113 01
အပိုင်း(၁၁၃)
မင်းသမီးရုန့်ရုန့်ကို ရှာတွေ့သောအခါ သူမ၏ လက်ဖဝါးတစ်ခုလုံးက သူမကိုယ်တိုင် ကိုက်ဝါးမှုကြောင့် အရိုးပင်ပေါ်နေကြောင်း တွေ့လိုက်ရသည်။ ထို့အပြင် သူမ၏ ပါးစပ်ထဲတွင်လည်း ပဲ့ထွက်နေသော အသားစကို ဆက်ဝါးနေသေးသည်။ ထို့ကြောင့် သူမ၏ ပုံပန်းသွင်ပြင်က ကြောက်စရာကောင်းလွန်းလေရာ အရာရှိများက သူမကို ခပ်မြန်မြန် တာအိုဆရာသခင်များထံ အပ်လာရသည်။ ဟိုင်ရွန်ဂူဘုရားကျောင်းမှ တာအိုဘုန်းတော်ကြီးများက သူမကို ကြည့်လိုက်ပြီး သူမကို မိစ္ဆာဝိဉာဉ်က ဝင်ပူးလျက် ဆိုးယုတ်သောအရာက ညှိယူထားမှုကြောင့် ယခုလို စိတ်ထွေပြားနေခြင်း ဖြစ်ကြောင်း သိလိုက်သည်။
ရုန့်ရုန့်အား တာအိုဘုန်းတော်ကြီးထံ အပ်ပြီး မိစ္ဆာဝိဉာဉ်ကို မောင်းထုတ်လျက် တည်ငြိမ်သောအဆောင်ဖြင့် ထောက်ပံ့ပေးပြီးနောက်တွင် ရုန့်ရုန့်က ရုတ်တရက် အိပ်မောကျသွားသည်။ ထိုအခါမှသာ ပတ်တီးစီးပြီး ကုသမှု ခံယူရန်အတွက် ကုသရေးအဖွဲ့သို့ အပ်ရသည်။
ထိုအခြေအနေကို အခွင့်ကောင်းယူပြီး အရာရှိများက ကျန်းဝူပင်းထံ တိုက်ရိုက်စကားပြောခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ ယခုလို နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားလေပြီ။ ဧည့်သည်များ၏ ဇာတ်ကြောင်း ပြန်ပြောပြမှုနှင့် ကင်မရာမှ မြင်ခဲ့ရသော မြင်ကွင်းများအရ ဆုံးဖြတ်နိုင်သည့်အတွက် ရုန့်ရုန့်နှင့် အန်တိုနီတို့ဟာ ကိုယ်ပိုင်လောဘကြောင့် ဒုက္ခရောက်သွားခြင်း ဖြစ်ကြောင်း နားလည်သော်လည်း သူတို့သည် ဒုက္ခရောက်သွားရသေးသည်။ သို့ရာတွင် ရုန့်ရုန့်၏ တာဝန်ခံပုဂ္ဂိုလ်ဖြစ်သော ကျန်းဝူပင်းသည် ဖော်ပြရန် ခက်ခဲသော တာဝန်ခံမှုမျိုး ရှိနေသေးပြန်သည်။
ပို၍ဆိုးသည်မှာ ဒီလိုကိစ္စမျိုးက သန်းနှင့်ချီသော စခရိုက်ပါများ ရှိသည့် ပရိုဂရမ် တစ်ခုတွင် မကြာခဏ ဖြစ်လာသောအခါ အများအမြင်ကိုပါ သက်ရောက်လာနိုင်သည်။
သူတို့သည်လည်း ထိုသို့မဟုတ်ကြောင်း သိနေကြသည့်တိုင်အောင် အရာရှိများအနေဖြင့် အကောင်းအဆိုး မေးခွန်းများ ထုတ်ရာတွင် ဤနည်းအားဖြင့် ကျန်းဝူပင်းကို သံသယမှ လွတ်မြောက်စေလိမ့်မည်။
ကျန်းဝူပင်းက အများအမြင်ကို နှောက်ယှက်ရန် တမင်တကာ လုပ်ခြင်းမဟုတ်ကြောင်း သိသာစေရန် ထိုသို့ မေးခွန်းထုတ်ရပေမည်။ ထိုမေးခွန်းများက ကျန်းဝူပင်းကို ခေါင်းမူးစေသည်။
ကြည့်ရှုသူများ၏ စကားကို နားထောင်နေသော တာအိုဘုန်းတော်အိုကြီးက ကျန်းဝူပင်းကို မကြာခဏဆိုသလို ကြည့်ပြီး တစ်ဖက်သူ၏ မွေးဇာတာကို မေးမြန်းလျက် တွက်ချက်သည်။ ထိုသို့ဖြင့် နေရာတွင်ပင် ကျန်းဝူပင်း၏ မွေးဇာတာက ပေါ်လာသည်။ ထို့နောက် သူနှင့် အခြားသော ဘေးဘက်တွင် စောင့်ကြည့်နေကြသော တာအိုဆရာသခင်များက မွေးဇာတာကို ကြည့်ပြီး မျက်လုံးပြုူးသွားကြသည်။
“ငါ ပြောမယ်။ ယန်ရှစ်ရွှမ်းလိုမျိုး အရိုးထဲ စွဲတဲ့အထိ တစ္ဆေတွေကို ဆွဲဆောင်နိုင်တဲ့စွမ်းရည် ဘယ်လိုလုပ် ပါလာတာလဲ။ ယန်ရှစ်ရွှမ်းက သရဲအများစု သူ့ကို ကြောက်ကြတာ တော်ပါသေးတယ်။ ဒါပေမဲ့ ဒီနှစ်ပိုင်းလုံးမှာ သရဲတွေနဲ့ ပတ်သက်မိတာ ကောင်လေး မင်းကြောင့် ဖြစ်နေတာပဲ”
တာအိုဘုန်းတော်ကြီး လျှာတစ်ချက် သပ်လိုက်ပြီး မှင်သက်စွာ ပြောသည်။
“မင်းရဲ့ ကံကြမ္မာမှာ သရဲတွေ အပြည့်ရှိနေတာ။ မင်းရဲ့မွေးဇာတာက တအားကို အရောင်ဖျော့နေတယ်”
သူတို့သည် ယခင်တစ်ခေါက်တွင် ညစ်ညမ်းသောလူကို ခန့်အပ်ခဲ့မိသည်။ မိသားစုမှ အကြီးအကဲများကလည်း ဘုရားကျောင်းမှ တာအိုဘုန်းတော်ကြီးများကို ပင့်ဖိတ်ခဲ့ရသေးသည်။ ထို့အပြင် ယန်ရှစ်ရွှမ်းနှင့် ခင်မင်သော ဆက်ဆံရေးကြောင့် ကျန်းဝူပင်းသည် ဟိုင်ရွန်ဂူဘုရားကျောင်းနှင့် အဆက်အဆံ များသွားသည်။ ထို့အတွက်ကြောင့် ကျန်းဝူပင်းဟာ အမတတစ်ပါးလို တည်ငြိမ်မှုနှင့် ကလေးဆန်သော မျက်နှာမျိုးကို ပိုင်ဆိုင်ထားသည့် ထိုတာအိုဘုန်းတော်အိုကြီး၏ အင်အားနှင့် အဆင့်အတန်းကို နားလည်ထားလေသည်။
ထိုအချိန်တွင် တာအိုဘုရားကျောင်းမှ အလေးစားခံရဆုံး အသက်အကြီးဆုံး တာအိုဘုန်းတော်ကြီးက ထိုသို့ ပြောလိုက်လေရာ ကျန်းဝူပင်းက နေရာတွင်ပင် တောင့်ခဲသွားသည်။ ထို့နောက် အချိန်အတန်ကြာပြီး နောက်တွင် အတတ်နိုင်ဆုံး ထိန်းထားသည့်တိုင်အောင် မျက်ရည်များက စီးကျလာသေးသည်။ သူသည် အသားကုန် ငိုလုနီးပါး ဖြစ်လာသည်။ ဒါရိုက်တာ၏ အဆင့်အတန်းကို အတတ်နိုင်ဆုံး ထိန်းနေရ၏။
“ဟိတ် ကလေး မငိုနဲ့ မငိုနဲ့”
တာအိုဘုန်းတော်ကြီးက ယန်ရှစ်ရွှမ်း၏ မိတ်ဆွေဟောင်း ငိုနေကြောင်းကို မြင်လိုက်ရချိန်တွင် သူ၏လက်ညိုးလေးကို သုံးပြီး မွေးဇာတာကို ခပ်မြန်မြန် ပြန်တောက်လိုက်ကာ ရှားရှားပါးပါး နှစ်သိမ့်ပေးသည်။
“မင်းဟာ တစ်ဘဝလုံး သရဲတွေအပြည့် ထားတယ် ဆိုပေမဲ့လည်း မင်းရဲ့ဘဝမှာ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကို ပိုင်ဆိုင်ရဦးမှာပါ။ နောက်ပြီး ဒီလိုပုဂ္ဂိုလ်တွေ အများကြီးကို ကြုံတွေ့ရဦးမှာပဲ။ ဒါကြောင့် မင်း အသက်၂၀ အရွယ်ရောက်တဲ့အချိန် သေလုနီးပါး အဖြစ်တွေကို ရင်ဆိုင်ရမယ်။ ဒါပေမဲ့ အခု မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကို တွေ့ခဲ့တာပဲ။ မင်းက အသက်ရှင်နေပြီးသား။ ဒါကို ဘာလို့ သရဲတွေကို ကြောက်ရမှာလဲ”
113 02
သိုဝှက်ထားသော အဓိပ္ပာယ်ကမူ ဘယ်သောအခါ ယင်နှင့်ယန်ကို ဖယ်ရှားနိုင်လိမ့်မည် မဟုတ်ချေ။ စုန့်တောင်ချန်းက ကျန်းဝူပင်းအား သော မျက်နှာထားမျိုးနှင့် ကြည့်သည်။ သူ၏ ဆရာသခင်၏ စကားလုံးများက မှန်ကန်ကြောင်း သူသည်လည်း ခံစားမိသည်။ ထို့ဒါရိုက်တာဟာ မည်သို့ပင်ကြည့်ကြည့် အချိန်မရွေး ငိုလုနီးပါး ဖြစ်နေသည်။
ပို၍ဆိုးသည်မှာ သူ၏မွေးဇာတာထဲတွင် သရဲတစ်ကောင်၊ နှစ်ကောင်တည်း ရှိနေခြင်း မဟုတ်ချေ။ မွေးဇာတာ တစ်ခုလုံးက သရဲများ ပြည့်နှက်နေခြင်း ဖြစ်သည်။ သူ၏အသက်ဇယားတစ်ခုလုံးက သရဲများ တန်းစီပြည့်ကြပ်နေခြင်း ဖြစ်လေရာ မြို့ပင် တည်၍ရလေသည်။
သေချာပေါက်ပင် ထိုစကားကို ကြားပြီးနောက် ကျန်းဝူပင်းက သိသာစွာပင် နှစ်သိမ့်ခံရခြင်း မရှိလေဘဲ ပို၍ဝမ်းနည်းသွားပြီး မျက်ရည်များက ဝမ်းနည်းနေသော ခွေးလေးတစ်ကောင်လို တအိအိ ပြိုကျလာသည်။ သူအမြှီးကပင် ကွေးကျသွားသည်။
အစပိုင်းတွင် အလေးအနက်ထားပြီး ဟောပေးနေသော တာဝန်ခံပုဂ္ဂိုလ်ကလည်း ကျန်းဝူပင်းကို စာနာသနားမှုဖြင့် ပြည့်လာသည်။ သူသည် ဒီလိုကိစ္စများကို ကိုင်တွယ်ရန် နှစ်၂၀လုံး တာဝန်ယူထားရသူအလျောက် ပထမဦးဆုံးအကြိမ် ဒီလိုကံကြမ္မာမျိုးရှိသော လူမျိုးကို တွေ့ဖူးခြင်းဖြစ်သည်။ သဘာဝအားဖြင့် ထိုလိုကံကြမ္မာမျိုးနှင့်လူများဟာ အရွယ်မရောက်တတ်ချေ။ အရွယ်ရောက်လျှင်လည်း သဘာဝအလျောက်ပင် ရှားပါးသည်။ ကြည့်ရသည်မှာ ဒီတောင်ချန်း ပြောသည်မှာ မှန်ကန်လောက်သည်။ ကျန်းဝူပင်း အမည်ရသော ဒါရိုက်တာဟာ သူ၏ဘဝတွင် သရဲများ ပြည့်နှက်နေသော်လည်း မြင့်မြတ်သော ပုဂ္ဂိုလ်များကို ပိုင်ဆိုင်ထားသည်။ သို့မဟုတ်လျှင် ယခုအသက်အရွယ်ထိ နေနိုင်လိမ့်မည် မဟုတ်ချေ။
ထိုရူထောင့်မှကြည့်သော ကျန်းဝူပင်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ခဲ့ခြင်း မဖြစ်နိုင်ချေ။ မည်သို့ပင်ဆိုစေ သူ့ကိုယ်တိုင်က သရဲများကြောင့် အလွယ်တကူ ကြောက်တတ်နေပြီးသား ဖြစ်သည်။ ထိုသို့အင်တိုက်အားတိုက် လုပ်လိမ့်မည် မဟုတ်ချေ။ သူကသာ ရည်ရွယ်ချက်ရှိရှိ သရဲများကို သွားမရှာလျှင်ပင် အခြားသောသူများက အကောင်းသော ရည်ရွယ်ချက်ကြောင့် သို့မဟုတ် သူ့ကို လှုံ့ဆော်ခဲ့ရန်အတွက် ရောက်လာနိုင်သေး၏။ သို့သော် ကျန်းဝူပင်းကမူ ထိုသို့တမင်တကာ လုပ်ပါက ကိုယ့်ကိုယ်ကို သတ်သေသလို ဖြစ်လောက်သည်။
တာဝန်ခံပုဂ္ဂိုလ်က တစ်ခဏခန့် တွေးတောပြီးနောက် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျန်း။ ဒီရှိုးတစ်ခုခု ဖြစ်လာဖို့ကိုလည်း ဘယ်သူကမှ ဆန္ဒ မရှိပါဘူး။ ဒီအတိုင်း_ _ _ “
သူသည် တုန့်ဆိုင်းစွာနှင့် တာအိုဘုန်းတော်ကြီးကို ကြည့်လိုက်သည်။ ထို့နောက် မည်သို့ပြောသင့်ကြောင်း မသိတော့ချေ။
“ငါတို့လည်း ဒီအတိုင်း သွားနေလို့ မရဘူးလေ။ ဒါရိုက်တာကျန်းရဲ့ ကံကြမ္မာကို ကြည့်ဦး။ နောက်တစ်ကြိမ် ထပ်ပြီးသွားရင် ဒီလိုကိစ္စမျိုးကို ကြုံတွေ့ရနိုင်တယ်။ ဒါမှမဟုတ်ရင် ဒီရှိုးကို _ _ _”
“ဒါပေမဲ့ “
တာအိုဘုန်းတော်ကြီးက အကြောင်းအရာကို ပြောင်းပြီး ထိုတာဝန်ခံပုဂ္ဂိုလ်၏ စကားကို ဖြတ်ပြောသည်။
“ကံဆိုးမှုတွေက ကံကောင်းမှုအပေါ် မှီခိုနေတာပဲ။ ကံဆိုးမှုက ကံကောင်းမှုကို သယ်ဆောင်လာပေးနိုင်တယ်။ ဒါရိုက်တာကျန်းက နောက်ထပ် ငြိမ်းချမ်းပြီး ကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးနိုင်ပြီ မဟုတ်လား။ ပရိုဂရမ် အပိုင်းနှစ်ပိုင်းလုံးက ဟိုင်ရွန်ဂူဘုရားကျောင်း စိုးရိမ်နေခဲ့ရတဲ့ ကိစ္စကြီးနှစ်ခုလုံးကို ဖြေရှင်းပေးလိုက်တယ်။ ဒီနေရာက ကိစ္စလိုမျိုး တစ်ရက်လောက် နှောင့်နှေးလိုက်တာနဲ့ ဆိုးရွားသွားနိုင်တဲ့ ကိစ္စမျိုးကြီးကို ဖြေရှင်းလိုက်နိုင်တာကို လက်ခံရတာပဲ မဟုတ်လား”
“လောကမှ တိုက်ဆိုင်မှုတွေ၊ မတော်တဆမှုတွေ ဆိုတာ မရှိဘူး”
တာအိုဘုန်းတော်ကြီးက ပြုံးပြီး အဓိပ္ပာယ်အပြည့်နှင့် ပြောသည်။
“အန်းကျစ် ကံကြမ္မာကို ဖီဆန်တာက ကံကြမ္မာရဲ့ မူရင်း ရည်ရွယ်ချက် မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် တွက်ချက်မှု၊ ထောင်ပေါင်းများစွာ လုပ်ပြီးတဲ့နောက်မှာ ကောင်းကင်ဘုံက စစ်တုရင် ကစားပွဲတွေကို ကစားပြီး အရာအားလုံးကို ရူးသွပ်နေပုံနေတဲ့ ခွေးတွေလို ဆက်ဆံထားတယ်ဆိုတာ ရှင်းလင်းနေရတာပဲ”
“ဒီရှိုးကို ဆက်လက်ပြီး ထုတ်လွှင့်ဖို့ ခွင့်ပြုထားရင်လည်း ပြဿနာမရှိပါဘူး”
တာအိုဘုန်းတော်အိုကြီးက မျက်မှောင်အသာကျုံ့လိုက်သည်။ သူ၏ ထိုအရာအရှိပေါ် ကြည့်သည့်အကြည့်က ပြောင်းလဲလာသည်။
တာဝန်ခံပုဂ္ဂိုလ်ကလည်း အနည်းငယ် ပြောင်းလဲသွားသည်။
“တာအိုဆရာသခင်လီ ဒါပေမဲ့ ဒါက _ _ _”
ဟိုင်ရွန်ဂူဘုရားကျောင်းက ဒီရှိုး နောက်ပိုင်းထုတ်လွှင့်မယ် အပိုင်းတွေ ပတ်သက်ပြီး ထိန်းသိမ်းထားပေမယ်။ မင်း တကယ်လို့ စိုးရိမ်တယ်ဆိုရင်လည်း မင်းလည်း ဒီရှိုးနောက်ကို လိုက်ဖို့ လူလွှတ်ထားလို့ရတယ်”
တာအိုဘုန်းတော်အိုကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။ ထိုသို့ဖြင့် တာဝန်ခံပုဂ္ဂိုလ်၏ မျှော်လင့်ထားသော စကားလုံးများကို ထုတ်ပြောပေးလိုက်သည်။
တာဝန်ခံပုဂ္ဂိုလ်ကိုယ်တိုင်က အပေါ်ယံ တုန့်ဆိုင်းနေပုံ ပေါ်သော်လည်း စိတ်ထဲတွင်မူ တုန်လှုပ်နေသေးသည်။
113 03
တစ်ဖက်သူ ပြောသော စကားက မှန်ကန်သည်။ ဒီရှိုးနှစ်ခုလုံးတွင် ပြင်းထန်သည့် ဒဏ်ရာရှိသူမှာ မည်သူကမှ မသေသွားချေ။ ပို၍ကြီးမားသော ကိစ္စကို ဖြေရှင်းပေးလိုက်နိုင်၏။
ထို့ကြောင့် ယခုလိုမျိုး ယဲ့လန့်တောင်ထိပ်မှ ကိစ္စထက် ပို၍ပင် အရေးကြီးသေးသည်။ ပရိုဂရမ်အဖွဲ့ကသာ လမ်းကြောင်းက မိုးသည်ထန်မှုကြောင့် တံတားပြိုသွားသောကြောင့် လမ်ကြောင်းကို ပြောင်းလိုက်ပြီး မိုးရွာသော နေ့ရက်တွင် ယဲ့လန်တောင်ထိပ်ကို ဝင်ရောက်လာခြင်းကြောင့်သာ မဟုတ်လျှင် မည်သူမှ သတိမထားမိပဲ တောင်အိုကြီးတစ်ခုလုံးက ဖျက်ဆီးခံရလောက်သည်။ ထို့အပြင် ဆိုးယုတ်သောအရာက ဖြောင့်မတ်မှန်ကန်သော နတ်ဘုရားအသွင် ယူပြီး ပိုကြီးမားသည့် ကပ်ဘေးအသွင် ပြောင်းလာလောက်၏။
ထို့ကြောင့် သန်းပေါင်းများစွာသော လူများက သက်ရောက်ခံရလိမ့်မည်။
“ငါ နားလည်ပြီ”
တာဝန်ခံပုဂ္ဂိုလ်က ပို၍ ခိုင်မာတည်ကြည်စွာနှင့် ခေါင်းညိတ်ကာ ပြောသည်။
“ငါ အာဏာပိုင်တွေကိုတော့ ပြန်ပြီး သတင်းပို့လိုက်ဦးမယ်။ ဒီကိစ္စက အရမ်းကြီးလွန်းတာကြောင့် ငါကိုယ်တိုင် ဆုံးဖြတ်ချက် ချလို့ မရဘူး”
တာအိုဘုန်းတော်ကြီးနှင့် အခြားသောသူများ လူစုခွဲသွားပြီးနောက် တစ်ညလုံး ဘာမှ မစားရ၊ ဘာမှ မသောက်ရ၊ တရေးမှ မအိပ်စက်ရသေးသော ကျန်းဝူပင်းဟာ ဆာလှောင်မှုကြောင့် မူးဝေလာသည်။ ထို့အပြင် သူဟာ မေးခွန်းပေါင်းများစွာကိုလည်း ဖြေထားရသည်။ ထို့ကြောင့် ကြောင်တောင်တောင်ပင် ဖြစ်လာ၏။ ယန်ရှစ်ရွှမ်းကို တွေ့လိုက်သော တစ်ခဏတွင် လေကျုံ့ထားသော ဘောလုံးကြီး တစ်လုံးလို ဖြစ်နေခဲ့သည်။
သူ ယခုလေးတင် ထိန်းထားသည့် လူကြီးတစ်ယောက်၏ ပုံပန်းသွင်ပြင်မှတဆင့် အရူးတစ်ယောက်အသွင်ပြောင်းသွားလေပြီး ယန်ရှစ်ရွှမ်း၏ ဘေးနားသို့ သွားကာ ဗိုက်ဆာကြောင်း အော်ငိုကာ အထွန့်တက်လေသည်။ ယန်ရှစ်ရွှမ်းက ဆွံ့အသွားသည်။
“ငါက မင်းရဲ့အဖေလား။ ငါက မင်းအတွက် ညစာတောင် ပြင်ဖို့ တာဝန်ယူပေးရဦးမှာလား”
သို့သော် သူက ထိုသို့ပြောသည့်တိုင်အောင် ယန်ရှစ်ရွှမ်းက ခြေထောက်ကိုမြှောက်ပြီး ကယ်ဆယ်ရေးအသင်းထံ သွားကာ ပေါင်မုန့်နှစ်တုံးလောက်ဖြစ်ဖြစ် သွားဆွဲယူရန် ပြင်ဆင်နေပြီ ဖြစ်သည်။
သူသည်လည်း တစ်မနက်လုံး ဘာမှမစားရသေးပေ။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လှုပ်ရှားပြီးနောက် အနည်းငယ် ဗိုက်ဆာလာသည်။
သို့သော် ယန်ရှစ်ရွှမ်းက မလှုပ်ရသေးခင် ယဲ့လီက စားစရာတစ်အိတ် သယ်လာသည်။
“မင်း မနေ့ညက ဘာကိုမှ မစားထားဘူး။ မင်း ဗိုက်ဆာနေမယ်လို့ ငါ တွေးမိတယ်။ ဒီတော့ ငါ အရာရှိရဲ့ ကားထဲကနေ မုန့်နည်းနည်းယူလာတယ်”
ယဲ့လီ၏အသံက တည်ငြိမ်သည်။ သူသည် သာမာန်ကိစ္စတစ်ခုကို ပြောနေသလိုမျိုး ထင်ရသည်။
သို့ရာတွင် ယန်ရှစ်ရွှမ်းက မနေ့ညက အနည်းငယ်သာ စားထားကြောင်းကို သူသိနေသလို ဒီမနက်တွင် ရေတစ်စက်မှပင် မသောက်ထားကြောင်းကိုလည်း နားလည်နေ၏။ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက် ယန်ရှစ်ရွှမ်း၏ ဆာလှောင်ထားကြောင်းကိုလည်း နားလည်နေ၏။ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက် ယန်ရှစ်ရွှမ်း၏ ဆာလှောင်နေမည့် အခြေအနေကို ပို၍ပင် နားလည်နေသေးသည်။
ယန်ရှစ်ရွှမ်းဟာ ထိုအမျိုးသားကို အံ့အားမှုများ ပြည့်နှက်ကာ ကြည့်နေသည်။ ယဲ့လီကလည်း သူ့ကို တည်ငြိမ်စွာ ကြည့်ခွင့်ပေးသည်။
သူ ယူလာသော မုန့်အိတ်ကို ဖွင့်လိုက်သောအခါ မွှေးပျံ့သော ရနံ့ကို လေထုအတွင်း ပျံ့နှံ့လာ၏။ ထမင်းက အငွေ့ပင် ထနေသေးသည်။ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသော ဟင်းလျာများဟာ နေရောင်အောက်တွင် ဆွဲဆောင်မှု ပြင်းသော အရာမျိုးကို လွှင့်ထုတ်ပေးလာကာ ဗိုက်မဆာသူများ၏ အစာအိမ်ကိုပင် လှုံ့ဆော်ပေးနိုင်သည်။
ကျန်းဝူပင်းက သူ၏ဗိုက်ကို စွာဖြင့် အုပ်လိုက်သည်။ ထိုဗိုက်က တဂွိဂွိ မြည်လာ၏။ သူကပင် အနည်းငယ် ရှက်သွားသည်။ သို့သော် သူ၏အကြည့်က ယဲ့လီ၏ လက်ထဲသို့ ရောက်သွားသည်။
ယန်ရှစ်ရွှမ်း ခံစားချက်မဲ့သော မျက်နှာ “..... “
“မင်း ဗိုက်မဆာဘူးလား”
ယဲ့လီက မေးပြီး သူ၏မျက်ခုံးရှည်များကို မြှောက်သည်။
ယန်ရှစ်ရွှမ်းက ဆွံ့အသွားသည်။
“ခင်ဗျား လိမ်ချင်တယ်ဆိုရင်လည်း ဒီလိုစားစရာမျိုးကို ကယ်ဆယ်ရေး ယာဉ်ထဲက ထုတ်လာနိုင်မယ်လို့ ယုံမယ်ထင်နေတာလား။ အရာရှိတွေရဲ့ ကယ်ဆယ်ရေးအသင်းက ထမင်းချက်တစ်ယောက် ခေါ်လာဦးမယ်လို့ ထင်နေတာလား။ ထမင်းက ပူနေတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ဟင်းက ချက်ပြီးကာစဆိုတာ သိသာနေတာပဲ”
“ဟွန့် ငါယုံမယ်လို့ ထင်နေတာလား”
113 04
“မင်း ငါ့ကို လိမ်ချင်ရင်လည်း အေးစက်နေတဲ့ ထမင်းတစ်ဘူး ယူလာပေးလိုက်လေ။ ဒီလိုဆိုရင်တောင် ကယ်ဆယ်ရေးအသင်းက မနေ့ညက ကားထဲကို ထည့်ပြီး ယူလာပေးတဲ့ ဟင်းဘူးလို့ ယုံပေးဦးမယ်”
ယန်ရှစ်ရွှမ်း၏ အမူအယာအရ သူ၏ဆိုလိုရင်းကို သိသိသာသာ ထုတ်ပြနေသေးသည်။ ယဲ့လီ၏ အမူအယာဟာ သဘာဝကျသည်။ သူသည် ယခုလို အလိမ်ပေါ်သွားသောကြောင့် ရှက်သွားသည့် အမူအယာလည်း မပေါက်ချေ။
“မင်း တစ်မနက်လုံးနီးပါး ဘာမှစားထားတာ မဟုတ်ဘူး။ ဒီတော့ အင်အားအများကြီးလည်း သုံးထားရသေးတယ်။ နောက်ထပ်ကြွက်တစ်ကောင်နဲ့ တိုက်ခိုက်ဖို့ ဆိုရင်တောင်မှ တအားကို ပင်ပန်းမယ်လို့ ငါယုံတယ်”
“ဒါကြောင့် ဒီအသင့်စား စားစရာတွေနဲ့ အေးစက်နေတဲ့ စားစရာတွေကို စားလိုက်ရင် အစာအိမ်ကို ထိခိုက်လိမ့်မယ်။ ဗိုက်နာနိုင်တယ်။ သေမျိုးလူသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်က အရမ်းကို အားနည်းလွန်းတယ်လေ။ နောက်ပြီး ခန္ဓာကိုယ်ထဲမှာ အစာအိမ်တွေ၊ အူတွေဆိုတာလည်း ရှိသေးတယ်။ဒါကြောင့် မင်းသာ ဂရုမစိုက်ရင် ဗိုက်အောင့်တာတွေ၊ ဖျားတာတွေ၊ သေတာတွေ ဖြစ်လာနိုင်တယ်”
ငါက အမှန်တရားကို ပြီးပြည့်စုံလွန်းတဲ့ အလိမ်အညာကို ပြောတတ်တယ်။ ဒါပေမဲ့ ငါ မပြောချင်လို့ပဲ။
မင်းရဲ့ကျန်းမာရေးက ငါ့အပေါ် ဝင်နေတဲ့ သံသယတွေထက် ပိုပြီး အရေးကြီးပါတယ်။
ယဲ့လီက ဘေးဘက်တွင် ဖြတ်သွားသော ကယ်ဆယ်ရေးဖော် တစ်ယောက်ကို ခေါ်လိုက်ပြီး မျက်နှာပြောင်းလဲခြင်း မရှိဘဲ မေးမြန်းလိုက်သည်။
“သူက အပြင်ဘက် လမ်းဘေးမှာ စားစရာတွေ ရောင်းတဲ့သူ ရှိတယ်လို့ ပြောတယ်။ ဒါကြောင့် ငါ သွားပြီး ဝယ်လိုက်တာ”
ယန်ရှစ်ရွှမ်းက ဒါရိုက်တာလက်ထောက်ပြသော နေရာသို့ ကြည့်လိုက်သည်။ ထိုအချိန်တွင် ယဲ့လီ၏မျက်လုံးက ညွှန်ပြသည့် ကယ်ဆယ်ရေး အသင်းဝင်ထံ ရောက်သွား၏။
ကယ်ဆယ်ရေး အသင်းဝင်က ရုတ်တရက် လူနှစ်ယောက်၏ စိုက်ကြည့်မှုကို ခံရသောကြောင့် ကြောင်သွားသည်။
“အမ်”
သူသည် စိတ်ရှုပ်ထွေးသွားပြီး ထိုသို့မပြောဖူးကြောင်း ငြင်းလိုသည်။
လမ်းဘေးမှာ ဘယ်လိုစားစရာတွေ ရောင်းတဲ့သူ ရှိမှာလဲ။
လူတိုင်းက ဖွင့်ထားတာ မဟုတ်ဘူး။
သို့သော် ထိုစကားများက သူ၏ နူတ်ခမ်းထိပ်သို့ ရောက်လာသောအခါ ရုတ်တရက် ပြောင်းလဲသွားပြီး ခေါင်းညိတ်စွာ ခိုင်မာစွာ ဖြေလိုက်မိသည်။
“ဟုတ်တယ် ငါ ပြောလိုက်တာ”
ယဲ့လီက အသိပြန်ပြောင်းသွားပြီး ယန်ရှစ်ရွှမ်းကို အေးစက်စွာ ကြည့်သည်။
“မင်း ဗိုက်မဆာဘူးလား။ မေးခွန်းမေးမယ်ဆိုလည်း စားပြီးမှ မေးပါ”
ထမင်းနံ့ကို ရသဖြင့် ဆာလောင်လွန်းသောကြောင့် သတိလစ်လုနီးပါးပင် ဖြစ်နေသည့် ကျန်းဝူပင်းက သနားစဖွယ်နှင့် နှာခေါင်းရှုံ့ရင်း ပြောသည်။
“ယန်ကော ယန်ကော မေးခွန်းမေးစရာရှိရင်လည်း နောက်မှမေးပါလား။ ငါလည်း ဗိုက်ဆာတယ်။ ယန်ကောရဲ့ ချစ်စရာကောင်းတဲ့ ညီငယ်လေးက ဗိုက်ဆာလွန်းလို့ သေတော့မယ်ထင်တယ်”
ယန်ရှစ်ရွှမ်းက ကျန်းဝူပင်းကို ရွံရှာစွာ တစ်ချက် ကြည့်လိုက်သော်လည်း သူ၏အပြုအမူက အများကြီး ညင်သာသွားသည်။ ထိုသို့ဖြင့် ယဲ့လီထံမှ စားစရာများကို ယူပြီး သူ့ကို ပေးလိုက်၏။
“သွား ဟိုမှာသွားစား နောက်တစ်ခါ မင်းရဲ့နာမည်ကို ကျန်းဖန်ထုံးလို့ ပြောင်းလိုက်တော့”
“ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ယန်ကော”
ကျန်းဝူပင်းက ထမင်းဘူးကို ကိုင်ပြိး ချက်ချင်းပြေးသွားသည်။ သူသည် ပျော်ရွှင်လွန်းသဖြင့် အနောက်ဘက်တွင် အမြှီးယမ်းနေသည့်ပုံကိုပင် မြင်နိုင်သည်။
ဒါပေမဲ့ အဲ့ဒီလူက ဘယ်သူလဲ။ ဘာလို့ ယန်ကောနားကို ရောက်နေတာလဲ။
ကျန်းဝူပင်းက ရုတ်တရက် စားစရာများကို ကိုင်ပြီး တွေးမိသွားသည်။ သူသည်လည်း ထိုလူကို သိသင့်သည်ဟု ခံစားနေရသည်။ သို့သော် မမှတ်မိချေ။
အဆုံးသတ်တွင် ရွေးချယ်စရာ မရှိလေဘဲ စိတ်ရှုပ်ထွေးသော မျက်နှာနှင့် ဗိုက်ဖြည့်လိုက်ရသည်။
“ထားလိုက်ပါတော့ နောက်မှပဲ မေးတော့မယ်။ ယန်ကောရဲ့မိတ်ဆွေထင်တယ်”
ကျန်းဝူပင်းက ပြေးသွားသောကြောင့် ထွက်လာသော ရနံ့များကို ရသည့် အရာရှိများသည်လည်း ဗိုက်ဆာလာသည်။ သို့သော် ကားထဲတွင် ပေါင်မုန့်များ ရှိကြောင်း ကြားရချိန်တွင် စိတ်ပျက်သွားကြသည်။
******