116 01
အပိုင်း(၁၁၆)
နမြောစရာကောင်းသည်မှာ သူတို့ပစ်မှတ်ထားသော ပုဂ္ဂိုလ်က ယန်ရှစ်ရွှမ်း ဖြစ်နေသည်။ ထို့ကြောင့် နံရံကိုပင် ဝင်တိုက်လုနီးပါး ဖြစ်သွားသည်။
“ယန်ကော ငါ ဘာလုပ်ရမလဲ နောက်အပိုင်းအတွက် ဧည့်သည်စာရင်းကို ငါ ဆုံးဖြတ်သင့်နေပြီ။ ဒါပေမဲ့ ရွေးချယ်စရာ တအားများနေပြီ။ ငါ ဘယ်သူ့ကို ရွေးချယ်ရမှာလဲ”
ကျန်းဝူပင်းက လက်ထဲတွင် တက်ပလက်ကိုင်ပြီး မျက်မှောင်ကြုတ်လျက် အနားသို့ လျောက်လာသည်။ တစ်ချိန်လုံးလိုလို ရှည်လျားလွန်းသည့် စာရင်းကြီးကို ကြည့်ပြီး ခေါင်းကုပ်နေသေးသည်။
သူသည် ရှိုး၏ အစပိုင်းတွင် ဧည့်သည်များ မရမည့် အခြေအနေကိုပင် စိုးရိမ်နေရသေးသည်။ ယခုလိုမျိုး ဧည့်သည်စာရင်းက များလွန်းသဖြင့် ရွေး၍မရနိုင်တော့မည့် အခြေအနေကိုပင် မတွေးတောဖူးချေ။
ထိုအချိန်က ပိုက်ဆံကို ပစ်ထည့်ပြီး မျိုးဆက်သုံးဆက်လုံးမှာ အကူအညီများကိုပင် တောင်းခံရင်း ဧည့်သည်များကိုပင် မနည်းဆွဲထုတ် ယူခဲ့ရသည်။ ရလဒ်အနေဖြင့် ရှိုးက ရိုက်ကူးမည်အခြေအနေတွင် အချို့သော သရုပ်ဆောင်များက တုံ့ဆိုင်းစွာနှင့် ပိုကောင်းသော အလုပ်အတွက် စာချုပ်ကို ဖျက်သွားကြသေးသည်။ ထို့အတွက်ကြောင့် ရှိုးဟာ ပြင်းပြင်းထန်ထန် သက်ရောက်ခံခဲ့ရပြီး ထုတ်လွှင့်၍ မရသည့်နီးပါး ဖြစ်ခဲ့ရသေးသည်။
သူကသာ ယန်ကော၏ ခြေသလုံးကို ဖက်လျက် ငိုယိုတောင်းပန်ခဲ့ပြီး မလွတ်ပေးသောကြောင့်သာ၊ ယန်ကောကို ဖိတ်ခေါ်ခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် ရှိုးဟာ မစတင်ခင်ကတည်းက ဒေဝါလီ ခံသွားရလောက်သည်။ ထို့အပြင် သူသည် အိမ်မက်ကို မဖြည့်ဆည်း ပေးနိုင်တော့လေဘဲ အိမ်သို့ စိတ်ပျက်အားငယ်စွာ ပြန်လျက် သူ့ကို ဟားတိုက်ရယ်နေမည့် အဖေကို ရင်ဆိုင်ရလောက်သည်။
ထိုရှိုးဟာ စခရိုက်ပါ သန်းကျော် ရရှိထားရုံသာ မကသေးလေပဲ အင်တာနက်ပေါ်တွင် လူပြောအများဆုံး traffit တစ်ခု ဖြစ်နေခဲ့သေးသည်။ traffitနှင့် ကျော်ကြားမှုများဟာ လုံလောက်အောင် မြင့်ရင်း ကျန်နေရစ်သေး၏။ သူ့ထံ ဝင်ရောက်ရန် တောင်းဆိုထားသော ဧည့်သည်များ စာရင်းကပင် လုံလောက်အောင် ရွေးချယ်နိုင်လောက်အောင် များပြားလွန်းနေခဲ့သည်။
ထိုစာရင်းထဲတွင် အသင်းနှင့် ပူးပေါင်းရန် ဆန္ဒရှိသော သူများက ၁၈ကြောင်းပြော စတားလတ်များသာ မဟုတ်တော့ချေ။ ပထမတန်းစားနှင့် ဒုတိယတန်းစားများကပင် ပါလာသေးသည်။ ထိုလူများသည် နှစ်ပေါင်းများစွာ ကြာအောင် ကျော်ကြားနေခဲ့ပြီးသူများ ဖြစ်သည်။ သို့သော် တဖြည်းဖြည်း ကျော်ကြားမှု ဆုတ်ယုတ်လောသောကြောင့် ဝင်ရောက်လိုခြင်း ဖြစ်သည်။ ကျန်းဝူပင်းက အိပ်မက်ထဲတွင်သာ တွေးခဲ့ဖူးသော နာမည်များပင် ပါလာသေးသည်။ သို့သော် ယခုမူ သူသည် ရိုးသားစွာပင် အားလုံးကို ရွေးချယ်နိုင်ပြီ ဖြစ်သည်။
အရာအားလုံးသည် ယန်ရှစ်ရွှမ်းကြောင့် ဖြစ်သည်။ ယန်ရှစ်ရွှမ်း မရှိလျှင် ဒီပရိုဂရမ်ဟာ အပိုင်းအနည်းငယ် ထုတ်လွှင့်ပြီးနောက် ဆိုးရွားလွန်းသော traffitများကြောင့် တုန့်ဆိုင်းရသွားလောက်သည်။
ရုတ်တရက် ရောက်လာသော အပျော်ကြောင့် ပျော်ရွှင်လွန်းနေသည့် ကျန်းဝူပင်းဟာ ပုံမှန်မဟုတ်သလိုပင် ခံစားနေရပြီး ယန်ရှစ်ရွှမ်းကို မကြာခဏဆိုသလို ဒုက္ခ သွားသွားပေးနေသည်။
.....
ယန်ရှစ်ရွှမ်းက ကျန်းဝူပင်းကို ဆွံ့အစွာ ကြည့်လိုက်သည်။ ထိုအကောင်ဟာ အရိုက်ခံသင့်သည်ဟု ခံစားလာရသည်။
“မင်း အခုတော့ အထွန့် တက်နေပြန်ပြီလား။ မင်း ရှိုး မစတင်ခင်က ကြုံလာမဲ့ ပြဿနာတွေကို ငါပြောထားပြီးသား။ အဲ့ဒီအချိန်က မင်းက တအားကို ပျော်နေခဲ့တာ မဟုတ်ဘူးလား”
ကျန်းဝူပင်းသည် တခဏခန့်ကြာအောင် တွေးမိသွားသည်။ ထို့နောက် ရှက်ရွံ့စွာ ခေါင်းငုံ့သွားပြန်သည်။
သူ တကယ်ကို အရိုက်ခံရဖို့ ထိုက်တန်တယ် ထင်တယ်။
ကျန်းဝူပင်းသည် ရှိုး၏ လျင်မြန်စွာ ကျော်ကြားလာမှုနှင့် ပက်သက်ပြီး စိုးရိမ်နေခဲ့ချိန်တွင် အခြားသော ဧည့်သည်များကမူ ဝံပုလွေတောင်ထိပ်သို့ တက်သည့်ခရီးတွင် ပျော်မွေ့နေကြသည်။
အများပြည်သူအား အရာရှိများ၏ အော်ဖစ်ရှယ်ဆောင်းပါး ထုတ်ပြန်မှုကို ယုံကြည်ပြီး ပရိုဂရမ်အသင်းက ကြုံတွေ့ခဲ့ရသော အရာက သရဲမဟုတ်ပဲ လူဆိုးများသာ ဖြစ်ကြောင်း လက်ခံယုံကြည်ရန် အလို့ငှာ လူတိုင်းသည် ဝံပုလွေရိုင်းတောင်ထိပ်ပေါ်သို့ လုံခြုံစွာ တက်ပြရသည်။ ရိုက်ကူးရေး ခရူးအဖွဲ့ဝင်များကလည်း ဆက်လက်ပြီး ရိုက်ကူးလျက် ဝံပုလွေရိုင်းတောင်ထိပ်အပေါ် အပိုင်းများကို ဆက်လက်ပြီး ထုတ်ပြသွားမည် ဖြစ်သည်။ ထို့အပြင် ဝံပုလွေရိုင်းတောင်ထိပ်ပေါ်တွင် စခန်းချရင်း ဝံပုလွေရိုင်း တောင်ထိပ်၏ လေးရက်တာ ခရီးကို ဆက်လက်ထုတ်လွှင့်သွားမည် ဖြစ်သည်။
116 02
သို့သော် ဒီအချိန်တွင်မူ ခရီးသွား ရသစုံရှိုးဟာ ပျင်းစရာကောင်းလွန်းသည်ဟု ပြောမည့်သူများ မရှိတော့ချေ။
အကြောင်းမူကား ကြည့်ရှုသူများသည် ဝံပုလွေရိုင်းတောင်ထိပ်မှ မြင်ကွင်းများကြောင့် ကြောက်လန့်နေခဲ့ပြီး သူတို့၏ နှလုံးသားဟာ ပါးစပ်ဝနားထိ မြှောက်တက်သွားခဲ့ရသည်။
သို့ရာတွင် လက်ရှိပရိုဂရမ်အသင်းက ရောက်ရှိနေသော နေရာမှ လှပမှုများကို ကင်မရာမှတဆင့် မြင်တွေ့ခဲ့ပြီး ဧည်သည်များ၏ ပျော်ပျော်ရွှင်ရွှင် ပြောဆိုဆက်သွယ်မှုများအောက်တွင် သက်ပြင်းချမိသွားကြသည်။ သူတို့သည်လည်း ယခုလောက်အထိ စိတ်အေးနိုင်တော့မည် မထင်ချေ။ ရှိုးဟာ ပျင်းစရာ ကောင်းလွန်းသည်ဟု မပြောနိုင်တော့ပါချေ။ အရာအားလုံးဟာ သက်ရောက်မှု ပြင်းနေခဲ့၏။ သူတို့ဟာ ပျင်းသည်ဟု ပြောပြီးရုံသာ ရှိနေသေးသည်။ ရှိုး၏ ဖုတေ့က သူတို့ကို သေအောင် ခြောက်ခဲ့သည်။
ထိုဘုရားကျောင်း၏ ခြောက်ခြားဖွယ်ကောင်းသော အတွေ့အကြုံများကို ကြုံခဲ့ပြီးနောက် ကြည့်ရှုသူများဟာ ရှိုး၏ လက်ရှိရှုခင်းများနှင့် ငြိမ်းငြိမ်းချမ်းချမ်း ခရီးသွားနေမှုနှင့် အားရနေသည်။
ထိုအခြေအနေအား ပျင်းစရာဟု မခေါ်ဝံ့တော့ချေ။ နေ့ရက်တိုင်းလိုလို လှပလွန်းသော ရှုခင်းများကို လွပ်လပ်ပေါ့ပါးစွာ မြင်နိုင်လေသည်။ ဒီလောကတွင် နေထိုင်ရသော နေ့ရက်တိုင်းက ပျော်ရွှင်မှုအပြည့် ရှိနေသည်ဟု ပြော၍ ရသည်။
ကြည့်ရှုသူများဟာ ဝံပုလွေရိုင်းတောင်ထိပ်မှ ရူခင်းအလှများကို ကင်မရာနှင့်အတူ ခံစားရင်း ဧည့်သည်များ၏ တောင်တက်သော အတွေ့အကြုံကို ခံယူနေကြသည်။
ထိုကြောင့် ယဲ့လန်တောင်ထိပ်၏ နေရာတိုင်းတွင် ကြွင်းကျန်ရစ်သော သစ်ပင်များကို မြင်သောအခါ ပို၍ပင် စိတ်ပျက်သွားရ၏။ ထိုနေရာတွင် သစ်ပင်တစ်ပင်မှ မရှိချေ။ အကောင်ငယ်လေး တစ်ချို့ ရှိသော်လည်း မသက်မသာဖြစ်သလို ခံစားနေရသည်။
ဧည့်သည်များလည်း တိတ်ဆိတ်သွားသည်။ တောင်တန်းအောက်ခြေမှ ရှင်းလင်းနေသော ရွာများ၏ ဖျက်ဆီးခံထားရသော အနေအထားများကို ကြည့်ပြီး စိတ်ရှုပ်ထွေးသွားကြ၏။
[တအားဝမ်းနည်းဖို့ ကောင်းတာပဲ။ ငါ တအားငယ်တဲ့ အရွယ်တုန်းက ဆွေမျိုးတွေဆီ သွားလည်ဖို့ ဝံပုလွေရိုင်းတောင်ထိပ်ကို သွားတာကို မှတ်မိပါသေးတယ်။ အဲဒီအချိန်မှာ ဝံပုလွေရိုင်းတောင်ထိပ်က ပန်းတွေအပြည့်ပဲ။ တအားလည်း လှတာ။ တောရိုင်းယုန်တွေကို ဖမ်းရင်း သစ်သီးရိုင်းတွေကိုလည်း ကောက်လို့ရတယ်။ အဲဒီသစ်သီးတွေက ချိုချဉ်လိုမျိုး တအားအရသာရှိတာလေ။ မမျှော်လင့်ထားဘဲ ဒီလိုဖြစ်သွားမယ်လို့ မထင်ထားဘူး]
[ငါလည်း ပရိုဂရမ်အသင်း ဆုံခဲ့ရတဲ့ တရားမဝင်ဂိုဏ်းအကြောင်း ကြားပ့ါတယ်။ သူတို့က ရွာသားတွေကို စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတွေ ပေးပြီး သစ်ပင်တွေကို ခုတ်ခိုင်းခဲ့တယ်။ သစ်ပင်တွေကို ဝိုင်းပြီး တူးခိုင်းတယ်။ သစ်ပင်တွေကို ပြန်ရောင်းခိုင်းတယ်။ ဘယ်လောက်တောင် ကြီးလေးတဲ့ပစ်မှုလဲ။ နဂိုက အရမ်းလှတဲ့တောင်တန်းက ဆိုးရှားတဲ့ အခြေအနေ ရောက်တဲ့အထိ တူးထုတ်ခံထားရတယ်။ အဲ့ဒီတွင်းတွေ၊ တွင်းချိုင့်တွေ ကြည့်ပါဦး။ အမာရွတ်တွေလိုပဲ။ ကြည့်ရုံနဲ့ မသက်မသာဖြစ်စေတယ်]
[ငါ အရင်က ပြောပါတယ်။ ခရီးသွားရှိုးတွေကို ကြည့်စရာမရှိဘူး။ သရဲတွေ၊ လူသေတွေကိုပဲ ကြည့်နေတာလို့ ပြောနေတာ။ ဒါပေမဲ့ အခု ငါ့ရဲ့မဲမိုက်တဲ့ စကားလုံးတွေအတွက် တောင်းပန်ပါတယ်။ ငါ တကယ်တောင်းပန်ပါတယ်။ ငါ ကင်မရာအနားကို ကပ်ပြီး သေဆုံးခြင်း အငွေ့အသက်တွေ တွေ့ကြုံပြီးတော့မှ ဒါက ဘယ်လောက်ကြောက်စရာ ကောင်းသလဲဆိုတာကို နားလည်သွားတယ်။ ဒါက ဟာသမှ မဟုတ်တာ]
116 03
[ငါလည်း တူတူပဲ။ ငါက ကွေ့တောင်အပိုင်းမှာကတည်းက ဝင်ရောက်လာခဲ့တာလေ။ အစကတော့ တောင်တန်းတွေက ပျင်းစရာ ကောင်းလွန်းတယ်လို့ ထင်နေခဲ့တာ။ ငါ အစက ဒီကာလက ပျင်းစရာ ကောင်းလွန်းတယ်လို့ ထင်တယ်။ တောင်ပေါ်မှာ စခန်းချတာ၊ ကြယ်တွေကို သွားကြည့်တာကလည်း ပျင်းစရာ ကောင်းလွန်းတာပဲ။ အခုမှပဲ တောင်ဘုရားကျောင်းရဲ့ အနေအထားကို တွေ့ကြုံပြီးလို့ ဒီတိတ်ဆိတ်ငြိမ်းချမ်းတဲ့ ကာလက ဘယ်လောက်အဖိုးတန်ကြောင်း နားလည်သွားတယ်။ အန်းနန်ယွမ်နဲ့ ပိုင်ရွှမ်းတို့တွေ ကြည့်ပါဦး။ အချင်းချင်း ကူညီပြီး တောင်တက်နေကြတာ။ သူတို့က ဒဏ်ရာရတဲ့ တိရိစ္ဆာန်ငယ်လေးတွေကို ကူညီပေးနေတယ်။ နောက်ပြီး မျိုးစေ့တွေချပြီး အပင်တွေ စိုက်နေတာ။ မြူခိုးတွေ၊ တောင်တန်းထိပ်ကနေ နေလုံးကြီး ထွက်လာတာ၊ ရွက်ဖျင်တဲတွေ ချတာ၊ စခန်းချပြီး ချက်ပြုတ်ကြတာ၊ မီးခိုးငွေ့လုံးတွေ ထွက်လာတာက သက်ရှိလူတွေ နေထိုင်တယ်ဆိုတဲ့ အရိပ်အယောင်ပဲ။ ဘယ်လောက်လှပလဲ။ သူတို့ရဲ့ မဲတူးနေတဲ့ မျက်နှာကို ကြည့်ပြီး အားလုံးရယ်မောလို့ မဲတူးလောင်ကျွမ်းလွန်းတဲ့ စားစရာတွေကို စားနေကြတာလည်း ရယ်စရာပဲ။ သူတို့က နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့တဲ့ မိတ်ဆွေတွေလိုမျိုး အချင်းချင်း စနှောက်နေကြတာ။ ပိုင်ရွှမ်းက သီချင်းဆိုပြီး အန်းနန်ယွမ်က ဂီတာတီးတယ်။ သူတို့ အချင်းချင်း အဖော်ပြုနေကြတယ်။ အခြားသူတွေက ဟာသပြောတယ်။ စိတ်ဆိုးသွားတဲ့အခါ စပြီး ရယ်စရာပြောပြန်ရော။ ဒီလိုနဲ့ ပျော်စရာကောင်းနေတယ်။ နောက်ပြီး သူတို့ရဲ့ဘဝမှာ တွေ့ကြုံခဲ့ဖူးတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ၊ အလှတရား ပုံပြင်လေးတွေကို ဝေမျှကြတယ်။ ဒါက အခြားသူတွေရဲ့ဘဝကို အတွေ့အကြုံ ရစေသေးတာပဲ။ အဲဒီနောက် သူတို့က ကင်မရာနဲ့ အဝေးကြည့်မှန်ပြောင်းတွေကို ချိန်ပြီး ညမြင်ကွင်းကို ကြည့်လို့ ယဲ့လန်တောင်ထိပ်က အကျော်ကြားဆုံးသော ကြယ်အလင်းရောင်တွေကို ကြည့်ရှုကြတယ်။ ဒီမြင်ကွင်းက လှလွန်းလို့ ငါ ငိုတောင် ငိုချင်လာတယ်။ ဒါကို ပျင်းစရာလို့ မခေါ်ဘူး။ ဒါက ဘဝရဲ့ အဓိပ္ပာယ်ရှိပြီး အဖိုးတန်လွန်းတဲ့ အခိုက်အတန့်လို့ ပြောချင်တာ]
[ငါလည်း ငိုနေတာ။ အရင်က ငါတောင်ဘုရားကျောင်းမှာ ရှိနေခဲ့တဲ့ အချိန်က ဧည့်သည်တွေအားလုံး သေတော့မယ်လို့ ထင်နေတာလေ။ စိုးရိမ်လွန်းလို့ အော်ဖစ်ရှယ်ဟော့လိုင်းကို ထပ်ခါတလဲလဲ ခေါ်ပြီး ငိုနေခဲ့မိသေးတယ်။ အခုလိုမျိုး သူတို့ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်မောနေရတာကို မြင်ရတာ ကောင်းလိုက်တာ]
[ငါလည်း ဝံပုလွေရိုင်းတောင်ထိပ်က ဒီလိုဖြစ်လာမယ်လို့ မထင်ထားဘူး။ တရားမဝင်တဲ့ တူးထုတ်မှုတွေက တကယ်ဆိုးရွားတာပဲ။ ကျန်ရစ်ခဲ့တဲ့ တွင်းချိုင့်ကြီးတွေကို ကြည့်ပါဦး။ ဝံပုလွေရိုင်းတောင်ထိပ်ပေါ်က ဒဏ်ရာတွေလို ဖြစ်သွားတယ်။ အရမ်းအကျဉ်းတန်တာပဲ။ ဒါပေမဲ့ ငါတို့လူသားတွေက ဒီအကျဉ်းတန်မှုကို တာဝန်ယူပေးရမယ်]
[ယန်ကောက ဧည်သည်တွေနဲ့ ပရိုဂရမ်အသင်းက ဝန်ထမ်းတွေကို တောင်ပေါ်မှာ သစ်ပင် စိုက်ခိုင်းမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ယန်ကောက တိုက်ခိုက်တဲ့နေရာမှာပဲ တော်တယ်။ အရမ်းလန်းတဲ့ ကောင်တစ်ယောက်လို့ ထင်နေတာ။ မမျှော်လင့်ထားဘဲ သူက သစ်ပင်ကိုတောင် စိုက်သေးတယ်။ သူ ငုံ့ကိုင်းပြီး သစ်ပင်စိုက်တဲ့အချိန်မှာ သူ့ရဲ့မျက်နှာမှာ အညစ်အကြေးတွေ ပေကျံလာတယ်။ ချွေးတွေတောင် စို့လာသေးတယ်။ ဒါတောင်မှ သူက ချောနေတုန်းပဲ။ ငါ အုတ်ဂျုံဖြစ်ရတာ တကယ် နောင်တမရဘူး။ ယန်ကောက ခေါင်းဆောင်နေမှတော့ ငါကိုယ်တိုင်လည်း ဒီအဖွဲ့အစည်းထဲကို သစ်ပင်နှစ်ပင် လှူဖို့ ဆုံးဖြတ်လိုက်တယ်။ ငါ အခုလေးတင် လှူပြီး ပြန်လာတာ]
[ငါလည်းတူတူပဲ။ ဒါက အခု အုတ်ဂျုံတွေရဲ့ ခေါင်းစဉ်အောက်မှာ လူပြောအများဆုံး အကြောင်းအရာ ဖြစ်နေတာလေ။ လူတိုင်းက သစ်ပင်တွေစိုက်ဖို့ ကြိုးစားနေကြတယ်။ အခြားဖန်တွေက အဖွဲ့အစည်းနဲ့အတူ ပူးပေါင်းပြီး လေယာဉ်ဖြတ်လို့ ကိုယ်တိုင်ကိုယ်ကျ သွားကြတယ်။ လေယာဉ်လက်မှတ် အရောင်းဌာနကလူတွေ ပြောတာတော့ ယဲ့လန်တောင်ထိပ်ကို သွားတဲ့ လက်မှတ်တွေ ရောင်းကုန်သွားပြီတဲ့။ နောက်ပြီး ငါတို့ကိုယ်တိုင်လည်း ပူးပေါင်းပြီး အသင်းဖွဲ့လို့ သစ်ပင်တွေကို စိုက်ကြတယ်။ တစ်မြို့တည်းမှာနေတဲ့ အုတ်ဂျုံတွေက volunteer အဖြစ် ရေးထိုးပြီး ပိတ်ရက်တွေမှာ သစ်ပင်သွားစိုက်ဖို့ ချိန်းထားတယ်။ ယန်ကောက သစ်ပင်စိုက်ခိုင်းတာ တကယ်မှန်တာပဲ။ တွင်းပေါက်တွေက လူသားတွေရဲ့ အုတ်ဂူတွင်းကြီးတွေလို ဖြစ်နေတာ။ ငါတို့က သဘာဝတောင်တန်းတွေနဲ့ တောအုပ်တွေကို ထိခိုက်အောင် လုပ်ရင် အကျိုးဆက်ကို ခံစားရလိမ့်မယ်။ ဒီတော့ အုတ်ဂျုံတွေက သဘာဝအတွက် တစ်ခုခုလုပ်ပေးပြီး လူသားတွေ ဆိုးရွားတဲ့အခြေအနေမျိုး မကြုံတွေ့ရအောင် ကာကွယ်ပေးကြရမယ်]
116 04
[ငါ အစကတော့ ဒီရှိုးက အဓိပ္ပာယ် မရှိဘူးလို့ ထင်ထားတာ။ နောက်ပြီး အရမ်းကို ကြောက်စရာကောင်းလွန်းတဲ့ တိုက်ရိုက် ထုတ်လွှင့်ထားတဲ့ ထိတ်လန့်သဲဖို ရှိုးတစ်ခု ဖြစ်နေမယ်လို့ ယူဆထားတာလေ။ ဒါပေမဲ့ အခုတော့ ငါ သိလိုက်ပြီ။ ဒါက ဒီအတိုင်း ခရီးသွားရသစုံရှိုးတစ်ခုပဲ။ ဒီအချက်က ပြောင်းသွားမှာ မဟုတ်ဘူး။ ဒီအတိုင်း ယန်ကောက ငါတို့ကို ဦးဆောင်ပြီး လှပလွန်းတဲ့ သဘာဝတွေကို မြင်ခွင့်ပေးတဲ့အပြင် အသက်ဝင်လွန်းတဲ့ ရှုခင်းကတွေကို ပြသပေးလာတယ်။ ငါ ဒီရှိုးကို တအားသဘောကျတာပဲ။ ဒီရှိုးက ဆက်လက်တည်ရှိနေဖို့ မျှော်လင့်တယ်။ ငါက ယန်ကောကို သဘောကျလို့ ယန်ကောက ငါတို့ကို လိမ္မာနာခံတဲ့ ကလေးတွေ ဖြစ်စေလို့ ငါတို့ကလည်း လူကောင်းတစ်ယောက် ဖြစ်ဖို့ ကြိုးစားတတ်တယ်။ ငါလည်း ကြင်နာတတ်တဲ့လူ ဖြစ်အောင် ကြိုးစားမယ်]
အန်တိုနီနှင့် ရုန့်ရုန့်တို့သည် ပြင်းထန်လွန်းသော ဒဏ်ရာများကြောင့် ရှိုးပွဲတွင် မပါဝင်နိုင်သော်လည်း ရှိုးအပေါ် အများကြီး မသက်ရောက် သွားပါချေ။ ကျောင်းကျန်းသည် ကြွက်ကိုက်ခံရပြီး သွေးဆုတ်ယုတ်မှု လွန်ကဲကာ သတိလစ်လုနီးပါးကို ကြုံတွေ့ခဲ့ရသည်။ ယန်ရှစ်ရွှမ်းကြောင့်သာ မဟုတ်လျှင် သူသည် အဆုံးထိ မရှင်နိုင်ပေ။ သို့ရာတွင် သူသည် ရှိုးသို့ ပြန်လာပြီး သစ်ပင်စိုက်သည့် ကိစ္စတွင် ဝင်ပါသေးသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဒါက တာဝန်ပဲ။ ငါက ဒီတာဝန်ကို ယူထားပြီးမှတော့ ငါက လှုပ်ရှားနိုင်နေသေးသမျှ ပြီးအောင် လုပ်သွားရမှာပေါ့ “
ကျောင်းကျန်းက နေရာချိန်ညှိ၍ ရသော ငါးဖမ်းသမား၏ ကုထားထိုင်တွင် ဝင်ထိုင်ရင်း ရှည်လျားသော တုတ်ချောင်းကြီးကို ကိုင်လျက် အရှေ့ဘက်ရှိ မီးပုံထဲသို့ ပစ်ထည့်လိုက်သည်။ လူတိုင်း၏ စိုးရိမ်ပူပန်စွာ မေးမြန်းမှုများကို ပြန်ဖြေပေးသည်။
“ပြီးတော့ ငါ လူကြီးမင်းယန်ကို ကျေးဇူးတင်ရဦးမယ်။ ဘာပဲဖြစ်ဖြစ် လူကြီးမင်းယန်ကြောင့်သာ မဟုတ်ရင် ငါ ဘယ်လိုအခြေအနေ ရှိနေမှန်းတောင် မသိလောက်ဘူး”
ကျောင်းကျန်းက ပြုံးလိုက်ရင်း ယန်ရှစ်ရွှမ်းကို လှည့်ကြည့်သည်။ ထို့နောက် ရိုးသားစွာ ပြောလိုက်သည်။
ယန်ရှစ်ရွှမ်းက မျက်ရည်ကြည်လဲ့စွာနှင့် သူ၏လက်ထဲမှ ခွက်ကို မြှောက်လျက် ကျောင်းကျန်းကို ပြန်ဖြေသည်။
“စိတ်ထဲ ထားမနေနဲ့။ အရမ်းအလေးအနက် ထားလောက်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ ဒီအတိုင်း နည်းနည်းလေး ကြိုးစားအားထုတ်လိုက်ရုံပါပဲ။ ဒါ့အပြင် ငါက သိပ်မကြီးတဲ့ ဖျားနာမှုအတွက် ကုသပေးလိုက်ရုံပဲ။ ကိစ္စမရှိပါဘူး”
သူ့ကို ကျေးဇူး လာမတင်နဲ့။ ကိစ္စတွေကို လုပ်ပေးတာနဲ့ ပိုက်ဆံဆိုတာ ရှင်းလင်းပြတ်သားတဲ့ ကိစ္စပဲ။ ဘယ်သူကမှ ဘယ်သူကိုမှ အကြွေးမတင်ဘူး။ နောက်ပြီး သူက အခြားသူတွေရဲ့ ကျေးဇူးကြွေးကိုလည်း အလဟဿ မလိုချင်ပါဘူး။
ယန်ရှစ်ရွှမ်းက ထိုသို့ပြောသော်လည်း တောင်ဘုရားကျောင်းမှ အတွေ့အကြုံကို ကြုံတွေ့ခဲ့ပြီးနောက်တွင် ဧည့်သည့်များ၏ အကြည့်သည် အနည်းနှင့်အများ ရိုသေမှုပါနေကြပြီ ဖြစ်သည်။ အစပိုင်းတွင်မူ ထိုသို့မဟုတ်ခဲ့ချေ။ မည်သို့ပင်ဆိုစေ ယန်ရှစ်ရွှမ်းက ထိုအချိန်က သာမာန်လူသစ်တစ်ယောက်ဟုသာ အမြင်ခံခဲ့ရလေသည်။ လူတိုင်းဟာ သူ့ကို လစ်လျူရှုရဲသည်၊ အထင်သေးရဲသည်။ ယန်ရှစ်ရွှမ်း၏ အင်အားကြောင့်သာ သူ့ကို လေးစားလာရခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ယန်ရှစ်ရွှမ်းဟာ center ဖြစ်သွားသည်။
ပရိုဂရမ်က တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ရာတွင် ကျန်းဝူပင်းသည် ယခင်ကလို မပြင်ဆင်တော့ချေ။ ထိုအစား ယန်ရှစ်ရွှမ်း၏ အကြံပြုချက်အတိုင်း သူတို့သည် တောင်ပေါ်သို့ တက်သည့်အပိုင်းကိုသာ လွှင့်လိုက်သည်။ ထို့အပြင် လူတိုင်းက ကိုယ့်အိတ်ကိုကိုယ် သိမ်းပြီး ယန်ရှစ်ရွှမ်း၏နောက်သို့ လိုက်ကာ ခြေလျင်တက်ကြခြင်းလည်း ဖြစ်သည်။ တောင်ပေါ်တွင် စခန်းချမည့် အတွေ့အကြုံကို အစစ်အမှန်ခံစားရန် ပြင်ဆင်ထားခြင်းဖြစ်သည်။
ယန်ရှစ်ရွှမ်းက ဒီစီမံကိန်းတွင် တာဝန်ယူထားသည့် အရာရှိအား ယဲ့လန်တောင်ထိပ်ပေါ်တွင် စိုက်ရန် မျိုးစေ့ပေါင်းများစွာကို ပြင်ဆင်ခိုင်းထားသည်။ ထိုသို့ဖြင့် တောင်ပေါ်သို့တက်သည့် လမ်းတောက်လျောက်တွင်ပင် စိုက်သွားနိုင်ရန် အလုံအလောက် ပြင်ဆင် ခိုင်းထားလိုက်သည်။
116 05
ထိုအရာရှိများကလည်း ယန်ရှစ်ရွှမ်းကို ပြန်လည်အကြံပေးကြသည်။
“လူကြီးမင်းယန် လွန်ခဲ့တဲ့ ၁၀နှစ်လုံးလုံး ငါတို့အပင်တွေစိုက်ဖို့ ကြိုးစား ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ စိုက်လို့ မရခဲ့ဘူး။ ချို့ယွင်းချက် မရှိစွာနဲ့ အားလုံးက ကျရှုံးသွားခဲ့တာ။ ဘယ်လိုနမူနာပုံစံကိုပဲ စိုက်စိုက် အသုံးမဝင်ခဲ့ပါဘူး။ ဒါကြောင့် အလဟဿ ဖြစ်သွားမှာကို စိုးရိမ်မိတယ်”
ယန်ရှစ်ရွှမ်းက စိတ်မလှုပ်ရှားသွားချေ။ ထို့အစား သူ၏ခြေထောက်အောက်ဘက်ရှိ မြေပြင်ကိုသာ ညွှန်ပြရင်း ပြောသည်။
“ဆိုးယုတ်တဲ့ နတ်ဆိုးကောင်က သေသွားပြီ။ တောင်နတ်ဘုရားက တောင်တန်းတွေထဲ ပြန်လည်ဝင်ရောက်သွားပြီ ဖြစ်လို့ ဒီနယ်မြေက အသက်စွမ်းအားအပြည့် ပြန်ရနေပြီ။ ဒါ့အပြင် _ _ _” သူဟာ ကောင်းကင်ကို ကြည့်ပြီး အဓိပ္ပာယ်အပြည့်နှင့် ပြုံးသည်။
“နောက်ပြီး ဒီမျိုးစေ့တွေနဲ့ အပင်တွေ ပေါက်လာအောင် စိုက်မဲ့အခြားသောအရာ ရှိပါသေးတယ်”
ထိုအော်ဖစ်ရှယ်ဝန်ထမ်းဟာ အခြေအနေကို နားမလည်သော်လည်း ယန်ရှစ်ရွှမ်း တောင်းဆိုသည့်အတိုင်း ယန်ရှစ်ရွှမ်းကို လေးစားမှုကြောင့် ပြင်ဆင်ပေးလိုက်သည်။
ဧည်သည့်များက ယန်ရှစ်ရွှမ်းပြောသည့်အတိုင်း လမ်းတောက်လျောက် မျိုးစေ့များ ကျဲသွားသည်။ ထိုသို့ဖြင့် တောင်ပေါ်ကို ပြင်းပြင်းထန်ထန် ကြိုးစားပြီး တက်ကြသည်။
တောင်ထိပ်သို့ ရောက်သွားသောအခါ လူအများစုဟာ မြေပြင်ပေါ်သို့ ရုတ်တရက် လဲချလိုက်ကြသည်။ သူတို့သည် ယခင်က ထိုမျှအထိ အင်အားအများကြီး သုံးရသည့် လေ့ကျင့်မှုမျိုးကို မလုပ်ခဲ့ရချေ။ အပေါင်းအဖော်များ အကူအညီဖြင့်သာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မနက်ခင်းနေရောင်က ရုတ်တရက် မြှောက်တက်လာပြီး အလင်းတန်းက အမှောင်ထုကို ဖြိုခွင်းပြီး ကျရောက်လာချိန်တွင် လူတိုင်းသည် သူတို့၏ မောပန်းနွမ်းနယ်မှုများကို မေ့ပျောက်သွားကြသည်။ သူတို့သည် ပေါ်ထွက်လာသော လှပခမ်းနားလွန်းသည့် အလှတရားကြောင့် စကား မပြောနိုင်လောက်အောင် အံ့ဩသွားကြ၏။ ပိုင်ချိုင်ကဆိုလျှင် စိတ်လှုပ်ရှားမှုအပြည့်နှင့် ငိုသည်။ သူမ၏ရင်ထဲတွင်လည်း ပြောပြရန် ခက်ခဲသည့် ဂုဏ်ယူမှုက ပေါ်ထွက်လာသည်။
ထိုအချိန်တွင် ယန်ရှစ်ရွှမ်းက ထွက်လာသော နေမင်းကို တိတ်တဆိတ် ကြည့်လိုက်သည်။ သူ၏နှလုံးသားတွင်လည်း တောင်နတ်ဘုရားက သူ၏သေဆုံးခြင်းနှင့် ဖြစ်ကြောင်း နားလည်လိုက်သည်။
တောင်နတ်ဘုရားအတွက် အမှန်တကယ် သေဆုံးခြင်း မရှိသလို အသစ်အဖြစ် ပြန်လည်မွေးဖွားခြင်းလည်း မဟုတ်ချေ။ ထို့အစား တောင်နတ်ဘုရားသည် မည်သူကမှ ကယ်တင်ပေးရန် မလိုအပ်ခဲ့ပါချေ။ သူမသည် ဒီအတိုင်း ယဲ့လန်တောင်ထိပ်ထံမှ ဆုံရှုံးမှုတိုင်းကို ကယ်ရန် ယဲ့လန်တောင်ထိပ်ကို ပြန်လည်ပေးသွားခြင်း ဖြစ်သည်။
ဒီအတိုင်း ကောင်းကင်ကို အာရုံစိုက် ကြည့်နေသည့် ယန်ရှစ်ရွှမ်းက အတွေးနက် သွားသည်။ တောင်နတ်ဘုရားကြောင့် သူက အာရုံထဲ မေ့မြောသွားလေရာ ဘေးဘက်တွင် ယန်ရှစ်ရွှမ်းကို တိတ်တဆိတ် ကြည့်နေခဲ့သည့် ယဲ့လီကို အာရုံမစိုက်မိတော့ချေ။
******