Chapter 91
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း မနက်စာလွဲယူခဲ့သည်ဟု ထင်လိုက်ချိန်တွင် သူ့ဘေးမှ အသံတစ်ခုကိုကြားလိုက်ရသည်။
"မင်းဒီမနက် အစောကြီးထခဲ့ရတော့ မင်းစိတ်မကြည်မှာစိုးမိတယ်လေ...."
လော့ဝမ်ချွမ်းက တည်ငြိမ်စွာပြောလိုက်သည်။
"ဒီတော့ မင်းအတွက် ချိုတဲ့ဟာလေးယူခဲ့ပေးတာ...."
ယွမ်ရှင်းကျဲ ခဏမျှ အံ့ဩသွားကာ မနက်စာစားနေရာမှရပ်လိုက်သည်။ ခဏအကြာတွင် လော့ဝမ်ချွမ်း၏ နှုတ်ခမ်းထောင့်တို့ ကွေးညွတ်သွားကြောင်း မြင်လိုက်ရသည်။
သူ့ကို ကလေးတစ်ယောက်လို ဆက်ဆံနေသည်ဟု ရေးရေးလေးခံစားနေမိသည်။
"အိုး... အဲ့လိုလား...."
ယွမ်ရှင်းကျဲ အနည်းငယ်ပီတိဖြစ်ရသော်လည်း တစ်ချိန်တည်းတွင် အနည်းငယ်ဝမ်းနည်းသွားရသည်။
ထို့ကြောငိ့ သူ့အိတ်ထဲမှ တော်ဖီတစ်တောင့်ထုတ်ယူကာ လော့ဝမ်ချွမ်းကိုပေးလိုက်သည်။
"ဒါဆို စီနီယာသာ့ချွမ် ဒေါသမထွက်ပါနဲ့..."
လော့ဝမ်ချွမ်းမတုန့်ပြန်နိုင်သေးမီ ယွမ်ရှင်းကျဲက ချိုချဉ်လေးတစ်ခုကို သူ၏ရင်ဘတ်အိတ်ကပ်ထဲသို့ တိုက်ရိုက်ထည့်လိုက်သည်။
ယွမ်ရှင်းကျဲ ဤသို့လုပ်လိုက်မည်မှန်း သူမမျှော်လင့်မိပေ။ သူ့အိတ်ကပ်ထဲသို့ ချိုချဉ်လေးတစ်ခုထည့်လိုက်သော်လည်း ကျောက်တုံးတစ်တုံးထည့်လိုက်သလိုခံစားရကာ အတော်လေးလေးလံနေသလိုပင်။
လော့ဝမ်ချွမ်း၏ လည်စိက မြင့်ချည်နိမ့်ချည်ဖြစ်သွားသည်။
ယွမ်ရှင်းကျဲ စကားပြောပြီးနောက်တွင် ခုဏက သူ၏အပြုအမူမှာ အတော်လေး စိတ်ကြီးဝင်သလိုဖြစ်သွားကြောင်း သတိပြုမိလိုက်သည်။ အဆုံးတွင် လော့ဝမ်ချွမ်းက သူ၏စီနီယာသာမက သူ၏ဘော့စ်လည်းဖြစ်နေသည်။ သူ့တွင်အေးစက်သော စိတ်နေစိတ်ထားရှိ၍ စနောက်ခံရသည်ကို မကြိုက်လောက်ပါချေ။
လော့ဝမ်ချွန်းက သူ့ဘေးတွင် မျက်နှာသေဖြင့်ထိုင်နေပြီး ရှေ့ကိုသာစူးစိုက်ကြည့်နေသည်။ နောက်ဆုံးတွင် မှတ်ညဏ်ရည်တု၏အသံက သူတို့ အာကာသယာဉ် စခန်းကိုရောက်တော့မည်ဟု ပြောလာသည်။
ယွမ်ရှင်းကျဲက ထိုကိစ္စကြောင့် လော့ဝမ်ချွမ်း မပျော်မရွှင်ဖြစ်နေသည်ဟု ထင်သော်လည်း မထင်မှတ်ထားစွာဖြင့် တစ်ဖက်လူက စကားစလာည်။
"မင်းကအရွယ်ရောက်ပြီးလူတစ်ယောက်ဆိုပေမဲ့ အခုထိသကြားလုံးဆောင်နေတုန်းလား...."
ယွမ်ရှင်းကျဲ အလှောင်ခံလိုက်ရသလိုခံစားလိုက် ရပြန်သည်။ အမှန်တကယ်တွင် ယွမ်ရှင်းကျဲက သွေးတွင်းသကြားဓာတ်နည်းနေမည်စိုး၍ လေ့ကျင့်ချိန်တွင် သူ့အိတ်ကပ်ထဲ သကြားလုံးအနည်းငယ် ခိုးထည့်ထားခြင်းဖြစ်သည်။
"ဒါဆို ကျွန်တော့်ကိုပြန်ပေးလေ...."
သူ တော်ဖီကိုပြန်ယူရန်လက်ဆန့်လိုက်သော်လည်း လော့ဝမ်ချွမ်းက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
ယာဉ်ပျံကို အလိုအလျောက်ဆင်းသက်ရန်လုပ်ထား၍ လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲပေါ်တွင်သာ အလုံးစုံအာရုံစိုက်ထားသည်။
ယာဉ်ပျံဆင်းသက်၍ အလေးချိန်လျော့ကြသွားခြင်းနှင့် သတိမထားမိချိန် လက်ကောက်ဝတ်အကိုင်ခံလိုက်ရခြင်းက ယွမ်ရှင်းကျဲကို အနည်းငယ်စိတ်လွတ်သွားစေသည်။
"အရမ်းနောက်ကျသွားပြီ...."
လော့ဝမ်ချွမ်းက တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
ယွမ်ရှင်းကျဲက ပြန်လည်မတုန့်ပြန်သေးပေ။ ယာဉ်ပျံက ထိုအချိန်တွင် ဆင်းသက်သွားလေသည်။ လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို လက်ကိုလွှတ်ပေးလိုက်ကာ ယာဉ်ပျံပေါ်မှ သူ၏ခြေတံရှည်ကြီးများဖြင့် ဆင်းသက်သွားလေသည်။ သူ့နှုတ်ခမ်းထောင့်များက စိတ်ပျော်နေဟန် အနည်းငယ်ကွေးညွတ်နေသည်။
ယွမ်ရှင်းကျဲက တစ်ဖက်လူ၏နောက်ကျောကို ဗလာသာသာငေးကြည့်လိုက်သည်။ သူဘာလို့ လော့ဝမ်ချွမ်းက နည်းနည်းတော့ ကွာခြားနေတယ်လို့ ထင်မိရတာလဲ...
ချီယုက ထိုနှစ်ယောက် ယာဉ်ပျံတစ်ခုထဲမှ ဆင်းလာကြောင်းမြင်လိုက်ရ၍ မျက်နှာမကောင်းတော့ချေ။
လော့ဝမ်ချွန်းက ချီယုဘေးမှဖြတ်သွားချိန့်တွင် ချီယု၏အေးစက်နေသောအသံကိုကြားလိုက်ရသည်။
"လော့ဝမ်ချွမ်း.... မင်းကိုယ်မင်းထိန်းသိမ်းဖို့ ငါအကြံပေးလိုက်မယ်.... ယွမ်ရှင်းကျဲက အနာဂတ်မှာသေချာပေါက် ငါ့အပိုင်ဖြစ်လာမှာ... မင်းလို စွန့်ပစ်ကြယ်ကလာတဲ့ ဆင်းရဲသားလေးတစ်ယောက်ကများ..."
လော့ဝမ်ချွမ်းကသူ့စကားများကြောင့် ဒေါသမထွက်၍ ချီယုအံ့ဩသွားရသည်။
ထိုအချိန်တွင် ယွမ်ရှင်းကျဲကလည်း ရောက်လာလေသည်။ ချီယုကသူ၏ခက်ထန်နေသော မျက်လုံးများကို ပြန်ပြောင်းလိုက်ပြီး နှုတ်ဆက်ရန်ပြင်သော်လည်း လော့ဝမ်ချွမ်းက နောက်လှည့်ကာ သူ့ရှေ့တွင် ပိတ်ရပ်လိုက်သည်။
ထို့နောက်တွင် ချီယု၏မျက်လုံးများက လော့ဝမ်ချွမ်းတစ်ယောက် သူ့ရင်ဘတ်အိတ်ကပ်ထဲမှ တော့ဖီတစ်ခုကိုထုတ်ကာအခွံခွာပြီး ပါးစပ်ထဲပစ်ထည့်လိုက်ကြောင်း တွေ့လိုက်ရသည်။ အဖြူ ရောင်တော်ဖီက သူ၏နှုတ်ခမ်းပါးများကို ဖြူရော်သွားစေပြီး အနည်းငယ်ဆွဲဆောင်မှုရှိကာ ပရောပရည်ဆန်နေသည်။
ခဏအကြာတွင် လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို သူ၏ကြည်လင်ကာနက်မှောင်နေသော မျက်လုံးများဖြင့် ကြည့်ပြီး ချီယုကြားနိုင်လောက်သည့်အသံဖြင့်ဖြေးဖြေးချင်းပြောလိုက်သည်။
"မင်းရဲ့သကြားလုံးက အရမ်းချိုတာပဲ ရှင်းကျဲရွှယ်တိ...."
လော့ဝမ်ချွမ်းက တော်ဖီကိုငုံရင်းပြောလိုက်သည်။
"နောက်တစ်ခေါက်ကြရင်လည်း ယူလာခဲ့မလား...."
တော်ဖီ၏ မွှေးရနံ့ဖျော့ဖျော့နှင့်အတူ လော့ဝမ်ချွမ်းထုတ်လွှတ်လိုက်သည့် ရနံ့က ယွမ်ရှင်းကျဲ၏ နှာဖျားသို့ရောက်သွားသည်။
လော့၀မ်ချွမ်း၏ ကြွားလုံးထုတ်မှုမှာ အလွန်ပင် သိသာလွန်းသည်။
ယွမ်ရှင်းကျဲ ထိုအကြောင်းကိုကြားသောအခါ အနည်းငယ် စိတ်ရှုပ်သွား၏။ ယခုလို ကလေးဆန်တဲ့ အပြုအမူမျိုးကို သူကိုယ်တိုင် မကြိုက်ခဲ့တာ မဟုတ်ပါလား။
သို့သော် သူထပ်ပြီးမစဉ်းစားတော့ပါ "ကောင်းပြီလေ" ဟု သဘာဝကျကျပြောပြီး အာကာသယာဉ်နှင့် ထွက်ခွာရန် လော့၀မ်ချွမ်းနောက်လိုက်ခဲ့သည်။
တစ်ခြားတစ်ဘက်မှာတော့ အလဲအလှယ်အကြောင်းကြားသိလိုက်ရသော ချီယုမှာ အိုးအောက်ခြေကဲ့သို့ မဲမှောင်သွားခဲ့သည်။ နှစ်ယောက်အတူဖြတ်သွားသည်ကိုကြည့်ရင်း လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့၏။
မထွက်ခွာခင် လော့၀မ်ချွမ်း ချီယုကို တစ်ချက်ပြန်လှည့်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ အေးစက်မှုနှင့်အတူ အမျက်ဒေါသနှင့်ပြည့်နေ၏။
ချီယု လော့၀မ်ချွမ်းကို ယခုလောက် တည့်တိုးဆန်မည်ဟု မထင်ထားခဲ့ပါ။ သူ၏နှလုံးသားမှာ မနာလိုမှုများနှင့် ဖုံးလွှမ်းလျက် မြင့်မားသောစံနှုန်းနှင့် လိုက်ဖက်ညီသည်ဟုယူဆထားသော အယ်လ်ဖာ နှင့် အိုမီဂါ များ အတူတူရှိသင့်သည်ဟု အဆိုပြုထားသော ဥပဒေကို အလျင်အမြန် အတည်ပြုရန် ဆုတောင်းနေမိသည်။
အာကာသယာဉ်ထွက်ခွာပြီးနောက် လော့၀မ်ချွမ်း ယွမ်ရှင်းကျဲ၏ ခရီးဆောင်အိတ်ကို နေရာချရန် ကူညီပေးလိုက်သည်။
ကျောင်းအဖွဲ့ဝင်များမှာ ထွက်ခွာနှင့်ပြီးဖြစ်သည်။ ကျောင်းမှ အထူးအရေးပေးထားခြင်းခံထားရသော သူများဖြစ်ကြ၏။ ယာဉ်အတွင်းတွင် ဇိမ်ခံအခန်းများနှင့်အတူဖျော်ဖြေရေးအစီအစဥ်များပါပင် ပါဝင်သည်။
ယွမ်ရှင်းကျဲ စောစောစီးစီး အိပ်ရာထထားသောကြောင့် အနည်းငယ်ငိုက်မြည်းစပြုလာသည်။
91.2
အခန်းအတွင်း ခုတင်ပေါ်တွင် ထိုင်လိုက်ပြီး မျက်လုံးများမှေး၍ အိပ်မပျော်ခင် ဂျက်ကော့ ပထမ စစ်တပ်ကျောင်း၏ ကစားပွဲကို ကြည့်နေလိုက်သည်။
လော့၀မ်ချွမ်းက အခန်းတံခါးကို ပိတ်ပေးခဲ့သည်။
ထိုအချိန်တွင် ကျိုးဖေးရွှယ်ထံမှ လျှို့ဝှက်စာတစ်စောင်ရောက်လာ၍ ဘယ်သူမှမရှိသောနေရာကိုရှာကာ ဆက်သွယ်ရန် ခလုတ်ကိုနှိပ်လိုက်သည်။
“ဒုတိယမင်းသား , ဒီနေ့ လာမတွေ့ဖြစ်တာ တောင်းပန်ပါတယ်။” ကျိုးဖေးရွှယ်က တောင်းပန်စကားပြောထားခြင်းဖြစ်သည်။ သို့သော် သူ့လေသံမှာ အနည်းငယ် ပြင်းထန်လာ၏။ “တော်ဝင်မိသားစုက ဒီမနက်ကပဲ အင်ပါယာနဲ့ မိတ်ဖက်တွေရဲ့ ဆက်ဆံရေးက အပြီးသတ်ပြီ.. လို့ အတည်ပြုလိုက်ပါတယ်"
"သဘောပေါက်ပါပြီ" လော့၀မ်ချွမ်း တည်ငြိမ်စွာပြောလိုက်၏။ " တော်ဝင်မိသားစုဝင်တွေ , အင်ပါယာရဲ့ ဌာနမှူးတွေ , ပြီးတော့ အင်ပါယာ မြို့တော်ရဲ့ အဆင့်မြင့် အရာရှိတွေ မနေ့ကညက အရေးပေါ်အစည်းအဝေး လုပ်ခဲ့ကြပါတယ်။ "
အင်ပါယာနဲ့ မိတ်ဖက်တို့၏ ညှိနှိုင်းဆက်ဆံရေးမှာ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပြီးဖြစ်သည်။
ထွက်ကုန်များနှင့်အတူ စီးပွားရေး,ကုန်သွယ်ရေး,နည်းပညာ နှင့် သတ္တုဂြိုဟ်များအတွက် ပြိုင်ဆိုင်ခြင်း စသည်များကို အင်အားကြီးနှစ်နိုင်ငံကြား ဖြန့်ဖြူးဖလှယ်ခြင်းထက် မပိုခဲ့သော ပုံစံမျိုးဖြစ်၏။
ကျိုးဖေးရွှယ် မျက်မှောင်ကျုံ့ရင်းမေးလိုက်သည်။
,"အဲ့ဒါဆို အင်ပါယာဘက်ကရော ဘယ်လိုတုန့်ပြန်မယ်ထင်လဲ။ "
" စစ်တပ်နည်းပညာအတွက် သုတေသနလုပ်တာနဲ့ တိုးတက်အောင်လုပ်တာတွေကို အရှိန်မြှင့်ပြီး လုပ်လာလိမ့်မယ် , စစ်တပ်ကို အင်အားတိုးချဲ့ပြီးတော့ မွေးဖွားမှုနှုန်းကိုလည်း တိုးတက်အောင် လှုံ့ဆော်မှုတွေ လုပ်လိမ့်မယ်..." လော့၀မ်ချွမ်း ဖြည်းညှင်းစွာပြောလိုက်သည်။
“ဒီလောက် အတိုင်းအတာတွေထက်တော့ မပိုလောက်ပါဘူး ”
ကျိုးဖေးရွှယ် ခေါင်းညိတ်လိုက်သည်။ "အင်ပါယာနဲ့ မိတ်ဖက်တွေကြားက ဆက်ဆံရေးက ပြင်းထန်လို့ အချိန်အတိုင်းအတာတစ်ခုအထိ သူ့ပုံစံအမှန်ကို ထုတ်မပြရဘူး။ မိတ်ဖက်တွေက ယုတ်မာပြီးတော့ ပါးနပ်တယ်။ အဲ့ဒါအပြင် အင်ပါယာထဲကို ဖောက်ဝင်လာတဲ့ သူလျှိုတွေကလည်း ထိန်းချုပ်ဖို့ခက်တယ်။ "
“ကြေညာဖို့ အချိန်ရှာလိုက်ပါ”
လော့၀မ်ချွမ်း၏အသံမှာ တည်ငြိမ်ပြီး ထူးခြားမှုမရှိလှပေ။
"တကယ်တော့ စစ်ပွဲအကြီးကြီးတွေ မရှိသရွေ့တော့ " လော့၀မ်ချွမ်းကို ကျိုးဖေးရွှယ် တစ်ချက်လှမ်းကြည့်လိုက်သည်။
"အင်ပါယာနဲ့ မိတ်ဖက်တွေကြား ကတောက်ကဆဖြစ်လည်း မင်းအတွက်တော့ အဆိုးချည်းပဲမဟုတ်ပါဘူး။ "
အကြီးဆုံးမင်းသား လော့ကျင်းမှာ ကလေးဘဝကတည်းက မြို့တော်တွင်နေထိုင်ခဲ့ရ၏။ နာမည်ကြီး နိုအာစစ်တက္ကသိုလ်မှ ဘွဲ့ရခဲ့သော်လည်း သူ၏ဒေါသနဲ့ လုပ်ရိုးလုပ်စဉ်များမှာ လူမှန်းသိတတ်စအရွယ်ကတည်းက စွန့်ပစ်ခံကြယ်ပွင့်တွင် နေထိုင်ဖြတ်သန်းခဲ့ရသော လော့၀မ်ချွမ်းထက် အနည်းငယ် ဆိုးသွမ်းနေသည်။
လော့၀မ်ချွမ်းမှာ စကားနည်းသည် , သူ့မျက်ဝန်းထဲမှ ခံစားချက်များမှာ နက်ရှိုင်းလွန်းသောကြောင့် ကျိုးဖေးရွှယ်ပင် နားမလည်နိုင်ပေ။
" ငါမြင်ချင်တာ ဒါမျိုးမဟုတ်ဘူးလေ။ " လော့၀မ်ချွမ်းဖြည်းညှင်းစွာ ပြောလိုက်သည်။
" ဒုတိယ မင်းသားလေး , ပထမ မင်းသားကြောင့် ဘယ်လောက်တောင်ပင်ပန်းခဲ့ရလဲဆိုတာ မေ့သွားပြီလား။ ”
ကျိုးဖေးရွှယ် အမြန်ဝင်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် စွန့်ပစ်ခံကြယ်က လာခဲ့တာဆိုတော့, ပထမမင်းသားဆီက မင်းသားပိုင်ဆိုင်တာအကုန်လုံးကို ပြန်ယူရပါမယ်…”
လော့၀မ်ချွမ်း မျက်လုံးများကိုမှိတ်လျက် အသံနက်ကြီးနှင့်ပြောလိုက်သည် :
“ဒါပေမယ့် ငါ့ကို အင်ပါယာမြို့တော်ကနေ နှင်ထုတ်ခဲ့တာက ငါ့မိဘတွေလေ”
ထိုစကားလုံးများကို ကြားလိုက်ရသော ကျိုးဖေးရွှယ်ရုတ်တရက် မှင်သက်သွားသည်။ ခဏအကြာငြိမ်သက်သွားပြီးနောက်
"အဲ့ဒါတွေက ပြီးခဲ့ပါပြီ, အခု မင်းသားတိုက်ယူမှရမယ် ထပ်ပြီးတော့ ဘာမှမပြောလိုတော့ပါဘူး။ အဆင်ပြေချောမွေ့ပြီးတော့ ရလဒ်ကောင်းတွေရမယ့်ကစားပွဲဖြစ်ဖို့ ဆုတောင်းပေးပါ့မယ်။ အဲ့ဒါဆိုရင် ဘုရင်မကြီးလည်း ပျော်ရွှင်မှာပါ..." ဟု ဖြည်းညှင်းစွာပြောလိုက်သည်။
လော့၀မ်ချွမ်း၏ ခံစားချက်များမှာ အလျင်အမြန် ဖုံးကွယ်ခံလိုက်ရသည်။ စကားပြောပြီးနောက် ပုံမှန်လော့၀မ်ချွမ်းအဖြစ် ပြန်ရောက်လာခဲ့သည်။
ရှင်းကျဲ၏ အခန်းတံခါးရှေ့မှ ဖြတ်လျှောက်စဉ် မမျှော်လင့်ဘဲ ချီယုကိုတွေ့လိုက်ရသည်။
လော့၀မ်ချွမ်းကို မြင်သွားသောအခါ ချီယု၏အပြုအမူမှာ ထိုးနှက်ချင်စိတ်ဖြင့်ပြည့်နေသည်။ သူ၏ အသံကိုနှိမ့်ရင်း : “လော့၀မ်ချွမ်း, ရှင်းကျဲက မင်းရဲ့ မက်ခါဆရာတစ်ယောက် သက်သက်ပဲ သူနဲ့အတူတူရှိရဖို့ကို စိတ်ကူးမယဉ်စမ်းပါနဲ့ "ဟု တီးတိုးရေရွတ်လိုက်သည်။
လော့၀မ်ချွမ်း စိတ်ရှုပ်သွားသည်။ ချီယု၏စကားလုံးများကို ကြားလိုက်ရပြီးနောက် အေးစက်စွာ တုန့်ပြန်လိုက်သည်။ " ချီယု , မင်းတကယ် လက်မလျော့သေးဘူးပဲ။ "
" မင်း ဘာသိလို့လဲ " ချီယုက အသံတွင်ယုံကြည်မှုအပြည့်ဖြင့်တုန့်ပြန်လိုက်သည်။ “ယွန်းရှင်းကျဲက သေချာပေါက် ငါနဲ့စေ့စပ်ရမှာ။ "
ဒီနေ့ ချီယု အနည်းငယ်ထူးဆန်းနေသည်ကို လော့၀မ်ချွမ်းခံစားမိသည်။ ယခုလိုစကားလုံးများကို ယုံကြည်ချက်အပြည့်ဖြင့် အတိအကျပြောနိုင်ရန် မည်သူကများ သတ္တိရှိအောင် လုပ်ပေးသွားခဲ့သလဲ သူ မသိပါ။
အရင်ကမြင်ဖူးသမျှထဲ ယုံကြည်ချက်အရှိဆုံးပင်ဖြစ်နေသည်။
ဒီတစ်ယောက်က လေကြီးလေကျယ်ပြောနေရုံပါပဲဟု တွေးပြီး လော့၀မ်ချွမ်း လျစ်လျူရှုလိုက်သည်။
မကြာခင် အာကာသယာဉ် နိုအာကြယ်ကိုရောက်ရှိလာခဲ့သည်။
ယွန်းရှင်းကျဲ အိပ်ရာပေါ် တွင် ခဏမျှ အိပ်ပျော်သွားခဲ့သည်။ သူ့မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် မြင်ကွင်းမှာ ကြယ်တာရာများနှင့် အာကာသကြီးမဟုတ်တော့ဘဲ တိမ်တိုက်များနှင့်အပြာရောင် ကောင်းကင်ကြီးဖြစ်နေခဲ့၏။
နိုအာကြယ်ပွင့်မှာ တစ်နှစ်ပတ်လုံးနွေဦးကဲ့သို့ပင် ခရမ်းလွန်ရောင်ခြည်အများအပြားရှိသည်။ ဤနေရာမှ လူများ၏အသားအရောင်မှာ ပုံမှန်အားဖြင့် ကျန်းမာကြသည်။ ရှေးဦးကမ္ဘာ့ခေတ်များမှ သိမ်းဆည်းထားခဲ့သော အပူပိုင်းဒေသအသီးအနှံများမှာ ဤနေရာတွေ စိုက်ပျိုးဖြစ်ထွန်းကြသည်။
ထပ်ပေါင်းထည့်ရသော် , နိုအာကြယ်မှာ ရိုးရှင်းသောကိုယ်ပိုင်နေထိုင်မှုပုံစံ , ဖော်ရွေမှု နှင့် ခိုင်မာသောစီးပွားရေး အင်အားကြောင့် နာမည်ကြီးသည်။ ထို့အပြင် အင်အားကြီး အမှတ်အသားနှစ်ခုရှိသေးသည်။ မယ်ခါနှစ်သက်သူများ တောင့်တကြသာ မယ်ခါ သုတေသန တက္ကသိုလ်နှင့် နိုအာ စစ်တက္ကသိုလ်တို့ပင်ဖြစ်သည်။
NCLM ကို အင်ပါယာမြို့တော်တွင်အများဆုံးကျင်းပကြပြီး ဒုတိယအများဆုံးမှာ နိုအာကြယ်တွင်ဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်တစ်လျောက်လုံး နိုအာကြယ်တွင်သာ အများစုကျင်းပဖြစ်ခဲ့သည်။
ယာဉ်ဆင်းသက်ပြီးနောက် အပြင်ဘက်တွင် NCLM ပြိုင်ပွဲဝင်များကို ကြိုဆိုရန်တာဝန်ရှိသူများ ရှိနေ၏။
ထိုသူတို့အနက် တစ်ယောက်မှာ အစိမ်းရင့်ရောင်ဆံပင်ရှိပြီး ရုပ်ရည်ချောမော၏။ အရပ်ရှည်၏။ အသားဖြူ၏။ ဒီဂြိုဟ်တွင်နေထိုင်သူနှင့် မတူပေ။
“မင်္ဂလာပါ , ကျွန်တော့်နာမည် မင်ရှောင်ပါ ” ဆံပင်အစိမ်းနှင့်ပုဂ္ဂိုလ်က ပြုံးပြရင်း ယွန်းရှင်းကျဲဆီသို့ လက်ဖဝါးနှစ်စုံကိုပူးကာ နှုတ်ဆက်လိုက်သည်။ "နိုအာကြယ်ကနေ ကြိုဆိုပါတယ် , NCLM မှာ အောင်မြင်ပါစေ။ "
xxxxxx