110 01
အပိုင်း(၁၁၀)
ထိုဆရာသခင်များနှင့် ကျွမ်းကျင်ပညာရှင်များဟာ သူသည် ဒီနေရာတွင် ရှိနေသည့် ကိစ္စနှင့် ပက်သက်ပြီး သံသယ မဝင်ကြချေ။ သူတို့သည် သတိလက်လွတ် ယန်ရှစ်ရွှမ်း ညွှန်ပြသော ဘက်သို့ ကြည့်လိုက်ပြီး ဆရာသခင်မာကို သွားဝိုင်းသည်။
ယခုလေးတင် သတိလစ်နေသော အန်တိုနီကို မြေအောက်ဂူဘုရားကျောင်းထဲမှ သယ်လာပြီး ဆေးဝါးအသင်းကို လွှဲပြောင်းပြီးကာစ ဆရာသခင်မာသည် အမောတကော အသက်ရှူနေခြင်း ဖြစ်သည်။ သူက ကောင်းကောင်း အသက်မရှူနိုင်သေးခင် တစ်ချက်မော့ကြည့်လိုက်သောအခါ သက်တူရွယ်တူ တစ်အုပ်က သူ့ကို ဝိုင်းနေကြောင်း မြင်လိုက်ရ၏။
“ဟင်”
တာအိုဆရာသခင်မာက စိတ်ရှုပ်ထွေးသွားသည်။ ယန်ရှစ်ရွှမ်းက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ထိုအခန်းထဲမှ ထွက်ပြေးလာခဲ့သည်။
နံရံကိုမှီကာ ယန်ရှစ်ရွှမ်း လုပ်သမျှ အရာအားလုံးကို စောင့်ကြည့်နေခဲ့သည့် ယဲ့လီက ပြုံးလိုက်ပြီး လက်ပိုက်ထားသည့် လက်ကို ဖြည်ချလိုက်ပြီး နောက်မှ လိုက်သွားသည်။ သူသည် လူတိုင်းကို ဖြတ်သွားသည်။ နောက်ဘက်ခြံဝန်းမှ ဘုန်းတော်ကြီးနှင့် မည်သည်ကမှ သူ၏ထွက်ခွာသွားမှုကို သတိမထားမိကြချေ။
မဟုတ်ဘူး။ ဘယ်သူကမှ သူ့ရဲ့တည်ရှိမှုကိုတောင် သတိမထားမိဘူးလို့ ပြောသင့်တာပေ။
သိသာစွာဖြင့် ယဲ့လီ၏ ထူးခြားသော ရုပ်ရည်သွင်ပြင်နှင့် ခန္ဓာကိုယ်ဟာ မည်သည့်နေရာသို့ သွားသွား လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် လွယ်ကူလွန်းသည်။ သို့သော် သူကသာ သူ့ကို ရှာမတွေ့စေချင်လျှင် အရှိန်အဝါ အားလုံးကို ချုပ်ထိန်းထား၍ ရသည်။ သူ၏ တည်ရှိမှုကို အနိမ့်ဆုံးသို့ပင် လျော့ချထား၍ ရ၏။ ထိုသို့ဖြင့် လေထဲသို့ ပျော်ဝင်သလိုမျိုး မည်သူကမှ သတိထားမိလိမ့်မည် မဟုတ်ချေ။
ယန်ရှစ်ရွှမ်းကမူ ချွင့်ယွင်းချက် ဖြစ်၏။ သူသည် တစ်ဖက်လူသားမျှလွဲပြီး မည်သည့် လူသား အပနှင်ဆရာကိုမျှ စိတ်ဝင်စားမှု မရှိချေ။
ယဲ့လီသည် မျက်မှောင်ကိုပင် မကြုတ်ဘဲ လူတိုင်းကိုပင် အသာအယာ ကျော်ဖြတ်သွားသည်။
မည်သည့်ကိုမှ အာရုံစိုက်မှု မရှိချေ။ သူသည် အာရုံစိုက်မှုဟာ ယန်ရှစ်ရွှမ်း၏ ကျောပြင်တွင်သာ ရှိနေသည်။
ဘုန်းတော်ကြီးပင် ဖြစ်စေ၊ တာအိုပညာရှင်ပင် ဖြစ်စေ သူသည် လွန်ခဲ့သော နှစ်တစ်ထောင်ကာလအတွင်း ပမာဏပေါင်းများစွာ မြင်တွေ့ခဲ့ပြီးလေပြီ။
သူသည် အစနှစ်ရာပိုင်းတွင် မျှော်လင့်ချက် ရှိခဲ့သေးသည်။ ထို့ကြောင့် သူ ရှာသထက် ရှာသေး၏။ လူအမြောက်အမြား တွေ့ခဲ့သည်။ ထိုအခါ ပို၍ပို၍သာ စိတ်ပျက်ခဲ့ရသည်။ နောက်ဆုံးတွင်မူ အရှာကို ရပ်လိုက်ပြီး ဘာကိုမှ မတုန့်ပြန်တော့ခြင်း ဖြစ်သည်။
ထိုသို့ဖြင့် ဒီလောကအတွင်း မျှော်လင့်ချက် မရှိတော့ချေ။
ယဲ့လီသည် မျက်လွှာအသာချလျက် အဓိကခန်းမအောက်မှ ကယ်ထုတ်လာသည့် ဆိုးရွားသော အလောင်းကို ကြည့်သည်။ ထို့နောက် တွေးလိုက်၏။
သူ၏ သွေး၊ သူ၏ ဘဝ၊ သူ၏အသက်စွမ်းအား အားလုံးကို မြှပ်နှံထားသော ဘဝအတွက် သူက သွေးများ စိုရွှဲလျက် တိုက်ပွဲနယ်မြေထဲမှာ သေဆုံးပြီး ကုန်းထွက် လာခဲ့ရသည်အထိ ရင်းနှီးမြှပ်နှံထားသော လောကအတွက် ဘယ်အရာကမှ အမှန်တကယ် မပြောင်းလဲသွားခဲ့ချေ။ မည်သူကမှ ကယ်တင်ရန် မထိုက်တန်ပေ။
သိသာစွာပင် သူသည် မိစ္ဆာသရဲများကို နှင်ထုတ်နိုင်သော တာအိုဘုန်းတော်ကြီး တစ်ယောက် ဖြစ်သင့်သည်။ မိစ္ဆာသရဲများကို နှိမ်နင်းသင့်၏။ လစ်လျူရှု ခံထားရသော သရဲများအတွက် တရားမျှတမှုကို တိုက်ထုတ်ယူပေးသင့်သည်။ သို့ရာတွင် ထိုဘုန်းတော်ကြီးများသည် ကြွယ်ဝမှု ကံကြမ္မာကောင်း၊ ရွှေငွေ ရတနာများကိုသာ မြင်သည်။ ပါရမီကိုသုံးပြီး အမြင့်သို့ တက်လျက် အာဏာပိုင်များကို ဖားကာ လောကအတွင်း အတုအယောင် ဂုဏ်သတင်းကို အရယူရန် ကြိုးစားကြသည်။ ထိုသို့ဖြင့် မူလက ကောင်းကင်နှင့် မြေပြင်က ချီးမြှင့်ထားသည့် လက်ဆောင်များကို ဖီဆန်သွားသည်။ သို့မဟုတ်လျှင်လည်း ကောင်းကင်နှင့်မြေပြင်က မြှင့်တက်စွာ လိုက်နာရမည့် စည်းကမ်းများကို လိုက်နာရမည် မသိဘဲ ချိုးဖောက်သွားခဲ့၏။ ထို့အပြင် ဆိုးယုတ်သော သူများကို ကာကွယ်ပေးပြီး တစ္ဆေသရဲကောင်းများကို နှိမ်နင်းသတ်ဖြတ်ခဲ့သည်။
ယဲ့လီ၏ မူလက မျှော်လင့်ချက်က အေးစက်သော စိတ်ပျက်မှုများအသွင် ပြောင်းလဲသွားရသည်။
110 02
ထို့ကြောင့် သူသည် လူသားလောကမှ တောင်းဆိုမှုများကို ဘယ်သောအခါမှ မတု့န်ပြန်တော့ချေ။ ထို့အပြင် ထိုဘုန်းတော်ကြီးများအား သူ၏တည်ရှိမှုနှင့် ပုံရိပ်ကို မြင်ခွင့်ပင် မပေးချင်တော့ချေ။
ယဲ့လီ၏ မဲမှောင်သော မျက်ဝန်းက ယန်ရှစ်ရွှမ်း၏ လည်တိုင်တွင်သာ ရှိနေသည်။ ထိုနေရာတွင် သူ၏ဆံပင်များက အုပ်နေ၏။ သို့သော် သူသည် စိတ်လွတ်သွားပြီး အတိတ်မှ မြင်ကွင်းများကို ပြန်လည် အာရုံစိုက်မိသွားချိန်တွင် သူ၏ အကြည့်က တစ်ဖက်သူ၏ ခါးထံ ရောက်သွားသည်။
ယန်ရှစ်ရွှမ်း၏ သွယ်လျသော ကိုယ်က နေရာတိုင်းတွင် ချောမွေ့သော လိုင်းကြောင်းများနှင့် ပြည့်နှက်နေသည်။ ထိုအချက်သည့် ပြိုင်ဘက်ကင်းသော အလှတရားကို ပိုင်ဆိုင်ထားသည့် အလှတရားမျိုး ဖြစ်သည်။ ကျားသစ်တစ်ကောင်က အချိန်မရွေး လွှတ်ထုတ်နိုင်သည့် သန်မာလွန်းသော တိုက်ပွဲဝင်စွမ်းအားများကို ဖောက်ထုတ်သုံးနိုင်ပြီး တစ်ကိုက်တည်းနှင့် သားကောင်ကို ကိုက်သတ်နိုင်သော ဖြတ်လတ်သည့် ထက်ရှမှုမျိုးကို ပိုင်ဆိုင်ထားသလိုမျိုး ဖြစ်သည်။ သို့သော် သူက သူ၏ လက်ဖဝါးတွင် ထက်ရှသော လက်သည်းကို လက်ထက်ထဲသို့ ပြန်လည်ရုတ်သိမ်းလျက် ဘေးဘက်ခြမ်းတွင် ပျင်းရိစွာလှဲပြီး အမြှီးကိုပင် ယမ်းနေတတ်သေးသည်။
ယဲ့လီ၏ ထင်မြင်ချက်အရ ယန်ရှစ်ရွှမ်းသည် ထိုသို့ဖြင့် စိတ်ဝင်စားစရာကောင်းပြီး ချစ်စရာကောင်းသော လူမျိုးဖြစ်သည်။
ဘယ်သူက အင်အားကြီးလွန်းတဲ့ ကြောင်မျိုးနွယ်ကို မချစ်ကြလို့လဲ။
တိုက်ပွဲအတွင်းတွင် ထက်ရှာသော လက်သည်းတစ်ချက်က ရန်သူ၏ လက်သည်းကို ခြေမွနိုင်သည်။ သို့သော် ထိုလက်ဖဝါးလေးက တစ်ခါတစ်ရံတွင် ပျင်းတိပျင်းရွဲ့စွာနှင့် ထိနေခြင်းက လူအများအား လက်ယားလာစေပြီး ရှေ့တက်လျက် ထိတွေ့ချင်စိတ်ကို မထိန်းနိုင်အောင် ဖြစ်လာစေသည်။
သို့ရာတွင် ယဲ့လီသည်လည်း ရုတ်တရက် ယန်ရှစ်ရွှမ်း၏ ခန္ဓာကိုယ်က ကောင်းမွန်လွန်းကြောင်း သိလိုက်ပြန်သည်။ သူသည် လူသားများ၏ အလှတရားအပေါ် အာရုံခံစားစိတ် မရှိသလို တစ်နှစ်ပတ်လုံး လူသားလောကနှင့် ကင်းဝေးသော တစ္ဆေနေရာတွင် နေနေခဲ့ရသည့်တိုင်အောင် လှုံ့ဆော်ခံရသေးသည်။
ယန်ရှစ်ရွှမ်းသည် မတ်မတ်ရပ်ပြီး လမ်းလျှောက်နေသည့်အချိန်တွင် ပို၍ပင် ဆွဲဆောင်မှု ပြင်းသေးသည်။ အထူးသဖြင့် နောက်ကျောဘက်မှ ကြည့်ရသော မြင်ကွင်းဖြစ်သည်။ သူ၏ ခြေတံရှည်များက ဆန့်ထုတ်လိုက်သောအခါ သူ၏တင်နှင့် ခြေထောက်ရှိ ကြွက်သားများက လှပသော ကောက်ကြောင်းများအဖြစ် ဆန့်ထုတ်သွားလေ့ရှိပြီး ပေါက်ကွဲစွမ်းအား အလှတရား ပြင်းထန်လွန်းသည့် အလှတရား ဖြစ်လာသည်။
လူအများက သူ၏ခွန်းအားကိုလည်း အထင်မသေးရန် အော်ဟစ်စေသေးသည့်အပြင် ပြင်းထန်သော စွမ်းအားကို ခံစားမိသောကြောင့် ပို၍ပင် ဆွဲဆောင်ခံရသေးသည်။
ထိုလှိုင်းကြောင်းများနှင့် အကွေးအကောက်များက ပိန်ပါးသော ကိုယ်ကို ကွတ်တိဝတ်ဆင်ထားသည့် ဘောင်းဘီရှည်များကို ပို၍ပင် ထင်းထွက်စေလေသည်။ ထို့ကြောင့် လူအများကို ပို၍ပင် ပေါ်ပေါက်လာစေသည်။
ယဲ့လီက မျက်လုံး မလွှဲနိုင်တော့ချေ။
ယန်ရှစ်ရွှမ်းသည် မူလကမူ ဧည်သည်များနေသော အခန်းအတွင်းသို့ ပြန်ချင်ခဲ့သည်။ သို့သော် သူက လမ်းလျှောက်နေချိန်တွင် တစ်စုံတစ်ယောက်ဟာ သူ့ကို နောက်ဘက်မှ ကြည့်သလို ခံစားလိုက်ရသည်။
ပူပြင်းသော အကြည့်က သူ့အား တစ်ကိုယ်လုံးကို မသက်မသာ ဖြစ်သွားစေသည်။ ပုခုံးညို့ရိုးများကကင် အလိုအလျောက် ပြိုလဲကျလုနီးပါး ဖြစ်သွား၏၊ ခြေထောက်အောက်မှ ကြွက်သားများက တင်းကြပ်သွားပြီး အချိန်မရွေး အားကို စိုက်ထုတ်နိုင်ရန် ပြင်ဆင်ထားလိုက်သည်။
ယန်ရှစ်ရွှမ်းက နောက်ဘက်သို့ ရုတ်တရက် ကြည့်လိုက်သောအခါ သူ၏အနောက်ဘက်မှ တောက်လျောက်ကြည့်နေခဲ့သော အမျိုးသားက ထိတ်လန့်မှု မရှိဘဲ အကြည့်လွှဲသွားကြောင်း တွေ့လိုက်သည်။ ထို့နောက် တစ်ဖက်ပြန်လှည့်ပြီး သူ့ကို ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ တစ်ခုခု မေ့ခဲ့လို့လား”
ယဲ့လီက တည်ငြိမ်စွာ မေးသည်။ ယန်ရှစ်ရွှမ်းက တစ်ဖက်သူကို သံသယအပြည့်ဖြင့် ကြည့်သည်။ ထို့နောက် ဘေးဘက်သို့ ကြည့်ပြန်၏။ သို့သော် အကြည့်ဟာ ပျောက်သွားသည်။ ထို့ကြောင့် တရားခံကို မရှာနိုင်တော့ချေ။
“မရှိပါဘူး”
ယန်ရှစ်ရွှမ်းက ကြွက်သားများကို ပြန်လည် ဖြေလျော့လိုက်သည်။ သို့သော် သတိလက်လွတ် မျက်မှောင် ကြုတ်မိနေသေးသည်။ ထို့နောက် ထိုအမျိုးသားဟာ မည်သည့်အတွက်ကြောင့် သူ့နောက် လိုက်နေရကြောင်း သိသွားပြန်သည်။
မနေ့ညက သူဟာ အဓိကခန်းမထဲသို့ သွားခဲ့ချိန်တွင် သူဟာ နောက်မှလိုက်ခဲ့သည်။ ထို့အပြင် ဆိုးယုတ်သောအကောင်ကို သွားသတ်ချိန်တွင်လည်း လိုက်ပါခဲ့သည်။ ယခုအခါ နောက်မှ လိုက်လာသေးပြန်သည်။
ဒါက သုံးနှစ်အရွယ် မူကြိုကလေးလား။ တခြားသူတွေရဲ့ နောက်က လျှောက်လိုက်ရတာကို ကြိုက်တာပဲလား။
ယန်ရှစ်ရွှမ်းက တွေးသည်။ ထို့ကြောင့် မေးရန် ပြင်ဆင်ထား၏။
110 03
သူသည်လည်း မှတ်မိနေသေးသည်။ ဒါရိုက်တာ၏လက်ထောက်က သူ့ကို စတွေ့ခဲ့ချိန်က သယ်ဆောင်လာပေးသော မသက်မသာဖြစ်သည့် ခံစားချက်တစ်မျိုးက ထူးခြားသည်။ သူသည် ထိုအမျိုးသားများကို ရင်ဆိုင်ရာတွင် ဘယ်သောအခါမှ စိတ်လက်ပေါ့ပါးရဖူးခြင်း မရှိချေ။ သို့သော် သဘာဝအလျောက်ပင် ကျန်းဝူပင်းကို ရင်ဆိုင်ချိန်လောက် သူ၏အမူအယာက ပေါ့ပါးမနေပေ။ ထို့အချက်အပြင် သူဟာ စတွေ့ကာစ လူများကို လေးလေးနက်နက် ပြန်ပြောပြန်သော လူမျိုးလည်း မဟုတ်ပြန်ချေ။
ယခုလေးတင် အတိတ်ကို ပြန်လည်မှတ်မိသွားသောကြောင့် အေးစက်သော ယဲ့လီမျက်လုံးများက ယန်ရှစ်ရွှမ်း၏ မေးခွန်းကို ကြားချိန်တွင် အလိုလျောက်ပင် ပြုံးမိသွားသည်။
“မင်းထွက်လာရတဲ့ အကြောင်းပြချက်ကြောင့် ငါလည်း ထွက်လာရတာပေါ့”
ယဲ့လီ၏အမူအယာဟာ သဘာဝကျလွန်းသဖြင့် အမှားအယွင်း ရှိသည်ဟုပင် မထင်ရချေ။ သူသည် သာမာန်ကာလျှံကာသာ ပြောသည်။
“မင်းက လူတစ်အုပ် အဝိုင်းခံရတာကို မုန်းတယ် မဟုတ်လား။ ငါလည်း တူတူပဲပေါ့”
“ဒါပေမဲ့ မင်းက စိုက်ကြည့်တာ ခံရရင်တော့ တစ်မျိုးပေါ့”
“မစိုးရိမ်ပါနဲ့။ ငါ မင်းနောက်ကို လိုက်နေတာ မဟုတ်ဘူး။ ရှောင်ယန်ရှစ်ရွှမ်းလေး မစိုးရိမ်ပါနဲ့။ ငါက မူကြိုကလေးတွေကို ပြန်ပေးဆွဲတတ်တဲ့ လူမျိုး မဟုတ်ပါဘူး”
ယဲ့လီက သဘောတကျ ရယ်သည်။ သူ၏ ရင်ဘတ်ကပင် လှုပ်ခါသွားသည်။
“ငါ့ကို ထိတ်လန့်မနေနဲ့။ ငါက မင်းကို နာကျင်အောင် လုပ်မှာ မဟုတ်ဘူး။ ဒီအတိုင်း ငါ့ရဲ့ဦးတည်ရာက မင်းရဲ့ဦးတည်ရာ ဖြစ်နေတာ။ တကယ်တော့ တိုက်တိုက်ဆိုင်ဆိုင် အတူတူ သွားဖြစ်တာပေါ့”
ယန်ရှစ်ရွှမ်းသည် သူ၏ယခင် စုံစမ်းစစ်ဆေးမှုများကြောင့် တောင်ဘုရားကျောင်းနှင့် အလွန်ရင်းနှီးနေပြီ ဖြစ်သည်။ အလိုအလျောက်ပင် ဒီနေရာ ဧည့်သည်များ အနားယူသော နေရာသို့ သွားသည့် လမ်းကြောင်းကို နားလည်နေပါ၏။
ကျန်သောလမ်းကြောင်းများက မိုးကြောင့် ရွံ့များ ထူထပ်နေလောက်သည်။ နင်းလိုက်သောအခါ ရွံ့များ လာစင်နိုင်သေး၏။ ထို့အပြင် ဤလျှောက်လမ်းတွင်သာ လေဒဏ်မိုးဒဏ်ကို ကာထားပေးသော တံစက်မြိတ်အပြင် တိုင်လုံးများ ရှိနေသည်။ ထို့အပြင် လမ်းလျှောက်ရလည်း လွယ်သည်။ လူအများစုက ဒီလမ်းကို ရွေးချယ်ခြင်းက နားလည်ထိုက်သည်။
သို့သော် ယဲ့လီအမည်ရသော တစ်ဖက်သူဟာ သူ၏နောက်မှ တမင်တကာ လိုက်နေခြင်း ဖြစ်သည်ဆိုသော ခံစားချက်က အလိုအလျောက်ပင် ရသည်။ ယန်ရှစ်ရွှမ်းက ထိုအမျိုးသားကို အထက်အောင် စုန်ဆန်ကြည့်လိုက်ပြီး သူ၏မျက်လုံးထဲတွင် သံသယများက ပြည့်နှက်နေသေးသည်။
သို့သော် လမ်းဟာ ရှေ့တွင်ရှိနေသည်။ သူသည် မောက်မာထောင်လွှားပြီး သူက လွဲပြီး မည်သူကမှ ဒီနေရာကို အသုံးမပြုသင့်ဟု ပြော၍လည်း မသင့်ပေ။ ထို့ကြောင့် ရှေ့ဆက် လျှောက်လိုက်သည်။
ယန်ရှစ်ရွှမ်းက ယခုလေးတင် ခံစားရသော ခံစားချက်အတိုင်း တည်ငြိမ်အေးဆေးခြင်း မရှိတော့ချေ။ သူသည် အနက်ရှိုင်းဆုံးအပိုင်းသို့ ထိုးကျသွားသည့် အတွေးများကို ပြန်လည်ဆွဲ ထုတ်လိုက်သည်။ အထူးသဖြင့် တာအိုဆရာသခင်၏နာမည်ကို ထုတ်ပြောသွားခဲ့ချင်သည်။ သူက ခြေတစ်လှမ်း လှမ်းပြီးချိန်တိုင်း မကြာခဏဆိုသလို နောက်ပြန်လှည့်ကြည့်သောအခါ အမျိုးသား၏ သံသယဝင်နေသော မျက်လုံးမျိုးကို မြင်ရသည်။ ယန်ရှစ်ရွှမ်းသည် ထိုအမျိုးသား ဆိုးရွားသော တစ်စုံတစ်ရာကို လုပ်သည့်အခိုက်အတန့်ကို ဖမ်းချင်နေသော ပုံပေါ်နေပါ၏။
ယဲ့လီကမူ သူ၏အရှေ့မှ မကြာခဏဆိုသလို နောက်ပြန်လှည့်ပြီး သူ့ကို လှပသော မျက်လုံးများဖြင့် ကြည့်ကြည့်လာသည့် အထိတ်တလန့်ဖြစ်နေသော ကြောင်ပေါက်လေးကို ကြည့်လိုက်သည်။
တစ်ဖက်သူသည် သူ့ကြောင်ကို ကြည့်ချင်နေပုံရသည်။
သူ၏ထက်ရှကာ မြင့်မားသည့် မျက်ခုံးများက ပင့်တက်သွားသည်။ သို့သော် မျက်လုံးက အပြုံးကမူ ပြင်းထန်၍သာ လာသည်။ အမြဲတစေ ခံစားချက်မဲ့နေသော ရုပ်ထုအလား ဖြစ်နေခဲ့သည် ချောမောသော မျက်နှာကမူ ရှားပါခဲ့သည့် ခံစားချက်ကို ထုတ်ပြလာပြီး ပို၍ပင် အသက်ဝင်ကာ ကြည့်ကောင်းလာသည်။
ယဲ့လီဟာ သူ၏လက်ဖဝါးများကို အပြစ်ကင်းစွာ ဖြန့်ပြလိုက်ပြီး သူ ဘာမှမလုပ်လိုပါကြောင်း ဖော်ပြသည်။
ယန်ရှစ်ရွှမ်းက သံသယအပြည့်ဖြင့် ပြန်လှည့်သွားပြန်သည်။ ထို့နောက် တဖြည်းဖြည်းချင်း ရှေ့ဆက်လျှောက်သည်။
လေမိုးဒဏ်မှ လွတ်မြောက်ခဲ့သည့် လျှောက်လမ်းဟာ တစ်ယောက်တည်း လမ်းလျှောက်ချိန်တွင် လူတစ်ယောက်ကို အတွေးနက်သွားစေလောက်အောင် လုံလောက်သည်။ သို့သော် နှစ်ယောက်ဟာ မကြာခဏ နောက်လှည့်လိုက်၊ ရပ်လိုက် ဖြစ်စဉ်တစ်ခုတွင် မွေ့လျော်နေသောကြောင့် ပို၍ပင် စည်ကားပြီး တက်တက်ကြွကြွ ရှိသွားပုံပေါ်သည်။
110 04
ဧည့်သည်များ နေထိုင်ရာဘက်သို့ ရောက်သွားသည့်အခါ ယန်ရှစ်ရွှမ်း၏ သံသယက အားနည်းသွားခြင်း မရှိလေဘဲ တစ်စုံတစ်ရာကို လွတ်သွားသလို ခံစားနေရသည်။ ဒီလူက ဘာဖြစ်တာလဲ။
သူသည် တစ်ဖက်သူနှင့် ပက်သက်ပြီး ဒါရိုက်တာ၏လက်ထောက်သာ ဖြစ်နေခြင်း မဟုတ်လောက်ကြောင်း ထူးဆန်းသော နေသည်မှာ_ _ _
“ယန်ကော လား”
ယန်ရှစ်ရွှမ်းအကြောင်း တွေးနေသော အန်းနန်ယွမ်က ယန်ရှစ်ရွှမ်း၏ ပုံရိပ်ကို အကင်းပါးစွာ လှမ်းမြင်လိုက်ပြီး ချက်ချင်းဆိုသလို အော်ခေါ်သည်။
“ငါလည်း ယန်ကောရဲ့ အခွဲဖန်သားပြင်ကို ကြည့်လိုက်တယ်။ ယန်ကောက တအားတော်တာပဲ။ ယန်ကော ဘယ်လိုများ လုပ်လိုက်တာလဲ။ ခြေကန်ချက် တစ်ချက်တည်းနဲ့ နံရံကို ဖောက်ခွဲလိုက်တာ။ ယန်ကော ယန်ကော ကွန်ဖူးတတ်တာလား။ ရုပ်ရှင်ထဲမှာအတိုင်းပဲ။ ငါ့ကို သင်ပေးပါလား ဒါလေးလေ”
အန်းနန်ယွမ်က စိတ်လှုပ်ရှားသော အသံဖြင့် ယန်ရှစ်ရွှမ်းကို အတွေးထဲမှ ရုန်းထွက်အောင် ခေါ်ထုတ်လိုက်သည်။ ယန်ရှစ်ရွှမ်းသည် ခေါင်းကို မော့လျက် ခြံဝန်းထဲသို့ ကြည့်သည်။
ဆေးဝါးကုသရေအသင်းက ရောက်ရှိနေပြီဖြစ်သည်။ ဥပမာအားဖြင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားသော သရုပ်ဆောင်ကျောင်းကျန်းကို ကုသမှုခံယူရန်အတွက် ခေါ်ဆောင်သွားခဲ့ပြီ ဖြစ်သည်။ သူ့ကိုလည်း ပိုးသတ်ကာ ပတ်တီးများ စည်းပေးနေပြီ ဖြစ်သည်။
ကျန်သော ဧည့်သည်များက မနေ့ညက အတွေ့အကြုံကြောင့် အနည်းငယ် ကြောက်ပြီး စိတ်ဓာတ်ကျနေပုံပေါ်သော်လည်း သူတို့၏ ကျန်းမာရေးအခြေအနေက ပြင်းထန်ခြင်း မရှိပါချေ။ လက်ရှိအခြေအနေတွင် မေးခွန်းအမေးခံရပြီး ဖြေပေးနေရုံသာ ဖြစ်သည်။ ဒီနည်းအားဖြင့် ရှာတွေ့ခြင်းမရှိသည့် ဒဏ်ရာများ မရှိအောင် သေချာရန်လုပ်နေကြခြင်း ဖြစ်သည်။
အန်းနန်ယွမ်ကမူ မေးခွန်းအမေးခံရပြီးကာစ ဖြစ်သည်။ သူက ယန်ရှစ်ရွှမ်းကို မြင်ပြီး ချက်ချင်းလိုလို ထိုင်ခုံမှ ပြေးထလာပြီး ယန်ရှစ်ရွှမ်းကို ပြေးလာခဲ့ခြင်း ဖြစ်သည်။ သူ့ကို မှီခိုပြီး မေးခွန်းမေးပြီးကာစ ဆေးဝန်ထမ်းက ခလုတ်ကိုပင် မနှိပ်သေးခင် မော့ကြည့်လာသည်။ ယခုလေးတင် အေးအေးဆေးဆေး ဖြစ်နေသည့် အန်းနန်ယွမ်က တက်ကြွနေကြောင်း မြင်လိုက်ရသည်။ အန်းနန်ယွမ်သည် ယန်ရှစ်ရွှမ်း စိတ်လှုပ်ရှားစွာဖြင့် ပတ်ကာ ခုန်ပေါက်ရင်း မေးခွန်းများကို မေးသည်။
ယန်ရှစ်ရွှမ်းက အန်းနန်ယွမ်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုသို့ဖြင့် တစ်ဖက်သူ၏ ခန္ဓာကိုယ်၏ အခြေအနေဟာ ကောင်းမွန်ကြောင်း သေချာသွားသည်။
ပြင်းထန်သော ကိစ္စများ မရှိသော်လည်း ကြောက်လန့်ခဲ့ပြီးနောက်တွင် တစ်ဖက်သူ၏ဝိဉာဉ်ဟာ အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်။ ထို့ကြောင့် အန်းနန်ယွမ်အား စိတ်တည်ငြိမ်စေရန် အဆောင်လက်ဖွဲ့တစ်ခုကို ခန္ဓာကိုယ်တွင် ဆောင်ထားရန် ပေးရုံသာ လိုအပ်လေသည်။ ကျန်သောကိစ္စများကို စိုးရိမ်ရန် မလိုအပ်ပါချေ။
“မင်းက သေချင်နေတာလား”
ယန်ရှစ်ရွှမ်းက တိုက်ပွဲအောက်မှ ထွက်လာပြီးကာစ ဖြစ်သော နေရောင်အောက်တွင် နွေးထွေးပေါ်နေသည်။ သူသည် ပျင်းရိစွာ နေလိုက်၏။
အန်းနန်ယွမ်၏ မျက်လုံးက တောက်ပသွားပြီး ဖြစ်သည်။
ဘယ်ကလေးက သိုင်းမသင်ချင်လို့လဲ။
သူသည် ရုပ်ရှင်ထဲက ကွန်ဖူးပညာရှင်များအတိုင်း ရူးသွပ်လောက်အောင် ပြင်းထန်သည့် အင်အားမျိုးကို ပိုင်ဆိုင်ထားသည့် ဆရာသခင်တစ်ယောက် ဖြစ်ချင်နေသည်။
အထူးသဖြင့် ယန်ရှစ်ရွှမ်းက ထိုအကောင်ကို လှုပ်ရှားကွက်များကို မြင်ခဲ့ရချိန်တွင်ဖြစ်သည်။
အန်းနန်ယွမ်ဟာ ယန်ရှစ်ရွှမ်း၏ ပြင်းထန်ကာ သပ်ရပ်သော လုပ်နိုင်စွမ်းအားကြောင့် အသက်ရှူရပ်ပြီး မေ့လျော့သည်အထိ စိတ်လှုပ်ရှားခဲ့ရသည်။ သူ၏နှလုံးသားက တိုးခုန်ပြီး သွေးများက ဆူပွက်ခဲ့ရသည်။ သူသည် ဖန်သားပြင်အရှေ့တွင်ရပ်ကာ ယန်ရှစ်ရွှမ်းကို အားပေးခဲ့သေးသည်။
ထိုအခိုက်အတန့်တွင် သူသည် ယန်ရှစ်ရွှမ်း၏ မေးခွန်းကို ကြားလိုက်ရလေရာ အခွင့်အရေး ရောက်ရှိလာပြီဟု သိလိုက်ပြီး စိတ်လှုပ်ရှားသွားသည်။ သို့သော် ယန်ရှစ်ရွှမ်း၏ သံလိုက်လို ဆွဲဆောင်မှုပြင်းသော အသံက ပျင်းရိစွာ ထွက်လာသည်။
“ဆောင်းတွင်းမှာ စမ်းကျိုအထိ လေ့ကျင့်၊ နွေရာသီမှာ စမ်းဖူအထိ လေ့ကျင့်ရမယ်။ ည၁၀နာရီမှ အိပ်ယာဝင် မနက်၅နာရီမှာ ပုံမှန်အိပ်ယာထ။ မနက်စောစောထ လေ့ကျင့်ခန်းလုပ်။ အလေးတုံးမပြီး ၅၀ကီလိုမီတာကို အရင်ပြေး။ အဲဒီနောက် လက်ဝှေ့ထိုးကျင့်။ အဲဒီနောက် ဓားသိုင်းကျင့်။ အဲဒီနောက် သေနတ်သွားကျင့်။ နောက်ပြီး ပုဆိန် နောက်ပြီး ချိတ်ကောက် နောက်ပြီး ခရင်းခွ_ _ _ အရာတွေအားလုံးကို သုံးပြီးကျင့်”
အန်းနန်ယွမ်က အံ့ဩလွန်းသဖြင့် ပါးစပ်ပင် မပိတ်နိုင်ချေ။ သူသည် ယန်ရှစ်ရွှမ်း၏ စကားအတိုင်း လိုက်ရွတ်ကြည့်ရင်း သူ၏စိတ်လှုပ်ရှားမှုများက ရေတံခွန်အလောင်းခံရသည့် မီးတောက်အလား ငြိမ်သက်သွားသည်။ ထိုသို့ဖြင့် မီးငြိမ်းပြီးကာစ ထွက်လာသော မီးခိုးများနှင့် ကျန်ရစ်သည်။
******