108 01
အပိုင်း(၁၀၈)
“တောင်တန်းတွေ စတင် ဖြစ်တည်လာကတည်းက ‘တောင်တန်းတွေကို ကျော်ဖြတ်ပြီး မဟာနွံ့အိုင်ကြီးတွေကနေ မြှောက်တက်လာခဲ့တာ’ ဆိုတဲ့စကားအတိုင်းပဲ တောင်နတ်ဘုရားဆိုတာက တောင်ရဲ့အပိုင်စားရထားတဲ့ သူတော်စင်တစ်ပါး။ မင်းလိုကောင်က ဒီလိုနတ်ဘုရားဖြစ်ဖို့ တန်တယ်လို့ ဘယ်လိုများ တွေးလိုက်တာလဲ”
ယန်ရှစ်ရွှမ်းက လှောင်သည်။ သူ၏မျက်လုံးဟာ ဓားသွားအလား အေးစက်သွားသည်။
“မင်းက စွမ်းအားတွေ ယူသွားလို့ ရတယ်။ အဲဒီအခါ ကပ်ဘေးတွေနဲ့ နာကျင်မှုတွေကိုပဲ ဆောင်ယူ လာနိုင်ပေးနိုင်မှာ။ နောက်ပြီး မင်း အကျိုးဆက်တွေ အများကြီးကိုလည်း ခံစားရဦးမှာ။ ဒါတောင်မှ နတ်ဘုရား ဖြစ်ချင်သေးတုန်းပဲလား”
“ဆိုးယုတ်တဲ့ နတ်ဆိုးတွေထဲမှာတောင် မင်းအတွက် နေရာမရှိဘူး”
“မင်းက ဒီအတိုင်း လူတွေရိုက်သတ်တာပဲ ခံသင့်တဲ့ ကြွက်တစ်ကောင်ပဲ”
မိစ္ဆာနတ်ဆိုး၏ ခေါင်းထိပ်မှ အောက်ပိုင်းအထိ သစ်သားတုတ်ချောင်းဖြင့် ထိုးစိုက်ခံထားရသည်။ ထိုသို့ဖြင့် သူ၏စွမ်းအား အကြောဆုံနေရာက ကွဲအက်သွားခဲ့ပြီ ဖြစ်ပြီး ရွာသားများ၏ ဝိဉာဉ်များ ထွက်ခွာသွားသောကြောင့် ဆုံးရှုံးသွားသည့် စွမ်းအားများဟာ တစ်ဖန်ပြန်လည်ပြီး ထိုးကျသွားပြန်သည်။ ထိုစွမ်းအားများ မရှိတော့သောအခါ ယန်ရှစ်ရွှမ်းပြောသလိုမျိုး သူသည် ဒီအတိုင်း ညစ်ညမ်းပြီး ဆိုးယုတ်သော ကြွက်သာ ဖြစ်သည်။
မလှုပ်ရှားနိုင်တော့သည့် ဆိုးယုတ်သောအကောင်က သူ၏ခန္ဓာကိုယ်ကို လိမ်တွန့်ရင်း ယန်ရှစ်ရွှမ်းအား မုန်းတီးမှု မျက်လုံးများနှင့် ကြည့်သည်။ သူသည် တစ်ဖက်သူ၏မျက်နှာကို မှတ်သားထားပြီး ကျိန်စာ တိုက်ချင်ပုံရသည်။
သို့သော် ယန်ရှစ်ရွှမ်းကလည်း မကြောက်ချေ။ သူသည် မျက်ခုံးသာ ပင့်လိုက်ပြီး လှောင်လိုက်သည်။
“ငါ့ကို ကြည့်ပြီး ကျိန်စာ တိုက်ချင်တယ် ဟုတ်လား။ ငါက သူတော်စင်တော့ မဟုတ်ဘူး။ မင်း ငါ့ကို ကျိန်စာတိုက်ရင် ငါက ပြန်လည်ပေးဆပ်ခိုင်းမှာ”
“ဘယ်သူ့ရဲ့ကျိန်စာက ပိုပြီး စွမ်းအားကြီးသလဲလို့ စမ်းကြည့်ကြမလား”
ယန်ရှစ်ရွှမ်းက ရယ်သည်။ ထို့နောက် စကားလုံး တစ်လုံးချင်းစီတိုင်းကို ဖိကာ ရွတ်လိုက်သည်။
“မင်း သေပြီးတဲ့နောက်မှာ ငရဲရဲ့ကိုးဘုံမြောက်ကို တိုက်ရိုက်ကျလိမ့်မယ်။ အဲဒီနောက် အဲဒီမှာ ထာဝရခံစားပြီး အပြစ်တွေကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ တောင်နတ်ဘုရားကို သတ်ပြီး ရွာသားရာကျော်ကို ဒုက္ခပေးခဲ့တဲ့ ဆိုးယုတ်တဲ့ အကျိုးဆက် မပြေသမျှ မင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
“မင်း အခုကစပြီး သေခြင်းတရားက မင်းအတွက် စိတ်အေးသက်သာရာ ဖြစ်လာလိမ့်မယ်”
ဆိုးယုတ်သော သတ္တဝါကမူ နီရဲသော မျက်လုံးနှင့်အတူ ယန်ရှစ်ရွှမ်းအား မုန်းတီးမှုအပြည့်နှင့် ကြည့်နေသည်။ သူသည် ယန်ရှစ်ရွှမ်းပြောသော စကားကိုလည်း ဂရုမစိုက်ချေ။ သို့သော် ရုတ်တရက် သူဟာ တစ်စုံတစ်ရာကို ခံစားမိသလိုမျိုး ပုခုံးပေါ်မှ ကျော်လျက် နောက်ဘက်သို့ ထိတ်လန့်တကြား ကြည့်လိုက်သည်။
ကြီးမားသော တွင်းပေါက်ကြီးနှင့် အပြီးသတ် ခြင်း မရှိသည့် ဖုန်များကို ကြည့်လိုက်သောအခါ ကောင်းကင်တမျှ မြင့်မားလွန်းသော ပုံရိပ်ကြီးတစ်ခုကို မြင်လိုက်ရသည်။ ခမ်းနားထည်ဝါသော သွင်ပြင်နှင့် တစ်ဖက်သူဟာ ကြည့်မိသူတိုင်းအား ထိန်းချုပ်ရန် ခက်ခဲလောက်အောင် ကြောက်ရွံ့လျက် တဆတ်ဆတ် တုန်ခါလာစေသည်။
“ရတယ်”
တွင်းပေါက်အထက်မှ ယဲ့လီ၏ အကြည့်က အေးစက်သွားသည်။ အေးစက်သော အကြည့်ဟာ အနှောက်အယှက်တိုင်းကို ကျော်ဖြတ်ပြီး ယန်ရှစ်ရွှမ်းထံ ရောက်သည်။
သူ၏ခြေထောက်အောက်ဘက်တွင် မရေမတွက်နိုင်သော ကြွက်ကြီးပေါင်းများစွာ၏ အလောင်းများက ပြည့်နှက်နေသည်။ ထိုအလောင်းများ၏ မျက်နှာတွင် ကြောက်ရွံ့မှုက အထင်းသား ပေါ်ထွက်နေ၏။
ယဲ့လီ၏အသံဟာ အေးစက်သည်။ ခံစားချက်လည်း မဲ့၏။ တစ္ဆေသရဲ၊ မိစ္ဆာနတ်ဆိုးနှင့် နတ်ဘုရားများကိုပင် အမိန့်ပေးနိုင်သော အရှိန်အဝါမျိုးကို ထည်ဝါစွာ ပိုင်ဆိုင်ထားသည်။
“ယန်ရှစ်ရွှမ်း ပြောသလိုမျိုး အလင်းကတော့ တောက်ပတယ်။ အမှောင်ကတော့ မဲနက်တယ်။ မြင့်မြတ်တဲ့ နတ်ဘုရား ၃၃ပါးနဲ့ နတ် ၁၈ပါးတို့ အားလုံးက ငါ့ရဲ့အမိန့်အောက်မှာ ရှိတယ်။ သူတို့အားလုံးက သဘောတူကြလိမ့်မယ်”
“ဆိုးယုတ်တဲ့အရာတွေအတွက် အပြစ်တိုင်း ပေးရမယ်။ စည်းမျဉ်းတိုင်းအတွက် လုပ်ဆောင်မှုတိုင်း ရှိစေရမယ်။ ဒါက ယန်ရှစ်ရွှမ်းအတွက် ဖြစ်တယ်”
ထိုဆိုးယုတ်သောအကောင်၏ ကိုယ်က တွန့်လိမ်သွားသည်။ တုတ်ချောင်းကြီးဖြင့် ထိုးစိုက်ခံထားရသည့် ဝဝတုတ်တုတ် ခန္ဓာကိုယ်ကြီးက လှုပ်ရှားမှု မဲ့သွားသည်။
သူ၏ ယခုလေးတင် ခက်ထန်ကြမ်းတမ်းနေခဲ့သေးသော မျက်လုံးများက စိတ်ဓာတ်ကျမှု အပြည့်နှင့် ပြည့်နှက်နေသည်။ ထိုအထဲတွင် နောင်တနှင့် အကြောက်တရားများက ပြည့်နှက်လာသည်။
108 02
ယန်ရှစ်ရွှမ်းက ရွံရှာသလိုမျိုး နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်သည်။ ထိုကြွက်ဟာ အလွန်ညစ်ပတ်လွန်းသည်ဟု ခံစားရ၏။
“ဒီကြွက်မှာ ကူးစက်တတ်တဲ့ ပိုးတွေ ရှိနေလား မသိဘူး။ ကပ်ရောဂါက တအား ဒုက္ခများတယ်။ ကျွတ်စ် ညစ်ပတ်လိုက်တာ”
သူက တုတ်ချောင်းကြီးဖြင့် မြေပြင်ထဲသို့ ထိုးစိုက်ခံလိုက်ရသည့် ကြွက်ကြီးကို ကြည့်လိုက်ပြီး သန့်ရှင်း သပ်ရပ်သွားစေရန် ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။ ရုတ်တရက် သူ၏ အိပ်ကပ်ထဲမှ ဖုန်းဟာ တုန်ခါလာကြောင်းကို သတိထားမိလိုက်သည်။
ဖန်သားပြင်၏ အရှေ့တွင် ဆောင့်ကြောင့် ထိုင်ကြည့်နေသော ဒါရိုက်တာမာက ပို့လိုက်ခြင်း ဖြစ်သည်။ သူက ယန်ရှစ်ရွှမ်းအား နတ်မိုးကြိုးငါးသွယ် ဝင်္ကပါကြီးကဲ့သို့ အရာမျိုးကို သုံးပြီး ကြွက်တစ်ကောင်ကို မီးရှို့သည့်အတွက် ခံစားချက်အပြည့်ဖြင့် မေးမြန်းခြင်း ဖြစ်သည်။ သူတို့သည် ဆိုးယုတ်သောအကောင်ကို ပြန်ယူလာပြီး ကြည့်ချင်သေးသည်။
ကျေးဇူးပြုပြီး ခန္ဓာကိုယ်လေးတော့ ထားပေးပါ။
တိုက်တိုက်ဆိုင်ဆိုင် ယန်ရှစ်ရွှမ်းသည်လည်း ထိုကြွက်ကို ရွံလွန်းသဖြင့် ဟိုင်ရွန်ဂူဘုရားကျောင်းနှင့် အရာရှိများထံ ပေးအပ်ချင်နေခြင်း ဖြစ်သည်။
သို့သော် တာအိုဆရာသခင်မာ၏ စာက ယန်ရှစ်ရွှမ်းအား သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် ဖန်သားပြင်အခွဲကို မေ့ပြီး ကြွက်ကို သတ်မိလိုက်ကြောင်း သတိရသွားစေသည်။
ယန်ရှစ်ရွှမ်း “…..”
ကျွတ်စ်
ကြွက်၏အသက်ရှူသံ အလုံးစုံ တိတ်ဆိတ်သွားပြီးနောက် ဝံပုလွေရိုင်းတောင်ထိပ်ရှိ မိုးက နောက်ဆုံးတွင် ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။
ဝံပုလွေရိုင်းတောင်ထိပ် အပြင်ဘက်တွင် စောင့်ကြပ်နေခဲ့သော ဟိုင်ရွန်ဘုရားကျောင်းမှ ပုဂ္ဂိုလ်များက သူတို့ ဝင်လို့မရနိုင်အောင် တားဆီးထားသော အကာအကွယ်လွှာဟာ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သိလိုက်သည်။
တာအိုဆရာသခင်မာက အရင်ဦးဆောင်ပြီး စိုစွတ်နေသော မြေပေါ် အသာနင်း၍ ဝင်ရောက်လာခဲ့သည်။ ရေငွေ့ပျံလာသော မိုးရနံ့များထဲတွင် အရွက်များ၏ စိမ်းလန်းစိုပြေကာ လတ်ဆတ်သော ရနံ့များ ပါလာသည်။ ထို့အပြင် မနေ့ညက အေးစက်ပြီး ကျောချမ်းဖွယ်ကောင်းသော ခံစားချက်များကလည်း ပျောက်ကွယ် သွားလေပြီ ဖြစ်သည်။
၁၀နှစ်ကျော် ကြာပြီးနောက် သူသည် ဝံပုလွေရိုင်းတောင်ခြေသို့ ပြန်လည် ချေခြလိုက်နိုင်သည်။ ထို့ကြောင့် ခံစားချက်များဟာ ပြန်လည်ရှုပ်ထွေးသွားသည်။
အလားတူ ခံစားချက်များ ရှိသည့် အရာရှိများလည်း ရှိသည်။
သူတို့၏ အလုပ်ဖုန်းများဟာ ဆက်တိုက်မြည်နေသည်။ အများအမြင်ကို ထိန်းသိမ်း စောင့်ရှောက်ရေးအသင်းက လူများကလည်း ပြည်သူများ၏ မေးခွန်းများကို မည်သို့ ပြန်ဖြေသင့်ကြောင်း၊ အဓိက ပလက်ဖောင်းတွင် ထိုရှိုးပွဲနှင့် ပက်သက်သည့် အကြောင်းရာများကို ဖိနှိပ်မှု ပြုသင့်မပြုသင့် မေးမြန်းနေကြ၏။ ကုသရေးအသင်းမှ လူများဆိုလျှင် ဒဏ်ရာရသူများ ရှိမရှိ မေးမြန်းသေးသည်။ ကယ်ဆယ်ရေး အသင်းကလည်း ဝံပုလွေရိုင်းတောင်ထိပ်တွင် အချိန်အတန်ကြာ စောင့်ကြပ်နေခြင်း ဖြစ်သည်။ လိုအပ်လာလျှင် သူတို့က လာရောက်နိုင်ကြောင်း မေးမြန်း၏။ ထို့အပြင် လမ်းပိတ်ဆို့ရေးမှ လူများကလည်း ဝံပုလွေရိုင်းတောင်ထိပ်သို့ သွားသောလမ်းကို ပိတ်ဆို့တားဆီးမှုအား ဖွင့်သင့်မဖွင့်သင့် မေးမြန်းပြန်၏။
ထို့ကြောင့် ကိစ္စရပ်တိုင်းတွင် ပါဝင်သော အဖွဲ့အစည်းတိုင်း၏ ဆောင်ရွက်မှုနှင့် ညှိနှိုင်းမှုနောက်တွင် တာဝန်ခံပုဂ္ဂိုလ်ဟာ ဖုန်းခေါ်ဆိုမှုများ ရပ်ဆိုင်းသွားသော အခွင့်အရေးကို အရယူပြီး စိတ်အေးသက်သာစွာ သက်ပြင်း ချလိုက်သည်။ သူသည် ဒါရိုက်တာမာကို ကြည့်နေရင်း ပြုံးနေ၏။
“ဒီနေရာကို အရမ်းလွမ်းဆွတ်မိတယ် မဟုတ်လား”
တာအိုဆရာသခင်မာက ခါးသည်းစွာ ပြုံးသည်။
“ဒီအတိုင်း မမေ့နိုင်ရုံပါပဲ”
သူ၏ဆရာက အမြဲတစေ ပြောဖူးသည်။ သူ၏ တာအိုစိတ်ဟာ မတည်ငြိမ်ပဲ အမြဲတစေ အတွေးများဖြင့် စိတ်လွှင့်နေတတ်သည်။ ထိုသို့ဖြင့် အာရုံစူးစိုက်မှု အတွင်းသို့ ဝင်ရောက်ရန် ခက်ခဲသည်ဟု ဆိုလို၏။
အကြောင်းမူကား သူသည် ငယ်ချိန်ဘဝက ယဲ့လန်တောင်နေရာသို့ ရောက်လာခဲ့ချိန်တွင် မြင်ခဲ့ရသော မြင်ကွင်းများကို အမြဲတစေ မှတ်မိနေခဲ့၍ ဖြစ်သည်။ လူများဟာ တောင်ကိုစားသည်။ တောင်က လူကို ပြန်စား၏။ အချင်းချင်း ပြန်သတ်ကြသည်။နေရာတိုင်းတွင် မဲတူးနေသော အလောင်းများ ပျံ့နှံ့နေခဲ့၏။ ရွာထဲမှ နတ်ဆရာမကပင် သူ့ကို မကူညီနိုင်ခဲ့ချေ။ သူကိုယ်တိုင်ကပင် ယဲ့လန်တောင်ထိပ်တွင် သေလုမြောပါး ဖြစ်ခဲ့သေးသည်။
ဝံပုလွေရိုင်းတောင်ထိပ်၏ ရွာများမှ လူတိုင်း၏ သေဆုံးသွားသော မြင်ကွင်းက သူ၏ရင်ဘတ်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ဖိထားသလို ဖြစ်နေခဲ့သည်။ သို့သော် သူကိုယ်တိုင်လည်း မဖြေရှင်းနိုင်ခဲ့ချေ။ သူသည် စိုးရိမ်စိတ်များလွန်းပြီး နေ့ရောညပါ ပူပန်သောက ရောက်နေခဲ့ရသည်။
108 03
ယခုအချိန်မှသာ ယန်ရှစ်ရွှမ်းက မတော်တဆ ဝံပုလွေရိုင်းတောင်ထိပ်သို့ ဝင်ရောက်သွားခဲ့ပြီး တစ်ကိုယ်တည်း လက်ဗလာ အင်အားနှင့် ရွာသားများ၏ ခြောက်လှန့်နေသော ဝိဉာဉ်တိုင်းကို အဝေးသို့ ပို့လိုက်သည်။ ထိုသို့ဖြင့် ဝံပုလွေရိုင်းတောင်ထိပ်ကို ဒုက္ခများ သယ်ဆောင်လာသော ဆိုးယုတ်သော အရာအား သတ်လိုက်၏။ ထိုသို့ဖြင့် ထိုနယ်မြေတွင် ဖြစ်နေသည့် သေဆုံးမှုများကို ရပ်တန့်စေခဲ့သည်။
ယခုအခါ ထိုနယ်မြေသည် အသက်စွမ်းအားများနှင့် ပြန်လည် ပြည့်ဝလာပြီ ဖြစ်သည်။
ထိုအခါမှသာ တာအိုဆရာသခင်မာသည်လည်း သူ၏ရင်ဘတ်ကို ဖိထားသော ကျောက်တုံးကြီးကို ဖယ်၍ ရလိုက်ကြောင်း သိလိုက်၏။ သူသည် ခပ်အေးအေး အသက်ရှူ နိုင်လေပြီ။
“အရာရှိတွေကလည်း ဝံပုလွေရိုင်းတောင်ထိပ်က ကိစ္စတွေကို မမေ့ပါဘူး။ အဲဒီအချိန်က မူလ ပုံပန်းသွင်ပြင် မပျက်ပေမဲ့ တစ်ကိုယ်လုံး မဲတူးပြီး လောင်ကျွမ်းခံထားရတဲ့ အဲဒီအလောင်းတွေ အတန်းလိုက် ရှိနေတာ။ ငါ့ရဲ့စိတ်ထဲကနေတောင် မပျောက်ထွက်သွားဘူး။ ငါ ညဘက်တွေတောင် မကြာခဏ လန့်နိုး လာတတ်သေးတယ်။ တစ်စုံတစ်ယောက်က ယဲ့လန်တောင်ထိပ်က ပြဿနာကို ဖြေရှင်းပေးဖို့ မျှော်လင့်နေခဲ့တာ။ ငါတို့ ယဲ့လန်တောင်ထိပ်ကို ခရီးသွားတွေ လာခွင့်ပြုထားတယ် ဆိုတာကလည်း နောက်ထပ် ဘုန်းတော်ကြီးတစ်ပါးနဲ့ ဆွေးနွေးပြီး ရခဲ့တဲ့ နည်းလမ်းတစ်ခုပဲ။ ဒီလိုနဲ့ ယဲ့လန်တောင်ထိပ်ကို အသက်စွမ်းအားတွေ ရောက်ရှိလာအောင် လုပ်ဆောင်ချင်ခဲ့တာ”
တာဝန်ခံပုဂ္ဂိုလ်က ခေါင်းခါသည်။
“အလုပ်ဖြစ်တယ် ဆိုပေမဲ့လည်း တအားနှေးလွန်းတယ်။ နှေးလွန်းလို့ ယဲ့လန်တောင်ထိပ်ရဲ့ ဆုတ်ယုတ်မှုကိုတောင် အမှီမလိုက်နိုင်ဘူး။ ငါတို့ ဆက်သွယ်ထားတဲ့ ဆရာသခင်တွေအားလုံးက ဒီအတိုင်း ဆိုးယုတ်နေမယ်ဆိုရင် ဝံပုလွေရိုင်းတောင်ထိပ်က ဆိုးရွားတဲ့ ကပ်ဘေးဆိုက်ဦးမှာပဲလို့ ပြောတယ်”
တာအိုဆရာသခင်မာက သက်ပြင်းချသည်။ သူသည် ကြောက်လန့်မှုအပြည့်ဖြင့် ပြောသည်။
“ဂျူနီယာညီလေးယန်က အခုလေးတင် ငါ့ကို မေးလာတယ်။ ယဲ့လန့်တောင်ထိပ်က ပုံမှန်မဟုတ်တဲ့ အရာတွေ စဖြစ်ခဲ့တဲ့နေ့ကို မှတ်မိသေးလားတဲ့။ အဲဒီလို မေးလညမှ ယဲ့လန်တောင်ထိပ်က မနက်ဖြန်အထိသာ မဖြေရှင်းနိုင်ရန် နှစ်၂၀ကွက်တိ ပြည့်သွားမယ် ဆိုတာကို သတိရသွားတယ်”
“၁၀ဆိုတာက ပြီးပြည့်စုံခြင်းဆိုတဲ့ အရေအတွက်လေ။ နတ်ဘုရားဆိုပြီးလည်း သတ်မှတ်လို့ ရတယ်။ အဲဒီအချိန်မှာ ဆိုးယုတ်တဲ့အကောင်က တောင်နတ်ဘုရားနေရာကို အမှန်တကယ် ပိုင်ဆိုင်သွားပြီး ဖြောင့်မတ် မှန်ကန်ခြင်း နတ်ဘုရားကို ကိုးကွယ်ဆည်းကပ်မှုတိုင်းကို လက်ခံရယူသွားနိုင်လိမ့်မယ်။ အဲဒီအခါ ကိုင်တွယ်ဖို့ တအား နောက်ကျသွားပြီ။ အဲဒီအခါ ဝံပုလွေရိုင်းတောင်ထိပ်ကြီးနဲ့ ပတ်ဝန်းကျင် နယ်မြေတစ်ခုလုံးကို ကယ်တင်ဖို့ တအား နောက်ကျသွားမှာကိုသာ စိုးရိမ်မိတယ်။ ဒီနယ်မြေက တအားထိန်းချုပ်ဖို့ ခက်ခဲတဲ့ နယ်မြေတစ်ခု ဖြစ်သွားပြီး ကြီးမားတဲ့ တန်ကြေးကို ပေးဆပ်ရလိမ့်မယ်။ ဟိုင်ရွန်ဂူဘုရားကျောင်းက လူအများစုတောင်မှ ဒုက္ခရောက်လောက်တယ်”
တာအိုဆရာသခင်မာက တဖြည်းဖြည်း နီးကပ်လာသည့် တောင်အဘုရားကျောင်းအတု အတွင်းသို့ ကြည့်ရင်း စိတ်ရှုပ်ထွေးသော အမူအယာမျိုးဖြင့် ကြည့်သည်။
“ဂျူနီယာညီလေးယန်က လွန်ခဲ့တဲ့ နှစ်၂၀ကျော်က ဖြစ်ခဲ့တဲ့ ပြဿနာကို မတော်တဆ ရောက်လာပြီး ဖြေရှင်းနိုင်တာတော့ မဟုတ်လောက်ဘူး။ အရာအားလုံးက အကျိုးဆက်တွေ ရှိလိမ့်မယ်”
သို့ရာတွင် တစ်ရက်ခန့်သာ နောက်ကျသွားခဲ့သော် မူလက ဆုံးဖြတ်ချက် ချထားပြီးသား လမ်းဆုံးက အမှန်တကယ် အဆုံးသတ်သွားပေလိမ့်မည်။
ကြီးမားသော လမ်းကြီး၏ အောက်ဘက်တွင် မျှော်လင့်ချက် အနည်းငယ်က ရှိတတ်သည်။ မျှော်လင့်ချက်ကို လက်မလျော့သမျှ အရာအားလုံး ဖြစ်နိုင်သေးလေသည်။
အသက်စွမ်းအားကြီးသည့် ဒီကစားပွဲတွင် ယန်ရှစ်ရွှမ်းက နိုင်သွားသည်။
တာအိုဆရာသခင်မာက တောင်ဘုရားကျောင်း အတုကို ကြည့်လိုက်သည်။ ထိုနေရာတစ်ခုလုံးက ရှုပ်ပွနေ၏။ ကြည်လင်ပြတ်သားသော မနက်ခင်းတွင် နေ့အလင်းရောင်ကို ရင်ဆိုင်ရသောအခါ သူသည် မျက်လုံးကို မှေးကျင်းလိုက်သည်။ သူ၏အမူအယာဟာ ခံစားခဲ့ရပုံပေါ်သည်။
“ဂျူနီယာ ညီလေးယန်_ _ _ယန်ရှစ်ရွှမ်း”
အရိုးထဲထိ ဝိဉာဉ်သရဲများကို နှိမ်နင်းနိုင်သော စွမ်းရည်ပိုင်ဆိုင်ထားသော လူတစ်ယောက်_ _ _
သိသာစွာပင် သူသည် ဆိုးယုတ်သောအရာများနှင့် ရင်ဆိုင်ရနိုင်ချေ အမြင့်ဆုံးသော ကံကြမ္မာကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ သို့သော် သူတွင်လည်း အခွင့်အရေးကြီး တစ်ခုကလည်း ရှိနေသေးသည်။
ယန်ရှစ်ရွှမ်းသည် လူတိုင်း၏ အတွေးကို ဂရုမစိုက်ချေ။
108 04
သူ၏အခွဲဖန်သားပြင်က ဖွင့်ထားပြီး သူဟာ ပိတ်ရန် မေ့ခဲ့ကြောင်း သတိရသွားပြီးနောက် ယန်ရှစ်ရွှမ်းက ဖန်သားပြင်ကို ချက်ချင်းလိုလို ပိတ်လိုက်သည်။ ထို့နောက် အေးစက်သော လေများ တဖြည်းဖြည်းချင်းစီ ပျက်ပြယ်လာသည့် မြေအောက်ဂူဘုရားကျောင်း အဝတွင် ရပ်လျက် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထို့နောက် အကျည်းတန်လွန်းသော ရုပ်ထုများကိုလည်း မြင်လိုက်သည်။ သူက မျက်လုံးကို မှိတ်ပြီး လှောင်လိုက်၏။
“တောင်နတ်ဘုရားက သက်ရှိတွေအားလုံးရဲ့ ဘုံနတ်ဘုရားပဲ။ သူက သေမျိုးဘဝကနေ လာတယ်။ အဲဒီနောက် သေမျိုးဘဝကို ပြန်သွားတယ်။ မှန်ကန်တဲ့နေရာကို ကောင်းကင်နှင့် မြေကြီးက အသိအမှတ်ပြုရတယ်။ တစ်ခဏလောက် ခိုးယူတယ် ဆိုရင်တောင်မှ သေချာပေါက် ပြန်ပေးရဦးမှာပဲ။ ကောင်းကင်နဲ့ မြေပြင်က ပြောင်းပြန်အလှန်ခံရရင်တောင်မှ တစ်စုံတစ်ယောက်က လာပြီး ဆိုးယုတ်တွေကို တားဆီးမှာပဲ။ ဟွန့် ပုလ္လင်ကို လုယူချင်တယ်။ နတ်ဝတ်စုံကို ခိုးဝတ်ထားတဲ့ ကြွက်တစ်ကောင် ဆိုရင်တောင်မှ သူရဲ့နံဟောင်နေတဲ့ ခန္ဓာကိုယ် တစ်ခုတည်းနဲ့ အရာအားလုံးကို ဖုံးကွယ်ထားလို့ မရဘူး။ လမ်းကို ဖြတ်ကူးတဲ့အခါ ရိုက်သတ်ခံရဦးမှာပဲ”
ယန်ရှစ်ရွှမ်းက တောင့်တင်းသွားပြီ ဖြစ်သော ထိုကြွက်၏အလောင်းကို သနားညှာတာမှူ ကင်းမဲ့စွာ ကြည့်လိုက်သည်။
“လုပ်ဆောင်မှုတွေအတိုင်း ပြန်လည်သက်ရောက်မှုကို ခံရတယ်။ အကျိုးအပြစ်က ချွင့်ယွင်းချက် မရှိဘူး။ မင်းက ရွာသားတွေကို စာခြောက်ရုပ်တွေ လုပ်တဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်ကို ဝါးတုတ်တွေနဲ့ ထိုးပြီး စိုက်ကွင်းထဲမှာ ထိုးစိုက်လို့ မင်းအတွက် စားစရာတွေကို စောင့်ကြပ်ခိုင်းထားတယ်။ အဲဒီအခါ မင်းလည်း တူညီတဲ့ပုံစံနဲ့ သေရမယ်ဆိုတာကို မတွေးမိတာလား။ မင်းက စွမ်းအားနည်းနည်း ရလာလို့ အခြေပြုချက် ငါးမျိုးထက် လွတ်မြောက်သွားမယ်လို့ ထင်နေတာဆိုရင်တော့ မင်းက ဒီအတိုင်း မဟာလမ်းမကြီးအောက်က ဖုန်တစ်စလေးဆိုတာကိုပဲ သိသင့်တယ်။ မင်းက မင်းမပိုင်တဲ့ တစ်စုံတစ်ရာကို လိုချင်တဲ့အခါ မဖြစ်နိုင်တဲ့ ကံကြမ္မာက ပါလာခဲ့ပြီးသားပဲ”
လောကသည် မကြင်နာပေ။ သို့သော် အနက်ရှိုင်းဆုံးသော ညှင်သာသိမ်မွေ့မှုကမူ ပိုရှိနေတတ်၏။ ထိုစွမ်းအားသည် မည်သည့်တည်ရှိမှုကိုမှ ဘက်မလိုက်တတ်ချေ။
ထိုအရာ၏အောက်တွင် မည်သည့်တည်ရှိမှုကမျှ အမှောင်ထဲတွင် တည်ရှိသော စွမ်းအင်များ၏ လမ်းကြောင်းသွေဖယ် သွားလောက်အောင် လုပ်မှုအောက်သို့ ကျရောက်လိမ့်မည် မဟုတ်ချေ။
အသာစီး လာတော့ရော ဘာဖြစ်လဲ။
ဆိုးယုတ်တဲ့အကောင်ရဲ့ မွေးနေ့ကိုရောက်ဖို့ ၁၀နာရီကျော်တောင် လိုနေသေးတာပဲ။ ပြီးပြည့်စုံနဲ့ နှစ်၂၀ပြီးသွားရင်တောင်မှ ဒီဆိုးယုတ်တဲ့အကောင်ရဲ့ အဆင့်အတန်းက ဖြောင့်မတ်မှန်ကန်ခြင်း နတ်ဘုရား ဖြစ်သွားပြီး ကောင်းကင်နဲ့ မြေပြင်ကတောင် အသိအမှတ် ပြုရလိမ့်မယ်တဲ့လား။
မည်သူကမှ ထိုမေးခွန်းကို မမေးကြတော့ချေ။ နောက်ထပ် ဆိုးယုတ်သော တစ်ကောင် ပေါ်လာခဲ့ပြီး သူ့ကို ပုလ္လင်ပေါ်မှ ပြန်လည် ဆွဲချနိုင်သေးပြန်သည်။
နမြောစရာကောင်းသည်မှာ နောက်ဆုံးသော တစ်စက္ကန့်တွင်မှ သူ၏လောဘက ပြောင်းလဲသွားသည်။
ယန်ရှစ်ရွှမ်းက ကြီးမားသော ကြွက်၏အလောင်းကို ပြန်ကြည့်လိုက်သည်။ ထိုသို့ဖြင့် တောင်နတ်ဘုရား၏ တာဝန်များအားလုံးကို ပြီးမြောက်သွားလေသည်။ သူ့ကို တောင်နတ်ဘုရားက ပေးထားခဲ့သည့် စွမ်းအားများကို သုံးပြီး သူသည် ဝံပုလွေရိုင်းတောင်ထိပ်မှ ဆိုးယုတ်သော အကောင်များကို ဖြေရှင်းလိုက်သည်။ အကျိုးအပြစ်နှင့် သက်ရောက်မှုတိုင်းကို ပြီးမြောက် လုပ်သွားနိုင်လေသည်။ သူဟာ တစ်စုံတစ်ရာကို ယူလိုက်၏။ တစ်စုံတစ်ရာကို ပြန်လုပ်ပေးလိုက်သည်။ ထိုသို့ဖြင့် သူတို့ကြားမှ ဆက်နွယ်မှုက အဆုံးသတ်သွားပြီဟု ဆို၍ရသည်။ သူတို့ကြားမှ ယင်ယန်စာချုပ် ချုပ်ဆိုမှုများ မရှိတော့ချေ။ သူသည် ပေးအပ်လာသည့် တာဝန်တိုင်းကို အမြဲတစေ လက်ခံသည်။ အမြဲတစေ ဖြေရှင်းပေး၏။ ထိုသို့ဖြင့် အရာအားလုံးကို အဆုံးသတ်ပေးလေ့ရှိသည်။ ဆုလာဘ်အတွက်မူကား_ _ _
ငယ်ရွယ်သော အမျိုးသမီး မထွက်သွားခင်က မျက်ရည်အပြည့်ဖြင့် ကျေးဇူးတင်သွားသော ခံစားချက်ကတင် ဝံပုလွေရိုင်းတောင်ထိပ်မှ သတ္တဝါများ ပေးသော ဆုလာဘ်ဟု စဉ်းစား၍ရသည်။
တစ်ဘဝလုံး ဆိုးယုတ်သော အရာများ မလုပ်ဖူးသည့် ကြင်နာသော ဝိဉာဉ်က ပြောသော ကောင်းချီးပေးစကားဟာ အဖိုးတန်ဆုံးအရာဖြစ်သည်။
“ယန်ရှစ်ရွှမ်း တက်မလာနိုင်ဘူးလား”
မြေအောက်ဂူဘုရားကျောင်း အတွင်းမှ အလင်းဟာ ရုတ်တရက် မှိန်သွားသည်။ တွင်းပေါက်ကြီး ဘေးဘက်တွင် ရပ်နေသော ထိုအမျိုးသားက သူ၏ရှည်လျားသော ကိုယ်ကို အနည်းငယ် ငုံ့ကိုင်းပြီး ဒူးထောက်ချလိုက်ကာ ယန်ရှစ်ရွှမ်းကို လှမ်းမေးသည်။
“ငါ လာခေါ်ရမလား”
“မလိုပါဘူး”
ယန်ရှစ်ရွှမ်းက ဝင်ပေါက်ဘက်သို့ တစ်ချက်မော့ကြည့်သည်။ ထိုအမျိုးသား၏ မျက်လုံးနှင့် ဆုံးသွားသောအခါ သူက ပြောလိုက်သည်။
“ခင်ဗျား အဲဒီနေရာကနေ ဖယ်ပေးဖို့ပဲ လိုတယ်။ ငါဘာသာ ခုန်တက်လာနိုင်တယ်။ မီတာနည်းနည်း ဖယ်ပေးရုံပဲ”
108 05
သို့သော် သူက တစ်ဖက်သို့ လှည့်လိုက်သောအခါ ရုတ်တရက် သူ၏ဘေးဘက်နှင့် ကြွက်သေအကြားတွင် သက်ရှိ လူတစ်ယောက် ရှိနေသေးကြောင်း သတိရသွားသည်။
အန်တိုနီဟာ သတိလစ်နေသည်။
အန်တိုနီဟာ အမြဲတစေ သူ မတားနိုင်သည့် သေးငယ်သည့် အသံချဲ့စက်လေး တစ်လုံး ဖြစ်နေခဲ့သည်။ ဒါဟာ အစစ်အမှန် ဆောင်းပါးများ မပါဝင်သော်လည်း နားဆူလွန်းသည့် ကြေငြာများကို လွှင့်ထုတ်နေသည့် ကားမှ ရေဒီယိုတစ်ခုအလား ထင်ရသည်။ လူအများဟာ သူ့ကို သတိလက်လွတ် သူ့ကို ပိတ်ချင်သည်။ မည်သို့ပင်ဆိုစေ သူသည် နောက်ခံတစ်ခု ရှိနေမည်ဆိုလျှင်ပင် ဆူညံလွန်းနေလေသည်။
******