုတ်လိုက်မယ်။ ရူးသွပ်တဲ့ကလေး ယန်ကောက မင်းကို ချော့တာ မဟုတ်ဘူး။ ယန်ကောက ဒီအတိုင်း ရူးသွပ်တဲ့ကလေးကို သိပ္ပံနည်းပညာကို ယုံကြည်အောင် ပြောနေတာ။ ဒီအမျိုးသားက ယုံကြည်မှုအပြည့်နဲ့ ကျိန်စာတိုက်နိုင်တဲ့ နည်းလမ်းပေါင်းစုံ ရှိတယ်လို့ ပြောသွားတာပဲကြည့်လေ။ သူက ကံကြမ္မာကို တွက်ချက်နည်း မသိဘူးလို့ ယုံကြည်ချင်သေးတာ]

 

[အာ မင်းတို့အားလုံး ယန်ကော ကျိန်စာ တိုက်တတ်တယ်လို့ ပြောသွားတဲ့ စကားကို အထူးတလည် အာရုံစိုက်နေကြတာလား။ ငါကပဲ ယန်ကောနဲ့ ဒါရိုက်တာရဲ့လက်ထောက်ကြားက ပေါင်းသင်းဆက်ဆံမှုက အချို့သော အကြောင်းပြချက်များကြောင့် တော်တော်လေး ချိုနေတယ်လို့ ခံစားမိတာများလား။ ဒါက သူငယ်ချင်းတွေ အချင်းချင်း စနှောက်နေတဲ့ ပုံစံနဲ့ မတူဘူး။ အဲဒီအစား အချင်းချင်း ကလူနေသလိုပဲ။ ငါ့ရဲ့မျက်နှာကတောင် နီရဲပြီး နားတွေကတောင်မှ ပူလာတယ်။ ငါ တစ်ချိန်တည်းမှာ ရှက်နေမိသလို ရိုးသားမှုကို ခံစားရတယ်။ ဒါကြောင့် ငါ ရူးသွပ်စွာနဲ့ စခရင်ရှုကို ဆက်တိုက်ရိုက်ထားတာ။ ပြောရမယ်ဆိုရင် ဒီလူနှစ်ယောက် အချင်းချင်းကြည့်ပြီး ပြုံးနေတဲ့ စခရင်ရှုတွေက တော်တော်လေး ခံစားမိစေတယ်]

 

[ဒါရိုက်တာရဲ့ လက်ထောက်အကြောင်း မင်းပြောတော့မှ ငါ သတိရလိုက်ပြီ။  အခု သူပြောသွားတာကို အားလုံး ကြားလိုက်ကြတယ် မဟုတ်လား။ ငါ ငါ အသက်ရှူသံကိုတောင်ထိန်းပြီး ဒီလူရဲ့နာမည်ကို ကြားချင်လွန်းလို့ နေတယ်။ ဒါပေမဲ့ ငါ ရုတ်တရက် ငါ့ရဲ့အခန်းထဲမှာ လေပြင်းတွေ တိုက်လာတယ်။ ငါ ပြတင်းပေါက်လည်း မဖွင့်ထားဘူး။ ဘာမှလည်း မလုပ်ထားဘူး။ ဒါပေမဲ့ ရုတ်တရက် လေရောက်လာတယ်။ နောက်ပြီး အော်သံတွေကိုလည်း ကြားလိုက်ရသလိုပဲ။ ငါ‌တောင် ကြောက်လွန်းလို့ ထင်ယောင်ထင်မှား ဖြစ်တာလား။ ဒါမှမဟုတ် တကယ်ပဲ ဖြစ်တာလားလို့ တွေးနေမိတယ်။ အဲဒီနောက် ရုတ်တရက် ဒါရိုက်တာရဲ့လက်ထောက်ပြောတဲ့ နာမည်ကို လွတ်သွားတယ်]

 

[ငါတစ်ယောက်တည်း မဟုတ်ဘူးပဲ။ အရင်ကလည်း ဒါရိုက်တာရဲ့လက်ထောက်က တည်ရှိမှုနိမ့်လို့၊အမြဲတစေ ဦးထုပ်ဆောင်းထားလို့ သူ့ကို သတိမထားမိခဲ့တာ။ အဲဒီနောက် သူက ဦးထုပ်ချွတ်လိုက်တယ်။ ဘုရားရေ သူက ဒီလောက်အရပ်ရှည်တာကို သတိမထားမိခဲ့ဘူး။ ယန်ကောထက်တောင် နည်းနည်းပိုရှည်ချင်သေးတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကလည်း အရမ်းကောင်းတယ်။ သူ အရင်က မော်ဒယ်များ လုပ်ခဲ့ဖူးတာလား။ ငါ ဆံပင်ရှည်နဲ့ အမျိုသားတွေကို တအားမုန်းတာ။ မိန်းမဆန်လွန်းတယ်၊ နွဲ့လွန်းတယ်လို့ ခံစားမိခဲ့လို့လေ။ မမျှော်လင့်ထားပဲ ဒါရိုက်တာရဲ့လက်ထောက်မှာ ဆံပင်ရှည်တွေ ရှိတယ်။ ဒါပေမဲ့ တကယ်ကို အဲဒီအရှိန်အဝါက ပြင်းထန်လွန်းလို့ ငါ့ရဲ့ထင်မြင်ချက်တွေကိုတောင် ပြောင်းလဲ သွားစေခဲ့တယ်။ ငါ ဘာကြောင့်မှန်း မသိပေမဲ့ ဒါရိုက်တာရဲ့လက်ထောက်ကို သေချာ ကြည့်လိုက်ချိန်တိုင်း တစ်ခုခုက တားထားသလိုမျိုး ဒါမှမဟုတ် ကင်မရာရဲ့ ရိုက်ကွက် ရောက်သွားတဲ့အချိန်မှာ ဝါးနေသလို ခံစားရတယ်။ ငါ သူ့ရဲ့နာမည်ကို အရမ်းမျှော်လင့်စောင့်စားခဲ့တာ။ ရလဒ်အနေနဲ့ ငါ့ရဲ့အခန်းထဲက မီးက ရုတ်တရက် ပိတ်သွားခဲ့တာ။ ငါ အံ့ဩလွန်းလို့ အခန်းထဲက ခပ်မြန်မြန် ထွက်ပြီး မီးကို သွားစစ်ကြည့်တာ။ ဘာပဲဖြစ်ဖြစ် အိမ်မှာ ငါတစ်ယောက်တည်း ရှိတာလေ။  ဧည့်ခန်းထဲက မီးက ရုတ်တရက် ပိတ်သွားစရာလား။ ဘယ်သူက ပိတ်တာလဲ သရဲက ပိတ်တာလား။ ငါ ကြောက်လွန်းလို့ သေတော့မယ်]

 

[အား မင်းတို့အားလုံး အဲဒီလို ဖြစ်တာလား။ ဒီမှာလည်း တူတူပဲ။ ဒါရိုက်တာရဲ့လက်ထောက်က သူ့ရဲ့နာမည်ကို ပြောတော့မဲ့ အချိန်မှာ မီးဖိုချောင်ထဲက ဘေစင်ရဲ့ရေပန်းက ရုတ်တရက် ပွင့်သွားပြီး ရေတွေ ပန်းထွက်လာတယ်။ ငါ ကြောက်လွန်းလို့ ချက်ချင်းတောင် သွားမပိတ်ရဲတဲ့ အထိပဲ။ ငါ အပြင်ဘက်ကနေ ရေတွေ ပန်းထွက်နေတဲ့ အသံကို နားထောင်နေဖြစ်တာ။ အဲဒီနောက် ငါ အမေက ရေသွားပိတ်လိုက်တာပဲ]

 

[ငါလည်း ဒါရိုက်တာရဲ့လက်ထောက်မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။ ငါလည်း ထူးဆန်းတယ်။ ငါလည်း ရှင်းရှင်းလင်းလင်း မြင်နေတာပဲ။ ဘယ်ဘက်ကို လှည့်လိုက်တာနဲ့ မေ့သွားတယ်။ သူ ဘယ်လိုရုပ်ရည်ရှိတယ်ဆိုတာကို ဆက်တိုက်တွေးနေပေမဲ့ ငါ့ရဲ့ အာရုံကို အကြောင်းပြချက်မရှိ အခြားအရာတွေက ဆွဲဆောင်သွားတာမျိုး ဖြစ်ဖြစ်နေတယ်။ စာရွက်ပေါ်မှာ ချရေးဆွဲထားလဲ အသုံးမဝင်ဘူး။ တစ်ချိန်တည်းမှာပဲ မေ့သွားတာပဲ။ သူက အရပ်တအားရှည်ပြီး စူပါမော်ဒယ်လိုမျိုး ရုပ်ရည်ရှိတာကိုပဲ မှတ်မိတယ်။ အဲဒီနောက် ဖော်ပြခိုင်းရင် ငါ့ရဲ့စိတ်က ဗလာပဲ]

 

106 04

 

[ငါ့ကို မခြောက်နဲ့နော်။ ငါ ဒီညကြောက်လွန်းလို့ သေတော့မှာ။ ငါ့ရဲ့အိမ်က သင်္ချိုင်းကို မြင်နေရတဲ့အခန်းလို့ မပြောထားဘူးလား။ ဘေးဘက်မှာ သင်္ချိုင်းက ကွတ်တိရှိနေတာ။ ပြတင်းပေါက်အပြင်ကို ကြည့်လိုက်မယ်ဆိုရင် အပြင်ဘက်မှဦ မြင်နေရတဲ့ အုတ်ဂူတွေက တန်းစီနေတာပဲ။ အိမ်မှာနေရင်းလည်း အမြဲတမ်း ထူးဆန်းတဲ့ အသံတွေကို ကြားနေရတာ။ ဒါပေမဲ့ အခုလေးတင် ယန်ကောက စကားလုံး အရှည်ကြီးတွေပြောပြီး ရွှေရောင်အလင်းတန်းတွေ ပေါ်လာတဲ့ အခိုက်အတန့်မှာပဲ ငါ့ရဲ့အိမ်က ရုတ်တရက် တိတ်ဆိတ်သွားတယ်။ ပြတင်းပေါက် ဖွင့်လိုက်သလိုမျိုးပဲ ငါ့ရဲ့အိမ်ထဲက လေတွေက ရုတ်တရက် လန်းဆန်းသွားတာ။ အရင်ကဆိုရင် အမြဲတမ်း ငါ့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေတယ်လို့ ခံစားနေရတာ။ ဒါကြောင့် ငါ သတိလက်လွတ် ထောင့်တစ်နေရာကို ကြည့်လိုက်တဲ့အချိန်မှာ တစ်စုံတစ်ရာကို မြင်ရနိုင်တယ်လို့ ခံစားမိခဲ့တာ။ ဒါပေမဲ့ ငါကိုယ်တိုင်က သံသယများလွန်းတယ်လို့ ခံစားမိခဲ့တယ်။ ဒါပေမဲ့ အခုကစပြီး ငါ အဲဒီလို မခံစားရတော့ဘူး။ ငါတကယ်ပဲ အံ့ဩနေခဲ့တာ။ ငါ့ရဲ့အိမ်မှာ တကယ်ပဲ သရဲရှိခဲ့တာလား သေစမ်း ဆရာယန်]

 

[ငါ တံတွေး မြိုချလိုက်မိပြီ။ မင်းတို့ တကယ်ပဲ ရေတပ်အကြောင်း ပြောနေကြတာ မဟုတ်ဘူးလား။ ဘာလို့ အကြောင်းအရာက ဘာလို့ ဒီလောက်ထိ စိတ်လှုပ်ရှားစရာ ကောင်းသွားတာလဲ။ မနက်ခင်းအစောပိုင်းမှာ ဒီလိုအကြောင်းအရာမျိုးကို ဆွေးနွေးတာက မဖြစ်သင့်ဘူးလေ။ ငါ တအားကြောက်နေပြီ]

 

[မကြောက်နဲ့။ မကြောက်နဲ့ အခုမှ မနက်ငါးနာရီပဲ ရှိသေးတာ။ သိပ်မကြာခင် နေထွက်တော့မှာပါ။ သရဲတစ်ကောင်ကောင် ရှိနေရင်တော့ ပုန်းသာနေလိုက်တော့။ ရိုးရိုးသားသား ပြောရရင် ငါ ပထမဦးဆုံးအကြိမ်အဖြစ် နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ အိုင်ဒေါလ်နောက် လိုက်ဖူးတာပဲ။ နောက်ပြီး ကြိုက်တဲ့သူကလည်း ယန်ကောလိုလူမျိုးဖြစ်တော့ ကိုင်တွယ်ရ ခက်ခဲသွားတယ်။ သူက ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲမှာတောင် မဟုတ်ဘူး။ ဖျော်ဖြေရေး အသိုင်းအဝိုင်းကိုလည်း လုံးဝ ဂရုမစိုက်သလိုပဲ။ နောက်ပြီး သူ့မှာ ကိုယ်ပိုင်ကျယ်ပြောတဲ့ လောကကြီး ရှိနေတယ်။ သူ့ရဲ့လောကက ငါတို့ထက်တောင် အများကြီး ကျယ်ပြောသေးတယ်။ ဒီတော့ သူက ငါတို့ရဲ့မြင်ကွင်းထဲကို ရောက်လာတဲ့အချိန်မှာ ကြားနယ်ခံခြားနေပြီး တိုက်ခိုက်နူန်း လျော့ချနေသလိုမျိုး ခံစားရတယ်။ သူက ရုတ်တရက် အရင်က ဖျော်ဖြေရေး အသိုင်းအဝိုင်းက ပုံစံခွက်ကို ကျော်ဖြတ်လိုက်ပြီး ငါတို့ရဲ့မြင်ကွင်းကို ချဲ့ပေးလိုက်တယ်။ မောက်မာ ထောင်လွှားမှုအပြည့်နဲ့ သူက မြောက်မြောက်ကြွကြွ ဝင်ရောက်လာခဲ့တာ။ ငါတို့ ဒီလိုအခြေအနေမျိုးကို တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား။ ယန်ကောက တစ်ကြိမ်မြင်ရပြီးတဲ့နောက်မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ လူအမျိုးအစားပဲ]

 

[ဆရာသခင်တစ်ပါးက ပြေးလွှားဆော့ကစားနေသလိုမျိုးပဲ။ နောက်ပြီး သူက မှော်ပညာရှင်အိုင်ဒေါလ်တစ်ယောက်လည်း ဖြစ်တယ်။ ဘိုးဘေးအမျိုးအစားလို အပြင်လူသစ်လား_ _ _ ယန်ကောက သရဲတစ်အုပ်ကို လက်ညိုးညွှန်လိုက်တဲ့အချိန်မှာ ရုပ်ရှင်တွေထဲက ပုံစံကိုတောင် သတိရသွားတယ်။ သူတို့ပြောသမျှ စကားတိုင်းက အလင်းတန်းတွေ ထွက်လာသလိုမျိုး၊ နောက်ပြီး ရုပ်ထုတွေကို လျှပ်စစ်ဖစ်ဂါတွေလို့ ပြောသွားတာလည်း ရှိနေသေးတယ်။ ယန်ကော အလုပ်များတဲ့ အချိန်ဇယားထဲကနေ အချိန်ယူပြီး ငါတို့ကို အရူးလာလုပ်ပေးအတွက် ကျေးဇူးတင်ပါတယ်]

 

[ယန်ကော_ _ _ မင်းတို့ယုံတာ မယုံတာကို ငါ့ကိုလာမပြောနဲ့ ဘာပဲဖြစ်ဖြစ် ယုံယုံမယုံယုံ ငါက ဂရုမစိုက်ဘူး။ မင်းတို့ မယုံရင် ပရိုဂရမ်က ထူးခြားတဲ့အခြေအနေတွေကို လမ်းမှားအောင် လုပ်နေတယ်ဆိုပြီး အပိတ်ခံရလိမ့်မယ်]

 

_ __

 

[ငါ_ _ _ ငါကတော့ ယုံတယ်။ ဒါပေမဲ့ သိပ္ပံနည်းကျလွန်းတယ်တဲ့ ဝူး ဝူး အုတ်ဂျုံတွေက ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိုင်ဒေါလက် ပြောထားတယ်လေ]

 

106 05

 

[ဟင် ယန်ကောက ဘယ်နေရာကို သွားနေတာလဲ။ သေစမ်း ဒါက အဲဒီနတ်ဘုရား ရုပ်ထုကြီး ရှိတဲ့နေရာ မဟုတ်လား။ ယန်ကောက အဲဒီနေရာမှာ လျှပ်စစ်ဖစ်ဂါတွေနဲ့ ကစားပြီး ထွက်သွားခဲ့ပြီးကာစ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး အဲဒီနေရာကို ပြန်သွားတာ။ သူက ဘာလုပ်ချင်လို့လဲ။ ဒေါသကို ဖြေလျော့ချင်လို့ အဲဒီရုပ်ထုကို ပြန်ပြီး ရိုက်ခွဲချင်လို့ မဟုတ်ဘူးလား]

 

[သောက်ကျိုးနည်း ယန်ကောက ဒီလောက်ထိ ကြမ်းတမ်းတော့မှာလား]

 

[ငါ ယန်ကော ဘာလုပ်မိမလဲဆိုတာကို ခန့်မှန်းမိလောက်တယ် ထင်တယ်။ မင်းတို့ရဲ့ အန်တိုနီရဲ့ အခွဲဖန်သားပြင်ကို သွားကြည့်ပါလား။ သူက ရူးနေပြီ။ သူက ကြွက်မကောင်းဆိုးဝါး တစ်သိုက်နဲ့ အတူနေပြီး ယန်ကောကို ပြောဆို ဆူပူနေသေးတယ်။ ငါ တအား ဒေါသထွက်တာပဲ။ အန်တိုနီက သူရဲ့လူသား အာရုံခံစားစိတ်တောင် မရှိတော့ဘူး ထင်တယ်။ နောက်ပြီး သူ့ရဲ့မျက်နှာက မျက်ကွင်းတွေက တအားကို နက်ပြီး ပိန်ကပ်လာတာ။ ဒါတောင်မှ သူက ယန်ကောကို ဆဲဆိုနေတုန်းပဲ။ ယုံကြည်ချင်ရုံ မချင်နေ ယန်ကောက စက်ဝိုင်းလေးတစ်ခု ဆွဲလိုက်ရုံနဲ့ လက်နောက်ပြန်နဲ့တောင် သူ့ကို ကျိန်စာ တိုက်လို့ရတယ်]

 

ရွာသားများ၏ ခြောက်လန့်နေခဲ့သော ဝိဉာဉ်များ ထွက်ခွာသွားပြီးနောက် အဓိကခန်းမ၏ အရှေ့မှ နေရာက ရှင်းလင်းသွားသည်။ ခေါင်းပြတ်ရုပ်ထုကြောင့် ဖြစ်ပေါ်ခဲ့သည့် ကျောက်သား အပိုင်းအစများ၊ ဖုန်များကလည်း ငြိမ်သက်သွားပြီ ဖြစ်သည်။ အပိုင်းအစများကမူ ခန်းမအတွင်းအပြင်အနှံ့ ပြန့်နှံ့နေ၏။ ထို့အပြင် မိုးနှင့် ရောနှောလာပြီး ထိုနေရာက ရွံ့များ ရောနှောကာ ရှုပ်ထွေးနေသည်။ ယခင်ကဲ့သို့ ခမ်းနားထည်ဝါမှုများ မရှိတော့ပါချေ။

 

******