111 01
အပိုင်း(၁၁၁)
“ငါ အတွေးလွန်သွားတာပဲ။ တကယ်တော့ ငါ အိုင်ဒေါလ်တစ်ယောက် အနေနဲ့ အကလေ့ကျင်တာ ပိုပြီး ကောင်းမယ် ထင်တယ်။ နေပါဦး နေပါဦး။ တစ်ရက်မှာတော့ ငါ မာရသွန်အပြေးပြိုင်ပြီး ယန်ကောဆီကနေ လာသင်ပါဦးမယ်”
အန်းနန်ယွမ်က ကြောက်လန့်မှုအပြည့်ဖြင့် နောက်တွန့်သွားသည်။ သူသည် တစ်နှစ်ပတ်လုံး ကခုန်သောကြောင့် သူ၏ခွန်အားဟာ မနှိမ့်သော်လည်း သာမာန်လူများအတွက်သာ ဖြစ်သည်။
ယန်ရှစ်ရွှမ်းကိုသာ ဥပမာ ထားကြည့်မည်ဆိုလျှင် တစ်ဖက်သူ ရင်ဆိုင်မှာက နေရာတွင်ပင် ပွဲချင်းပြီး သေသွားလောက်သည်။ ယန်ရှစ်ရွှမ်းသည်လည်း အန်းနန်ယွမ်၏ ကြောက်လန့်မှုကို မြင်သောအခါ ခပ်တိုးတိုး ရယ်လိုက်သည်။
အမှန်တကယ်အားဖြင့် သူသည်လည်း ထိုသို့ မကျင်ခဲ့ပါချေ။ ဒါဟာ ဥပမာအဖြင့် ပေးလိုက်ခြင်း ဖြစ်သည်။ သူသည် စကားမဆုံးသေးခင် အန်းနန်ယွမ်က ဖြတ်ပြောခြင်း ဖြစ်သည်။ သူသည်လည်း မတတ်နိုင်ချေ။ သူ၏စကားကို အလိမ်အညာဟု သတ်မှတ်၍ မရချေ။ သူဟာ နမူနာပြောပြပြီး တစ်ဖက်သူဟာ ရပ်တန့်လိုက်သောကြောင့် သူက ဆက်မပြောရုံသာ ဖြစ်သည်။
ထိုအချက်အပြင် သူသည်လည်း ငယ်ရွယ်စဉ်ကလေးဘဝကတည်းက တစ္ဆေသရဲများကို တိုက်ခိုက်ခြင်းနှင့် နှိမ့်နှင်းခြင်းတို့မှတဆင့် သင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ တစ္ဆေသတ်စွမ်းအင်များ အားလုံးက သေစေနိုင်သော အချက်ကို အဓိက ရည်ရွယ်လေရာ အခြားသောသူများကို နားလည်မှု လွဲမှားအောင် လုပ်၍မသင့်ချေ။
“ယန်ကောရဲ့ ဖန်သားပြင်အခွဲရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက တအားလန်းတာပဲ။ ငါဆိုရင် စခရင်ဆေ့ဗာလုပ်ဖို့ စခရင်ရှုတွေတောင် ရိုက်ထားသေးတယ်။ အဲဒီနောက် အနာဂတ်မှာ အပနှင်တဲ့နေရာမှာ သုံးဖို့ သိမ်းသိမ်းထားတယ်”
ပိုင်ရွှမ်းကလည်း စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း ပြောသည်။
“ငါတင် မဟုတ်ဘူးနော်။ အုတ်ဂျုံတွေ တော်တော်များများလည်း စခရင်ရှုတွေ သိမ်းထားကြတာ”
ယန်ရှစ်ရွှမ်းက စကားလုံးတစ်လုံးကို ဖမ်းမိလိုက်သည်။
“အုတ်ဂျုံ ဟုတ်လား”
“အား”
ပိုင်ရွှမ်း_ _ _ဒီအတိုင်း မနက်စာကို အုတ်ဂျုံ စားတယ်လို့ ပြောတာပါ။
ယန်ရှစ်ရွှမ်းက ခပ်ဖျော့ဖျော့လေသံဖြင့် မေးသည်။
“ဟင်”
ပိုင်ရွှမ်း “အာ… ဒီအတိုင်း ယန်ကောကို ကြိုက်တဲ့သူတွေ အင်တာနက်မှာ ပေးထားတဲ့ နာမည်ပြောင်ပါ”
“ငါ တောင်းပန်ပါတယ် အုတ်ဂျုံတေို့ ငါ ငါ ငါ့ရဲ့ အမှားပါ။ ယန်ကောက အုတ်ဂျုံလို့ ဖန်ဒန်းနိမ်းကို သိသွားပြီ။ ဒါပေမဲ့လည်း ငါ လျို့ဝှက်ချက်ကို မထိန်းသိမ်းနိုင်ဘူးလို့ မဆိုလိုဘူးနော်။ ငါ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ ဒီအတိုင်း ယန်ကောရဲ့ အရှိန်အဝါက ပြင်းထန်လို့ ငါ တောင့်မခံနိုင်ရုံပါ”
ထိုအချက်အပြင် သူမသည် ဖျော်ဖြေရေးအသိုင်းအဝိုင်းအတွင်း နှစ်ပေါင်းများစွာ တည်ရှိခဲ့နေခြင်း ဖြစ်သည်။ သို့သော် ကိုယ့်ဖန်ဒန်းနိမ်းကို ကိုယ်မသိသည့် အိုင်ဒေါလ်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။
ဒါက အကျိုးအကြောင်းသင့်ရဲ့လား… အကျိုးအကြောင်း သင့်ရဲ့လား။
မည့်သည့်လော့ဂျစ်က မည်သို့ဖြစ်နေစေကာမူ ပိုင်ရွှမ်း၏ အတွင်းဒရမ်မာက မည်မျှပင် ဒေါသထွက်နေစေကာမူ အပြင်ဘက်တွင် ယန်ရှစ်ရွှမ်း၏ အံ့အားသင့်သွားသော “ဟွန့်”ဆိုသော အသံကြောင့် ကြောက်လန့် ရသွားသည်။ သူမသည် ဆေးဝန်ထမ်း၏ အနောက်ဘက်တွင် ပုန်းလိုက်ပြီး ယန်ရှစ်ရွှမ်း ဒေါသ ထွက်မထွက် သေချာအောင် ကြည့်လိုက်သည်။
ယန်ရှစ်ရွှမ်းက မျက်ခုံး ပင့်လိုက်သည်။ ထို့နောက် အဖြစ်အပျက်ကို ခပ်မြန်မြန် သိသွားသည်။
ယခင် အန်းနန်ယွမ်၏ ပို့စ်ကို အထူးတလည် အာရုံစိုက်နေသော လူများကြောင့်သာ မဟုတ်လျှင် နောက်ဆုံးကာလ၏ အဆုံးသတ်နားတွင် သူသည် အထုတ်ခံရသင့်သည်။ ထို့အတွက်ကြောင့်နှင့် သူ၏အဆင့်ဟာ မြင့်ပြီး ချောမွေ့စွာ မဖယ်ထုတ်ခံရခြင်း ဖြစ်သည်။
နာမည်ပြောင်နှင့်တင် ထိုလူများ၏ အဖွဲ့ပေါ်ပေါက်ပုံကို သိနိုင်သည်။
သို့သော် ထိုနည်းအားဖြင့် စဉ်းစားကြည့်သော ဒီပရိုဂရမ်၏ နောက်ဆုံးနေရာမှ ဖယ်ထုတ်ခံရမည့် သူ၏မျှော်လင့်ချက်ကို သံသယ ဝင်မိသွားပြန်သည်။
အား… သူ သတိ လက်လွတ်နိုင်သွားတယ်။
ယန်ရှစ်ရွှမ်းသည်လည်း ယခင်ကတည်းက ကျန်းဝူပင်း၏ အရူးလုပ်ခံရပြီး နောက်ဆုံးနေရာ ဖယ်ထုတ်ခံရမှသာ ထွက်သွားမည်ဟု ကတိမပေးသင့်ကြောင်း သတိရသွားသည်။ သို့မဟုတ်လျှင် ယခင်ကတည်းက ဒီကော်မရှင်ကို ဖြေရှင်းပြီးလောက်လေပြီ။ သူကိုယ်တိုင်ကလည်း အိမ်သို့ ပြန်နိုင်လောက်လေပြီ။
အန်းနန်ယွမ်သည်လည်း ကို့ရို့ကားယား ဖြစ်နေသည့် အခြေအနေကို သတိ ထားမိလိုက်သည်။ သူသည်လည်း မနေနိုင်ဘဲ ရှေ့သို့ တက်လျက် ပိုင်ရွှမ်းကို ကယ်တင်ရသည်။
“ယန်ကော အဲဒီလို မေးလိုက်မှ ရှိုးရဲ့ကွန့်မန့် ကဏ္ဍက တစ်ယောက်ယောက်က ယန်ကောက တအား ကြမ်းတမ်းတယ်လို့ ပြောနေတယ်။ ယန်ကော မငြင်သာချင်ဘူးလား။ ငါ့ရဲ့တဲလန့်ရှိုးထဲမှာ ပါတဲ့ အတွေ့အကြုံအရ ညင်သာပြီး ယဉ်ကျေးတာက ဖန်တွေရဲ့ အရေအတွက်ကို တိုးစေတယ်”
ယန်ရှစ်ရွှမ်းက လှောင်သည်။
“ငါက ဖန်တွေကို ဘာလုပ်ဖို့ လိုတာလဲ”
“နောက်ပြီး”
သူဟာ မျက်လွှာအသာဝင့်လျက် စူးရှစွာ တောက်ပသော မျက်လုံးဖြင့် ကြည့်သည်။
111 02
“မင်းက မရက်စက်ရင် မိစ္ဆာဝိဉာဉ်ကို ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ”
မိစ္ဆာဝိဉာဉ်တွေကို ရင်ဆိုင်တဲ့အချိန်မှာ မန်နာတွေ လိုအပ်သေးလို့လား။
သူက ဒီလိုပြောရမှာလား။ “ဟယ်လို ကျေးဇူးပြုပြီး ငါ သေလမ်းကို ပို့ပေးပါရစေ”လို့ ပြောပြီးမှ မိစ္ဆာဝိဉာဉ်တွေကို သတ်ပေးရမှာလား။
ပရိုဂရမ်၏ နောက်ဆုံးအပိုင်းနှင့် ပက်သက်ပြီး အများအမြင်၏ အတွေ့အကြုံအရ တာဝန်ပုဂ္ဂိုလ်က ကောင်းမွန်စွာ ဖြေရှင်းပေးလိုက်နိုင်သည်။ ယဲ့လန်တောင်ထိပ်က ကိစ္စကို ဖြေရှင်းပြီးပြီးချင်း အော်ဖစ်ရှယ်၏ သတိပေးချက်က ထွက်ပေါ်လာပြီး ကြည့်ရှုသူပေါင်းများစွာ၏ စိုးရိမ်ပူပန်မှုတိုင်းကို အထူးတလည် ဖြေပေးသည်။ ပရိုဂရမ်အသင်းကိုလည်း လင့်ချိတ်ရင်း တစ်ခါတည်း ပို့ဆောင်ပေးကာ လူတိုင်းဟာ လုံခြုံစွာရှိကြောင်း သတင်းပို့စေသည်။
ထို့အပြင် ကင်မရာ၏အရှေ့တွင် ဧည့်သည်များက အဖွဲ့လိုက် ဓာတ်ပုံရိုက်နေကြောင်း မြင်လိုက်ရသည်။ အန်တိုနီနှင့် ရုန့်ရုန့်က သတိလွတ်နေသောကြောင့် ကုသမှု ခံယူနေသေးသလို သရုပ်ဆောင် ကျောင်းကျန်းသည်လည်း ကုသမှုခံယူရင်း ကားပေါ်တွင်ထိုင်ကာ ဖြူဖျော့သော မျက်နှာဖြင့် အထိတ်တလန့် ရှိနေသေးသည်။ ယန်ရှစ်ရွှမ်း၏ မျက်နှာကမူ အေးစက်၏။ သူ၏မျက်နှာတွင် မပျော်ရွှင်သော အမူအယာကို ချိတ်ဆွဲရေးသားထားသည်။ အန်းနန်ယွမ်ကသာ တောက်ပစွာ ပြုံးနေသော တစ်ဦးတည်းသောသူ ဖြစ်လောက်သည်။ သို့သော် ကြည့်ရှုသူများကလည်း ထိုအခြေအနေကို မြင်ပြီး စိတ်အေးစွာ သက်ပြင်း ချမိပြန်သည်။ နောက်ဆုံးတွင် စိတ်အေးနိုင်လေပြီ။
မနေ့ညက ကပ်ဘေးဆိုက်သွားသော အခြေအနေကြီးက သိသာထင်ရှားလွန်းသည်။ သို့သော် မည်သူကမှ မသေသမျှ အဆင်ပြေသည်။
အလွန်နွမ်းလျနေပြီး သုန်မှုန် ခြောက်ကပ်နေသော မျက်လုံးများဖြင့် အန်တိုနီကမူ တစ်ချက် ကြည့်လိုက်ရုံဖြင့် တစ်စုံတစ်ရာ မှားယွင်းကြောင်း သိသည့်တိုင်အောင် လူတိုင်းက သူ့ကို အလိုအလျောက် လစ်လျူရှု လိုက်ကြသည်။
မူလကမူ သူသည် ဒီအတိုင်း ကုမ္ပဏီက မြေတောင်မြှောက်နေသည့် လူသစ်တစ်ယောက်သာ ဖြစ်သည်။ ပွဲဦးမထွက်ခင် ပရိတ်သတ်အများကြီး မပိုင်ဆိုင်သေးချေ။ အန်တိုနီ၏ ပုံစံက လူအများအား စိတ်ရှုပ်ထွေး စေခဲ့သည်။ သူက မနေ့ညက ကင်မရာရှေ့တွင် ဟန်ဆောင်ပြီး လုပ်ခဲ့သမျှ အရာအားလုံးကြောင့် ပရိတ်သတ် အနည်းငယ် ရရှိထားသည်။ သို့သော် သူ၏ရူးသွပ်မှုများက လူတိုင်းကို ကြောက်လန့်စွာ ထွက်ပြေးသွားစေခဲ့လေသည်။
ယခုအခါ ကုမ္ပဏီကပင် အများအမြင်ကို မြင်ပြီးနောက် အန်တိုနီကို လက်လျော့ရန် ဆုံးဖြတ်ချက် ချနေပြီ ဖြစ်သည်။ အန်တိုနီ၏ ကင်မရာရှေ့မှ ချိုမြိန်သော စကားလုံးများကြောင့် ဖြစ်ပေါ်လာသော အန်တီဖန်တစ်ချို့က ဆိုရှယ် ပလက်ဖောင်းပေါ်တွင်၊ အော်ဖစ်ရှယ်အကောင့်တွင် ဒေါသတကြီး ပြောဆိုနေကြသည်။
သို့သော် ထိုသေးငယ်သည့် ရေခွက်လိုင်းများက ပင်လယ်ကြီးကို မလှုပ်ခါစေနိုင်ပေ။ ထို့ကြောင့် အာဏာပိုင်များက ဝံပုလွေရိုင်းတောင်ထိပ်နှင့် ပက်သက်သည့် အသေးစိတ် အချက်အလက်များကို တင်ပေးလိုက်ချိန်တွင် အရာအားလုံးကို ဖိနှိပ်ပေးလိုက်နိုင်သည်။
@အော်ဖစ်ရှယ်ဟော့လိုင်း ..
သေချာစုံစမ်းပြီးတဲ့နောက်မှာ ၉၉ရက်တာ နှလုံးခုန်သံအသင်းက ကြုံတွေ့ခဲ့ရတဲ့ အန္တရာယ်များလွန်းတဲ့ အတွေ့အကြုံကို စုံစမ်းစစ်ဆေးလို့ ပြီးသွားပါပြီ။ လူတိုင်းကလည်း ဝံပုလွေရိုင်းတောင်ထိပ်က အခြေအနေကို စိုးရိမ်နေကြမယ်လို့ ယုံကြည်လို့ ခပ်မြန်မြန် တင်ပေးလိုက်တာပါ။ စိတ်အားထက်သန်လွန်းတဲ့ ပြည်သူတွေက အော်ဖစ်ရှယ်ရဲ့ကို ဖုန်းခေါ်ပြီး ပရိုဂရမ်အသင်း သရဲတွေ၊ အသိစိတ်ရှိလာတဲ့ ကြွက်တွေအကြောင်း ဖုန်းဆက်ပြောတကာကို လက်ခံ သိရှိမိပါတယ်။ ကံကောင်းစွာနဲ့ ဒီကိစ္စက မှန်ကန်မနေခဲ့ပါဘူး။ သတင်းပို့ချက်တွေအရ ဒီပရိုဂရမ်အသင်းက ယဲ့လန်တောင်ခြေက ရွာတစ်ရွာကို ရောက်သွားခဲ့တယ်။ မိုးကသည်းထန်လွန်းနေတော့ အဲဒီနေရာကနေ ရှေ့ဆက်မသွားနိုင်ဘူး ဖြစ်သွားခဲ့တာပါ။ အဲဒီလို အခြေအနေမျိုးမှာ စွန့်ပစ်ထားတဲ့ ရွာထဲမှာ ပုန်းအောင်းပြီး ဆိုးရွားတဲ့ ဒုစရိုက်မှုတွေကို ပြုလုပ်နေတဲ့ လူဆိုးတစ်သိုက်နဲ့ ကြုံတွေ့လိုက်ရတာပါပဲ။ သူတို့က ပရိုဂျက်တာတွေ၊ လျှပ်စစ်အရုပ် မော်ဒယ်တွေ၊ လေ့ကျင့်ပေးထားတဲ့ တိရိစ္ဆာန်တွေနဲ့ အခြားနည်းပညာမြင့် ပစ္စည်းတွေကို သုံးပြီး အတုအယောင် ခြောက်ခြားမှု မြင်ကွင်းတွေကို ဖန်တီးလို့ ပရိုဂရမ်အသင်းကို ခြောက်လှန့်ပြီး မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ နောက်ပြီး ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်တာတွေတောင် ရှိခဲ့သေးတယ်။ ဒါကြောင့် အတည်ပြုသွားတဲ့နောက်မှာ ဒီတရားမဝင်တဲ့ အဖွဲ့အစည်းက အသုံးပြုတဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တဲ့ ပစ္စည်းတွေက အနီးအနားက လူတွေဆီက တစ်နှစ်ပတ်လုံး ကောက်ခံထားတဲ့ ရန်ပုံငွေဖြစ်ကြောင်း သိလိုက်ရတယ်။ နောက်ပြီး ဒီအပြစ်သားတွေက ထိန်းသိမ်းထားတဲ့ ပရိုဂရမ်ဝင်က လူတွေကိုလည်း ကယ်ပြီးပါပြီ။ အဲဒီလူတွေထဲမှာ တစ်ယောက်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်။ တစ်ယောက်ကတော့ ဒဏ်ရာနည်းနည်း ရတယ်။ တစ်ယောက်ကတော့ ဒဏ်ရာ မဆိုသလောက်လေး ရသွားတယ်။ ဒါပေမဲ့ သေစေနိုင်တဲ့ အခြေအနေမျိုး မရှိပါဘူး။ ကယ်ဆယ်ရေးအသင်းကလည်း လူတွေအားလုံး စိတ်အေးငြိမ်းချမ်းနိုင်အောင် ကုသမှုတွေ ပြုပြီးပါပြီ”
111 03
“တစ်ချိန်တည်းမှာလည်း ပရိုဂရမ်အသင်းကိုလည်း ကျေးဇူး တင်ချင်ပါသေးတယ်။ သူတို့က ဒီတရားမဝင် အဖွဲ့အစည်းကို တိုက်ခိုက်ပြီး ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ပြီး အာဏာပိုင်တွေကို ကူညီထောက်ပံ့ပေးတဲ့ စိတ်အားထက်သန်လွန်းတဲ့ ပြည်သူတွေကို ကျေးဇူးတင်ရှိပါတယ်။ ဒီလိုနဲ့ ပရိုဂရမ်အသင်းက ဒီထက်ပိုပြီး အောင်မြင်ဖို့ ဆုတောင်းပေးပါတယ်”
သို့သော် ကြည့်ရှုသူအများစုကမူ စိတ်ရှုပ်ထွေးနေကြသေးသည်။
“ယန်ကောက အဲဒီနတ်ဘုရားရုပ်ထုကြီးကို လျှပ်စစ်ဖစ်ဂါလို့ ပြောလိုက်တာကိုတော့ ငါ သိပါတယ်။ ဒါပေမဲ့ တကယ်ပဲ အာဏာပိုင်တွေက ဝန်ခံလိုက်တာလား။ နောက်ပြီး တရားမဝင် အဖွဲ့အစည်းဆိုတာက ဘာလဲ။ သူတို့က ရံပုံငွေတွေကိုတောင် ခိုးပြီး ကောက်ခံထားသေးတယ် ဟုတ်လား”
“အာဏာပိုင်တွေက ပြောတာတော့ ရွာတွေထဲက လူမနေတော့တဲ့ အိမ်တွေထဲမှာ ဒီအပြစ်သားတွေက ပုန်းအောင်း နေကြတာလေ။ ရလဒ်အနေနဲ့ ပရိုဂရမ်အသင်းက တိုက်တိုက်ဆိုင်ဆိုင် မိုးခိုဖို့ ကြိုးစားရင်း ဒီလူတွေနဲ့ တွေ့သွားတယ်။ အဲဒီနောက် ဒီလူတွေက ရက်စက်တဲ့ စိတ်ဆန္ဒရှိပြီး ပရိုဂရမ်အသင်းကို တိုက်ခိုက်စရာမလိုပဲ ခြောက်လန့်နိုင်ဖို့အတွက် သီဟိုရီနည်းလမ်းတွေကို အသုံးပြုနိုင်ခဲ့တာတဲ့လေ။ အဖွဲ့ထဲက လူတွေက တရားမဝင်ရန်ပုံငွေတွေကို ကောက်ခံထားတယ်။ ဒီလူတွေကို ယန်ကောက တိုက်ခိုက်လိုက်တာတဲ့”
“အိုး ဟုတ်သားပဲ ဆိုလိုတာက ငါတို့ကြားလိုက်ရတဲ့ အသံတွေဆိုတာက ဒီလူဆိုးတွေပြောတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် လုပ်တယ်ဆိုတာလား။ အခုတော့ ငါ စိတ်အေးသွားပြီ။ ဟူး တစ်ညလုံး စိတ်ပူနေခဲ့ရတာပဲ”
“နင်တို့ တကယ်ပဲ ယုံတာလား။ နင်တို့တွေ လေ့ကျင့်ပေးထားတဲ့ တိရိစ္ဆာန်တွေ ဆိုတာကို တွေ့လိုက်လား။ နောက်ပြီး တစ်မီတာလောက် ကြီးတဲ့ ကြွက်တွေ ဒီလောက်အများကြီးကို ဘယ်နေရာက သွားရှာမှာလဲ။ ငါ့ရဲ့ဘဝမှာ ပထမဦးဆုံးအကြိမ် အနေနဲ့ ဒီလောက်ကြီးတဲ့ ကြွက်ကြီးကို မြင်ဖူးတာပဲ။ ဒါက ချဲ့ကားလွန်းတယ်”
“ငါ အစကတော့ သရဲလို့ ထင်နေတာ။ ဒါပေမဲ့ အာဏာပိုင်ရဲ့ ကြေငြာချက်ကို တွေ့ပြီးမှပဲ ငါ တုန့်ဆိုင်းသွားတယ်။ နင်တို့ မြင်တဲ့အတိုင်းပဲ။ အဆုံးသတ်မှာ ဒီပရိုဂရမ်ထဲမှာ ထုတ်ပြန်တဲ့ အသင်းကို ကျေးဇူးတင်ပြီး အောင်မြင်ပါစေလို့ ပြောသွားတယ်ဆိုတော့ အရာရှိတွေက ဒီကြေငြာချက်မှာ ဘာကိုမှ ထည့်မပြောသွားဘူးဆိုတာကို သတိထားမိကြလား။ ဟုတ်သားပဲ။ သူတို့က အစစ်အမှန် အပြစ်သားနဲ့ တွေ့သွားပြီး အရာရှိတွေကို ကူညီလို့ ဒီပြဿနာကို ဖြေရှင်းပေးလိုက်တယ်လို့ ဆိုလိုချင်တာ မဟုတ်လား”
“နင် ပြောတာလည်း ဖြစ်နိုင်တာပဲ။ ငါ နောက်တစ်ဖွဲ့ထဲက ကြားထားတဲ့ ကောလဟလအရ အရာရှိတွေက ဝံပုလွေရိုင်းတောင်ထိပ်နဲ့ ပက်သက်တဲ့ ကိစ္စကို စောင့်ကြည့်နေခဲ့တာ ကြာပြီတဲ့။ သူတို့က ဒီအဖွဲ့ကို ဖမ်းချင်လို့ နေမယ်။ ဒါပေမဲ့ ဒီလူတွေက ကြွက်တွေလို မြေတူးနိုင်ပြီး လျှောက်ပတ် ပြေးနေတာလေ။ အာဏာပိုင်တွေလည်း အပေါက်ကို လိုက်ပိတ်ပြီး ဖမ်းလို့မရဘူး ဖြစ်နေတာပေါ့။ ဒါကြောင့် ဒီဂိုဏ်းကို ၁၀နှစ်ကျော်တဲ့အထိ မဖမ်းနိုင်ပဲ ဖြစ်နေခဲ့တာ။ အတိတ်က ဝံပုလွေရိုင်းတောင်ထိပ်က ဆိုးရွားတဲ့ ရာသီဥတုကြောင့် လမ်းပိတ်ထားတာလေ။ ပြောရမယ်ဆိုရင် အရာရှိတွေက မနေ့ညက ဒီလူတွေကို သွားဖမ်းသေးတာ ထင်တယ်။ ဒါကြောင့် လမ်းပိတ်လိုက်တာ ဖြစ်မယ်။ အခုတော့ လမ်းက ပြန်ဖွင့်သွားပြီ။ အဲဒီလိုမှ မဟုတ်ရင် နင်တွေးကြည့်စမ်းပါ။ ကယ်ဆယ်ရုံပဲဆိုရင် ဘာလို့ လမ်းကို ပိတ်မှာလဲ”
“တကယ်ပါ စုံစမ်းစစ်ဆေးမှု အဆင့်တည်းသာဆိုရင် အချက်အလက်တွေ အများကြီးကို အများကြီး ထုတ်ပြမှာ မဟုတ်ဘူး။ အနည်းဆုံး ဒီလူတွေ ထွက်ပြေး သွားနိုင်သေးတယ်လေ။ ဒီအတွက်ကြောင့် အရာရှိတွေက ဒီလောက်ပဲ ကြေငြာပြီး ပရိုဂရမ်အသင်းကို ကျေးဇူးတင်သွားတာ ဖြစ်လောက်တယ်။ ယန်ကောက အခုလေးတင် လူတစ်အုပ်ကို ရိုက်နှက်လိုက်တာ ဖြစ်လောက်ပါတယ်။ ဒါပေမဲ့ အရာရှိတွေက ရှင်းရှင်းလင်းလင်း မပြောသွားဘူး။ စိတ်အားထက်သန်တဲ့ ဒီလူတွေက သဲလွန်စတွေ ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့တောင် ပြောသွားသေးတယ်”
“မင်းတို့ ပြောတာလည်း ဟုတ်သလိုလိုပဲ”
“ဒါပေမဲ့ ဘာလို့ အားလုံးက သိပ္ပံနည်းကျကျ ဆွေးနွေးနေကြတယ်။ ငါ တစ်ယောက်တည်းကပဲ ကြွက်က အသိဝင်သွားတယ်လို့ တွေးနေတာလား”
သူသည် ဖန်သားပြင်အခွဲဟာ ဖြစ်စဉ်တောက်လျောက် တိုက်ရိုက်ထုတ်လွှင့်နေသော အချက်ကို သတိမေ့သွားခဲ့သောကြောင့် သန်းနှင့်ချီသော ကြည့်ရှုသူများဟာ မိစ္ဆာနတ်ဆိုးကို နှင်ထုတ်ခဲ့သည့် မြင်ကွင်းကို မြင်လိုက်ကြသည်။ ထိုအတွက်ကြောင့် အာဏာပိုင်များဟာ ယန်ရှစ်ရွှမ်းဆီလာပြီး အများအမြင်ကို ပြောင်းလဲအောင် ပြောပေးလိုခဲ့သည်။ ယန်ရှစ်ရွှမ်းကလည်း ထူးဆန်းစွာ သဘောတူခဲ့ကြသည်။
ဘယ်သောအခါမှ ဆိုရှယ်ပလက်ဖောင်းကို အသုံးပြုလေ့မရှိသည့် ယန်ရှစ်ရွှမ်းက အော်ဖစ်ရှယ်အောက်မှ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြမှုများအား ကြည့်ပြီး မျက်မှောင် ကြုတ်သထက် ကြုတ်လာကာ စားပွဲပေါ်သို့ တင်ထားသော လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ထိုသို့ဖြင့် ပရိုဂရမ်၏ တိုက်ရိုက်ထုတ်လွှင့်မှု အဓိက ဖန်သားပြင်ရှေ့တွင်ထိုင်နေသော ယန်ရှစ်ရွှမ်းဟာ ကြည့်ရှုသူများ၏ ဆွေးနွေးမှုတိုင်းကို တုန့်ပြန်ပေးရသူ ဖြစ်သွားသည်။
111 04
“ဘာကို ကြွက်က အသိဝင်တာလဲ။ မင်းတို့တွေ တီဗီစီရီးတစ်ခုဖြစ်တဲ့ အနောက်ဘက်ကို ခရီးသွားခြင်းဆိုတဲ့ စီရီးကို အကြည့်များသွားလို့လား။ ဒါက နောက်ထပ် ကျော့ဖုန်းတစ်ယောက်လို့ ထင်တာလား”
ယန်ရှစ်ရွှမ်းက ဆိုဖာပေါ်တွင် ပျင်းရိစွာ ထိုင်နေသည်။ သူ၏ကျောက နောက်ဘက်သို့ ပစ်ကန်မှီထားရင်း မေးကို လက်တစ်ဖက်ဖြင့် ထောက်ထားသေးကာ လက်ကို အသာမြှောက်ချလျက် အဓိကဖန်သားပြင်ကို ကြည့်ကာ ပြောသည်။
“သူတို့က ဒီအတိုင်း လူတွေက ကျင့်ပေးထားတဲ့ တိရိစ္ဆာန်သာသာပဲ။ ကြည့်စမ်းပါ မင်းတို့အရင်က တိရိစ္ဆာန်ရှိုးပွဲတွေ မကြည့်ဖူးလို့လား။ အလားတူပဲလေ။ ဒါပေမဲ့ အခုမြင်လိုက်ရတဲ့ကြွက်က လူတွေကို နာကျင်အောင်လုပ်ဖို့ အထူးတလည် လုပ်ထားတာ။ ဒီတော့ ကြမ်းတမ်းခက်ထန်ပုံ ပေါက်တယ်”
မူလက ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် ဆွေးနွေးနေကြသော ကြည့်ရှုသူများက ယန်ရှစ်ရွှမ်းက မေးခွန်းများကို တိုက်ရိုက်ဖြေနေကြောင်း အံ့အားသင့်အောင် တွေ့သွားကြသည်။ သိထားရမည်မှာ ထိုလူသည် ပရိုဂရမ်ကို စိတ်မဝင်စားကြောင်း အမြဲတမ်း စာကပ်ထားလေ့ရှိသည့် ပုဂ္ဂိုလ် ဖြစ်သည်။ ထိုအချိန်တွင် လိုလိုချင်ချင်နှင့် မေးခွန်းများကို ထွက်ဖြေပေးပြီး စီးပွားရေး ထွက်လုပ်နေသည်။ ထို့အပြင် သူဟာ အလွန်လေးနက်နေပုံပေါ်နေသေးသည်။
ယန်ရှစ်ရွှမ်းက လုပ်ဆောင်ခဲ့မှုကြောင့် ကြည့်ရှုသူများဟာ သူ၏ပြောစကားများ ဖြစ်သည့် ‘ ဒါက ပန်း’
‘ဒါက တောင်’ဆိုသော စကားများကို အလိုအလျောက် ယုံကြည်ပေးသည့် စိတ်အခြေအနေမျိုးကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ယန်ရှစ်ရွှမ်းက ရုတ်တရက် လေးနက်တည်ကြည် သွားသောအခါ အလွန်အမင်း မသက်မသာ ဖြစ်သွားသည်။
သို့သော် ယန်ရှစ်ရွှမ်း၏ ပျင်းရိနေပြီး လောကတစ်ခုလုံးကို ဂရုမစိုက်သလို မျက်နှာမျိုးကြောင့် သူဟာ ကင်မရာရှေ့မှ အချိန်မရွေး ထွက်ပြေးသွားလိုသော ပုံစံမျိုး ပေါက်နေသည့် အချက်ဟာ သူ၏လေးနက်သော ရှင်းပြချက်နှင့် တိုက်ရိုက် သွေဖယ်နေလေရာ ကြည့်ရှုသူအများစုက လှုံ့ဆော်မှုအများကြီးကို ခံလိုက်ရပြန်သည်။ စိတ်အားထက်သန်ပြီး စိတ်လှုပ်ရှားသွားသော လူတိုင်းက ဗီဒီယိုပလက်ဖောင်းဆီ အပြေးလာလျက် မေးခွန်းများကို မေးသည်။
[မဖြစ်နိုင်လိုက်တာ။ ဘယ်လိုလူက ကြွက်တွေကို ဒီလောက်အတိုင်းအတာထိ လေ့ကျင့်ပေးပြီး လူတွေကို တိုက်ခိုက်ခိုင်းနိုင်မှာလဲ။ တစ်ခါမှ မကြားဖူးဘူး]
ကွန့်မန့်များက တိုက်ရိုက် မေးသည်။
ယန်ရှစ်ရွှမ်းက ဖြေသည်။
“မင်းတို့ မကြားဖူးတာတွေ အများကြီး ရှိသေးတယ်။ နောက်ပြီး ရူးချင်ယောင်ဆောင်ပြီး ပိုက်ဆံတောင်းတဲ့သူတွေ ရှိတယ်။ ယဲ့လန်တောင်ထိပ်က ရန်ပုံငွေတွေကို တရားမဝင်တောင်းနေတဲ့ သူတွေလိုပေါ့။ သူတို့က ပိုက်ဆံရဖို့အတွက် သတင်းအမှားတွေကို ရူးသွပ်စွာ ထုတ်ပြန်ကြတယ်။ အဲဒီလိုနဲ့ လူတွေ သူတို့အသိုက်နား မချဉ်းကပ်နိုင်အောင် လုပ်ထားကြတာလေ။ ကြွက်ကြီးတွေ ဖြစ်အောင် မွေးဖို့က ဘယ်လောက်ခက်လို့လဲ။ ခွေးလေ့ကျင်ဖို့အတွက် ပြင်ဆင်ထားတဲ့ သိပ္ပံနည်းကျတဲ့ အခြေခံ မူဝါဒကို နားလည်တယ် မဟုတ်လား”
[ဒါပေမဲ့ အဲဒီလောက်ထိ မြင့်မားပြီး ကြီးမားတဲ့ လျှပ်စစ်ဖစ်ဂါမျိုးကို မမြင်ဖူးဘူးလေ။ အခုတောင် မရှိဘူး]
ယန်ရှစ်ရွှမ်း “မင်းတို့သာ ပိုက်ဆံကို နေရာတကျ သုံးနိုင်ရန် မာ့စ်ဂြိုလ်ကိုတောင် မင်းတို့ ပိုင်တယ်။ လျှပ်စစ်ဖစ်ဂါလောက်ကို ဘာထည့်ပြောနေမှာလဲ။ ရန်ပုံငွေကို တရားမဝင် အရယူထားတဲ့ အချက်တွေကို မမြင်လိုက်ကြဘူးလား။ သူတို့က ဒီလောက်ပိုက်ဆံအများကြီးကို ဘယ်က ညစ်ထုတ်ယူရမလဲ။ အဲဒီနောက် သူတို့အသိုက်ကို ကာထားဖို့ ဒီလိုနည်းလမ်းကို သုံးထားတယ်။ ဒီလောက်ပဲ”
******