Ch 107
Viewers 6k

107 01

အပိုင်း(၁၀၇)

 

ယန်ရှစ်ရွှမ်းက အဓိကခန်းမ၏ဘေးဘက် အဆောင်တွင်နေသော သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်အိုကြီးကို သွားရှာကြည့်သောအခါ မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ချေ။ ရုပ်ထုနှင့် တိုက်ခိုက်ခဲ့သည့် ကာလအတောအတွင်း နံရံဆေးရေးပန်းချီထဲမှ ကြွက်က ပါးစပ်ကို ထပ်ခါတလဲလဲ ဖွင့်ကာ နောက်လိုက်များကို ခေါ်သလိုမျိုး အော်ဟစ်ခဲ့သေးသည်။ ထိုအခါ အန်းနန်ယွမ်နှင့် အခြားသော သူများ၏ နောက်သို့ လိုက်သည့် ကြွက်များကလည်း တစ်ပါတည်း လှည့်ထွက်ပြေးသွားခဲ့ကြောင်း ပြန်တွေးလိုက်မိ၏။

 

ကြည့်ရသည်မှာ သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီး အတုသည်လည်း ကြွက်အသွင် ပြောင်းလဲပြီး ထိုမိစ္ဆာသတ္တဝါ၏ ထွက်ပြေးလမ်းကို ကာပေးခဲ့ခြင်း ဖြစ်လောက်သည်။

 

တောင်နတ်ဘုရားသည် ယန်ရှစ်ရွှမ်းကို ပေးထားသော ကတိအတိုင်း ယဲ့လန်တောင်ထိပ်ပေါ်ရှိ ကန့်သတ်ချက်တိုင်းကို ဖြေလျော့ခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် အရှေ့ဘက်ပိုင်း‌မှ နေဟာ တဖြည်းဖြည်းချင်း ထွက်လာသည်နှင့်အမျှ ညမှ ခမ်းနားထည်ဝါသော မိုးသက်မုန်တိုင်းဟာ လျော့ပါးသထက် လျော့ပါးလာပြီး လေပြင်းကလည်း ပြန်လည်လန်းဆန်းစွာ တိုက်ခတ်လာသည်။

 

ယန်ရှစ်ရွှမ်းသည် အချက်ပြမှုများ အပိတ်ခံထားရသော သတ္တုသေတ္တာအတွင်း ရှိနေခဲ့သော ယခင်က ငြီးငွေ့ဖွယ် ဖြစ်တည်မှုမှ ရုတ်တရက် ယာယီဆုံးရှုံးသွားသော စွမ်းအားများကို ပြန်လည်ရရှိလာကြောင်း၊ ထိုစွမ်းအားများဟာ သူ၏သွေးကြောများအတွင်း စီးဝင်လာကြောင်း ခံစားလိုက်ရသည်။

 

သူ၏ခြေထောက် တစ်ဖက်တစ်ချက်စီတွင် ချထားသော သူ၏ လက်ဖဝါးများက သတိလက်လွတ် အကြိမ်အနည်းငယ် ပွတ်သပ်မိသွားသည်။ ထို့နောက် တံစက်မြိတ် အပြင်ဘက် အပါအဝင် အဓိကခန်းမကြီး တစ်ခုလုံးကို အကဲခတ်ကြည့်သည်။ သို့သော် ဆိုးယုတ်သောအရာက ထွက်ပြေးကာ ပုန်းနေလောက်‌သော နေရာကို ရှာမတွေ့သောအခါ ပတ်ဝန်းကျင်ကိုသာ တိုက်ရိုက်အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်တွင် သူသည် အချိန်မှန်၊ နေရာမှန်တွင် ခြောက်ထောင့်ပုံစံခွက်ကို တွက်ချက်နိုင်သွားသည်။ ထို့ကြောင့် သူ၏သွယ်လျကသော လက်ချောင်းများက လျင်မြန်စွာ ဆက်တိုက် တွက်ချက်လိုက်ပြီး သူ၏နူတ်ခမ်းပါးများကလည်း တစ်စုံတစ်ရာကို ရေရွတ်နေသလိုမျိုး ဆက်တိုက်လှုပ်ခတ်နေသည်။ မကြာခဏဆိုသလို ဝင်သက် တစ်ချက်နှစ်ချက်ခန့် ရှူရှိုက်သွင်းသည်။ ချောမောသော မျက်နှာဟာ လေးနက်တည်ကြည်မှုအပြည်နှင့် ဖြစ်နေသလို တိုက်ခိုက်လိုစိတ်က ပြင်းထန်လာသေးသည်။

 

ရွိန်ရှန်းကျန်း _ _ _ တောင်တန်းအောက်ခြေက ရေတွေနဲ့ နီးကပ်တဲ့နေရာ။

 

အကျည်းတန်သော မြေဆီလွှာဟာ အောက်ဘက်တွင် ရှိသည်။

 

ရွံ့နွံထဲတွင်နေသော အရာသည် မြေအောက်ထဲတွင် ဖြစ်၏။

 

ယန်ရှစ်ရွှမ်း၏ မျက်လုံးက သူ၏မာတင်ဘွတ်ဖိနပ် နင်းထားသော အပြာရောင်ကျောက်သား ကြမ်းပြင်ပေါ် ကျသွားသည်။

 

ကြန်းသည် အနောက်တောင်ဘက်ခြမ်းတွင် ထားလျှင် ပိုပြီးသက်ရောက်မှုရှိသည်။ သို့သော် ယခုအခါ အရှေ့မြောက်ဘက်ပိုင်းသို့ လှည့်ခင်းထားသည်။ မိမိကြောင့် အသတ်ခံရလုနီးပါး ဖြစ်နေသည့် ဆိုးယုတ်သောအရာအတွက် သေဆုံးခြင်း အကြောင်းတရားကိုပင် ခြောက်ထောင့်ပုံစံခွက် သုံးကာ တွက်ချက်နိုင်သည်။ ထိုသိုသာဆိုလျှင် _ _ _

 

သူ ပုန်းအောင်းနေသော နေရာသည် အရှေ့မြောက်ဘက်ပိုင်း ဖြစ်ပေလိမ့်မည်။

 

မိမိရှိနေသော နေရာနှင့် အရှေ့မြောက်ဘက်ပိုင်း နေရာက အဓိကခန်းမ၏ အောက်ဘက် တည့်တည့်ဖြစ်သည်။ ယန်ရှစ်ရွှမ်းက သူ၏သွယ်လျသော လက်ချောင်းများကို အသာပြန်လွှတ်လိုက်သည်။ လက်ချောင်းများကို လက်သီးအသွင် ပြောင်းလိုက်ကာ တင်းတင်းကြပ်ကြပ် ဆုပ်လိုက်ပြီး ကြွက်သားများကို လှုပ်ရှား၏။ ထို့နောက် ကျယ်လောင်သောအသံနှင့်အတူ ကလစ်ဆိုသော အသံက ပေါ်ထွက်လာသည်။

 

“ယဲ့လီ နောက်ဆုတ်”

 

ယန်ရှစ်ရွှမ်းက နောက်ဘက်မှ ကပ်လိုက်လာပြီး ရပ်နေသော အမျိုးသားကို မျက်လုံးထောင့်စွန်းမှ တစ်ချက်ကြည့်လိုက်သည်။ သူ၏ ထက်ရှသော မျက်လုံးများက ပင့်တက်သွားရင်း ပြောလိုက်၏။

 

“ဆိုရိုးတစ်ခုခု မကြားဖူးဘူးလား_ _ _ ငါက အိမ်ဖြိုတာထက် လူတွေနဲ့ပဲ ရန်ဖြစ်ချင်တာကို စောင့်ကြည့်ချင်တာမျိုးလေ။ ဒီလောက် နီးကပ်တဲ့အထိ ရပ်နေတာ။ မတော်တဆ ရိုက်ခံရမှာကို မကြောက်ဘူးလား”

 

ထိုအမျိုးသားသည်လည်း ယန်ရှစ်ရွှမ်း၏ မျက်လုံးထဲတွင် ပြည့်နှက်နေသော တိုက်ခိုက်လိုစိတ်ဆန္ဒနှင့် စိတ်လှုပ်ရှားမှုများကို မြင်သည်။ ထို့ကြောင့် သူဟာ မကြောက်ကြောင်း မပြောတော့လေဘဲ နောက်သို့ နာနာခံခံနှင့် ခြေနှစ်လှမ်းခန့်  ဆုတ်ပေးလိုက်သည်။ ထိုနည်းအားဖြင့် ယန်ရှစ်ရွှမ်းအား လွပ်လပ်စွာ တိုက်ခိုက်ပြီး အပျော်ရှာနိုင်ကြောင်း ဖော်ပြလိုက်လေသည်။

 

သူသည် အနောက်ဘက်မှ အမြဲတစေ ရပ်ကြည့်နေမည် ဖြစ်သည်။ ဘယ်သောအခါမှ သူ၏တိုက်ပွဲအတွင်းသို့ ဝင်ရောက်လိမ့်မည် မဟုတ်ချေ။

 

ယန်ရှစ်ရွှမ်းက ထိုအမျိုးသားထံမှ အကြည့်လွှဲလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏အသက်ရှူသံအား အပေါ်ဆုံးမှ အောက်ဘက်ဆုံးထဲတွင် ရှိသည့် သံခြမ်းထဲသို့ စိမ့်ဝင်သွားသေးသည်။ ထို့နောက် သူ၏နူတ်ခမ်းမှ စကားလုံး တစ်လုံးချင်းစီတိုင်းကို ဖိရွတ်လိုက်ပြီး အင်အားကို တိကျစွာ လှုံ့ဆော်လိုက်သည်။

107 02

“ကောင်းကင်နှင့်မြေပြင်က လုံးဝိုင်းတယ်။ တာအိုတစ်ခုတည်းက ပြိုင်ဘက်ကင်းတယ်။ ငါ့ရဲ့ကိုယ်ထဲမှာ ရွှေရောင် အလင်းတန်းတွေက စုစည်းလျက်သား တည်ရှိတယ်။ ငါ့ရဲ့ခန္ဓာကိုယ်ကို ရောင်ပြန်ဟပ်စေတယ်”

 

သူက ထိုစကားလုံးများကို တစ်လုံးချင်းစီ ဖိဆိုလိုက်သော အခိုက်အတံ့တွင် သူ တစ်ကိုယ်လုံးအနှံ့ ရွှေရောင်အလင်းတန်း အလွှာပါးပါးက လွှမ်းခြုံသွားသည်။ ထို့နောက် သူ၏ဆန္ဒအတိုင်း ခြေထောက်ထံ တိုက်ရိုက်ဆင်းသွားပြီးနောက်တွင် တိကျသော အင်အားက ရရှိလာသည်။

 

“ရွှေရောင်အလင်းတန်းက လျင်မြန်စွာ ပေါ်ထွက်လာပြီးတဲ့နောက်မှာ အစစ်အမှန် လူသားကို ကာကွယ်တယ်”

 

နောက်ဆုံးတွင် ရွှေရောင်အလင်းတန်းက သူ၏ခြေထောက်တွင် များပြားသထက် များပြားကာ မျက်စိကျိန်းမတတ် တောက်ပလာပြီးနောက် ယန်ရှစ်ရွှမ်းက ပြင်းထန်စွာ အော်လိုက်သည်။ ထို့နောက် ရုတ်တရက် ခုန်လိုက်၏။ ထိုသို့ခုန်လိုက်ပြီးနောက် သူ၏ရှည်လျားသော ခြေထောက်က မြှောက်တက်သွားမည့် အချိန်တွင် အဓိကခန်းမ အောက်ဘက်ရှိ အပြာရောင်ကျောက်အခင်းကို ခပ်ကြမ်းကြမ်း ကန်ထုတ်လိုက်သည်။

 

လူအများသည် ကြက်ဥဖြင့် ကျောက်တုံးကို ပေါက်နေသည်ဟု ဆိုရိုးစကားကို သုံးတတ်သည်။ သို့သော် ကျောက်တုံးဟာ မာသောကြောင့် လူအင်းအားကို မဖျက်ဆီးနိုင်ခြင်းဟု အမြဲတစေ ခံစားနေခဲ့ရခြင်း ဖြစ်လောက်၏။ ခြေကန်တစ်ချက်တည်းနှင့် ကျောက်သားကို ဖျက်ဆီးလိုလျှင် ပို၍တောင် မဖြစ်နိုင်သေးလောက်ချေ။

 

သို့ရာတွင် ယန်ရှစ်ရွှမ်း၏ အင်အားအပြည့် တိုက်ခိုက်မှုအောက်တွင် အဓိကခန်းမအတွင်း အက်ကွဲရာများက ဆက်တိုက်ပေါ်ထွက်လာပြီး ပင့်ကူရာကဲ့သို့ ကွဲအက်ရာများ ဆက်တိုက်ပျံ့နှံ့သွားသည်။ နောက်ဆုံးတွင် ပြင်းထန်သည့် ပြန်ကျလာသော စွမ်းအားကို မခံနိုင်တော့လေပဲ ကျယ်လောင်သော ဆူညံသံနှင့်အတူ နံရံတစ်ခုလုံးက အပေါက်အဖြစ် ပေါက်ကွဲသွားရသည်။

 

ယန်ရှစ်ရွှမ်းသည် သူ၏ခွန်အားကို သုံးပြီး တွင်းပေါက်ကြီးမှတဆင့် အောက်ဘက်တွင်ရှိနေသော လျို့ဝှက်ဆန်းကြယ်သည့် နေရာထဲသို့ ခုန်ဆင်းလိုက်သည်။

 

မနက်ခင်းအလင်းတန်းက ထိုအပေါက်ထဲသို့ ဝင်ရောက်ကာ တောက်ပမှု ပေးစွမ်းလိုက်ချိန်တွင် မူလက မဲမှောင်ပြီး ထိုင်းမှိုင်းနေသော မြေအောက်ဂူဘုရားကျောင်းက လင်းထိန်လာသည်။ ထူပြောနေသော အလင်းနှင့်အမှောင် အရိပ်ကြားတွင် ယန်ရှစ်ရွှမ်းသည် ပြင်းထန်သော အားနှင့်အတူ ဆိုးယုတ်သော အရာကို တက်နင်းလိုက်သည်။  ထို့နောက် လက်ထဲတွင် ကိုင်ထားသော ရှည်လျားသည့် သစ်သားတုတ်နှင့် အောက်ဘက်မှဆိုးယုတ်ကာ အကျည်းတန်သော အရာကို ဝံ့ကြွားစွာ ငုံ့ကြည့်လိုက်လေသည်။

 

ဒီတစ်ကြိမ်တွင် ယန်ရှစ်ရွှမ်းသည် သူ၏ ကောင်းမွန်သော အမြင်အာရုံမှတဆင့် ထိုဆိုးယုတ်သောအရာ၏ ပုံပန်းသွင်ပြင်ကို အလင်း၏ အကူအညီကြောင့် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

 

ယခင်ရွာသားများ၏ ဝိဉာဉ်များ ဂါဝရပြုနေသော ပုံရိပ်နှင့် ခြားနားလွန်းနေသည်။ နံရံဆေးရေးပန်းချီထဲတွင် ထိုဆိုးယုတ်သော အကောင်ရှိနေခဲ့သည်။ သို့သော် ထိုအချိန်က သူသည် တောက်ပလွန်းသော အရောင်အဆင်းများနှင့် အရပ်ရှည်ရှည်နှင့် ခမ်းနားထည်ဝါ‌သော ဟန်ပေါ်လောက်သေးသည်။ ယခုမူ ဒီအတိုင်း အနည်းငယ် ကြီးလွန်းလောက်အောင် ထွားနေသော ဆိုးယုတ်သော အကျည်းတန် ကြွက်တစ်ကောင်သာ ဖြစ်သည်။

 

သူ၏ဆိုးယုတ်သော အမွှေးများက ပို၍ပင် ကြမ်းလောက်ပြီး ပို၍ပင် ချွန်ထက်လောက်သည်။ ထို့ကြောင့် ပို၍ပင် ခက်ထန်ပြီး ဆိုးယုတ်ကာ ကြောက်ဖွယ်ကောင်းပုံ ပေါ်ပေါက်၏။ သူ၏အနီရောင်မျက်လုံးများဟာ ရက်စက်သော အမူအယာ တောက်ပနေသေးပြီး အဆုတ်များ ကွဲမတတ် တစ်စုံတစ်ရာကို ခေါ်သလို အော်နေသည်။ သူသည် ပြင်းပြင်းထန်ထန် ရုန်းကုန်နေသေး၏။ သူ၏ ချွန်ထက်သော လက်သည်းများဖြင့် သူ့ကို တက်နင်းထားသော ယန်ရှစ်ရွှမ်းထံ လှမ်းကုပ်ချင်နေသေးသည်။

 

“ဘာလဲ မင်းက မတ်တပ် ရပ်ချင်သေးတာလား”

 

ယန်ရှစ်ရွှမ်းက မျက်ခုံးကိုပင့်လိုက်သည်။ ထို့နောက် မျက်လုံးများက ရွံရှာမှုအကြည့် အပြည့်နှင့်အတူ ပြောလိုက်သည်။

 

“ပိုင်ရှင်ရဲ့ ပစ္စည်းတွေကို ခိုးတယ်။ အစားအစာတွေကို ခိုးတဲ့ကြွက်တစ်ကောင်က မိသွားတဲ့အချိန်မှာ ထွက်ပြေးဖို့ ကြိုးစားချင်နေသေးတာလား။ မင်းက ငါ့ကို အထင်သေးတာလား။ ဒါမှမဟုတ် အရမ်းကို လှလှပပ စိတ်ကူးယဉ်ချင်သေးတာလား”

 

“ကျွတ်စ်”

 

ယန်ရှစ်ရွှမ်းက နောက်ဘက်သို့ အသာမှီလိုက်ပြီး သူ၏မာတင်ဘွတ်ဖိနပ်ကို ကျောက်သားပေါ်မှ အသာမြှောက်လိုက်သည်။ထို့နောက် ရုတ်တရက် ပြင်းထန်‌သော အားတစ်ရပ်နှင့် အောက်သို့ ဆောင့်ဖိချလိုက်သည်။ အား၏ ပြင်းထန်သော သက်ရောက်မှုအောက်တွင် ဆိုးယုတ်သောအရာက သွေးအလိမ်းလိမ်းနှင့် ဖြစ်သွားသည်။ သူသည် တဆတ်ဆတ် တုန်ခါနေသည်။ သူသည် အကြည့်အောက်တွင် နာကျင်ဟန်က ပေါ်လာပြန်၏။

 

“မင်းရဲ့ထိန်းချုပ်မှုဒဏ်ကို ခံနေရတဲ့ ရွာသားတွေက ထွက်သွားပြီ။ မင်းက ဘာကို မှီခိုချင်နေသေးတာလဲ။ ဝံပုလွေရိုင်းတောင်ထိပ်ကိုလား။ လွန်ခဲ့သော ၁၀နှစ်ကျော် အစောပိုင်းလောက်မှာ ဒီနေရာက မင်းနဲ့ အဲဒီရွာသားတွေ အတွက်ကြောင့်နဲ့ သေသွားပြီ။ မင်းက ဒီနေရာက စွမ်းအားတွေကို စုစည်းချင်နေသေးရင်တော့ ဒီနေရာက ဗလာဖြစ်နေပြီ။ မင်းက ဘာလုပ်နိုင်ဦးမှာလဲ”

107 03

ယန်ရှစ်ရွှမ်းက ဘေးဘက်ခြမ်းတွင် သတိလစ်မတတ် အကန်ခံရသည့် အန်တိုနီကို တစ်ချက်ကြည့်လိုက်ပြီး သနားစိတ် အနည်းငယ်မျှ မရှိသော လေသံမျိုးဖြင့် ပြောလိုက်သည်။

 

“ဒီလိုအခြေအနေမျိုးထိ ရအောင် အစုပ်ခံရထားပြီးတဲ့နောက်မှာ အဲဒီလူဆီကနေ သက်ဝင်ယုံကြည်မှုစွမ်းအားကို ရဦးမယ် ထင်နေတာလား။ သူက မင်းရဲ့ယန်စွမ်းအင် အစုပ်ခံရမှုကြောင့် သေတောင် သေတော့မှာ။ ဘာများ အသုံးဝင်ဦးမှာလဲ”

 

“မင်းရဲ့တောင်နတ်ဘုရားဆိုတဲ့နေရာ ပျောက်သွားပြီးတဲ့နောက်မှာ မင်းက ဒီအတိုင်း လူတိုင်းရိုက်လာဖို့ စောင့်နေရတဲ့ ကြွက်တစ်ကောင်ပဲ”

 

သူဟာ ရွံ့ရှာသော အကြည့်မျိုးဖြင့် ကြည့်ရင်း ရယ်လိုက်ရင်း ပြောသည်။

 

“အဟင်း ကိုယ့်နောက်ခံအမှန်ကို သိစမ်းပါ အမှိုက်ရဲ့”

 

ဆိုးယုတ်သော အရာက ယန်ရှစ်ရွှမ်း၏ လှောင်ရယ်သလို၊ အထင်သေးသလို၊ ရှုံ့ချသံကြောင့် အလွန်ဒေါသထွက်နေသည်။ သူ၏နီရဲသောမျက်လုံးက ခက်ထန်ကာ ကြောက်မက်ဖွယ် ကောင်းလာသည်။ ယန်ရှစ်ရွှမ်းအား မျက်လုံးအိမ်ထဲမှ မျက်လုံးကျွ တ်ထွက်လာမတတ် စိုက်ကြည့်သည်။ ထို့နောက် သူ၏လည်မြိုထဲမှ တဝူးဝူး အသံများကို လွှင့်ထုတ်နေသေး၏။ သူသည် ကျယ်လောင်စွာ အော်ဟစ်သည်။ ခန္ဓာကိုယ်မှ ကြွက်သားများက တောင့်တင်းသွား၏။ အမွှေးများကပင် အပ်များအလား ထောင်တက်လာသည်။

 

သူသည် ရုတ်တရက် ပြင်းထန်သောအားကို စုပ်ထုတ်လိုက်ပြီး ချွန်ထက်သည့် လက်သည်းကို ယန်ရှစ်ရွှမ်း၏ ပေါင်ထံ လှမ်းကုပ်လိုက်သည်။ ထိုလက်သည်းတစ်ခုတည်းကတင် အစိမ်းရောင်ရေညှိ အလင်းများ လက်နေလေရာ အဆိပ်ရှိကြောင်း ဖော်ပြနေသည်။

 

ယန်ရှစ်ရွှမ်း၏ အကြည့်က စူးရှသည်။ သူသည် အကင်းပါးသည်။ ထို့ကြောင့် ချက်ချင်းလိုလို ပြန်ခုန်လိုက်၏။ ထိုသို့ဖြင့် ဆိုးယုတ်သော ထိုအကောင်၏ တိုက်ကွက်ကို ရှောင်ရှားလိုက်ချိန်တွင် ရှေ့ဘက်သို့ ခပ်ကြမ်းကြမ်း ရိုက်ချက်လိုက်သည်။ အရှိန်၏ ခြားနားမှုကို သုံးပြီး ပြင်းထန် လေးလံသောအားကို သယ်ဆောင်လျက် ဆိုးယုတ်သော အကောင်ကို ရိုက်ချလိုက်သည်။ သို့သော် ထိုတစ်ကြိမ်တွင် ဆိုးယုတ်သောအကောင်က ထွက်ပြေးရန် အခွင့်အရေး ရပြီဟုထင်လိုက်ပြီး ကျောက်တုံးအောက်မှ ရုန်းကန်ကာ ထွက်ပြေးရန် ကြိုးစားသည်။ သို့သော် တုတ်အရှည်ကြီးကမူ ထိုအကောင်ကြီးထံ တိုက်ရိုက်ရောက်ရှိလာပြီး သူ၏ဝမ်းဗိုက်ပေါ် ထိမှန်သွားသည်။ သူသည် နာကျင်မှုအပြည့် သူ၏ကိုယ်ကို နောက်သို့ ဆုတ်သွားစေသေးသည်။ ထိုသို့ဖြင့် သူ၏ကိုယ်ခန္ဓာကြီးက ကျောက်တုံးအောက်မှ လွတ်မြောက်စေပြီး အဝေးသို့ သွားလေသည်။

 

ဝုန်း

 

ဆိုးယုတ်သော အကောင်သည် ယန်ရှစ်ရွှမ်း၏ တုန့်ပြန်နိုင်စွမ်းရည်နှင့် အင်အားဟာ  ပြင်းထန်လွန်းသည်ဟု မထင်ထားပေ။ သူသည်ပင် သတိလက်လွတ်ဖြစ်ပြီး အရိုက်ခံလိုက်ရသည်။ သူက သူ၏သွားကို ဖြဲ၊ လက်သည်းများကို လေထဲတွင်ယမ်းလျက် ပြင်းပြင်းထန်ထန် ရုန်းကန်လိုသေးသည်။ သို့သော် ယန်ရှစ်ရွှမ်းထံတွင် အညံ့မခံလိုသည့်တိုင်အောင် ထိုးနှက်ချက်ဟာ ပြင်းထန်ကာ အင်အားကြီးမားလွန်းသဖြင့် အတန်းလိုက် စီတန်းကာ ရေထွင်းထားသည့် ထိုကျောက်တုံး တိရိစ္ဆာန်ရုပ်ထုများကိုပင် ကွဲကြွေသွားစေသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်က ဆက်တိုက်လွှင့်စင်သွားပြီး နံရံကို ထိမှန်သွားကာ ကျယ်လောင်သော ဆူညံသံကို ထွက်ပေါ်လာစေသည်။ ထိုသို့ဖြင့် ပြောင်ရှင်းကာ အေးစက်သော မြေအောက်ဂူဘုရားကျောင်းအနှံ့ ပျံ့နှံ့သွားစေသည်။

 

ဆိုးယုတ်သောအကောင်က နံရံပေါ်မှ ဝုန်းကနဲ ပြုတ်ကျသည်။ သူ၏တစ်ကိုယ်လုံးက မူးဝေနေ၏။ သူက မတ်တပ်ပြန်မရပ်နိုင်သေးခင် ဆိုးယုတ်သောအကောင်ကို တုန့်ပြန်ချိန် မပေးလိုသည့် ယန်ရှစ်ရွှမ်းက သူ၏တုတ်ရှည်ကို ကိုင်ကာ တစ်ဖန်ပြန်လည် တိုက်ခိုက်လာပြန်သည်။ ထိုသိုဖြင့် လေထုထဲတွင် စူးရှသော အော်သံများဖြင့် ပေါက်ကွဲသံကို ထုတ်ဖော်ပြီး အင်အားအပြည့်ကို သုံးလိုက်သည်။ ထိုးဆိုးယုတ်သောအကောင်က လျင်မြန်စွာ လှည့်လိုက်သည်။ ထိုအခါ ယန်ရှစ်ရွှမ်း၏ အရူးတစ်ယောက်လို ပြုံးနေသော အပြုံးအား အနည်းငယ်ဝင်ရောက်နေသည့် အလင်းမှတဆင့် မြင်လိုက်ရသည်။ တုတ်ရှည်က ပုံရိပ်ယောင်ပေါင်းများစွာကို ချန်ရစ်ထားသော အလွန်အမင်း လျင်မြန်စွာ ဝင်ရောက်သည်။  သူကိုယ်တိုင်က မသိသေးခင် ထိုတုတ်ဟာ သူ၏အရှေ့သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

 

သူဟာ မျက်လုံး ပြူးကျယ်သွားသည်။ သူ၏မြင်ကွင်းထဲမှ ထိုတုတ်ရှည်ကြီးဟာ နီးသထက် နီးပြီး ကြီးသထက် ကြီးလာသည်။ ခန္ဓာကိုယ်ရှိ ကြွက်သားတိုင်းက သစ်သားတုတ်လို တောင့်တင်းသွားပြီး စိတ်က လျင်မြန်စွာ အော်ဟစ်ပြီး ပြေးခိုင်းသည်။ သို့သော် ယခုလောက် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားအောက်တွင် အဖက်ဖက်မှ ဖိနှိပ်လာသော ဓားများက သူ့အား ချိန်ရွယ်ထားသလို ဖြစ်နေလေရာ မည်သည့်နည်းနှင့်မှ မပြေးနိုင်တော့ချေ။ ထို့အပြင် လေထဲတွင် ရွှေရောင် စာတန်းတစ်တန်းက လှပကျော့ရှင်းစွာ ပေါ်ထွက်လာလေပြီး သူ့ကို လှောင်အိမ်တစ်ခုဖြင့် ပိတ်ထားသလိုမျိုး ပိတ်လှောင်လိုက်လေရာ ဆိုးယုတ်သော အကောင်က မထွက်ပြေးနိုင်တော့ချေ။

 

တုတ်ရှည်က သူ့ကို ထိလုနီးပါး ဖြစ်လာကြောင်း မြင်သောအခါ သူ ယခင်က ဆင့်ခေါ်ထားသော မည်သည့်ကြွက်ကမှ လာမကယ်ချေ။ ထိုဆိုးယုတ်သော အကောင်က အံကို ကြိတ်လိုက်ပြီး ရက်စက်ကြမ်းတမ်းသော  လူသားအား ခက်ထန်စွာ တိုက်ခိုက်ရန် ကြံစည်လိုက်သည်။

107 04

သို့သော် သူ၏ကြွက်သားအပြည့်ဖြင့် သန်မာသော ခြေထောက်ကို သုံးပြီး ထရပ်ရန် ကြိုးစားရုံသာ ရှိသေးသည်။ သူသည် ယန်ရှစ်ရွှမ်း၏ မျက်နှာပေါ် ခုန်အုပ်ပြီး ကုပ်ဆွဲလိုသော်လည်း ယန်ရှစ်ရွှမ်း၏ ရှည်လျားသော မျက်ခုံးဟာ အသာပင့်တက်သွားကြောင်း မြင်လိုက်ရသည်။

 

တစ်ဖက်သူသည် သူ၏လုပ်ဆောင်မှုတိုင်းကို ကြိုမြင်နိုင်ပုံပေါ်သည်။ စိတ်ထဲတွင်လည်း သူသည်လည်း ယုံကြည်မှုအပြည့်နှင့်အတူ အထိတ်တလန့် မဖြစ်တော့ပဲ တည်ငြိမ်စွာ အောက်သို့ ခုန်အုပ်လိုက်သည်။ ထိုသို့ဖြင့် ဆိုးယုတ်သော အကောင်နှင့် တပြေးတည်းရှိလောက်မည့် မြေပြင်ရှိရာ ချိန်ရွယ်လျက် ပြင်းထန်စွာ အားကုန်သုံးပြီး ရိုက်လိုက်သည်။ သို့သော် ထိုအကောင်ကလည်း ခုခံရာမှ တိုက်ခိုက်မှုအသွင် ပြောင်းလဲလျက် စတင်ကာ ဦးဆောင်ပြီး သူ၏ လက်ကိုလှမ်းလျက် ကုပ်ဆွဲရန် ကြိုးစားသေးသည်။ ဆိုးယုတ်သော အကောင်က ခုန်အုပ်ရန် ကြိုးစားနေရာမှ ဟန်ချက်က ပျက်သွားသည်။ ထိုသို့ဖြင့် ထိုအကောင်သည် အလျင်စလို ဆုံးဖြတ်ချက် ချပြီး စိတ်ရှုပ်ထွေးစွာနှင့် ဦးတည်ရာဘက် ပြောင်းရန် ကြံစည်လိုက်သည်။ သို့သော် ထိုသို့သော စိတ်ရှုပ်ထွေးသွားသော အခိုက်အတန့်တွင်ပင် သူ၏ဟန်ချက်ဟာ ပျက်သွားနှင့်လေပြီ။

 

မိစ္ဆာသတ္တဝါ၏ အထိတ်တလန့် ဖြစ်မှုကို မြင်ရသောအခါ ယန်ရှစ်ရွှမ်းက ရယ်ပြီး ပြုံးလိုက်သည်။ သူသည် ဆိုးယုတ်သောအကောင်ကို လှောင်ပြောင်သလို ကြည့်လိုက်၏။ တစ်ဖက်အကောင်သည် အနီရောင်၊ အစိမ်းရောင် အမျိုးမျိုးရှိသည့် ရတနာများဖြင့် အလှဆင်ထားသည့်တိုင်အောင် သူသည် တစ်ဖက်သူ ခိုးထားသော နတ်ဝတ်စုံကို ချွတ်နိုင်သေးသည်။ မည်သိုပင်ဆိုစေ သူသည် ဒီအတိုင်း အမှောင်ထဲတွင် အမြဲတစေသာ ပုန်းအောင်းနေရသည့် ရူးသွပ်ပြီး အကျည်းတန်သော ကြွက်သာ ဖြစ်သည်။

 

ဆိုးယုတ်သောအကောင်ဟာ ဒေါသထွက်လွန်းသဖြင့် သူရူးတစ်ယောက်လို အော်သည်။ သူသည် တွေးတောစဉ်းစားနိုင်စွမ်းရည် ဆုံးရှုံးသွားပြီး စိတ်ထွေပြားသွားသည်။

 

လေထဲတွင် မျောလွင့်နေသော ရွှေရောင်အဆောင်များက ထိုဆိုးယုတ်သောအကောင်၏ ဆုတ်လမ်း ထွက်လမ်းတိုင်းကို ပိတ်ထားသည်။ ယန်ရှစ်ရွှမ်းသည် အလျင်လက်ဦးမှု ရယူပြီး ရှေ့ဘက်သို့ ခုန်တက်လိုက်ကာ ထိုဆိုးယုတ်သော သတ္တဝါ၏ အကြံအစည်တိုင်းကို နှောက်ယှက်လျက် တိုက်ခိုက်လိုစိတ်ကိုလည်း ပျောက်ဆုံးသွားစေခဲ့သည်။

 

တစ်ချိန်တည်းတွင်ပင် နဂိုက အပေါ်မှအောက်သို့ ရိုက်ထားသော တုတ်ရှည်က ရုတ်တရက် ပိုပြီးကြမ်းတမ်းသော အရှိန်ဖြင့် စက်ဝိုင်းခြမ်းလို ကွေးကောက်ကာ ဝင်ရောက်လာသည်။ ထိုသို့ဖြင့် ထိုဆိုးယုတ်သောအကောင်၏ ဗိုက်နေရာကို ချိန်ရွယ်ထားရမှ ပြောင်းလဲပြီး ခေါင်းတည့်တည့် ချိန်ရွယ်လိုက်သည်။

 

ထိုဆိုးယုတ်သော သတ္တဝါ၏ ခေါင်းက ဒေါသများကြောင့် မူးဝေနေချိန်တွင် ရုတ်တရက် လေထုကို ချိုးဖောက်၍ ဝင်ရောက်လာသော အသံကို ကြားလိုက်ရသည်။ နောက်ဆုံးတွင် တုတ်ရှည်၏ တည်ရှိမှုကို သူဟာ ပြန်လည်အမှတ်ရသွားပြီး သတိလက်လွတ် မော့ကြည့်လိုက်မိသည့် အခိုက်အတန့်တွင်‌ ရှောင်ရှားရန် နောက်ကျသွားပြီ ဖြစ်သည်။

 

“ဖူး”

 

ထိုသတ္တဝါက ခေါင်းကို မော့လိုက်သည်နှင့် တုတ်ရှည်ကြီးက သူ၏ခေါင်းတည့်တည့် ဝင်ရောက်လာသည်။ ထိုသို့ဖြင့် ပြင်းထန်သော အရှိန်ဖြင့် အောက်ဘက်သို့ နှိမ့်ချလာပြီး ကြီးမားသော ခန္ဓာကိုယ်ကြီးအတွင်းပိုင်းသို့ ထိပ်ဆုံးမှစတင်ကာ တိုက်ရိုက် ဖောက်ဝင်သွားသည်။ ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံးကို တုတ်ဖြင့် ထိုးလိုက်သလိုမျိုး ခိုင်မြဲစွာ ထိုးစိုက်ပြီးနောက် မြေပြင်ထဲရှိ ကျောက်ပြားထဲသို့ တစ်ဖန်ပြန်လည် ဖောက်ဝင်သွားပြန်သည်။ ထိုသို့ဖြင့် တုတ်၏အဆုံးသတ်က လေထဲတွင် အနည်းငယ် ယမ်းခါသွားသည်။ တုတ်ထိုးခံလိုက်ရသော ခန္ဓာကိုယ်ထည်ကြီး တစ်ခုလုံးက အမဲရောင်၊ ခရမ်းရောင် သွေးများဖြင့် စိုရွှဲသွားသည်။ သွေးများက နေရာအနှံ့ လွှင့်စင်လာသည်။

 

လေထဲတွင် နံဟောင်သော ရနံ့က ပျံ့လွှင့်လာသည်။ မြေအောက်ဘုရားကျောင်း၏ နဂိုက ရေညှိတက်နေသလိုလို၊ မှိုတက်နေသလိုလို စိုထိုင်းထိုင်း ရနံ့မျိုးနှင့် ပေါင်းစပ်သွားသော် အန်ချင်စိတ်ပင် ပေါက်လာစေသေးသည်။

 

ယန်ရှစ်ရွှမ်းက မျက်မှောင်ကျုံ့လျက် ထိုအကောင်အား ရွံ့ရှာစွာ ကြည့်သည်။ သူသည် ထိုအကောင်ကို တိုက်ခိုက်နေသည့် ဟန်အမူအယာကို တစ်ဖန်ပြန်လည် ပြောင်းလိုက်ပြီး မတ်တပ်ထရပ်ကာ ခန္ဓာကိုယ်ကို ဖြောင့်မတ်လိုက်သည်။

 

“သွေးကတောင် နံနေတယ်။ တော်တော်လေးကို ရွံစရာ ကောင်းတာပဲ။ မင်း အမှိုက်လိုကျောင်းမှာ သင်ယူခဲ့တာများ ဖြစ်နေမလား။ မနိုင်တာနဲ့ပဲ ရွံစရာကောင်းအောင် လုပ်လိုက်တယ်။ အနံ့က ဆိုးလွန်းလို့ ငါ အန်ချင်လာပြီ”

 

“မင်းက တောင်နတ်ဘုရားရဲ့ ပုလ္လင်ကို ခိုးခဲ့တဲ့ကောင်ပဲ”

 

_ _ _

 

ယန်ရှစ်ရွှမ်းက ခြေတံရှည်ကြီးကို ဖွင့်လျက် မြေပြင်တွင် ထိုးစိုက်ခံထားရသော အကောင်၏ အနားသို့ တဖြည်းဖြည်းစီ ကပ်သွားသည်။ ထိုအကောင်သည် မလှုပ်နိုင်ချေ။ ထိုအကောင်ကို သူဟာကြည့်ရင်း အေးစက်သော လေသံဖြင့် မေးလိုက်သည်။

 

“မင်းက တန်လို့လား”

 

******