114 01
အပိုင်း(၁၁၄)
ပေါင်မုန့်နဲ့နို့တွေကတော့ အရသာရှိတယ် ဆိုပေမဲ့လည်း ဒီဟင်းအနံ့ကို ရပြီးတဲ့နောက်မှာ ဆန်နဲ့အသားက ပိုကောင်းတယ်လို့ ခံစားနေရပြီ။ နေပါဦး ဒီနားမှာ စားစရာ ပူပူနွေးနွေး ဝယ်လို့ရတဲ့နေရာ မရှိဘူးလား။ အဲဒါတွေ ဘယ်နေရာကနေ ရောက်လာတာလဲ။
အရာရှိများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သောအခါ စိတ်ရှုပ်ထွေးမှုများကို မြင်လိုက်ကြရသည်။
ယန်ရှစ်ရွှမ်းသည် စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေပြီးနောက်တွင် ယဲ့လီ၏လက်ထဲမှ သူ၏ ဝေစုကို ယူသည်။ ထို့နောက် မျက်ခုံးပင့်ကာ မေးလိုက်၏။
“အတူစားမလား”
ယဲ့လီ၏ အမူအယာက တည်ငြိမ်နေရာမှ အပြုံးက ထွက်ပေါ်လာသည်။
“ကောင်းပြီ”
ပရိုဂရမ် အဖွဲ့ဝင်များနှင့် အရာရှိများအားလုံးက ထိုနှစ်ယောက် ခပ်အေးအေးလူလူ စားနေသော မြင်နေကြသော မြင်ကွင်းကို စိုက်ကြည့်နေလိုက်ကြသည်။ တစ်ဖက်နှစ်ယောက်သည် ယခုလေးတင် အန္တရာယ်တစ်ခုကို ကြုံတွေ့ပြီးခဲသော သူများနှင့်ပင် မတူညီချေ။ အပြင်သို့ ပျော်ပွဲစား ထွက်လာသလိုမျိုး ပေါ့ပေါ့ပါးပါး ရှိနေသည်။
ထွက်လာသော ရနံ့က လူအများ၏ ဆာလောင်စိတ်ကို ဆွဲဆောင်ပေးနေသည်။ သို့သော် သူတို့သည် ပေါင်မုန့်များကို ကိုက်ဝါးရင်း နို့များကို သောက်လျက် ယန်ရှစ်ရွှမ်းထံ သနားစဖွယ် ကောင်းလောက်အောင် လည်တိုင်ဆန့်ကာ ကြည့်နေလိုက်သည်။
“ငါလည်း ဟိုလူရဲ့ စားစရာတွေ စားချင်တယ်လေ”
ယန်ကောက တအားပျော်နေတဲ့ပုံပဲ ငါ မနာလိုဖြစ်လိုက်တာ။
“ဘာလို့ ယန်ကောပဲ စားလို့ရတာလဲ ငါလည်း စားချင်တယ်လေ”
“ဝန်ထမ်းက ဝယ်လာတာလား။ ဘာလို့ ငါတို့အတွက် ဝယ်မလာတာလဲ”
အဓိကဖန်သားပြင်ရှေ့မှ ကြည့်ရှုသူများသည်လည်း ဧည်သည်များနှင့် ကင်မရာအနီးအနားဝန်းကျင်မှ လူများ၏ တုန့်ပြန်မှုမှတဆင့် အခြေအနေကို သိလိုက်သည်။ သူတို့သည်ပင် အနည်းငယ် ပဟေဠိ ဖြစ်သွားသည်။
[ဘာလို့ ဒါရိုက်တာရဲ့လက်ထောက်က ယန်ကောနဲ့ ဒါရိုက်တာအတွက်ပဲ ဝယ်လာပေးတာလဲ။ ဒီလက်ထောက်က အရည်အချင်း မပြည့်မှီလိုက်တာ]
[နောက်ပြီး ငါက ပိုပြီးသိချင်စိတ် ပြင်းပြတာက ဝံပုလွေရိုင်းတောင်ထိပ်လို တောင်တန်းထဲမှာ ဘယ်နေရာကနေ စားစရာသွားဝယ်သလဲ ဆိုတာပဲ]
ထိုအချိန်တွင် ပင်းဟိုင်မြို့နှင့် ဝေးကွာလွန်းသော နာမည်ကျော် စားသောက်ဆိုင်တစ်ချို့တွင် စားဖိုမှုးတစ်ယောက်ဟာ အနောက်ဘက် မီးဖိုခန်းအတွင်း ရပ်နေရာမှ ရုတ်တရက် အသိပြန်ဝင်လာသည်။ ထို့နောက် ခုတ်သင်ပြီးကာစ ဘုတ်ပြားများနှင့် လောလောလတ်လတ် သုံးထားပြီးပုံရသော မီးဖိုချောင်သုံး ပစ္စည်းများကို ကြည့်ပြီး စိတ်ရှုပ်ထွေးသွားသည်။
“အလုပ်လုပ်ရမဲ့ အချိန်လည်း မရောက်သေးပါဘူး။ ဘာလို့ ငါက ဒီနေရာကို ရောက်နေတာလဲ”
“မဟုတ်သေးပါဘူး ငါက ဘာလို့ ချက်ပြုတ်ထားသလို ဖြစ်နေတာလဲ။ ဘာလို့ မမှတ်မိတော့တာလဲ”
…..
ယန်ရှစ်ရွှမ်း၏ အကြားအာရုံဟာ ကောင်းမွန်လွန်းသဖြင့် ပတ်ဝန်းကျင်မှ စိတ်ရှုပ်ထွေးသံများကို ကြားသည်။ သူဟာ ယဲ့လီကို မျက်လုံးဖွင့်ကာ ကြည့်လိုက်ပြီး ရှင်းပြချက်ကို တောင်းဆိုရန် ပြင်ဆင်လိုက်သည်။
သို့သော် ရုတ်တရက် ယဲ့လီက အချက်ပြအမှားကို ရရှိသွားပုံပေါ်ပြီး အရင်ပြောလိုက်သည်။
“မင်းရဲ့အရသာက မကိုက်ညီလို့လား။ ဒါမှမဟုတ် မလောက်လို့လား”
ထိုသို့ပြောပြီးနောက် သူက မထိရသေးသည့် သူ၏ ဝေစုကို ယန်ရှစ်ရွှမ်းထံ ပို့ပေးသည်။
“ငါက ကျန်းဝူပင်းလို မျိုးမစစ်လေး မဟုတ်ဘူး”
ယန်ရှစ်ရွှမ်းက ဆွံ့အသွားသည်။
“ဒါမှမဟုတ် အခုအခြေအနေနဲ့ ပတ်သက်ပြီး ခင်ဗျားရှင်းပြပေးသင့်တယ်လို့ မထင်ဘူးလား”
“ငါ အရင်က ခင်ဗျားကို မေးထားတာကို ခင်ဗျား မဖြေရသေးဘူး။ ခင်ဗျားက ဒါရိုက်တာရဲ့လက်ထောက် အလုပ်ကို လာလျှောက်တဲ့ လူမျိုးနဲ့တောင် မတူဘူး။ ကျန်းဝူပင်းရဲ့ အခုအမူအယာအရ သူ မင်းကို မသိတဲ့ပုံပဲ။ နောက်ပြီး ခင်ဗျားနဲ့ မရင်းနှီးသလိုပဲ။ ခင်ဗျားက ဘယ်သူလဲ”
114 02
ယန်ရှစ်ရွှမ်း၏ စူးရှသော မျက်လုံးများက ယဲ့လီထံ ကျရောက်နေသည်။ သူသည် မေးခွန်းများကို မေးနေခဲ့သော်လည်း သူ၏နှလုံးသားထဲတွင်မူ အဖြေကို အလွယ်တကူ ရမည်မဟုတ်ကြောင်း သိနေခဲ့သည်။
ထိုလူသည် မေးခွန်းများကို ဖြေလောက်အောင် စိတ်သဘောထား ကောင်းမွန်လွန်းခြင်း မရှိလောက်ချေ။ သို့သော် သူက သံသယဝင်လာသောအခါ မက်မွန်ပွင့်ချပ်များ၏ အရေအတွက်ကို ခပ်မြန်မြန် စတင်ကာ တွက်ချက်နေလေပြီး ကောင်းကင်နှင့် မြေပြင်ထံမှ အမှန်တရားကို တောင်းဆိုနေပြီ ဖြစ်သည်။ သို့ရာတွင် ခြောက်ထောင့်ပုံစံက ဗလာဖြစ်နေသည်။ ခြောက်ထောင့်ပုံစံခွက်က ပြောသည်။ မမေးနဲ့ ပြောလို့မရဘူး။
သူသည်ပင် တိတ်ဆိတ်သွားသည်။ အကြောင်းမူကား ကောင်းကင်နှင့်မြေပြင်ကပင် ထိုအမျိုးသား၏ နောက်ခံကို လျို့ဝှက်ချက် ထားပေးနေ၏။
ယန်ရှစ်ရွှမ်းသည် မရေမတွက်နိုင်သော ခြောက်ထောင့်ပုံစံခွက်များကို တွက်ဖူးသည်။ သို့သော် ပထမဦးဆုံးအကြိမ်အဖြင့် ကောင်းကင်နှင့်မြေပြင်က ထိုမျှသတိကြီးကြီး ထားနေသော အဖြစ်အပျက်မျိုးကို မကြုံတွေ့ဖူးဖြင်း ဖြစ်သည်။ ရုတ်တရက် သူကိုယ်တိုင်ကပင် ထိုလူ၏နောက်ခံနှင့်ပတ်သက်ပြီး အလွန်သံသယဝင်ကာ ကြောက်လာမိသည်။
ယဲ့လီက မျက်လွှာအသာချလိုက်ပြီ ဖျော့တော့စွာ ပြုံးသည်။
“မင်း အိပ်နေတဲ့အချိန်မှာ ငါက မင်းကို ထိခိုက်အောင် လုပ်မဲ့သူ မဟုတ်သလို မင်းရဲ့စားစရာတွေထဲကို အဆိပ်ခပ်မဲ့သူ မဟုတ်ဘူး။ ဒါ့အပြင် မင်းအတွက် မကောင်းတာမှန်သမျှကို လုပ်မဲ့သူ မဟုတ်ဘူး။ ဒါကြောင့် မင်း ငါ့ကို ယုံတာ မယုံတာကတော့ မင်းရဲ့ကိစ္စပါ”
‘ယန်ရှစ်ရွှမ်း မင်းက ဂမ္ဘီရပညာတွက်ချက်တာ တအားတော်တာပဲ။ ပြောပါဦး ငါ မင်းကို လိမ်နေလို့လား”
ယဲ့လီ၏ အမူအယာဟာ သဘာဝကျပြီး ခမ်းနားထည်ဝါသည်။ သူသည် လိမ်ရန်ပင် ကြိုးစားအားထုတ်ရန် ပျင်းရိနေလောက်၏။
ယန်ရှစ်ရွှမ်းက သံသယဝင်မှုအပြည့်နှင့် တွက်ချက်ကြည့်သည်။ ဒီတစ်ကြိမ်တွင်မူ ခြောက်ထောင့်ပုံစံခွက်က တိကျသည့် အဖြေကို ပေးလာသည်။
ထိုအမျိုးသားသည် မလိမ်ပေ။ သူ့ကို ထိခိုက်အောင် လုပ်မဲ့လူမျိုးလည်း မဟုတ်ချေ။ ထိုအမျိုးသား၏ အစစ်အမှန်နောက်ခံဟာ မည်သည့်အခြေအနေမျိုး ဖြစ်နေစေကာမူ သူ့အား ထိခိုက်အောင် ဘယ်သောအခါမှ လုပ်မည့်သူမျိုး မဟုတ်ချေ။ ခြောက်ထောင့်ပုံစံခွက်က သေချာလွန်းနေသည်။
ယန်ရှစ်ရွှမ်း၏ သွယ်လျသော လက်ချောင်းများက တွက်ချက်မှုအား ပယ်ဖျက်လိုက်ရင်း လက်ပြန် လျော့လိုက်သည်။ သူကိုယ်တိုင်ကပင် ခြားနားလွန်းသော ဆက်ဆံပုံများကြောင့် စိတ်ရှုပ်ထွေး နေမိသည်။
လူအများစုတွင် တွက်ချက်မှုတစ်ထောင် ရှိသည်။ သို့သော် နတ်ဘုရားတွင်လည်း တွက်ချက်မှု တစ်ခုတည်းသာ ရှိတတ်သည်။
“မင်းက မင်း မသိတဲ့သူကို ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်တဲ့ကိစ္စကို မေးလွန်းသလို ဖြစ်မသွားဘူးလား။ ယန်ရှစ်ရွှမ်း ငါတို့ အချင်းချင်း ကောင်းကောင်း နားလည်သွားတဲ့အချိန်မှာ ငါ့ကို ထပ်မေးပါ”
ယဲ့လီ၏ မျက်လုံးထဲ အပြုံးက ရှိနေသည်။ ကျလာသော နေရောင်က သူ့အား ရွှေရောင်အနားကွပ်များကိုပင် ပေးစွမ်းလာသည်။
မသိလျှင် သူသည် ရွှေသားဖြင့် သွန်းလုပ်ထားသော အဝတ်အထည်များကို ဝတ်ဆင်ထားသော နတ်ဘုရားတစ်ပါး၏ ရုပ်ထုအသွင်မှ အသက်ဝင်လာသလို ထင်ရသည်။
“ယန်ရှစ်ရွှမ်း _ _ _ ငါ မင်းကို ပိုသိချင်တယ်။ မင်းအကြောင်းကို ပိုပြီး သိချင်တယ်”
လာပါ။ ငါနဲ့ အကြောင်းအရာတွေ၊ အတွေ့အကြုံတွေ ဖလှယ်လိုက်။ မင်းကိုယ်မင်း သုံးပြီး ငါနဲ့လဲလှယ်ပါ။
ရိုက်ကူးရေးအသင်းက အရာရှိများနှင့် အပြည့်အဝ ပူးပေါင်းပြီး သတင်းများနှင့် အများအမြင်ကို ထိန်းသိမ်းပေးပြီးချိန်တွင် ကျန်းဝူပင်းဟာ ပရိုဂရမ်ကို ထိန်းညှိပေးလျက် အရာရှိများနှင့် ပူးပေါင်းဆောင်ရွက်ပေးရသည်။ ထိုသို့ဖြင့် ပရိုဂရမ်၏ အဓိကဖန်သားပြင် အရှေ့တွင် ယဲ့လန်တောင်ထိပ်၏ လှပသော ရှုခင်းများနှင့် လူသားဆန်မှုကို မိတ်ဆက်ပေးသည်။ ထိုသို့ဖြင့် ချန်နယ်များထံ လွှင့်၍ ခရီးသွားရန် ဆက်တိုက် ကြေငြာပေးနေသလို၊ ယခင် ပရိုဂရမ်များထံမှ မေးခွန်းများကိုလည်း ဆက်တိုက်ဖြေပေးနေသည်။ ထိုသိ့ဖြင့် အဓိက ပလက်ဖောင်းများပေါ်မှ ပွက်လောရိုက်နေသော အမေးအဖြေများကို အဆင်ပြေသွားစေသည်။
ပို၍ဆိုးသည်မှာ ယန်ရှစ်ရွှမ်းသည် တိုက်ရိုက်ထုတ်လွှင့်နေသော အခြေအနေကို မေ့လျော့ပြီး ထိုဖန်သားပြင်၏ အရှေ့တွင်ပင် မိစ္ဆာနတ်ဆိုးကောင်ကို သတ်ဖြတ်သော မြင်ကွင်းအား လူသန်းကျော်က မြင်သွားခဲ့သည်။
အဆုံးသတ်နားတွင် အရာရှိများနှင့် ပရိုဂရမ်အသင်း၏ ကြိုးစားအားထုတ်မှုကြောင့် သူတို့ဟာ သရဲကို အမှန်တကယ် မြင်လိုက်ခြင်း ရှိမရှိကို သံသယဝင်နေကြသည်။ ထိုအစား ပရိုဂရမ်အသင်းက ဆိုးယုတ်သော ဂိုဏ်းတစ်ခုနှင့် တွေ့ဆုံခဲ့သည်ဆိုသော တရားဝင်ကြေငြာချက်ကိုပင် ယုံမိသလိုလိုလို ဖြစ်လာသည်။
114 03
သို့သော် ယန်ရှစ်ရွှမ်း၏ တိုက်ခိုက်မှုသဏ္ဍာန်က သန့်ရှင်းသပ်ရပ်ပြီး ကြည့်ကောင်းလွန်းသည့်အပြင် ရူးသွပ်သည့် စွမ်းအားအရှိန်ကိုပင် ထုတ်ဖော် ပြသခဲ့မိသည်။
ယန်ရှစ်ရွှမ်း၏ မောက်မာထောင်လွှားမှုနှင့် အရိုင်းဆန်မှုမျိုးအပြင် ဘုရားကျောင်း၏ ထိတ်လန့်ဖွယ် ခြောက်ခြားမှုများက ဆန့်ကျင်ဘက်ဆန်သော အနေအထားမျိုးကို ဖြစ်သွားစေခဲ့သည်။
ထိုအတွက်ကြောင့် ပရိတ်သတ်များက ထိုပုံရိပ်များကို ဆက်တိုက်ဆိုသလို သူတို့ဖမ်းယူခဲ့ရပုံတိုင်းကို ဆိုရှယ်ပလက်ဖောင်းပေါ် တင်ပြီး လူပေါင်းများစွာကို အံ့အားသင့်စေခဲ့သည်။ ထိုသို့ဖြင့် ယန်ရှစ်ရွှမ်းသည် ရှိုးအတွက် Traffitကို သယ်ဆောင်ပေးနိုင်ခဲ့သည်။
ရလဒ်အနေဖြင့် ထိုရှိုး၏ ကျော်ကြားမှုက အန္တရာယ်ကြောင့် ဆုတ်ယုတ်သွားခြင်း မရှိချေ။ ထို့အစား ပို၍ပင် လူပြောများစရာ အကြောင်းအရာကြီးတစ်ခု ဖြစ်လာခဲ့သည်။
ထိုရှိုးက ဆိုရှယ်ပလက်ဖောင်းများပေါ်၏ ကျော်ကြားမှုစာရင်းများထဲတွင် ထပ်ခါတလဲလဲ ထိပ်ဆုံးသို့ ပြေးတက်နေခဲ့၏။ ထို့အပြင် ထိုရှိုးနှင့် ပတ်သက်သည့် tag ၁၀ခုထက်မနည်း ရှိနေခဲ့သေးသည့်အပြင် အချိန်နှင့်တပြေးညီ ကျော်ကြားမှုစာရင်းတွင်လည်း မြင့်တက်နေခဲ့သေးပြန်သည်။ ထိုရှိုးနှင့် ပတ်သက်သည့် အကြောင်းအရာများတွင် ဆွေးနွေးသည့် လူများ၏ စာရင်းက ဆယ်သန်းကျော် လာသည်။
အစပိုင်းတွင် ထိုရှိုးဟာ ဒီအတိုင်း ဧည့်သည်ပင် မရှာနိုင်သည့် ရှိုးလေး ဖြစ်သည်။ လူအများစုကလည်း သဘောမကျကြချေ။ လူတိုင်းကလည်း လစ်လျူရှုထားခဲ့ကြ၏။ ယခုမူ ကျော်ကြားလွန်းသော ထိပ်တန်း အဆင့်အတန်းမြင့် ရသစုံရှိးကြီးတစ်ခု ဖြစ်လာသည်။
ဗီဒီယိုပလက်ဖောင်းပေါ်မှ ကျော်ကြားမှုဆိုလျှင် ထုတ်လွှင့်ပြီးသည်မှာ နှစ်ပေါင်းများစွာ ကြာသော ရှိုးပြီးလျှင် ဒုတိယမြောက်နေရာသို့ပင် ထိုးတက်သွားခဲ့သည်။
ထိုရှိးတွင်ပါဝင်သော ဧည့်သည်များအားလုံးက လုံလောက်သော traffitများကို ပိုင်ဆိုင်သည်။ ထို့အပြင် လစ်လျူအရှုခံရဆုံးသော တတိယအဆင့် အမျိုးသားစတားကပင် ဖောလိုဝါသောင်းကျော်ကို လက်ခံရရှိလိုက်သည့်အပြင် ကြေငြာအသစ်များကိုလည်း လက်ခံလိုက်သည်။
ထိုရှိုးမှ ဧည့်သည်ဟောင်းများဖြစ်သည့် အန်းနန်ယွမ်နှင့် ပိုင်ရွှမ်းတို့၏ ကျော်ကြားမှုက ထိုးတက်သွားပြီး သူတို့၏ အသီးသီးသော ကုမ္ပဏီများက သူတို့အား ပို၍ပင် တန်ဖိုးထားလာသည်။ မည်သို့ပင်ဆိုစေ ဒီရှိုးက အလေးချိန်စီးလေသည်။
သရုပ်ဆောင်စွမ်းရည် ရှိသော်လည်း သူ၏ပြင်းထန်လွန်းသော သရုပ်ဆောင်သည့် ပုံစံကြောင့် ဘယ်သောအခါမှ မကျော်ကြားခဲ့သည် သရုပ်ဆောင် ကျောင်းကျန်းကပင် ထိုရှိုးကြောင့် ကျော်ကြားလာသည်။ ကြည့်ရှုသူများကလည်း သူ ထူးချွန်သော လုပ်ဆောင်မှုများကြောင့် သတိပြုမိသွားကြသည်။
သူက ဒဏ်ရာရခဲ့သည့်တိုင်အောင် ကျောင်းကျန်းဟာ တခြားသော ဧည့်သည်များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ သူသည် အံကိုကြိတ်ပြီး တောင့်ခံကာ ဘယ်သောအခါမှ ငြီးငြူကြောင်း မပြသခဲ့ချေ။ အခြားသော သူများကိုလည်း နောက်ပြန်မဆွဲထားခဲ့ချေ။
သူသည် သူ၏ခန္ဓာကိုယ် ခွန်အားက ပြင်းပြင်းထန်ထန် ဆုတ်ယုတ်နေပြီး အခြားသော သူများနှင့် အမှီမလိုက်နိုင်ကြောင်း သိလာခဲ့သည့်တိုင်အောင် အခြားသောသူများ အရင်သွားစေသည်။ သူကိုယ်တိုင်အတွက်ကမူ သူ့ဘာသာ တွေးမည်ဟု ဆိုသည်။
ထိုအပြုအမူနှင့် ချဉ်းကပ်ပုံက ကြည့်ရှုသူများက ကျောင်းကျန်းဟာ တာဝန်ယူစိတ် ပြင်းသောသူဖြစ်ကြောင်း သိသွားစေခဲ့သည်။ ထို့ကြောင့် သူ့အပေါ် အကောင်း မြင်သွားကြသည်။
ထို့နောက် သူတို့သည် ကျောင်းကျန်းသည် ဒရမ်မာအများစုတွင် အရေးပါသော အရံဇာတ်ပို့ နေရာတွင် ပါဝင်ခဲ့ပြီး ဦးဆောင်သော နေရာများတွင်လည်း ပါဝင်ခဲ့ဖူးကြောင်း သိသွားကြသည်။ သို့သော် သူဟာ ဒီအတိုင်း သိုသိပ်လွန်းနေခဲ့သည်။ ထို့အခြေအနေက ကြည့်ရှုသူများကို အံ့အားသင့်စေခဲ့၏။ ထို့နောက် သူတို့သည် ကျောင်းကျန်း၏ ဆိုရှယ်မီဒီယာအကောင့်များကို ဖောလိုလုပ်ကြခြင်းအားဖြင့် သူ၏နဂိုက သေးငယ်လွန်းသော ဖန်ပမာဏက ရက်အနည်းငယ်ခန့်တွင် သုံးဆခန့် မြင့်တက်သွားခဲ့သည်။
ကျောင်းကျန်း၏ ကျော်ကြားမှု မြင့်တက်လာမှုဟာ ကုမ္ပဏီအများစု၏ အာရုံကို ဆွဲဆောင်လိုက်သည်။ သူတို့သည် ကျောင်းကျန်းအား ဥပမာ အနေဖြင့် ထားပြီး။ ၉၉ရက်တာဆိုသော ပရိုဂရမ်အဖွဲ့ကို အထူးတလည် အာရုံစိုက်လာကြ၏။ ပုံမှန်မဟုတ်သော အခြေအနေက သူတို့၏ အနုပညာရှင်များအား ကျော်ကြားမှု မြင့်တက်အောင် လုပ်နိုင်စွမ်းအား ရှိလာသည့်အလျောက် ရှိုး၏ ဧည့်သည်စာရင်းထဲသို့ သူတို့၏လူများကို ထိုးထည့်ချင်လာကြသည်။
ရှိုးသည် နှစ်ပိုင်းသာ ထုတ်လွှင့်ရသေးသော်လည်း အန္တရာယ်များသော မတော်တဆမှုများက ရှိနေခဲ့သေးသည့်တိုင်အောင် _ _ _
ဖျော်ဖြေရေးအသိုင်းအဝိုင်းသည် trafficဆိုသော ကျော်ကြားမှုကသာ ဘုရင် ဖြစ်သည်။ လူအများစုဟာ နှစ်ပေါင်းများစွာ ကြိုးစားလျှင်ပင် ထိုအခွင့်အရေးကို မရနိုင်ကြချေ။ ထိုပရိုဂရမ်သည် ၁၈ကြောင်းသာ ရွတ်ရသော အနုပညာရှင်တစ်ယောက်ကို ပရိတ်သတ်ပေါင်းများစွာ ပိုင်ဆိုင်စေလျက် ကြည့်ရှုသူက မှတ်မိစေအောင် လုပ်နိုင်စွမ်းရည်ရှိသည်။ trafficက စွန့်ပစ်ထားသော သူများကပင် လူတိုင်း အသိအမှတ်ပြုသော သူ ဖြစ်သွားနိုင်သေးသည်။
114 04
ယန်ရှစ်ရွှမ်းကဲ့သို့ မည်သည့်ဖန်စီမံခန့်ခွဲမှုမှ မရှိသလို နောက်ပိုင်းမှ team စီမံခန့်ခွဲမှုမရှိ၊ ကုမ္ပဏီလည်း မရှိ၊ မည်သူမှ မထောက်ပံ့ပေးမှု မရှိသည့် အပြင်လူ လူသစ်တစ်ယောက်ကပင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် အမြင့်ဆုံးအတိုင်းအတာထိ ဆွေးနွေးခံရသော နာမည်ကျော်တစ်ယောက် ဖြစ်နေသည်။
ကျော်ကြားမှုအတွက်ကြောင့် လူအများစုဟာ အန္တရာယ်အများဆုံး အနေအထားမျိုးကိုပင် မစဉ်းစား မဆင်ခြင်နိုင်ကြတော့ချေ။ သူတို့သည် အတတ်နိုင်ဆုံး ကြိုးစားပြီး အချိန်နှင့်တပြေးညီ ထိပ်ဆုံးရောက်နေသည့် ကျော်ကြားမှု စာရင်းထဲသို့ ဝင်တိုးလိုကြသည်။ ထိုနည်းအားဖြင့် အောင်မြင်မှု အနည်းငယ်ကို ရရှိလိုကြသည်။
ယခုအခါ သူတို့ရှေ့တွင် အခွင့်အရေးကြီးက ရှိနေသည်။ သူတို့သည် ဒီရှိုးတွင် ပါဝင်နိုင်ရုံနှင့် အရာအားလုံးကို ပြောင်းလဲနိုင်သည်။ ဒါကို မရူးသွပ်ပဲ ဘယ်လို နေနိုင်မှာလဲ။
ထိုအရေးကြီးဆုံး အချက်ကမူ ဒီရှိုးသည် လုံလောက်အောင် အန္တရာယ် များသော်လည်း ဘယ်သောအခါမှ သေဆုံးမှု မရှိခဲ့ချေ။ ဒဏ်ရာရရှိသွားသည့် တိုင်အောင် ကျော်ကြားမှုကို လိုချင်သည့် အနုပညာများ သည်းခံနိုင်သည့် အတိုင်းအတာ အတောအတွင်းတွင် ဖြစ်နေသေးသည်။ သူတို့သည် ရှိုးမှ ဧည့်သည်များ၏ ဒဏ်ရာကို ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်လိုက်ကာ ဖောင်များကို ပို့လိုက်ကြသည်။ ပရိုဂရမ်၏ အသင်းထံ၊ ပရိုဂရမ်၏ ဒါရိုက်တာထံ သူတို့၏ အနုပညာရှင်များကို ရှိုးအတွင်းသို့ ထည့်လိုကြောင်း ဖော်ပြလိုက်သည်။ သူတို့သည် နာကျင်မှုကိုလည်း မကြောက်လန့်ချေ။ အကျိုးဆက်ကိုလည်း ကိုယ့်ဘာသာကိုယ် သည်းခံမည်ဟု အာမခံခြင်း အပြည့်ဖြင့် ရှိုးတွင် ဆုံးဖြတ်ချက် ပြတ်သားမှုအပြည့်ဖြင့် ဝင်ပါရန် ဆုံးဖြတ်နေကြသည်။
မည်သို့ပင် သူတို့၏ အသက်မွေးဝမ်းကြောင်းအတွက် အလောင်းအစား လုပ်လိုကြသည်။
ထိုအတွက်ကြောင့် ဒီရသစုံရှိုး၏ ပထမပိုင်းက ကုမ္ပဏီများနှင့် အနုပညာရှင်များ၏ မျက်လုံးထဲသို့ ဝင်ရောက်သွားသည် ဆိုလျှင်ပင် ဒုတိယပိုင်း နှင့် သယ်ဆောင်လာနိုင်သည့် traffit ကမူ ရှိုးမှ ဧည့်သည်များအား ထိပ်ဆုံးသို့ ထိုးတင်ပေးနိုင်ကြောင်း အားလုံးကို လက်ခံသွားစေသည်။ ထိုသို့ဖြင့် ကုမ္ပဏီတိုင်းက အထူးတလည် စိတ်ဝင်စားနေကြပြီ ဖြစ်သည်။
လူတိုင်းသည် ပရိုဂရမ်အသင်းသို့ ဆက်သွယ်ရမည့် အချက်အလက်ကို ဆက်တိုက်ရှာဖွေနေကြသည်။ ဒါရိုက်တာ ကျန်းဝူပင်း၏ အလုပ်ဖုန်းက ခေါ်ဆိုမှုများဖြင့် ပြည့်နှက်နေလေရာ ယာယီအားဖြင့် ပိတ်ထားမှသာ ငြိမ်းချမ်းသွားလေသည်။
တစ်ချို့သော ကုမ္ပဏီကြီးများမှ အုပ်ချုပ်ရေးပိုင်းမှ စီနီယာများဆိုလျှင် ကျန်းဝူပင်း၏ မိသားစုများမှ အကြီးအကဲများကို အဆက်အသွယ်မှတဆင့် ဆက်သွယ်ကြသည်။ ဒီနည်းအားဖြင့် ကျန်းဝူပင်းဟာ သူတို၏ ကုမ္ပဏီမှ အနုပညာရှင်များကို သူတို့၏မျက်နှာကို ထောက်ပြီး ခေါ်သွင်းပေးရန် မျှော်လင့်နေကြသည်။
သိသာစွာပင် နောက်ဆုံးပိုင်းမှ ဧည်သည်များအားလုံးက ဒဏ်ရာရရှိမှု ပြင်းထန်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် ဝင်ပါနိုင်လိမ့်ဦးမည် မဟုတ်ချေ။ ကျောင်းကျန်းနှင့် အခြားသော ကြောက်လန့်သော ဧည့်သည်များအတွက်မူကား သူတို့ဟာ ရှိုးမှကိုယ်တိုင်ကိုယ်ကျ နူတ်ထွက်ခြင်း ရှိမရှိ မသေချာသေးပေ။ ထို့အပြင် အောက်ဆုံးနေရာမှ နူတ်ထွက်မည့်သူများလည်း ရှိနေသေးသည်။
ထို့ကြောင့် ကုမ္ပဏီအများစုက အခြေအနေကို တွက်ချက်ကြပြီး ဧည့်သည်များ၏ လစ်လပ်သွားမည့် နေရာများကို အစားထိုးဖြည့်ရန် လူထည့်ချင်နေကြသည်။
ထို့ကြောင့် ကျန်းဝူပင်း၏အဖေဟာ သူယခင်က စီးပွားရေး ဆွေးနွေးပွဲတစ်ခုတွင် တွေ့ခဲ့သည့် သူဌေးတစ်ယောက်က ဖုန်းခေါ်ဆိုလာပြီး ကျန်းဝူပင်း၏နာမည်ကို ထုတ်ပြောခြင်းအား ကြားသောအခါ သူ၏အရူးသားက သတိလက်လွတ်နိုင်ပြီး တစ်စုံတစ်ရာကို လုပ်လိုက်သည်ဟု ထင်လိုက်သည်။
ဘာဖြစ်ပြန်တာလဲ။ နောက်ထပ် ကုမ္ပဏီက ဖုန်းဆက်ပြီး အထွန့်တက်ပြန်တာလား။
မမျှော်လင့်ထားစွာပင် စကားအနည်းပြောကာ မိတ်ဆက်ပြီးနောက် တစ်ဖက်သူဟာ သူ၏အရူးသားအား ငယ်ရွယ်ကာ ပါရမီကြီးကြောင်း၊ အလားအလာကောင်းကြောင်း စသဖြင့် ဆက်တိုက်ချီးကျူးလာလေရာ ကျန်းဝူပင်း၏ အဖေကိုပင် တု့န်ဆိုင်းသွားစေသည်။ နောက်ဆုံးတွင် စကားပြောခန်းက မူရင်းဦးတည်ရာဘက်သို့ ပြောင်းသွားသည်။
သူတို့ရဲ့ အနုပညာရှင်ကို ကျန်းဝူပင်းရဲ့ ပရိုဂရမ်ထဲ ထည့်ချင်တာလား။
အဖေကျန်း “?”
အခြေအနေဟာ ထိုသို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားသည့် အဖေကျန်းကိုယ်တိုင်ကပင် နေရာတွင်ပင် မှင်သက်သွားသေးသည်။
******