Ch 112
Viewers 6k

112 01

 

အပိုင်း(၁၁၂)

 

[ဒါပေမဲ့ အဲဒီမှာ ဟိုင်ရွန်ဂူဘုရားကျောင်းက နာမည်ကြီး တာအိုဘုန်းတော်ကြီးတွေလည်း ရှိနေသလိုပဲ။ နောက်ပြီး အဲဒီကို အခြားနာမည်ကျော် ဘုရားကျောင်းက လူတွေလည်း ရောက်နေတယ်လို့ ကြားတယ်။ သူတို့က အပနှင်ပြီး သရဲဖမ်းတာ မဟုတ်ဘူးလား။ တရားမဝင် ရန်ပုံငွေ ကောက်ခံတဲ့အဖွဲ့အစည်းနဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲ]

 

ယန်ရှစ်ရွှမ်း “သူတိုက ဒီနေရာကို တရားမဝင် အဖွဲ့အစည်းနဲ့ ရောက်လာတယ် မဟုတ်ဘူးလား။ မင်းတို့တွေ အရင်တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပါသွားတဲ့ တောင်ဘုရားကျောင်းကို မမြင်လိုက်ကြဘူးလား။ အဲဒီမှာ folkယဉ်ကျေးမှု ရှိနေတယ်လေ။ သူတို့က ယဉ်ကျေးမှုတွေကို ကာကွယ်ဖို့ ရောက်လာတာပေါ့။

 

[ယန်ကော ယန်ကော အရင်က တိုက်ရိုက်ထုတ်လွှင့်မှုမှာ လူတွေကံဆိုးမယ်။ ဝိဉာဉ်တွေ နှင်ထုတ်ဖို့ လိုအပ်တယ်လို့ ပြောထားတာ ရှိတယ်လေ။ အဲဒီအချိန်က ယန်ကောက ဟိုင်ရွန်ဂူဘုရားကျောင်းက တာအိုဘုန်းတော်ကြီးနဲ့ ဖုန်းပြောနေခဲ့တာလေ]

 

ယန်ရှစ်ရွှမ်း “ဒီလူတွေက တောင်ဘုရားကျောင်းထဲမှာ စီမံမှုတွေကို ပြုပြီး လူတွေကို စိတ်ပိုင်းဆိုင်ရာ အရိပ်ဆိုးထင်အောင် လုပ်ခဲ့ကြတယ် မဟုတ်လား။ ဒါကြောင့် ဖန်သားပြင်ပေါ်က ပန်းချီပုံရိပ်တွေကို မြင်တဲ့အခါ ဒါတွေက လှုပ်ရှားနေတယ်ဆိုပြီး ခံစားလိုက်ရတာပဲ။ နောက်ပြီး မင်းတို့လည်း ထောက်ချောက်ထဲကို ကျသွားလောက်တယ်။ လူအများစုတော့ အဲဒီလို မဖြစ်သွားလောက်ပါဘူး။ မင်းတို့ ထင်ယောင်ထင်မှား စကားတွေကို ကြားလိုက်ရတယ် မဟုတ်လား။ ဒါကြောင့် ငါက ဟိုင်ရွန်ဂူဘုရားကျောင်းကို ပြောပြီး မင်းတို့ကို သိပ္ပံကို ယုံကြည်ဖို့ အယူသီးတဲ့ ဝါဒတွေကို စွန့်ပစ်အောင် ဖြောင်းဖြပေးဖို့ တောင်းဆိုထားတယ်”

 

[ဒါပေမဲ့ ငါ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့အချိန်က အိမ်က ဗီဒိုက တအားဆူလာတယ်။ မီးတွေကလည်း ပိတ်လိုက်ဖွင့်လိုက် ဖြစ်တယ်။ ဒါကို ဘယ်လိုပြောမှာလဲ]

 

ယန်ရှစ်ရွှမ်း၏မျက်နှာက ခံစားချက် မဲ့နေသေးသည်။ ထိတ်လန့်မှုလည်း မရှိချေ။

 

“ဗီဒိုကို သစ်သားနဲ့ လုပ်ထားတာ မဟုတ်ဘူးလား။ သစ်သားက ရေစိုပြီး အရိပ်ထဲမှာ အခြောက်ခံထားတာကြောင့် ဒီလိုထွက်လာတဲ့ အသံပါပဲ။ နောက်ပြီး မီးအိမ်ရဲ့ဗို့တေ့ရှ်အားက မတည်ငြိမ်လို့ လှုပ်ခတ်လှုပ်ခတ် ဖြစ်တာပေါ့။ ကေဘယ်လ်ကြိုးတွေ ပြင်တာမျိုး လုပ်သင့်တယ်”

 

[ငါ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်တဲ့အချိန်က တအားအေးစက်ပြီး အကြောက်လွန်နေလို့ အိပ်ယာထဲမှာ ကွေးနေရတယ်]

 

ယန်ရှစ်ရွှမ်းက ပျင်းရိပျင်းတွဲနှင့် ဆိုဖာနောက်မှီပေါ်သို့ မှီချလိုက်သည်။ သူသည် ထိုင်နေရာမှ တစ်ဝက်ခန့် လဲလိုက်သော အနေထားမျိုးသို့ ပြောင်းလိုက်၏။ သူ၏ရှည်လျားသော ခြေတံရှည်ကို ဆန့်ထုတ်ပြီး ဆိုဖာပေါ်တွင် ဆန့်တင်ထားလိုက်သည်။ သူ၏မာတင်ဘွတ်ဖိနပ်က သွေးများ၊ဖုန်များ ပေနေသောကြောင့်သာ၊ အပြင်ဘက်တွင် ချထားခြင်း ဖြစ်သည်။

 

 

 

“လေအေးပေးစက်ကို ပိတ်လိုက်ပေါ့”

 

[ဒါဆိုရင် အဲဒီကြွက်တွေ၊ နောက်ပြီး မြေအောက်ထဲက အဲဒီကြွက်ရုပ်ကြီးတွေက တော်တော်လေးကို ကြောက်ဖို့ကောင်းတယ်လေ။ သူတို့ရဲ့မျက်လုံးက ငါ့ကို ကြည့်နေတယ်လို့ ခံစားရတယ်]

 

အခြားတစ်ဖက်ခြမ်းတွင် အာဏာပိုင်များဘက်မှ ဝန်ထမ်းများသည်လည်း အလုပ်များနေကြသည်။ ဒီဘက်ခြမ်းတွင်မူ ယန်ရှစ်ရွှမ်းဟာ ဆိုဖာပေါ်တွင် ပျင်းရိလေးတွဲစွာ နေသည်။ သူ၏ခေါင်းမှ အနက်ရောင်ဆံပင်မွှေးနှစ်မျှင်ကပင် ဆင်းကျလာပြီး မျက်လုံးကို ပိတ်သွားသည်။

 

သူဟာ မျက်လုံးကို မှေးကျင်းလိုက်ရင်း ဝံပုလွေရိုင်းတောင်ထိပ်မှ နေဟာ ဒီနေ့ အလွန်တောက်ပကြောင်း ခံစားမိလိုက်သည်။

 

“ဒါကတော့ စိတ်ပညာအရ အကြံပေးချက် ပေးရလိမ့်မယ်။ အရုပ်ဆိုးလွန်းတဲ့ အရာမျိုးတွေကို မြင်ရတဲ့အခါ အန်ချင်သလို ဖြစ်လာသလိုပါပဲ။ လျှပ်စစ်ဖစ်ဂါတွေကို ဝယ်ဖို့ ပိုက်ဆံ အများကြီး သုံးပြီးတဲ့ အချိန်မှာဖြစ်တဲ့ ခံစားချက်မျိုးနဲ့လည်း တူတယ်။ မင်းတို့မှာ ဒီလို အကျည်းတန်တဲ့အရုပ်တွေ ထားထားတဲ့ မြေအောက်ခန်းလိုမျိုး ရှိနေမယ်ဆိုရင် အဲဒီမှာ ရှိနေသမျှ အကျည်းတန်ပြီး အဖိုးမတန်တဲ့အရာတွေ ပြည့်နှက်နေတာမျိုးကို မြင်ရရင် မသက်မသာဖြစ်တဲ့ ခံစားချက်မျိုးကို ရရှိမှာပဲ”

 

[ဒါပေမဲ့ ယန်ကော ယန်ကော နံရံကို ခြေထောက်နဲ့ ကန်ဖွင့်လိုက်တာ။ ကျောက်သားတွေတောင် လွှင့်ထွက်ပြီး အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားတယ်လေ။ နောက်ပြီး ယန်ကောက စာတွေလည်း ရွတ်သေးတယ်။ အဲဒီနောက် ရွှေရောင်အလင်းတွေ ထွက်လာတယ်]

 

“ဘာလို့လည်းဆိုတော့ တောင်ဘုရားကျောင်းကို မပြင်ဆင်ဘဲ ထားတာကြာနေပြီလေ။ ဒီတော့ နံရံတွေတောင်မှ တော်‌တော်လေးကို ဆွေးမြေ့နေပြီ။ နောက်ပြီး မိုးရေတွေလည်း စိုထားသေးတယ်။ ဒီတော့ တော်တော်လေးကို အိုဟောင်းနေတဲ့ အဆောက်အဦးဆိုတော့ တစ်ချက်ကန်လိုက်ရုံနဲ့ ပွင့်သွားတာပေါ့”

 

ရုတ်တရက် အရိပ်တစ်ရိပ်က ယန်ရှစ်ရွှမ်း၏ မြင်နေရသော မျက်လုံး ကြိမ်းနေသော အနေအထားကို လာရောက် ကာပေးလိုက်သည်။ သူက မျက်လုံးကို ဖွင့်လိုက်ပြီး အရိပ်ဘက်သို့ ကြည့်လိုက်သောအခါ ဆိုဖာပေါ်တွင် လက်တင်ထားသည့် အမျိုးသားက ငုံံကိုင်း၍ သူ့ကို ကြည့်နေကြောင်း တွေ့လိုက်ရသည်။

 

112 02

 

ယန်ရှစ်ရွှမ်းက တစ်ဖက်သူနှင့် မျက်လုံးချင်း ဆုံသွားသည့် အခိုက်အတန့်တွင် ယန်ရှစ်ရွှမ်းအနေနှင့် ပထမဆုံးအကြိမ်အဖြစ် တစ်ဖက်သူ၏မျက်နှာကို သူနှင့်နီးကပ်စွာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ရှင်းလင်း ပြတ်သားလွန်းသဖြင့် သူ၏မျက်လုံး၏ အေးစက်ကာ စူးရှမှုကိုပင် ကောင်းကောင်း ခံစားမိလိုက်၏။ ထိုမျက်လုံးများသည် လူအများစု၏ မျက်လုံးမျိုးနှင့် မတူညီချေ။ သာမာန်လူများဆိုလျှင် အညို‌ရောင် သို့မဟုတ် အညိုဖျော့ရောင် ရှိတတ်သည်။ ထိုအမျိုးသားကမူ အနက်သီးသန့်ဖြစ်သည်။ သူ၏ကျောက နေကို ပေးထားသောကြောင့် မည်သည့်အလင်းရောင်ကမျှ မျက်လုံးအတွင်းသို့ ဝင်ရောက်ခြင်း မရှိချေ။ ထို့ကြောင့် မြေကြီးထဲသို့ အနက်ရောင်တွင်းထဲသို့ ဝင်ရောက်နေသလိုမျိုး နက်ရှိုင်းစွာ မဲနက်နေသည်။ တစ်ချက် ကြည့်လိုက်ရုံနှင့် လူများကို ကြောက်လန့်မှုအပြည့်နှင့် အကြည့်လွှဲမိလောက်စေသည်။

 

သို့သော် ထိုအချိန်တွင် သူ၏အပြုံးကြောင့် ဖြစ်လောက်သည်။ ထိုအေးစက်မှုဟာ သိသာထင်ရှားစွာပင် အလှတရားအဖြစ် ပြောင်းလဲသွားသည်။ ယန်ရှစ်ရွှမ်းက မျက်ခုံးပင့်လိုက်သည်။ သူ၏အာရုံက ထိုအမျိုးသားထံ ရောက်သွားသောကြောင့် သူ၏အသံဟာလည်း တစ်စတစ်စ ပေါ့ပါးလာသည်။

 

“မင်းတို့ စာတွေဖတ်တဲ့အခါ ကိုယ့်ကိုယ်ကို အား‌ပေးတာမျိုး နှစ်သိမ့်ပေးတာမျိုး လုပ်ကြတယ်မလား။ ဘာပဲဖြစ်ဖြစ် ငါက သာမာန်လူတစ်ယောက်လေ။ ဒါကြောင့် အရမ်းကြောက်တတ်တာပေါ့။ ဟုတ်တယ်မလား ဒီအတိုင်း ဖန်သားပြင်အခွဲက ကင်မရာရူထောင့်က ရိုက်လိုက်တော့ အလင်းပြန်တဲ့အနေထားမျိုးကြောင့် အလင်းတွေ ထွက်လာတာ နေမှာပါ။ အတွေးလွန်မနေနဲ့”

 

ဖန်သားပြင်ရှေ့မှ ကြည့်ရူသူများက ကြောင်တောင်တောင် ဖြစ်နေကြသည်။ သူတို့သည်လည်း ယန်ရှစ်ရွှမ်းက လတ်လတ်ဆတ်ဆတ် ဖွင့်ပေးသွားသည့် တံခါးကို သူကိုယ်တိုင် ပြန်ပိတ်လိုက်မည်ဟု မထင်ထားမိချေ။

 

သို့သော် ပရိတ်သတ်များက အနည်းငယ် စိုးရိမ်နေကြသည်။ သူတို့သည် သရဲများကို အမှန်တကယ် မြင်လိုက်ကြောင်း၊ ထင်ယောင်ထင်မှား မဟုတ်ကြောင်း တက်ကြွစွာနှင့် သက်သေပြလိုကြသည်။

 

[ယန်ကော ယန်ကော မနက်ပိုင်းက လေထဲမှာ စကားပြောသေးတယ်လေ။ ငါတို့ မမြင်နိုင်ပေမဲ့လည်း ယန်ကောက အစီစဉ်တကျ ပြောသွားတာ။ တစ်ယောက်တည်း ပြောနေတာနဲ့ မတူဘူး]

 

ယန်ရှစ်ရွှမ်းက ဖန်သားပြင်ကို တစ်ချက်ကြည့်ပြီး မျက်ခုံးပင့်သည်။

 

“ငါက အဲဒီလိုပဲ စိတ်ကယောင်ခြောက်ခြား ဖြစ်တတ်တဲ့ အကျင့်မျိုး ရှိတယ်။ အမြဲတမ်း တစ်စုံတစ်ယောက်က ငါ့ရဲ့အနားမှာ ရပ်ပြီး စကားပြောတတ်တယ်လို့ စိတ်ကူးယဉ်နေကျ။ နောက်ပြီး အဲဒီလူကို စကားပြန်ပြောနေကြ။ အကျင့် ဖြစ်နေပြီ”

 

ရေများ ဆင်းလာသောအခါ မြေကြီးက ကာထား ပေးပေလိမ့်သည်။ စစ်သည်များ ရောက်လာသောအခါ မြေကြီးကလည်း ကာထား ပေးနိုင်သေး၏။

 

လက်လျော့လိုက်တော့။ သရဲရှိတယ်လို့ ငါ ဝန်ခံမှာ မဟုတ်ဘူး။

 

[…..]

 

ကွန့်မန့်များက တစ်ခဏခန့် တိတ်ဆိတ်သွားသည်။ ဖန်သားပြင် အရှေ့မှ ကြည့်ရှုသူ အများစုက သူတို့၏ တစ်ကြိမ် ကွဲအက်ပြီးသား လောကအပြင်ကြီးက ပြန်လည် ကောင်းမွန်သွားကြောင်း ခံစားလိုက်ရ၏။ သူတို့သည် သရဲများ ရှိကြောင်း လက်ခံပြီးလေပြီ။ သို့သော် ဒီတစ်ကြိမ်တွင် ပြန်လည်အက်ကွဲသွားပြီး သရဲ မရှိကြောင်း ပြန်ယုံလိုက်ရပြန်သည်။

 

သနာစရာကောင်းသည့် လူအများစုက တိတ်ဆိတ်သွားကြသည်။ သူတို့သည် ကိုယ့်ကိုယ်ကို သံသယဝင်သွားပြီး ယန်ရှစ်ရွှမ်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သွယ်လျသော လက်ကို ဆန့်လျက် အဓိကဖန်သားပြင်၏ စက်ပေါ် နှိပ်လိုက်ကာ ကင်မရာအား တစ်ဖက်လူများထံသို့ ပြန်ပေးလိုက်သည်။

 

“တစ္ဆေသရဲတွေ၊ နတ်ဘုရားတွေကို အယူသီးမနေနဲ့။ သူတို့က ဒီအတိုင်း လူတွေက ဟန်ဆောင်ထားတာပဲ။ မင်းတို့ရဲ့မျက်လုံးထဲက မြင်ရတဲ့သရဲက နှလုံးသားထဲက သရဲပဲ။ လိမ္မာနာခံတဲ့ကလေးက သိပ္ပံကို ယုံကြည်အောင် ကြိုးစားသင့်တယ်။

 

ယန်ရှစ်ရွှမ်းရဲ့ အရယ်စွက်သံက သံလိုက်လို ဆွဲဆောင်မှု ပြင်းသည်။နေရောင်အောက်တွင် ငိုက်မြည်းလာသော စိတ်ကြောင့် ပျင်းရိလေးတွဲမှု တစ်စွန်းတစ်စ ကပ်ပါနေခြင်းဟာ သူ့ကို ပိုပြီးဆွဲဆောင်မှု ပြင်းသွားစေသည်။ ထိုကဲ့သို့သောအသံမျိုးက လျှပ်စစ်စက်များကို ကျော်ဖြတ်လျက် ပရိတ်သတ်များထံ ရောက်သွားချိန်တွင်မူ လူအများစုဟာ ပြင်းထန်လွန်းသော ဆွဲဆောင်မှုအောက်တွင် ညို့ငင်ခံလိုက်ရပြန်သည်။ ထိုအသံဟာ သူတို့၏မျက်နှာကို အပူတက်လာစေသည်။

 

ပရိတ်သတ်အများစုက မည်မျှအော်ဟစ်ပြီး ယန်ရှစ်ရွှမ်းအား အနည်းငယ် ဆက်ဖွင့်ပေးရန် တောင်းဆိုလိုပါသော်လည်း သူကမူ ဂရုမစိုက်ဘဲ အလုပ်ဆင်းချင်နေပြီ ဖြစ်သည်။

 

သူ၏သွယ်လျသော လက်ဖဝါးက အဓိကဖန်သားပြင်မှ ခလုတ်ထံ တစ်စတစ်စ ချဉ်းကပ်သွားသည်။ အရည်အသွေးမြင့် မှန်ဘီးလူးအောက်တွင် ထိုလက်များက လက်နက်များကို နှစ်ပေါင်းများစွာကြာအောင် ကိုင်တွယ်မှုကြောင့် အသားမာများ တက်နေသလို သွေးများထွက်နေသော ပျက်ရှရာ ပါးပါးလေးများ ရှိနေသည်။ လက်ချောင်းလေးများကမူ သွယ်လျပြီး အချိုးကျ၏။ လှပလွန်းသော လက်များကို ရူးသွပ်လွန်းသော လူပေါင်းများစွာကို အော်ဟစ်မိစေသည်။ မှန်ဘီလူးအောက်တွင် ခမ်းနားထည်ဝါစွာ ပေါ်လာသော ထိုလက်ဖဝါးဟာ ရိုးရှင်းစွာပင် ဆွဲဆောင်မှု ပြင်းထန်နေပြီး အားလုံးကို စိတ်လှုပ်ရှားစွာ အော်ဟစ်စေမိပြန်သည်။ ထိုသို့ဖြင့် စခရင်ရှုများကို ရိုက်ယူကြပြန်သည်။

 

112 03

 

ထိုတစ်ခဏတွင် ကင်မရာက ရုတ်တရက် လွှင့်ပစ်ခံလိုက်ရသည်။ ကောက်ကွေးကာ လွှင့်ထွက်သွားပြီးနောက်တွင် တစ်ခြားတစ်ဖက်ခြမ်းတွင် ရပ်နေသည့် အများပြည်သူ၏ ထင်မြင်ချက်ကို စစ်ဆေးကြည့်ရှုရန် တာဝန်ယူရသော အရာရှိတစ်ယောက်၏ လက်ထဲသို့ ကွက်တိ ရောက်သွားသည်။

 

အများအမြင်ကို ထိန်းသိမ်း ပေးရသော ပြောရေး ဆိုခွင့်ရှိသူ .. “???”

 

ကြည့်ရှုသူများ “!!!”

 

ယန်ကောပြောတော့ သိုင်းမသတ်ဘူးဆို။

 

ဒါက အမှိုက်ပုံးထဲကို အမှိုက်ပစ်တာမျိုးလို တိတိကျကျ တန်းဝင် သွားတယ်ဆိုတဲ့ အချက်ကို သုံးလို့ မရဘူးနော်။

 

စွမ်းအင်ပြည့်နှက်တဲ့ လူမျိုးရဲ့ ခေါင်းမာမှုလိုပဲ။

 

အများအမြင်ကို တာဝန်ယူ ထိန်းသိမ်းပေးရသော ပြောရေးဆိုခွင့်ရှိသူကမူ အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ပြီး ယန်ရှစ်ရွှမ်းကို တစ်ချက် ကြည့်လိုက်သည်။ ယန်ရှစ်ရွှမ်းကမူ ပျင်းရိလေးတွဲစွာနှင့် ထိုင်ခုံပေါ်တွင် မှီထားသည်။ ထို့နောက် သူသည် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းထားပြီး အဓိကဖန်သားပြင်ကို အာရုံစိုက်လိုက်ရသည်။

 

သို့သော် မျက်လုံးများကမူ တုန်ယင်နေသေးသည်။ ငါကိုယ်တိုင်လည်း သိပ္ပံပညာကို ယုံကြည်ပေမဲ့ ဒါပေမဲ့ လူကြီးမင်းယန် ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို ချုပ်ထိန်းပေးလို့ သာမာန်လူတစ်ယောက်လို ဟန်ဆောင်ပေးပါလား။ စကားသာ မပြောနဲ့။ ဘယ်လိုပဲ နေနေ သာမာန်လူတစ်ယောက်လို့ ဘယ်သူကမှ ယုံကြည်မှာ မဟုတ်ဘူး။

 

ကင်မရာကို ဖယ်လိုက်ပြီးနောက် ယန်ရှစ်ရွှမ်းက သူ၏ခေါင်းကို အသာမော့လျက် တစ်ချက်ကြည့်လိုက်သည်။ သူ၏နူတ်ခမ်းတွင် ပြည့်နေသော အပြုံးက ရှိနေသေးပြီး သူ၏စိတ်ဝိဉာဉ်ကို တက်ကြွစေခြင်း မရှိသေးသော ပျင်းရိလေးတွဲသော အကြည့်မျိုးဖြင့်သာ ကြည့်လိုက်သည်။

 

“ခင်ဗျားက ဘာလာ လုပ်တာလဲ။ ကျန်းဝူပင်းက ဟိုမှာ ဆောင့်ကြောင့်ထိုင်နေတာ မတွေ့ဘူးလား။ ခင်ဗျားက ဒါရိုက်တာရဲ့လက်ထောက်လေ။ ဘာလို့ သူ့ဆီကို သွားပြီး တစ်ချက် မကြည့်တာလဲ။ ခင်ဗျား ဒါရိုက်တာရဲ့လက်ထောက်ဆိုပြီး ဒါရိုက်တာရဲ့ လက်ထောက်တစ်ယောက် လုပ်တဲ့ အလုပ်တစ်ခုမှလည်း မလုပ်သလိုဘဲ”

 

ယန်ရှစ်ရွှမ်း ယဲ့လီက ခေါင်းကို ငုံ့လိုက်သည်။ သူ၏ဆံပင်ရှည်များက ဖြောင့်တန်းသော ပုခုံးမှ တောက်လျောက် ဆင်းကျလာသည်။ သူ၏ နူးညံ့ပြီး အနည်းငယ် ကွေးနေသော အနက်ရောင်ဆံပင်များက ယန်ရှစ်ရွှမ်း၏အရှေ့သို့ ကျလာသည်။ လေပြေဟာ မျက်နှာပေါ် ဖြတ်သန်းတိုက်ခတ်လာအချိန်တွင် အနည်းငယ် ယားယံသွားသေးသည်။

 

“ခင်ဗျား ဘာလို့ အလုပ်သွားမလုပ်တာလဲ။ ဒါရိုက်တာရဲ့လက်ထောက်က ဒါရိုက်တာရဲ့ဘေးနားမှာ တစ်ချိန်လုံး နေရတာ မဟုတ်ဘူးလား။ လိုအပ်တာတွေကိုလည်း ကူညီပေးရသေးတယ်လေ။ ကျန်းဝူပင်းက ခင်ဗျားဆီက အကူအညီလိုမှာ သေချာနေတာပဲ။ ခင်ဗျားက သူ့ကို ကောင်းကောင်း ကူညီနိုင်မယ်လို့ ယုံတယ်”

 

ယဲ့လီက ပြုံးသည်။

 

“နေက ဒီလောက်ပူနေတာ။ မင်း ဘာလို့ ကားထဲမှာ သွားပြီး မအိပ်တာလဲ။ မနေ့ညကလည်း အိပ်ခဲ့ရတာ မဟုတ်ဘူး။ ဘာလို့ အချိန်မှီ သွားမအိပ်တာလဲ။ မင်း တစ်ယောက်တည်း စိတ်မချဘူးဆိုလဲ ငါ စောင့်ကြည့်ထားပေးလို့ ရတယ်။ ဘယ်သူကမှ မင်းရဲ့နားကို မချဉ်းကပ်စေရဘူး”

 

ယန်ရှစ်ရွှမ်းက တစ်ဖက်အနောက်တွ င်ရှိနေသော ကျန်းဝူပင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူသည်လည်း ထိုအရူးလေးဟာ သူခန့်ထားသော လက်ထောက်ဟာ ထိုကဲ့သို့သော စကားမျိုးကိုသာ ကြားရလျှင် နေရာတွင်သာ အော်ငိုလောက်သည်။

 

ဘယ်လို သူဌေးမျိုးက ပိုက်ဆံတွေ အကြောင်းမဲ့ ဖြုန်းနေတာလဲ။

 

ထို့အပြင် သူဌေးက လက်ထောက်ခန့်ရန်အတွက် ပိုက်ဆံ လိုအပ်ပေလိမ့်မည်။ ထို့အပြင် သူကိုယ်တိုင်လည်း သူဌေး၏ အခန်းထဲတွင် နေရန်အတွက် ပိုက်ဆံကုန်ရဦးမည် ဖြစ်သည်။

 

“မဟုတ်သေးပါဘူး။ ဖြေရှင်းရမဲ့ ကိစ္စအများကြီး ရှိသေးတာ။ အိပ်ဖို့ အချိန်မကျသေးပါဘူး။ နောက်မှ ပြောကြမယ်”

 

ယန်ရှစ်ရွှမ်းက နောက်ဆုံးတွင် ထရန် တွန့်ဆုတ်နေသလိုမျိုး နူးညံ့သော ဆိုဖာနှင့် ကိုယ်ခန္ဓာကိုယ်နှင့် အနည်းငယ် ပွတ်သပ်ပြီးလိုက်မှသာ တဖြည်းဖြည်းချင်းစီ ပြန်ထသည်။ ထို့နောက် သူ၏ မာတင်ဖိနပ်ကို မြေပြင်ပေါ် ပြန်ချလိုက်သည်။

 

တစ်ညလုံး မအိပ်ရသေးသည့်အပြင် ပြင်းထန်သည့်တိုက်ပွဲကို တိုက်ခိုက်ပြီးနောက် ရုပ်ပိုင်းဆိုင်ရာ အင်အားကုန်ခန်းမှုက သူ၏ခန္ဓာကိုယ်ကို အလိုအလျောက် နွမ်းနယ်စေသည်။ ထို့အပြင် ဆိုဖာပေါ်တွင် စိတ်အေးလက်အေး အိပ်စက် လိုက်ရသည့်အပြင် နေရောင်ခြည်၏ နွေးထွေးမှုများက သူ၏ယခင် သတိကပ်မှုများကို အလိုအလျောက် လျော့ကျသွားစေသည်။

 

112 04

 

ယန်ရှစ်ရွှမ်းသည် ယခုလေးတင် အိပ်ယာနိုးလာကာစလို ခံစားလိုက်ရ၏။ သူ၏မျက်လုံးကို တစ်ဝက်ခန့်သာ ဖွင့်ထားသည်။ ထိုအမျိုးသား၏ အရိပ်ဖြင့် နေရောင် ကာထားမှုကို ဆုံးရှုံးခံရပြီးနောက်တွင် နေရောင်ကြောင့် မျက်လုံး ပြန်ကြိမ်းသွားပြန်သည်။ ချောမောသော မျက်နှာက အရိပ်ထဲတွင် နေသားကျမှုကြောင့် ပျင်းရိလေးတွဲမှု ပြည့်နှက်နေခြင်း ဖြစ်သည်။ မျက်လုံးဟာ ဖွင့်တစ်ဝက် အိပ်တစ်ဝက် အနေအထားမျိုးနှင့် ဖြစ်သည်။ ထိုမျက်လုံးဟာ ပျင်းရိလေးတွဲပြီး ပြိုင်ဘက်ကင်းသော အလှမျိုးကို သယ်ဆောင်ထားပြန်သည်။

 

သူသည် လက်ကို အသာမြှောက်လျက် ရှုပ်ထွေးသော ဆံပင်များကို တစ်ချက် သပ်လိုက်သည်။ ထို့နောက် ခြေတံရှည်များကို သုံးပြီး မြေပေါ်တွင် ထောက်လိုက်၏။ လက်တစ်ဖက်မှ သွေးများက ယခင်တိုက်ပွဲ၏ ကြမ်းတမ်းမှုကို လက်လက်ဆက်ဆက် ဖော်ပြနေသေးသည်။

 

သူသည် နေရောင်ထဲတွင် ကြွက်သားများကို ဆန့်ထုတ်နေသည့် ကြောင်လေးတစ်ကောင်နှင့် တူသည်။ သူ၏ပေါက်ကွဲမတက် ပြင်းထန်သော ကြွက်သားများက ပျင်းရိလေးတွဲမှုအောက်တွင် ပြေလျော့သွားပြီး ထိတွေ့ကိုင်တွယ်ချင်စိတ် ဖြစ်အောင် နူးညံ့၍ လာသည်။ နေရောင်ကလည်း မသိလိုက် မသိဘာသာပင် သူ၏လှပလွန်းသော အလှတရားနှင့် အင်အားများကို အပြည့်အဝ ထုတ်ပြနေလေရာ အရိုင်းဆန်သော အလှတရားမျိုးကို ထွက်လာစေသည်။

 

ယဲ့လီ၏ အမူအယာက အနည်းငယ် မှင်သက်သွားပုံ ဖြစ်သွားသည်။ သူ၏ဆိုဖာပေါ် သို့ တင်ထားသည့် လက်ချောင်းများက အလိုအလျောက် ကွေးသွား၏။ ယန်ရှစ်ရွှမ်း၏ ပျင်းရိလေးတွဲပြီး ကြောင်ပေါက်လေးကဲ့သို့သော ပုံသဏ္ဍာန်မျိုးဟာ သူ၏နှလုံးသားကို လာရောက် ကုတ်ခြစ်နေသကဲ့သို့ ဖြစ်နေခဲ့သည်။ သူသည် သတိလက်လွတ် လက်ဆန့်ထုတ်၍ ယန်ရှစ်ရွှမ်းကို ထိတွေ့ချင်လာသည်။ တစ်ဝက်တစ်ပျက် ဖြာကျနေသော ဆံပင်များကို ပွတ်သပ်ချင်လာသည်။

 

သို့သော် ခိုင်မာလွန်းသော စိတ်ဓာတ်အင်အားနှင့် သူ့ကိုယ်သူ ခပ်မြန်မြန် ထိန်းထားလိုက်ရသည်။ ယခုလေးတင် ဆန့်ထုတ်ကာ လက်ကို ပြန်ရုတ်လိုက်ရသည်။

 

“လုပ်လို့ မရသေးဘူး”

 

ယန်ရှစ်ရွှမ်းက သူ့ကို သတိကပ်နေတုန်းပဲ။ ဒီလိုလုပ်လိုက်ရင် ယန်ရှစ်ရွှမ်းက သူ့ကို ပိုပြီး သတိထားနေလိမ့်မယ်။ နောက်ပိုင်း ယန်ရှစ်ရွှမ်းရဲ့ဘေးနားမှာ ရပ်ပြီး ပေါ်တင်စောင့်ကြည့်နိုင်စွမ်း ရှိမှာမဟုတ်ဘူး။

 

သူ စောင့်ရမယ်။

 

ယန်ရှစ်ရွှမ်းက သူ၏တည်ရှိမှုကို ကျင့်သားရပြီး သူကို ယုံကြည်လာသည်အထိ သူစောင့်ရမည်။

 

“ယန်ကော ယန်ကော”

 

ယန်ရှစ်ရွှမ်း ရောက်လာကြောင်း မြင်သောအခါ ယခုလေးတင် မေးခွန်းများကြောင့် မျက်လုံးလှန်လျက် ဖြစ်နေသည့် ကျန်းဝူပင်းက ထိုသို့ဆိုသလို ကျောရိုးကြီးတစ်ခုလုံးကို ရှာတွေ့လိုက်သလိုမျိုး စိတ်အေးစွာ သက်ပြင်း ချလိုက်ပြီး ယန်ရှစ်ရွှမ်း ရောက်လာသည်နှင့် ရင်ကွဲနာ ကျသွားသော ကလေးငယ်တစ်ယောက်လိုမျိုး အော်ငိုပြန်သည်။

 

“ယန်ကော ငါ့ရဲ့ရှိုးက ပျောက်တော့မယ်ထင်တယ် ဆိုးလိုက်တာ”

 

ကျန်းဝူပင်းက မျက်လုံးထဲတွင် မျက်ရည်များ ရှိနေသေးသည်။ သူသည် ငိုချင်ပြန်၏။ သို့သော် အရာရှိများ၏ရှေ့တွင် သူ၏အင်းမေ့ချ် ပျောက်ဆုံးသွားမည့် အခြေအနေကို စိုးရိမ်သဖြင့် ထိန်းထားရသည်။ မျက်ရည်ကျ၍ မရချေ။

 

“မင်း ဖုန်းထဲမှာပြောတော့ မင်းရဲ့နှပ်ချေးတွေနဲ့ ငါ့ရဲ့အဝတ်တွေ လာမသုတ်တော့ပါဘူးဆို”

 

ယန်ရှစ်ရွှမ်းက မျက်ခုံးပင့်လိုက်သည်။ ကျန်းဝူပင်းက လက်မောင်းဆန့်တန်းပြီး သူ့ဆီ အပြေးဝင်လာသောအခါ အလိုလျောက်ပင် လက်ကို ထုတ်လျက် သူ့ကို တားလိုက်၏။ ယခင်တိုက်ကွက်မှ အနေအထားမျိုးကြောင့် သူသည် ညစ်ညမ်းသော မျက်နှာကြီးနှင့် မနီးကပ်ချင်သေးပေ။

 

နောက်နေတာလား။

 

သူသည် မြေအောက်ဂူဘုရားကျောင်းအတွင်းတွင် ကြွက်ကြောင့် ရွံ့ရှာခဲ့ရသည်။ အပေါ်သို့ ပြန်တက်လာချိန်တွင် ပိုးများ အနေအထားမျိုးကို ကြောက်နေရသေးသည်။ ထိုအတွက်ကြောင့် အဝတ်အစားများကို သူ၏မိုးကြိုးငါးသွယ် ကျိန်စာဖြင့် ပြာချလိုက်ပြီး ကျန်ရှိသော အဝတ်အစားများကို လဲထားရသည်။ ကျန်းဝူပင်း အရူးကသာ သူ၏အဝတ်အစားကို ထပ်၍ ညစ်ပတ်‌အောင် လုပ်မည်ဆိုလျှင် အချိန်တစ်ခု ကြာသည်အထိ ညစ်ပတ်သွားသော အဝတ်အစားများကို သည်းခံနေရဦးပေလိမ့်မည်။

 

သူသည် ညစ်ပတ်သော အဝတ်များနှင့် ဈေးသို့ ကျော်ဖြတ် မလျှောက်ချင်ပေ။ ထို့ကြောင့် ငြင်းဆန်လိုက်ခြင်းဖြစ်သည်။ ယန်ရှစ်ရွှမ်း၏ မျက်နှာက‌ အေးစက်နေသည်။

 

ယန်ရှစ်ရွှမ်းက မိုးကြိုးငါးသွယ်ကျိန်စာကို သုံးပြီး အဝတ်များကို ပြာချနေသည့် မြင်ကွင်းကို မြင်လိုက်ရသော တာအိုဆရာသခင်စုန့်က အချိန်တစ်ခုကြာအောင် တုန့်ဆိုင်းနေပြန်သည်။

 

ဂျူနီယာညီလေးယန်ရဲ့ ငါးသွယ်မိုးကြိုးကျိန်စာကို သုံးပြီး မီးရှို့လိုက်တာက လွန်လွန်းအားကြီးတယ် မဟုတ်လား။ ဒီလိုငါးသွယ်ကျိန်စာဆိုတာက တာအိုဆရာသခင် ဘုန်းတော်ကြီးရှင် သင်လို့ရတာ မဟုတ်ဘူး။ သိသိသာသာပဲ တစ္ဆေသရဲတွေ သတ်တဲ့နေရာမှ အရမ်းကို အင်အားကြီးမားလွန်းတဲ့ လက်နက်၊မိစ္ဆာသရဲတွေကို နှင်တဲ့နေရာမှာ အရမ်းကို အင်အားကြီးမားလွန်းတဲ့ လက်နက်တစ်ခု။ ဒါကို အခု ဂျူနီယာညီလေးယန်က မီးခြစ်အဖြစ် သုံးလိုက်တယ်။ ဒီစွမ်းရည်ကို မသင်နိုင်တဲ့ တာအိုဘုန်းတော်ကြီးတွေကသာ ဒီမြင်ကွင်းကို မြင်သွားရင် ဒေါသထွက်လွန်းလို့ သေလောက်တယ်။

 

112 05

 

ကျန်းဝူပင်းသည် ယန်ရှစ်ရွှမ်း၏ ရွံရှာမှုကို သတိထားမိသဖြင့် ယန်ရှစ်ရွှမ်း ပစ်ပေးသော လက်ကိုင်ပုဝါကို ခပ်မြန်မြန် ယူပြီး မျက်နှာကို ခပ်ကြမ်းကြမ်း သုတ်လိုက်သည်။

 

သူ မနေ့က ဝင်ခဲ့သောရွာက လူသူမနေထိုင်သည်မှာ အလွန်ကြာသောကြောင့် ဖြစ်လောက်မည်။ ပင်ကူအိမ်များ၊ ဖုန်များက နေရာအနှံရှိနေသည်။ သူသည် အမှောင်ထဲမှ အသက်ဘေးလွတ်မြောက်အောင် ပြေးလွှားခဲ့ရသေးသောကြောင့် ထောင့်ချိုးပေါင်းများစွာကို တိုက်မိကာ မတော်တဆ နေရာပေါင်းများစွာကို ထိတွေ့ခဲ့ဖူးသည်။ ထို့ကြောင့် သူ၏မျက်နှာက မဲတူးပြာနှမ်းနေသည်။ ထပ်ခါတလဲလဲ ငိုထားသေးသည့်အပြင် မိုးရေများ မိပြီးနောက်တွင် ဖုန်များက အနက်ရောင် အညစ်အကြေးများအသွင် ပြောင်းလဲသွားသည်။ ထို့အပြင် သူ၏မျက်နှာကို သုတ်ရန်အတွက် ကြုံရာပစ္စည်းများကို အသုံးပြုထားသောကြောင့် မျက်နှာက စုတ်ပြတ်သပ်နေလေရာ မီးသွေးပုံထဲ တိုးထားသည့် မဲတူးသွားသော ခွေးပေါက်လေးတစ်ကောင်အလား ဖြစ်နေလေသည်။

 

******