109 01
အပိုင်း(၁၀၉)
ထိုအခိုက်အတန့်တွင် ယန်ရှစ်ရွှမ်းဟာ ရုတ်တရက် ယခုလေးတင် သာယာတိတ်ဆိတ်နေခဲ့သော ပတ်ဝန်းကျင်က မည်သည့်အတွက်ကြောင့် ဖြစ်ကြောင်း သတိရသွားသည်။ တစ်စုံတစ်ယောက်ဟာ နားဆူလွန်းသော အသံချဲ့စက်ကို လက်သီးဖြင့် ထိုးထားသလိုမျိုး ဖြစ်နေခဲ့သောကြောင့် သူသည်ပင် လစ်လျှူရှုမိခဲ့သည်။
ယခုအခါ ပြန်တွေးကြည့်မှ အန်တိုနီဟာ အစပိုင်းကတည်းက သတိလစ်နေခြင်း ဖြစ်ကြောင်း သတိရသွားသည်။
အန်တိုနီ၏ လက်ရှိပုံစံက အလွန်အမင်း သနားစရာကောင်းလွန်းနေသည်။ သူသည် ဆိုးယုတ်သောအကောင်၏ ယန်စွမ်းအင်များ စုပ်ယူခံရမှုကြောင့် ခြောက်ကပ်ကာ နွမ်းလျနေသည်။ ထို့အပြင် ကျောက်တုံးများဖြင့် ထိမှန်ခံရပြီး ကျောက်တုံးများ၊ ဖုန်များအတွင်းသို့ ပြုတ်ကျနေသေးသည်။ သူ၏ တစ်ကိုယ်လုံးက ညစ်ပတ်ပေကျံနေလေပြီး သူသည်ပင် မကြည့်နိုင်တော့ချေ။ တစ်ဖက်သူသည် ယခင်က အလွန်မာနကြီးပြီး ရည်မှန်းချက် ကြီးခဲ့သည်။
ယန်ရှစ်ရွှမ်းက တစ်ခဏခန့် တွေးတောပြီးနောက် မျက်ခုံးကို ပင့်လိုက်သည်။ ထို့နောက် တစ်ဖက်လှည့်ပြီး ဂူ၏ဝင်ပေါက်သို့ ထွက်သွားကာ အန်တိုနီအား ထိုနေရာတွင် လှဲလျောင်းလျက် ချန်ထားရစ်ခဲ့လိုက်သည်။ သူသည် လစ်လျူရှုလိုက်သည်။ သူသည် ဆိုးယုတ်သူများကိုပင် ကြင်နာမှုဖြင့် ပေးဆပ်တတ်သော သူတော်စင်တစ်ပါးလည်း မဟုတ်ချေ။ ဒီအတိုင်း စိတ်သဘောထားဆိုးသော သေမျိုးတစ်ယောက် ဖြစ်သည်။
သူသည် ထိုအကောင်က သူ့အားထပ်ခါတလဲလဲ အရှက်ခွဲကာ ပြောဆိုနေမှုများကို ဂရုမစိုက်ခဲ့သော်လည်း အမြဲတစေ မှတ်မိနေခဲ့၏။
ဒီလိုနံဟောင်နေတဲ့ အရာကို သယ်သွားပေးရမယ် ဟုတ်လား အိုးးး အိမ်မက်လှလှ မက်နေတာပဲ ဖြစ်ရမယ်။
မည်သို့ပင်ဆိုစေ သူသည် တွက်ချက်မှုများကို လုပ်ခဲ့ပြီးသား ဖြစ်သည်။ အန်တိုနီ၏ အသက်အန္တရာယ်က ခြိမ်းခြောက်မှု မရှိသေးချေ။ တစ်ဖက်သူ၏ အသက်ရှူသံကလည်း တည်ငြိမ်သည်။ ထို့ကြောင့် အာဏာပိုင်များက သိပ်မကြာမှီ ရောက်လာမည် ဖြစ်လေရာ လွှတ်ထား၍ ရသည်။
သို့သော် အန်တိုနီ၏ အခြေအနေကမူ အသက်ကို မခြိမ်းခြောက်နိုင်ရုံသာ ဖြစ်သည်။
သူ၏ယန်စွမ်းအင်တိုင်း နီးပါးကို ထိုဆိုးယုတ်သော ကြွက်က စုပ်သွားသည်။ ထို့အပြင် သူသည် ညှိငင်မှုများကိုလည်း နားယောင်သွားသေးသည်။ ဆိုးယုတ်သော အကောင်နှင့် တစ်ချိန်လုံး ရှိနေခဲ့သည်။ ထို့ကြောင့် အန်တိုနီ၏ ဒေါသနှင့် ကံကောင်းမှုတိုင်းကို အနိမ့်ဆုံးအထိသို့ ထိုးကျသွားစေခဲ့သည်။ သူသည် ဒီနေရာမှ ထွက်ခွာသွားပြီးနောက် သူသည် အလွန်ကံဆိုးပေလိမ့်မည်။ အလွန့်အလွန် အားနည်းနေလောက်သေး၏။ သူ၏ကံဟာ နိမ့်သွားသောကြောင့် ညစ်ညမ်းသော အရာများကို အလွယ်တကူ ဆွဲဆောင်နိုင်သွားသည်။
အန်တိုနီဟာ လုံလောက်အောင် သတ္တိကြီးသောကြောင့် ညဘက်တွင် ပေါ်လာမည့် အရာများနှင့် ပက်သက်ပြီး မကြောက်လန့်သွားစေရန်သာ မျှော်လင့်ရသည်။ သူသည် ကြောက်လန့်လွန်းသည့် သူ၏အိပ်မက်ဆိုးတိုင်းထဲတွင် ဆိုးယုတ်သောအရာများကို ထပ်ခါတလဲလဲ တွေ့နေရသောကြောင့် မအိပ်နိုင်လောက်ချေ။
မည်သို့ပင်ဆိုစေ အန်တိုနီ၏ အဆင့်အရ ဗဟုသုတရှိသော လူတစ်ယောက်ပသာ သူ့ကို ကူညီမည်ဆိုလျှင်ပင် နှစ်အနည်းငယ် အတွင်း သာမာန်အခြေအနေသို့ ပြန်ရောက်နိုင်ဦးမည် မဟုတ်ချေ။
ယန်ရှစ်ရွှမ်းက အသာရယ်လိုက်သည်။ ထို့နောက် တစ်ဖက်လှည့်လိုက်ပြီး အန်တိုနီနှင့် ပက်သက်သော ကိစ္စအား မလိုလားအပ်သည့် အမှိုက်လို မှတ်ဉာဏ်တစ်ခုအား မသယ်ဆောင်သလို ပုံစံမျိုးဖြင့် ခေါင်းခါကာ ရှင်းထုတ်လိုက်ပြီး အပေါ်သို့ ပြန်ခုန်တက်လိုက်သည်။
သူသည် လက်ကို အသာမြှောက်လျက် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်လောက်သည်အထိ ကျိုးပြတ်သွားလောက်သော မညီညာပဲ ကြမ်းတမ်းသည့် နံရံအမာကို လှမ်းကိုင်လိုက်သည်။ ထို့နောက် နံရံပေါ်တွင် ရှိနေသည့် အဖုအထစ် ကျောက်တုံးလေးများကို သူ၏ခွန်အား အားလုံးသုံးကာ ခုန်တက်လိုက်သည်။ ခြေလှမ်းအနည်းငယ် ခုန်ပြီးနောက် သူသည် ဂူ၏ဝင်ပေါက်ထံသို့ လျင်မြန်စွာ ခုန်တက်သွားလိုက်သည်။ ထိုသို့ဖြင့် မြေပြင်ပေါ်သို့ ညင်ညင်သာသာ ဆင်းသက်လိုက်သည်။
ထိုအခါ ရွှေရောင်သန်းနေသော နေအလင်းရောင်ဟာ သူ၏ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာသည်။
109 02
သူသည် မဲမှောင်သော နေရာထဲမှ ထွက်လာကာစ ဖြစ်သည်။ ထို့ကြောင့် သူ၏မျက်လုံးက တိုက်ရိုက်ကျသော အလင်းနှင့် ကျင့်သားမရသေးချေ။ ထို့အပြင် အလိုအလျောက်ပင် မျက်ရည်များက ဝဲလာပြီး မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။ သို့သော် သိပ်မကြာခင် အရိပ်တစ်ခုက ကာဆီးပေးလိုက်၏။ ယန်ရှစ်ရွှမ်း၏ မျက်လုံးကလည်း အလင်းဓာတ်ကို ခံနိုင်သွားသည်။ ထို့ကြောင့် ပို၍ သက်တောင့်သက်သာ ရှိသွားသည်။
ထိုအမျိုးသား၏ သန်မာပြီး အရပ်ရှည်သော ခန္ဓာကိုယ်က နေကို ကာပေးထားသည်။ သူသည် မျက်လုံးကို အသာချလျက် ယန်ရှစ်ရွှမ်း၏ နားထင်ကို ပြင်းပြင်းပြပြ စိုက်ကြည့်သည်။ ထို့နောက် လက်ကို အသာမြှောက်လိုက်ပြီး ယန်ရှစ်ရွှမ်းက မတုန့်ပြန်နိုင်သေးခင် မျက်နှာဘေးဘက်ခြမ်းကို လှမ်းထိလိုက်သည်။
“ဒီမှာ နာနေလား”
ယဲ့လီ၏ လက်ဖဝါးက နွေးထွေးမှု မရှိသလောက်နီးပါး အေးစက်လွန်းနေသည်။ ယန်ရှစ်ရွှမ်းကပင် အလိုအလျောက် ပုန်းချင်မိသွား၏။ ထို့နောက် လက်ကိုမြောက်ကာ သူ့ပါးသူ ပြန်ကိုင်မိသည်။ ထိုအခါမှသာ သူက နံရံကို ပွင့်ထွက်သွားအောင် ကျောက်ကန်ခဲ့ချိန်တွင် လွှင့်ပျံသွားသော ကျောက်သားများက သူ၏မျက်နှာဘေးဘက်ခြမ်းကို ထိမှန်သွားကြောင်း သိလိုက်သည်။ သူ၏ နားထင်တွင် ရှိသမျှ အနက်ရောင်ဆံပင်တောက်လျောက် သွေးများက စိုရွှဲနေသည်။ ထို့အပြင် မျက်လွှာပေါ် စီးကျနေသည့် သွေးစက်များလည်း ရှိ၏။ ထိုသွေးစက်များကို ယဲ့လီ၏ အေးစက်သော လက်ချောင်းများက သုတ်လိုက်သည်။
“အမြင်ကောင်းလှချည်လား”
ယန်ရှစ်ရွှမ်းက မျက်ခုံးကိုပင့်ရင်း သူ့ကို တစ်ချက်ကြည့်သည်။ ထို့နောက် တစ်ဖက်သူနှင့် သူ၏ အကွာအဝေးကို ခြားစေရန် ခြေလှမ်းတစ်ဝက်ခန့် နောက်ဆုတ်လိုက်သည်။ တစ်ဖက်သူ၏စကားကိုလည်း စိတ်ထဲမထားချေ။
ယန်ရှစ်ရွှမ်းက ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးမှုအပြည့်နှင့် ရေရွတ်လိုက်သည်။
“အန်းနန်ယွမ်နဲ့ အခြားသူတွေနောက်ကို လိုက်သွားတဲ့ကြွက်တွေက ဒီနေရာကို လာမယ်ထင်နေတာ။ ဒါပေမဲ့ တစ်ကောင်မှ မမြင်မိပါလား။ ဒီဆိုးယုတ်တဲ့အကောင်ရဲ့ နောက်လိုက်တွေက သစ္စာမရှိတာဘဲ ဖြစ်ရမယ်။ သူတို့က သူတို့ရဲ့ အပေါင်းအဖော်တွေကိုတောင် ချန်ထားရစ်ပြီး ထွက်ပြေးသွားကြတယ်”
ယဲ့လီက မျက်နှာထား မပြောင်းလဲဘဲ ပြန်ဖြေသည်။
“ဟုတ်လောက်တယ်”
သူ့၏အနောက်ဘက် ကြိုးပဲ့နေသော ကျောက်တုံးပြာ ကြမ်းခင်းပြင် အနောက်တွင် လောင်ကျွမ်းမှု သဲလွန်စများနှင့် တဖြည်းဖြည်းချင်းစီ လွှင့်ပြယ်သွားသည့် မီးခိုးမှုန့်များ ရှိနေသည်။
ရုတ်တရက် မိုးကြိုးက ထိုနေရာကို ပစ်ချလိုက်ပြီး လောင်ကျွမ်းသွားစေသလိုမျိုး သဲလွန်စများကို ချန်ထားရစ်ခဲ့ပုံပေါ်လေသည်။
သိပ်မဝေးသောနေရမှ လာနေသည် ခြေလှမ်းသံများကိုလည်း ကြားရသည်။ ဝိဉာဉ်စွမ်းအင် ကျင့်ကြံထားသည့် တစ်စုံတစ်ယောက် ရောက်လာခဲ့ခြင်း ဖြစ်လောက်မည်။
သိပ်မကြာခင် တာအိုဆရာသခင်မာက ဝင်ရောက်လာသည်။ သူသည် ယန်ရှစ်ရွှမ်းထံ အံ့အားသင့်နေသော မျက်နှာထားမျိုးဖြင့် အပြေးလာသည်။
“ဂျူနီယာညီလေးယန်က ငါတို့ကို ဒီတစ်ခေါက် ကိစ္စကြီးတစ်ခုကို ဖြေရှင်းပေးလိုက်တာပဲ။ ဦးလေးလီ ပြောတာ မှန်တယ်။ တစ်ယောက်ထက် တော်တဲ့ တစ်ယောက်ဆိုတာ အမြဲတစေ ရှိနေတုန်းပဲတဲ့။ မင်းက အဲဒီလို ဖြစ်ထိုက်ပါပေတယ်။ ချမ်းရွှန်ဘုန်းတော်ကြီးရဲ့ တပည့်ဆိုတဲ့အတိုင်းဆိုတဲ့”
“ငါ အစကတော့ ဂျူနီယာညီလေးယန်ကို အရမ်းစိုးရိမ်ခဲ့တာ။ ဂျူနီယာညီလေးယန်က တအားငယ်တော့ ဒီကိစ္စကို မကိုင်တွယ်နိုင်ခဲ့ဘူးလို့ ထင်ခဲ့တာလေ။ ဒါပေမဲ့ မမျှော်လင့်ထားပဲ ဂျူနီယာညီလေးယန်က ငါထင်ထားတာထက်တောင် အများကြီး လုပ်နိုင်စွမ်းအား ရှိနေသေးတယ်။ ငါ ဂျူနီယာညီလေးယန်ရဲ့ ဖန်သားပြင်အခွဲကနေ အားလုံးကို ကြည့်နေခဲ့တာလေ။ အဲဒီအချိန်က ဂျူနီယာညီလေးယန် တစ်ခုခု ဖြစ်သွားခဲ့မှာကို စိုးရိမ်နေခဲ့တာ။ အဲဒီလိုဆိုရင် ဦးလေးလီက ငါတို့ကို ရိုက်မှာပဲ။ ငါ့ရဲ့နှလုံးသားတောင် တစ်ညလုံး ခုန်လှုပ်ခဲ့တာလေ။ ကံကောင်းစွာနဲ့ စီနီယာဦးလေးလီက အခုဆို ပျော်သွားလောက်ပြီ”
တာအိုဆရာသခင်မာက ယန်ရှစ်ရွှမ်း၏ ကိုယ်ပေါ်မှ ဖုန်များနှင့် တိုက်ခိုက်ပွဲ၏ သဲလွန်စများကို မြင်သောအခါ စိုးရိမ်တကြီး မေးသည်။
“ဂျူနီယာညီလေးယန် ဒဏ်ရာရသွားသေးလား။ အရာရှိက ခေါ်လာတဲ့အသင်း သိပ်မကြာခင် ရောက်လာတော့မှာပါ။ ဆေးဝါးအသင်းလည်း ပါတယ်။ မင်း အချိန်မှီ ကုသဖို့အတွက် ဒဏ်ရာတွေ ရှိမရှိ စစ်ဆေးကြည့်ခိုင်းပါဦးလား”
တစ်ဖက်သူကို ပြောသော ချမ်းရွန်ဘုန်းတော်ကြီးသည် ယန်ရှစ်ရွှမ်းအား ခေါင်းသာခါမိစေသည်။ ထို့နောက် ခေါင်းကို ခပ်ကြမ်းကြမ်း ခါယမ်းလိုက်ပြီးနောက်မှ ရှုပ်ထွေးနေသော အဓိကခန်းမကို ညွှန်ပြလိုက်သည်။
“ဆိုးယုတ်တဲ့အကောင်ကို အဲဒီမှာ ထားထားပေးတယ်။ ဂူရဲ့ဝင်ပေါက်ကို ဝင်သွားတာနဲ့ တွေ့ရလိမ့်မယ်။ နောက်ပြီး ရှိုးရဲ့ဧည့်သည်တစ်ယောက်လည်း အဲဒီမှာ ရှိနေသေးတယ်။ ခင်ဗျားတို့ကိုပဲ လွှဲလိုက်ပြီ”
109 03
ယန်ရှစ်ရွှမ်းက ပေါင်းသင်းဆက်ဆံရေး ဆန်သည့် အပြုံးတုတစ်မျိုးနှင့် တာဝန်ခံပုဂ္ဂိုလ်ကို လှမ်းပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါက အန္တရာယ်က လွတ်မြောက်လာကာစ သာမာန်လူတစ်ယောက် မဟုတ်လား။ ငါ မလုပ်နိုင်တော့ဘူး။ အောက်က အကောင်ကို ကိုင်တွယ်ဖို့အတွက်နဲ့ စွမ်းအား အများကြီး သုံးလိုက်ရတာ ဆိုတော့ အောက်မှာလဲကျနေတဲ့ အဲဒီလူကို မသယ်နိုင်တာက ပုံမှန်ပဲ မဟုတ်လား”
တာဝန်ခံပုဂ္ဂိုလ်က တည်ငြိမ်စွာ ခေါင်းညိတ်သည်။
“ကျေးဇူးတင်ပါတယ် လူကြီးမင်းယန်။ ဒီဝံပုလွေရိုင်းတောင်ထိပ်မှာ လုပ်ခဲ့တာတွေအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျန်တဲ့ကိစ္စတွေကို ငါ့တို့ရဲ့ တာဝန်ထားလိုက်။ ငါတို့အောက်ကို ဆင်းပြီး ကျန်တာတွေကို ဆက်ကိုင်တွယ်လိုက်မယ်”
သိပ်မကြာခင် တောင်ဘုရားကျောင်းတု အနားရှိ ရွာသားများနှင့် ဝံပုလွေရိုင်းတောင်ထိပ်က ကိစ္စများအားလုံးကို အရာရှိက ကိုင်တွယ်လိုက်သည်။ ကယ်ဆယ်ရေး အသင်းကလည်း ယခင်က ပျောက်သွားခဲ့သည့် ဒါရိုက်တာ၏ ကားနှင့် ဝန်ထမ်းကားများကို လမ်းပေါ်တွင် ပြန်လည်ရှာတွေ့လေသည်။
ဝန်ထမ်းကားထဲမှ လူများဟာ ကြောက်လန့်နေကြသော်လည်း သူတို့သည် တက်ကြွနေကြသေး၏။ သူတို့သည် တစ်ညတာ ကောင်းကောင်း အိပ်စက်ခဲ့ရသောကြောင့် အင်အားအပြည့် ရှိနေခဲ့ခြင်း ဖြစ်လောက်သည်။ ထို့ကြောင့် ကယ်ဆယ်ရေးအသင်းဝင်များကိုပင် အံ့အားသင့်စေခဲ့သေးသည်။
ဒါရိုက်တာ၏ ကားထဲတွင်မူ ထိုနေရာတွင် ရှိမနေသည့် ဒါရိုက်တာမှလွဲပြီး လူတိုင်းက အကုန်ရှိနေသည်။ သူတို့ပြောသော စကားအရ ဒါရိုက်တာက ကားထဲမှ ထွက်ပြီး ယန်ရှစ်ရွှမ်းကို သွားရှာခဲ့ပြီးနောက် ဘယ်သောအခါမှ ပြန်မလာခဲ့ချေ။ ထို့အပြင် ဖုန်းဆက်၍လည်း မရတော့ဟု ဆိုသည်။
သူတို့သည်လည်း ဒါရိုက်တာက ပြန်လာသောအခါ သူတို့ကို ရှာမတွေ့မည့် အခြေအနေကို စိုးရိမ်ခဲ့သဖြင့် တစ်ညလုံး ဘယ်နေရာကိုမှ မသွားရဲခဲ့ပေ။ ကားလမ်းဘေးတွင်သာ ကြောက်လန့်မှုအပြည့်ဖြင့် ရပ်နေခဲ့ရသည်။ ယန်ရှစ်ရွှမ်းက သူတို့ကို ဖုန်းခေါ်မှသာ ကိစ္စပေါင်းများစွာ ဖြစ်ပျက်သွားခဲ့ကြောင်း သိခဲ့ရ၏။ သူတို့သည် အချိန်တစ်ခုကြာသည်အထိ ကြောက်လန့်နေခဲ့သေးသည်။
ကယ်ဆယ်ရေးအသင်း ရှာတွေ့ပြီးနောက် ဒါရိုက်တာ၏ ကားထဲမှ တာဝန်ခံပုဂ္ဂိုလ်က နွမ်းလျသော ပုံစံမျိုးဖြင့် ရှိနေသည့်တိုင်အောင် လူတိုင်းဟာ လုံခြုံဘေးကင်းကြောင်း သိလိုက်ရသည်။ တစ်ညလုံး စိုးရိမ်စိတ်များပြီး မအိပ်ပျော်နိုင်သော ကိစ္စမှလွဲ၍ ပြဿနာမရှိချေ။ ဒါရိုက်တာ ကိုယ်တိုင်ကမူ _ _ _
စွန့်ပစ်ရွာအတွင်းသို့ ဝင်ပြီးနောက် ကယ်ဆယ်ရေးအသင်းက ယန်ရှစ်ရွှမ်း ပြောပြသည့်အတိုင်း ရွာအစွန်းနားတွင်ရှိသည့် တောင်ဘုရားကျောင်းသို့ သွားသည်။ ထို့နောက် ကျန်းဝူပင်းကို အိုဟောင်းပြီး ပြိုကျမတတ် ဖြစ်နေသည့် ဘုရားကျောင်းအတွင်းမှ ကယ်ထုတ်လိုက်သည်။
“အားလုံး ပြီးသွားပြီလား”
ကျန်းဝူပင်းကို ဖုန်းကို ကျစ်ကျစ်ပါအောင် ကိုင်ပြီး ယန်ရှစ်ရွှမ်းကို ခေါ်လျက်သား ဖြစ်နေသည့် ဖုန်းဖန်သားပြင်ကို ကြည့်သည်။ သူသည် သိသာစွာပင် ယန်ရှစ်ရွှမ်းကို ခေါ်နိုင်ရန် ပြင်ဆင်ထားသည့် ဖုန်းဖန်သားပြင်ကို ကြည့်သည်။ သူသည် တစ်စုံတစ်ရာ ဖြစ်လာခဲ့လျှင် ယန်ရှစ်ရွှမ်းကို ဖုန်းခေါ်ရန် အသင့်ပြင်ထားခဲ့ခြင်း ဖြစ်သည်။ ကယ်ဆယ်ရေးအသင်းဝင်များကို မြင်သောအခါ ပုံမှန်မဟုတ်သလိုပင် ခံစားနေရသေးသည်။ ထို့ကြောင့် တုန်ယင်သော လေသံဖြင့် အတည်ပြုလိုရန် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
သိပ်မကြာခင်က ငိုထားသောကြောင့် သူ၏မျက်နှာပေါ်မှ မျက်ရည်စီးကြောင်းများက ရှိနေသေးသည်။ ထို့အပြင် အသက်ဘေးမှ လွတ်မြောက်အောင် ပြေးလွှားခဲ့သောကြောင့် ဖုန်များကလည်း ညစ်ပတ်ပေရေနေ၏။ ထို့ကြောင့် သူဟာ သနားစရာကောင်းသော်လည်း ရယ်ရသည့် ကြောင်ပေါက်လေးအလား ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ရှိ အဝတ်များက ဖုန်များ၊ ရွံ့များ ပေကျံနေသည်။ သူသည် ဒဏ်ရာ မရသော်လည်း အလွန် သနားစရာ ကောင်းနေသည်။
ကားနှစ်စီးထဲမှ လူများကို ရှာတွေ့ပြီးနောက် ကယ်ဆယ်ရေးအသင်း၏ တာဝန်က ပြီးမြောက်သွားပြီ ဖြစ်သည်။ ကယ်ဆယ်ရေး အသင်းဝင်များကလည်း ဘာကိုမျှ မလုပ်ခဲ့၍သဖြင့် အံ့အားသင့်နေခဲ့၏။ သို့သော် ကျန်းဝူပင်း၏ ပုံစံကို မြင်ချိန်တွင်မူ အံ့အား သင့်သွားရပြန်သည်။
သူတို့သည် သူ့အား စာနာ သနားစိတ်အပြည့်ဖြင့် ကြည့်ပြီး ခေါင်းညိတ်ပြသည်။ ထို့နောက် ကောင်းမွန်သော အဖြေများ ပေးကြ၏။
“ပြီးသွားပြီ ကြည့်ရတာ လူကြီးမင်းယန်က ပြဿနာကို ဖြေရှင်းပေးလိုက်တဲ့ပုံပဲ။ ဒီတော့ မစိုးရိမ်ပါနဲ့”
ကျန်းဝူပင်းက စက္ကန့်အနည်းငယ်ခန့် ကြောင်အသွားပြီးနောက် အော်သည်။ ထို့နောက် လက်မောင်းကို ဖွင့်ပြီး သူ့ကို ပြန်ဖြေသော ကယ်ဆယ်ရေး အသင်းဝင်ကို ပြေးဖက်သည်။ သူသည် မငိုသော်လည်း တစ်ဖက်မှ ကယ်ဆယ်ရေး အသင်းဝင်ကမူ ဆံပင်မွှေးများ ထောင်တက်သွားပြီး သီးမတတ် ဖြစ်သွားသည်။
ယခင်တစ်ခေါက်က ကွေ့တောင်၏ ကယ်ဆယ်မှုတွင် ပါဝင်ခဲ့ဖူးသော ကယ်ဆယ်ရေးအသင်းဝင်များဆိုလျှင် ကျန်းဝူပင်းအား စာနာသနားမှုအပြည့်ဖြင့် ကြည့်ပြီး မေးမြန်းသည်။
109 04
“ဒါရိုက်တာကျန်း မင်းက တော်တော်ကို ကံဆိုးတာပဲ။ ငါ မှတ်မိတာ မှန်မယ်ဆိုရင် အရင်တစ်ခေါက် ကွေ့တောင်မှာလည်း တူတူပဲထင်တယ်။ တော်တော်လေးကို ဆိုးရွားတာပဲ။ ဒီတစ်ကြိမ်မှာလည်း တူတူထင်တယ်_ _ _”
ကြည့်ရတာ ကားနှစ်စီးတည်းတွင် သူတစ်ယောက်တည်းကသာ အဆိုးရွားဆုံး ဖြစ်သည်။
ကယ်ဆယ်ရေးအသင်းဝင်က ကျန်သောစကားကို အပြည့်အဝ မပြောခဲ့ချေ။ သူ ထိုသို့သာ ပြောလိုက်လျှင် ကျန်းဝူပင်းက သတိလစ်သွားမည့် အခြေအနေကို စိုးရိမ်သေးသည်။ သို့သော် သူ၏အမူအယာက အရာအားလုံးကို ပြောလိုက်၏။ ကျန်းဝူပင်းက ပို၍ကျယ်လောင်စွာ အော်လိုက်သည်။
ကျန်းဝူပင်းကို ရှာတွေ့ပြီး ဒဏ်ရာရရှိခြင်း မရှိကြောင်း ဖုန်းကို လက်ခံရရှိပြီးမှသာ ယန်ရှစ်ရွှမ်းက နောက်ဆုံးတွင် စိတ်အေးနိုင်သည်။
ဘုရားကျောင်းနှင့် အဓိကခန်းမထဲတွင် အရာရှိများ၏ လူများနှင့် ပြည့်နှက်နေပြီ ဖြစ်သည်။ ထို့အပြင် ဟိုင်ရွှန်ဘုရားကျောင်းမှ ဘုန်းတော်ကြီးမျာလည်း ရှိနေလေသည်။ အရာရှိများကလည်း ကျွမ်းကျင်ပညာရှင်များကို ခေါ်ပြီး အဓိကခန်းမထဲတွင်ရှိသည့် နံရံဆေးရေးပန်းချီများနှင့် ရုပ်ထုများကို သုတေသန ပြုလုပ်ရန်အတွက် ရှာဖွေလေ့လာခိုင်းထားသည်။ သူတို့သည် အတတ်နိုင်ဆုံး ကြိုးစားပြီး ရှာဖွေကာ ထိုပြဿနာမျိုးကို မည်သည့်ဖြေရှင်းသင့်ကြောင်း လေ့လာသွားရမည် ဖြစ်သည်။
ယခင်နှစ်အနည်းငယ်အတွင်း လူတိုင်းဟာ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင် နိုင်ခဲ့သော်လည်း သတင်းစာများတွင် ပေါ်လာသည့် မှုခင်းများကို မမြင်ခဲ့ဘဲ နေခဲ့သည်တော့ မဟုတ်ချေ။
ထို့ကြောင့် အရာရှိများက တင်းတင်းကြပ်ကြပ် ကာကွယ်ထားသော ခုခံမှုလိုင်း၏ အပြင်ဘက်တွင် ထိုသို့သော ဆိုးယုတ်မှုများကို ကိုးကွယ်မှုများ ရပ်တန့်မှုမရှိကြောင်း သိနေ၏။ ဝံပုလွေရိုင်းတောင်ထိပ်ကဲ့သို့ မတော်တဆမှုများဟာ လက်ရှိနည်းပညာနှင့် သာမာန်မှော်စွမ်းအင်လောက်ဖြင့် ဖြေရှင်း၍ မရသော ကိစ္စမျိုး ဖြစ်သဖြင့်သာ ယာယီ ဘေးဖယ်ထားရခြင်း ဖြစ်သည်။ ထို့အပြင် ပမာဏကလည်း မနည်းပါးချေ။ ထူးဆန်းထွေလာ ကိစ္စတိုင်းကို အမျိုးမျိုးသော အကြောင်းပြချက်ကို အာဏာပိုင်များက ပိတ်ဆို့ထားခဲ့သည်။ သို့မဟုတ်လျှင်လည်း အပြစ်ကင်းစင်သော လူများကို ထိခိုက်မှု မရှိစေရန် လူလွှတ်ကာ ကာကွယ်ထားရ၏။
ဒီအတိုင်း အမြစ်က နုတ်နိုင်သည်ထက် လက္ခဏာများကို ကာကွယ်ရုံသာ တတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဆုံးရှုံးမှုများကို အတတ်နိုင်ဆုံး နည်းပါးအောင် ကြိုးစားနေကြရ၏။
ဆိုးယုတ်သောအရာများ၏ နောက်လိုက်များက နေရာတိုင်းတွင် မီးပွှားများ ချနေကြသေးသည်။ အရာရှိများသည်လည်း သိပ္ပံနည်းမကျသော မတော်တဆမှုများကို ကိုင်တွယ်၍ မောပန်းနေရသည်။ ယခငနှစ်များအတွင်း ဆိုးယုတ်သော သတ္တဝါက များသထက် များလာသည်။ သူတို့၏ တက်ကြွသည့် လှုပ်ရှားမှုများက အာဏာပိုင်များကို ခေါင်းကိုက်သည်အထိ ဖြစ်လာသည်။ သို့သော် သူတို့သည် အရင်းအမြစ်ကို ရှာမတွေ့သေးလေရာ မည်သို့ ဖြေရှင်းသင့်ကြောင်းပင် မသိချေ။
သူတို့သည် ဝံပုလွေရိုင်းတောင်ထိပ်က လမ်းဆုံးလုနီးပါး ဖြစ်နေခဲ့ပြီး တာဝန်ခံ ပုဂ္ဂိုလ်ကိုပင် နေ့တိုင်းလိုလိုပင် ချွေးစေး ပျံစေလုနီးပါး ဖြစ်စေခဲ့သည်။ အထက် ပျံနေစေခဲ့သည်။ ကြီးမားလွန်းသော အရင်းအနှီးများနှင့် မတော်တဆမှုကြီးဟာ နောက်ဆုံးတွင် အောင်အောင်မြင်မြင် ဖြေရှင်းပြီးသွားသည်။ ဒီနေရာမှ သင်ခန်းစာယူ၍ရပြီး အာဏာပိုင်များထံမှ အာရုံစိုက်မှုကိုလည်း ဆွဲဆော င်လိုက်နိုင်သည်။ မူလက ကယ်ဆယ်ရေးအသင်းမှ လူများအပြင် သူတို့ဟာ ယဉ်ကျေးမှု အမွေအနှစ်များကို လေ့လာသော သူများကိုပင် ခေါ်လိုက်သည်။ ထို့အပြင် ဘုရားကျောင်းအသီးသီးမှ ပူးပေါင်းဆောင်ရွက်သော ဘုန်းတော်ကြီးတိုင်းကို ခေါ်၍ ပြဿနာများကို မည်သို့ဖြေရှင်းသင့်ကြောင်း ဆွေးနွေးစေသည်။ ထို့သို့ဖြင့် ထိုပုဂ္ဂိုလ်ကြီးများက ယဲ့လန်တောင်ထိပ်ပေါ်လာရောက်ပြီး လေ့လာကြမည် ဖြစ်သည်။
ထိုအချိန်တွင် အဓိကခန်းမနှင့် ဘုရားကျောင်းအတွင်းတွင် လူများအုံနေသည်။ အမျိုးမျိုးသော လူများ၏ စကားပြောသံများက ဆူပူနေသည်။
လူအများက ပွဲလမ်းအခမ်းအနားမျိုးတွင် တွေ့ရလေ့ရှိသည့် ရုပ်ထုတစ်မျိုးလို ဝိုင်းဝန်းလေးစားကာ ချီးကျူးမှုကို သဘောမကျသည့် ယန်ရှစ်ရွှမ်းသည် အကြောင်းပြချက် တစ်ခုရှာကာ ထိုခန်းမထဲမှ ပေါ်ထွက်လာခဲ့လိုက်သည်။
“ဘာကို ဆိုးယုတ်တဲ့ နတ်ဆိုးလဲ အား လယ်ကွင်းတွေထဲက အစားအစာ ခိုးစားတဲ့အကောင်က အသိစိတ်ဝင်သွားရုံပဲ။ ကျန်တာတွေကိုတော့ ငါ မသိဘူး”
109 05
“ငါနဲ့ ပက်သက်ပြီး ထူးခြားတာ မရှိပါဘူး။ ငါက ဒီအတိုင်း တောထဲက လာတယ်။ မင်းတို့နဲ့ မယှဉ်နိုင်ပါဘူး။ ငါက ဒီအတိုင်း မိသားစုလည်း မရှိဘူး။ ဘယ်ဂိုဏ်းကလည်း မဟုတ်ဘူး။ ဒီအတိုင်း ငါ့ရဲ့ဆရာကလည်း ဘယ်ဘုရားကျောင်းကမှ မဟုတ်ဘူး။ သူက ဒီအတိုင်း လှည့်လည်သွားလာတဲ့ ဘုန်းတော်ကြီး တစ်ယောက်ပဲ။ နာမည်ကြီးတာတောင် မဟုတ်ဘူး။ နောက်ပြီး ငါကလည်း ဆရာသခင် မဟုတ်ပါဘူး။ ငါက ဒီအတိုင်း လမ်းပေါ်မှာ လျှောက်လှည့်လည်သွားလာနေတဲ့ လူတစ်ယောက်ပဲ။ မိစ္ဆာနတ်ဆိုးတွေကို နှင်ပေးပြီး ဒီအတိုင်း ပိုက်ဆံလေး အနည်းအကျဉ်း ယူနေတဲ့လူတစ်ယောက်ပေါ့”
“ဒီအတိုင်း အတွေးမများကြပါနဲ့။ ငါက ကံကောင်းသွားလို့ နေမှာပါ။ ဒါမှမဟုတ် ဒီပြဿနာကို ဖြေရှင်းလို့ ပြီးကာနီးမှ ငါက တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတာလည်း ဖြစ်နိုင်တာပဲ။ ငါ မဟုတ်ရင်လည်း တစ်ယောက်ယောက်က ရှိနေဦးမှာပါ”
“ငါက ကြွက်ကို သတ်လိုက်ပေမဲ့လည်း ဒါက ငါနဲ့မဆိုင်ဘူးနော်။ ဒါက တောင်နတ်ဘုရားက လုပ်သွားပေးခဲ့တာပဲ”
တာအိုဆရာသခင်များ အဝိုင်းခံထားရသည့် ယန်ရှစ်ရွှမ်းက တာအိုဆရာသခင်မာကို စူးရှသော မျက်လုံးဖြင့် မြင်လိုက်ရသောအခါ သူ၏မျက်ဝန်းက တောက်ပသွားသည်။ ချက်ချင်းဆိုသလို တာအိုဆရာသခင်မာကို လက်ညိုးထိုးပြီး လှမ်းပြောလိုက်သည်။
“ဟိုမာ ဟိုင်ရွန်ဘုရားကျောင်းက တာအိုဆရာသခင်မာ ရှိနေတယ်။ သူက လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကတည်းက ဒီနေရာကို ရောက်လာခဲ့တာ။ တာအိုဆရာသခင်မာက ယဲ့လန်တောင်ထိပ်အကြောင်း အရင်ဆုံး သိတာပဲ။ မင်းတို့တွေ ဘာပဲမေးစရာရှိရှိ သူ့ကို သွားမေးပါလား။ သူက ငါ့ထက် ပိုသိတယ်။ ငါက ဘယ်လိုပဲ ဖြစ်ဖြစ် ဘုန်းတော်ကြီး အစစ်တောင် မဟုတ်ဘူးလေ”
******